နှုတ်ထွက်သူများ
Vol. 100 Ch. 1387
ဝမ်ဝေ့က ဆက်သွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်သည့်အချိန် ယန်းအိုက်၏ လှပကာ ခက်ထန်သည့် မျက်နှာက တခြားတစ်ဖက်တွင် ပေါ်ထွက်လာသည်။
“ကောင်လေး ငါက မင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတုန်းပဲ။ မင်း ဆက်တိုက်ခေါ်နေတာက ကိစ္စတွေကို မြန်ဆန်လာစေမှာ မဟုတ်ဘူး”
“ကျွန်တော်က အဲ့ကိစ္စအတွက် ရောက်နေတာ မဟုတ်ပါဘူး”
“အဲဒါဆိုရင် မင်းက ဘာလို့ ငါ့ကို ဆက်သွယ်တာလဲ”
“အမျိုးသမီးလုလို့ ခေါ်တဲ့သူတစ်ယောက်အကြောင်း သိချင်လို့ပါ”
“ဘယ်သူလဲ”
“ကောင်းကင်ဘုံမြွေနဂါးဧကရီလို့ သိတဲ့ အမျိုးသမီးလုပါ။ သူမက နေရောင်မျှော်နန်းဆောင်ရဲ့ နောက်ကွယ်က ရှိတဲ့သူပါ”
“နေရောင်မျှော်နန်းဆောင်အကြောင်းကိုတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ တခြားဟာတွေကိုတော့ မသိဘူး။ ခဏလေးနေဦး။ ငါ စစ်ဆေးကြည့်လိုက်ဦးမယ်” ယန်းအိုက်က ပျောက်ကွယ်သွားရင်း ဝမ်ဝေ့က သူ့ဘိုးဘေးသည် နေရောင်မျှော်နန်းဆောင်အကြောင်း မည်သို့ သိခဲ့ကြောင်း စဉ်းစားပြီး စက္ကန့်ပိုင်းခန့် အချိန်ကုန်ဆုံးလိုက်သည်။ သူမ၏ နာမည်ကို စိတ်ထဲ၌ လျှောက်တွေးကာ နာမည်ဖျက်ရသည်ကား ပျော်ဖို့ကောင်းလှ၏။ သို့သော် ကမ္ဘာကြီးပြိုလဲသွားလျှင်ပင် သူက ထိုစကားများကို ထုတ်ပြောမည် မဟုတ်ပေ။
ယန်းအိုက်၏ မျက်နှာက ပေါ်ထွက်လာပြီး စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားလေ၏။ သူမက စက္ကန့်ပိုင်းခန့် ဖတ်ရှုပြီးသည့်နောက်တွင် သဘောပေါက်သွားလေသည်။
“အာ လုချွန်းထောင်ကိုး။ ဒါက တိုက်စားကျောက်တုံးမြွေနဂါးဧကရီလေ။ သူမက နာမည်ပြောင်းလိုက်တာလား”
“သူ့ကို သိလား”
“သိတယ်လေ။ သူမက ငါ့ရဲ့ ခေတ်ကာလကပဲ။ သူမနဲ့ ရင်ဆိုင်မှာလား။ အဲဒါဆိုရင်တော့ သတိကြီးကြီးထားသင့်တယ်။ မင်း လက်ရှိအနေအထားမှာဆိုရင်တော့ လုပ်ဖို့ အကြံမပြုချင်ဘူး” ယန်းအိုက်က ခေါင်းညိတ်လိုက်၏။
“သူမက အဲ့လောက် ပြိုင်ဖက်ကင်းတာလား။ ထပ်ပြီး ပြောပြလို့ရသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ငါနဲ့ သူမနဲ့ ဆက်သွယ်မှုက မရှိတော့ သိပ်ကြီးတော့ မသိဘူး”
“အဲ့လိုလား။ သူမက ဘိုးဘေးရဲ့ အမျိုးသမီး ထောက်ပံ့ရေးအဖွဲ့ထဲမှာ ပါမယ်လို့ ထင်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါတို့တွေ သူမကို ဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမက တစ်ယောက်ထဲသမားလေ။ ငြင်းဆန်ခဲ့တာ” ယန်းအိုက်က ရှင်းပြလိုက်သည်။
“ကျွန်တော် သိပြီ။ အဲဒါဆိုရင် တခြားပြောစရာရော ရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“သူမက အရမ်း အရမ်းကို ဉာဏ်များတယ်။ သူမ မြင့်တက်လာမှုက နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားမျိုးနွယ်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတဲ့ ကမ္ဘာဦးဟွင်သွမ်းသက်ရှိဖြစ်တဲ့ ကမ္ဘာဦးမြေဓာတ်မြွေနဂါး သွေးမျိုးဆက်ကို ခိုးယူပြီးတဲ့နောက်မှာ စတင်ခဲ့တာပဲ။ အဲဒီနောက်မှာ သူမရဲ့ ဂုဏ်သတင်းက သူမရဲ့ အလှတရားနဲ့ ရမက်ကြီးတဲ့ သဘာဝကြောင့် ကျော်ကြားလာခဲ့တယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူသိထားသည့်အချက်များက အမျိုးသမီးလုသည် သူမ မောင်းမဆောင်ထဲ ရုပ်ချောချောအမျိုးသားများကို စုဆောင်းရသည်ကို သဘောကျကြောင်း ပြောပြထားသည်။
“အဲဒီနောက် သူမက စံပြကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ သူမရဲ့ စွမ်းအားတွေ ပေါ်ထွက်လာပြီးတော့ နောက်ဆုံးအနိုင်ရရှိတဲ့ ၃၃ယောက်ထဲမှာ ပါဝင်လာခဲ့တယ်။ အဲဒီနောက်တော့ အကြွင်းမဲ့တားမြစ်ချက် မတိုင်ခင်အထိ ဘယ်သူမှ သူမကို ဂရုမစိုက်ကြတော့ဘူး”
“အဲဒါဆိုတော့ သူမက ပါဝင်ခဲ့သေးတာလား” သူမက ပြောလိုက်သည်။
“ဟုတ်တယ်”
“အဲဒါဆိုတော့ သူမက ဘာလို့ အသက်ရှင်နေတာလဲ”
“ငါ့စကားကို ပြီးအောင် ပြောပါရစေဦး” ယန်းအိုက်က သူ့ကိုစိုက်ကြည့်လိုက်သည်။
“တောင်းပန်ပါတယ်” သူက အလျင်အမြန် တောင်းပန်လိုက်သည်။
သူက စိတ်ငြိမ်အောင်ထိန်းကာ ဆက်ပြောလိုက်သည်။
“သူမက နှုတ်ထွက်သူထဲက တစ်ယောက်ပဲ”
ဝမ်ဝေ့က မမေးဘဲ သူမ ရှင်းပြသည်ကို စောင့်ဆိုင်းလိုက်သည်။
“ငါ့မှတ်ဉာဏ်တွေက ဝေဝါးနေတယ်။ ဒါပေမဲ့ ကိစ္စတချို့က အမှတ်ရနေတုန်းပဲ။ ဒီအဆုံးမဲ့ကမ္ဘာရဲ့ တားမြစ်ချက်ကြီးကို သုံးပိုင်းခွဲထားတယ်။ အပြင်ဘက်ပိုင်း၊ အလယ်ပိုင်းနဲ့ အတွင်းပိုင်းပေါ့။ နေရာတစ်ခုလုံးက အပြိုအပျက်တွေ အများကြီးပါဝင်နေတာ။ တစ်ခုချင်းစီက ထူးကဲသာလွန်မှုအကြောင်း သတင်းအချက်အလက်တွေ ပါတယ်လေ။ ဒါပေမဲ့ အပြိုအပျက်အမျိုးအစားနှစ်ခု ရှိတယ်။ အလကား အပြိုအပျက်နဲ့ စစ်ဆေးမှုအပြိုအပျက်ပဲ။ စစ်ဆေးမှုအပြိုအပျက်ကတော့ ဆုလာဘ်တွေနဲ့ သတင်းအချက်အလက်တွေ ပိုပြီးရတယ်။ ဒါပေမဲ့ အဲ့အတိုင်းပဲ ပါဝင်သူတွေက ဆုလာဘ်ကိုရဖို့ စမ်းသပ်ချက် အောင်မြင်ဖို့ လိုအပ်တယ်။ စစ်ဆေးမှုအတွင်းမှာ လုချွန်းထောင်က ရှေးဦးစံပြတစ်ယောက်ရဲ့ စွမ်းအားကို ထုတ်ဖော်ပြသလာတယ်။ ကမ္ဘာကြီးကတော့ သူမကို ထိပ်သီးစံပြလို့ပဲ ယုံကြည်ထားကြတဲ့ အခြေအနေမှာပေါ့”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“သူမက စွမ်းအားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် တားမြစ်ချက်အတွင်းမှာ အခွင့်အရေးတစ်ခု တွေ့ခဲ့တာလား…”
“ဘယ်သူကမှ အမှန်တရားကို မသိကြဘူး။ ဒါပေမဲ့ ငါ့အလိုလိုသိစိတ်အရတော့ ရှေ့တစ်ခု ဖြစ်နိုင်တယ်” ယန်းအိုက်က ပြန်ဖြေလိုက်သည်။
“တကယ်ကို ဉာဏ်များတဲ့ အမျိုးသမီးပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ရှေးဦးစံပြများက ကျင့်ကြံရေးလောက၌ နူးကလီးယားနှင့် တူလေသည်။ ထို့ကြောင့် အုပ်စိုးနေသည့် အင်အားစုများအတွက် ဘယ်သူက ထိုအဆင့်ရှိတာလဲဟု ကောင်းကောင်းသိထားသည်က အကောင်းဆုံး ဖြစ်၏။
“နှုတ်ထွက်သူဆိုတာကရော ဘာအဓိပ္ပာယ်လဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကန့်သတ်ချက်တစ်ခု အောင်မြင်ပြီးတဲ့နောက်မှာ လူတိုင်းက ရွေးချယ်စရာ သုံးခုရှိတယ်။ ကြုံရာကျပန်း ဆုလာဘ်၊ ထွက်ခွင့်လက်မှတ်နဲ့ စုဆောင်းအမှတ်တွေပဲ။ ဆူလာဘ်တွေကတော့ ကြုံရာကျပန်းပေါ့။ အားအနည်းဆုံးက အဆင့်(၁၂)ပဲ။ အဲဒါကြောင့်မလို့ အဲဒီဆုလာဘ်တွေကနေ သူ့စံပြတွေ မွေးထုတ်ပေးနိုင်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရတယ်။
ထွက်ခွင့်လက်မှတ်ကတော့ ရှင်းပြပြီးသားပဲ။ အဲဒါမပါဘဲ ဒီနေရာကနေ ထွက်မသွားနိုင်ဘူး။ ဒါပေမဲ့ နေရာက အတွင်းထဲ ရောက်လာလေလေ။ ထွက်သွားဖို့ လက်မှတ်တွေက ပိုပြီးလိုအပ်လာလေလေပဲ။ ငါတို့တွေ အလယ်ပိုင်းမှာရှိနေတုန်းက လုချွန်းထောင်က လက်မှတ်လုံလုံလောက်လောက် စုဆောင်းပြီးတော့ စောစောစီးစီး ထွက်သွားခဲ့တာ”
“သူမက ထွက်သွားခဲ့တာလား။ ဘာကြောင့်လဲ။ အန္တရာယ်များလို့လား”
“အဲ့လိုတော့ မဟုတ်ဘူး”
ဝမ်ဝေ့က သူမ ရှင်းပြသည်ကို စောင့်ဆိုင်းနေလေသည်။ စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် အဖြေရမလာပေ။
“ တခြားဖြစ်နိုင်ခြေတွေရော ရှိလား”
“တကယ်လို့ သူမက မပြီးပြည့်စုံတဲ့ နည်းလမ်းကို တွေ့ရှိခဲ့တယ်ဆိုရင်”
“မပြီးပြည့်စုံတဲ့ နည်းလမ်းတဲ့လား။ အဲဒီနှစ်ယောက်လိုမျိုး အတူတူ မဟုတ်ဘူးလား”
“မတူဘူး” ယန်းအိုက်က ခေါင်းယမ်းလိုက်သည်။
“သူတို့ရဲ့ နည်းလမ်းက ပြစ်ချက် ရှိတာ။ ဆိုလိုတာက အောင်မြင်နိုင်ခြေက နည်းပါးပြီးတော့ အတားအဆီးတွေ ရှိတာပဲ။ မပြီးပြည့်စုံတဲ့ နည်းလမ်းကျတော့ လမ်းမှန်နေတယ်ဆိုပေမဲ့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး”
“အဲဒါဆိုတော့ မပြီးပြည့်စုံတဲ့ နည်းလမ်းတွေက ကျင့်ကြံလို့ မရပဲနဲ့ ပြီးပြည့်စုံတဲ့ နည်းလမ်းတွေက ကျင့်ကြံလို့ရအောင် လုပ်ရမှာပေါ့”
“ဟုတ်တယ်”
“အဲဒါဆိုတော့ သူမက မပြီးပြည့်စုံတဲ့ နည်းလမ်းကိုတွေ့ပြီး စောစောစီးစီး ထွက်သွားပြီးတော့ စတင်ပြင်ဆင်ခဲ့တာပေါ့။ သူမက နှစ်ယောက်ရဲ့ ရှင်းလင်းရေးအတွင်းမှာ မပြီးမပြတ်အခြေအနေကို မဝင်ရောက်နိုင်ဖို့ ကျင့်ကြံဆင့်ကိုပဲ ဖျက်ဆီးပစ်ခဲ့တာပေါ့” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“အဲ့လိုဆိုရင် သူမက မိစ္ဆာဘိုးဘေးရဲ့ မျိုးဆက်ကို ဖမ်းတဲ့ အကြောင်းအရင်းကိုနားလည်သွားပြီ”
“သူမက အဲ့လိုလုပ်ခဲ့တာလား။ ဘာကြောင့်လဲ” ယန်းအိုက်က မေးလိုက်သည်။
“မိစ္ဆာဘိုးဘေး သေဆုံးပြီးတဲ့နောက်မှာ အဖြစ်အပျက်ကို အမှတ်ရသေးလား”
“ သူလား … ဒါမှမဟုတ် သူ့ရဲ့ ထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်းက လုချွန်းထောင်ရဲ့ လက်ထဲ ရောက်သွားတယ်လို့ ပြောချင်တာလား”
“အဲ့လို ဖြစ်နိုင်ချေရှိတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“သူမက အသုံးအဆောင်ပစ္စည်းကို ထိန်းချုပ်ဖို့ သူ့သွေးကို လိုအပ်နေတာလေ။ အဲဒါက သူမ ပြင်ဆင်ရမဲ့ ထူးကဲသာလွန်မှုနည်းလမ်းရဲ့ ဇစ်မြစ် ဖြစ်နေနိုင်တယ်”
“ဟမ် အစ်ကိုချီယွမ်ကတော့ ကောင်းကင်တာအိုက အသုံးအဆောင်ပစ္စည်းကို ယူပြီးတော့ ထိုက်တန်တဲ့သူအတွက် ကံအပြောင်းအလဲအခွင့်အရေးအဖြစ် ပေးမယ်လို့ သုံးသပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းရဲ့ ရှင်းပြချက်ကလည်း ဖြစ်နိုင်ချေ ရှိတယ်” ယန်းအိုက် မှတ်ချက်ပေးလိုက်သည်။
“တကယ်တော့ ကျွန်တော် အဲဒီအမျိုးသမီးအကြောင်း တွေးလာလေလေ ပိုပြီး သံသယ ရှိလာလေလေပဲ။ သူမက အဲဒီလူနှစ်ယောက် စောင့်ကြည့်မှုအောက်မှာ ဘယ်လိုအသက်ရှင်ခဲ့တာလဲ။ သူတို့နှစ်ယောက်လုံးက သူမရဲ့ နည်းလမ်းကို စိတ်ဝင်စားမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ သူမက ကောင်းကောင်းမွန်မွန် အသက်ရှင်လျက်ရှိနေတုန်းပဲ”
“အသုံးအဆောင်ပစ္စည်းတွေက သူမ ဘာလို့ဝှက်ထားတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာတွေ့ပြီးသားဖြစ်သွားပြီ”
“ဒီလိုဆိုရင် သူမက ဘာလို့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်တာလဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အသုံးအဆောင်ပစ္စည်းက သူမရဲ့ စွမ်းအားကို ထိန်းသိမ်းထားရင်းနဲ့ ပုန်းအောင်းဖို့ ခွင့်ပြုထားလောက်တယ်။ သူမက အဲဒီနှစ်ယောက် ကောင်းကင်စံပြတွေကို ထောင့်တစ်နေရာမှာ မရှိစေချင်လို့ ပစ်မှတ် မဖြစ်လိုတာကြောင့်လား။ ဒါပေမဲ့ သူမကို သိထားသလောက်တော့ အဲ့လိုစိန်ခေါ်မှုမျိုးကြောင့် နောက်ဆုတ်မဲ့ လူစားမျိုးတော့ မဟုတ်ဘူး”
“မင်းက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို လျှော့တွက်ခဲ့မိတယ်။ သူမက အရင်တုန်းက လက်နက်ကို ဖုံးကွယ်ဖို့ ဘယ်လိုသုံးရမလဲမသိတာ နေမှာပေါ့” ယန်းအိုက်က ထပ်ပြောလိုက်သည်။
“ဒီလောက်အကြာကြီးနေပြီးတဲ့နောက်မှာလား”
“အဲဒီအသုံးအဆောင်က သတ်ဖြတ်ရေးလက်နက်လေ။ ဖုံးကွယ်ဖို့ မဟုတ်ဘူး။ တခြားအရာတွေအတွက်သုံးဖို့ ဗဟုသုတတွေ လိုအပ်တယ်ဆိုတာကို တွေးကြည့်လို့ရပါတယ်”
“ကျွန်တော် သိပြီ။ သူမက ရွေးချယ်စရာမရှိဘဲ သူမရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်လိုက်ရတာပဲ။ ဒါပေမဲ့ အဲဒီနှစ်ယောက်က ပိုပြီးမြင့်မားတဲ့ အဆင့်ရောက်သွားတဲ့အချိန်မှာ သူမက တားမြစ်ချက်ဆီကနေ ရထားတဲ့ဗဟုသုတတွေကို သုံးပြီး အသုံးအဆောင်ပစ္စည်းကို ပြန်ပြီးတော့ နားလည်အောင် လုပ်ခဲ့တာ”
“အဲဒါက အဖြစ်အပျက်ကို အတိအကျမသိရဘဲ သုံးသပ်နိုင်တဲ့ အနီးဆုံး အမှန်တရားပဲ” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သူမရဲ့ ကျင့်ကြံဆင့်တို့က လျော့ကျလာမဲ့အစား တိုးမြင့်လာတယ်လို့ သံသယဖြစ်မိတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“အကြာကြီး ရှိပြီဆိုတော့ သူမအနေနဲ့ လက်နက်နဲ့အတူ ဖုံးကွယ်ထားရင်း ထိပ်သီးဆီ ပြန်ရောက်နေလောက်ပြီ။ အနည်းဆုံးတော့ သူမက စံပြအဆင့် ရောက်နေလောက်ပြီ”
“ဒေါသတော့ စိတ်ပျက်သွားလောက်ပြီ ထင်တယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
သူက သူ့အလိုလိုသိစိတ်ကို သိထားသည့်အတွက် ထိုရလဒ်ကို အံ့အားသင့်ခြင်း မရှိပေ။ သို့သော်လည်း သူက ခေါင်းအသာယမ်းပြီး အာရုံစိုက်ထားလိုက်၏။ သူမက အကြွင်းမဲ့တားမြစ်ချက်အကြောင်း မေးခွန်းများစွာ ရှိနေသေးသည်။
“ဘိုးဘေး တခြားနှုတ်ထွက်သူတွေကရော ဘယ်လိုလဲ။ သူ တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူးမလား” ဝမ်ဝေ့က ပြောလိုက်သည်။
“အမဲလိုက်ခံလိုက်ရတယ်လေ” သူမက ပြန်ပြောလေသည်။
“နေမင်းနှစ်စင်းကြောင့်လား”
“အနည်းစုပေါ့” ယန်းအိုက်က ပြန်ပြောလိုက်သည်။
“အဲဒါဆိုရင် ဘယ်သူလဲ”
“ကျင့်ကြံသူအများစုက တားမြစ်ချက်ထဲကို ဝင်ရောက်ဖို့ သတ္တိ မရှိကြလို့ အပြင်ဘက်ကနေ စောင့်ဆိုင်းနေကြတာလေ။ သူတို့က နှုတ်ထွက်သူတွေကို သူတို့ရဲ့ နည်းလမ်းတွေကို ယူဖို့ အမဲလိုက်ခဲ့ကြတာ” ယန်းအိုက်က ရှင်းပြလိုက်သည်။
“အဲဒါဆိုတော့ အဖြစ်အပျက်မှာ ပါဝင်မဆင်နွှဲပေမဲ့ နည်းလမ်းရှိနေတဲ့သူတွေလည်း ရှိတာပေါ့။”
“အရေအတွက်က မင်း ထင်ထားသလိုတော့ သိပ်မမြင့်မားဘူး” ယန်းအိုက်က တုံ့ပြန်လိုက်သည်။
“အလယ်ပိုင်းနေရာကပဲ မပြီးပြည့်စုံတဲ့ အရာကို ရနိုင်တာ။ လူတချို့က အဲ့ဟာကို ရပြီးတော့ လုံလုံလောက်လောက် လက်မှတ်တွေကို စုဆောင်းပြီး ထွက်သွားကြတယ်။ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေကတော့ အလွယ်တကူ အသတ်မခံရဘူးပေါ့။ ပြီးတော့ သူတို့ရဲ့ ဝိညာဉ်ထဲက သတင်းအချက်အလက်တွေကို ဘယ်သူကမှ ယူလို့မရဘူးဆိုတဲ့ အကြောင်း မပြောရသေးဘူး”
“ပြောချင်တာက”
“အဲဒီဗဟုသုတတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ အတားအဆီး ရှိတယ်။ သူတို့က လိုလိုလားလား ဖွင့်မပြောသရွေ့ ဘယ်သူကမှ သူတို့ရဲ့ စိတ် ဒါမှမဟုတ် ဝိညာဉ်ကနေ အချက်အလက် ရယူနိုင်မှာ မဟုတ်ဘူး” ယန်းအိုက်က ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ မဟာတာအိုက ပြီးပြည့်စုံသည့် နည်းလမ်း သို့မဟုတ် ပြစ်ချက်ရှိ နည်းလမ်းများကို ဖြန့်ဝေခြင်းမှ ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။
“အဲဒါဆိုရင် စောစောကပြောခဲ့တဲ့ စုဆောင်းရမှတ်တွေဆိုတာက ဘာလဲ”
“ငါတို့တွေက စမ်းသပ်ချက်တွေကို ဖြတ်ကျော်ပြီး အမှတ်တွေကို စုဆောင်းရမယ်။ အတွင်းပိုင်းနေရာကျရင်တော့ ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ အလဲအလှယ် လုပ်နိုင်ခဲ့သင့်တယ်”
“လုပ်နိုင်ခဲ့သင့်တယ်တဲ့လား” ဝမ်ဝေ့က သိချင်စွာ မေးလိုက်သည်။