မဟာဉာဏ်ပညာကျမ်း
Vol. 100 Ch. 1396
မုန့်ခယ်က သေဆုံးနေသော ထာဝရဇာမဏီ မဟုတ်သေးဘူး … အဖြူရောင်ဇာမဏီရှေ့ ရပ်တန့်လိုက်သည်။ သူ့ခန္ဓာကိုယ်အနှံ့ လောင်ကျွမ်းရာများ ပြည့်နှက်နေလေ၏။ သူက ပြုံးလိုက်သော်လည်း သူ့ခန္ဓာကိုယ်မှ သွေးဆာသည့် အငွေ့အသက်က ကျေနပ်သည်ထက် ကြမ်းကြုတ်နေသေး၏။
“ခင်ဗျားက တကယ်ကို ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ” မုန့်ခယ်က ပြောလိုက်သည်။ အဖြူရောင်ဇာမဏီအနေအထားသို့ ဝင်ရောက်ပြီးသည့်နောက်တွင် အဖြူရောင်ဇာမဏီက မသေမျိုးစကားလုံးကို ကိုယ်စားပြုလေ၏။ မုန့်ခယ်က သူ့အပေါ် ပြင်းထန်သည့်ဒဏ်ရာ မည်မျှပင် ပေးစေကာမူ အဖြူရောင်ဇာမဏီက ကုစားကာ ဆက်လက် တိုက်ခိုက်နိုင်သည်။ ထို့နောက် သူက ကြောက်မက်ဖွယ် ကုစားရေးစွမ်းအားကို အသုံးပြုပြီး တိုက်ပွဲအတွင်း သင်ယူကာ တိုက်ခိုက်ရေးအတွေ့အကြုံကို တိုးမြှင့်ခဲ့သည်။
အဖြူရောင်ဇာမဏီက သူသည် မီးစာကုန်ခါနီးတွင် တကယ့်အစစ်အမှန်ပါရမီရှင် တစ်ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။ သူက မုန့်ခယ်၏ အရည်အချင်းနှင့် အတွေ့အကြုံများကို ရေမြုပ်သဖွယ် စုပ်ယူကာ သူနှင့် ရင်ဆိုင်ခဲ့သည်။ နှမြောစရာကောင်းလှစွာ ဖြင့် သူက နောက်ကျမှ အသိဝင်လာခဲ့သည်။
အဖြူရောင်အလင်းတန်းက မုန့်ခယ်ဆီ ဆင်းသက်လာပြီး သူ့ဒဏ်ရာများကို ကုစားပေးကာ သူ့မျက်ဝန်းများကို ပြန်လည်ကြည်လင်သွားသည်။
ငါ့အကျင့်စရိုက်အပေါ် လွှမ်းမိုးမှုက ငါ ထင်ထားတာထက် ပိုပြီးတော့ ပြင်းထန်နေတာပဲ…
ဤတိုက်ပွဲအတွက် ပြင်ဆင်ဖို့ရာအတွက် သူသည် ဘိုးဘေးတစ်ယောက်၏ အတွေ့အကြုံကို စုပ်ယူခဲ့ရသည်။ သို့သော်လည်း ထိုသူက တိုက်ပွဲပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း တာအိုစစ်ပွဲနှင့် သတ်ဖြတ်ရေးတာအိုတို့ကို ကျင့်ကြံသည့် အရူးတစ်ယောက်လည်း ဖြစ်နေပြန်၏။
သူ့ရူးသွပ်မှုက ငါ့စိတ်ထဲမှာ ရှိနေတုန်းပဲ…
ဝုန်း
မုန့်ခယ်က တွေးလိုက်သည်။ သူ ဘာမှမလုပ်ပါက သက်ရောက်မှုသည် ကြာရှည်နိုင်ကြောင်း သဘောပေါက်သွားလေ၏။ သူက အသက်ပြင်းပြင်းရှူကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
သတင်းကောင်းက စံပြသတ်ဖြတ်ရေးဂုဏ်ပုဒ်နှင့် အဖြူရောင်ဇာမဏီရဲ့ ကံကောင်းမှုနဲ့ ကြမ္မာတွေအားလုံးပဲ…
မုန့်ခယ်က တွေးလိုက်သည်။ သူက ဤနေရာမှ ပျောက်ကွယ်သွားကာ အပြင်ဘက်တွင် ပေါ်ထွက်လာလေ၏။
“ရှောင်ခန်” မုန့်ခယ်ထက် နည်းနည်းအရပ်ပုပြီး ထွားကျိုင်းသည့် ကြွက်သားများရှိလာသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦးက ဦးညွှတ်လာသည်။
“အခြေအနေ ဘယ်လိုလဲ” မုန့်ခယ်က မေးလိုက်သည်။
“ကျုပ်တို့လူတွေအားလုံးက သူ့နန်းဆောင်ကို သိမ်းပိုက်နေပါတယ်”
“တခြားသူတွေ ဝင်စွက်ဖက်သေးလား”
“ဝင်စွက်ဖက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဖြေရှင်းပြီးသွားပါပြီ”
“ဆုံးရှုံးမှုရော ရှိသေးလား”
“အသေးအမွှားလောက်ပါပဲ”
မုန့်ခယ်က ခေါင်းညိတ်ပြီး တခြားတစ်ခုကို တွေးမိသွားသည်။
“ဝမ်ဝေ့ကရော ဝင်ရောက်စွက်ဖက်ခဲ့သေးလား”
“မစွက်ဖက်ခဲ့ပါဘူး။ မိန်းကလေးတုကွန်းက သူ မပါဘူးဆိုတဲ့ သတင်းကို ပို့လာပါတယ်။ သူက စကားကို ထိန်းသိမ်းပါတယ်”
“ကြားရတာ ကောင်းတယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။ သူတို့၏ မဟာမိတ်က ကောင်းမွန်စွာ ရှေ့ဆက်တက်လှမ်းနေသည့်အတွက် ဤကိစ္စလေးဖြင့် အဆုံးသတ်ဖို့ သို့မဟုတ် သက်ရောက်မှု ရှိဖို့ မလိုချင်ပေ။
“ကျုပ်တို့ဆီမှာ ရှိသမျှ ဗုဒ္ဓစာအုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး ယူခဲ့လိုက်” မုန့်ခယ်က မေးလိုက်သည်။ သို့သော်လည်း ထိုအသက်ကြီးကြီးအမျိုးသားက သူ့စကားများကို ကြားပြီးသည့်နောက်တွင် သတိကြီးကြီးဖြစ်သွားလေ၏။ မုန့်ခယ်က ထိုအရာကို သတိထားမိကာ ထိုသူ၏ တုံ့ပြန်မှုကို နားလည်လိုက်သည်။
လူရိုင်းမျိုးနွယ်က သူ့ကိုယ်ပိုင်ဘာသာရေး သို့မဟုတ် စိတ်ဝိညာဉ် ယဉ်ကျေးမှုမျိုး ရှိလေသည်။ ထိုအရာက သဘာဝနှင့် ဘိုးဘေးစိတ်ဝိညာဉ်များကို ကိုးကွယ်ခြင်း ဖြစ်၏။ သို့သော်လည်း သူတို့မျိုးနွယ်က ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့၏ နတ်ဘုရားများ ပါဝင်လာသည်အထိ ကျယ်ပြန့်လာခဲ့သည်။ သို့သော်လည်း ဗုဒ္ဓကပ်ဘေးအတွင်း မေတ္တယျက စိတ်လွတ်သွားစဉ် ယုံကြည်မှုစွမ်းအားက ဘုန်းကြီးတွေအားလုံးအပေါ် သက်ရောက်မှုရှိလာလေ၏။ ဘုန်းကြီး လူရိုင်းမျိုးနွယ်ဝင်များကလည်း စတင်ပုန်ကန်ကာ မျိုးနွယ်တစ်ခုလုံးကို လွှမ်းမိုးလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုစဉ်အချိန်ကတည်းက လူရိုင်းမျိုးနွယ်က တခြားသော ဘာသာရေးများကို ဖြန့်ဝေမှုအား တားမြစ်ထားခဲ့သည်။ သို့သော်လည်း မေတ္တယျ၏ စွမ်းအားနှင့် တည်ရှိမှုကြောင့် အရင်းအမြစ်က ဤနှစ်တစ်လျှောက် အတားအဆီးကို လျှော့ချထားခဲ့ပြီး ဗုဒ္ဓဘာသာကို နားလည်မှုနှင့် လေ့လာမှုတို့ကို ခွင့်ပြုထားခဲ့သည်။ သို့သော်လည်း ဗုဒ္ဓဘာသာကို လေ့ကျင့်ခြင်းကမူ တားမြစ်ချက်တစ်ခု ဖြစ်နေဆဲဖြစ်၏။
လူရိုင်းမျိုးနွယ်တွင် မျိုးနွယ်စုများစွာ ပါဝင်နေသည်။ သူတို့က စည်းလုံးသော်လည်း တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသေး၏။ တာ့ခန်ရာထူးက မျိုးနွယ်အားလုံး၏ ခေါင်းဆောင်ဖြစ်ကာ စွမ်းအားကြီးမားပေသည်။ မုန့်ခယ်က နောက်တက်မည့် တာ့ခန် ဖြစ်၏။ ဆိုလိုသည်မှာ သူတို့၏ အနာဂတ်ခေါင်းဆောင် ဖြစ်ပေသည်။ သူတို့မလိုချင်ဆုံးအရာက သူ့အနေဖြင့် ဗုဒ္ဓဘာသာနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုမျိုး ရှိနေခြင်း ဖြစ်၏။
“မှတ်ဉာဏ်တွေရဲ့ သက်ရောက်မှုက ကျုပ် ထင်ထားတာထက်ပိုပြီးတော့ ပြင်းထန်တယ်။” မုန့်ခယ်က ရှင်းပြလိုက်သည်။
“ဗုဒ္ဓဘာသာက သက်ရောက်မှုကို ရှင်းထုတ်ဖို့ အမြန်ဆုံးနည်းလမ်းလေ”
သူတို့မျိုးနွယ်က ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းများရှိသော်လည်း အချိန်နှင့် အားစိုက်ထုတ်မှုများ လိုအပ်သည့် ယဇ်ပူဇော်ပွဲအမျိုးအစား ဖြစ်၏။ လက်ရှိအခြေအနေ၏ အရေးပါမှုအနေအထားကို နားလည်ထားလေသည်။ ထို့ကြောင့် သူက တတ်နိုင်သမျှမြန်မြန် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလို၏။
“အမိန့်အတိုင်းပါ” အသက်ကြီးကြီးအမျိုးသားက ခေါင်းညိတ်လိုက်သည်။
မုန့်ခယ်က သူ့မျိုးနွယ်စုဆီ ပြန်မလာသေးဘဲ စစ်နတ်ဘုရားဗိမာန်ဆီ သွားလိုက်သည်။ ဤသည်က မှတ်ဉာဏ်၏ ဇစ်မြစ်ဖြစ်ပြီး သက်ရောက်မှုကို ဖိနှိပ်ထားနိုင်မည့် နည်းလမ်းတချို့လည်း ပါဝင်နေသည်။
သူက သူ တောင်းဆိုထားသည့်အရာများကို ရရှိပြီးသည့်နောက်တွင် ပါဝင်အကြောင်းအရာများကို ခွဲထုတ်လိုက်သည်။ မုန့်ခယ်က စိတ်သန့်စင်ရေးကျမ်းနှင့်အတူ အသုံးအဆောင်ပစ္စည်းတချို့ကို တွေ့ရှိသွားလေ၏။
သို့သော်လည်း သူက အမြန်နှုန်းကို မကျေနပ်သေးဘဲ ဤမန္တန်ကို တိုးမြှင့်နိုင်သည့် ကျမ်းများစွာကို ဆက်လက်ဖတ်ရှုလိုက်သည်။ မုန့်ခယ်က ချက်ချင်းဆိုသလို ရပ်တန့်သွားလေ၏။ လွန်ခဲ့သည့် ယွမ်ခေတ်ကာလထောင်ပိုင်းခန့်က ဤခေတ်ကာလ ဖရိုဖရဲမဖြစ်ခင် သူသည် ဘဝကို ပြောင်းလဲပစ်စေနိုင်သည့် အတွေးအခေါ်တစ်ခုအတွက် လှုံ့ဆော်မှု ရှိခဲ့သည်။ ထိုအတွေးအခေါ်က သူနှင့် ဝမ်ဝေ့ကြားက အကွာအဝေးကို နီးကပ်စေလိမ့်မည်ဟု ယုံကြည်ထားလေ၏။ သို့သော်လည်း ထိုအတွေးအခေါ်က သူ့အား ယုန်နောက်လိုက်ဖို့ ကြိုးစားနေသည့် လိပ်သဖွယ် လွတ်သွားစေသည်။
အခု ထပ်ပြီးတော့ ပေါ်လာပြန်ပြီ…
မုန့်ခယ်က တွေးလိုက်သည်။ သို့သော်လည်း ဤရလဒ်ကမူ အတူတူသာ ဖြစ်၏။ သူက မဖမ်းဆုပ်နိုင်ပေ။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်ထိန်းပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ မုန့်ခယ်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
“ဗုဒ္ဓဘာသာက စိတ်နဲ့ ဉာဏ်ပညာကို ဖွံ့ဖြိုးဖို့ အလေးထားတယ်။ ဉာဏ်ပညာဆိုတာက ဘာလဲ” သူ့မျက်ဝန်းအထက် တောက်ပသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
ဟုတ်တယ်။ ငါနဲ့ သူ့ကြားက အကြီးမားဆုံး ကွာဟချက်က ဉာဏ်ပညာပဲ။ ဒီလိုဆိုရင် ငါ့ကို ပါရမီရှင်တစ်ယောက်ရဲ့ ဉာဏ်ပညာကို ချီးမြှင့်ပေးနိုင်တဲ့ ကျင့်ကြံရေးနည်းစနစ်မျိုးကို ဘာလို့ မဖန်တီးရမှာလဲ…
မုန့်ခယ်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။ သူက သူ့မျှော်နန်းဆောင် အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်သည်။ ထိုအရာ၏ စွမ်းရည်က နည်းစနစ်များနှင့် ကျင့်စဉ်များကို ဖန်တီးရာ၌ ကူညီပေးဖို့ရာ ဖြစ်၏။
တာအိုနယ်ရှင်တစ်ယောက်ရဲ့ ဦးနှောက်ပဲဖြစ်ဖြစ် သူတို့ရဲ့ ဉာဏ်ပညာရဲ့ ဇစ်မြစ်က ဝိညာဉ်ပဲဖြစ်ဖြစ် ငါ့ရဲ့ ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲဖို့ နည်းလမ်းကို ဖန်တီးနိုင်တာပဲ…
မုန့်ခယ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်ကာ မလုံလောက်သေးကြောင်း ခံစားမိလေ၏။ ထိုနည်းလမ်းများက တာအိုနယ်ရှင် သို့မဟုတ် နယ်ရှင်တစ်ယောက်၏ ဉာဏ်ပညာကို ဖော်ညွှန်းနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က သူ့လိုလူမျိုးက သူတို့စိတ်ရဲ့ ကန့်သတ်ချက်တွေကြောင့် နှောင့်နှေးမခံရဘူးလို့ ပြောခဲ့ဖူးတယ်။ သူတို့ကို လူအများ မတွေးမိစေတဲ့ နေရာကနေ တွေးမိစေပြီးတော့ အပြောင်မြောက်ဆုံး စိတ်က မလုပ်နိုင်တဲ့အရာတွေကိုတောင် မြင်နိုင်၊ တွေ့နိုင်စေတယ်တဲ့…
အဲဒါဆိုတော့ ဒီနည်းစနစ်က ပိုပြီးမြင့်မားတဲ့ အချိန်ကျလာရင် ငါ့ရဲ့ အတားအဆီးတွေကို ချိုးဖောက်နိုင်လိမ့်မယ်…
မုန့်ခယ်က ဆက်လက်သုံးသပ်လိုက်သည်။
သူ့အတွေးအခေါ်က စာရွက်ပေါ်တွင် ဖြစ်နိုင်သော်လည်း တကယ့်လုပ်ဆောင်ခြင်းကမူ သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေနိုင်သည်။
လူရိုင်းမျိုးနွယ်၏ ဗဟုသုတနှင့် ဗုဒ္ဓဘာသာ၏ ဉာဏ်ပညာကြောင့် သူသည် ထိုနည်းစနစ်၏ ပထမအဆင့်ကို ဖန်တီးဖို့ ယုံကြည်ချက် ရှိနေလေ၏။ သို့သော်လည်း သူက သူ့အသိအမြင် ကန့်သတ်ချက်ကို ဖယ်ရှားရာနှင့် ကန့်သတ်လာသည့်အခါ မသေချာပေ။
အသိအမြင်ခံစားချက်ထဲမှာ ကံကြမ္မာစွမ်းအားလည်း ပါဝင်နေတယ်။ ကံကြမ္မာတာအိုက ကျင့်ကြံသူတွေကို ပိုပြီးထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ…
မုန့်ခယ်က မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်သည်။
အထွတ်အထိပ်တားမြစ်ခံစစ်ဆေးမှုက တာအိုနယ်ရှင်တွေအတွက် သူတို့ရဲ့ စိတ်ကို အနှောင်အဖွဲ့ကနေ လွတ်မြောက်စေဖို့ နောက်ဆုံးသော တွန်းအားတစ်ခုပဲ…
တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် နည်းစနစ်၏ နောက်ဆုံးအဆင့်က အထွတ်အထိပ်တားမြစ်ခံစစ်ဆေးမှုကို ဖြတ်ကျော်ရမည် ဖြစ်၏။
ဒီလမ်းစဉ်က ကြမ်းတမ်းတယ်ဆိုပေမဲ့ တစ်ခုခုပဲ…
မုန့်ခယ်က သူ့ကိုယ်သူ ဖျောင်းဖျလိုက်သည်။ သူက ထိုအတွေးအခေါ်ကို လက်မလျှော့လိုပေ။ အထူးသဖြင့် သူက ထိုနည်းစနစ်အတွက် နာမည်တစ်ခုပင် ရှိထားပြီးသားဖြစ်၏။
မဟာဉာဏ်ပညာကျမ်း
အဆိုးဆုံးအနေအထားဆိုရင် ငါက ဝမ်ဝေ့ရဲ့ အကူအညီကို ယူပြီးတော့ သူ့ကို ရက်ရက်ရောရော ဆုလာဘ်ပေးလို့ရတယ်။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း အားနည်းတဲ့ တာအိုနယ်ရှင်တစ်ယောက်ကို ဖမ်းပြီးတော့ သူ့ကို စမ်းသပ်ခံပစ္စည်းအဖြစ် ခေါ်ဆောင်လာရမှာပေါ့…
မုန့်ခယ်က ယုံကြည်ချက်ရှိစွာဖြင့် စတင်လှုပ်ရှားလိုက်သည်။ သူက စိတ်ကို ရှင်းလင်းဖို့ အာရုံစိုက်ထားလိုက်သော်လည်း ထိုနည်းစနစ်အတွက် ပိုမိုကောင်းမွန်သည့် ပုံကြမ်းကို ဖန်တီးဖို့ အချိန်ယူလိုက်သေးသည်။
………………………………………
“အခုထိ သူ့ကို ရှာမတွေ့သေးဘူးလား” ဝမ်ဝေ့က ပြောလိုက်သည်။
“တစ်ခုခုက သူ့ဝန်းကျင်က အမှန်တရားကို ပိတ်ဆို့နေတယ်” ဖန်းဆွေ့က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“အဲဒါသူများလား” ဝမ်ဝေ့က နေမင်းကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
“ပြောဖို့ ခက်တယ်” ဖန်းဆွေ့က ပြန်ဖြေလိုက်သည်။
“သူ့အကြောင်း ရယူဖို့ ကြိုးစားတဲ့ အခြေအနေတုန်းကတော့ သတင်းအချက်အလက် လုံးဝမရတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် တန်ပြန်သက်ရောက်မှု ရှိတာမျိုး ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ သူ့အနေနဲ့ ဘာမှထုတ်ပြောစရာမရှိဘူးဆိုတာကို ပြသနေတယ်”
“ဆိုလိုတာက သူ တမင်လုပ်နေတာ ဖြစ်နိုင်တာပေါ့။ ဒါမှမဟုတ်ဘူးဆိုရင်လည်း သူက သူအသုံးပြုတဲ့နည်းလမ်းက ပင်မခန္ဓာကိုယ်အစား အခွံတစ်ခုကို သုံးထားတာဆိုတော့ အားနည်းနေတာလည်း ဖြစ်နိုင်တယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“တခြားစွမ်းအားတစ်ခုလည်း ဖြစ်နေနိုင်တယ်” ဖန်းဆွေ့က ထပ်ပြောလိုက်သည်။
“ငါက ငါ့စွမ်းရည်အပေါ်မှာ ယုံကြည်ချက်ရှိတယ်ဆိုပေမဲ့ ငါ့ဆီကနေ ဖုံးကွယ်ထားတယ်လို့ ပြောလောက်အောင်တော့ မမောက်မာဘူး”
“ဟုတ်ပါတယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ နှစ်ဦးသားက တစ်စုံတစ်ခုကို ခံစားမိကာ မိုးမြင့်ယံတွင် ပေါ်ထွက်လာသည့် အမြင်ရုပ်လွှာကို ကြည့်လိုက်သည်။
“နောက်ထပ် လမင်းတစ်စင်း ကျဆုံးသွားပြီ” ဖန်းဆွေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကြည့်ရတာ မုန့်ခယ် အောင်မြင်သွားတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒီခေတ်ကာလရဲ့ အဆုံးသတ်က ချဉ်းကပ်လာပြီ” ဖန်းဆွေ့က ရေရွတ်လိုက်သည်။
“နောက်ခေတ်ကာလက ထူးကဲသာလွန်မှုခေတ်ကာလ ဖြစ်မှာလား ဒါမှမဟုတ် အချိန်စားသုံးသူကလည်း တစ်ခုခုရှိနေလောက်တယ်”
“သူ့အစီအစဉ်က နောက်ရောက်လာမဲ့ ခေတ်ကာလကို နှောင့်နှေးဖို့ လုံလောက်တယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“နှောင့်နှေးဖို့လား။ ပြောရမယ်ဆိုရင် ဖျက်ဆီးပစ်နိုင်ချေတောင် ရှိတယ်”
ဝမ်ဝေ့၏ အမူအရာက ရုတ်တရက် အလေးအနက် ဖြစ်လာသည်။ သူက အချိန်စားသုံးသူသည် ခြိမ်းခြောက်မှုဖြစ်နိုင်ကြောင်း သိထားခဲ့သော်လည်း ထိုသူ၏ အစီအစဉ်က သူ့ကို အသုံးချဖို့ရာ မြင့်မားသည့်အဆင့်ကို ရောက်ရှိဖို့ရာဟုသာ ဖြစ်၏။ အချိန်စားသုံးသူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် သို့မဟုတ် အတုအယောင် ထူးကဲသာလွန်မှုအဆင့်ကို ရယူဖို့ လှုပ်ရှားမှုကြီး စီစဉ်နေလေသည်။
ထိုသို့သောစွမ်းအားမျိုးဖြင့် နောက်ရောက်လာမည့် ခေတ်ကာလ၌ အသက်ရှင်နိုင်မည်ဖြစ်ကာ စွမ်းအားကို မြှင့်တင်နိုင်လိမ့်မည်။
သို့သော်လည်း ဖန်းဆွေ့က ထိုသူ၏ ခြိမ်းခြောက်မှုသည် ကိုယ်ပိုင်စွမ်းအားကြောင့်သာ မကဘဲ တစ်စုံတစ်ခုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောပြနေလေ၏။
“သူ့ကို အလေးအနက် မှတ်ယူသင့်တယ် ထင်တယ်” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သို့သော်လည်း သူက အမှန်အတိုင်းကို သိလျှင်ပင် ဘာမှမလုပ်နိုင်ပေ။ သူက လက်ရှိအခြေအနေတွင် အလုပ်များနေပြီဖြစ်သည့်အတွက် အချိန်စားသုံးသူနှင့် ဖြေရှင်းဖို့ မည်မျှအချိန်ရမည်နည်း။
ထိုသူက အချိန်အတော်ကြာ ပုန်းအောင်းပြီး စီစဉ်နေခဲ့သည့်အတွက် မေတ္တယျပင် သူ့နောက်ဆုံးရည်မှန်းချက်ကို မပြောနိုင်ပေ။
ကောင်းပြီလေ။ ပြဿနာကို တစ်ကြိမ်မှာတစ်ခါ ဖြေရှင်းကြတာပေါ့…
ဝမ်ဝေ့က သူ့ကိုယ်သူ ဖျောင်းဖျလိုက်သည်။ အန္တိမသဟဇာတက သူ့လည်ပင်းထဲ စူးဝင်နေသည့် အရိုးတစ်ချောင်းသဖွယ် ဖြစ်နေသည့်အတွက် သူနောက်ဆုံး မလုပ်သင့်ဆုံးအရာက အချိန်စားသုံးသူအပေါ် အာရုံမထွေပြားစေဖို့ရာသာ ဖြစ်၏။