← Chapters

မရှောင်ရှားနိုင်ဖွယ် ကပ်ဘေး

Vol. 100 Ch. 1397

မရှောင်ရှားနိုင်ဖွယ် ကပ်ဘေး

Vol. 100 Ch. 1397

ဝမ်ဝေ့က ဤဝန်ထုပ်ကို မထမ်းထားသင့်ကြောင်း ခံစားမိသော်လည်း ထိုအရာကို ချန်ထားခဲ့ရမည်ဟု ဆိုလိုနေခြင်းလည်း မဟုတ်ပေ။

သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လိုတယ်။ ပြီးတော့ အရှုပ်အထွေးကို ဖြေရှင်းရမယ်…

သူက အဆုံးသတ်ပြီးသည့်နောက်တွင် အစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။

“ကြယ်ဝိဇ္ဇာ ဒီသတင်းကို ဖြန့်ဖို့ ခင်ဗျားရဲ့ နာမည်ကို သုံးလို့ရမလား” ဝမ်ဝေ့က မေးလိုက်သည်။ ဝမ်ဝေ့အနေနှင့် ဤသတင်းသည် အာဏာရှင်နှင့် တခြားသော ထိပ်တန်းမျိုးနွယ်များအတွက် သူ့အစား သူမဆီမှ ရောက်လာမည်ဆိုပါက ပိုမိုယုံကြည်မည်ဖြစ်ကြောင်း ခံစားမိလေ၏။

“အဲဒါကြောင့် မင်းကို ထုတ်ပြောလိုက်တာပေါ့” ဝိဇ္ဇာဖန်းဆွေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ကျေးဇူးပါ”

“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းက သန့်စင်မီးတောက်ကို ဘာလုပ်မှာလဲ” သူမက မေးလိုက်သည်။

“သူ့ကို နည်းလမ်းဟောင်းအတိုင်းပဲ မျှားခေါ်ရမှာပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“မင်းရဲ့ အစီအစဉ် အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်” ဝိဇ္ဇာဖန်းဆွေ့က ခေါင်းညိတ်လိုက်၏။

“ယဲ့တာဖူက နတ်ဆိုးမျိုးနွယ်ဆီ ပြန်ရောက်လာပြီလား။ သူ့ကံကြိုးမျှင်ကို ဘာလို့မခံစားမိတာပါလိမ့်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒီငတုံးမျောက်လား။ သူက အပြစ်ဒဏ် ခံယူနေတယ်လေ”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။

“သူက ဘာလုပ်လိုက်လို့လဲ”

“မင်းသိသင့်တယ် မဟုတ်ဘူးလား”

“ကျုပ်နဲ့ ဘာများပတ်သက်လို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒီအတွေးအခေါ်တွေကို သူ့စိတ်ထဲ မင်းပဲ ထည့်ပေးခဲ့တာ မဟုတ်ဘူးလား”

“အတွေးအခေါ်တွေလား။ ခဏ … သူက သေခြင်းရှင်ခြင်းစာအုပ်ကနေ သူ့နာမည်ကို တကယ်ကြီး ဖယ်ရှားဖို့ လုပ်ခဲ့တာလား”

“ဟုတ်တယ်။ သူ့ကောင်းကင်ဘုံအဆင့် ဖြစ်လာတာနဲ့ မြေအောက်ကမ္ဘာဆီ ခိုးဝင်ပြီးတော့ သေခြင်းရှင်ခြင်းလို့ခေါ်တဲ့ စာအုပ်ကို ရှာဖွေပြီးတော့ သူ့နာမည်ကို ဖယ်ရှားဖို့ ကြိုးစားခဲ့တယ်လေ။ ငါတို့တွေက ယမမင်း သူ့ကို လွှတ်ပေးအောင် တန်ကြေးအများကြီး ပေးခဲ့ရသေးတယ်။ တကယ်တော့ အဲဒီမျောက်ကလေးက အတော်လေး ကံကောင်းတယ်။ မဟုတ်ရင် သူက သော့ခလောက်ပေါ်လာတာနဲ့ မြေအောက်ကမ္ဘာမှာ ထာဝရပိတ်မိသွားနိုင်တယ်” ဖန်းဆွေ့က ရှင်းပြလိုက်သည်။

ဝမ်ဝေ့က ထိုစကားများကို ကြားကာ မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုမျောက်ဘုရင်အပေါ် လုပ်ခဲ့သည့် လှည့်ကွက်အနည်းငယ်ကို အာရုံမထားပေ။ သို့သော် ယခုတွင် သူ့အပြုအမူက ကြီးမားသည့် ရှုပ်ထွေးမှုမျိုးရှိလာကြောင်း နားလည်သွားလေ၏။

ယဲ့တာ့ဖူက စွန်းဝူခုံးနဲ့ ပတ်သက်နေတာလား။ ဒါပေမဲ့ ဘယ်လိုလဲ။ သူ့စိတ်ဝိညာဉ်ကို အမွေဆက်ခံတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ခုလား…

နာမည်က စွမ်းအားများကို သယ်ဆောင်ထားလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ မေတ္တယျက ကမ္ဘာမြေပေါ်တွင်ရှိနေသည့် မေတ္တယျဗောဓိသတ်နှင့် နာမည်အတူတူ ရှိလေ၏။ ဝမ်ဝေ့က ထိုသူနှစ်ဦးကြားတွင် ဆက်နွယ်မှုရှိနေလိမ့်မည်ဟု အမြဲတမ်း တွေးနေခဲ့မိသည်။ အကောင်းဆုံးရှင်းပြချက်ကမူ သူမသည် ဗောဓိ၏ စိတ်ဝိညာဉ်ကို အမွေရရှိထားခြင်း ဖြစ်၏။ ယခု သူက ယဲ့တာဖူအတွက်လည်း အတူတူဖြစ်လိမ့်မည်ဟု စတင်ယုံကြည်လာမိသည်။

အခု ငါ အဖြေလိုနေတဲ့ မေးခွန်းတွေက သူတို့က သမိုင်းမတိုင်မီ ကမ္ဘာကို ခွဲခြားထားရက်နဲ့ သူတို့က ဟွင်သွမ်းစကြဝဠာကို ဘယ်လိုလွှမ်းမိုးနိုင်တာလဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

မဟာတာအိုက ခွင့်ပြုထားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါ မသိသေးတဲ့ ပိုမိုနက်ရှိုင်းတဲ့ အမှန်တရားတွေ ရှိနေတာလား…

“ကြည့်ရတာ မင်းရဲ့ အပြုအမူနောက်ကွယ်က လှည့်ကွက်တော့ ရှိတဲ့ပုံမပေါ်ဘူးပဲ” ဖန်းဆွေ့က သူ့တုံ့ပြန်မှုကို မြင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ကျုပ်ကလည်း နယ်ရုပ်တစ်ခုဖြစ်နေနိုင်တယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက သူသည် ယဲ့တာဖူ၏ ကံကြမ္မာကို စွန်းဝူခုံးနှင့် တူအောင် မတော်တဆ ပြောင်းလဲခဲ့သည်က တိုက်ဆိုင်မှုတစ်ခုဟု မထင်ပေ။

“ငါ သိပြီ” ဖန်းဆွေ့က ခေါင်းညိတ်လိုက်၏။ ကျင့်ကြံလောက၏ အခြေခံအမှန်တရားတစ်ခုက လူအားလုံးသည် တခြားသူ၏ နယ်ရုပ်တစ်ခုသာ ဖြစ်၏။ ကျင့်ကြံဆင့် ပိုမိုမြင့်မားလာလေလေ ကျင့်ကြံသူ ရှိထားသည့် လုပ်ပိုင်ခွင့်က ပိုမိုများပြားလာလေလေ ဖြစ်၏။ သို့သော် ဆိုလိုသည်မှာ သူတို့က ပိုမိုအဖိုးတန်သည့် နယ်ရုပ်များ ဖြစ်လာလေသည်။

“သွားရတော့မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်က တစ်ခု ပြောခဲ့ရဦးမယ်။ ယဲ့တာဖူအကြောင်း ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဘယ်အပြစ်ဒဏ်ကမှ သူ့ရဲ့ အကျင့်စရိုက်ကို လွယ်လွယ်ကူကူ ပြောင်းလဲစေမှာ မဟုတ်ဘူး။ သူက စာအုပ်ကို သူ့နာမည်ကနေ မဖယ်ရှားရမခြင်း ရပ်တန့်မှာလည်း မဟုတ်ဘူး။ ပြီးတော့ သူက ဗုဒ္ဓဘာသာနဲ့ နက်ရှိုင်းတဲ့ ကံဆက်နွယ်မှုမျိုး ရှိနေနိုင်တယ်”

ဖန်းဆွေ့က ခေါင်းညိတ်ပြလိုက်သည်။ ထိုသတင်းအချက်အလက်က နတ်ဆိုးမျိုးနွယ်အား ယဲ့တာဖူ၏ ကြမ္မာအတွက် ပြင်ဆင်ထားပြီး သူ့အား ပိုမိုကောင်းမွန်စွာ လေ့ကျင့်ခွင့်ပြုထားလေသည်။ ထိုအရာမပါရှိဘဲ သူတို့သည် အားစိုက်ထုတ်မှုနှင့် အရင်းအမြစ်များစွာကို ပုံအောပြီးသည့်နောက်တွင် သူ့ကို ဆုံးရှုံးသွားရနိုင်ခြေ ရှိသည်။

ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး မူလစည်းတံဆိပ်ကုန်းမြေဆီ ရောက်ရှိလာကာ သူ့ဘိုးဘေးနှင့် တွေ့ဆုံလိုက်သည်။

“ကျွန်တော် ဘိုးဘေးချီယွမ်နဲ့ တွေ့ဖို့လိုတယ်”

“အခု မင်းက နှုတ်တောင် မဆက်တော့ဘူးပဲ” ယန်းအိုက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၍ ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ဘိုးဘေး အချိန်က အသက်ပဲလေ။ ကျွန်တော်ဘက်မှာ အချိန်မရှိဘူး။ အဲဒါဆိုတော့ ကျွန်တော်က ပုံမှန်လိုမျိုး မဆက်ဆံဖြစ်ခဲ့ရင် ကြိုတောင်းပန်ပါတယ်”

ယန်းအိုက်က သူ့ကို အေးစက်စက်ကြည့်ပြီးသည့်နောက်တွင် လက်ကိုဝှေ့ယမ်းပြီး အစီအရင်များစွာကို အသက်သွင်းလိုက်သည်။ ထို့နောက် နေရာကို ပိုင်းခြားပြီးသည့်နောက်တွင် အမှတ်အသားပြားတစ်ခုကို ဆင့်ခေါ်ပြီး အသက်သွင်းလိုက်၏။ ထို့နောက် အခန်းအတွင်း တွင်းနက်လေးတစ်ခု ပေါ်ထွက်လာကာ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တခြားဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

“တတိယညီမလေး တစ်ခုခုများ ဖြစ်လို့လား”

“ကောင်လေးက အစ်ကိုကြီးကို တွေ့ချင်နေတယ်။ ကြည့်ရတာ အရေးကြီးတဲ့ပုံပဲ” ယန်းအိုက်က တုံ့ပြန်လိုက်သည်။

“အဲ့လိုလား။ ငါ့ကို စက္ကန့်ပိုင်းလောက် အချိန်ပေး”

စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် အနက်ရောင်တွင်းနက်ကြီးက တုန်ခါလာပြီးသည့်နောက်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက ဝမ်ဝေ့အား ပြုံးပြီးသည့်နောက်တွင် ချက်ချင်း ဖက်လိုက်၏။

“ဒါက ဝမ်မျိုးနွယ်ရဲ့ ချီလင်သားတော် မဟုတ်ဘူးလား။ ဘယ်လိုအခြေအနေရှိလဲ” ချီယွမ်က မေးလိုက်သည်။

“စိတ်ဖိစီးမှုနဲ့ ဆံပင်တွေ ကျွတ်နေပြီ” ပုံရိပ်က ပြန်လည်ဖက်ရင်း တုံ့ပြန်လိုက်၏။

“မင်းရဲ့ စိတ်ဖိစီးမှုကို ဘာမှလုပ်မပေးနိုင်ဘူး။ ဒါပေမဲ့ ဆံပင်ပေါက်ဆေးကိုတော့ သိတယ်။ မင်းရဲ့ ကုသမှု ပြီးသွားတာနဲ့ ဝူဟုန်က မင်းကို ချီးကျူးလိမ့်မယ်ဆိုတာ သေချာတယ်”

ဝမ်ဝေ့က ဆွံ့အသွားလေ၏။

“ဒါပေမဲ့ ကျွန်တော်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချစေချင်တာလေ။”

“ငါက သေပြီလေ။ ဘာများ တတ်နိုင်ဦးမှာမလို့လဲ” ချီယွမ်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။

“ငါ စတာပါ။ ကဲ ဘာကိစ္စလဲ ပြော”

သို့သော်လည်း ဝမ်ဝေ့က ထိုဘိုးဘေးနှင့်ပတ်သက်ပြီး ရုတ်ချည်းဆိုသလို သတိထားလိုက်မိသည်။ ဤသည်က ချီယွမ် လက်ရှိရှိနေသည့် စိတ်အနေအထားဖြစ်ကြောင်း ခံစားမိလိုက်၏။ သူက မျိုးနွယ်နှင့် ဂိုဏ်း၏ ဦးနှောက် သို့မဟုတ် ဉာဏ်ပညာကြီးမားသည့် ခေါင်းဆောင်အနေအထားမှ နှုတ်ထွက်ကာ သူ့ဆီ ဝန်ထုပ်ဝန်ပိုးနှင့် ပြဿနာအားလုံးကို လွှဲပြောင်းပေးနေသည်။

အနာဂတ်ကတော့ စိုးရိမ်စရာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

အကယ်၍ ချီယွမ်သာ နှုတ်ထွက်လိုက်ပြီး ကိစ္စအားလုံးကို သူ့ဆီပုံပေးခဲ့ပါက သူ့ဘဝကြီးသည် အလုပ်ရှုပ်လာလိမ့်မည်။

မဟုတ်သေးဘူး။ ငါက အားလုံးလုပ်နေတုန်း ဒီလူကြီး ပျော်မွေ့နေတာတော့ မဖြစ်သေးဘူး။..

ဝမ်ဝေ့က ချက်ချင်းဆိုသလို အစီအစဉ်ဆွဲလိုက်သည်။

“အဲဒါက ဝိဇ္ဇာဖန်းဆွေ့ဆီကနေ သိခဲ့ရတဲ့အရာတွေပါ။” ဝမ်ဝေ့က အချိန်စားသုံးသူနှင့် ပတ်သက်ပြီး အရာအားလုံးကို ရှင်းပြလိုက်သည်။

“အဲဒါဆိုတော့ ငါတို့ကို သူ့ကို စောင့်ကြည့်စေချင်တာလား” ချီယွမ်က မေးလိုက်သည်။

“သူ့ကို ရှင်းထုတ်နိုင်ရင်တော့ ပိုပြီးကောင်းတာပေါ့။ ဘိုးဘေး သေသွားပြီဆိုတဲ့ အကြောင်းပြချက်မျိုးတော့ လာမပေးနဲ့နော်”

ချီယွမ်က သူ့ကို ကြည့်လိုက်ပြီး ထိုကောင်လေးက သူ့အစီအစဉ်အတိုင်း လိုက်လုပ်နေလားဟု စဉ်းစားမိသွားသည်။ သူက ကြာကြာမစဉ်းစားလိုက်ဘဲ ချီယွမ်က ကမ္ဘာကြီးကို လေ့လာလိုက်၏။ သူက လက်ကိုမြှောက်ကာ တာအိုအခွင့်အလမ်းဂိုဏ်း၏ ကံကောင်းမှုတချို့ကို ဆင့်ခေါ်ပြီး သူ့စွမ်းအားကို မြှင့်တင်လိုက်သည်။

“အစ်ကိုကြီး” ယန်းအိုက်က သတိပေးလိုက်၏။

“ကိစ္စမရှိပါဘူး။ မေတ္တယျက သူမရဲ့ စွမ်းအားနဲ့ ငါတို့ကို ကောင်းချီးပေးထားတယ်ဆိုတော့ သူ့ဆီကနေ အခု ဖုံးကွယ်နိုင်တယ်။ ပြီးတော့ နည်းနည်းပါးပါးတောင် ဝင်ရောက်စွက်ဖက်လို့ရသေးတယ်” ချီယွမ်က ဖျောင်းဖျလိုက်ပြီးသည့်နောက်တွင် လေ့လာလိုက်သည်။

သူက မိနစ်ပိုင်းခန့်လေ့လာပြီးသည့်နောက်တွင် ထပ်မံ လေ့လာလိုက်၏။

“မင်း စိတ်ပျက်ရလောက်တယ်”

“ဘာကို မြင်လို့လဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အချိန်စားသုံးသူရဲ့ ကပ်ဘေးက ရှောင်ရှားလို့မရဘူး”

“တကယ်ကြီးလား”

“ကောင်းကင်တာအိုက ဟွင်သွမ်းစကြဝဠာရဲ့ ကံကြမ္မာဗဟိုချက် ဖြစ်နေချင်တုန်းလေ။ ကပ်ဘေးက  လိုအပ်တဲ့အရာကို ဖြည့်စည်းပေးဖို့အတွက်ပဲ” ချီယွမ်က ပြောလိုက်သည်။

“အဲဒါဆိုတော့ ကောင်းကင်တာအိုက အချိန်စားသုံးသူနောက်ကွယ်မှာရှိနေတဲ့ ကစားသမားလို့ ပြောချင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ကစားသမားထဲက တစ်ယောက်ပေါ့” ချီယွမ်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အခုတော့ အချိန်စားသုံးသူကလည်း တခြားတစ်ယောက်ရဲ့ နယ်ရုပ်ဖြစ်လာပြီ”

ဝမ်ဝေ့က နားထင်ကြောကို ဖိကာ ညည်းတွားလိုက်သည်။

“ကပ်ဘေးအကြောင်း ဘာတွေပြောလို့ရသေးလဲ”

“ဒီအစီအစဉ်တစ်လျှောက်လုံးကတော့ ကပ်ဘေးကို သုံးပြီး ကမ္ဘာကြီးရဲ့ စွမ်းအားတွေကို ပြန်ပြီးတော့ မွှေနှောက်ပစ်ဖို့ပဲ။ ထူးကဲသာလွန်မှုကာလ မစတင်ခင်ပေါ့” ချီယွမ်က ဆက်ပြောလိုက်သည်။

“တခြားနည်းနဲ့ပြောရမယ်ဆိုရင် ဒီကပ်ဘေးက အာဏာရှင်တွေနဲ့ ထိပ်တန်းမျိုးနွယ်တွေအတွက်ပဲ”

“ဘိုးဘေးတို့က ကမ္ဘာကြီးကို ခေတ်ကာလတစ်ခု အုပ်စိုးခဲ့တာဆိုတော့ သူက ဘိုးဘေးတို့ တချို့ကို ဖယ်ရှားချင်တာက အဓိပ္ပာယ်တော့ ရှိပါတယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ ငါတို့ထဲက အားလုံးက ထူးကဲသာလွန်မှုအင်အားစုတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး” ချီယွမ်က ခေါင်းညိတ်လိုက်၏။

“ကျွန်မတို့ဂိုဏ်းရော အဆင်ပြေပါ့မလား” ယန်းအိုက်က မေးလိုက်သည်။

“ဒီကောင်လေးကြောင့် ငါတို့က ထူးကဲသာလွန်မှု ကံကောင်းမှု ရှိထားတယ်” ချီယွမ်က မှတ်ချက်ပေးလိုက်သည်။

“အဲဒါဆိုတော့ ကျွန်မတို့ အဆင်ပြေမှာလား”

“မဟုတ်ဘူး။ အစစ်အမှန်ထူးကဲသာလွန်မှု မရှိရင် ကံကောင်းမှုဆိုတာ ပုံရိပ်ယောင်တစ်ခုပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“သူပြောတာ မှန်တယ်။ ငါတို့ကလည်း ငါတို့ကိုယ်ပိုင် ထူးကဲသာလွန်မှုအဆင့်ကို တတ်နိုင်သမျှ မြန်မြန်လိုတယ်” ချီယွမ်က ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုရင် ကျွန်မတို့တွေ ဘယ်လိုလုပ်ရမှာလဲ” ယန်းအိုက်က မေးလိုက်သည်။

“အဖြေက မေတ္တယျနဲ့ ဒီကောင်လေးပဲ”

“ကျွန်တော်လား”

“ဟုတ်တယ် မင်းသာ စံပြဖြစ်လာပြီးတော့ သူမရဲ့ နည်းလမ်းကို ရယူတာနဲ့ မင်းက နည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်လို့ ငါ့ဘဝနဲ့ လောင်းကြေးထပ်ရဲတယ်”

“ကျွန်တော်ကို အရမ်းကြီး ယုံကြည်နေတာပဲ” ဝမ်ဝေ့က မလုံမလဲပြုံးလိုက်သည်။

“ဖြစ်နိုင်ပါတယ်” ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

“ပြီးတော့ မေတ္တယျဆီကိုရောပေါ့” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“အဲဒါက ငါ့ရဲ့ အဓိကစိုးရိမ်မှုပဲ” ချီယွမ်က ပြောလိုက်သည်။

“သူမက နောက်ဆုံးတိုက်ပွဲမှာ အနိုင်ရရှိသူ ဖြစ်ရမယ်။ သူမက အခု အသွင်ပြောင်းမဲ့ ခေတ်ကာလမှာ ငါတို့ရဲ့ ကာကွယ်သူဖြစ်လာဖို့ မျှော်လင့်ထားရမယ်”

“ကိစ္စတွေက အဲ့လောက်ကြီးဆိုးရွားနေတာလား” ယန်းအိုက်ကမေးလိုက်သည်။

“တခြားဟွင်သွမ်းကမ္ဘာတွေမှာ ထူးကဲသာလွန်မှုအဆင့်တွေ ရှိတယ်ဆိုတာကို မေ့မသွားနဲ့ဦး။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက စကြဝဠာရဲ့ ကံကြမ္မာဗဟိုချက် ဖြစ်လာမယ်ဆိုတာကို ယုံကြည်ချက်ရှိရှိ ပြောနိုင်တယ်။ ဒါပေမဲ့ ငါတို့ကမ္ဘာကို အဲဒီလူတွေက ကျူးကျော်ပြီးတော့ ဒီနေရာမှာ နေထိုင်မယ်ဆိုရင် ငါတို့ကမ္ဘာက ငါတို့အပိုင်ဖြစ်တော့မှာ မဟုတ်ဘူး”

“တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ ကျွန်မတို့တွေက အရသာရှိတဲ့ အသားပိုင်းကြီးဖြစ်လာမှာပေါ့။ မေတ္တယျကတော့ ကျွန်မတို့တွေ ကြီးထွားမလာခင်အထိ ကာကွယ်ပေးထားနိုင်မဲ့ တစ်ဦးတည်းသောသူပေါ့” ယန်းအိုက်က ပြန်ဖြေလိုက်သည်။

“ငါလည်း ပိုပြီးကောင်းအောင် မပြောတတ်တော့ဘူး” ချီယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

All Chapters