← Chapters

တံခါး၏ အခြားတစ်ဖက်

Vol. 4 Ch. 45

တံခါး၏ အခြားတစ်ဖက်

Vol. 4 Ch. 45

ရဲ့လန်သည် သူ၏ကံဆိုးမှုကို ကျိန်ဆဲ၍ပင် မပြီးသေးခင် သူ့နောက်သို့ ပြေးလိုက်လာကြသော သားရဲများ၏ အသံကို ကြားလိုက်ရလေသည်။

"အေး…ကောင်တယ်ကွာ"

သူသည် လေစွမ်းအင်အဆောင်ကို ထုတ်ယူပြီး အသက်သွင်းလိုက်ရလေသည်။

[လေစွမ်းအင်အဆောင်]

[ဖော်ပြချက်: အသုံးပြုသူ၏အမြန်နှုန်းကို (၅၀၀ %) အထိတိုးမြှင့်ပေးသော တစ်ကြိမ်သာအသုံးပြုနိုင်သည့်အဆောင်ပစ္စည်း ဖြစ်သည်]

[ရရှိနိုင်သောနည်းလမ်း: အထူးတာဝန်]

အဆောင်ကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရဲ့လန်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များပိုမိုတိုးပွားလာသလို ခံစားလိုက်ရသည်။

သူသည် တစ်စက္ကန့်မျှပင် မဖြုန်းတီးတော့ဘဲ နောက်ပြန်လှည့်ပြန်ကာ ရိုင်းစိုင်းသော သားရဲကြီးများ၏ ဝေးရာသို့ စတင်သုတ်ခြေတင်ပြေးတော့သည်။

သူ၏အမြင်အာရုံသာ ကောင်းမွန်နေပါက ဤအဆောင်ကို အသုံးပြု၍ ထိုသားရဲများကို ပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် မြူခိုးများကြောင့် သူသည် ယင်းသို့ပြုလုပ်ရန် ယုံကြည်ချက်မရှိတော့ပေ။

သူသည် သူ့နောက်မှ လိုက်လာသော သားရဲများ၏ရန်မှ ဝေးရာသို့ထွက်ပြေးရုံသာ တတ်နိုင်လေတော့သည်။

"ပြေးထား ငါ့ရဲ့ ချစ်လှစွာသော ရတနာသေတ္တာလေးရေ။ ပြီးတော့ ငါ့ကို လမ်းမှန်ကိုပြောပြပေးခဲ့တဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်နော်"

အာရန်သည် သာမန်သေမျိုးတစ်ဦးကဲ့သို့ သစ်ပင်ပေါ်မှ ဂရုတစိုက် ဆင်းသက်လိုက်သည်။ တစ်စုံတစ်ယောက်မြင်တွေ့မည်ကိုတော့သူလုံး၀မစိုးရိမ်နေခဲ့ပေ။

သူသည် သားရဲများလက်မှ ထွက်ပြေးသွားသော ဇာတ်လိုက်ကလေးရဲ့လန် ချန်ရစ်ထားခဲ့သော ရွှေလမ်းကြောင်းပေါ်သို့ ဆင်းသက်လိုက်သည်။

"ဟိုကောင်လေးကို စောင့်ကြည့်နေလိုက်ပါ မင်းရဲ့တည်ရှိမှုကိုသာ သူသိမသွားစေနဲ့ ဒါပေမဲ့ သူ့ကိုလည်း မသေစေနဲ့ဦးနော် နောက်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ကို ဒီနေရာကို နောက်တစ်ခါထပ် မရောက်လာစေနဲ့"

"ကျွန်မ သေချာလေးဂရုစိုက်လိုက်ပါ့မယ်"

ရှုယင်က ခေါင်းညိတ်ပြီး ရဲ့လန်၏နောက်သို့ လိုက်သွားလေသည်။

သူမသည် ရဲ့လန်နှင့် အကြီးအကဲရန်ကြားရှိ ဆက်ဆံရေးက မည်သို့ရှိသည်ကို မသိသော်လည်း ယခုအချိန်တွင် သူမအတွက် ထိုအကြောင်းကို တွေးတောနေရန် အချိန်မရှိပေ။

သူမသည် ရှေ့ဟောင်းအမွေအနှစ်တစ်ခုကို သေချာပေါက် ရယူတော့မည့် သူမ၏ ခင်ပွန်းကို စိတ်ပျက်စေမည်မဟုတ်ကြောင်း သေချာစေရုံသာ ဖြစ်သည်။

သူမသည် ကျင့်ကြံခြင်းအဆင့်တွင် လုံလောက်အောင် သန်မာနေပြီး ဖြစ်သောကြောင့် ထိုအမွေအနှစ်ကိစ္စကို ဂရုမစိုက်ခဲ့ပေ။

အကယ်၍ မတော်တဆ သူမ ထိုအရာကို ရရှိခဲ့လျှင်ပင် မနာလိုစိတ်မရှိပဲ အာရန်ကိုသာထိုအမွေအနှစ်ကို ပြန်လည်ပေးအပ်မည်ဖြစ်လေသည်။

"ကောင်းပြီလေ စလိုက်ကြရအောင်..."

အာရန်သည် ဇာတ်လိုက်ချန်ထားခဲ့သော ထိုရွှေလမ်းကြောင်းပေါ်သို့ အခန့်သား လျှောက်သွားခဲ့လေသည်။

ထိုလမ်းကြောင်းသည် တော၏အတွင်းပိုင်းနှင့် အပြင်ပိုင်းနယ်နိမိတ်ကြားရှိ အရေးမပါသော စပ်ကြားနေရာတစ်ခုဆီသို့ သူ့ကို ဦးတည်သွားစေခဲ့သည်။

"ဒါဆို ဒါက ဒီနေရာမှာရှိနေတာပေ့ါ"

အာရန်သည် ရုတ်တရက်ဘယ်ကမှန်းမသိ ပေါ်လာသည့် ရွှေတံခါးတစ်ချပ်ရှေ့တွင် ရပ်နေမိလိုက်သလို ဖြစ်သွားသည်။

သူသည် ထိုတံခါးကို ထိရန် လက်ချောင်းလေးများကို ဆန့်တန်းလိုက်သောအခါ သူ၏လက်ချောင်းထိပ်များတွင် နွေးထွေးသော စွမ်းအင်တစ်ခု တုန်ခါသွားသည်ကိုခံစားလိုက်ရပြီး ထိုစွမ်းအင်မှသူ့ကို အတွင်းသို့ ဝင်ရန် ဖိတ်ခေါ်နေသကဲ့သို့ခံစားလိုက်ရသည်။

လူအများစုအတွက် ၎င်းသည် တစ်သက်တွင် တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။ ၎င်းသည် မသိသေးသောအရာတစ်ခုကိုရှာဖွေရမည့် ခရီးစဉ်တစ်ခုဖြစ်သည်။

လူတိုင်းသည် အတွင်း၌ရှိသော အမွေအနှစ်ကို လိုချင်တပ်မက်နေကြပေလိမ့်မည်။ သို့သော် အာရန်သာလျှင် ထိုသို့မရိုးရှင်းကြောင်း ကြိုတင်သိနေခဲ့သည်။

"ရဲ့လန်က သူဒီတံခါးကို မဖြတ်ခင်ကထဲက သူလိုက်ရှာနေတဲ့ အမွေအနှစ်ကို ဟိုမိန်းကလေးက ရယူပြီးပြီဆိုတာကို အထဲရောက်မှ သိခဲ့ရတယ်"

အာရန်သည် ဝတ္ထု၏ ထိုအပိုင်းကို မှတ်မိနေသေးသည်။ ရဲ့လန်သည် ဤလမ်းကြောင်းကို အသက်သွင်းနေစဉ်အချိန်တွင်ပင် အမွေအနှစ်သည် မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူသိရှိထားပြီးဖြစ်သည်။

ထို့ကြောင့် တွေးကြည့်လျှင် သူသည်မည်သည့်ရစရာမှမရှိတော့ဟု ထင်စရာရှိသည်။ အနည်းဆုံးတော့ အခြားသူများက ထိုသို့ထင်ကြပေလိမ့်မည်။

နောက်ဆုံးတွင် သူသည် ထူးဆန်းသော အလင်းရောင်ဖြင့် ဖြန့်ကျက်လျက်ရှိသော အိပ်မက်ဆန်ဆန် နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ ထိုနေရာအရောက်တွင် သူ့ရှေ့၌ ကြီးမားသော သားရဲကြီးတစ်ကောင် ဘွားကနဲပေါ်လာလေသည်။

ယဲ့လျန်သည် တံခါး၏ အခြားတစ်ဖက်တွင် အမွေအနှစ်ကို မရရှိခဲ့သော်လည်း ပို၍အရေးကြီးသောအရာတစ်ခုကို ရရှိခဲ့သည်။

" ရဲ့လန်တုံးက အတွင်းကအန္တရာယ်တွေဆီကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါဆိုရင်ရော သူ့လို အသက်ရှင်လွတ်မြောက်နိုင်ပါ့မလား။ ထုံးစံအတိုင်းငါ့ကံကောင်းပုံနဲ့တော့ သေချာတာပေ့ါ ရလာဒ်ကောင်းတော့ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါက လည်းဒီအခွင့်အရေးကို မဖြုန်းတီးပစ်ချင်နေဘူးလေ"

အာရန် သည် အသုံးပြုရန် နှစ်ကြိမ်သာကျန်ရှိတော့သော ကာကွယ်ရေးလည်ဆွဲကို ယုံကြည်မှုထားလိုက်သည်။

သူသည် တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

နောက်ဆုံးတွင် သူသည် ထူးဆန်းသော အလင်းရောင်ဖြင့် ဖြန့်ကျက်လျက်ရှိသော အိပ်မက်ဆန်ဆန်နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ ထိုနေရာတွင် သူ့ရှေ့၌ ကြီးမားသော သားရဲကြီးတစ်ကောင် ပိတ်ရပ်လျက်ရှိသည်။

၎င်းသည် ညအခါကဲ့သို့ နက်မှောင်လွန်းသော အကြေးခွံကြီးများနှင့် အခြားကမ္ဘာမှ ဖြစ်ဟန်ရသော မီးလျှံတဝင်းဝင်း မျက်လုံးကြီးများရှိနေသည့် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်ပင်ဖြစ်သည်။

အာရန်သည် ထိုသားရဲကြီးကို တစ်ချက်ကြည့်ရုံမျှဖြင့် သူမည်မျှအန္တရာယ်များကြောင်း ခန့်မှန်းနိုင်လေသည်။ထိုသားရဲ သည် ရှုယင်နှင့် ပင် ခွန်အားချင်းထပ်တူညီလေသည်။ သို့မဟုတ် ပို၍ပင် အားကောင်းနိုင်သေးသည်။

ဝတ္ထုထဲတွင် ဤသားရဲကြီးကို သေမင်းတောအုပ် အတွင်းရှိ အန္တရာယ်အများဆုံး သားရဲကြီးများထဲမှ တစ်ကောင်ဖြစ်သည်ဟု ဖော်ပြထားသည်။ ဤသားရဲကြီးကို မြင်ဖူးသူ မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ဟု ဆိုကြသည်။

၎င်းသည် ၎င်း၏အင်အားကြောင့်သာ အန္တရာယ်များခြင်းမဟုတ်ပေ။ ယင်းအစား ၎င်း၏ အဓိကအင်အားမှာ အဆိပ်စွမ်းအင်ပင်ဖြစ်သည်။

သတ္တဝါကြီးတွင် နာမည်တစ်ခုရှိလေသည်။ ၎င်းကို သေမင်းတောအုပ်၏ဘုရင် ဟု ခေါ်ဆိုခြင်းပင်သည်။ သို့သော် ၎င်းသားရဲကြီးတွင် အခြားနာမည်တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ အဆိပ်နဂါးဟူ၍ ဖြစ်လေသည်။

အရွယ်ရောက်ပြီးသော အဆိပ်နဂါး၏ အဆိပ်သည် နတ်ဘုရားအဆင့်ကို မိနစ်ပိုင်းအတွင်း သတ်နိုင်သည်ဟုပင် ဒဏ္ဍာရီများ ရှိလေသည်။

အဆိပ်နဂါးသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ဖြစ်သော်လည်း အာရန်ကိုမူ အာရုံပင်မစိုက်ခဲ့ပေ။

၎င်း၏ခန္ဓာကိုယ်သည် ဒဏ်ရာများစွာဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ၎င်း၏အနက်ရောင် အကြေးခွံများသည် သွေးများဖြင့် ညစ်နွမ်းနေလေသည်။

အဆိပ်နဂါးသည် ဤအချိန်တွင် အသက်ရှင်ရန်ပင် ခက်ခဲနေပုံရသည်။

အဆိပ်နဂါးနှင့် မဝေးသောနေရာတွင် မိန်းမပျိုလေးတစ်ဦး ရပ်နေလေသည်။

သူမတွင် နှင်းကဲ့သို့ ဖြူဆွတ်နေသော ရှည်လျားသည့် ဆံပင်ရှည်များရှိနေလေသည်။ သူမသည် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လရောင်အောက်ရှိ နတ်သမီးလေး တစ်ပါးကဲ့သို့လှပလွန်းနေလေသည်။

သူမ၏လက်ထဲတွင် မည်သည့်လက်နက်မျှ မရှိပေ။ သူမတွင်ရှိသော တစ်ခုတည်းသောအရာမှာ အဆိပ်နဂါးကို တိုက်ခိုက်နေသည့် သွေးစွန်းနေသော လက်သီးဆုပ်များသာဖြစ်သည်။

၎င်းသည် မမျှတသော တိုက်ပွဲတစ်ခုဖြစ်သည်။ ၎င်းသည် သွေးများဖြင့် ဖုံးလွှမ်းနေသော အကြေးခွံများရှိသော နဂါးတစ်ကောင်နှင့် လက်သီးများဖြင့်သာ တိုက်ခိုက်နေသောမိန်းမပျိုလေးတစ်ဦးတို့၏ တိုက်ပွဲဖြစ်သည်။

သို့သော်လည်း ထိုမိန်းမပျိုလေးသည် အနိုင်ရနေသော အနေအထားတွင် ရှိနေပုံရသည်။

အာရန်တစ်ဦးတည်းသာ ထိုသို့မဟုတ်ကြောင်း သိနေခဲ့သည်။ မိန်းမပျိုလေးသည် အဆိပ်သင့်နေပုံမပေါ်သော်လည်း သူမသည် သူမတွင်ရှိသမျှခွန်အားများဖြင့် ၎င်းကို ခုခံနေသောကြောင့်သာဖြစ်သည်။

အဆိပ်အများစုကိုမူ သူမသည် သူမ၏ သဘာဝစွမ်းရည်များဖြင့် သူမ၏ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် သူမ၏ခန္ဓာကိုယ်မှ ဖယ်ရှား၍မရနိုင်သော အဆိပ်တစ်မျိုးလည်းရှိသည်။ အကြောင်းမှာ ၎င်းကို အဆိပ်ဟုပင်သတ်မှတ်၍မရနိုင်သောကြောင့်ဖြစ်သည်။

ထိုအဆိပ်အကြောင်း လူသားများကြားတွင်လည်း နာမည်တစ်ခုရှိသည်။ ၎င်းကို ကာမနှိုးဆွဆေးဟု လည်းခေါ်သည်။ သို့သော် အဆိပ်နဂါး၏ အဆိပ်သည် ပို၍ အားကောင်းသည်။

နဂါး၏ အခြားအဆိပ်များအားလုံးကို သူမ၏အဆိပ်ခုခံနိုင်သောစွမ်းရည်ကြောင့် ခန္ဓာကိုယ်မှ ဖယ်ရှားနိုင်ခဲ့သော်လည်း သူမသည် ၎င်းကာမနှိုးဆွသောအဆိပ် ကိုတော့ ခန္ဓာကိုယ်မှ ဖယ်ရှား၍ မရနိုင်ခဲ့ပေ။

ဤမိန်းမပျိုလေးသည် မူလဝတ္ထုထဲတွင် အဆိပ်နဂါးကို သတ်ခဲ့သူဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်ကို ရယူနိုင်ခဲ့သူလည်းဖြစ်သည်။

ရှေးဟောင်းအမွေအနှစ်သည် သူမက အဆိပ်နဂါးကို ချက်ချင်းမသတ်ပစ်ပဲ ဆက်လက်အချိန်ဆွဲတိုက်ခိုက်နေရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။

အာရန်က ယခုအချိန်သည် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်သေးကြောင်း သိလေသည်။ အနည်းဆုံးတော့ အဆိပ်နဂါးသေသည်အထိ မလိုအပ်သေးပေ။ သူသည်မတော်တဆ အဆိပ်သင့်ခံရရန် မလိုလားပေ။

သူသည် အဆုံးသတ်ရန် သိပ်မလိုတော့သော အင်အားကြီးပုဂ္ဂိုလ်နှစ်ဦးကြားက တိုက်ပွဲကို ဘေးကပင်အေးဆေးစွာ စောင့်ကြည့်နေလေသည်။

ထိုစဉ်……

[ရွေးချယ်မှု တစ်...]

"ဟမ် အခုအချိန်ကြီးလား"

အာရန်ရှေ့တွင် မျက်နှာပြင်တစ်ခု ပွင့်လာပြီး သူ၏အာရုံကို ဆွဲဆောင်လိုက်သည်။ ရွေးချယ်စရာများသည်ယခင်အတိုင်း သူ့ရှေ့တွင် ပေါ်ပေါက်လာလေသည်။

#Catfoot

All Chapters