သူမရဲ့အကူအညီ
Vol. 4 Ch. 40
အရှင်သခင်လေးဦးထဲမှတစ်ဦးဖြစ်သော မိစ္ဆာဂိုဏ်းချုပ်၏ သီးသန့်နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်မိခဲ့ကြောင်း သဘောပေါက်လိုက်သောအခါ အာရန်သည် ကျောရိုးတစ်လျှောက် အေးစိမ့်တက်သွားလေသည်။
အာရန်သည် စိတ်များပျံ့လွင့်သွားရာမှ တအောင့်အကြာတွင် အာရုံများ ပြည်လည်စုစည်းနိုင်သွားသည်။ သူသည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို အမြန်ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။
သူသာ ဤနေရာတွင် လူမိခံလိုက်ရပါက ရလဒ်ကို စိတ်ကူးကြည့်ရန်ပင် မဝံ့ရဲပါ။
ဂိုဏ်းချုပ်သည် ယခုအချိန်အထိ သူရှိနေသည်ကို သတိမထားမိသေးပါ။ ၎င်းသည် အာရန် ၏ အကြီးမားဆုံး အားသာချက်ပင်ဖြစ်သည်။
သူသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး နံရံတစ်ခုနောက်တွင် သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တတ်နိုင်သမျှ သူ၏ နှလုံးခုန်သံကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဂိုဏ်းချုပ်သည် တဖက်လှည့်လာလိုက်သည်။ ကံကောင်းစွာဖြင့် အာရန်သည် ယခုအချိန်တွင် ပုန်းအောင်းပြီးနေပြီဖြစ်သည်။
အာရန်သည် ရေလှုပ်ရှားမှုအသံများ ရပ်သွားသည်ကိုသိလိုက်ရသောအခါ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ ပြုတ်ထွက်လုမတတ် ခုန်ပေါက်နေလေတော့သည်။ ယင်းက ဂိုဏ်းချုပ်သည် ရေချိုးခြင်းအမှုကို ပြီးဆုံးသွားပြီဟု ဆိုလိုသည်မဟုတ်ပါလား။
သူမသည် ရေချိုးခန်းမှ ထွက်လာရန် အချိန်တစ်ခုသာ လိုတော့သည်။
အာရန်သည် တစ်စက္ကန့်မျှပင် ဖြုန်းတီး၍ မရကြောင်း သိနေသည်။ သူသည် တတ်နိုင်လျှင် ဆူညံသံ မထွက်အောင် ကြိုးစားရင်း ထွက်ပေါက်ဆီသို့ ရွေ့လျားသွားခဲ့သည်။
တစ်ချိန်တည်းတွင် ဂိုဏ်းချုပ်သည် အနီးရှိ မျက်နှာသုတ်ပဝါကို ကောက်ယူပြီး အာရန်၏ တည်ရှိမှုကို သတိမထားမိဘဲ သူ့ကိုယ်သူ ခြောက်သွေ့အောင် ပြုလုပ်နေလေသည်။
အလျင်အမြန်လှုပ်ရှားမှုကြောင့် အာရန်၏ ခြေထောက်သည် မတော်တဆ ဖြင့် ပန်းအိုးငယ်တစ်ခုကို တိုက်မိသွားလေသည်။
ပန်းအိုး ပြုတ်ကျသည်ကို မြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် သွေးဆုတ်သွားလေသည်။ ကြောက်ရွံ့နေသော်လည်း အာရန်၏ သူ့အလိုလို မသိစိတ်၏အလိုအလျှောက်တုန့်ပြန်မှုကြောင့် ခန္ဓာကိုယ်သည် သာမန်ထက် ပိုသော အမြန်နှုန်းတစ်ခုဖြင့် ပန်းအိုးကို မြေပြင်သို့ မထိမီ ဖမ်းလိုက်နိုင်လေသည်။
ဂိုဏ်းချုပ်သည် ရေချိုးခန်းမှ ထွက်လာခဲ့သည်။
သူမသည် အိပ်ရာပေါ်တွင် ထားရှိသော သူမ၏ အဝတ်အစားများဆီသို့ လျှောက်သွားခဲ့ပြီး သူမ၏ လက်များက သူမ၏ အဝတ်အစားများကို ထိတော့မည့်အချိန်တွင် ရပ်တန့်သွားသည်။
သူမသည် တစ်ခုခုသတိထားမိဟန်ဖြင့် တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမ၏ အခန်းမှ ပန်းအိုးတစ်လုံး ပျောက်ဆုံးနေကြောင်း သတိထားမိသွားသောအခါ သူမသည် မျက်မှောင်ကြုတ်မိသွားလေသည်။
....
ခြံဝင်းအပြင်ဘက်တွင် အာရန်သည် သူ့လက်ထဲမှ ပန်းအိုးကို ကိုင်ရင်း တတ်နိုင်သမျှ မြန်မြန် ပြေးနေသည်။
သူသည် ပန်းအိုးကို ပြန်ထားရန် အချိန်ပင် မရှိခဲ့ပါ။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ဂိုဏ်းချုပ်သူ့ကို မြင်တွေ့မခံရရန်ပင်ဖြစ်သည်။
သူသည် ထိုသာမန်ပုံစံရှိသော ပန်းအိုးကို သူ့စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်ထားလိုက်ပြီး သူ့ကိုယ်သူ ဖုံးကွယ်ရန် သစ်ပင်တစ်ပင်နောက်တွင် ပုန်းအောင်းနေလိုက်သည်။
အချိန်အတော်ကြာအောင် သူသည် ဂိုဏ်းချုပ် ထွက်လာဦးမလားဆိုသည်ကို သိရှိရန် ထိုခြံဝင်းကို ပုန်းအောင်းနေရာမှစောင့်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် အပြင်သို့ထွက်လာခဲ့သည်။ သူမသည် ယခုအခါ အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ထားသော်လည်း အာရန်သည် သူစောစောပိုင်းက မြင်ခဲ့ရသော မြင်ကွင်းကို မေ့မရနိုင်သေးပါ။
ဂိုဏ်းချုပ်သည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သူမ၏ အသိစိတ်ကိုဖြန့်ကျက်၍ ဗဟိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သည်။
အာရန်သည် အော်ရာထိန်းချုပ်မှုနည်းလမ်းကို အသုံးပြုထားသော်လည်း အနည်းငယ်မျှသော မှားယွင်းမှုလေးတစ်ခုဖြင့်ပင်ရှာဖွေတွေ့ရှိသွားနိုင်သဖြင့် အလွန်တရာထိတ်လန့်လျက်ရှိသည်။
ကံကောင်းစွာဖြင့် ထိုသို့ဖြစ်မသွားခဲ့ပါ ။ ဂိုဏ်းချုပ်သည် ရှုပ်ထွေးနေပုံရပြီး သူမ၏ အသိစိတ်ကို မကြာခင် ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူမသည် ဂိုဏ်းအတွင်း မူမမှန်သော မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပါ။ ပို၍ဆိုးသည်မှာ သူမသည် သူမ၏ပန်းအိုးတည်နေရာကိုပင် အာရုံမခံနိုင်ခဲ့ပါ။
၎င်းသည် သူမနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းကို ဂိုဏ်းမှ ထုတ်ယူသွားလျှင်ပင် သူမသည် ၎င်းကို ခံစားသိရှိနိုင်မည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမသည် ၎င်း၏တည်ရှိမှုကိုပင် အာရုံမခံနိုင်ခဲ့ပါ။
ပန်းအိုးသည် သူမ၏ အသိစိတ်ပင်လယ်ဖြင့် ရှာမတွေ့နိုင်သော နေရာတွင် ရောက်ရှိနေသကဲ့သို့ဖြစ်နေလေသည်။
အာရန်သည် ဂိုဏ်းချုပ်နှင့် သိပ်မဝေးသော သစ်ပင်နောက်တွင် ဆက်လက်ပုန်းအောင်းနေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ်ကြာပြီးနောက် တွင် ဂိုဏ်းချုပ်သည် ရှာဖွေနေမှုကို လက်လျော့လိုက်လေသည်။ ထို့နောက် သူမသည် အဓိကနန်းတော်သို့ ပျံသန်းထွက်ခွါသွားလေသည်။ သူမမည်သည့်အရာ များတွေးနေမည်ကိုတော့ မည်သူမျှသိရှိရန်မဖြစ်နိုင်ပါချေ။
ဂိုဏ်းချုပ်သည် သူ့အမြင်မှ ပျောက်ကွယ်သွားသောအခါမှသာ အာရန်သည် သူ့နဖူးမှ ချွေးစေးများကို သုတ်လိုက်မိလေသည်။
သူသည် မည်သူမျှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် စိတ်ကိုပြန် အားတင်းကာ အခြားခြံဝင်းတစ်ခုအတွင်းသို့ ထပ်မံဝင်သွားလိုက်သည်။
သူသည် အခြားခြံဝင်းသို့ ရောက်သောအခါ ယခင်ကဲ့သို့တူညီသောနည်းလမ်းကို သာအသုံးပြုခဲ့သည်။
ဆီလက်စ်က အတွင်းမှ တံခါးကို ဖွင့်ပေးပြီး အာရန်လည်း ထိုနေရာသို့ အလွယ်တကူပင်ဝင်သွားနိုင်ခဲ့သည်။
"ဒီတစ်ခါတော့ အိမ်မှားဝင်မိတာမျိုးထပ်မဖြစ်ပါစေနဲ့" သူက အိမ်ပိုင်ရှင်ကို ရှာဖွေရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
တစ်ဖန် သူသည် တံခါးဖွင့်ထားသော အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
သူသည် တံခါးကို ဂရုတစိုက် ဖွင့်ပြီး အတွင်းသို့ချောင်းကြည့်လိုက်လေသည်။
သူသည် အတွင်း၌ မဟာအကြီးအကဲရှုယင်သည် အိပ်ရာပေါ်တွင် လှဲလျောင်းကာ တစ်စုံတစ်ခုကို ရေးဆွဲနေကြောင်း သတိထားမိလိုက်သည်။
သူသည် နေရာမှန်သို့ရောက်ရှိသွားကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချကာ အခန်းထဲသို့ ဝင်သွားလိုက်လေသည်။
"မဟာအကြီးအကဲခင်ဗျာ ကျွန်တော်က-" သူသည် သူ၏တည်ရှိမှုကို သိစေရန် စတင်မိတ်ဆက်ပြောဆိုလိုက်သော်လည်း သူ့စကားမဆုံးသေခင်မှာ ပင်ရပ်တန့်သွားမိလိုက်သည်။
သူသည် နံရံတွင် ချိတ်ထားသော ပုံတူပန်ချီကားများကို မြင်လိုက်ရပြီး ၎င်းတို့အားလုံးသည် သူ၏ပုံ ကို ပုံဖော်ထားခြင်းများဖြစ်ကြသည်။ ထို့အပြင် ပုံတူအချို့တွင်မူ သူ၏အဝတ်အစားများပင်မပါရှိပါချေ။
ထို့အပြင် ရှုယင်သည် သူ့နှင့်အတူ ကလေးတစ်ယောက်ကိုပါခေါ်၍ ထိုင်နေသော ပုံတူအချို့လည်း ရှိနေသေးသည်။
"ဒါက..."
အာရန်သည် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပါ။ ဤ စွဲလမ်းမှုအဆင့်သည် သူ့မျှော်လင့်ချက်ကိုပင် ကျော်လွန်သွားပြီသည်။
သူမသည် သူ့ကို ချစ်မိသွားခြင်းထက် နောက်ယောင်ခံလိုက်သူတစ်ဦး နှင့်ပင် ပိုတူလာသည်ဟု တွေးမိလိုက်သည်။
(ဘာသာပြန်သူမှတ်ချက်။ ။ နောက်ယောင်ခံလိုက်သူ (Stalker) ဆိုသည်မှာ နာမည်ကြီးအိုင်ဒေါများကို နောက်မှအသဲအသန်လိုက်၍ ဒုက္ခပေးတတ်သော ထူးဆန်းသည့် အစွဲအလန်းဖြင့် အစွန်းရောက်လွန်းသော ဖန်အချို့ကို ဆိုလိုခြင်းဖြစ်သည်။)
ရှုယင်သည် သူမ၏ ခင်ပွန်းဟု အမည်ပေးထားသော ပုံတူအသစ်တစ်ခုကို ဖန်တီးရာတွင် စိတ်မြှုပ်နှံထားစဉ် အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
သူမ၏ ရင်ဘတ်အတွင်းရှိ အချစ်မျိုးစေ့မှ တုံ့ပြန်သောကြောင့် သူမ၏ နှလုံးသားသည် လှုပ်ရှားသွားရလေသည်။ သူမသည် ဤအသံကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။ ၎င်းသည် သူမအလွန်ချစ်သော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်။
သူမသည် ကလေးတစ်ယောက်ကဲသို့ထထိုင်လိုက်သည်။ အာရန်တစ်ယောက် သူမ၏ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများတွင် ဝမ်းသာခြင်း မျက်ရည်များ စို့တက်လာလေသည်။
သူသည် အန္တရာယ်များအားလုံးကိုကျော်ဖြတ်၍ သူမဆီသို့ ရောက်လာလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့မိပါ။
"ဒါကသူများပြောကြတဲ့ အချစ်စစ်ဆိုတဲ့အရာလား'
သူမက ကိုယ့်ဘာ့ကိုယ် တွေးတောလိုက်မိသည်။
အာရန်တစ်ယောက် မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် မဟာအကြီးအကဲရှုယင်သည် သူ့ရှေ့တွင် ပေါ်လာပြီး နွေးထွေးသော ပွေ့ဖက်မှုတစ်ခုကို ခံစားလိုက်ရသည်။
အာရန်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပါ။ ၎င်းသည် အချစ်မျိုးစေ့ကြောင့်ဖြစ်မှန်း သူသိလေသည်။ သူမသည် သူ့ကို အမှန်တကယ် ချစ်နေခြင်းမဟုတ်ပါ။ သို့သော် သူမသည် သူမြင်ဖူးသော အမျိုးသမီးများထဲတွင် အလှဆုံးဖြစ်သည်ကိုတော့ မည်သို့မျှမငြင်းနိုင်ပါ။
သူမသည် အလွန်တရာခွန်အားကြီးမားသော်လည်း ယခုမူအားနည်းနေပုံရပြီး ယောက်ျားတစ်ယောက်၏ ကာကွယ်ပေးချင်စိတ်ကို လှုံ့ဆော်ပေးနိုင်လေသည်။
သူမသည် ဆွဲဆောင်ခြင်းစွမ်းရည်ကိုအသုံးမပြုလျှင်ပင် မည်သည့်ယောက်ျားကို မဆို ကိုယ့်ကိုယ်ကို သတ်သေစေသည်အထိမဟုတ်လျှင်ပင် သူမကို အရူးအမူးချစ်မိသွားအောင်အထိ လုပ်ဆောင်နိုင်သောသူတစ်ဦးဖြစ်လေသည်။
ရှုယင်သည် မည်သည့်စကားမျှမဆိုဘဲ အချိန်အတော်ကြာသည်အထိ အာရန်အားဆက်လက်၍ ပွေ့ဖက်ထားလျက်ရှိနေသည်။ အချိန်များသည် ယခုနေရာတွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။
#Catfoot