← Chapters

ရှုရှု၏ ကံကြမ္မာ

Vol. 100 Ch. 1391

ရှုရှု၏ ကံကြမ္မာ

Vol. 100 Ch. 1391

အရိပ်က အသက်ပြင်းပြင်းရှူကာ ရှုရှု၏ ခန္ဓာကိုယ်အနား ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။ သူက ဂရုတစိုက်ဖြင့် အံ့ဖွယ်အသိစိတ်ကို ထုတ်ကာ သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို စစ်ဆေးကြည့်လိုက်၏။ ပုံမှန်အားဖြင့် ထိုသို့သော အပြုအမူမျိုးက လူတစ်ယောက်၏ ကိုယ်ပိုင်ဘဝကို ကျူးလွန်နေသည်ဟု မှတ်ယူနိုင်လေသည်။ ဧကရာဇ်၏ လက်အောက်ငယ်သားတစ်ယောက်ဖြင့် သူသည် သမားတော်တစ်ယောက်မဟုတ်သရွေ့ တော်ဝင်ကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ကို ဘယ်သောအခါမှ မထိသင့်ပေ။ သို့သော်လည်း ယခု အခြေအနေက ကွဲပြားနေ၏။ ဤသည်က ဧကရာဇ်၏ လုံခြုံမှုနှင့် ပတ်သက်နေသည့်အတွက် အရိပ်က  ပြောလိုက်ရခြင်း ဖြစ်သည်။

“ဘယ်လိုလဲ” ရှုရန်က အရိပ် မျက်မှောင်ကြုတ်ပြီး စကားတစ်ခွန်းမှမဆိုသည်ကို မြင်သည့်အခါ မေးလိုက်ရသည်။

“သူမရဲ့ တည်ရှိမှုက ပြိုလဲနေတာပါ” အရိပ်က ပြန်ဖြေလိုက်သည်။

“ဘာ အဲ့လောက်တောင် ပြင်းထန်တဲ့ ဒဏ်ရာမျိုးလား” ရှုရန်က မေးလိုက်သည်။ ထိန်းချုပ်ထားရသည့် ဒေါသတို့က ချက်ချင်း ပြန်လည်ပေါ်ထွက်လာလေ၏။

“အဲဒါဆိုတော့ တစ်စုံတစ်ယောက်က သူမကို ကြံစည်လိုက်တာလား”

“အဲ့လို မဟုတ်လောက်ပါဘူး” အရိပ်က ရှင်းပြလိုက်သည်။

“မင်းက ဘာပြောတာလဲ”

အရိပ်က တိတ်ဆိတ်နေလေ၏။

“အခုမှ လာတိတ်ဆိတ်နေတာလား” ရှုရန်က သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်ကာ အရိပ်ကို နိုးထခိုင်းလိုက်သည်။

“မင်း တွေ့တာတွေကို ရှင်းပြ”

“တော်ဝင်ကိုယ်လုပ်တော်က ကျရှုံးသွားတဲ့ စမ်းသပ်ချက်တစ်ခုပါပဲ။ သူမ တည်ရှိမှုရဲ့ အုတ်မြစ်တွေက ပြီးပြည့်စုံမှု သဘောတရားဆိုတော့ သူမက သင့်လျော်အောင် လုပ်မထားရင် ပြိုလဲမှာ မဟုတ်ပါဘူး”

ရှုရန်က ထိုစကားကို ကြားကာ လက်သီးဆုပ်မိသွားသည်။ သူက ထိုအချက်ကို မေ့လုနီးပါးဖြစ်နေခဲ့၏။ ပြီးပြည့်စုံလုနီးပါး စမ်းသပ်ချက်များက ကြာရှည်မခံတတ်ပေ။ အောင်မြင်သည့်အရာများကမူ သူတို့၏ ဟာကွက်ကို ဖြည့်တင်းဖို့ လုံလောက်သည့် အနေအထားတစ်ခုအထိ ကျင့်ကြံဖို့ ပစ္စည်းများ လိုအပ်လေ့ရှိသည်။ ရှုရှုက ကျင့်ကြံခြင်းမရှိဘဲ ကြာကြာအသက်ရှင်နိုင်သည်မှာ အင်မော်တယ်ဆေးလုံးများစွာကို သောက်သုံးထား၍ ဖြစ်သည်။ အဆိုးဆုံးအနေအထားက သူမသည် လက်ရှိအနေအထားအရ ကျင့်ကြံနိုင်ခြင်း မရှိပေ။

“ဖြေရှင်းနည်းရှိလား” ရှုရန်က မေးလိုက်သည်။

“အခုကတော့ သူမကို ပြန်ပြီး…”

အရိပ်က ရပ်တန့်လိုက်သည်။ ဧကရာဇ်က ရှုရှုတွေ့ရှိခဲ့သည့် ဒိုင်မေးရှင်းကို ဖျက်ဆီးပစ်ခဲ့ပြီးသည်ကို အမှတ်ရသွားလေ၏။ အဆိုးဆုံးအနေအထားက ဤသည်က အရိပ်၏ အကြံပြုချက် ဖြစ်နေလေသည်။

“ကျွန်တော်တို့တွေ ပြိုလဲသွားတာကို တားဆီးဖို့ ယာယီ ချိတ်ပိတ်ထားလို့တော့ ရပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဖြေ ရှိနိုင်ပါတယ်”

ရှုရန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းပြီး သူကိုယ်တိုင် စစ်ဆေးကြည့်လိုက်သည်။ သူက သူ့စွမ်းအားတချို့ကို သူမ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ့အပြုအမူက ဖြစ်စဉ်ကို မြင့်တက်စေကာ ရှုရှု၏ ဆံပင်က အဖြူရောင်ပြောင်းလဲသွားလေသည်။

ရှုရန်က ချက်ချင်းဆိုသလို ရပ်တန့်လိုက်၏။

“ဉာဏ်ကြီးရှင်တွေကို ဆင့်ခေါ်လိုက်။ ငါ နေမထွက်ခင် အဖြေလိုတယ်”

ရှုရန်က အမိန့်ပေးလိုက်သည်။ သူ့အကြည့်က သူမ၏ ဘေးမှ ဖယ်ရှားသွားခြင်း မရှိပေ။

“နောက်ဆုံးတစ်ခုက ဒီခန်းမကနေ သတင်း ပေါက်ကြားသွားလို့ မဖြစ်ဘူး”

“အမိန့်အတိုင်းပါ” အရိပ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ လက်ရှိတွင်ရှိနေသည့် အစေခံမိန်းမပျိုအားလုံးကို သတ်ဖြတ်ပြီးသည့်နောက်တွင် သူက ဉာဏ်ကြီးရှင်နှင့် ဉာဏ်အလင်းပွင့် သက်ရှိများကို ဆင့်ခေါ်လိုက်၏။ သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် ထိုပညာရှင်များက ရှုရန်အား ဖြေရှင်းနည်း နှစ်ခု  ပေးလာလေသည်။

သူက ပလ္လင်ပေါ်တွင်ထိုင်ကာ သူတို့၏ စကားများကို သုံးသပ်နေလေ၏။ ပထမဖြေရှင်းနည်းက  သူသာ အန္တိမသဟဇာတကို ရှုရှုကို ထုတ်ပြလိုက်လျှင် ဆုံးရှုံးသွားနိုင်ခြေရှိသည့်အတွက် အသုံးပြု၍ မရနိုင်ပေ။ အကယ်၍ တာအိုဘာသာထံ အကူအညီတောင်းဆိုပါက  သူတို့သည် သူမအား အသုံးချကာ သူ့ကို ထိန်းချုပ်လာနိုင်ခြေ ရှိသည်။ သူက အဆုံးသတ်၌ သူမကို ဆုံးရှုံးရလိမ့်မည်။

“ငါတို့ဆီမှာ ပြီးပြည့်စုံမှုတာအိုအတွက် ဘာမှအရင်းအမြစ် မရှိဘူးဆိုတာ သေချာရဲ့လား” ရှုရန်က ဘဏ္ဍာရေးအမတ်ကို ကြည့်ကာ မေးလိုက်သည်။

“အရှင် အဲ့လိုအရာတွေက တကယ်ကို ရှားပါတယ်။ ကျုပ်တို့လက်ထဲမှာ ဘာမှမရှိပါဘူး”

“ဒါပေမဲ့ ငါတို့မှာ ပြီးပြည့်စုံတဲ့ အနှစ်သာရပါတဲ့ သလင်းကျောက် ရှိသလားလို့”

“အဲဒါက ရှုကျင်းယောင်ဆီ လက်ဆောင်ပေးလိုက်တာပါ” အမတ်က ပြန်ဖြေလိုက်သည်။

“သူမလား” ရှုရန်၏ အကြည့်များက တောက်ပလာလေ၏။

“ဟုတ်တယ် သူမပဲ။ ငါသာ သူမကို ရပြီးတော့ သူမရဲ့ သွေးနဲ့ ဝိညာဉ်ကို ပြန်လည်သန့်စင်နိုင်မယ်ဆိုရင် ရှုရှုကို ပြီးပြည့်စုံပြီးတော့ သူမရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်”

ရှုရန်ကို အရိပ်ကို လှမ်းကြည့်လိုက်၏။

“တတ်နိုင်သမျှ မြန်မြန်ရှာဖို့က မင်းအလုပ်ပဲ။ တန်ကြေးက ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့”

“အရှင် အဲဒီအမျိုးသမီးကို ရှာတွေ့နိုင်ခြေက သိပ်မမြင့်ဘူး။ အထူးသဖြင့် ဒီလိုအကြပ်အတည်းကာလမျိုးမှာပေါ့”

“မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ဖို့က မင်းအလုပ်ပဲ” ရှုရန်က ပြန်ပြောလိုက်သည်။

“ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်။ ဒါပေမဲ့ ပြီးပြည့်စုံမှုအပေါ်မှာ စမ်းသပ်ကြတဲ့ တခြားသူတွေရဲ့ အကြွင်းအကျန်တွေကို ရှာဖို့လည်း အာရုံစိုက်ထားဖို့ အကြံပြုချင်ပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးက အောင်မြင်နိုင်ခြေ ပိုမိုမြင့်မားလိမ့်မယ်”

“နှစ်ခုလုံး လုပ်လိုက်” ရှုရန်က အမိန့်ပေးလိုက်သည်။ သူက တခြားအစည်းအဝေးထဲရှိ တခြားအဖွဲ့ဘက်ကို လှည့်ကာ ပြောလိုက်သည်။

“စည်းတံဆိပ်က ဘယ်လောက်ကြာမှာလဲ”

အဖွဲ့က အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ခေါင်းဆောင်က ထွက်ကာ ရှင်းပြလိုက်ရသည်။

“တကယ်လို့ ကံကောင်းတယ်ဆိုရင်တော့ နှစ် ၂၀၀ လောက်ပါ”

“အဲ့လောက်တောင် နည်းတယ်လား။ မင်းတို့လူတွေက အဲ့လောက်တောင် အသုံးမကျဘူးလား”

“အရှင် ကျုပ်တို့ဆီမှာက ပြီးပြည့်စုံမှုအကြောင်း ဘာမှဗဟုသုတ ရှိမထားပါဘူး။ ဒါက ကျုပ်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအနေအထားပါ” လူလတ်အရွယ်အမျိုးသားက  အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူက အရှင်မင်းကြီးအား သူ့ယခင်အပြုအမူများသည် တော်ဝင်ကိုယ်လုပ်တော်၏ အချိန်ကို လျော့ကျသွားစေကြောင်း ပြောလိုသော်လည်း မလုပ်ရဲပေ။

ရှုရန်က ညည်းတွားလိုက်၏။

“ကံကောင်းတယ်လို့ ပြောတယ်ဆိုတော့ ကံမကောင်းခဲ့ရင်ရော”

“နှစ်သုံးဆယ်ထက် နည်းပါးလိမ့်မယ်”

“ဘာ” ရှုရန်က မေးလိုက်သည်။ သူ့ထိန်းချုပ်မှုကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားလေ၏။ နှစ်သုံးဆယ်က သေမျိုးများအတွက် ကြာနိုင်သော်လည်း သူ့အဆင့်လိုအနေအထားမျိုးအတွက်မူ စက္ကန့်ပိုင်းနှင့်ပင် မယှဉ်နိုင်ပေ။

“မဟုတ်သေးဘူး။ အချိန်က တိုလွန်းတယ်။ ငါတို့တွေ ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်း လိုတယ်”

ရှုရန်က ထိုပညာရှင်များကို ကြည့်ကာ သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လိုက်သည်။ သူတို့က ချက်ချင်းဆိုသလို ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။

“အရှင် ကျုပ်တို့အကောင်းဆုံး ကြိုးစားခဲ့တာပါ”

“မလုံလောက်သေးဘူး” ရှုရန်က အေးစက်စက်ပြောလိုက်သည်။

“ငါ့ကို ဖြေရှင်းနည်းတွေ ပေး။ မဟုတ်ရင် သေလိုက်တော့”

“ကျုပ်တို့ဆီမှာ ဖြေရှင်းနည်းတွေ မရှိတော့ပါဘူး။”

သို့သော်ငြား ရှုရန်က သူ့ကို လျစ်လျူရှုထားပြီး ဖိအားဖြည်းဖြည်းချင်း တိုးမြှင့်လိုက်သည်။ အခန်း၏ တင်းကြပ်မှုက မခံနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိလာသည့်အခါ ပညာရှင်တစ်ယောက်က အော်ပြောလိုက်လေသည်။

“သူမကို ကျင့်ကြံဖို့ ကြိုးစားခိုင်းကြည့်လို့ရပါတယ်”

“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့” တခြားသူများက အော်ပြောလိုက်၏။

“အဲဒါက တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်နေနိုင်တယ်” ထိုပညာရှင်က ပြန်လည်ငြင်းခုန်လိုက်သည်။ တခြားသောသူများက ထိုခွေးကောင်ကို သတ်လို၏။ သူ့စကားများက သူတို့အားလုံးကို သတ်ပစ်နိုင်ခြေ ရှိလေသည်။

“ခွေးကောင် ဒါက ဘယ်လိုလုပ် ဖြေရှင်းနည်းဖြစ်မှာတုန်း။ ဘယ်သူကမှ မကျင့်ကြံနိုင်ဘူး။ မင်းက နေမင်းနှစ်စင်းကို ရုတ်တရက် မကျော်လွန်သွားသရွေ့ပေါ့။ အဲဒါကြောင့် ပါးစပ်ပိတ်ထားလိုက်”

“ငါတို့က တာအိုဘာသာဆီ ခြွင်းချက် တောင်းဆိုလို့ရတာပဲ”

“သူတို့က သဘောတူမယ်များ ထင်နေလား”

“တူကောင်းတူနိုင်ပါတယ်”

“ခွေးကောင် မင်းက ငါတို့ကို အသတ်ခံရအောင်လုပ်နိုင်တာပဲ”

“နှာခေါင်းကြီးချန် ငါ သေသွားရင်တောင် မင်းရဲ့ ဘိုးဘေး ၁၈ ခုစာလောက်ကို ကျိန်စာတိုက်ပစ်မယ်”

“မင်း”

“တိတ်ကြစမ်း” ရှုရန်က အော်ပြောလိုက်သည်။ သူက တာအိုဘာသာထံ ပူးပေါင်းမှုအတွက် တောင်းဆိုရမလားဟု စဉ်းစားနေမိသည်။ အပြန်အလှန်အနေဖြင့် ဤကိစ္စကို တောင်းဆိုနိုင်လိမ့်မည်။

ပြဿနာကမူ သူတို့၏ အကြည့်အောက်တွင် ရှုရှုကို ဖုံးကွယ်ခြင်း ဖြစ်၏။

“ဒါက အလုပ်ဖြစ်နိုင်တယ်” ရှုရန်က ရေရွတ်လိုက်သည်။

“အရှင်မင်းကြီး အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” နောက်ထပ် ပညာရှင်တစ်ယောက်က ပြောလာသည်။

“အဲဒါက ဘာကိုပြောတာလဲ”

“ကျွန်တော်တို့တွေက အဲဒီနိုင်ခြေကို စဉ်းစားပြီးသွားပါပြီ။ အဲဒီတော့ တိုက်ခိုက်ရေးနည်းစနစ်နဲ သူမရဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့လည်း သုံးသပ်ပြီးသွားပါပြီ” ပညာရှင်က ရှင်းပြလိုက်သည့်အခါ ရှုရန်က ခေါင်းညိတ်လိုက်သည်။ သူက သော့ခလောက်၏ ကျင့်ကြံရေးကန့်သတ်ချက်သည် နည်းစနစ်များကို မြှင့်တင်ခြင်း သို့မဟုတ် တိုက်ခိုက်ရေးများကို မြှင့်တင်ခြင်းတို့ အပါအဝင် ဟာကွက်ရှိနေကြောင်း သိထားလေ၏။

“ဒါပေမဲ့ ကျုပ်တို့ရဲ့ တွက်ချက်မှုအရ ဒီချဉ်းကပ်မှုက တော်ဝင်ကိုယ်လုပ်တော်ရဲ့ တည်ရှိမှု ပြိုလဲတာကို အရှိန်မြှင့်တင်သွားပါလိမ့်မယ်။ တကယ်တော့ သူမကို ကုစားဖို့ ကြိုးစားသမျှက ပြီးပြည့်စုံမှု မပါဝင်ဘူးဆိုလျှင် သူမကို ထိခိုက်စေပါလိမ့်မယ်”

ရှုရန်က ဒေါသတကြီးဖြစ်လာကာ နှာခေါင်းကြီးချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့ကို လိမ်တာလား”

“ကျုပ် ကျုပ် ကျုပ်” နှာခေါင်းကြီးချန်က တုန်လှုပ်လာသည်။ သူက ထိုစကားများကို ပြောလိုက်သည်မှာ ယနေ့ဖြစ်ရပ်၌ အသက်ရှင်ဖို့ရာသာ ဖြစ်၏။ အဆိုးရွားဆုံးအနေဖြင့် သူက ထိုအခွင့်အရေးကို အသုံးပြုကာ လွတ်မြောက်နိုင်သည်။ နှာခေါင်းကြီးချန်က အကောင်းဆုံးကြိုးစားကာ ရှင်းပြချက်ကို ရှာဖွေလိုက်သည်။ သို့သော် ရှုရန်က သူ့ကို အခွင့်အရေးပင် မပေးပေ။ သူ့ခန္ဓာကိုယ်က သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားပြီး ပလ္လင်ခံအတွင်း ပြန့်ကျဲသွားလေသည်။

တချို့သော သတ္တိကောင်းသည့်သူများကမူ သွေးများကို မမြင်နိုင်ဖွယ် ဒိုင်းကာဖြင့် တားဆီးလိုက်ကြ၏။ သို့သော် လူအများစုကမူ မလှုပ်ရှားရဲဘဲ ခန္ဓာကိုယ်များ စွန်းထင်းကုန်လေသည်။

ရှုရန်က သူ့ပလ္လင်ပေါ်ထိုင်ရင်း နားထင်ကြောကို ဖိကာ ရေရွတ်လိုက်သည်။

“ထွက်သွားကြ။ လုပ်သင့်တာ လုပ်လိုက်”

သူက ထိုပညာရှင်များကို သတ်ဖြတ်ခြင်းက သူ့လက်ရှိအနေအထားကို ပြောင်းလဲစေမည် မဟုတ်ကြောင်း သဘောပေါက်ထားလေသည်။ သူက အရိပ်ဆီမှ သတင်းကောင်းကို စောင့်ဆိုင်းရမည်။

ရှုရန်က ရှုရှစ်၏ ဘေးမှ ထွက်မသွားဘဲ သတင်းကောင်းကို စောင့်ဆိုင်းနေလေ၏။ ရက်သတ္တပတ်တချို့ကြာပြီးသည့်နောက်တွင် အရိပ်က သူသည် တစ်စုံတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းဖြင့် ပြန်လည်ရောက်ရှိလာသည်။ သို့သော် ဤသည်က စစ်ဆေးမှုတစ်ခု ဖြစ်နေလေ၏။ နှမြောစရာကောင်းလှစွာဖြင့် စမ်းသပ်ချက်ကို မကျော်ဖြတ်ဘဲ ပါဝင်သည့် သတင်းအချက်အလက်များကို မည်သူမှ မရနိုင်ပေ။

ရှုရန်က အချိန်မဖြုန်းလိုသည့်အတွက် သူ့လွှမ်းမိုးမှုကြီးမားသည့် စွမ်းအားဖြင့် အတင်းအကြပ်ယူဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ထိုအရာက အလိုအလျောက် ဖျက်ဆီးပစ်လာသည့်အတွက် သူပင် ထိခိုက်လုနီးပါးဖြစ်သွားလေသည်။

ထို့နောက် သူက စိတ်ရှည်ရှည် ထားထားရသည်။ ပညာရှင်များက သမိုင်းကြောင်းကို ပြန်လည်ဖတ်ရှုကာ ပြီးပြည့်စုံသည့် လမ်းစဉ်ကို စိတ်ဝင်စားခဲ့သည့် ရှေးဟောင်းကျင့်ကြံသူများ၏ သတင်းအချက်အလက်ကို ရှာဖွေဖို့ ကြိုးစားနေကြသည်။ နှမြောစရာကောင်းလှစွာဖြင့် အချိန်စားသုံးသူက သမိုင်းကြောင်းအများစုကို ရှင်းထုတ်ပစ်ခဲ့လေသည်။ ရှုရန်အနေနှင့် မှတ်တမ်းများ သိမ်းဆည်းမထားခဲ့ရသည့်အချက်ကို နောင်တရနေမိသည်။ သူက ရှေးဟောင်းမျိုးနွယ်များမှ သတင်းအချက်အလက်ကို ရယူဖို့ ထည့်သွင်းစဉ်းစားသော်လည်း တခြားသူများမှ နောက်ခံမရှိဘဲ သူတို့၏ ဂိုဏ်းများကို မကျူးကျော်ရဲပေ။

ရှုရန်၏ ကံကောင်းမှုက ကုန်လုနီးပါးဖြစ်နေကာ ရှုရှု၏ ပြိုလဲမှုက အရှိန်မြှင့်တင်လာသည့်အတွက် သူ့တွင် အချိန်နှစ် ၂၀၀ ပင် မရတော့ပေ။ ၁၅ နှစ်တာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူမ သေဆုံးလုနီးပါးဖြစ်လာပြီး ရှုရန်ကလည်း ရူးသွပ်လုနီးပါး ဖြစ်လာလေသည်။ ထိုစဉ် အရိပ်က သူ့အား သတင်းကောင်း ယူဆောင်ပေးလာ၏။

“ဘာသတင်းကောင်းလဲ မြန်မြန်ပြော” ရှုရန်က သူတို့၏ တွေ့ဆုံမှုအခန်းထဲ ရောက်ရှိလာကာ ပြောလိုက်သည်။ သို့သော်လည်း သူက တုံ့ဆိုင်းနေလေ၏။

“ဘာလဲ မင်း တွေ့တာနဲ့ တစ်ခုခုမှားနေလို့လား”

“အရမ်းကို တိုက်ဆိုင်လွန်းလို့ပါ” အရိပ်က ပြန်ဖြေလိုက်သည်။

All Chapters