← Chapters

ကျွန်မ ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လား

Vol. 4 Ch. 43

ကျွန်မ ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လား

Vol. 4 Ch. 43

"လူတစ်ယောက်လား"

ရှုယင်က ခေါင်းကိုမော့ပြီး မေးလိုက်သည်။

"ကျွန်မကိုပြောပြလေ ကျွန်မသူ့ကို သွားသတ်ပေးမယ်"

အာရန်သည် သူမ အလွန်အလေးအနက်ပြောနေကြောင်း ခံစားမိလေသည်။ သူတို့ဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦးတစ်ဦး၏ နာမည်ကို သူမအား ပြောပြလျှင်ပင် သူမသည် ထိုသူကို သတ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟု သူသေချာသိနေသည်။

"လူနည်းနည်းလောက်ကို သတ်လိုက်တာနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးမဟုတ်ဘူး"

အာရန်က သူမ၏ခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။

"လူနည်းနည်းထက် ပိုတယ်ဆိတာဘယ်လောက်များလဲ ကျွန်မသူတို့အားလုံးကို သတ်ပေးမယ်"

ရှုယင်က သေခြာစွာ ပြောလိုက်ပြီး သူမ၏မျက်လုံးများက စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပနေသည်။

"ရှင်ကို အကူအညီပေးနိုင်မယ်ဆိုရင်ဘာဖြစ်ဖြစ်ရတယ်..."

အာရန်သည် သူမကို မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

အချိန်အတော်ကြာပြီးနောက် အာရန်က

"မင်းဘာမှ လုပ်ပေးစရာမလိုပါဘူး ဒါက သေးငယ်တဲ့ကိစ္စလေးတစ်ခုပါ ကိုယ့်ဘာ့ကိုယ်ပဲ ဖြေရှင်းလိုက်ပါမယ်" ဟု ပြောလိုက်သည်။

[အချစ်၏လမ်းကြောင်း တိုးတက်လာမှု : ၀.၀၁ ရာခိုင်နှုန်း]

....

သုံးရက်ကြာပီးနောက်…

ရဲ့လန်သည် တောအုပ် တစ်ခုရှေ့တွင် ဆင်းသက်လိုက်သည်။

"ညီငယ်လေး သတိထားနော် ဒီတောအုပ်ကို ကျင့်ကြံသူတွေရဲ့ သင်္ချိုင်းမြေလို့ လူသိများတယ်"

ရဲ့လန် ဘေးတွင် ရပ်နေသော သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကပြောလိုက်လေသည်။

ထိုအမျိုးသားသည် တာဝန်ထမ်းဆောင်နေရာသို့ ဂိုဏ်းသားများအား ခေါ်ဆောင်သွားရန် ဂိုဏ်းက တာဝန်ပေးထားသောသူဖြစ်လေသည်။

ပုံမှန်အားဖြင့် ပုံမှန်တပည့်တစ်ဦးသည် ဤအခွင့်အရေးမျိုးကို မရရှိနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးသည် အဓိကတပည့် သို့မဟုတ် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာသောအခါ ဂိုဏ်းတာဝန်များကိုထမ်းဆောင်ရန်အတွက် ခရီးစဉ်တွင် အကူအညီအချို့ကို တောင်းယူခွင့်ပြုထားလေသည်။

"ကျွန်တော်သာကိုယ့်ကိုယ်ကို မယုံကြည်ဘူးဆိုရင် ဒီတာဝန်ကို ရွေးချယ်ခဲ့မှာ မဟုတ်ပါဘူး"

ရဲ့လန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ဤလူများက သူ့ကို အဘယ်ကြောင့် အထင်သေးနေကြသည်ကို သူ မသိခဲ့ပေ။ သူ၏ ငယ်ရွယ်ပုံပေါက်နေသောဟန်ပန်ကြောင့်များလား။

သူသည် စနစ်၏ အကူအညီဖြင့် ဤကမ္ဘာတွင် အားအကောင်းဆုံးလူတစ်ဦး ဖြစ်လာမည့်အချိန်ကို စောင့်မျှော်နေလေသည်။ ထိုအခါ ဤလူ၏မျက်နှာကို တဖန်ပြန်မြင်ချင်သည်။

"ကောင်းပါပြီ မင်းယုံကြည်မှုရှိတယ်ဆိုတာ ငါမင်းကို ယုံပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းဟာ သေမင်းတောအုပ်ရဲ့ အပြင်ပိုင်းနေရာတွေမှာ ဆေးဖက်ဝင်အပင်တွေ စုဆောင်းတဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရှိတယ်နော်"

သတ်လတ်ပိုင်းအရွယ်အမျိုးသားက ယဲ့လျန်ကို သတိပေးလိုက်သည်။

"မင်းကိုယ်မင်း ယုံကြည်မှုပြည့်၀နေတယ်ဆိုရင်တောင် မင်းဟာ ဝိညာဉ်သန္ဓေသားအဆင့် ကိုမရောက်သေးတဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်မှာပဲ ရှိသေးတယ်ဆိုတာမမေ့နဲ့နော်"

"ဒါကြောင့် အပြင်ပိုင်းနေရာထက် ကျော်မသွားရဘူး ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေတောင် အတွင်းနယ်မြေမှာ သေဆုံးနိုင်ချေရှိလို့ပဲ"

ရဲ့လန်သည် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို နှုတ်ဆက်ပြီး သေခြင်းသစ်တော ထဲသို့ ဝင်သွားခဲ့သည်။

"ရောက်လာတဲ့သူတွေထဲမှာ မသွားသင့်တဲ့နေရာကို ယုံကြည်ချက်လွန်ကဲပြီးသွားခဲ့ကြလို့ သေဆုံးသွားတဲ့ တပည့်တွေ အများကြီးကို ငါမြင်ဖူးခဲ့ပြီးပြီ မင်းလည်း အဲ့အထဲကတစ်ယောက်ထပ် မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"

သတ်လတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းချရင်း လှည့်ထွက်သွားခဲ့သည်။

သူသည် ဤတပည့်ကိုသေမင်းတောအုပ်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် သူ၏တာဝန်ကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ရဲ့လန်တစ်ယောက် တောအုပ်အတွင်းတွင် မည်မျှကြာကြာနေမည် သို့မဟုတ် မည်သို့ပြန်လာမည်ဆိုသည်က သူ၏တာဝန်မဟုတ်ပေ။

သူသည် လူငယ်လေးသေဆုံးမည်ကို မလိုလားသောကြောင့်သာ ထိုသို့အကြံပြုချက်များ ပေးခဲ့ခြင်းဖြစ်သည်။

"အဲ့ဒီ့ငမိုက်သားက ငါ့ကို မွေးကာစ ကလေးတစ်ယောက်လို့ ထင်နေတယ်ထင်တယ်။ ငါက အပြင်ပိုင်းမှာ ဆေးဖက်ဝင်အပင်တွေ စုဆောင်းချင်လို့များ ဒီတာဝန်ကို ရွေးချယ်လိုက်တယ်လို့ သူတကယ်ထင်နေတာလား"

တောအုပ်အတွင်း လမ်းလျှောက်ရင်း ရဲ့လန်သည် သူ့ဘာသာသူ ပြုံးလိုက်သည်။

"ဂိုဏ်းတာဝန်ဆိုတာ တကယ်တော့အကြောင်းပြချက်တစ်ခုသက်သက်ပဲ။ ငါဒီတာဝန်ကို ရွေးချယ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ထောက်ခံချက်တစ်ခု လိုအပ်နေလို့ပဲ။ ငါ့ရဲ့ အဓိကတာဝန်အစစ်က သေမင်းတောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိနေတယ်။ ငါဒီကို စနစ်က ပေးထားတဲ့တာဝန်ကို ပြီးမြောက်ဖို့လာခဲ့တာပဲ"

လမ်းတစ်လျှောက်တွင် ဂိုဏ်းကပေးအပ်သည့်တာဝန်အတွက် စုဆောင်းရမည့် ဆေးဖက်ဝင်အပင်များစွာကို တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ကို ရှာဖွေရန် မပင်ပန်းတော့ပါ။

ဆေးဖက်ဝင်အပင်များသည် သူ့ရှေ့တွင် ပေါ်လာသောကြောင့် သူက ၎င်းတို့ကို ခူးဆွတ်ပြီး ဒီတစ်ခေါက်အလွန်ကံကောင်းနေသည်ဟု ခံစားမိရင်း သူ၏စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်ထားလိုက်သည်။

မကြာမီ သူသည် သေမင်းတောအုပ် ၏ အပြင်ပိုင်းကန့်သတ်ဇုံ နယ်နိမိတ်စည်းသို့ လျှောက်သွားလိုက်လေသည်။

၎င်းသည် သူကို မကျော်ဖြတ်ရန် တားမြစ်ထားသော နယ်နိမိတ်စည်းလည်းဖြစ်လေသည်။

ဤနယ်နိမိတ်စည်းကို ကျော်လွန်မိလျှင် ဝိညာဉ်သန္ဓေသားအဆင့် နယ်ပယ်အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို အသက်ရှင်လျက်ပြန်ထွက်နိုင်မည်မဟုတ်ချေ။

သေခြင်းသစ်တော ၏ အပြင်ပိုင်းနယ်မြေတွင် အားနည်းသော သတ္တဝါများသာ ရှိသည်။

သာမန် ခန္ဓာကိုယ်ကျင့်ကြံခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူများအတွက် သတ်ရန်အနည်းငယ် ခက်ခဲသော်လည်း အရမ်းကြောက်လန့်စရာတော့မလိုအပ်ချေ။

သေမင်းတောအုပ်၏ အတွင်းပိုင်းနယ်မြေမှာမူ ကွဲပြားလေသည်။ ဤတောအုပ်အတွင်းသို့ နက်ရှိုင်းစွာဝင်လေ ပိုပြီး အားကောင်းပြီး ကြမ်းတမ်းသော သတ္တဝါများ တွေ့ရလေဖြစ်သည်။

အတွင်းပိုင်းနယ်မြေတွင် အခြားကွဲပြားချက်တစ်ခုလည်းရှိသေးသည်။ အတွင်းပိုင်းနယ်မြေရှိ လေထုသည် အပြင်ပိုင်းနှင့်လုံး၀ ကွဲပြားခြားနားနေခြင်းပင်ဖြစ်သည်။

ထိုလေများကိုသာ ရှူသွင်းမိပါက ထိုသူသည်လုံး၀ရူးသွပ်သွားပြီး စိတ်တည်ငြိမ်မှုများ ဆုံးရှုံးသွားမည်ဖြစ်သည်။ ဝိညာဉ်သန္ဓေသားအဆင့်နယ်ပယ် ကျင့်ကြံသူများနှင့် ၎င်းအထက်ကျင့်ကြံသူများသာ ထိုအကျိုးသက်ရောက်မှုကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူများအတွက် သေမင်းတောအုပ်၏ အပြင်ပိုင်းနယ်မြေကို ကျော်လွန်ခြင်းကို တားမြစ်ထားကြခြင်းဖြစ်လေသည်။

"ဒီတောက ဒါလေးတစ်ခုနဲ့များ ငါ့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား"

ရဲ့လန်သည် သူ၏စနစ်သိုလှောင်ခန်းအတွင်းမှ ဆေးလုံးသေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

[ဝိညာဉ်သန္ဓေသားဆေးလုံး]

[ဖော်ပြချက်: တစ်ပတ်အတွက် လူတစ်ဦး၏ ကျင့်ကြံခြင်းကို ဝိညာဉ်သန္ဓေသားအဆင့်နယ်ပယ်သို့ ယာယီတိုးမြှင့်ပေးသည်]

[ရရှိနိုင်သောနည်းလမ်း: နေ့စဉ်ပေးအပ်ထားသောတာဝန်များကိုဆောင်ရွက်ခြင်း]

ရဲ့လန်သည် ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ သူ၏စိတ်သည် ပိုမိုတည်ငြိမ်လာပြီး သူ၏ဝိညာဉ်စွမ်းအားများ တိုးလာသည်ကို ခံစားလိုက်ရသည်။

သူ၏ကျင့်ကြံခြင်းအဆင့်သည် ယာယီတိုးတက်လာပြီဖြစ်သဖြင့် သူ၏သိစိတ်ကို မဆုံးရှုံးရပဲ သေခြင်းသစ်တောအတွင်းပိုင်းသို့ အလွယ်တကူ ဖြတ်သန်းဝင်ရောက်နိုင်ပြီဖြစ်သည်။

၎င်းသည် သေမင်းတောအုပ်အတွင်းရှိ လေ၏အကျိုးသက်ရောက်မှုကို မခံစားရစေရုံသာမက သူ့၏ ခွန်အားကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးလေသည်။

သူသည် ထိုမျှဖြင့်မကျေနပ်သေးပဲ သူ၏သိုလှောင်ခန်းအတွင်းမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

[တည်ရှိမှု ဖုံးကွယ်ခြင်း လက်စွပ်]

[ဖော်ပြချက် : အသုံးပြုသူသည် သူ၏တည်ရှိမှုကို ဖုံးကွယ်နိုင်စေနိုင်သည်။ တစ်ကြိမ်သုံးပစ္စည်းဖြစ်သည်]

[အများဆုံးအကျိုးသက်ရောက်မှုကြာချိန်: တစ်ပတ်]

[ရရှိနိုင်သောနည်းလမ်း: တာဝန်ထမ်းဆောင်ခြင်း]

"ဒါက တစ်ကြိမ်သုံးပစ္စည်းတစ်ခုပဲဆိုတော့ ငါအသုံးပြုတာကို ရပ်လိုက်တာနဲ့ ဒါကပျက်စီးသွားလိမ့်မယ်။ ပြီးတော့ အခု ငါဝတ်ထားလိုက်ပြီဆိုတော့ အများဆုံး တစ်ပတ်ပဲ ခံနိုင်လိမ့်မယ်"

"အသုံးဝင်တဲ့ပစ္စည်းတစ်ခုကို ဖြုန်းတီးလိုက်ရသလိုတော့ဖြစ်သွားတယ် ဒါပေမဲ့ ဒီတစ်ကြိမ်ရမဲ့ ဆုလာဘ်က ထိုက်တန်မယ်လို့မျှော်လင့်ရတာပဲ"

ပြင်ဆင်မှုအားလုံး ပြီးစီးသွားသောကြောင့် ရဲ့လန်သည် တောအုပ် ၏အတွင်းပိုင်းနယ်မြေထဲသို့ ခြေချလိုက်သည်။

ဆေးလုံးအကျိုးသက်ရောက်မှုကြောင့် သူသည် လေထု၏ အကျိုးသက်ရောက်မှုကို မခံစားရတော့ပေ။ ထို့ပြင် ထိုဆေးလုံးကြောင့် သူသည် သတ္တဝါကြီးများရှေ့သို့ တည့်တည့်မလျှောက်သွားသရွေ့ သူ၏တည်ရှိမှုကိုမည်သူမျှ မသိရှိနိုင်ပေ။

....

တစ်ချိန်တည်းတွင် သေမင်းတောအုပ်၏ အဓိကနယ်မြေအတွင်း လူငယ်လေးတစ်ဦးသည် တည်ငြိမ်စွာ ထိုင်နေလေသည်။

တောထဲရှိ အားအကောင်းဆုံးသတ္တဝါများ၏ အလောင်းများသည် သူ၏ပတ်ပတ်လည်တွင် ရှိနေသည်။

လူငယ်လေးသည် သူ၏ဦးခေါင်းကို ပြန်ကုတ်လိုက်သည်။

"သူမက ငါထင်ထားတာထက် ပိုသန်မာတာပဲ"

သူ့အနီးအနားတွင် အားကောင်းသော သတ္တဝါတစ်ကောင်၏ လည်ချောင်းကို ချေမွှပစ်ကာ အသက်မဲ့အလောင်းကို လွှင့်ပစ်နေသော ရှုယင်ဆိုသည့် မဟာအကြီးအကဲတစ်ဦးရှိနေလေသည်။

အဓိကနယ်မြေရှိ သတ္တဝါအားလုံးကို သတ်ပြီးနောက် သူမသည် အာရန်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။

"ကျွန်မကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လား"

အာရန်သည် သတ္တဝါများ၏ သွေးများဖြင့် မျက်နှာတွင် စွန်းပေနေသော အမျိုးသမီးထံ လျှောက်သွားလိုက်သည်။

သူ၏ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ သူမ၏ လှပသောမျက်နှာပေါ်မှ သွေးများကို သုတ်ပေးလိုက်သည်။

"မင်း အကောင်းဆုံးလုပ်ပေးနိုင်ခဲ့ပါတယ်"

[အချစ်၏လမ်းကြောင်း တိုးတက်မှု: ၀.၀၃ ရာခိုင်နှုန်း]

#Catfoot

All Chapters