← Chapters

နေမင်းရဲတိုက်

Vol. 013 Ch. 1245

နေမင်းရဲတိုက်

Vol. 013 Ch. 1245

ချော်ရည်ဘီလူးကြီးသည် ရှေ့သို့ ခြေလှမ်းကျယ်ကြီး လှမ်းလာပြီး ၎င်း၏ လက်ကြီးဖြင့် ရင်ထျန်းကျောက်ရှိရာသို့ ရိုက်သည်။ ရင်ထျန်းကျောက်သည် တုံ့ဆိုင်းခြင်း မရှိဘဲ ထိုလက်ကြီးကို တိုက်ခိုက်လိုက်၏။ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး စူးရှလှသည့် အလင်းများနှင့် တောက်ပနေသည်။ သူမ၏ လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ သူမ၏ လက်များက သေးသွယ်သော်လည်း မဟာလမ်းစဉ်၏ စွမ်းအားများ ပြည့်ဝစွာ ပါဝင်နေသည်။ အော်မြည်နေသည့် ဆူညံသံများကို ကြားရပြီး လောကကြီးသည် သူမနှင့် တစ်သားတည်း ဖြစ်နေသည်။ သူမသည် အင်အားကြီးမားသည့် မီးလျှံလက်ဝါးရိပ်ကြီးကို ဖော်ထုတ်သည်။

ဘုန်း ...

ကျယ်လောင်သည့် တုန်ခါသံကြီး ထွက်ပေါ်လာကာ ချော်ရည်ဘီလူးကြီး၏ လက်ကြီးက အက်ကွဲသွားသော်လည်း အလျင်အမြန်ပင် ပြန်လည် ကောင်းမွန်လာသည်။ မီးတောက်များက သူမ၏ မဟာလက်ဝါးရိပ်ကို အရည်ဖျော်ပစ်သည်။ သူမသည် မီးဝိညာဉ်ကြီး၏ ရူးလောက်စရာ ပြန်လည်ကုသနိုင်စွမ်းကို မျက်မှောင်ကြုတ်သည်။

ဓားအသိများသည် ရီဖူရှင်း၏ အနီးတွင် ရစ်ပတ် အော်မြည်နေသည်။ ကျားယဲ့ဓားများသည် လေထုကို ဖြန်သန်းကာ ချော်ရည်ဘီလူးကြီးထံသို့ အော်မြည်ကာ နီးကပ် ရောက်ရှိလာသည်။ သို့သော် ဓားများသည် မီးထဲတွင် ချက်ချင်းနစ်မြုပ်သွားကာ အစအနပင် မကျန်ခဲ့တော့ပေ။ ဤတိုက်ပွဲတွင် အဆင့်များက ကွာခြားနေပေသည်။

ထိုအခိုက်တွင် ရင်ထျန်းကျောက်၏ အရှိန်အဝါက ပို၍ သန်မာလာခဲ့သည်။ ဧကရီတစ်ပါးနှင့်တူသည့် မြင့်မားပြီး ထည်ဝါသည့် ပုံရိပ်တစ်ခုသည် သူမ၏ နောက်တွင် ထွက်ပေါ်လာသည်။ ပြင်းထန်သည့် အရှိန်အဝါသည် သူမ၏ ခန္ဓာကိုယ်မှ အနီးဝန်းကျင်ကို လွှမ်းခြုံသွားပြီး စွမ်းအားများ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာသည်။ မဟာလမ်းစဉ်၏ စွမ်းအားများက သူမကို လှည့်ပတ်နေသည်။ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ် စွမ်းအားများက လျင်မြန်စွာ ထွက်ပေါ်လာပြီး သူမ၏ အနီးပတ်ဝန်းကျင်တစ်ခွင်မှ လောကကြီးသည် ပျက်စီးယိုယွင်းလာသည်ဟု ထင်မှတ်ရပေသည်။

ထိုအချိန်တွင် မဟာလမ်းစဉ် မီးတောက်များ၏ များပြားလှသော စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်က လောင်ကျွမ်းနေသကဲ့သို့ ခံစားရပေသည်။ သူမအနီးရှိ မဟာလမ်းစဉ်၏ စွမ်းအားများကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ သဲသဲမဲမဲ စုပ်ယူနေသည်။ ရီဖူရှင်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ရတနာလှံကို ဖော်ထုတ်ကာ သူ့လက်အတွင်း၌ ဆုပ်ကိုင်သည်။

ရီဖူရှင်းသည် လျှပ်တစ်ပြက်အတွင်း လေထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပြီး ချော်ရည်ဘီလူး၏ ရှေ့တွင် ပြန်၍ ပေါ်ထွက်လာကာ မိုးကြိုးလျှပ်စီးကဲ့သို့ လက်နက်က အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

ချော်ရည်ဘီလူးကြီးသည် သူ၏ လက်ကြီးများနှင့် ကာဆီးလိုက်ကာ ရတနာလှံကို ထိပ်တိုက်ရင်ဆိုင်သည်။ မိုးချုန်းသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာပြီး ၎င်း၏ လက်ကြီးသည် တစ်စပြီးတစ်စ ကျိုးပဲ့ပျက်စီးသွား၏။ မီးတောက်များသည် ရီဖူရှင်းနှင့် လက်နက်ထံ၌ ပေါက်ကွဲလာသည်။ ချော်ရည်ဘီလူးကြီးသည် ချော်ရည်စွမ်းအားများကို မနားမနေ စုပ်ယူကာ သူ၏ ကျိုးပြတ်သွားသည့် လက်မောင်းကြီးကို ပြန်တည်ဆောက်နေသည်။

ရင်ထျန်းကျောက်သည် ရှေ့ထွက်ကာ တိုက်ခိုက်သည်။ သူမ၏ ကြီးမားသော လက်ဝါးရိပ်ကြီးသည် သူမအနီးရှိ မဟာလမ်းစဉ်နှင့် တစ်သားတည်းဖြစ်နေပြီး မီးဝိညာဉ်ဆီသို့ ဦးတည်ကာ တိုက်ခိုက်သည်။ ချော်ရည်ဘီလူးကြီးသည် တားဆီးရန် ကြိုးစားလိုက်သော်လည်း သူ့လက်မောင်းကြီးသည် လျင်မြန်စွာဖြင့် တစတစ ပြိုကျ ပျက်စီးလာနေသည်။ ရီဖူရှင်းနှင့် ရင်ထျန်းကျောက်တို့ နှစ်ယောက်လုံးသည် ချော်ရည်ဘီလူးကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့် တိုင်အောင် သူတို့၏ တိုက်ခိုက်မှုများဖြင့် ဆက်လက် ဖိအားပေးနေကြသည်။ ရင်ထျန်းကျောက်သည် သူမ၏ လက်ဝါးရိပ်အတွင်း စွမ်းအားများ ပေါင်းစပ်၍ မီးဝိညာဉ်ကြီးကို ကွဲကြေသွားသည်ထိ တိုက်ခိုက်သည်။

မဟာလမ်းစဉ်၏ မီးတောက်ရောင် အသိအပိုင်းအစများသည် ထွက်ပြေးရန် ရည်ရွယ်လိုက်သော်လည်း ရင်ထျန်းကျောက်သည် ဆွဲယူကာ လှောင်ပိတ်ထားသည်။ ပြင်းထန်သည့် မီးတောက်ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ရင်ထျန်းကျောက်ကို ဝါးမျိုရန် ကြံရွယ်သည်။ သူမ၏ ခန္ဓာကိုယ်သည် လောင်ကျွမ်းလုမတတ် သန့်စင်သည့်အလင်းများ တောက်ပလာပြီး မီးတောက်ကို တဖြည်းဖြည်းချင်း ဝါးမျိုသည်။

“နောက်တစ်ခါကျရင် နင့်ကို ပေးမယ်” ရင်ထျန်းကျောက်က ရီဖူရှင်းကို ပြောလိုက်ပြီး ရီဖူရှင်းသည် ခေါင်းညိတ်လိုက်သော်လည်း မည်သို့မှ ပြန်မပြောခဲ့ပေ။

ကျူးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောသည်။ “မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲက မဟာလမ်းစဉ် စွမ်းအားတွေကို ခိုင်မာတဲ့ အဆင့်ရောက်အောင် ဘာလို့ အရင်မသန့်စင်တာလဲ”

“ကိစ္စမရှိဘူး” ရင်ထျန်းကျောက်က ရိုးရှင်းစွာ ပြန်ဖြေသည်။

ရီဖူရှင်းသည် ထိုတန်ခိုးရှင်ကို ဖျတ်ခနဲ ကြည့်သည်။ အကြွင်းအကျန်နယ်မြေသို့ ဝင်ရောက်စဉ်ကပင် ကျူးကလန်မှ တန်ခိုးရှင်သည် သူ့ကို ရင်ထျန်းကျောက်၏ အကူအညီအဖြစ်သာ သဘောထားလေသည်။

အပျက်အစီးနယ်မြေ၌ နေရာတိုင်းတွင် အဆုံးအစမဲ့သော စိတ်အသိများဖြင့် ပြည့်နှက်နေကာ အရေအတွက်မှာ အလွန်အမင်း များပြား၏။ မီးစွမ်းအား အခြေပြုကျင့်ကြံသူများအနေဖြင့် အပျက်အစီးနယ်မြေမှာ သန့်စင်သည့် စွမ်းအားနယ်မြေတစ်ခု ဖြစ်ပေသည်။ မျိုးနွယ်စုကိုးခုမှ သူတို့၏ ကိုယ်စားပြုသူများကို မဟာလမ်းစဉ်အသိများကို သန့်စင်ရန် ခွင့်ပြု၍ ထောက်ပံ့ပေးရသည့် အကြောင်းရင်းမှာ ကိုယ်စားပြုသူများ၏ စွမ်းအားများကို မြှင့်တင်ရန်ပင် ဖြစ်သည်။ သို့ပေမဲ့ သူတို့၏ နောက်ဆုံးရည်ရွယ်ချက်မှာ မည်သည်တို့ ဖြစ်နိုင်သနည်း။

ရီဖူရှင်းနှင့် ရင်ထျန်းကျောက်သည် မည်သည့်အတွေးမှ ထားမနေဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။ ချော်ရည်နယ်မြေသည် အလွန်ကျယ်ပြောလှကာ အဆုံးသတ်မရှိသကဲ့သို့ ထင်မှတ်ရပေသည်။ သူတို့နှစ်ယောက်လုံးသည် သူတို့ လုပ်နိုင်စွမ်းရှိသရွေ့ မီးဝိညာဉ်များကို ဖျက်ဆီးပစ်ကာ ၎င်းတို့၏ စွမ်းအားကို မည်မျှထိ ဝါးမျိုပြီးသလဲ ခန့်မှန်းနိုင်ခြင်းပင် မရှိတော့ပေ။ သူတို့နှစ်ဦးသာ မဟုတ်ဘဲ အခြားမျိုးနွယ်ခုနစ်ခု၏ ကိုယ်စားပြုတန်ခိုးရှင်များ သည်လည်း အတူတူပင် ဖြစ်သည်။

အချိန် တစ်ခဏကြာပြီးနောက်တွင် သူတို့သည် မီးမိစ္ဆာသားရဲများ ပြည့်နေသည့် နယ်မြေသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့ရှေ့၌ မီးမြို့တော်ဟူသော မြို့တစ်မြို့ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ရပ်တန့်လိုက်ပြီး ထိုမြို့ကို စူးစိုက်ကြည့်နေကြသည်။ မြို့တွင် ထိပ်ဖျားသို့ ဦးတည်နေသည့် လှေကားထစ်များ ရှိနေပြီး နေရာတစ်ခုလုံးသည် မီးတောက်များဖြင့် ဖုံးလွှမ်း ခံထားရသကဲ့သို့ ဖြစ်သည်။ ၎င်း၏ သဘာဝတရားက ဤမြို့ကို နေမင်း၏မြို့တော် အဖြစ် ထင်မှတ်ရစေသည်။

“မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက မဟာလမ်းစဉ်မီးတောက် စွမ်းအားတွေကို သန့်စင်ထားလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ရှေ့လျှောက် ပိုပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။” ကျူးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောသည်။

ရင်ထျန်းကျောက်နှင့် ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး နေရာရှာ၍ တင်ပျဉ်ခွေထိုင်သည်။ ရီဖူရှင်းသည် သူ့မျက်လုံးများကို မှိတ်လိုက်ကာ သူ့ခန္ဓာကိုယ်အနီးတွင် တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏ သက်စောင့်ဟော်နန်းအတွင်းမှ တရှဲရှဲ အော်မြည်သံများကို ကြားနေရသည်။ ထိုအချိန်၌ သူ၏ သက်စောင့်ဟော်နန်းသည် မီးလျှံကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ လမ်းစဉ်မီးတောက်များသည် အဆုံးမဲ့ လှည့်ပတ်နေကြ၏။

ထိုစွမ်းအားက သူ့စွမ်းအားများ မဟုတ်သည်ကို ရီဖူရှင်း သိသည်။ ယင်းတို့သည် ဖိအားပေးပြီး သိမ်းပိုက်ခံခဲ့ရသည့် အရာများ ဖြစ်၏။ သူက သန့်စင်နိုင်စွမ်းရှိလျှင်ပင် တိုက်ပွဲအတွက် ၎င်းတို့ကို အသုံးချသည်နှင့် ပျက်စီးသွားနိုင်သည်။ ယင်းသည် ထိုအရာများ၏ အဆုံးသတ်ဖြစ်လိမ့်မည်။ အခြေခံအားဖြင့် သူသည် ကိုယ်ပိုင်အရည်အချင်းကို မှီခိုရမည့်အစား ပြင်ပစွမ်းအားအဖြစ်သာ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ ဤအရာသည် သူပုံမှန်ကျင့်ကြံသကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုမီးတောက်များသည် သင့်လျော်သည့် အချိန်တွင် ထုတ်သုံးရမည့် ဝှက်ဖဲတစ်ခု ဖြစ်လာပေမည်။

ထိုသည်မှာ သူ့အဆင့်သည် လိုအပ်သောအဆင့် မရောက်သေးခင်၌သာ ဖြစ်၍ ထို့နောက်တွင် သူသည် အမှန်တကယ် မီးတောက်များကို သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်မည် ဖြစ်သည်။ နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်တွင် ရှိလျှင်ပင် သူသည် သူ့ကိုယ်ပိုင်စွမ်းအားများကို အမှန်တကယ် တိုးမြှင့်နိုင်သည်။ သို့ပေမယ့် အချိန်တိုလေးအတွင်း၌ ဤမီးတောက်များကို ပြီးဆုံးအောင် သန့်စင်နိုင်ရန် နည်းလမ်းမရှိပေ။ မီးတောက်စွမ်းရည်ပို၍ ပြင်းထန်ပါက သူ၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန် ပို၍ ခက်ခဲလိမ့်မည် ဖြစ်သည်။

သူ၏ သက်စောင့်ဟော်နန်း အတွင်းတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သန့်စင်သောအလင်းများ ထွက်ပေါ်နေသည့် သူ၏ အခြားသော ပုံရိပ်ယောင်တစ်ခု ရှိနေပုံရပေသည်။ ပညာရှိကျမ်းသည် သူ့ကိုယ်တွင်းတွင် ပြင်းထန်စွာ စီးဆင်းနေသည်။ သူ့ခန္ဓာကိုယ်သည် မီးပြင်းဖိုသဖွယ် ဖြစ်၍ မဟာလမ်းစဉ်၏ စွမ်းအားများကို သန့်စင်ကာ ပျော်ဝင်နေစေသည်။

ကမ္ဘာ့သစ်ပင်သည် လှုပ်ယမ်းကာ တရှဲရှဲအော်မြည်နေ၏။ ဒြပ်စင်အားလုံး၏ စွမ်းအားများသည် မီးတောက်များ၏ အရှိန်အဝါအတွင်း လှည့်လည်နေပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။ သူ့အနီးမှ လောကဓာတ်အရှိန်အဝါများက သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ သူ၏ သွေးကြောများကို ဖြတ်သန်း၍ သက်စောင့်ဟော်နန်းအတွင်း ဝင်ရောက်သွားသည်။ ခဏအကြာတွင် သူ၏ ပထမဆုံးမီးတောက်ကို ပြည့်စုံစွာ သန့်စင်ပြီးသွားခဲ့သည်။ ပို၍ များပြားသော မီးတောက်များသည် အရည်ပျော်ကျကာ သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် သန့်စင်ခံလိုက်ရသည်။ မဟာလမ်းစဉ်၏ အဆုံးမဲ့မီးတောက် အရှိန်အဝါများက သူ၏ သက်စောင့်ဟော်နန်း အတွင်းသို့ စီးဆင်းနေသည်။

ရီဖူရှင်းနှင့် မနီးမဝေးတွင် ရင်ထျန်းကျောက်သည် သူမ၏ မျက်လုံးများကို ပိတ်ထားပြီး ကျင့်ကြံနေသည်။ သူတို့သည် အချိန်အတော်ကြာသည် အထိ ထိုပုံစံအတိုင်း ထိုင်နေခဲ့ကြ၏။ သူတို့၏ ကျင့်ကြံမှု ပြီးစီးသွားသည့်အခါ သူတို့ မျက်လုံးများကို ဖွင့်လိုက်ကြသည်။ အတူတကွပင် သူတို့သည် သူတို့၏ ရှေ့မှ လှေကားများကို စတင်တက်ရောက်လိုက်ပြီး နေမင်းမြို့တော်ဆီသို့ ဦးတည်လိုက်၏။

သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် လှေကားထစ်များ၏ အပူရှိန်ပြင်းထန်မှုမှာ ပို၍ပို၍ တိုးပွားလာခဲ့သည်။ သူတို့သည် မဟာလမ်းစဉ်၏ မီးတောက်များအပေါ်တွင် လှမ်းလျှောက်နေရသကဲ့သို့ပင် ဖြစ်၏။

နေမင်းက မြင့်မားသည့် အထက်တစ်နေရာတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး မရေတွက်နိုင်သည့် ရွှေကျီးများသည် ရစ်ဝဲလှည့်ပတ်နေကြသည်။ ငှက်များသည် သူတို့လူစုကို ကျူးကျော်သူများအဖြစ် ရှုမြင်၍ ကြီးမားသည့် ဖိအားများကို သူတို့ထံသို့ ထုတ်လွှတ်သည်။ ၎င်းတို့သည် ထိုလူစုက အကြီးအကျယ် ဖျက်ဆီးပစ်မည်ကို စိုးထိတ်နေကြ၏။

ရီဖူရှင်းသည် ငှက်များ၏ အရှိန်အဝါကို ခံစားမိပြီး သူတို့ထဲမှ အများစုမှာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်၌ ရှိနေကြသည်ကို သိသည်။  နေမင်း ပတ်လည်တွင် စီးဆင်းနေသည့် မီးကဲ့သို့ တောက်လောင်နေသော မဟာလမ်းစဉ်၏ အရှိန်အဝါများသည် တောက်ပသော ရောင်စဉ်တန်းများအဖြစ် ပေါင်းစည်းသွားသည်။ ရောင်စဉ်တန်းများသည် နတ်ဘုရား မီးတောက်များကဲ့သို့ ရိုက်ခတ်လာသည်။ ရွှေကျီးများသည် ထိုရောင်စဉ်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး မဟာလမ်းစဉ်၏ မီးတောက်အရှိန်အဝါများ အတွင်း၌ ပေါက်ကွဲသွားခဲ့သည်။

ထိုမြင်ကွင်းသည် ကျူးကလန်နှင့် ဝူကလန်တို့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ရီဖူရှင်း၏ စွမ်းရည်သည် ထင်သလောက် အားနည်းသည့် ပုံမပေါ်ပေ။ သူ၏ ကိုယ်ပိုင်စွမ်းရည်များသည် နေမင်း၏ ရောင်ခြည်ကို စုပ်ယူကာ ပေါင်းစပ်ပစ်နိုင်ပြီး မည်သည့်အရာကိုမဆို အရည်ဖျော်ပစ်နိုင်စွမ်း ရှိသည်။ ၎င်းတွင် ဓားစွမ်းအားများပင် ပါဝင်နေပုံရကာ ထိုအလင်းတန်းများတွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ပါဝင်နေသည်။

သူသည် မဟာလမ်းစဉ်၏ စွမ်းအားများဖြင့် ရတနာလှံကို ထုတ်ဖော်ဆုပ်ကိုင်သည်။ သူသည် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ရွှေကျီးများဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်သည်။ ရင်ထျန်းကျောက်၏ တိုက်ခိုက်မှုသည်လည်း စွမ်းအားပြည့်ဝလှသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်စင်သော မီးတောက်အလင်းများဖြင့် လွှမ်းခြုံထားသည်။ ကြည့်ရသည်မှာ သူမသည်လည်း ရီဖူရှင်းကဲ့သို့ပင် မီးတောက်များကို သန့်စင်နေပုံရသည်။ သူမ၏ ကိုယ်ပိုင် တိုက်ခိုက်မှုစွမ်းရည်နှင့် ၎င်းတို့ ရောယှက်သွားပြီး သူမ၏ ရှေ့မှ အရာအားလုံးကို ဖျက်ဆီးသွားသည်။

လူသဏ္ဌာန်ဝိညာဉ်များသည် များပြားလှသည့် ရွှေကျီးများ၏ အလယ်တွင် ပေါ်ပေါက်လာသည်။ ပုံရိပ်တစ်ခုသည် ရီဖူရှင်းထံသို့ တည့်တည့် ပြေးဝင်လာသည်။ ၎င်း၏ မျက်လုံးများသည် အလွန်ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ရီဖူရှင်းသည် နေမင်း၏ မီးတောက်အရှိန်အဝါများကို ကျဆင်းလာစေပြီး ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ရည်ရွယ်သည်။ သို့သော်လည်း ရုတ်တရက် မီးတောက်ပင်လယ်ကြီး ဖြစ်ပေါ်လာကာ ရီဖူရှင်းရှိနေသည့် နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ကြောက်မက်ဖွယ် ဦးခေါင်းကြီးတစ်ခု ပေါ်ပေါက်လာကာ သူ့ကို ဝါးမျိုရန် ရည်ရွယ်သည်။ ဝူကလန်မှ မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက သူ့နောက်မှ ရောက်လာပြီး ပြောသည်။ “သတိထား၊ အဲဒီအရာကြီးက မင်း ဝိညာဉ်ကို နုတ်သွားလိမ့်မယ်”

မျိုးနွယ်စုကိုးခုမှ လူများသည် သူတို့၏ ရည်မှန်းချက် မပြည့်ဝခင်တွင် ကိုယ်စားပြုသူများကို မည်သည့်အရာမှ ဖြစ်ပွားခွင့်မပြုနိုင်ပေ။ ဤခရီး၏ ရည်ရွယ်ချက်မှာ သူတို့၏ စွမ်းအားများ သန်မာလာပြီး မျိုးနွယ်စုကိုးခု၏ ဘိုးဘေးနယ်မြေမှ လမ်းစဉ်မီးတောက်များနှင့် ရင်းနှီးမှု ရလာစေရန် ဖြစ်သည်။

ဝူကလန်မှ တန်ခိုးရှင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တောက်ပသည့် ရွှေရောင်မီးတောက်များကို ရီဖူရှင်းထံလာနေသည့် သတ္တဝါကြီးဆီသို့ ပစ်လွှတ်သည်။ ၎င်းသည် မချိမဆန့် အော်သံကြီးကို ဖွင့်ထုတ်လိုက်ကာ မဟာလမ်းစဉ်၏ အသိအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားသည်။

“ကျေးဇူးပါ စီနီယာ” ရီဖူရှင်းက ဆက်လက် မတိုက်ခိုက်ခင်မှာ ကျေးဇူးတင်စကား ပြောသည်။

ကျန်သည့် တန်ခိုးရှင်များမှာလည်း မကြာခင်မှာ ရောက်ရှိလာပြီး လှေကားများမှ တက်လာကာ နေမင်းရဲတိုက်ဆီသို့ ဦးတည်ခဲ့ကြသည်။

မားမားမတ်မတ် ရပ်နေသော ပုံသဏ္ဌာန်များသည် မြို့၏ ဝင်ပေါက်တွင် ရပ်လျက် စောင့်ကြပ်နေကြသည်။ ၎င်းတို့၏ အကြည့်များသည် ရှေ့သို့ အကဲခတ်နေပြီး ကြောက်မက်ဖွယ် ပြင်းထန်သည့် နက်နဲသော အရှိန်အဝါများကို ကွင်းပြင်တစ်ခုလုံးသို့ ဖြန့်ကြက်လိုက်ကာ ကောင်းကင်ရှိ နေမင်းနှင့် ပေါင်းစပ်၍ ကြောက်မက်ဖွယ် မုန်တိုင်းများအဖြစ် ပြောင်းလဲသွားသည်။

“မင်း နောက်ဆုံးလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီတစ်ကြိမ်မှာ ထိုက်တန်တဲ့ တစ်ယောက်ယောက်များ ဝင်ရောက်လာခဲ့တာလား”

မျိုးနွယ်စုကိုးခုမှ လူများသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ကြာအောင် ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့သော်လည်း မည်သည့်အခါကမှ အောင်မြင်မှု မရရှိခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ပြင်ပအင်အားကို စတင် ငှားရမ်းသုံးစွဲရန် လုပ်ဆောင်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ သူတို့၏ ဘိုးဘေးပိုင်နယ်မြေမှ မဖော်ထုတ်နိုင်သေးသည့် လျှို့ဝှက်ချက်များကို အပြင်လူများ၏ လက်ကို ငှား၍ ဖော်ထုတ်လိုခြင်း ဖြစ်သည်။ သို့ဆိုလျှင်ပင် သူတို့ မျိုးဆက်များတွင် မည်သူမှ အောင်မြင်မှု မရခဲ့ကြပေ။ အစောင့်အကြပ်များသည် အသစ်ရွေးချယ်ထားသည့် တန်ခိုးရှင်များက မည်မျှ စွမ်းဆောင်နိုင်မလဲ သိလိုနေကြ၏။ သူတို့ကို နောက်တစ်ဖန် စိတ်ဓာတ်မကျစေရန် မျှော်လင့်မိသည်။

***

All Chapters