← Chapters

အဆုံးမဲ့ အလွှာ၏ လျှို့ဝှက်ချက်များ

Vol. 100 Ch. 1393

အဆုံးမဲ့ အလွှာ၏ လျှို့ဝှက်ချက်များ

Vol. 100 Ch. 1393

ဝူယွီနှင့် ကလူကျီစယ်နေသည့်သူက ထာဝရဇာမဏီ မဟုတ်ပေ။ ထိုသူ၏ မသက်မသာဖြစ်နေပုံအရ ထိုသူက သူငယ်ချင်းကောင်းဆိုသူ ဖြစ်နေနိုင်၏။

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီး ထိုအသေးစိတ်ကို ဂရုမစိုက်တော့ပေ။

ဒီအချိန်ကာလက သူမက ထာဝရဇာမဏီရဲ့ ပါရမီကို လုယူခဲ့တဲ့ အချိန်နဲ့ နီးကပ်နေလောက်တယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဝူယွီက လက်ရှိ အလယ်အလတ်ကောင်းကင်ဘုံအဆင့်တွင် ရှိနေသည့်အတွက် သူမက ပါရမီ၏ အတားအဆီးကို အာရုံခံမိကာ ပါရမီရှင်ကို ရှာဖွေလိုခြင်း ဖြစ်ရမည်။

ငါက သူမ စံပြအဆင့်နဲ့ နီးကပ်တဲ့ အချိန်ကို ရောက်လာမယ်လို့ ထင်နေတာ…

ဝမ်ဝေ့က တွေးလိုက်သည်။ ဝူယွီက အားနည်းလေလေ သူ့အတွက် ရည်မှန်းချက်ကို ပြီးမြောက်ဖို့ ပိုမိုလွယ်ကူလေလေ ဖြစ်၏။ သို့သော်လည်း သူ့လွဲချော်စွာ ဆင်းသက်မိသည့်အချက်က အချိန်မြစ်ကြောင်းအတွင်း သူ့လစ်ဟာမှုကို ပြသနေလေသည်။

ကောင်းပြီလေ။ ဒါက မတတ်နိုင်ဘူး…

ဝမ်ဝေ့က သူ့ကိုယ်သူ တွေးလိုက်သည်။ သူက စံပြကို အတုခိုးထားမှုမျှသာဖြစ်သည့်အတွက် ကန့်သတ်ချက်များစွာ ရှိလေသည်။ ထို့ကြောင့် သူက သူ့ကိုယ်သူ ဖိအားမပေးဖို့ ဆုံးဖြတ်လိုက်၏။ သူက တတ်နိုင်သမျှမြန်မြန် စံပြတစ်ယောက် ဖြစ်လာလိုမိသည်။

အချိန်မဖြုန်းပဲ နေရအောင်…

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် လှုပ်ရှားလိုက်သည်။ သူက ဝူယွီဇာမဏီငယ်လေးကို လက်ညှိုးထိုးလိုက်သော်လည်း တစ်စုံတစ်ခုကို ခံစားမိ၍ ရပ်တန့်လိုက်သည်။ သူ့အချိန်စိတ်ဝိညာဉ်က အချိန်မြစ်ကြောင်းအတွင်း မူမမှန်မှုကို ခံစားမိလိုက်၏။

နောက်ဆုံးတော့ သူမက တစ်စုံတစ်ခုကို တွေ့သွားပြီးတော့ ရပ်တန့်ချင်တာလား…

တစ်စုံတစ်ယောက်က ဤအချိန်စက်ဝန်းဆီ အလျင်အမြန် ချဉ်းကပ်လာသည်။ ဝမ်ဝေ့က ထိုအရာသည် ဝူယွီ၏ အချိန်စိတ်ဝိညာဉ်ဖြစ်ကြောင်း သဘောပေါက်သွားလေ၏။ ဤသည်က သူမ၏ အချိန်စက်ဝန်းဖြစ်သည့်အတွက် သူမ၏ လှုပ်ရှားနိုင်စွမ်းက ဝမ်ဝေ့ထက် များစွာ မြန်ဆန်နေလေသည်။

ကံဆိုးတာက နောက်ကျလွန်းသွားခဲ့တာပဲ…

အတွေးတစ်ချက်ဖြင့် ဝူယွီက ပျက်သုဉ်းသွားလေသည်။ ဝမ်ဝေ့က အချိန်စိတ်ဝိညာဉ်ဆီမှ မလိုလားသည့် အော်သံကြီးတစ်ခုကို ကြားလိုက်ရသော်လည်း သူက ဂရုမစိုက်ပေ။ သူ့စိတ်က ဝူယွီ၏ သေဆုံးမှုကိုသာ အာရုံစိုက်ထားလိုက်၏။

ဒီအမျိုးသမီးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ အချိန်စက်ဝန်းမှာ သိသာတဲ့ သက်ရောက်မှုမျိုးရှိတဲ့သူ။ အဲဒါဆိုတော့ သူမရဲ့ အတိတ်ကိုယ် သေဆုံးသွားတာက သိသာတဲ့ အပြောင်းအလဲမျိုး ဖြစ်သွားစေနိုင်တယ်။ ဒါပေမဲ့ ငါ သိထားသလောက် ငါ ဒီကနေပြန်သွားတဲ့အခါမှာ သူမက သေဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ သူမ အတိတ်ကိုယ်ရဲ့ သေဆုံးမှုရဲ့ သက်ရောက်မှုက နည်းနည်းလေးမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး…

ဝူယွီငယ်လေး သေဆုံးမှုက အချိန်စက်ဝန်းကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သင့်ပေသည်။ နမူနာအနေဖြင့် သူမသည် လမင်း၈စင်းထဲမှ တစ်စင်း မဟုတ်တော့သည့်အတွက် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ခေတ်ကာလတစ်ခုလုံး၏ ယေဘုယျကို ပြောင်းလဲပစ်နိုင်သည်။

သူမရဲ့ အချိန်စက်ဝန်းကို ပိုင်းခြားလိုက်တဲ့ ရည်ရွယ်ချက်ပေါ့။ ဒါပေမဲ့ အဲဒါက ဘယ်လိုအလုပ်လုပ်တာလဲ…

ဝမ်ဝေ့က မျက်လုံးမှိတ်ပြီး အဖြစ်အပျက်ကို နားလည်ဖို့ တွေးလိုက်သည်။ သူက ကောက်ချက်ချမှုများစွာ မရှိသော်လည်း သူ့သဘောအကျဆုံးအရာက အကျိုးနှင့်အကြောင်း ဖြစ်၏။

ဝူယွီ၏ သေဆုံးမှု အကြောင်းတရားက ခေတ်ကာလတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည့် သက်ရောက်မှုမျိုး ဖြစ်လာသင့်သည်။ သို့သော်လည်း သူမ၏ အချိန်အမှတ်အသားကို သီးသန့် ပိုင်းခြားခြင်းဖြင့် ဘာကိုမှ သက်ရောက်မှုမရှိရစေဘဲ အနာဂတ်ကိုယ်အား သေဆုံးမှု ဖြစ်သွားစေနိုင်သည်။

“ဒါက ဒီလိုကိုး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့ကောက်ချက်ချမှုက မှန်ကန်နေသလို မှားယွင်းနေခဲ့၏။ ထိုဖြစ်စဉ်က အကျိုးနှင့် အကြောင်း ပါဝင်နေသော်လည်း မဟာတာအို သို့မဟုတ် ကောင်းကင်တာအိုက ထိုသေဆုံးမှုများအား အဓိပ္ပာယ်ရှိအောင် ပြန်လည်ရေးသားထားခြင်း မဟုတ်ပေ။

ထိုအစား အချိန်မြစ်ကြောင်း၏ လုပ်ဆောင်မှုတစ်ခုသာ ဖြစ်၏။ ထိုအစား ဝူယွီငယ်လေး၏ သေဆုံးမှုသက်ရောက်မှုအား နှစ်ပိုင်းခွဲထားလိုက်သည်။ ပထမတစ်ခုက ခေတ်ကာလတစ်ခုလုံးနှင့် အသက်များစွာကို ပြောင်းလဲပစ်စေနိုင်သည့် သက်ရောက်မှုပါဝင်နေသည့်အချက်က တခြားအချိန်စက်ဝန်းဆီ ပြောင်းရွှေ့ခံလိုက်ရသည်။ ထို့နောက် သူမ၏ အနာဂတ်ကိုယ် သေဆုံးမှုပါဝင်နေသည့် အချက်ကမူ ဤကမ္ဘာဦးအချိန်စက်ဝန်းဆီ ကူးပြောင်းခံလိုက်ရ၏။ အရိုးရှင်းဆုံးအနေဖြင့် ပြောရလျှင် တခြားအချိန်စက်ဝန်းက သိသာလှသည့် သက်ရောက်မှုမျိုးကို ခံယူသွားကာ ကမ္ဘာဦးအချိန်စက်ဝန်းကမူ သေးငယ်သည့် ကဏ္ဍကို ထမ်းဆောင်ခဲ့သည်။

တကယ်ကို ပြောင်မြောက်တဲ့ လက်ရာပဲ…

ဝမ်ဝေ့က ချီးကျူးလိုက်သည်။ ထိုဉာဏ်အလင်းပွင့်မှုက အချိန်တာအိုနှင့် အချိန်မြစ်ကြောင်းအပေါ် နားလည်နိုင်စွမ်း တိုးမြင့်သွားစေ၏။

ဒါက မဟာတာအိုရဲ့ လက်ရာလား။ ဒါမှမဟုတ်ဘူးဆိုရင် ကမ္ဘာမြေကနေ ငှားထားတဲ့ တစ်ခုခုလား…

ဝမ်ဝေ့က သူသံသယအတွက် အကြောင်းအရင်းများစွာ ရှိလေသည်။ စကြဝဠာအဖွဲ့အစည်းက သက်ရှိနှင့် ကွဲပြားသည့် စည်းမျဉ်း၊ လူမှုအဖွဲ့အစည်း၊ ကြမ္မာနှင့် လူမှုစရိုက်များရှိသည့် သက်ရှိများ ပါဝင်နေသော စကြဝဠာမြောက်များစွာအဖြစ် အဓိပ္ပာယ်ဖွင့်ဆို၍ ရပေသည်။ ဆိုလိုသည်မှာ ဟွင်သွမ်းစကြဝဠာကို ဟွင်သွမ်းကမ္ဘာများစွာဖြင့် ဖွဲ့စည်းထားလေသည်။

ဟွင်သွမ်းစကြဝဠာက နဂိုကတည်းက စကြဝဠာအဖွဲ့အစည်းတစ်ခုလို ဖြစ်နေပြီ။ အပြိုင်အချိန်စက်ဝန်းက အဆုံးမဲ့အလွှာအတွက် ဘာလို့ လိုသေးတာလဲ…

ထိုအတွေးက ပုံမှန်ကျင့်ကြံရေးဝတ္ထုတစ်ခုထက် ကမ္ဘာမြေ၏ သိပ္ပံဝတ္ထုတစ်ခုနှင့် တူလေသည်။

ဝမ်ဝေ့က ထိုမေးခွန်းတစ်ခုကို မေးလိုက်သည်နှင့် သူက အဖြေရလိုက်သည်။ အဆုံးမဲ့အလွှာ၏ တည်ရှိမှုက ဤစကြဝဠာအား သာမန်ဟွင်သွမ်းစကြဝဠာထက် ပိုမိုကြီးမားစေသည်။ အရွယ်အစားကြီးမားခြင်းက လူဦးရေ ပိုမိုများပြားခြင်းကို ဆိုလိုနေသည့်အတွက် ပါရမီရှင်များစွာ ရှိလာသလို ပို၍အရေးကြီးသည်က ကြီးထွားမှုနှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်နိုင်ချေများစွာ ရှိလာလေသည်။

ဒီလိုကျယ်ပြောလှတဲ့ အကျိုးအမြတ်တွေ အများကြီး ရှိနေရင် ထိန်းချုပ်ဖို့ ဟာကွက်လည်း ရှိသင့်တာပေါ့…

သူက သုံးသပ်လိုက်သည်။ ဟွင်သွမ်းစကြဝဠာကိုယ်တိုင်ကိုက ကြီးမားလွန်းသည့်အတွက် တခြားအချိန်စက်ဝန်းများကို ထည့်သွင်းလိုက်ခြင်းက ထိန်းချုပ်ရာ၌ ပြဿနာတချို့ ဖြစ်လာနိုင်သည်။ မဟာတာအိုက မည်မျှပင်အားကောင်းစေကာမူ အတုအယောင် အနန္တတန်ခိုးရှင်အဆင့်သာ ရှိနေသေး၏။ ထိုသို့သော ကမ္ဘာကြီးမျိုးက အမည်မသိနှင့် ထိန်းချုပ်ရခက်ခဲသည့် အပြောင်းအလဲများကို အလွယ်တကူ ထုတ်ပေးနိုင်လေသည်။ အထူးသဖြင့် မဟာတာအိုက သီးခြားသတ်မှတ်ထားသည့် စည်းမျဉ်းအောက်တွင် လိုက်နာရသည့်အခါတွင် ဖြစ်၏။

ကမ္ဘာဦးအချိန်စက်ဝန်းကနေ ကျန်တဲ့အရာတွေကို ခွဲထုတ်လိုက်ဖို့က မဟာတာအိုက အမြင့်မားဆုံး ထိန်းချုပ်မှုကို ထိန်းသိမ်းထားနိုင်တဲ့ ဖြေရှင်းနည်းပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒါပေမဲ့ ဒီအချက်က ဒီအဆုံးမဲ့အလွှာအတွင်းမှာ လျှို့ဝှက်ချက်တွေနဲ့ ကြောက်စရာကောင်းတာတွေ အများကြီးရှိတယ်လို့ ပြသနေတာပဲ…

ဝမ်ဝေ့က အဆုံးမဲ့အချိန်စက်ဝန်းထဲ စူးစမ်းရှာဖွေဖို့ မျှော်လင့်နေမိသည်။ သို့သော်လည်း သူ့စွမ်းအားက လုံလောက်သည်နှင့် အလှမ်းဝေးနေသေး၏။ သူက အာရုံစိုက်ထားစဉ် နောက်ထပ်အတွေးတစ်ခု ခေါင်းထဲ ပေါ်ထွက်လာသည်။

ဒီဉာဏ်အလင်းပွင့်မှုက ငါ့ကျင့်ကြံဆင့်ကို အနည်းငယ် တိုးမြှင့်နိုင်တယ်ဆိုတော့ ဒီနေရာမှာ ကျင့်ကြံလို့ ရမလား…

အဖြေက မဖြစ်နိုင်ဘူးဟူ၍သာ ဖြစ်၏။ သူက ဤနေရာဆီမှ ငြင်းဆန်မှုကို ခံစားမိလိုက်သည်။ သူ့အလိုလိုသိစိတ်က သူသာ ဤနေရာတွင် ကြာကြာနေပါက အန္တရာယ်ကို သတိပေးလာလေ၏။ ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ သူ့အချိန်ဆုံမှတ်ဆီ ပြန်သွားလိုက်သော်လည်း အဆုံးမဲ့ခြင်းတက်လှမ်းခြင်းကမ္ဘာဆီ ချက်ချင်း မဆင်းသက်သေးပေ။

ထိုအစား သူက သော့ခလောက်ထဲတွင် ဟာကွက်တချို့ကို တွေ့ပြီး အချိန်မြစ်ကြောင်းထဲ တိုက်ရိုက်ကျင့်ကြံနိုင်မလားဟု သိချင်နေမိသည်။ နှမြောစရာကောင်းလှစွာဖြင့် တစ်စုံတစ်ယောက်က သူ့အား မဖြစ်နိုင်ကြောင်း သက်သေပြလာခဲ့သည်။ ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်နေစဉ် ပုံရိပ်ယောင်သက်ရှိက အဝေးတစ်နေရာမှ ပေါ်ထွက်လာလေ၏။

ထိုသက်ရှိက သူ့အား ကြည့်ပြီးသည့်နောက်တွင် ပြေးဝင်လာသည်။

ဝမ်ဝေ့က အချိန်တစ္ဆေကို မှတ်မိကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။ သို့သော်လည်း ရွှေရောင်အလင်းတန်းက ရုတ်ချည်းဆိုသလို ပေါ်ထွက်လာကာ ထိုသက်ရှိကို ဖျက်ဆီးပစ်လိုက်သည်။

“မဖြစ်နိုင်တာ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဟုတ်တယ်။ အန္တိမသဟဇာတက အချိန်တစ္ဆေတချို့ကို ထိန်းချုပ်ပြီးတော့ ငါတို့အချိန်မြစ်ကြောင်းခွဲမှာ စောင့်ကြည့်ခိုင်းထားတာ” အသံတစ်သံက သူ့စိတ်ထဲ ဝင်ရောက်လာလေသည်။

“သူက အတော်လေးကို လုပ်နိုင်တာပဲ” ဝမ်ဝေ့က အံကြိတ်ကာ ပြန်ဖြေလိုက်၏။

“ဟုတ်တယ်။ အခုတော့ ထားလိုက်တော့။ မင်း ဒီမှာနေလို့ မရဘူး”

“ကျွန်တော် အကြာကြီး မလိုပါဘူး” ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်ရဲ့ ပင်မခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီးတော့ သူ့ရဲ့ နဂိုကျင့်ကြံဆင့် ရတာနဲ့ ပြန်သွားမှာပါ”

“ဒီနေရာက ဘယ်လောက်အန္တရာယ်များလဲဆိုတာကို မင်း မသိပါဘူး” မေတ္တယျက ပြောလိုက်သည်။

“ဒီနေရာမှာ ငါက သူ့ထက် အရေးသာမှု ရှိတယ်ဆိုတာပေမဲ့ ဒီနေရာက ငါ့အပိုင် မဟုတ်ဘူးဆိုတာကို မေ့မထားနဲ့ဦး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး အချိန်မြစ်ကြောင်းသည် ကာဒီနယ်၏ ဆုံးဖြတ်ချက်အောက်တွင် ရှိကြောင်း သိလိုက်သည်။ မေတ္တယျက အားကောင်းသော်လည်း ထိုသူများရှေ့တွင်မူ ပုရွက်ဆိတ်မျှသာ ဖြစ်လေ၏။ အကျိုးအကြောင်းသင့်သင့် စဉ်းစားကြည့်ပါက ကာဒီနယ်များသည် ဤနေရာ၌ အပေါ်ယံ အန္တရာယ်မျှသာ ဖြစ်လေ၏။

သူက ဤနေရာ၌ စူးစမ်းရှာဖွေနေသည့် ထူးကဲသာလွန်မှုအဆင့်များစွာ ရှိနေမှန်း သေချာနေသည်။ သူက တစ်ယောက်ယောက်နှင့် တွေ့မည်လား မပြောတတ်ပေ။ သူ့ဆိုးရွားလွန်းသည့် ကံကြမ္မာဖြင့် သေချာပေါက် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံသွားနိုင်သည်။

“နားလည်ပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူက ချက်ချင်းဆိုသလို အိမ်မပြန်ပေ။ အတိအကျပြောရလျှင် ဤခန္ဓာကိုယ်က မပြန်ခဲ့ပေ။ ဤခန္ဓာကိုယ်က ပျက်သုဉ်းလုနီးပါးဖြစ်နေသည့်အတွက် ဝမ်ဝေ့က အရှိန်ကို မြှင့်တင်လိုက်၏။ သူက ဤခန္ဓာကိုယ်အတွင်း မြှုပ်နှံထားခဲ့သည့် စိတ်ဝိညာဉ်အမှုန်ကို စွန့်ပစ်လိုက်သည်။ သူက အန္တိသဟဇာတသည် ထိုအရာကို ဘာမှမလုပ်နိုင်ဘူးဟု ယုံကြည်ချက်ရှိနေသော်လည်း ဘာမှမစွန့်စားလိုပေ။

ဝမ်ဝေ့က လျှို့ဝှက်ဒိုင်မေးရှင်းအတွင်း မျက်လုံး ဖွင့်လာကာ သူ့ဉာဏ်အလင်းပွင့်မှုကို အသိစိတ်ပင်လယ်အနက်ပိုင်း၌ အလျင်အမြန် ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် သူ့အာရုံကို ဖမ်းစားသွားသည့် တစ်ခုတည်းသောအရာက ကောင်းကင်အနီရောင်သန်းနေပြီး မိုးမြေ၏ အောင်ပွဲခံမှုသာ ဖြစ်၏။ ထို့နောက် မမြင်နိုင်ဖွယ် ကြမ္မာအမြောက်အများက သူ့ခန္ဓာကိုယ်ထဲ ပြေးဝင်လာသည်။

ဟမ် ငါ့ချီကံကောင်းမှုနဂါးရဲ့ ဆယ်ရာခိုင်နှုန်းက ကြည်လင်သွားတာလား…

သူ့အဖြူရောင်ချီကံကောင်းမှုနဂါးတွင် ဖြည်းဖြည်းချင်း ကြည်လင်ထိုးဖောက်လာသည့် အမြီးအပိုင်း ရှိလာသည်။

ဒါက ထူးကဲသာလွန်မှုကံကောင်းမှုဆိုတာလား။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေတာပဲ…

ဝမ်ဝေ့က ရုတ်ချည်း အပြောင်းအလဲကို စိတ်ဝင်စားလာမိသည်။ အထူးသဖြင့် သူသည် သူ့ကံကောင်းမှုကို အပြီးတိုင် အနက်ရောင်ပြောင်းလဲနိုင်သည့် စွမ်းအားရှိနေသည့်အခါတွင် ဖြစ်၏။ ထိုသို့သော လျှို့ဝှက်ဆန်းကြယ်မှုမျိုးက သူ့အား ကံကောင်းမှုတာအိုနှင့် ပတ်သက်ပြီး နောက်ထပ်ဉာဏ်အလင်းပွင့်မှုကို ပေးအပ်လာသည်။ သို့သော်လည်း အချိန်မကျသေးပေ။

ကမ္ဘာကြီးက ဝူယွီ၏ ကျဆုံးမှုအကြောင်း သိထားပြီဖြစ်သည့်အတွက် နောက်ကဏ္ဍက သူမ၏ နန်းဆောင်နှင့် ပိုင်နက်ကို သိမ်းပိုက်ဖို့ရာ ဖြစ်၏။ ဝမ်ဝေ့က သူ့လူများကို အမိန့်ပေးထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက တခြားသူများမလှုပ်ရှားခင် ထိုနေရာကို ဝင်ရောက်ကာ အကျိုးအမြတ်များများ ရယူလိုသည်။

ဝမ်ဝေ့က နောက်ခန္ဓာကိုယ်တစ်ခုကို ယူကာ အပြေးအလွှားသွားလိုက်၏။ နန်းဆောင်၏ အဝင်ဝက သွေးနဂါးထက် ပိုမိုလွယ်ကူနေသည်။ အကြောင်းအရင်းကမူ အထဲတွင်ရှိနေသည့်သူများက သူမ၏ ရုတ်တရက် သေဆုံးမှုကို မတုံ့ပြန်နိုင်ကြသေးပေ။ အသက်သွင်းထားသည့် အစီအရင်မရှိဘဲ ဝမ်ဝေ့နှင့် သူ့အဖွဲ့က ဝင်ရောက်ကာ သူတို့တွေ့သမျှ လူအားလုံးကို ဖြတ်ပြီး ရတနာများကို စတင်သိမ်းပိုက်လိုက်ကြသည်။ သို့သော်လည်း ကျန်ရှိနေသည့် ကမ္ဘာကလည်း သွေးနဂါး သေဆုံးသည့်အခေါက်ထက် ပို၍ မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး သူတို့၏ သိမ်းပိုက်မှုကို စတင်လိုက်ကြသည်။

All Chapters