တိုက်ကွက်နှစ်ကွက်
Vol. 100 Ch. 1392
“ဘာတွေပြောနေတာလဲ” ရှုရန်က မေးလိုက်ပြီး သူ့စိတ်မရှည်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အရှင် ကျွန်တော်ပြောတာက နောက်ဆုံးစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အချိန်မှာ ဒီဟာ ဘာလို့ ရှာဖွေတွေ့ရှိခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ထည့်သွင်းစဉ်းစားဖို့ ပြောနေတာပါ”
“ငါ မင်းရဲ့ အဓိပ္ပာယ်မရှိတာတွေအတွက် အချိန်မရှိဘူး။ ငါ့ကို ပေးလိုက်”
“အရှင်…”
ရှုရန်က လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ အရိပ်က သူ့ဆီ ခုခံခြင်းမရှိ ရောက်ရှိလာသည်။ မြေကမ္ဘာဧကရာဇ်က သူ့လည်ပင်းကို ဆုပ်ကိုင်ပြီး သူ့မျက်ဝန်းများက သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်နေသည်။
“မင်းက ငါ့ရဲ့စိတ်ရှည်မှုကို လာပြီးစမ်းနေတာပဲ။ ငါက မင်းရဲ့ ခစားခဲ့တဲ့ နှစ်တွေအတွက် နောက်ဆုံးသော လေးနက်မှုကို ထားပေးနေတာ။ ငါ ပြောတဲ့အတိုင်း လုပ်ရင်လုပ်။ မလုပ်ရင် မင်းနဲ့ မင်းချစ်ရတဲ့သူတွေအားလုံးကို သတ်ပစ်မယ်”
“ကျွန်တော် နားလည်ပါပြီ” အရိပ်က သူ့အား အဆောင်တစ်ခုကို ပေးလိုက်သည်။ ရှုရန်က သတင်းအချက်အလက်ကို လက်ခံရရှိလိုက်၏။ အဆောင်က ယေဘုယျဇာတ်ကြောင်းတစ်ခုကို ရေးသားထားလေသည်။ စံပြတစ်ယောက်က ပြီးပြည့်စုံသည့် သဘောတရားအပေါ် စွဲလမ်းမှုဖြစ်လာပြီး ထိုအရာကို နက်နက်နဲနဲ လေ့လာခဲ့သည်။ ရလဒ်ကမူ ပြစ်ချက်ရှိ ထုတ်ကုန်တစ်ခုသာ ဖြစ်နေလေ၏။ သို့သော်လည်း ဤသည်က အချစ်ဝတ္ထုလိုမျိုး ဖန်တီးသူက သူ့လက်ရာနှင့် ချစ်ကျွမ်းဝင်သွားလေသည်။
သို့သော်လည်း ထုတ်ကုန်ပစ္စည်းက ရှုရှုနှင့် တူညီသည့် ကံကြမ္မာကို ခံစားခဲ့ရသည်။ ထို့ကြောင့် ဖန်တီးသူက အသက်ဆန့်ရေးပညာရပ်ဟု ခေါ်ဆိုသည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။ သူက သူ့တည်ရှိမှုနှင့် သူမ၏ တည်ရှိမှုကို ဆက်သွယ်ခဲ့ပြီး သူ့အသက်အား သူမကို မျှဝေခဲ့သည်။ ဤနည်းလမ်းက သူမ၏ အသက်ကို ကြာကြာဆွဲဆန့်ထားပြီး ပိုမိုကောင်းမွန်သည့် ကုဆေးတွေ့သည်အထိ အချိန်ဆွဲပေးနိုင်ခဲ့သည်။
ရှုရန်က ထိုအဆောင်ကို ကြည့်ကာ အရိပ်၏ တုံ့ဆိုင်းမှုအကြောင်းကို နားလည်သွားလေ၏။ အသက်ဆန့်ရေးပညာရပ်က ရှုရှုကို ကယ်တင်နိုင်သော်လည်း သူ့အသက် ပေးဆပ်ရလိမ့်မည်။ သတင်းကောင်းကမူ ထိုနည်းစနစ်က အဆင့်မမြင့်သည့်အတွက် ရှုရန်အနေဖြင့် သူ့အသက်ရှည်အရင်းအမြစ် တစ်ခုကို သုံးပြီး သေခြင်းရှင်ခြင်းတရား၏ တန်ကြေးကို ပြန်လည်ပေးဆပ်နိုင်သည်။ သို့သော်လည်း ဖြေရှင်းနည်း မတွေ့ပါက သူသည် သူမကို ကယ်တင်ဖို့ရာ သူ့ကိုယ်သူ သတ်မိသွားလိမ့်မည်။ ထို့ကြောင့် သူသည် ထိုနည်းလမ်းကို အသုံးပြုရမလား စဉ်းစားနေရင်း တုံ့ဆိုင်းသွားမိသည်။
မဟုတ်သေးဘူး။ ငါ သူမကို ကယ်ရမယ်…
သူက ဆယ်စက္ကန့်အတွင်း ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ရှုရှုလို အမျိုးသမီးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူက ရည်မှန်းချက်နှင့် နီးကပ်နေပြီဖြစ်သည့်အတွက် သူ့ဘေးနားတွင် အုပ်ချုပ်ဖို့ ဧကရီတစ်ယောက် လိုအပ်ပေသည်။ သူက လက်ရှိတိုင်းပြည်၏ ဧကရီကို ဂရုမစိုက်သလို တခြားသော ကိုယ်လုပ်တော်များကိုလည်း ဂရုမစိုက်ပေ။ ထိုလူများနှင့် သူ့ဆက်ဆံရေးက အပေးအယူမျှသာ ဖြစ်၏။ ရှုရှုတစ်ယောက်တည်းသာ သူ့ဘဝ၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်ပေသည်။
ရှုရန်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပြောလိုဟန်ပေါ်သည့် အရိပ်ကိုသာ ချန်ထားခဲ့လေသည်။ သူက ရှုရှုအား အခန်းတစ်ခုအတွင်း ခေါ်ဆောင်သွားပြီး အသက်ဆန့်ရေးပညာရပ်ကို ချက်ချင်းထုတ်သုံးလိုက်သည်။
………………………………
ကမ္ဘာကြီးက နှစ်နှစ်ဆယ်ကြာ တိတ်ဆိတ်နေ၏။ သို့သော်လည်း အားလုံးက လက်ရှိပဋိပက္ခ၏ အထွတ်အထိပ်အခြေအနေကို စောင့်ဆိုင်းနေကြသည်။ ဝမ်ဝေ့က သူ့လျှို့ဝှက်ဒိုင်မေးရှင်းအတွင်း လေထုထဲ မျောလွင့်နေရင်း သူ့မျက်နှာအထက် စိုးရိမ်သောကဟူသော စကားကို ရေးထွင်းထားလေ့ရှိသည်။
ကျိန်စာကပ်ဘေး၏ ပျံ့နှံ့နေမှု လက်ရှိတင်ပြချက်က ကောင်းမွန်ဖို့ရာ အလှမ်းဝေးနေသေး၏။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များ သို့မဟုတ် သူ ဆက်သွယ်ထားသည့် သူလျှိုအဖွဲ့အစည်းများက ကျိန်စာ၏ ဖော်စပ်နည်းကို တာဝန်ရှိသည့်သူကို ရှာမတွေ့ခဲ့ကြပေ။ တစ်ခုတည်းသော သတင်းကောင်းကမူ အာဏာရှင်များနှင့် တခြားသော ရှေးဟောင်းမျိုးနွယ်များကလည်း ထိုကျိန်စာသည် ပြဿနာတစ်ခု ဖြစ်လာနိုင်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် ထာဝရဇာမဏီနှင့် ဝူယွီဇာမဏီတို့၏ ပိုင်နက်ကို ကြီးကြပ်ပိတ်ဆို့ဖို့ အတူတကွ တွဲလုပ်နေကြသည်။ ရောဂါကပ်ဘေးအတွက် စစ်ဆေးခြင်း သို့မဟုတ် ဖမ်းဆီးခြင်း မခံရဘဲ ထိုနေရာများမှ ဝင်နိုင်ထွက်နိုင်ခြင်း မရှိပေ။
ငါက မီးနဲ့ ကစားနေသလိုပဲ…
ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဝူယွီအား ထိုအကြံကို ပေးခဲ့သည့်အတွက် စတင် နောင်တရလာမိသည်။ ယခင်နှစ်ပိုင်းအတွင်း သူက မျိုးနွယ်များဆီမှ သူ စုစည်းနိုင်သမျှ အရင်းအမြစ်အားလုံးကို စုစည်းပြီး ကပ်ဘေးအကြောင်း သိလာခဲ့သည်။ သူတို့က တိုးတက်လာသော်လည်း လက်ရှိအနေအထားအရ ယွမ်ခေတ်ကာလအနည်းငယ်အထိ သိသာမှုရှိဦးမည် မဟုတ်ပေ။
ဝမ်ဝေ့က ညည်းတွားလို၏။
သူက ကပ်ဘေး ထိန်းချုပ်မှုကင်းလွတ်သွားသည့် အနေအထားအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဝိဇ္ဇာသန့်စင်မီးတောက်ကို အပြောင်းအလဲတစ်ခုအနေဖြင့် ထည့်မတွက်မိခဲ့ပေ။ သူက အစီအစဉ် ချမှတ်ထားစဉ်အခါက ဝိဇ္ဇာသန့်စင်မီးတောက်သည် ကြားနေလူမျှသာ ဖြစ်၏။ ခြိမ်းခြောက်မှု သို့မဟုတ် ကစားသမားတစ်ယောက် မဟုတ်ပေ။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ဟမ် နောက်ဆုံးတော့ စပြီလား…
အချစ်ငှက်နှစ်ကောင်က စတင်တိုက်ခိုက်နေကြပြီး ဤတစ်ကြိမ် ရှုပ်ထွေးနေခြင်း မရှိပေ။ စက္ကန့်ပိုင်းခန့်သာ ကြားရသေးသော်လည်း ထာဝရဇာမဏီက အသေးစားဒဏ်ရာတချို့ကို လက်ခံရရှိထား၏။
သူ့အင်အားက ၉၅ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုပေမဲ့ မတည်ငြိမ်သေးဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဝူယွီ၏ တိုက်ကွက်အလားအလာက ၉၂မှ ၉၅ ရာခိုင်နှုန်းအထိ ရှိလေ၏။ တစ်ခါတစ်ရံတွင် ၉၅.၉၉၉ ရာခိုင်နှုန်း ရှိတတ်သည်။ တိုက်ပွဲက အလျင်အမြန် ပြင်းထန်လာပြီး ဝူယွီက ဖြည်းဖြည်းချင်း အရေးသာချက် ရလာလေသည်။
ကြည့်ရတာ သူမက နိုင်မဲ့ပုံပဲ။ ဒါပေမဲ့လည်း အပြစ်ကြွေးတွေရဲ့ ရူးသွပ်မှုက သူမရဲ့ ပြစ်ချက်ကို ရှာဖို့လွယ်ကူတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ထာဝရဇာမဏီရဲ့ စိတ်အနေအထားက အကောင်းဆုံးအခြေအနေမှာ မရှိဘူး။ သူ့စွမ်းအားက သူမထက် ဖိနှိပ်ထားနိုင်မယ်ဆိုပြီးတော့ ယုံကြည်ထားခဲ့တယ်။ အခုတော့ အထင်နဲ့ အမြင်လွဲသွားပြီ။ သူ့အနေနဲ့ ဒါကို လက်မခံနိုင်ဘူး…
ဝူယွီက အကုသိုလ်နှင့် မီးတောက်စွမ်းအားအဖြစ် လောင်ကျွမ်းနေသည့် ဧရာမအနက်ရောင်ဇာမဏီကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက တိုက်ကွက်ကြီးဖြစ်ပြီး ထာဝရဇာမဏီကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ဖို့ရာ ပြင်ဆင်ထားလေ၏။
ထာဝရဇာမဏီကလည်း အလျင်အမြန် လှုပ်ရှားလိုက်သည်။ နောက်ဆုံးတွင် သေမင်းခံတွင်းဝသို့ ရောက်လာသည့်အခါ သူ့ခံစားချက်များကို ထိန်းချုပ်လိုက်ရ၏။ သူက တစ်ဖက်သူ၏ ဟာကွက်ကို တွေ့ရှိသွားကာ ပစ်မှတ်ထားလိုက်သည်။
သူက သူမ၏ ဝိညာဉ်ကို ကျူးကျော်ပြီး သူမ၏ ရူးသွပ်မှုကို အသုံးချဖို့ ပြင်ဆင်လိုက်သည်။ သူ့အတွက် ကံဆိုးစွာဖြင့် ဤသည်က ထောင်ချောက်တစ်ခုသာ ဖြစ်နေလေ၏။ ဝူယွီက သူမထင်ထားသလို ရူးသွပ်ခြင်း မရှိပေ။ သူမက ထောင်ချောက်တစ်ခု ပြင်ဆင်ထားခြင်းသာ ဖြစ်၏။ သူကိုယ်တိုင်ကလည်း ထိုထောင်ချောက်အတွင်း လျှောက်လှမ်းသွားခဲ့သည်။ သူက သူမ၏ အသိစိတ်ပင်လယ်အတွင်း ကျူးလွန်လိုက်သည့်အခါ သူသည် ကျူးကျော်မှုအနေဖြင့် တန်ပြန်သက်ရောက်မှုကို လက်ခံရရှိလိုက်သည်။ ထိုအရာက ထာဝရဇာမဏီအား ကြောက်မက်ဖွယ် ပုံရိပ်ယောင်အတွင်း ကျဆင်းသွားစေ၏။
သာမန်အခြေအနေအောက်တွင် ထာဝရဇာမဏီ၏ ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းနှင့် အသုံးပြုမှုတို့က ပြိုင်ဖက်ထက် ကျော်လွန်သင့်သည်။ သို့သော် ဝူယွီက အကြမ်းပတမ်း ပစ်မှတ်ထားကာ လုံလောက်သော ဝိညာဉ်နှင့် အငြိုးအတေးတို့ဖြင့် ထာဝရဇာမဏီအား အချိန်မီ မတုံ့ပြန်နိုင်အောင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အားလုံးက စစ်ပွဲ၏ ပထမအထွတ်အထိပ်ကို တွေ့ကြုံခံစားရတော့မည်ဟု တွေးထင်နေကြလေသည်။ သို့သော်လည်း ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်သွားလေ၏။ ထို့နောက် မိုးမြေကြားတွင် ရွတ်ဖတ်သံများနှင့် ဗုံတီးသံများက ထွက်ပေါ်လာကာ ဗိမာန်တစ်ခု၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထာဝရဇာမဏီက ပျောက်ကွယ်သွားလေသည်။
လူအများစုက စိတ်ရှုပ်ထွေးနေကြစဉ် လူတချို့ကသာ ထိုဗိမာန်ကို သိကြလေသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် တစ်ခုခု ရှိနေကြလေ၏။ ဤသည်က သွေးကြွေးဆပ်ရေး ယစ်ပူဇော်ပွဲ ဖြစ်ပေသည်။ ထိုသူများက တစ်စုံတစ်ယောက်သည် ဝေစုတစ်ခု ယူရဲဖို့ရာ သတ္တိကောင်းကြောင်း နားလည်သွားကြ၏။ ကြည့်ရသည်မှာ သူတို့က သေးနုပ်သည့် ပါမွှားမျှသာ ဖြစ်နေလေသည်။
ကောင်းတယ်…
ဝမ်ဝေ့က ရေရွတ်လိုက်သည်။
မုန့်ခယ်က နောက်ဆုံးတော့ လှုပ်ရှားလာပြီပဲ…
ရှုရန် အာရုံထွေပြားနေတုန်း လှုပ်ရှားဖို့ အချိန်ကောင်းပဲ…
သူက အချိန်မဖြုန်းတော့ဘဲ သူ့ အသုံးပြုနိုင်သည့် ရုပ်သေးရုပ်များကို ဆင့်ခေါ်လိုက်သည်။ ဝမ်ဝေ့က ထိုပစ္စည်းကို ဝိညာဉ်ထဲ ထည့်သွင်းခြင်း မရှိပေ။ ထိုအစား သူက ဝိညာဉ်တစ်ပိုင်းကို ဖန်တီးပြီး သူ့စိတ်ဝိညာဉ်အမှုန်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ထိုသို့သော အပြုအမူမျိုးဖြင့် သူ၏ ခန္ဓာကိုယ်အသုံးပြုဖို့ အတားအဆီးများ ရှိနေလေသည်။ သူ့အနေဖြင့် စံပြအဆင့်စွမ်းအားကို အသုံးပြုနိုင်လားဟုသာ ဂရုစိုက်လေ၏။ ထို့နောက် ဝမ်ဝေ့က မျက်လုံးကိုမှိတ်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်အသစ်က အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားလေ၏။
ဝမ်ဝေ့က သတိကြီးကြီးထားထားပြီး သူ့ကို လာရောက်လုပ်ကြံသတ်ဖြတ်နိုင်သည့် အနေအထားကိုပါ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။
ဘာမှမဖြစ်ဘူးလား…
သူက နှာခေါင်းရှုံ့လိုက်၏။
တခြားသူတွေက အချိန်အတက်အကျလှိုင်းကို အာရုံမခံမိရင်တောင် အချိန်စားသုံးသူကတော့ အာရုံမခံမိဘဲနေမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ သူက ဒီအခွင့်အရေးကိုယူပြီး ငါ့ကို ဘာလို့ မတားဆီးတာလဲ…
သူက စည်းတံဆိပ်သက်ရောက်မှု ရှိတယ်ဆိုပြီးတော့ ဟန်ဆောင်တာလား…
ဝမ်ဝေ့က အချိန်စားသုံးသူသည် ကမ္ဘာ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ဖို့ တခြားသောနည်းလမ်းများ မရှိကြောင်း ယုံကြည်နိုင်သော်လည်း အချိန်မြစ်ကြောင်းအတွင်းတွင် ထိုသို့မဟုတ်နိုင်ပေ။
သူ မရှိတာက ရှိနေတာထက်ပိုပြီးတော့ သိသာတယ်…
ဝမ်ဝေ့က သေချာဂရုစိုက်ပြီးသည့်နောက်တွင် အချိန်မြစ်ကြောင်းကို အာရုံစိုက်ထားလိုက်သည်။
သူက သူ့သွေးများကို ဆူပွက်လာစေသည့် ရန်ငြိုးအပြည့်ဖြင့် အကြည့်တစ်ခုကို ရုတ်ချည်းခံစားမိလိုက်၏။ သို့သော်လည်း ထိုအရာက တခြားတစ်ခုနှင့် အစားထိုးဝင်ရောက်သွားလေသည်။
ကောင်းပြီလေ။ မေတ္တယျ ဒီတစ်ခေါက်တော့ စိတ်မပျက်စေဘူးပဲ…
ဝမ်ဝေ့က လက်ကိုမြှောက်ကာ သင်္ကေတတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက ဝူယွီ၏ အချိန်အမှတ်အသား ဖြစ်၏။ တိုက်ပွဲအတွင်း ရူးသွပ်နေသည့် ထိုအမျိုးသမီးက သူမ၏ အချိန်အမှတ်အသားကို ဖုံးကွယ်ဖို့ မေ့လျော့နေခဲ့သည့်အတွက် ဝမ်ဝေ့၏ အချိန်စိတ်ဝိညာဉ်က ထိုအရာကို အာရုံခံမိခဲ့သည်။ ယခု သူက သူမ၏ အချိန်စက်ဝန်းမှ ပိုင်းခြားထားပြီး နောက်ဆုံးအတွက် ပြင်ဆင်လိုက်သည်။
သူက အချိန်မြစ်ကြောင်းထဲ ခုန်ဆင်းသွားကာ ဧရာမငါးကြီးအသွင် ပြောင်းလဲသွားပြီး ရေစီးကြောင်းကို ဆန်တက်ကာ ကူးခတ်သွားလေသည်။ ဝမ်ဝေ့က သူ ကူးခတ်လေလေ တွန်းကန်မှုတို့ကို ခံစားမိလာလေလေ ဖြစ်၏။ သို့သော်လည်း ထင်ထားသည့်အတိုင်းသာ ဖြစ်ပေသည်။ တစ်စုံတစ်ယောက်က အသက်ကြီးရင့်လာလေလေ သူတို့ကို သတ်ဖို့ရာခက်ခဲလေလေ ဖြစ်၏။ ထို့အပြင် သူက တကယ့်အစစ်အမှန် စံပြတစ်ယောက် မဟုတ်သေးသည့်အတွက် သူ့စွမ်းရည်များက ကန့်သတ်ချက် ရှိနေသည်။
ကံကောင်းစွာဖြင့် သူ့ဇနီး၏ အဓိကလေ့ကျင့်မှုတစ်ခုက သူ့အတွက် ဤကဏ္ဍ၌ ဗဟုသုတများ ရှိလာစေဖို့ရာသာ ဖြစ်သည်။
ဝမ်ဝေ့က သူမဆီမှ သင်ယူထားသည့် အရာတချို့ကို အသုံးချခဲ့၏။ သူ့ ငါးခန္ဓာကိုယ်က တောင်ပံအများကြီးထွက်လာပြီး ကောင်းကင်ယံအထက် ပျံသန်းကာ ရေထဲ ပြန်လည်ကူးခတ်သွားသည်။
ဝူဟုန်က သူ့ဦးတည်ရာသို့ တိုက်ရိုက်ပျံသန်းမသွားဖို့ရာ သတိပေးခဲ့လေ၏။ သို့သော် သူက ထိုနည်းလမ်းကို အသုံးပြုကာ ပိုမိုလွယ်လွယ်ကူကူသွားလာနိုင်သည်။ သိပ်မကြာခင် ဝမ်ဝေ့က ဦးတည်ရာသို့ ရောက်ရှိလာပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲ ဝင်ရောက်လိုက်သည်။
သူ့အကြည့်က ဝူယွီငယ်လေးသည် တစ်စုံတစ်ယောက်နှင့် ကလူကျီစယ်နေသည့်ဆီ ရောက်ရှိသွားလေသည်။