← Chapters

ကြီးမားသောရည်ရွယ်ချက်

Vol. 4 Ch. 41

ကြီးမားသောရည်ရွယ်ချက်

Vol. 4 Ch. 41

အာရန်သည် ယခင်တစ်ကြိမ်က ရှုယင်၏ ဆွဲဆောင်မှုစကေးကို ရှောင်ရှားနိုင်ခဲ့သဖြင့် ယခုအကြိမ်တွင် သူသည် သူမ၏ ဆွဲဆောင်မှုစကေးဖြင့် မသက်ရောက်နိုင်တော့မပေ။ သို့သော်လည်း ထိုအမျိုးသမီးသည် ဆွဲဆောင်မှုစကေးမပါဘဲနှင့်ပင် သူ့အား အချို့သော စိတ်ခံစားချက်များ ဖြစ်ပေါ်စေလေသည်။

"မင်းရဲ့ အကူအညီကိုလိုအပ်နေတဲ့အတွက် ကိုယ်ဒီကိုလာခဲ့တာပါ"

အာရန်သည် ထိုအချိန်တွင် သူ၏လာရင်းရည်ရွယ်ချက်ကို မေ့ပျောက်မသွားစေရန် ထိုအမျိုးသမီးကို ညင်သာစွာ တွန်းဖယ်ရန် ကြိုးစားရင်း ပြန်ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် သူက သူမကို တွန်းဖယ်နိုင်လောက်အောင် မသန်မာနေခဲ့ပေ။ ထိုအမျိုးသမီးက အားနည်းပုံပေါ်ပြီး ဆွဲဆောင်မှုအပေါ် မှီခိုနေပုံရသော်လည်း သူမက အားနည်းသည်ဟု မဆိုလိုပေ။ သူမ၏ ဆွဲဆောင်မှုစကေးမပါဘဲနှင့်ပင် သူမသည် သွေးလွှမ်းသောလမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်လောက်သည်အထိ အားကောင်းနေသေးသည်။

"ရှင်သာ ကျွန်မအသက်ကို လိုချင်တယ်ဆိုရင်တောင် ကျွန်မပေးဖို့ဆန္ဒရှိပါတယ်" ရှုယင်က ခိုင်မာစွာဆုံးဖြတ်ပြီးသောလေသံဖြင့် ပြန်ပြောလိုက်သည်။

"မင်းရဲ့အသက်ကို ကိုယ်မလိုချင်ပါဘူး ဂိုဏ်းကနေ ရက်အနည်းငယ်လောက် ထွက်သွားရမှာမို့ မင်းကို ကိုယ်နဲ့အတူ လိုက်ခဲ့စေချင်ရုံလေးပါ"

အာရန်သည် သူမအား တွန်းဖယ်ရန် ကြိုးစားမှုသည်မအောင်မြင်ဖြစ်ပြီးနောက် သူသည် လက်လျှော့လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲတွင်စိတ်ကြိုက်ဖက်ထားခွင့်သာ ပြုထားလိုက်ရလေသည်။

အာရန် ၏စကားကို ကြားလိုက်ရသောအခါ ရှုယင်၏ မျက်လုံးများသည် တောက်ပလာသည်။ သူမ၏အမြင်တွင် ၎င်းသည် သူက သူမအား ချိန်းတွေ့ရန် ခေါ်နေသည်ဟု ဆိုလိုရာရောက်နေသောကြောင့်ဖြစ်သည်။

"ကျွန်မတို့နှစ်ယောက်တည်းလား"

ရှုယင်သည် သူမ၏ ပျော်ရွှင်မှုကို ထိန်းချုပ်ရန် အသည်းအသန် ကြိုးစားရင်း မေးလိုက်သည်။

"ကိုယ် နဲ့ မင်းနှစ်ယောက်ထဲပါပဲ " အာရန်က ပြန်ဖြေလိုက်သည်။

"ကိုယ့်အတွက် ဒီခရီးစဉ်ကတကယ်အရေးကြီးတယ်။ ပြီးတော့ တခြားဘယ်သူ့ကိုမှ အကူအညီတောင်းဖို့လည်းမဖြစ်နိုင်လို့ပါ"

အာရန်၏ စကားများကြောင့် ရှုယင်၏ နှလုံးသားသည် တစ်ချက် ခုန်သွားရလေသည်။ သူမ၏ နှလုံးသားထဲမှ ချစ်ခြင်းသည် ပို၍ပင် အရောင်တောက်ပလာပြီး ဤခရီးတွင် အကြီးအကဲရန် က သူမကို လက်ထပ်ခွင့်တောင်းမည်လားဟုပင် သူမက တွေလိုက်မိသေးသည်။

ဤအချိန်တွင် သူမသည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်ကို လည်း ဂရုမစိုက်နိုင်တော့ပေ။ သူမအတွက်မူ သူနှင့်အတူ လိုက်ပါရခြင်းသည် အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးလေသည်။

"ကျွန်မတို့ ဘယ်တော့ထွက်ကြမလဲ" သူမက မေးလိုက်သည်။

"မင်းသာ ကိုယ့်ကို လွှတ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် အခုချက်ချင်းပဲသွားကြမယ်လေ" အာရန်သည် သူရှုယင်ကို တွန်းဖယ်ရန် ကြိုးစားရင်း ၏ သူမ၏ပခုံးပေါ်တွင် သူ၏လက်ကို တင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူမသည် မည်သည့်ခုခံမှုမျှ မပြုလုပ်တော့ပဲ ပြောစကားနားထောင်သော ချစ်စရာကောင်မလေးတစ်ဦးကဲ့သို့ သူ့စကားကို နားထောင်ခဲ့လေသည်။

"ကျွန်မခုပဲ ပြင်ဆင်လိုက်မယ်"

ရှုယင်သည် မိနစ်ပိုင်းအတွင်းမှာပင် ပြန်ရောက်လာခဲ့သည်။ သူမသည် ခရီးရှည်တစ်ခုအတွင်း လိုအပ်နိုင်သည်ဟု သူမယုံကြည်သော အရာအားလုံးကို သူမ၏ သိုလှောင်လက်စွပ်အတွင်း စုထည့်လာခဲ့သည်။

သူမသည် ဂိုဏ်းမှ မည်သူမျှ မသိရှိဘဲ ထွက်ခွာနိုင်ရန် နည်းလမ်းတစ်ခုကိုလည်း အမြန်ကြံဆနေခဲ့သည်။

သူမသည်သူမကိုယ်စား နေအိမ်အကျယ်ချုပ်ကျနေဟန်ဖြင့် သူမအခန်းထဲတွင် ရှိနေမည့် သူမ၏ပုံတူကိုယ်ပွားတစ်ဦးကို ဖန်တီးလိုက်သည်။

ထိုအခါ ဂိုဏ်းထဲရှိ မည်သူမျှ သူမပျောက်ဆုံးနေကြောင်း သံသယဝင်နိုင်တော့မည်မဟုတ်ပေ။

"ဒါကဘာလဲ"

အာရန်သည်သူ့အား ရှုယင် ကပေးထားသော အပြာရောင်ကျောက်တုံးလေး တစ်ခုကို ကိုင်ရင်း တွေးတောနေသည်။

"ဒါက ဂိုဏ်းကနေ ဘယ်သူမှမရိပ်မိဘဲ ကျွန်မတို့ကို ခေါ်ထုတ်သွားမယ့် အရာတစ်ခုပါ"

ရှုယင်သည် သူမ၏လက်ကို အာရန်၏လက်နှင့်ထပ်လိုက်ပြီး ပြုံးပြရင်း ပြောလိုက်သည်။

အာရန်သည် သူမ၏စကားကြောင့် အံ့အားသင့်သွားရသည်။ သူသည် ဤဗဟိုဧရိယာမှ မည်သူမျှမသိဘဲ မည်သို့ထွက်ခွာရမည်နည်းဟု အကြံအိုက် နေသော်လည်း သူမအတွက်တော့စိုးရိမ်စရာ မလိုအပ်ပုံရသည်။

စနစ်ကပေးသောရွေးချယ်မှုအရ သူမကို ထွက်ပြေးရန် ကူညီပေးရမည့် သူမှာ သူဖြစ်သော်လည်းယခုမူ သူမက သူ့ကို ထွက်ပြေးရန် ပြန်လည် ကူညီပေး နေရသကဲ့သို့ ဖြစ်မနေဘူးလား။

မူလကတည်းက သူမသည် သူ၏ အကူအညီကို အမှန်တကယ်ကော လိုအပ်ပါ၏လော။ သူမသည် သူမအလိုရှိသည့်အချိန်တွင် အပြင်သို့ ထွက်ခွာသွားနိုင်လေသည်။ သူမဤနေရာတွင်နေနေသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမဆန္ဒရှိနေသောကြောင့်ဖြစ်သည်။

ရှုယင်သည် သူထင်ထားသည်ထက်ပင် ပို၍ အင်အားကြီးသူဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏အကူအညီနှင့်သာဆိုလျှင် သူတို့သည် ထိုပင်လယ်နဂါးကို သတ်နိုင်မည်ဟုလည်း အာရန်သည် သေချာသွားလေသည်။ သူမ၏အကူအညီဖြင့် ဆိုပါက သူသည် မှတ်ဉာဏ်အပိုင်းအစကို ဖွင့်ဖတ်ရန် အမှန်တကယ်ပင် အဆင်ပြေနိုင်မည်ဖြစ်သည်။

ထို့နောက်သူမသည် အပြာရောင်စွမ်းအင်ကျောက်တုံးကို အသက်သွင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်စလုံးသည် ထိုခြံဝင်းအတွင်း၌ အမျိုးအမည်မသိရှိနိုင်သော အာကာသစွမ်းအင်တစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရလေသည်။

မိစ္ဆာဂိုဏ်း၏ ရင်းနှီးကျွမ်းဝင်ပြီးသော မြင်ကွင်းများနှင့် အသံများသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခုဖြင့် အစားထိုးခံလိုက်ရလေသည်။

အာရန်သည် သူ၏ ပတ်ဝန်းကျင်ရှိ ရုတ်တရက် အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရသည်။

သူတို့သည် ဂိုဏ်းအတွင်း၌ မရှိတော့သော်လည်း အလွန်ဝေးကွာသော နေရာသို့ရောက်ရှိသွားခြင်းမဟုတ်ပဲ ၎င်း၏အနီးတစ်ဝိုက်တွင်ပင် ရောက်ရှိသွားခြင်းဖြစ်သည်။

အဝေးတွင် သာမန်လူတစ်ဦးအတွက် မည်သို့မျှ တက်ရောက်ရန် မဖြစ်နိုင်လောက်အောင် မြင့်မားသော တောင်ထိပ်တစ်ခု၏အပေါ်တွင် မိစ္ဆာဂိုဏ်းသည် ထင်ထင်ရှားရှား မြင်တွေ့နေရဆဲဖြစ်သည်။

ဤတောင် သည် ဤကမ္ဘာတစ်ခုလုံးတွင် အမြင့်ဆုံးတောင်တစ်တောင်ဖြစ်သည်ဟု လည်း ပြောဆိုကြလေသည်။

သူတို့သည် မိစ္ဆာဂိုဏ်းမှ အလွယ်တကူ ထွက်ခွာလာနိုင်ခဲ့သောကြောင့် အာရန်သည် အနည်းငယ် အိပ်မက်ဆန်နေသည်ဟု ခံစားနေရသည်။ သို့သော် သူသည် ဖီးနစ်၏တည်ရှိမှုကို အဝေးမှပင် ခံစားနိုင်နေသေးသောကြောင့် စိတ်သက်သာရာရသွားလေသည်။

ထို့နောက် သူ၏ ဖီးနစ်ငှက်ကို ဂိုဏ်းမှ ထွက်ခွာပြီး သူ့ထံသို့အမြန်လာရောက် ပူးပေါင်းရန် လှမ်းခေါ်လိုက်သည်။

တစ်ချိန်တည်းတွင် ဂိုဏ်း၏ တောင်တန်းများအတွင်း၌ ဖီးနစ်သည် ကောင်းကင်သို့ ပျံတက်ကာ တိမ်တိုက်များကြားတွင် ကျော့ရှင်းစွာ ပျံသန်းနေလေသည်။

၎င်းသည် အာရန် မမြင်ဘူးသေးသော အရှိန်နှုန်းဖြင့် ပျံသန်းနေခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဖီးနစ်သည် အာရန်ကို သယ်ဆောင်နေစဉ်တွင် သူမ၏အရှိန်ကို ထိန်းညှိပြီး သူ့၏လုံခြုံရေးကို အခြားအရာအားလုံးထက် အမြဲဦးစားပေးလေ့ရှိသည်။ သို့သော် သူမ၏သခင်နှင့် ပြန်လည်ဆုံတွေ့ရန်အတွက် သူမသည် သူမ၏ အရှိန်အမြင့်ဆုံးအခြေအနေသို့ မဆိုင်းမတွပင် ပြောင်းလဲလိုက်သည်။

မကြာမီ ဖီးနစ်သည် သူ့အား စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေသော အာရန်၏ အလွန်ဝေးကွာသောတည်နေရာသို့ ရောက်ရှိသွားလေသည်။

အာရန်သည် ရှုယင်ထံသို့ သူ၏ လက်ကို ကမ်းပေးလိုက်ကာ သူ့နှင့်အတူ လိုက်ပါရန် ဖိတ်ခေါ်လိုက်သည်။

ရှုယင်သည် လှပသော အပြုံးတစ်ခုဖြင့် အာရန်၏ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး သူတို့နှစ်ယောက်စလုံးသည် ဖီးနစ်၏ကျောပေါ်သို့ ဆင်းသက်ကာ သူတို့၏ ပုံမှန်မဟုတ်သော ခရီးစဉ်တစ်ခုကို စတင်ခဲ့တော့သည်။

....

"ညီငယ်လေးရေ ဒါက အန္တရာယ်များတဲ့ တာဝန်တစ်ခုနော်။ မင်းတကယ်လုပ်ချင်တာ သေချာလား။ စီနီယာအကိုတွေတောင် ဒီတာဝန်ကို ပြီးမြောက်အောင်မထမ်းဆောင်နိုင်ကြသေးဘူး"

ဂိုဏ်းထဲတွင် ဇာတ်လိုက်ကျော်ရဲ့လန်သည် ဂိုဏ်းတာဝန်တစ်ခု ကို ရွေးချယ်လိုက်ပြီးဖြစ်သည်။

သူ၏ဆရာလက်အောက်ရှိ အခြားတပည့်များက သူရွေးချယ်လိုက်သော တာဝန်ကို သိရှိသောအခါ သူတို့သည် အနည်းငယ် စိုးရိမ်ကြလေသည်။

သူတို့သည် ဆရာတစ်ဦးတည်းအောက်တွင် ရှိသောကြောင့် ညီအစ်ကိုများကဲ့သို့ ဖြစ်နေကြပြီဖြစ်သည်။ သူတို့သည် အငယ်ဆုံးဂိုဏ်းတူညီလေးကို ဆုံးရှုံးပြီး ဂိုဏ်းတွင်း ရယ်စရာတစ်ခုဖြစ်သွားမည်ကိုမလိုလားကြပါ။

"ကျွန်တော် ပြီးမြောက်အောင်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်"

ရဲ့လန်က အပြစ်ကင်းသော အပြုံးလေးနှင့်ပြောလိုက်သည်။

သူ၏အပြင်ပိုင်းအပြုံးနှင့် ဆန့်ကျင်စွာ သူ၏နှလုံးသားအတွင်းပိုင်းတွင် သူသည် အတော်လေး စိတ်အားထက်သန်နေသည်။

'ငါ့ရဲ့ စနစ်ရဲ့အကူအညီနဲ့ ငါက ဒီကမ္ဘာမှာ အကြီးကျယ်ဆုံးဖြစ်လာဖို့ ရည်ရွယ်ထားတယ်။ မင်းတို့က ငါ့ကို တခြားသူတွေရဲ့ စံနှုန်းတွေနဲ့ ဘယ်လိုနှိုင်းယှဉ်လို့ရမှာလဲ'

'သူတို့ ကျရှုံးတာ ဘာဖြစ်လဲ ငါကတော့ အောင်မြင်ရမယ် ပြီးတော့ ငါ စနစ်ကနေ ဆုလာဘ်တွေကိုလည်း ရယူနိုင်ဦးမယ် ဘယ်သူမှ ငါ့လမ်းကြောင်းမှာ လာပိတ်နေလို့မရဘူး'

'သာမန်မစ်ရှင်တာဝန်တွေကို ပြီးမြောက်စေခြင်းနဲ့ ငါဟာ ပိုပိုပြီး သန်မာလာလိမ့်မယ် ပြီးတော့ ငါသာ လုံလောက်အောင် သန်မာလာတဲ့တနေ့ကျရင် စနစ်ကပေးတဲ့ အဓိကတာဝန်ကို အဆုံးသတ်ဖို့ အကြီးအကဲရန်ကို သတ်နိုင်လာလိမ့်မယ်'

ရဲ့လန်သည် တာဝန်စာရွက်ကို ခေါက်ပြီး သူ၏အိတ်ကပ်ထဲတွင် ထည့်ကာ ထိုနေရာမှ စတင်ထွက်ခွာသွားတော့သည်။

#Catfoot

All Chapters