← Chapters

အစစ်အမှန် ထူးကဲသာလွန်မှုအဆင့် နှစ်ယောက်

Vol. 100 Ch. 1398

အစစ်အမှန် ထူးကဲသာလွန်မှုအဆင့် နှစ်ယောက်

Vol. 100 Ch. 1398

“ကပ်ဘေးက ဘယ်လိုဖြစ်လာမယ်လို့ ထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူ့ဘိုးဘေးက ဉာဏ်ပညာကြီးမားသည့်အတွက် သူက ထိုသူဆီမှ သတင်းအချက်အလက် သို့မဟုတ် လှုံ့ဆော်မှုတချို့ရနိုင်မလား သိချင်နေမိသည်။

“အချိန်မြစ်ကြောင်းနဲ့ ဆက်နွယ်နေတာကိုတော့ သိတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ ကောက်ချက်မချနိုင်ဘူး”

“ငါ့ရဲ့ သုံးသပ်ချက်ကတော့ အဲဒါက အကြွင်းမဲ့ တားမြစ်ချက်နဲ့ တူလိမ့်မယ်” ချီယွမ်က ပြောလိုက်သည်။

“ပစ္စုပ္ပန်နဲ့ အနာဂတ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ စုဝေးလာလိမ့်မယ်။ ငါတို့တွေက အဆီအနှစ်ခေတ်ကာလ၊ ပျောက်ဆုံးခေတ်ကာလနဲ့ ဟိုးမျိုးရိုး ဇစ်မြစ်ခေတ်ကာလလိုမျိုး အတိတ်ခေတ်ကာလက အင်အားကြီးပုဂ္ဂိုလ်တွေနဲ့ ရင်ဆိုင်ရလောက်တယ်”

“အဲ့လိုမဖြစ်နိုင်တာ” ယန်းအိုက်က ပြောလိုက်သည်။

“အဲ့လိုဖြစ်ရပ်မျိုးက ကမ္ဘာဦးအချိန်စက်ဝန်းကို ပြောင်းလဲပစ်နိုင်တယ်လေ။ မဟာတာအိုက အဲဒါကို ခွင့်ပြုမှာမဟုတ်ဘူး”

“ကျွန်တော်လည်း သဘောတူတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို အချိန်ပူဖောင်း အုပ်ထားပြီး  ပိုင်းခြားထားမယ်ဆိုရင်ပေါ့” ချီယွမ်က ပြောလိုက်သည်။

“အဲဒီအခါကျရင် ဒီကမ္ဘာမှာ ဖြစ်ပျက်သမျှအရာတွေအားလုံးက ကမ္ဘာဦးအချိန်စက်ဝန်းအပေါ်မှာ ကန့်သတ်ချက်ရှိတဲ့ သက်ရောက်မှုမျိုးပဲ ဖြစ်လာလိမ့်မယ်။ ငါတို့က တစ်စုံတစ်ယောက်ကို အတိတ်ကနေ ဖယ်ရှားဖို့ အချိန်ကို ပိုင်းခြားလိုက်သလိုမျိုးပေါ့”

“အဲဒါဆိုရင်တောင် နည်းနည်းအလှမ်းဝေးနေသေးသလိုပဲ” ယန်းအိုက်က ပြောလိုက်သည်။

“ကျွန်တော်လည်း သဘောတူတယ်။ အဲဒါက ဘယ်ကနေ ရောက်လာတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက ထိုခေတ်ကာလထဲတွင် ကြောက်မက်ဖွယ် သက်ရှိများ တည်ရှိခဲ့ကြောင်း သိထားလေ၏။ သို့သော် ကောက်ချက်ချမှုအရ ဖန်းကူသည် သမိုင်းမတိုင်မီကမ္ဘာ ကာကွယ်ခံရသည့် အကြောင်းအရင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက ထိုခေတ်ကာလထဲ တည်ရှိနေနိုင်သည်။

“အဲဒီလူတွေနဲ့ အဲဒီအင်အားကြီး စွမ်းအားကြီးသက်ရှိတွေက အပြီးတိုင် သေဆုံးသွားတာမဟုတ်ဘဲနဲ့ ကမ္ဘာဆီ ပြန်ရောက်လာဖို့ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေတယ်ဆိုတာကို ခန့်မှန်းမိတယ်လို့ ပြောထားတာ မှတ်မိလား” ချီယွမ်က မေးလိုက်သည်။

“ဒီကပ်ဘေးက သူတို့အတွက် အခွင့်အရေးလား” ယန်းအိုက်က မေးလိုက်သည်။

“သူတို့ထဲက တချို့က ပြန်လာချင်လောက်တယ်ဆိုပေမဲ့ သူတို့က အားလုံးပြန်လာနိုင်လောက်အောင် ကြီးကျယ်တဲ့ ဖြစ်ရပ်မျိုး လိုချင်တယ်ဆိုရင်တော့ စကြဝဠာရဲ့ ကံကြမ္မာဖြစ်နေတဲ့ ကမ္ဘာကို ကျောက်ဆူးအနေနဲ့ လိုအပ်လိမ့်မယ်”

“အဲဒါဆိုတော့ သူတို့က ဒုတိယမူလစစ်ပွဲရဲ့ နောက်ကွယ်မှာ ရှိနေကြတာလား” ဝမ်ဝေ့က ချီယွမ် ပြောလိုသည့်အရာကို ဖမ်းဆုပ်မိလိုက်သည်။

“ဟုတ်တယ်” သူက ခေါင်းညိတ်လိုက်၏။

“မဟာတာအိုက အဲဒီပြစ်ချက်ရှိတဲ့နည်းလမ်းတွေကို တွေ့နေကျသာမန်လို ဖြစ်လာတာကို မလိုချင်ခဲ့ဘူး။ အဲဒါဆိုတော့ ဘာကြောင့် အဆုံးသတ်မှာ ဘာလို့ အောင်မြင်ခဲ့တာလဲ။ အဲဒီလူတွေက မဟာတာအိုကို အများကြီး ပေးခဲ့လို့ပေါ့”

“အဲဒါဆိုတော့ အကြွင်းမဲ့တားမြစ်ချက်ထဲမှာရှိနေတဲ့ ပြစ်ချက်ရှိနည်းလမ်းတွေနဲ့ မပြီးပြည့်စုံတဲ့ နည်းလမ်းတွေက အဲဒီသက်ရှိတွေဆီက ဖြစ်နိုင်တာပေါ့” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အဲ့လိုဆိုရင် အဲဒီခေတ်ဟောင်းတုန်းက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်နဲ့ သက်ရှိတွေအများကြီး ရှိခဲ့တာပေါ့”

ဝမ်ဝေ့က ထိုစကားကြောင့် အံ့အားသင့်သွားလေသည်။ သူက လူတချို့သည် အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင် ထူးကဲသာလွန်မှုလမ်းစဉ်ကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ခဲ့ကြောင်း သိလာလေ၏။ သို့သော်လည်း အများကြီး ရှိလိမ့်မည်ဟု ထင်မှတ်မထားပေ။ သို့သော်လည်း သူ့ဘိုးဘေး၏ တုံ့ပြန်ချက်အရ သူတို့သည် အမှန်တရားကို သိထားပြီးသားဖြစ်ကြောင်း သဘောပေါက်သွားလိမ့်မည်။

“ဒါက သတင်းအချက်အလက်အသစ်တော့ မဟုတ်ဘူး” ချီယွမ်က ဝမ်ဝေ့၏ အကြည့်ကို မြင်သည့်အခါ ပြောလိုက်သည်။

“ဟွင်သွမ်းစကြဝဠာက စစ်မှန်တဲ့ ထူးကဲသာလွန်မှုအဆင့် နှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။”

“နှစ်ယောက်ထဲလား” ဝမ်ဝေ့က အကြည့်များ တောက်ပလာကာ မေးလိုက်သည်။

“ကျွန်တော်ကို ထပ်ပြီး ပြောပြလို့ရသေးလား”

“ကိစ္စမရှိဘူး” ချီယွမ်က ပြန်ဖြေလိုက်၏။

“ဇစ်မြစ်ကာလတုန်းက ပထမတစ်ယောက် ပေါ်ထွက်လာတယ်။ အဲဒါက ထူးဆန်းပြီးတော့ အမည်မသိသက်ရှိပဲ။ စမ်းသပ်ချက်အရတော့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဖြစ်ဖို့က အတော်လေး လွယ်ကူခဲ့တယ်လေ။ မင်းတို့ မှတ်မိတဲ့ တချို့သက်ရှိတွေက အဲ့လောက်အဆင့်လိုမျိုး ပါရမီ ဒါမှမဟုတ် အရည်အချင်းနဲ့ မွေးဖွားလာကြပြီးသားလေ။

အဲဒီနောက် တကယ့်အစစ်အမှန် ထူးကဲသာလွန်မှုအဆင့် ပေါ်ထွက်လာခဲ့တယ်။ မဟာတာအိုက အဲ့လိုကျင့်ကြံသူမျိုး ပြုစုပျိုးထောင်ရတဲ့ အကျိုးကျေးဇူးကို မြင်ဖို့ သက်ရှိတွေအားလုံးကို ကြီးထွားပြီးတော့ အဲဒီအဆင့်ရောက်အောင် တွန်းအားပေးခဲ့တယ်လေ။ ကံဆိုးတာက အဲဒီခေတ်ကာလတုန်းက သက်ရှိတွေက အရမ်းအားကောင်းတော့ တိုးတက်ဖို့ လှုံ့ဆော်မှုဆိုတာ မရှိကြဘူး”

“မဟာတာအိုက သူတို့ကို ရှင်းထုတ်ပြီးတော့ အစကနေ ပြန်စခဲ့တာ။ ကမ္ဘာဦးဟွင်သွမ်းခေတ်ကာလက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေရဲ့ ခေတ်ကာလပေါ့။ ပါရမီထူးကဲပြီး သွေးမျိုးဆက်ကောင်းတဲ့ အားကောင်းတဲ့ သက်ရှိတွေ အများကြီးမွေးဖွားခဲ့တယ်။ ဒါပေမဲ့ သူတို့က သူတို့ကိုယ်သူတို့တိုးတက်ဖို့ ကြိုးစားရတုန်းပဲ။ ကိစ္စတွေက သူတို့အတွက် မလွယ်ကူခဲ့ဘူး။

ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားတွေကလည်း ဆိုးဆိုးရွားရွားတစ်စုံတစ်ခုကို လုပ်ခဲ့တယ်။ အဲဒါကြောင့် ပျောက်ဆုံးခေတ်ကာလကို ဖြစ်လာစေတာ။ အဲဒီကာလထဲမှာ ဖြစ်ပျက်သမျှအရာတွေက မဟာတာအိုတွေနဲ့ ထူးကဲသာလွန်မှုလမ်းစဉ်အားလုံးက စကြဝဠာအတွက် ကောင်းနေတာ မဟုတ်ဘူးဆိုတာကို သိပြီးတော့ အတားအဆီးနဲ့ ကန့်သတ်ချက်တချို့ကို ထားရှိခဲ့တယ်”

“အဲဒါကြောင့် အရာအားလုံးက အခု တင်းကြပ်နေတာ မထူးဆန်းတော့ဘူး။ ကျွန်တော်တို့တွေ ဘိုးဘေးတွေက ဖျက်ဆီးခဲ့တာပဲ” ဝမ်ဝေ့က ပြုံးလိုက်သည်။

သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ထိုကိစ္စကို ဆက်လက်မပြောဖို့ ဆုံးဖြတ်လိုက်သည်။

“နောက်ခေတ်ကာလက အဆီအနှစ်ခေတ်ကာလမလား။ အဲဒါက ဘယ်လိုဖြစ်သွားတာလဲ”

“အဲဒါက ဒုတိယမြောက် အစစ်အမှန်ထူးကဲသာလွန်မှုအဆင့် ပေါ်ထွက်လာတာပဲ” ချီယွမ်က ပြောလိုက်သည်။

“သူက လူသားတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်လေ့ကျင့်သူဆိုတာကိုတော့ သိတယ်။ ဒါပေမဲ့ သူ့ရဲ့ အဆင့်တက်လှမ်းမှုက ထိုစကြဝဠာကို ပထမတစ်ယောက်လိုမျိုး အများကြီး အကျိုးကျေးဇူး မဖြစ်စေဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က ဟွင်သွမ်းစကြဝဠာဆီကနေ စွမ်းအားတွေအများကြီး စုပ်ယူခဲ့တယ်လေ။ အဲဒါကြောင့် မဟာတာအိုက ပထမတစ်ခေါက်လောက် မကျေနပ်ခဲ့ဘူး”

“အဲဒါဆိုတော့ အဲဒီခေတ်ကာလက ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက် အတားအဆီးတွေ ပိုပြီးထားရှိခဲ့တဲ့ အကြောင်းအရင်းပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။” ချီယွမ်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“နောက်ခေတ်ကာလ ဝိညာဉ်ခေတ်ကာလ ဒါပေမဲ့…”

“ခဏ စံပြခေတ်ကာလမဟုတ်ဘူးလား”

“ငါ ပြီးအောင် ပြောပါရစေဦး”

“သူက စကားဖြတ်ပြောတတ်တဲ့ အကျင့်ရှိတယ်” ယန်းအိုက်က ညည်းတွားလိုက်သည့်အခါ ဝမ်ဝေ့က မလုံမလဲသာ ပြုံးလိုက်သည်။

“ဝိညာဉ်ခေတ်ကာလက အတော်လေး တိုတောင်းကာ လူတော်တော်များများက အဲဒီအကြောင်းကို မသိကြသလို စံပြခေတ်ကာလကနေ အစောပိုင်းဆိုတာကိုလည်း မသိကြဘူး” ချီယွမ်က ပြောလိုက်စဉ် ဝမ်ဝေ့က အလေးအနက် နားထောင်လိုက်သည်။

“အဲဒီခေတ်က ပါရမီရှင်တစ်ယောက် အလျင်အမြန် မြင့်တက်လာတယ်။ ပြီးတော့ အစစ်အမှန်ထူးကဲသာလွန်မှုအဆင့်ထိ ရောက်ရှိလာတာပဲ။ ဒါပေမဲ့ သူတို့ကလည်း ကျဆုံးသွားခဲ့တယ်။ တန်ပြန်သက်ရောက်မှုက ဟွင်သွမ်းကမ္ဘာအများစုမှာ အဆင့်(၁၀)ဝိညာဉ်လမ်းစဉ် ဆုံးရှုံးသွားရတာပဲ”

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။ ထိုစကားများက သူသိလိုသည့် ပဟေဠိကို ဖြေရှင်းပေးလိုက်သည်။

“အဲဒီဝိညာဉ်ထူးကဲသာလွန်မှုအဆင့်ကရော ဘာဖြစ်သွားတာလဲ။ သူ ကျရှုံးသွားတာလား”

“သုံးသပ်မှုတွေ အများကြီးတော့ ရှိတယ်။ ဒါပေမဲ့ ငါ ယုံကြည်တာကတော့ မဟာတာအိုက သူတို့ကို ရှင်းထုတ်ပစ်လိုက်တာပဲ” ချီယွမ်က ပြောလိုက်သည်။

“သူတို့ရဲ့ နည်းလမ်းက စကြဝဠာဆီမှာ အန္တရာယ် ဆောင်ကြဉ်းပေးလာမယ်လို့ ထင်လို့ပေါ့။ အဲဒါဆိုတော့ မဟာတာအိုက ပြဿနာဖြစ်မလာခင် အန္တရာယ်ကို ရှင်းထုတ်ပစ်ခဲ့တာလား”

“ဟုတ်တယ်” ချီယွမ်က ခေါင်းညိတ်လိုက်သည်။

“သင့်တော်တဲ့ လမ်းကြောင်းကို မလိုက်နာတဲ့သူတွေက သူ့ဒေါသကို ခံစားရလိမ့်မယ်”

“အဲဒါဆိုတော့ စည်းမျဉ်းအတိုင်း လိုက်နာ  မဟုတ်ရင်တော့ သေဆုံးရမှာပေါ့” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။

“အဲ့လိုပဲ ပြောရမှာပေါ့” ချီယွမ်က ခေါင်းညိတ်လိုက်၏။

သူတို့က အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ထိုစကားကို ဆက်မပြောတော့ပေ။

“အဆီအနှစ်၊ ဝိညာဉ် အဲဒါဆိုရင်ရော ချီကရော” ဝမ်ဝေ့က မေးလိုက်သည်။ ဤကောက်ချက်ချမှုအပေါ် မူတည်၍ မဟာတာအိုသည် သူတို့အမှားမှ သင်ယူပြီး စစ်မှန်သည့် ထူးကဲသာလွန်မှုအစစ်များကို ပြုစုပျိုးထောင်ရမည်ကို ပိုမိုကောင်းမွန်စွာ နားလည်ကြောင်း သိလိုက်သည်။

“ရည်ရွယ်ချက်က အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းထားတဲ့ ဧကရာဇ် ဒါမှမဟုတ် စံပြလမ်းစဉ်ပေါ့” ချီယွမ်က ပြန်ဖြေလိုက်သည်။

“အမည်မသိ အကြောင်းအရင်းတချို့ကြောင့် မဟတာအိုက သန့်စင်ချီခေတ်ကာလကို စံပြခေတ်ကာလအဖြစ် ပြောင်းလဲခဲ့တာ။ သန့်စင်ချီကျင့်ကြံသူတစ်ယောက်က စံပြခေတ်ကာလအလယ်မှာ အစစ်အမှန်ထူးကဲသာလွန်မှုကို ရယူနိုင်တယ်လို့ ကောလဟာလလည်း ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီကောလဟာလရဲ့ ဇစ်မြစ်ကတော့ သိပ်မယုံကြည်ရဘူး”

“ကျွန်တော် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ကျွန်တော်တို့ရဲ့ နဂိုဇာတ်ကြောင်းကို ပြန်ပြောရမယ်ဆိုရင် ဒီရှေးဟောင်းအင်အားကြီးပုဂ္ဂိုလ်တွေက အခုရောက်ရှိလာမဲ့ ခေတ်ကာလမှာ ပြန်လည်ရောက်လာမှာပေါ့”

“အဲဒါက ကျွန်မအတွက်တော့ အဓိပ္ပာယ်မရှိသေးဘူး” ယန်းအိုက်က ပြောလိုက်သည်။

“သဘောတရားအရပြောရမယ်ဆိုရင် အဲဒီလူတွေက ထူးကဲသာလွန်မှု ခေတ်ကာလရဲ့ အနေအထားမှာ ပြန်လည်ရောက်လာသင့်တာ မဟုတ်ဘူးလား။ မဟာတာအိုက ကျွန်မတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီးတော့ စစ်ပွဲကနေ ချက်ချင်း ကြီးထွားနိုင်အောင်လို့လေ”

“အဲဒါက ဖြစ်လာမယ်လို့ တွေးမိထားတဲ့အရာပေါ့” ချီယွမ်က ပြောလိုက်သည်။

“ဒါပေမဲ့…”

“သူတို့ပြန်လာမယ်လို့ ငါ ပြောတုန်းက သူတို့က အထွတ်အထိပ်အနေအထားနဲ့ ပြန်လာမယ်လို့ ထင်နေတဲ့ပုံပဲ” ချီယွမ်က ပြောလိုက်သည်။ သူက သူ့ညီမဖြစ်သူ၏ စိတ်နေသဘောထားကို ကောင်းမွန်စွာ သိထားသည့်အတွက် သူမ လုပ်ခဲ့သည့် အမှားအယွင်းကို သိလိုက်သည်။

“သူတို့က မဟာတာအိုရဲ့ ရှင်းထုတ်မှုအပြီးမှာ အသက်ရှင်နိုင်ဦးမယ်လို့ ထင်လား။ မဟုတ်ဘူး။ သူတို့က ပြောရမယ်ဆိုရင် အကြွင်းအကျန်ပဲ။ ယခင်ကိုယ်ရဲ့ ပဲ့တင်မှုတစ်ခုပဲ။ ကပ်ဘေးပဋိပက္ခက ကမ္ဘာကြီးကို သူတို့သိမ်းပိုက်မှုကြောင့် ဖြစ်လာမှာ။ သူတို့က အရင်းအမြစ်ကို သုံးပြီး အထွတ်အထိပ်ကို ပြန်လည်ရရှိအောင် ကြိုးစားလိမ့်မယ်။ ငါတို့နဲ့ သူတို့ကြားက ရန်ကြွေးကတော့ ကပ်ဘေးကြားမှာ ဖြစ်လာမှာပေါ့။ အဲဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ဖို့ စွမ်းအားကို လိုအပ်တယ်”

“ကျွန်မ သိပြီ” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒါက နဂိုဇာတ်ကြောင်းပဲ” ချီယွမ်က ရယ်မောလိုက်သည်။ ထိုသူနှစ်ဦးက သူ့ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒါပေမဲ့ အခု ဝှက်ဖဲတစ်ခု ရှိလာပြီ။ အဲဒါမင်းပဲ”

“ကျွန်တော်လား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒါက ကျွန်တော်နဲ့ ဘာများဆိုင်လို့လဲ”

“အလုံးစုံကောင်းကင်ဘုံ ကံကြမ္မာကပ်ဘေးက ချဉ်းကပ်လာပြီ။ ကံကြမ္မာကြိုးမျှင်တွေက ကမ္ဘာဦးဟွင်သွမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီ။ အရူးဧကရာဇ်က အစွဲအလမ်းကင်းဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်”

“အဲဒါက အလုံးစုံပကတိသိမြင်ဘုံကျောင်းရဲ့ ဟွင်သွမ်းစကြဝဠာရဲ့ နောက်ကပ်ဘေးအပေါ်မှာ ဟောကိန်းပဲ” ယန်းအိုက်က ပြောလိုက်သည်။

“အဲဒါ သူ့အကြောင်းလို့ ပြောနေတာလား”

“သေချာစဉ်းစားကြည်ပါဦး။ သူ့တာအိုက ကံကြမ္မာ။ သူ့လမ်းစဉ်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့။ သူက ဘယ်လောက်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ငါတို့လည်း သိကြတာပဲ။ ဒီကောင်လေးက သူ့ရည်မှန်းချက်ကို ရနိုင်ဖို့ ဘယ်အထိ သွားမယ်လို့ ထင်လဲ။ သူက မဟာတာအိုရဲ့ စည်းမျဉ်းတွေအတိုင်း ကစားမယ်လို့ ထင်နေတာလား” ချီယွမ်က ပြုံးကာ ပြောလိုက်သည်။

“အဲ့လိုပြောတော့ …..” ယန်းအိုက်က ဝမ်ဝေ့အား ခြုံငုံကြည့်လိုက်သည်။ သူက အစ်ကိုကြီးဘက် လှည့်ကာ ပြောလိုက်သည်။

“ဒီကောင်လေးက ဒီပြဿနာအားလုံး လုပ်နေတုန်း ညီမတို့ကရော ဘာလုပ်ရမှာလဲ”

“တစ်စုံတစ်ယောက်က ဉာဏ်အလင်းပွင့်သွားရင် ဘေးနားက ကြက်တွေ၊ ခွေးတွေတောင် အကျိုးကျေးဇူးရှိတယ်လို့ ပြောကြတယ်မလား” ချီယွမ်က ပြောလိုက်သည်။

“ငါတို့ လုပ်ဖို့လိုတာက သူ့ကို ထောက်ပံ့ပေးဖို့ပဲ။ ငါတို့ကလည်း ထူးကဲသာလွန်မှုအဆင့်ကို ရောက်လာလိမ့်မယ်”

“ဒါမှမဟုတ် ကျွန်တော်နဲ့ အတူ ပျောက်ကွယ်သွားရမှာပေါ့” ဝမ်ဝေ့က ထပ်ပြောလိုက်၏။

“စွန့်စားကြည့်ဖို့ ထိုက်တန်ပါတယ်” ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်လား”

“အကြွင်းမဲ့တားမြစ်ချက်က ငါ့ကန့်သတ်ချက်ကို ပြသခဲ့တယ်” ချီယွမ်က ပြောလိုက်သည်။

“ငါက ထူးကဲသာလွန်မှုအဆင့်အနားကို ရောက်လာနိုင်တယ်ဆိုပေမဲ့ အစစ်အမှန် ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒီဖြစ်စဉ်အတွင်းမှာ ငါက ငါမြတ်နိုးရတဲ့ အရာအားလုံးကို ဆုံးရှုံးသွားရနိုင်ခြေ ရှိတယ်” ချီယွမ်က သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ မင်းကို မြင်တဲ့အခါမှာ ကွဲပြားတယ်။ မင်းဆီမှာ ငါ့အတွက် အစစ်အမှန်ထူးကဲသာလွန်မှုရဲ့ အခွင့်အရေးကို မြင်ရုံတင်မကဘူး။ လူအများစုနဲ့ ဂိုဏ်းကလည်း ထူးကဲသာလွန်မှုအဆင့်ကို ရနိုင်တဲ့ အနာဂတ်ကို မြင်ရတယ်”

“ဘိုးဘေး ကျွန်တော်အပေါ် အရမ်းကြီး ယုံကြည်နေတာ မဟုတ်ဘူးလား” ဝမ်ဝေ့က မလုံမလဲ ပြုံးလိုက်သည်။

“အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်း လုပ်နိုင်တာလို့ ထင်တယ်။ တတိယညီမလေး မင်းရော ဘယ်လိုထင်လဲ” ချီယွမ်က ပြုံးကာ မေးလိုက်သည်။

“အစ်ကိုကြီးက သူ့ကို ယုံမှတော့ ကျွန်မကလည်း အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ကို ယုံပါတယ်။ အဲဒါကြောင့် လုပ်နိုင်မယ်လို့ ထင်တယ်” ယန်းအိုက်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

All Chapters