ပိုမိုကြီးမားသည့်ပတ်သက်မှုများ
Vol. 100 Ch. 1389
ဝမ်ဝေ့က နောက်လှုပ်ရှားမှုအကြောင်း စဉ်းစားလိုက်သည်။ ဝူယွီက သေဆုံးရမည် ဖြစ်သော်လည်း သူမ၏ ကပ်ဘေးအား ထိန်းချုပ်မှု ကင်းလွတ်ခွင့်မပြုနိုင်ပေ။
“ဖော်စပ်နည်းကို သိထားတဲ့ တခြားသူကို သွားရှာချည်။ ပြီးတော့ ကျိန်စာသခင်တွေကို နမူနာလေ့လာခိုင်းလိုက်။ လိုလိုမယ်မယ်ပေါ့”
“ကျွန်မ နားလည်ပါပြီ” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တခြားဘာရှိသေးလဲ”
“ကျွန်မတို့တွေ မဟာချူးတိုင်းပြည်ထဲမှာ မတည်ငြိမ်တဲ့ အရိပ်အယောင်တွေ ရှိတယ်ဆိုပြီး သတင်းစကား ရထားပါတယ်”
“သတင်းစကားရထားတယ်လို့ ပြောလိုက်တာလား”
“ဟုတ်ပါတယ်။ မိန်းကလေး ရှုကျင်းယောင်ဆီကပါ”
“ငါ သိပြီ။ ဆက်ပြော”
“တစ်စုံတစ်ယောက်က မြေကမ္ဘာဧကရာဇ်ကို လှည့်စားဖို့ ကြံစည်နေတယ် ထင်တယ်” အနီရောင်မျက်နှာဖုံးက ပြောလိုက်သည်။
“ဘယ်သူလဲ”
“သဲလွန်စတွေအားလုံးကတော့ ဧကရီကို ညွှန်ပြနေတယ်။”
“သူမလား။ ဒါပေမဲ့ သူမရဲ့ အကျင့်စရိုက်နဲ့တော့ အဲ့လိုမတူဘူးပဲ” ဝမ်ဝေ့က သူသည် ရှုရန်နှင့် သူ့တိုင်းပြည်အကြောင်း ဖတ်ခဲ့သည့် ဗဟုသုတများကို အမှတ်ရသည့်အတွက် ထပ်ပြောလိုက်သည်။ သူ့ကိုယ်ပွားက ထိုသူ၏ ကျဆုံးမှုကို စီစဉ်နေသည့်အခါ ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားခဲ့သည်။ သူ့မိသားစုကို အသုံးချမည့် ကိစ္စပါ အပါအဝင် ဖြစ်၏။
“ဟုတ်ပါတယ်” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။
“သတင်းအချက်အလက်တွေအရတော့ တစ်စုံတစ်ခုက နောက်ကွယ်မှာရှိနေပြီးတော့ ဧကရီက နယ်ရုပ်တစ်ရုပ်လို့ပဲ ပြောပါတယ်”
“သူတို့က ရှုရန်ကို တတိယမင်းသားနဲ့ တိုက်ခိုက်အောင် လုပ်ဖို့ ကြိုးစားနေတာလား” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ဒါပေမဲ့ ဒီနည်းဗျူဟာက သိသာလွန်းတယ်။ ငါတို့တွေက အရေးပါတဲ့ အချက်အလက်တွေကို လိုအပ်နေတာ မဟုတ်သရွေ့ ဒီကိစ္စက အလုပ်ဖြစ်မှာ မဟုတ်ဘူး” သူက ရပ်တန့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။
“ငါတို့တွေ ရှုရန်က တတိယမင်းသားကို ဘာလို့ သည်းခံနေလဲဆိုတာ တွေ့ပြီလား”
“မတွေ့သေးပါဘူး”
ဝမ်ဝေ့က ခေါင်းညိတ်ပြီး အဝေးတစ်နေရာဆီ ကြည့်လိုက်သည်။
“အားလုံးလည်း ခံစားမိကြမှာပါ” သူက ပြောလိုက်သည်။
“အရေးကြီးတဲ့ အခိုက်အတန့်က ချဉ်းကပ်လာပြီ။ ရှုရန်က ဝင်ရောက်စွက်ဖက်ပြီး ကိစ္စတွေကို ပြောင်းလဲပစ်နိုင်ခြေရှိတဲ့ တစ်ခုတည်းသော အပြောင်းအလဲပဲ။ ငါတို့တွေက ဒါကို ခွင့်ပြုလို့ မရဘူး။ အဲဒါကြောင့် သူ့ကို လုပ်စရာ နည်းနည်းပေးထားရအောင်”
“အရှင် ကျွန်မ ဘာလုပ်ရမလဲ”
“မစိုးရိမ်နဲ့။ ငါ ဂရုစိုက်လိုက်မယ်” ဝမ်ဝေ့က ထပ်ပြောလိုက်၏။
“ငါတို့ရဲ့ သတင်းအချက်အလက်တွေက ပြင်ပကွန်ယက်တွေအပေါ်မှာ ဘယ်လောက် မှီခိုနေရတာလဲ”
“လက်ရှိကတော့ ကျွန်မတို့ရဲ့ အဖိုးတန်သတင်းအချက်အလက် ၂၂ ရာခိုင်နှုန်းကျော်က တခြား ပြင်ပကွန်ယက်တွေဆီကနေ လာတာပါ။ မိန်းကလေးရှုကျင်းယောင်ကတော့ ကျွန်မတို့ရဲ့ ပင်မအရင်းအမြစ်ပေါ့”
အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“၁၅ ရာခိုင်နှုန်းလား။ ငါ ထင်ထားတာထက် ပိုပြီးနည်းတာပဲ” ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူ ယခင်တစ်ခေါက် သီးသန့်မကျင့်ကြံခင် အရေအတွက်က ၃၆ ရာခိုင်နှုန်းအထိ မြင့်သွားခဲ့သည်။
“အရေအတွက်ကို လျှော့ချဖို့ အကောင်းဆုံးကြိုးစားပါ့မယ်” အနီရောင်မျက်နှာဖုံးက ကတိစကားခံလိုက်သည်။
“ငါ မင်းကို သံသယမဖြစ်ပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်ပြီး သူမကို ပြန်လွှတ်လိုက်၏။
သူက မျက်လုံးကို မှိတ်ကာ သေမျိုးများကို စစ်ဆေးကြည့်လိုက်သည်။ စစ်ပွဲက ယေဘုယျလူဦးရေကို ပျက်သုဉ်းသွားစေသော်လည်း ကမ္ဘာကြီး၏ ကျယ်ပြောမှုနှင့် လူများစွာသည် သေမျိုးများအတွက် ကာကွယ်ပေးထားသည့် အချက်က ပိုမိုမြင့်မားလာလေသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုစစ်ပွဲသည် အစမျှသာ ဖြစ်ကြောင်း အန္တိမသဟဇာ၏ ရည်ရွယ်ချက်က သေမျိုးတွေကို ရှင်းထုတ်ပစ်ဖို့ ဖြစ်သည့်အတွက် ထိုသူက သူ့ရည်မှန်းချက်ကို မရောက်မချင်း ရပ်တန့်မည် မဟုတ်ပေ။
ဝမ်ဝေ့က အန္တိမသဟဇာတသည် လမင်းများကို သေဆုံးခွင့်ပြုမည် မဟုတ်ကြောင်း ယုံကြည်ထား၏။ အကယ်၍ မေတ္တယျနှင့် ဝမ်ဝေ့တို့၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မဟုတ်လျှင် သူက သေမျိုးကို အလုံအလောက် သေဆုံးခိုင်းပြီးသည်နှင့် ဝူယွီနှင့် ထာဝရဇာမဏီတို့ကြားမှ အရှုပ်အထွေးကို ဝင်ရောက်ဖြေရှင်းလိမ့်မည်။
သူက အဲ့လိုလုပ်နိုင်သေးတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
သူ့အတွက် သတင်းကောင်းက သေမျိုးများသည် စည်းမျဉ်းဝိညာဉ်ကို တည်ဆောက်ပြီး စည်းမျဉ်းလက်နက်၏ ရှေ့ပြေးပုံစံကို ရရှိနေပြီဖြစ်သည့်အတွက် သူတို့၏ လူမှုအဖွဲ့အစည်းက အဆင့်(၇)သို့ ရောက်ရှိနေလေပြီ။
ငါ့ရဲ့ သုံးသပ်ချက်က မှန်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သေမျိုးတွေထဲက တစ်ယောက်က နေရာကျယ်တစ်ဝိုက်၌ မည်သို့စည်းမျဉ်းထိန်းချုပ်ရမည်ကို ရူးသွပ်သွားစေလောက်သည့် သီအိုရီတစ်ခု အဆိုပြုလိုက်သည်။ သင်္ကေတ အဖွဲ့အစည်းက သူ့စာတမ်းကို အရူးတစ်ယောက်၏ စကားများသဖွယ် မှတ်ယူခဲ့သော်လည်း ဝမ်ဝေ့ကမူ စည်းမျဉ်းပိုင်နက်၏ ရှေ့ပြေးပုံစံကို မြင်လိုက်ရသည်။ ဤသည်က မူလကျင့်ကြံရေးစနစ်တွင် သူတော်စင်များ ထိန်းချုပ်နိုင်သည့်အရာ ဖြစ်ပေသည်။
ကောင်းကင်တာအိုက သေမျိုးလူမှုအဖွဲ့အစည်းကို အဆင့်(၉)ထိ ရောက်အောင် ခွင့်ပြုပေးထားလား…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုဆုံးဖြတ်ချက်က ဤကပ်ဘေးကို ကျော်လွှားဖို့ ရုတ်တရပ် ဆုံးဖြတ်လိုက်ဟန်ထင်ရသော်လည်း ဝမ်ဝေ့ကမူ အကျိုးအကြောင်းအားလုံးကို မြင်နေမိသည်။
နမူနာအနေဖြင့် ဟွင်သွမ်းကမ္ဘာနှစ်ခုမှ စစ်ပွဲများ ဖြစ်၏။ ကမ္ဘာနှစ်ခု တိုက်ခိုက်သည်နှင့် အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည့် အရေးပါသည့်အချက်က ထိပ်တန်းအင်အားစုများ ဖြစ်ပေသည်။ အကယ်၍ ကမ္ဘာတစ်ခုက ရှေးဦးစံပြ သို့မဟုတ် စံပြများစွာ ရှိနေလျှင် သူတို့၏ အနိုင်ရရှိမည့် အခွင့်အရေးက ပိုမိုမြင့်မားလာလိမ့်မည်။ သို့သော်လည်း သူတို့အတွက် နောက်ထပ်ဖြစ်နိုင်ခြေ နှစ်ခု ရှိလာသည်။
အနာဂတ်၌ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက နောက်ထပ် အနိုင်ရရှိမည့် နည်းလမ်းတစ်ခုကို ရွေးချယ်နိုင်လေသည်။ သူတို့က သေမျိုးလူမှုအဖွဲ့အစည်းကို တစ်ဖက်သူ၏ ရန်သူများနှင့် အဆင့်(၁၀)အောက်ရှိ ကျင့်ကြံသူများကို သတ်ဖြတ်ဖို့ စေလွှတ်နိုင်သည်။ အားလုံးက အားနည်းသည့် ကျင့်ကြံသူများသည် ဘယ်ကမ္ဘာမှာမဆို နောက်ခံကျောရိုးဖြစ်ကြောင်း သိထားကြလေ၏။ အထူးသဖြင့် စစ်ပွဲအတွင်း ဖြစ်ပေသည်။
သူတို့က ဧကရာဇ်၊ ကောင်းကင်ဘုံ၊ စံပြနှင့် ရှေးဦးစံပြများအဖြစ် ကြီးထွားလာမည့် အဖွဲ့ဖြစ်၏။ သို့သော် ဖျက်ဆီးခံလိုက်ရလျှင် မည်သို့ဖြစ်သွားမည်နည်း။ ဤသို့သော စစ်ပွဲမျိုး၌ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အချိန်ယူကာ တစ်ဖက်သူကို ဖျက်ဆီးပစ်နိုင်သည်။ တပ်သားများနှင့် အင်အားစုများကို လေ့ကျင့်ပေးဖို့ သိပ်မကြာမြင့်ပေ။
တိုက်ခိုက်မဲ့ စစ်ပွဲပုံစံက ထာဝရပြောင်းလဲသွားနိုင်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒီလိုအပြောင်းအလဲ ကြီးကြီးမားမားက ကောင်းကင်တာအို ဆုံးဖြတ်ပေးမဲ့ အရာမျိုးတော့ မဟုတ်ဘူး။ အဲဒါဆိုတော့ မဟာတာအိုက ခွင့်ပြုလိုက်တာလား။ အဓိပ္ပာယ်တော့ရှိတယ်။ မဟာတာအိုရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကမ္ဘာရဲ့ ကြီးထွားမှုကို လမ်းပြဖို့ပဲလေ…
သေမျိုးလူမှုအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က အလားအလာတင် မကဘဲနဲ့ သူတို့က ကျင့်ကြံရေးစနစ်ရဲ့ ပါရမီရှင်အရေအတွက်ကိုပဲ သိသိသာသာတိုးမြှင့်ပေးနိုင်တယ်…
သင်္ကေတလူမှုအဖွဲ့အစည်းရှိ သေမျိုးများက ဝမ်ဝေ့၏ အတိတ်ဘဝ၌ ဝတ္ထုများတွင် ဖတ်ရှုခဲ့ဖူးသည့် ထိပ်တန်းလူသားများဟု မှတ်ယူနိုင်လေသည်။ သူတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် သွေးမျိုးဆက်များက သူမ၏ ကန့်သတ်ချက်ကို ရောက်ရှိနေ၍ဖြစ်ကာ သူတို့အတွက် ပါရမီရှိကြောင်း စမ်းသပ်ခံပြီးသည်နှင့် ကျင့်ကြံဖို့ရာ ပိုမိုလွယ်ကူလာလိမ့်မည်။ ဝိညာဉ်စွမ်းအားကို ရယူထားနိုင်သည့် ဉာဏ်အလင်းပွင့်လူသားများကမူ စိတ်ဝိညာဉ်အတတ်ပညာနှင့် ကျွမ်းကျင်အတတ်ပညာရှင်များနှင့် အတတ်ပညာများကို သင်္ကေများ ရေးထွင်းနိုင်လေသည်။ သူတို့က ကျင့်ကြံရေးပါရမီ မရှိလျှင်ပင် သူတို့၏ မျိုးနွယ်များက ထိုသို့သော ပါရမီ ရှိနိုင်ခြေများ၏။
တကယ်လို့ ဟွင်သွမ်းကမ္ဘာတိုင်းမှာ သေမျိုးလူမှုအဖွဲ့အစည်း ရှိနေတယ်ဆိုရင် ဟွင်သွမ်းစကြဝဠာကြီးက စည်ပင်ကြွယ်ဝလာလိမ့်မယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ထူးကဲသာလွန်မှုခေတ်ကာလရဲ့ အရေးသာချက်နဲ့ ဒီလိုမျိုးကြီးထွားလာမှုက လိုအပ်တယ်။ ခေတ်ကာလအသစ်က တတ်နိုင်သမျှ စည်ပင်ကြွယ်ဝဖို့ သေချာအောင်ပေါ့။ ဒါပေမဲ့ ကိစ္စတွေက ဒီလောက်ရိုးရှင်းပါ့မလား…
ဝမ်ဝေ့က ကမ္ဘာ၏ ၉၉ ရာခိုင်နှုန်းသည် သေမျိုးများဆီ စွမ်းအားပေးဖို့ရာ ငြင်းဆန်ကြမည်ဖြစ်ကြောင်း သေချာနေလေ၏။ မသေမျိုးမဟုတ်သည့် ကျင့်ကြံသူများကမူ ထိုပုရွက်ဆိတ်များအား သူတို့ကို နာကျင်အောင် လုပ်မည့်စွမ်းအားရှိဖို့ ခွင့်ပြုမည် မဟုတ်ပေ။ မသေမျိုးကျင့်ကြံသူများကမူ သူတို့သည် သေမျိုးများနှင့် ကွဲပြားသည်ဟု ယုံကြည်ထားကြ၏။ ထို့ကြောင့် သေမျိုးများကို ဆိုမထားနှင့် လူအများစုက သူတို့ကမ္ဘာ၏ ယေဘုယျအကျိုးအမြတ် သို့မဟုတ် ကျင့်ကြံရေးလူမှုအဖွဲ့အစည်း၏ ယေဘုယျအကျိုးအမြတ်ကို ဂရုစိုက်ကြမည် မဟုတ်ပေ။
နောက်ဆုံးတွင် သေမျိုးလူမှုအဖွဲ့အစည်းက မသေမျိုးအဆင့်ထိ ရောက်ရှိလာနိုင်သည့် အကြောက်တရားလည်း ရှိနိုင်သေးသည်။ ထိုဖြစ်နိုင်ခြေက အတော်လေး သေးငယ်လှသော်လည်း ဖြစ်နိုင်ခြေ ရှိနေသေး၏။ ထိုသို့သော အကြောက်တရားမျိုးက ထိုအင်အားစုအများစုကို တားဆီးဖို့ရာ လုံလောက်ပေသည်။ တချို့ကမူ သူတို့၏ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ရာ၌ အောင်မြင်သွားနိုင်ပြီး ဟွင်သွမ်းတစ်ကမ္ဘာလုံးက ခွင့်ပြုနိုင်မည် မဟုတ်ပေ။
သူတို့ရဲ့ ကမ္ဘာက ကပ်ဘေး မရင်ဆိုင်ရသရွေ့ပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါမှမဟုတ်ဘူးဆိုရင်လည်း သူတို့က ကျူးကျော်ခံရပြီးတော့ လူမှုအဖွဲ့အစည်းရဲ့ အကျိုးကျေးဇူးကို မြင်သွားတာမျိုးပေါ့…
ဝမ်ဝေ့က မဟာတာအို၏ နည်းလမ်းများကို မှန်းဆမိလေသည်။ သူက ထင်ထားသည့်အတိုင်း တတိယမူလစစ်ပွဲကို မစတင်ရသေးလျှင်ပင် ရောက်ရှိလာမည့် ထူးကဲသာလွန်မှုခေတ်ကာလက စစ်ပွဲအချိန်ကာလဖြစ်ပြီး ဟွင်သွမ်းစကြဝဠာတစ်လျှောက် ရိုက်ခတ်မှုဖြစ်သွားစေလိမ့်မည်။ ထူးကဲသာလွန်မှုများက အရင်းအမြစ်များ လိုအပ်ကာ စံပြများနှင့် မတူညီဘဲ ဟွင်သွမ်းကမ္ဘာတစ်ခုဖြင့် လုံလောက်မည် မဟုတ်ပေ။ တခြားနည်းဖြင့် ပြောရလျှင် သိမ်းပိုက်သည့် အပြုအမူက နေ့စဉ်လုပ်ငန်းဆောင်တာ တစ်ခု ဖြစ်လာလိမ့်မည်။
တကယ်တော့ ငါ့ရဲ့ သုံးသပ်ချက်က အပေါ်ယံပဲ ရှိသေးတယ်။ သေမျိုးလူမှုအဖွဲ့အစည်း ဒါမှမဟုတ် သင်္ကေတလူမှုအဖွဲ့အစည်းက သိပ္ပံနဲ့ နည်းပညာနဲ့ ကျင့်ကြံရေးလူမှုအဖွဲ့အစည်းတို့နဲ့ ပြီးပြည့်စုံစွာ ဖွဲ့စည်းသွားမယ်ဆိုရင် သေမျိုးတွေက သုံးလို့ရနိုင်တယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် တာအိုက ငါ့ကို ကမ္ဘာမြေရဲ့ သိပ္ပံနဲ့ နည်းပညာလူမှုအဖွဲ့အစည်း ဒါမှမဟုတ် သမိုင်းမတိုင်မီကမ္ဘာကို သဟဇာတဖြစ်ဖို့ နယ်ရုပ်အနေနဲ့ အသုံးချခဲ့တာပဲ…
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
ငါ့မှန်းဆထားသလောက် ယင်ကျန်းနဲ့ ငါက ကမ္ဘာမြေကနေ ပြန်လည်ဝင်စားတဲ တစ်ဦးတည်းသောသူတွေ မဟုတ်ဘူး။ တခြားသူတွေကလည်း ကမ္ဘာမြေက တခြားအတွေးအခေါ်တွေကို ဖြန့်ကျက်ဖို့ ဗဟိုချက်အနေနဲ့ အသုံးချခံထားရတယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
ငါက ပထမဦးဆုံးသူ မဖြစ်နိုင်လောက်ဘူး။ ဗုဒ္ဓဘာသာဖြစ်ဖြစ် ဒါမှမဟုတ်ဘူးဆိုရင် မွန်ဂိုလီးယားအပေါ်မှာ အခြေခံထားတဲ့ လူရိုင်းမျိုးနွယ်ပဲဖြစ်ဖြစ် သူက မဟာတာအိုက တမင်ဖန်တီးထားတာပဲ ဖြစ်နိုင်တယ်။
တခြားနည်းနဲ့ဆိုရမယ်ဆိုရင်တော့ ကမ္ဘာမြေက မဟာတာအိုအတွက် လှုံ့ဆော်မှု အရင်းအမြစ်ပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ငါက ကမ္ဘာမြေ ဒါမှမဟုတ် သမိုင်းမတိုင်မီကမ္ဘာကို ကာကွယ်ပေးထားနိုင်တယ်လို့ ယူဆခဲ့တာ။ မဟာတာအိုက အဲဒါကြောင့် ပစ်မှတ်ထားခဲ့တာပေါ့။ အဲဒါက အမှန်ဖြစ်ပါ့မလား။ ဒါမှမဟုတ် မဟာတာအိုက ပိုမိုတန်ဖိုးထားလို့ ပစ်မှတ်မထားခဲ့တာလား။ ဒါပေမဲ့ တစ်ရက်ကျရင် ကမ္ဘာမြေက အဖိုးမတန်တော့တဲ့အချိန်မှာ ပျက်သုဉ်းမှုတွေက စတင်လာမှာလား…
ခဏလေးနေပါဦး။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးတယ်။ ကမ္ဘာမြေပေါ်မှာ ငါက ကံကြမ္မာမျိုးစေ့ဆိုပြီး ဘာလို့များ သုံးသပ်ခဲ့တာလဲ…
ကမ္ဘာမြေမှာ ရှိနေသည့် လူတစ်ယောက်အတွက် ကံကြမ္မာကာဒီနယ်ရာထူးအတွက် ရွေးချယ်ခံရသည် ဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။ မဟာတာအိုက တစ်စုံတစ်ယောက်ကို ခေါ်ဆောင်လိုပြီး ကမ္ဘာမြေမှ အတွေးအခေါ်များကို ထုတ်သုံးလိုကာ ဟွင်သွမ်းစကြဝဠာ၏ စည်ပင်ကြွယ်ဝမှုကို အကျိုးပြုစေလိုသည်။
အဲဒါကြောင့် ငါက ကံကြမ္မာမျိုးစေ့ထဲက တစ်ယောက် ဖြစ်ခဲ့တာကိုး။ ဒီရှုပ်ထွေးမှုက ဘယ်လောက်တောင် နက်နဲနေတာလဲ။ ငါ့ရဲ့ ဘဝက အဲဒီခွေးကောင်ရဲ့ စီစဉ်မှုကို ဘယ်လောက်တောင် ခံနေရတာလဲ…
ဝမ်ဝေ့က ဒေါသထွက်လာမိသည်။ သူ့တည်ရှိမှုက သမိုင်းမတိုင်မီကမ္ဘာတွင်ရှိနေသည့် အကန့်အသတ်ရှိစွမ်းအားကို အသုံးချနေသည့် မဟာတာအိုကြောင့်သာ ဖြစ်၏။ သူ့ကို ဝါးမျိုသွားသည့် အက်ကြောင်းကလည်း မတော်တဆတစ်ခု မဟုတ်ဘဲ မရှောင်လွှဲနိုင်သည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် ထိုအရာက သူသည် နောက်ဆုံး ကံကြမ္မာမျိုးစေ့ ဖြစ်နိုင်မလား၊ မဖြစ်နိုင်မလား ဆုံးဖြတ်ဖို့ စမ်းသပ်ချက်တစ်ခုသာ ဖြစ်၏။