ပါရမီရှင်တစ်ယောက်၏ နောက်ဆုံးနှုတ်ဆက်မှု
Vol. 100 Ch. 1395
ဝမ်ဝေ့က လက်စွပ်ကို ချက်ချင်း မဝတ်လိုက်ပေ။ ထိုအစား သူက အထဲတွင် ကပ်ညှိနေသည့် ကျန်ရှိနေသော စွဲလမ်းစိတ်ကို အသက်သွင်းလိုက်သည်။
“မင်းပဲ” အမျိုးသမီး၏ အသံတစ်သံထွက်ပေါ်လာသည်။
“ခင်ဗျားက သေရမှာကို ကြောက်လား” ဝမ်ဝေ့က ကပ်ညှိနေသည့် ဝူယွီ၏ အစွဲအလမ်းကို ကြည့်လိုက်သည်။
“အဲဒါက မင်းအမှားပဲ။ အားလုံး အမှားပဲ။ ငါက သူ့ကို သတ်ပြီး ကမ္ဘာကြီးကို ငါ မှန်မှန်ကန်ကန် လုပ်ခဲ့တာကို သက်သေပြနိုင်ဖို့ နီးကပ်နေပြီ။ ငါက သူ့ထက် ကောင်းတာဆိုတာကို သက်သေပြနိုင်တော့မှာ။ ဘာလို့ ဝင်ရောက်စွက်ဖက်ရတာလဲ” သူမက ဆက်ပြောလိုက်သည်။
အဲဒါဆိုတော့ သူမရဲ့ အစွဲအလမ်းက ထာဝရဇာမဏီရဲ့ သေဆုံးမှုပေါ့။ ဒါက သတင်းကောင်းပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့တွင် မဟာမြူအဖွဲ့ခေါင်းဆောင်ဆီမှ အစွဲအလမ်းစွမ်းအားအကြောင်း လေ့လာနေသည့် အဖွဲ့တစ်ဖွဲ့ ရှိလေသည်။ သို့သော် သူက အလုပ်ရှုပ်သည့်အတွက် ကိုယ်တိုင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဝူယွီ၏ အစွဲအလမ်းနှင့် ပတ်သက်ပြီး ဖြေရှင်းဖို့ရာ ယုံကြည်ချက်များများစားစား မရှိပေ။
“ခင်ဗျားနဲ့ ထာဝရဇာမဏီတို့ရဲ့ ဘဝက ဘယ်လောက်ပဲ ကံဆိုးတယ်ပြောပြော ခင်ဗျားက အခုထိကို သဘောမပေါက်သေးဘူးပဲ” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဘာတွေအဓိပ္ပာယ်မရှိတာ လျှောက်ပြောနေတာလဲ”
“ခင်ဗျားတို့နှစ်ယောက်ကြားက ဖြစ်ပျက်သမျှအရာတွေက မတော်တဆများ ထင်နေလား” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။ ဝူယွီက သူ့ကို စိုက်ကြည့်လိုက်၏။
“ကျုပ်တို့က လူအားလုံးက တခြားတစ်ယောက်ရဲ့ နယ်ရုပ်ဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ကြတာ။” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ထာဝရဇာမဏီက သူ့ခေတ်ကာလမှာ ပါရမီအထူးကဲဆုံး လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ လူတွေက သူ့ကို ရှေးဦးမျိုးစေ့လို့တောင် ခေါ်ဆိုကြတယ်။ ဒါပေမဲ့ သူသာ ရှေးဦးစံပြဖြစ်လာမယ်ဆိုရင် ဘယ်သူက အကျိုးကျေးဇူးရမယ် ထင်လဲ”
“အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမ” ဝူယွီက အမူအရာပျက်ယွင်းလျက် ပြန်ဖြေလိုက်သည်။
“အာဏာရှင်တစ်ယောက်ဖြစ်လာဖို့ အနည်းဆုံး လိုအပ်ချက်က ရှေးဦးစံပြနှစ်ယောက် ရှိထားဖို့ပဲ။ ဒါပေမဲ့ ကျင့်ကြံသူဖြစ်နေဖို့တော့ မလိုဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“မူလစည်းတံဆိပ်ကုန်းမြေရဲ့ ဒုတိယရှေးဦးစံပြက စွမ်းအားကြီး ရုပ်သေးရုပ်ပဲ။ အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမကလည်း ထိပ်ဆုံးအဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ အစီအရင်တစ်ခု တွေ့ထားတယ်။ ဒါပေမဲ့ ထာဝရဇာမဏီပေါ်ထွက်လာတာက သူတို့အတွက် တကယ့်အစစ်အမှန်အာဏာရှင် တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလာတယ်”
“ဒါပေမဲ့ သူက အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမကမှ မဟုတ်တာ” ဝူယွီက ပြန်လည်ငြင်းခုန်လိုက်သည်။ သူမက ထာဝရဇာမဏီသည် သူတို့၏ ဖိတ်ခေါ်မှုကို တစ်ခါထက်မနည်း ငြင်းဆန်ဖူးကြောင်း သိထားလေ၏။
“မဟုတ်ဘူးလား” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။
“သူ့ရဲ့ အရင်းအမြစ်အများစုက သူတို့ဆီကနေ ရောက်လာတာ။ သူက တချို့ထိပ်တန်းစံပြတွေနဲ့ ဆရာတပည့်ဆက်ဆံရေးတောင် ရှိတယ်။ ပြီးတော့ သူတို့ရဲ့ ရှေးဦးစံပြကိုလည်း တစ်ခါတွေ့ဖူးတယ်။ ဒီလက္ခဏာတွေအားလုံးက ထာဝရဇာမဏီက သူ့နားမှာ အားကောင်းတဲ့ နောက်ခံရှိတယ်ဆိုတဲ့အရာကို ညွှန်ပြနေတာပဲ မဟုတ်ဘူးလား။ သူက တုံ့ဆိုင်းခြင်း မရှိပဲနဲ့ အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမဆီ ပြေးသွားလိမ့်မယ်။ အားလုံးကလည်း ဒါကို သိကြတာပဲ။ တခြားအာဏာရှင်တွေက သူတို့ရဲ့ ပြိုင်ဘက် အားကောင်းလာတာကို ဘယ်လိုလုပ် ဂုဏ်ပြုပေးနိုင်ပါ့မလဲ”
“အဲဒါက မင်း ပြောနေတာတွေအတွက် သက်သေမလုံလောက်သေးဘူး” ဝူယွီက အမူအရာ ပျက်ယွင်းလျက် ငြင်းခုန်လိုက်သည်။
“ကောင်းပြီလေ။ ခင်ဗျားကို တခြားတစ်ခု ပေးမယ်” ဝမ်ဝေ့က ခပ်ပြုံးပြုံးဖြင့် ထပ်ပြောလိုက်သည်။
“ခင်ဗျားက စံပြတစ်ယောက်ဖြစ်ခဲ့တာဆိုတော့ သူ့ပါရမီကို ခိုးယူဖို့နည်းလမ်းက သာမန်လို့များ ထင်လား”
ဝူယွီ၏ ခန္ဓာကိုယ်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် ဖြူဖျော့သွားလေသည်။
“တစ်ယောက်ယောက်ကို စံပြဖြစ်နိုင်ဖို့ ကူညီပေးနိုင်တဲ့အရာက စကားနဲ့ ရှင်းပြလို့ မရအောင် အဖိုးတန်တယ်။ ဒါပေမဲ့ ခင်ဗျားလိုမျိုး သာမန်အထက် ကံကောင်းမှုမျိုး ရှိထားတဲ့သူမျိုးက ဒီလိုမျိုး ရှားပါးတဲ့အရာမျိုးကို ရလာသေးတယ်။ အဲဒါက အရမ်းကို လွယ်ကူလွန်းတယ်မလား”
ဝူယွီက တိတ်ဆိတ်သွားလေသည်။
“တကယ်တော့ သေချာစဉ်းစားကြည့်မယ်ဆိုရင် နောက်ထပ် အရာတွေလည်း ရှိနေသေးတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ခင်ဗျား စံပြတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ နတ်ဆိုးမျိုးနွယ်က ခင်ဗျားက အလားအလာရဲ့ ကန့်သတ်ချက်ကို ရောက်နေတယ်ဆိုတာကို သတိမထားမိပဲနဲ့ ခင်ဗျားကို ကောင်းကင်ရွေးချယ်ခံတစ်ယောက်လိုမျိုး ဆက်ဆံပြီးတော့ အရင်းအမြစ်တွေအားလုံး ပုံအောခဲ့တယ်။ ဘယ်လိုနည်းလမ်းတွေကများ အာဏာရှင်တွေကို အရူးလုပ်နိုင်တာလဲ”
ဝူယွီက သူ့ကမ္ဘာပြိုလဲသွားသလို ခံစားလိုက်ရသည်။
“ကျုပ်ရဲ့ သုံးသပ်မှုကတော့ ခင်ဗျားရဲ့ နယ်ရုပ်ကဏ္ဍက အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမကို ဖျက်ဆီးပစ်တာထက် ပိုပြီးကြီးမားတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ဒီကျင့်ကြံရေးနည်းစနစ်က ခင်ဗျားကို ကျင့်ကြံရေးမီးပြင်းဖိုအဖြစ် ပြောင်းလဲပစ်လိမ့်မယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ အရင်းအမြစ်တွေနဲ့ အားဖြည့်ခံပြီးတဲ့နောက်မှာ နောက်ကွယ်မှာရှိတဲ့သူက ပေါ်ထွက်လာပြီး ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကို စုပ်ယူလိမ့်မယ်။ သူတို့ရဲ့ အုတ်မြစ်ကို မြှင့်တင်ပြီးတော့ ရှေးဦးစံပြဖြစ်လာမဲ့ အခွင့်အရေးကိုပါ တိုးမြှင့်လိမ့်မယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ဒါက တကယ်ကို ပြောင်မြောက်တဲ့ အပြုအမူပဲ။ ဘယ်သူကများ နောက်ကွယ်မှာ ရှိနေပါလိမ့်။ ကျုပ်ရဲ့ အလိုလိုသိစိတ်ကတော့ ကျုပ်ဘိုးဘေးလို့ ပြောနေတာ။ ဒါပေမဲ့ တကယ်ကို ထူးချွန်တဲ့သူတွေလည်း ရှိနေသေးတာပဲ။ အာဏာရှင်တွေထဲမှာလည်း အများကြီးပဲ”
“မဟုတ်တာ မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ” ဝူယွီက ငြင်းဆန်လိုက်သည်။
“တကယ်လို့ မင်း အမှန်အတိုင်း ပြောနေတယ်ဆိုရင်တော့ သူတို့ရဲ့ မီးပြင်းဖိုကို သိမ်းဆည်းဖို့ ဘာမှ လုပ်မလာရတာလဲ”
“ခင်ဗျားက ကံကောင်းလို့ပေါ့” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။
“အဲဒီလူက ဒုတိယမူလစစ်ပွဲကြောင့် အရမ်းအလုပ်ရှုပ်နေတာမျိုး။ ပြီးတော့ အဲဒီနောက်ပိုင်း အကြွင်းမဲ့တားမြစ်ချက်ထဲမှာ သေဆုံးသွာနိုင်တယ်။ မပြီးမပြတ်အခြေအနေမှာ ရှိနေတုန်း ကမ္ဘာကြီးက ပြောင်းလဲသွားပြီးတော့ ခင်ဗျားက လမင်းတစ်စင်း ဖြစ်လာတယ်။ အဲဒါကြောင့် ခင်ဗျားရဲ့ ကံကြမ္မာကနေလည်း လွတ်မြောက်သွားတာပဲ”
“မဖြစ်နိုင်ဘူး”
“ကျုပ်ရဲ့ သုံးသပ်မှုကတော့ ဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ခင်ဗျားက ကျင့်စဉ်ကို ပုံတူပွားထားတယ်မလား။ ကျုပ် အဲဒါကို ဖတ်လိုက်တာနဲ့ ခင်ဗျားက မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားမလားဆိုတာကို သိလိမ့်မယ်”
ဝူယွီက တိတ်ဆိတ်နေလေသည်။ သူမက ဘာစကားမှ မဆိုဘဲ လက်စွပ်ထဲ ဝင်ရောက်သွားလေ၏။
အစွဲအလမ်းတစ်ခုရဲ့ လောကအမြင်ကို ဖျက်ဆီးပစ်လိုက်တာက သူတို့အပေါ် သက်ရောက်မှု ရှိစေတာပဲ။ မှတ်သားထားရမယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက အမှန်အတိုင်း ပြောနေခြင်းဖြစ်သော်လည်း အစွဲအလမ်းအပေါ် သတင်းအချက်အလက်ကို ရယူခြင်းမှ မတားဆီးနိုင်ပေ။ သူက အဖြစ်အပျက်အားလုံးကို သုံးသပ်ပြီး လေ့လာရေးအဖွဲ့ဆီ ပို့ဆောင်လိုက်သည်။
ထို့နောက် သူက တခြားအရာများကို အာရုံစိုက်လိုက်သည်။ သူက ပထမဦးစွာ သူ အသုံးပြုနေသည့် ခန္ဓာကိုယ်ကို ဖယ်ရှားပြီး မူလခန္ဓာကိုယ်ထဲ ဝိညာဉ်ကို ပြန်ရောက်သွားသည်။ ဝမ်ဝေ့က အလစ်တိုက်ခိုက်မှုကို စိုးရိမ်နေ၍ ပြန်လည်တိုက်ခိုက်ဖို့ လိုအပ်သည့် အခြေအနေအတွက် ထိုခန္ဓာကိုယ်ထဲတွင် နေထိုင်ခဲ့လေသည်။
သူက သူအသုံးပြုနိုင်မည့် နောက်ခန္ဓာတစ်ခုကို သွေးကန်ကြီးမှ ထုတ်ယူလိုက်ပြီး ကပ်ဘေးကျိန်စာအကြောင်း အာရုံစိုက်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အဖမ်းဆီးခံ ကျင့်ကြံသူနှစ်ဦးကို ဆင့်ခေါ်လိုက်၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
ကျိန်စာက သူတို့၏ ထာဝရနန်းဆောင်နှင့် အတွင်းကမ္ဘာအထိ ဆက်နွယ်နေပြီး သူတို့၏ စွမ်းအားအရင်းအမြစ်ကို ဖြည်းဖြည်းချင်း တိုက်စားနေသည်။ သူက ထိုသူများကို လက်ညှိုးထိုးကာ သူတို့၏ ကျင့်ကြံဆင့်များကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် ကျိန်စာအား သူတို့ဝိညာဉ်ထဲ သီးသန့်ပိုင်းခြားကာ ဖြတ်တောက်လိုက်သည်။ နောက်ဆုံးအနေဖြင့် ဝမ်ဝေ့က သူတို့၏ ခန္ဓာကိုယ်ထဲ အသက်ဓာတ်စွမ်းအားကို ထည့်သွင်းကာ ဘေးကင်းအောင် ထားလိုက်၏။
ထိုအရာများ၏ ပျက်စီးသည့် အငွေ့အသက်က အလျင်အမြန် ပျောက်ကွယ်သွားသော်လည်း စက္ကန့်ပိုင်းမျှသာ ဖြစ်လေသည်။
ကျိန်စာ ပြန်ရောက်လာတယ်…
ဝမ်ဝေ့က လေ့လာလိုက်၏။ အဓိကပြဿနာက ထိုပြဿနာ ဖြစ်ပေသည်။ ကျိန်စာက ဖြေရှင်းပြီးသည့်နောက်တွင်ပင် စက္ကန့်ပိုင်းလေးအတွင်း အလျင်အမြန် ပြန်ရောက်လာလေ့ရှိသည်။
ဒါက သူတို့တည်ရှိမှုရဲ့ ပြဿနာလား…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့လက်ဝါးကို မြှောက်ကာ ပြီးပြည့်စုံသည့် အငွေ့အသက်ကို ဖွဲ့စည်းပြီး ထိုစမ်းသပ်ခံ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်သည်။
သို့သော် အကြမ်းဆန်သည့် ချဉ်းကပ်မှုမျိုးက ထိုသူနှစ်ဦးကို သတ်ပစ်နိုင်သည်။ သို့သော်လည်း ဤသည်က ဝမ်ဝေ့၏ ဦးစားပေးမှု မဟုတ်ပေ။
ပြီးပြည့်စုံတဲ့ တည်ရှိမှုဆိုတာက ကျိန်စာတွေ သက်ရောက်မခံရတာ …
ဒါပေမဲ့…
ဝမ်ဝေ့က စောင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူတို့၏ ကျိန်စာများက ပြန်လည်ပေါ်ထွက်လာ၏။
ဒါက တင်ပြချက်အတိုင်းပဲ ကျိန်စာက တကယ်ကို စွမ်းအားကြီးတဲ့ အရင်းအမြစ်တစ်ခု ရှိတယ်။ အဲဒါကို နားမလည်ပဲနဲ့ ကျိန်စာက ဆက်တိုက်ပွားနေဦးမှာပဲ…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက ဝိဇ္ဇာသန့်စင်မီးတောက်ကို အလျင်အမြန် ရှာဖို့ လိုအပ်နေကြောင်း ပြောင်းလဲသွားလေ၏။ မဟုတ်ပါက ကမ္ဘာကြီးသည် အဆုံးသတ်သွားနိုင်သည်။
ပြီးတော့ ဒီစမ်းသပ်မှုဆီကနေ သတင်းကောင်းတစ်ခုလည်း ရှိထားသေးတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ပြီးပြည့်စုံသည့် အငွေ့အသက်သည် ကျိန်စာပြန်ရောက်လာမှုကို အနည်းငယ် နှောင့်နှေးနိုင်ကြောင်း တွေ့ရှိသွားလေ၏။ ထို့ကြောင့် အဆိုးဆုံးအနေအထားတွင် သူက ရှုကျင်းယောင်နှင့် အလုပ်တွဲလုပ်ကာ နှောင့်နှေးဆေးလုံးကို ဖန်တီးပြီး သင့်တော်သည့် ကုဆေး ဖော်စပ်နိုင်သည့်အချိန်အထိ အချိန်ဆွဲထားနိုင်လေသည်။
ကိစ္စကောင်း မဟုတ်ဘူးဆိုပေမဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းရအောင်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ ရှုကျင်းယောင်ကို ဆက်သွယ်လိုက်၏။ သူက သူ့အား ထိုသတင်းအကြောင်းပြောကာ ဆေးလုံးဖန်တီးသူတချို့နှင့် ကျိန်စာသခင်တို့ဖြင့် ဤနှောင့်နှေးဆေးလုံးကို အတူတွဲလုပ်ဖို့ အဆိုပြုလိုက်သည်။ သူက သူမအား သူမ လိုအပ်သမျှ အထောက်အပံ့အားလုံးကို ပေးမည်ဟုပင် ကတိစကားပေးလိုက်ရာ သူမက သဘောတူလာသည်။
ထို့နောက် ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ်ဆီ ဦးတည်သွားပြီး ကြယ်ဝိဇ္ဇာနှင့် သွားရောက်တွေ့ဆုံလိုက်သည်။ သူက သူမ၏ ကျွမ်းကျင်မှုဖြင့် ဝိဇ္ဇာသန့်စင်မီးတောက်ကို ရှာဖွေလိုလေ၏။ သူက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၊ အာဏာရှင်နှင့် တခြားသော မျိုးနွယ်များဆီ ထိုသူ့ကို ရှာဖွေဖို့ တောင်းဆိုပြီးသားဖြစ်သော်ငြား ဝမ်ဝေ့က မစောင့်လိုပေ။
……………………….
အငြိုးအတေး ယစ်ပူဇော်ပွဲ
မုန့်ခယ်၏ ခန္ဓာကိုယ်က ဘေးပတ်ဝန်းကျင်ကိုပင် တွန့်လိမ်သွားစေနိုင်သည့် သွေးအငွေ့အသက်တို့ ထုတ်လွှတ်လာသည်။ သူက အနီရောင်လှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဒူးထောက်နေသည့် ထာဝရဇာမဏီကို ကြည့်လိုက်သည်။
“တကယ်ကို စိတ်ပျက်စရာပဲ”
ထာဝရဇာမဏီက ပြန်မဖြေပေ။ ထိုအစား သူ့အကြည့်က အာရုံထွေပြားပြီး အဝေးတစ်နေရာကို ကြည့်လိုက်၏။
စောစောလေးက သူက ထိုအရာကို ခံစားမိခဲ့သည်။ သူ့ဘဝ၏ အဆိုးရွားဆုံး ကံကြိုးမျှင်က ပျောက်ဆုံးသွားပြီ ဖြစ်၏။ သူက ထိုအရာ၏ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်ထားလေသည်။ ဝူယွီက သေဆုံးသွားခဲ့လေပြီ။ သူက ဤနေ့ရက်ကို ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော်လည်း ယခု ဖြစ်ပျက်လာသည့််အခါ မည်သို့ခံစားရမှန်း မသိတော့ပေ။
စိတ်သက်သာရာရသွားတာလား။ ဟုတ်တယ်။ ဒီရက်စက်တဲ့ အမျိုးသမီးက နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ။ ဒေါသလား ဟုတ်တာပေါ့။ ငါကပဲ သူမကို သတ်ပစ်သင့်တာလေ…
ထာဝရဇာမဏီက ဗလာကျင်းသလို ခံစားနေမိသည်။ ထိုအရာက သူ့ဘဝတစ်လျှောက် တွန်းအား ဖြစ်ခဲ့လေ၏။ ယခု ထိုအရာပျောက်ကွယ်သွားပြီဖြစ်ကာ သူက မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားနေရသည်။ သူ့အမုန်းတရားက သူ့ကို မည်သည့်အရာအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သဘောပေါက်သွားလေ၏။
ဒီလူရိုင်း ပြောတာမှန်တယ်…
ထာဝရဇာမဏီက တွေးလိုက်သည်။
ငါ့ဘဝက ကျရှုံးမှုတစ်ခုပဲ…
ထာဝရဇာမဏီက အမြင်သစ်မှ သူ့ဘဝကို ပြန်လည်သုံးသပ်မိသွားလေ၏။ သူက ကမ္ဘာထဲတွင် အထူးကဲဆုံး လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပြီး တောက်ပသည့် အနာဂတ်တစ်ခု ရှိခဲ့သည်။ သို့သော် သူ့ပါရမီကို ဆုံးရှုံးသွားပြီးသည့်နောက်တွင် အရာအားလုံးက မှားယွင်းခဲ့၏။ သူက တစ်ခုပြီးတစ်ခုဆိုသလို မှားယွင်းသည့် ဆုံးဖြတ်ချက်များ ပြုလုပ်လာပြီး သူ့အား မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
အခုမှ နောင်တရနေလို့ အကျိုးမရှိဘူး…
ထာဝရဇာမဏီက တွေးလိုက်သည်။
အတိတ်က အတိတ်ပဲ။ ငါက အတိတ်ကို မပြင်နိုင်တော့ဘူး…
သူက ဖြည်းဖြည်းချင်းထရပ်ကာ မုန့်ခယ်ကို ကြည့်လိုက်သည်။
“မင်း ပြောတာ မှန်တယ်”
“ဘာကိုလဲ”
“အားလုံးပဲ” ထာဝရဇာမဏီက ဆက်ပြောလိုက်သည်။
“ငါက ဒီနေ့လို ဖြစ်လာတာက ငါ့ရဲ့ ရွေးချယ်မှုတွေကြောင့်ပဲ”
“ခင်ဗျား နားလည်တာ ကောင်းတာပေါ့။ ဒါပေမဲ့ နောက်ကျလွန်းသွားပြီ”
“မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူး”
“ဘာလဲ”
“မင်းက ငါ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ မှန်လိမ့်မယ်” ထာဝရဇာမဏီ ထပ်ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်နိုင်တယ်ဆိုတော့ တကယ်ကို အမှတ်ရနေသင့်တာပေါ့”
မုန့်ခယ်က ညည်းတွားလိုက်သည်။
“အခု ခင်ဗျားရဲ့ အကြည့်ကနေ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို မြင်လိုက်ရတယ်”
“သေဆုံးခြင်းဆိုတာက အကြွင်းမဲ့ရှင်သန်မှု မဟုတ်ဘူးလား” ထာဝရဇာမဏီက တုံ့ပြန်ပြီး လက်ကိုမြှောက်ကာ အဖြူရောင်မီးတောက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူက မှတ်ဉာဏ်များထဲ နစ်မြောသွားသည့်အလား သူ့မျက်ဝန်းများက စိုစွတ်လာလေ၏။ သူ့မူလတာအိုက ရှင်သန်ခြင်းမီးတောက် ဖြစ်သော်လည်း အမုန်းတရားကြောင့် စွန့်ပစ်ခဲ့မိသည်။
အဖြူရောင်ဇာမဏီအသွင်
အဖြူရောင်မီးတောက်က ထာဝရဇာမဏီကို လွှမ်းခြုံသွားကာ ဇာမဏီတောင်ပံနှင့် အဖြူရောင်သရဖူအဖြစ် ပြောင်းလဲသွားလေသည်။ သူ့အရှိန်အဝါတို့က ယခင်ကကဲ့သို့ ကြက်သီးထဖွယ် မကောင်းတော့ဘဲ လှပကာ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေကာ ရှင်သန်မှုနှင့် ဖန်ဆင်းမှုတို့၏ ပြယုဂ်သဖွယ် ဖြစ်နေသည်။
“ကမ္ဘာကြီးက ဒီတိုက်ပွဲအပြီးမှာ ငါ့ကို ကောင်းကောင်းမွန်မွန် မှတ်မိနေမယ်လို့ ပြောတယ်မလား”
“ခင်ဗျားရဲ့ နောက်ဆုံးအခိုက်အတန့်မှာ တကယ့်ပါရမီရှင်တစ်ယောက်ရဲ့ အနေအထားကို ပြသသရွေ့ပေါ့။” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုတော့ မင်းကလည်း ကျင့်ကြံရေးလောကမှာ တကယ့်သက်ရောက်မှုရှိတဲ့ အနေအထားအထိ ကြီးထွားမှ ဖြစ်မယ်”
“ကျုပ် ယုံကြည်ချက် ရှိပါတယ်”
“ကောင်းပြီလေ။ မင်းက အလကားသက်သက် လျှောက်ပြောနေတာ မဟုတ်ဖို့ပဲ မျှော်လင့်တယ်”