ကျွန်မရဲ့ယောကျ်ား
Vol. 4 Ch. 39
ဗဟိုဧရိယာအတွင်း နေထိုင်သော လူများသည် ဂိုဏ်းအတွင်းရှိ အားအကောင်းဆုံး လူများဖြစ်ကြသည်။
ဂိုဏ်းရှိ အကြီးအကဲများအားလုံး ပူးပေါင်းလိုက်လျှင်ပင် မဟာအကြီးအကဲ တစ်ဦးကို အနိုင်မယူနိုင်ပေ။
ထို့ကြောင့် ဤနေရာတွင် အစောင့်အရှောက်များ မလိုအပ်ပါ။
အစောင့်များသည် ဗဟိုဧရိယာ၏ အဝင်ဝကိုသာ စောင့်ကြပ်ရန်လိုအပ်ပြီး မဟာအကြီးအကဲတစ်ဦး၏ ခြံဝင်းထဲသို့ ဝင်ရဲလောက်သည်အထိရန် မိုက်မဲသူ တစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ဟုထင်ကြသောကြောင့်လဲဖြစ်သည်။
ကံမကောင်းစွာဖြင့် ၎င်း၏ စံနှုန်းအားလုံးကို ချိုးဖျက်သွားသောသူတစ်ဦး ရှိနေလေသည်။
အာရန်သည် သူရွေးချယ်ထားသော ခြံဝင်း၏ အဝင်ဝတွင် ရပ်နေသည်။
သူသည် တံခါးကို ဖွင့်ရန် ကြိုးစားသော်လည်း တံခါးသည် လှုပ်ပင်မလှုပ်ပါ။ ၎င်းကို အတွင်းမှ သော့ခတ်ထားဟန်တူသည်။
ပြတင်းပေါက်တစ်ခုကို ရှာဖွေရန် နေရာတစ်ဝိုက်ကို လျှောက်ကြည့်သော်လည်း ပြတင်းပေါက်နှင့်တူသည့်မည်သည့်အရာကိုမျှ မတွေ့ရပါ။ အတွင်းသို့ လေဝင်လေထွက် ရရန် ဖောက်ထားသောအပေါက်ဟုယူဆရသည့် အပေါက်ငယ်တစ်ခုသာ ရှိလေသည်။
"တံခါးကို ရိုက်ချိုးပြီးဝင်သွားသင့်သလား ရှုယင်ဆိုရင်တော့ သူမက ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် တခြားတစ်ယောက်ယောက်ဆိုရင်..."
သူသည် တံခါးကို ချိုးဖျက်ရန်အနည်းငယ်မျှ စဉ်းစားမိသော်လည်း ထို အကြံအစည်ကို လျင်မြန်စွာပင် စွန့်လွှတ်လိုက်သည်။
"ဆီလက်စ်လေးရေ ငါ့ကို ကူညီဖို့ မင်းလှည့်ရောက်ပြီလို့ ထင်တယ်။"
အာရန် သည် သူ၏ အိတ်ကပ်ထဲတွင် အနားယူနေသော ဆီလက်စ်ကို ကြည့်လိုက်သည်။
ဆီလက်စ်သည် သူမ ဘာလုပ်ပေးရမည်နည်းဟု မေးနေသကဲ့သို့ အိပ်ကပ်ထဲမှ သူမ၏ချစ်စရာ ဦးခေါင်းလေးကိုပြူထွက်ကာ အပြစ်ကင်းသောမျက်နှာပေးဖြင့် အာရန်ကို ကြည့်နေလေသည်။
"မင်း ဒီအပေါက်ကို မြင်တယ်မလား" အာရန်က လေအထွက်အဝင် ပေါက်သေးသေးလေးကို ညွှန်ပြလိုက်သည်။
၎င်းသည် သူ့အတွက် သေးငယ်လွန်းသည်။ သို့သော် ဆီလက်စ်အတွက်ဆိုလျှင် ၎င်းသည် အကောင်းဆုံး ဝင်ပေါက်တစ်ခုဖြစ်လေသည်။
"ငါက မင်းက အဲဒီအပေါက်ကနေ ဝင်ပြီး အတွင်းကနေ င့ါအတွက် တံခါးကို သွား ဖွင့်ပေးစေချင်တယ်။"
အာရန်သည် သူမကို မည်သူမျှ မမြင်နိုင်အောင် အလွန်သတိထားရန် အထပ်ထပ်မှာကြားရင်း ညွှန်ကြားချက်အချို့ ပေးလိုက်သည်။
ဆီလက်စ်လေးကို မည်သူမျှ မမြင်သရွေ့ သူမ၏ တည်ရှိမှုကို မည်သူမျှ သိရှိနိုင်မည်မဟုတ်ပါ။ စနစ်မှ အော်ရာထိန်းချုပ်မှုကျင့်စဉ်ကို ဆုလာဘ်အဖြစ် ရရှိကတည်းက သူ့အတွက်လည်း အတူတူပင်ဖြစ်သည်။
၎င်းကျင့်စဉ်ဖြင့် အာရန် သည် မိမိအော်ရာကို ဖုံးကွယ်နိုင်ရုံသာမက သူ၏ တည်ရှိမှုအငွေ့အသက်ကိုပင် လုံးဝ ဖျောက်ထားနိုင်လေသည်။ ဤသည်မှာ မည်သူမျှသတိမထားမိပဲ ဗဟိုဧရိယာအတွင်း အေးဆေးစွာ လမ်းသွားနိုင်ခဲ့သော အဓိကအကြောင်းရင်းလဲ ဖြစ်လေသည်။
သူ၏ ယူဆချက်အရ သူသည် သူ၏တည်ရှိမှုကို မဖော်ပြသ၍ ဂိုဏ်းချုပ်ပင် သူ့ကို ခံစားသတိထားမိမည်မဟုတ်ပေ။
ဆီလက်စ်သည် အာရန်၏ အိတ်ကပ်မှ ထွက်လာပြီး အပေါ်ရှိ ထိုလေဝင်လေထွက် အပေါက်ငယ်လေးဆီသို့ ပျံသန်းသွားလိုက်သည်။
သူမသည် အပေါက်မှ လျင်မြန်စွာ ဝင်ရောက်သွားသည်။
မိနစ်အနည်းငယ်ကြာပြီးသော် အာရန်သည် တံခါး၏ အခြားတစ်ဖက်မှ လှုပ်ရှားမှုအချို့ကို ကြားလိုက်ရလေသည်။ ၎င်းသည် သော့ဖွင့်နေသော အသံပင်ဖြစ်သည်။
"သူမ အောင်မြင်သွားပုံရတယ်" သူသည် တံခါးကို ထပ်မံ ဖွင့်ရန် ကြိုးစားခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ဖွင့်နိုင်သွားခဲ့သည်။
အာရန် သည် အိမ်တံခါးကို သတိကြီးစွာထား၍ ဖွင့်လိုက်ပြီး အထဲသို့ မဝင်မီ လုံခြုံမှုရှိမရှိ သေချာစေရန် အတွင်းသို့ အရင်ချောင်းကြည့်လိုက်သေးသည်။
"တော်လိုက်တဲ့ ကလေးလေး" သူသည် အကောင်းဆုံးကူညီပေးခဲ့သော ဆီလက်စ်၏ ခေါင်းကလေးကို ပုတ်ပေးလိုက်သည်။
ဆီလက်စ်သည် သူမ အကူအညီတစ်ခုပေးလိုက်နိုင်သဖြင့် ပျော်ရွှင်သွားဟန် ဖြင့် ပြုံးပြလေသည်။
သူမသည် အာရန်၏ အိတ်ကပ်ထဲသို့ ပြန်ဝင်သွားပြီးမှ သူမ၏ခေါင်းလေးကို အပြင်ထုတ်ကာ ဟိုဟိုဒီဒီ ချောင်းကြည့်လိုက်သည်။
"ကဲ ရှုယင်ကို ရှာကြရအောင်" အာရန်သည် သူ့နောက်က တံခါးကိုသတိထား၍ ပိတ်လိုက်ပြီး လမ်းအတိုင်းလျှောက်သွားလိုက်သည်။
သူသည် သူခိုးတစ်ယောက်ကဲ့သို့ လှုပ်ရှားပြီး တတ်နိုင်သမျှ ဆူညံသံ အနည်းဆုံးဖြစ်အောင် ကြိုးစားခဲ့သည်။ သူသည် အသံလုံးဝ မထွက်ခဲ့ပါ။
အိမ်နားတစ်ဝိုက်ကို ရှာဖွေပြီးနောက် ရေသံအချို့ကို ကြားလိုက်ရသည်။
'သူမ ရေချိုးနေတာလား'
သူသည် နောက်ဆုံးအခန်း၏ တံခါးကို ဖွင့်ပြီး အတွင်းသို့ ဝင်သွားလိုက်သောအခါ အခန်းအလယ်တွင်ရှိနေသော အိပ်ရာတစ်ခုကို သတိထားမိလိုက်သည်။
၎င်းသည် ပိုင်ရှင်၏ အိပ်ခန်းဖြစ်သည်။ ၎င်းသည် လုံး၀သန့်ရှင်းသပ်ရပ်နေပြီး လတ်ဆတ်သော ပန်းရနံ့ အနည်းငယ်ပင် လေထဲတွင် စွဲကျန်ရစ်နေလေသည်။
အခန်း၏ ဘယ်ဘက်ခြမ်းတွင် ရေချိုးခန်း ရှိသည်။ ရေချိုးခန်းတံခါး ပွင့်နေပြီး အတွင်းမှ ရေကျသံများ ထွက်ပေါ်နေသည်။
တစ်စုံတစ်ယောက်သည် အတွင်း၌ ရေချိုးနေကြောင်း ထင်ရှားလေသည်။
ထိုသူသည် သူ၏ မဟာအကြီးအကဲရှုယင်ပင်ဖြစ်မည်ဟု ယုံကြည်လိုက်သဖြင့် အာရန်သည် ရေချိုးခန်းအနီးသို့ ပိုမိုနီးကပ်စွာ လျှောက်လာလိုက်သည်။ မကြာမီ သူသည် ရေချိုးခန်းနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သည်။
အသက်ကို ခပ်ပြင်းပြင်းရှူ၍ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး အတွင်းသို့ လှမ်းကြည့်လိုက်သည်။
'ဟမ်..'
အာရန်၏ မျက်နှာသည် အတွင်း၌ ရေချိုးနေသောသူကိုမြင်လိုက်ရသောအခါ ဖြူဖက်ဖြူရော်ဖြစ်သွားကာ မေးရိုး ပြုတ်ကျမတတ်ဖြစ်သွားရလေသည်။
အတွင်း၌ အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် အဝတ်အစားများ ကို ဝတ်ဆင်မထားဘဲ သူ့ကို ကျောပေး၍ ရေချိုးနေလေသည်။
ရေစက်များသည် သူမ၏ ချောမွေ့သော အသားအရေပေါ်တွင် တောက်ပနေပြီး စွဲမက်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးပေးသည်။ သို့သော် အာရန်သည် သူ့ရှေ့ရှိ မြင်ကွင်းကို ငေးစိုက်ကြည့်နေရန် အချိန်မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအမျိုးသမီး၏ ဆံပင်အရောင်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
၎င်းသည် မဟာအကြီးအကဲ ရှုယင်၏ ဆံပင်အရောင် မဟုတ်ပါ။ ယင်းအစား မိစ္ဆာဂိုဏ်းချုပ်၏ ဆံပင်အရောင်ပင်ဖြစ်သည်။
အာရန်သည် အဖြစ်မှန်ကိုသဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသားသည် ခဏတာ ရပ်တန့်သွားလေသည်။
သူသည် ခြံဝင်းကို မှားယွင်းစွာ ရွေးချယ်မိခဲ့သည်။ ဤတစ်ခုသည် ရှုယင်၏ နေအိမ် မဟုတ်ခဲ့ပါ။ ၎င်းအစား မိစ္ဆာဂိုဏ်းချုပ်၏ နေအိမ်ပင်ဖြစ်လေတော့သည်။
အာရန်သည် အရှင်သခင် လေးဦးထဲမှ တစ်ဦးဖြစ်သော သူမ၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို ကြည့်မိသွားခြင်းဖြစ်သည်။ သူသာ ထိုကိစ္စကိုဖော်ထုတ်ခံလိုက် ရပါက အပိုင်းတစ်ထောင်ပိုင်းဖြတ်ခံရလျှင်ပင် သနားညှာတာမှုတစ်ခုဟုပြော၍ရပေမည်။
....
တစ်ချိန်တည်းတွင် အာရန် မရွေးမိခဲ့သော ခြံဝင်းတွင် အမျိုးသမီးတစ်ဦးသည် အိပ်ရာပေါ်တွင် လှဲနေလေသည်။
သူမ၏ အခန်းတစ်ခုလုံးတွင် ယောက်ျားတစ်ဦး၏ ပုံတူများဖြင့် ပြည့်နှက်နေလေသည်။ သူမသည် ထိုပုံတူများကို ကိုယ်တိုင်ရေးဆွဲခဲ့ခြင်း ဖြစ်ဟန်ရသည်။
သူမ၏ အိပ်ခန်းကို မြင်လျှင် ထိုယောက်ျားကို သူမအတော်စွဲလမ်းနေသည်ဟု ထင်ကြလိမ့်မည်ဖြစ်သည်။
ထိုပုံတူများထဲမှ ယောက်ျားမှာ အခြားသူ မဟုတ်ပဲ အမောင်အာရန်ပင် ဖြစ်လေသည်။
ဤသို့ ပုံတူများသည်အခန်းအတွင်း ရာနှင့်ချီ တည်ရှိနေပြီး ယခုလည်း သူမသည် သူမ ချစ်သော ထိုယောက်ျား၏ ပုံတူတစ်ခုကို ထပ်မံရေးဆွဲနေလေသည်။
သူမသည် အခြားသူများကို သူမအား အရူးအမူးချစ်မိသွားကြအောင် ပြုစားခဲ့သောသူဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမကိုယ်တိုင် အခြားတစ်တစ်ယောက်ကို အရူးအမူးချစ်မိသွားခြင်းဖြစ်လေသည်။
သူမသည် ထိုယောက်ျားဆီသို့ ချက်ချင်း သွားရောက်ချင်ခဲ့သည်။ ထိုယောက်ျားကို သူမတစ်ဦးတည်းသာ ပိုင်ဆိုင်စေလိုသည်။
ကံမကောင်းစွာဖြင့် သူမသည် ဂိုဏ်းချုပ်က အပြစ်ပေးခြင်းကိုခံထားရပြီး သူမ၏ အိမ်မှ အပြင်သို့ထွက်ခွာခွင့်ကိုပင် မရရှိတော့ပါ။
သူမသည် သူမအပေါ်တွင် မည်သည့်ချိတ်စည်းတံဆိပ်များမှ ရိုက်နှိပ်ထားခြင်း မရှိသောကြောင့် အလွယ်တကူ ထွက်ခွာသွားနိုင်သော်လည်း သူမသာ ထိုသို့လုပ်လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ ကြီးမားနိုင်ကြောင်း သိလေသည်။
သူမသည် သူမ၏ ချစ်သူကို ရှာဖွေရန် မသွားရောက်မီ သူမ၏ အပြစ်ပေးခံရမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းနိုင်ရုံသာ ရှိလေသည်။
"မကြာခင် ရှင့်ရဲ့ ဇနီးက ရှင့်ဆီကို ရောက်လာလိမ့်မယ်..."
သူမ ဆွဲနေသော ပုံတူပန်ချီကားကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
" ကျွန်မရဲ့ယောကျ်ားရေ"
#Catfoot