← Chapters

ငါသာ အရယူနိုင်ခဲ့ရင် ...

Vol. 4 Ch. 44

ငါသာ အရယူနိုင်ခဲ့ရင် ...

Vol. 4 Ch. 44

ရဲ့လန်သည် သေမင်းတောအုပ်၏ အတွင်းပိုင်းနယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ လေထုသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ ခဲ့လေသည်။ တောသည် ပို၍ ထူထပ်နက်မှောင်လာခဲ့သည်။

နေရာတိုင်းတွင် မြူခိုးများရှိနေပြီး ရဲ့လန်၏အမြင်အာရုံကို လျော့နည်းလာစေခဲ့သည်။

သစ်ပင်များသည် ကြောက်မက်ဖွယ်ရာ တည်ရှိမှုများကဲ့သို့ သူ့အပေါ်သို့ အုံ့မိုးကျနေကြပြီး သစ်ရွက်များ၏ တရှဲရှဲမြည်သံများသည် သူ့အား ပတ်ပတ်လည်မှခြေသံများကြားနေရသကဲ့သို့ပင်ခြောက်ခြားလာစေသည်။

"ဘာလို့ နေရာတိုင်းမှာ မြူတွေရှိနေတာလဲ ဒီနေရာအကြောင်း ငါကြားဖူးတာနဲ့ ခုနဲ့က မတူပါဘူး"

သူ၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သောကြောင့် စနစ်၏ခိုင်းစေချက်အရ သူလုပ်ရမည့်အရာမှာ တော၏အနက်ရှိုင်းဆုံးနေရာမှ သားရဲတစ်ကောင်ကို ရှာဖွေရုံဖြစ်သာသည်။

သူသည် အားအင်များစွာ မသုံးဘဲ ထိုသားရဲကို ဖမ်းမိနိုင်ရန်အတွက် ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုကို အသုံးပြုရန်ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် ထိုအခြေအနေသို့ ရောက်သည်အထိ သူ၏အင်အားကို ချွေတာရန်လိုလားနေခဲ့လေသည်။

တောအုပ်သည် ဤမျှထူးဆန်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ သူကြားထားခဲ့သည်ထက် ယခုအခြေအနေသည် ပိုမို၍ကျော်လွန်နေလေသည်။

ဤအခြေအနေတွင် သူသည် သူ၏ခွန်အားကို စီစဉ်ထားသည့်အတိုင်း ချွေတာနိုင်ဦးမလားပင် မသေခြာတော့ပါ။

သူ၏ တည်ရှိမှုကို လက်စွပ်၏အကူအညီဖြင့် ဖုံးကွယ်ထားနိုင်သဖြင့် မလိုလားအပ်သော သားရဲကြီးများ၏နှောက်ယှက်မှုကိုအန္တရာယ်ကင်းကင်း ဖြင့် ကျော်ဖြတ်လိုနေခဲ့သည်။ သို့သော် ထိုမြူခိုးကြောင့် သူသည် သူ၏ပတ်ဝန်းကျင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

သူ၏အမြင်အာရုံသည် မီတာအနည်းငယ်ခန့်အထိသာ ကန့်သတ်ထားခံနေရသည်။

သူသည် မည်သည့်သားရဲတစ်ကောင်နှင့် မည်သည့်အချိန်တွင်ထတွေ့မလဲဟုပင် သေခြာမခန့်မှန်းနိုင်တော့ပါ။ ထိုသို့ ရုတ်တရက်တွေ့သော သားရဲကို အနိုင်ယူနိုင်မလားဆိုသည်ကိုသိရန်မူ ပို၍ပင် မသေခြာနိုင်တော့ပေ။

မြူခိုးများသည် သူ့ကို ထိခိုက်စေသကဲ့သို့ ထိုသားရဲများကိုကော ထိခိုက်စေပါမည်လားဟုလည်း သူ သေခြာမပြောနိုင်ပေ။ သူသည် သားရဲတစ်ကောင်ရှေ့သို့ တည့်တည့်လျှောက်သွားမိပြီး ထိုသားရဲသာ သူ့ကို အာရုံခံမိသွားပါက လက်စွပ်သည်ပင် သူ့အတွက် အကာအကွယ်မဖြစ်နိုင်တော့ပါ။

"ဒီမြူခိုးတွေကို ဖြတ်ပြီးဖောက်မြင်နိုင်တဲ့ ပစ္စည်းတစ်ခုခု များမရှိနိုင်ဘူးလား"

ရဲ့လန်သည် သူ့ကိုကူညီနိုင်မည့်အရာတစ်ခုခု ရှိမရှိ စစ်ဆေးရန် စနစ်ဆိုင်ခန်းကို ဖွင့်ကြည့်လိုက်သည်။

"ဒီမှာရှိနေတာပဲ"

စနစ်ဆိုင်ခန်းအတွင်းမှ ပစ္စည်းစာရင်းကို လှန်လှောကြည့်ပြီးနောက် သူသည် အမြင်အာရုံကို အားကောင်းစေနိုင်သည့်အရာတစ်ခုကို သတိပြုမိလိုက်သည်။

၎င်းသည် မြူခိုးများအတွင်း ဖြတ်ပြီးမြင်နိုင်သော ဆေးဖက်ဝင်အပင်တစ်မျိုးပင်ဖြစ်သည်။

ရဲ့လန် သည် သူလိုအပ်နေသည့်အရာတစ်ခုကို တွေ့ရှိလိုက်သဖြင့် အလွန်စိတ်လှုပ်ရှားသွား၍ တစ်ချက်ပြုံးလိုက်လေသည်။ သို့သော် ထိုဆေးဖက်ဝင်အပင်၏ ကုန်ကျစရိတ်ကို စစ်ဆေးမိလိုက်သောအခါ သူ့မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပြန်ပျောက်ကွယ်သွားလေတော့သည်။

"အမှတ်တစ်သောင်းတဲ့လား ငါ့ကို တိုက်ရိုက်ဓားပြလာတိုက်လိုက်တာ ပိုမကောင်းဘူးလား အဆင့်မြင့်လက်နက်တစ်ခုတောင် ဒါထက် ဈေးပိုသက်သာနေသေးတယ်"

ထိုဆေးဖက်ဝင်အပင်တစ်မျိုးထဲ၏ ကုန်ကျစရိတ်သည် စနစ်၏တာဝန်များစွာကို ပြီးမြောက်ပြီးနောက် သူစုဆောင်းထားသော ရမှတ်များအားလုံးထက်ပင် ပိုများနေသည်။

ရဲ့လန် တွင်စုစုပေါင်း ဝယ်ယူရန် ရမှတ် တစ်ရာခန့်သာ ကျန်ရှိတော့သည်။ ရမှတ်တစ်ထောင်အထက်တန်ဖိုးရှိသောပစ္စည်းတစ်ခုကိုပင် ဝယ်ယူရန် စိတ်ပင် မကူးရဲသည့် အခြေအနေတွင်ရှိလေသည်။

"ဒီရှာဖွေမှုက ဒီလောက်ကြီး ကုန်ကျခံရမယ်ဆိုရင် မတန်သေးဘူးကွာ ဒါပေမဲ့ တာဝန်တွေက လက်ခံပြီးမှ ပြန်စွန့်လွှတ်လိုက်ရင် တန်ပြန်အပြစ်ကအပေးခံရဦးမှာ..."

နောက်ဆုံးတွင် သူသည် စနစ်ဆိုင်တန်းကို ပိတ်လိုက်သည်။ သူ့တွင် မြူခိုးများကို ထိုးဖောက်မြင်နိုင်စွမ်းမရှိလျှင်ပင် သူသည် ရှာဖွေမှုကို ပြီးမြောက်ရန် ကြိုးစားရမည်ဖြစ်လေသည်။

သူ၏ အော်ရာနှင့် တည်ရှိမှုကို ဖုံးကွယ်နိုင်သော လက်စွပ်ကို အသုံးပြုကာ ရဲ့လန် သည် တောအတွင်း ပုန်းကွယ်နေကြသော အင်အားကြီးသားရဲများအား တိုက်ရိုက်တွေ့ဆုံခြင်းကို ရှောင်ရှားရန် လျှို့ဝှက်စွာနှင့် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

သူသည် သူ၏အမြင်အာရုံကို အားမကိုးနိုင်သောကြောင့် သူ၏အကြားအာရုံကိုသာ အားကိုးခဲ့ရတော့သည်။ သူသည် ခြေတစ်လှမ်းမှားယွင်းရုံဖြင့် သူ၏အသက်ကို ပေးဆပ်ရနိုင်သည်ကို သိရှိသောကြောင့် ပို၍ သတိထား၍ ရွေ့လျားနေခဲ့သည်။

သူသည် တောအုပ်အတွင်းပို၍နက်ရှိုင်းစွာ ဝင်ရောက်မိသည်နှင့်အမျှ သစ်ပင်များပေါ်တွင် ထွင်းထုထားသော ထူးဆန်းသည့် အမှတ်အသားများကို တွေ့ရှိခဲ့ရလေသည်။ ၎င်းတို့သည် ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များဖြင့် ပြည့်နှက်နေပုံရသည်။

ရဲ့လန် သည် ရှုပ်ထွေးသော ပုံစံများကို သူ၏လက်ချောင်းများဖြင့်ထိတွေကာ အနီးကပ်လိုက်၍ စစ်ဆေးနေခဲ့သည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး သူသည် အံ့အားသင့်စွာဖြင့် နောက်သို့ ဆုပ်ခွာလိုက်ရသည်။

သစ်ပင်များပေါ်ရှိ အမှတ်အသားများသည် ဖုံးကွယ်ထားသော အတားအဆီးတစ်ခုကို အသက်သွင်းလိုက်ပြီး သေမင်းတောအုပ် ၏ အတွင်းပိုင်း နှလုံးသားရှိရာသို့ ဦးတည်ထားသော လျှို့ဝှက်လမ်းကြောင်းတစ်ခုကို အသက်သွင်းပေးလိုက်သလိုဖြစ်သွားလေသည်။

"ဇာတ်လိုက်ဆိုတဲ့ဂုဏ်ပုပ်နဲ့ ထိုက်တန်ပါတယ်ကွာ ဒါတွေကို ငါအကုန်သိထားတာတောင် အဲဒီ့အမှတ်အသားကို ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါပေမဲ့ အမြင်အာရုံ ပိတ်ဆို့ခံထားရတာတောင် အဲ့ဒီငနဲသားဇာတ်လိုက်က ရအောင်ရှာနိုင်သေးတယ်"

သစ်ပင်တစ်ပင်၏ထိပ်တွင် အေးဆေးစွာထိုင်နေသော အာရန်သည် မြေပြင်ပေါ်ရှိ ရဲ့လန် ကို စောင့်ကြည့်ရင်းပြောလိုက်သည်။

ယဲ့လျန်နှင့်မတူသည်မှာ သူသည် မြူခိုးများကို ဖြတ်သန်း၍ မြင်နိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် မြူခိုးသည် သဘာဝအတိုင်းကျဆင်းနေကြခြင်းမဟုတ်သောကြောင့်ပင်ဖြစ်သည်။

၎င်းမြူခိုးများကို ရှုယင်သည် အာရန် ၏ညွှန်ကြားချက်အရ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ၎င်းမြူခိုးများသည် တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။

အာရန်နှင့် ရှုယင်မှလွဲ၍ မည်သူမျှ ဤမြူခိုးငွေ့ထဲတွင် မီတာအနည်းငယ်ထက် ပို၍ မမြင်နိုင်ပေ။ သားရဲများပင် ချွင်းချက်မရှိပါ။

"သူက အဲ့လိုပဲ ဆက်ပြီးရှေ့ဆက်သွားနေမယ်ဆိုရင် ဝတ္ထုထဲက ဖော်ပြထားတဲ့တည်နေရာကိုပဲ နောက်ဆုံးရောက်သွားမှာ မဟုတ်ဘူးလား" အာရန်က တွေးတောလိုက်သည်။

"ရှုယင် ကိုယ်တို့ အဲ့ဒါကိုလုပ်ဖို့ အချိန်တန်ပြီလို့ ထင်တယ်"

အာရန်သည် သူ၏ပခုံးပေါ်တွင် ခေါင်းကလေးမှီပြီး ဘေးတွင်ထိုင်နေသော အမျိုးသမီးငယ်ကို ပြောလိုက်လေသည်။

"သူ့အတွက်ဘာလို့ ဒီလောက်ဒုက္ခခံနေရသေးတာလဲ ရှင်သူ့ကို မကြိုက်ဘူးဆိုရင် ကျွန်မအခုချက်ချင်း သတ်ပေးလို့ရတယ်လေ"

ရှုယင်သည် အလွန်ချိုသာသောအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

"သူသေဖို့ အချိန်မတန်သေးဘူး အခုလိုပဲ အနာဂတ်မှာ သူ့အကူအညီလိုမယ့် အရာအနည်းငယ် ကို့မှာကျန်သေးတယ် ကိုယ့်ရဲ့ ရတနာရှာဖွေတဲ့ လမ်းပြကြွက်ကလေးကို အခုချိန်ဘယ်လိုလုပ်သတ်လို့ဖြစ််မလဲ"

ရှုယင်သည် အာရန်ပြောနေသည်ကို နားမလည်သော်လည်း သူမအတွက် ထိုကိစ္စသည် အရေးမကြီးပေ။

သူမသည် ခေါင်းကိုတစ်ချက်ညိတ်ပြလိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ရဲ့လန် သည် ရှေးဟောင်းအမှတ်အသားများဖြင့် ဖန်တီးပေးထားသော လမ်းကြောင်းအတိုင်း လိုက်ခဲ့သည်။ သူ၏နှလုံးသားသည် မျှော်လင့်ချက်များဖြင့် ပိုမိုတုန်ယင်နေလေသည်။

သူသည် စနစ်၏တာဝန်အား ပြီးမြောက်ရန်အတွက် ဤနေရာသို့ လာခဲ့သော်လည်း ဤကဲ့သို့သော အရာတစ်ခုကို တွေ့ရလိမ့်မည်ဟု သူ လုံး၀မမျှော်လင့်ထားခဲ့ပါ။

၎င်းသည် အင်အားကြီးသော ရှေးခေတ်ကဆရာကြီးတစ်ဦးမှ ဖန်တီးထားသော လက်ရာတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းသည် သူ့လိုလူများ၏ကံကြမ္မာကို ပြောင်းလဲနိုင်သော အမွေအနှစ်တစ်ခုပင် ဖြစ်နိုင်လေသည်။

စနစ်တာဝန် ပြီးမြောက်ရန်အတွက်မူ ဤအမွေအနှစ်ကို အရယူပြီးမှ ထိုပစ်မှတ်သားရဲကို သွားရောက်အနိုင်ယူလဲနောက်မကျပေ။

ရဲ့လန် သည် လောဘစိတ်များနှင့်အတူ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။

သူသည် ရှေ့သို့တိုးလာသည်နှင့်အမျှ လေထုသည် ပို၍ထူထပ်လာပြီး ရုတ်တရက် အဝေးမှ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်ကိုကြားလိုက်ရလေသည်။

"ဟမ်"

သူသည် မီတာတစ်ဝက်ထက်ပို၍ မမြင်နိုင်သော်လည်း ဟိန်းဟောက်သံများကို မူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

ဟိန်းဟောက်သံများသည် သူ့ကျောရိုးထဲထိတိုင် အေးစိမ့်သွားစေသည်။ ၎င်းတို့သည် အင်အားကြီးသားရဲကြီးများ၏ ဟိန်းဟောက်သံများဖြစ်သည်။

၎င်းတို့၏ အော်ရာကို ခံစားမိရုံဖြင့်ပင် သူသည် ၎င်းတို့ကို ရင်ဆိုင်ရန် လုံး၀မလုံလောက်သေးကြောင်း ခံစားမိနိုင်သည်။

ဟိန်းဟောက်သံများသည်လည်း သူရှိရာဘက်သို့ ဦးတည်နေလေသည်။ သားရဲကြီးများသည် သူ့ကို မြင်နိုင်သည်မှာ ထင်ရှားလေသည်။ အဆိုးဆုံးအချက်မှာ သူသည် ၎င်းတို့၏လမ်းကြောင်းတည့်တည့်တွင် ရပ်နေမိခြင်းပင်ဖြစ်သည်။

သားရဲကြီးများသည် သူတို့၏သားကောင်ကို လိုက်ဖမ်းနေသကဲ့သို့ ရဲ့လန်နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ သူတို့၏ဟိန်းဟောက်သံများမှာ ပို၍ကျယ်လောင်လာလေသည်။

သားရဲတစ်ကောင်တည်းသာဆိုလျှင် သူသည် ၎င်းကို ရင်ဆိုင်နိုင်ပေဦးမည်။ သို့သော် တစ်ကောင်ထက်ပိုလာလျှင်ကော။ သူ၏လက်ရှိအခြေအနေဖြင့် လုံး၀မနိုင်နိုင်ပေ။

"ဟားကွာ… ဘာလို့ အခုမှလာဖြစ်ရတာလဲ ငါသာ အမွေအနှစ်ကို ရယူပြီးမှဆိုရင် ဒါကအလွယ်တကူ….."

#Catfoot

All Chapters