ဇောက်ထိုးမိုးမျှော်ဖြစ်သော
Vol. 100 Ch. 1399
ဝမ်ဝေ့က အတွေးနက်နေမိသည်။ မေတ္တယျနှင့် လတ်တလောဖြစ်ရပ်များက သူ့မိသားစုနှင့် ဂိုဏ်းများသည် သူ့အနာဂတ်ထူးကဲသာလွန်မှုလမ်းစဉ်အတွက် မှီခို၍ မရကြောင်း သိခဲ့ရသည်။ သူက သူ့ဇနီးဝူဟုန်အပေါ် မှီခို၍ ရနိုင်၏။ သို့သော်လည်း ချီယွမ်၏ စကားများက သူသည် ထိုစမ်းသပ်ချက်၌ မှားယွင်းသည့် သင်ခန်းစာကို သင်ယူခဲ့ကြောင်း သဘောပေါက်သွားစေသည်။
ဂိုဏ်းရဲ့ ထောက်ပံ့မှုက ငါ့အတွက် မကောင်းတာတော့ မဟုတ်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ ဂိုဏ်း၏ သက်ရောက်မှုက သူ့ကျင့်ကြံရေးခရီးတစ်လျှောက် လိုက်ပါလာခဲ့ပြီး သူ့အား အရင်းအမြစ်နှင့် ကာကွယ်မှုများ ထောက်ပံ့ပေးခဲ့သလို သူ့ကျဆုံးသည့်အခါတွင်လည်း ဘေးကင်းရာအဖြစ် သတ်မှတ်၍ ရခဲ့သည်။ သူ့ထူးကဲသာလွန်မှုလမ်းစဉ်တွင် ကဏ္ဍက ပြောင်းပြန် ပြောင်းလဲသွားခဲ့သော်လည်း သူ့ကတ်များကို မှန်ကန်စွာ ကစားနိုင်ပါက သူ့ဘဝသည် ပိုမိုလွယ်ကူလာလိမ့်မည်။
“ဘိုးဘေးတို့ရဲ့ ထောက်ပံ့မှုရှိတာ တကယ်ကို ဝမ်းသာတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အလုံးစုံပကတိသိမြင်ဘုံကျောင်းရဲ့ ဟောကိန်းအကြောင်း ပြောပြလို့ရမလား။ လူ ဘယ်လောက်သိထားကြတာလဲ။ ဘယ်လောက် ပျံ့နှံ့ပြီးသွားပြီလဲ”
သူက ထိုဟောကိန်းကြောင်း အံ့အားသင့်သွားခြင်း မရှိပေ။ ဝမ်ဝေ့က သူ့ထူးကဲသာလွန်မှုလမ်းစဉ်သည် ဟွင်သွမ်းစကြဝဠာတစ်ခုလုံး ပါဝင်ပတ်သက်နိုင်ကြောင်း ကောက်ချက်ချထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့ကြောင့် သူနှင့် မဟာတာအိုကြားမှ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“တခြားသူတွေက ဒီဟောကိန်းက မင်းကြောင့်ဆိုတာ သဘောပေါက်သွားမှာ စိုးရိမ်နေတာလား” ချီယွမ်က မေးလိုက်သည်။
“ဘိုးဘေးတောင် အဖြေထုတ်နိုင်မှတော့ တခြားသူတွေကလည်း အဖြေထုတ်နိုင်မှာပဲလေ။ မဟုတ်ရင် သူတို့က အနည်းဆုံးတော့ သံသယရှိကြမှာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲ့အကြောင်း ဘာမှစိုးရိမ်ဖို့ မလိုဘူး” ချီယွမ်က ပြောလိုက်သည်။
“အစ်ကိုကြီး တစ်ခုခုလုပ်ခဲ့တာလား” ယန်းအိုက်က မေးလိုက်၏။
“ဒီဟောကိန်းအကြောင်း သိပြီးတဲ့နောက်မှာ ငါက ပြဿနာတွေကို ငါတို့ဆီကနေ ခွဲထုတ်ဖို့ လိုတယ်ဆိုတာ သိခဲ့တယ်လေ။ အဲဒါကြောင့် ဟိုနှစ်ယောက်က ကမ္ဘာကနေ ထွက်ပြီးတော့ ကမ္ဘာဦးဟွင်သွမ်းထဲမှာ တိုက်ခိုက်တဲ့အချိန်တုန်းက ငါ စွန့်စားပြီးတော့ တခြားကမ္ဘာမှာရှိတဲ့ ငါတို့လူတွေကို ဆက်သွယ်ခဲ့တယ်” ချီယွမ်က ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အခုဆိုရင် လူတချို့က အဲဒီဖော်ပြချက်နဲ့ ကိုက်ညီနေလောက်ပြီ။ လူအားလုံးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အလုံးစုံကောင်းကင်ဘုံ ကံကြမ္မာကပ်ဘေးထဲမှာ သိသာတဲ့ ကဏ္ဍပါဝင်ရမယ်ဆိုတာ သိထားကြတယ်။ ဒါပေမဲ့ အချိန်ကျလာတဲ့အခါမှာ အဲဒီအတုယောင်တွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီမှာ ပြန်လာပြီးတော့ သူတို့ရဲ့ ကဏ္ဍကို ပိုမိုကောင်းမွန်အောင် ပြသကြလိမ့်မယ်”
“တကယ်ကို ကောင်းမွန်တဲ့ ချဉ်းကပ်မှုပဲ” ဝမ်ဝေ့က ပြောလိုက်ရင်း သူ့ဘိုးဘေး၏ ဂရုစိုက်မှုနှင့် သတိကြီးမှုကို ခံစားမိလိုက်သည်။
“ဒါပေမဲ့ ယုံကြည်ရတဲ့သူတွေကို နောက်ထပ် ဟောကိန်းတစ်ခု ဖြန့်ဝေခိုင်းတာ ပိုမကောင်းဘူးလား”
“ငါလည်း အဲ့လိုတွေးခဲ့မိတာ။ ဒါပေမဲ့ အဲဒီနယ်ခြားထူးကဲသာလွန်မှုအဆင့်တွေကို အရူးလုပ်နိုင်ဖို့အတွက်က မေတ္တယျလိုမျိုး အဆင့်မျိုး လိုအပ်တယ်ဆိုတာ သဘောပေါက်လိုက်ရတယ်။” ချီယွမ်က ပြောလိုက်သည်။
“ဟုတ်သားပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဘိုးဘေးတို့ကို ကျေးဇူးတင်ပါတယ်”
ဝမ်ဝေ့က ချီယွမ်၏ နည်းလမ်းသည် မည်မျှ သက်ရောက်မှုရှိမည်မှန်း မသိပေ။ သို့သော် သူ့အနေနှင့် ကြီးထွားပြီး ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် အချိန်လုံလုံလောက်လောက် ရှိလာနိုင်သည်။
“ငါပြောတဲ့အတိုင်း မင်းက ငါတို့ရဲ့ အနာဂတ်ပဲ” ချီယွမ်က သူ့ပခုံးကို အသာပုတ်လိုက်သည်။ ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်၏။
“အဲဒါဆိုရင် အချိန်စားသုံးသူကို ဘယ်လိုလုပ်ကြမလဲ။ သူက ရှောင်လွှဲလို့မရဘူးဆိုတာ သိထားမှတော့ သူ့ကို လျစ်လျူရှုထားမှာလား”
“မဟုတ်ဘူး။ သူက အန္တရာယ်များနေသေးတယ်” ချီယွမ်က ပြောလိုက်သည်။
“တကယ်လို့ သူ့ကို နောက်ခေတ်ကာလအထိ ဖွံ့ဖြိုးတိုးတက်ဖို့ ခွင့်ပြုထားမယ်ဆိုရင် သူက ပြဿနာကြီး ဖြစ်လာနိုင်တယ်။ အဲဒါဆိုတော့ လိုအပ်လာတဲ့အခါမှာ သူ့ကို တတ်နိုင်သမျှ သတ်ပစ်တာမျိုး ဒါမှမဟုတ် အားနည်းအောင် လုပ်ရမယ်”
“ကောင်းတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့သလိုမျိုး ကျွန်တော်က အဲဒီသော့ခလောက်နဲ့ တာအိုဘာသာ သစ္စာဖောက်တွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းနေရတာနဲ့ အလုပ်ရှုပ်နေတာ။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်ပေးဖို့ လိုတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ငါ စောင့်ကြည့်ထားလိုက်မယ်” ချီယွမ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် အဝေးတစ်နေရာဆီ ကြည့်လိုက်၏။
“အခု ငါတို့က သူ့မျက်စိရှေ့အောက်မှာ ပျောက်ကွယ်နေတုန်းဆိုတော့ လှုပ်ရှားဖို့အချိန်ကောင်းပဲ”
“ကောင်းပြီ” သုံးယောက်သားက စက္ကန့်ပိုင်းခန့် စကားစမြည်ပြောပြီးသည့်နောက်တွင် လမ်းခွဲလိုက်ကြသည်။
ဝမ်ဝေ့က သူ့ပုန်းအောင်းရာနေရာသို့ ပြန်လည်ရောက်ရှိလာ၏။ သူက ဖျာပေါ် တင်ပျဉ်ခွေထိုင်နေရင်း ချီယွမ် ပြောသမျှအရာအားလုံးကို ပြန်လည်သုံးသပ်လိုက်သည်။ သူက သူ၏ စကားများကို လက်ခံလိုက်ရုံသာမကဘဲ သူ့ကိုယ်ပိုင်သုံးသပ်ချက်အထိ ရောက်ရှိအောင် စစ်ဆေးကြည့်ခဲ့သည်။
ချီယွမ်၏ ကောက်ချက်ချမှုက မှန်ကန်နေမှာကို စိုးမိတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
လင်းဖန်ရဲ့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားနဲ့ ပတ်သက်နေတဲ့ ကံကြမ္မာကို စဉ်းစားနေခဲ့တာ။ ဒါပေမဲ့ အခုတော့ အဖြေရလိုက်ပြီ။ ပြီးတော့ ရှုကျင်းယောင်လည်း ရှိသေးတယ်။ ကျန်တဲ့သူတွေနဲ့ ငါက ပြီးပြည့်စုံမှုဆိုတာက မဟာတာအိုဆီကနေ ထွက်ပေါ်လာတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူမကလည်း ဇစ်မြစ်ခေတ်ကာလက သက်ရှိတချို့ရဲ့ နယ်ရုပ် ဖြစ်နေနိုင်တယ်…
ဝမ်ဝေ့က ထိုအရာသည် မဟာတာအိုဆီမှဟု ပိုမိုယုံကြည်လိုမိသည်။ သို့သော် ထိုဖြစ်နိုင်ချေကို ဖယ်ရှားပစ်၍ မရသေးပေ။
အားလုံးက တခြားတစ်ယောက်ရဲ့ နယ်ရုပ်တွေချည်းပဲ…
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
ဒီကမ္ဘာကြီးက တကယ်ကို စိတ်ကုန်ဖို့ကောင်းတာပဲ…
သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ရုတ်တရက် ရေရွတ်လိုက်သည်။
ခဏလေးနေပါဦး။ ငါက ကံကြမ္မာနဲ့ မဟာတာအိုရဲ့ နယ်ရုပ်။ ငါ့ ဘိုးဘေးသုံးယောက်ကလည်း ဆရာသခင်သုံးပါးရဲ့ နယ်ရုပ်ဖြစ်နေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ရဲ့ အနာဂတ်ဇနီးလောင်းကရော…
သူမက ဘယ်သူရဲ့ နယ်ရုပ်လဲ။ ဒီလိုမျိုးပါရမီရှိတဲ့သူမျိုးက တခြားတစ်ယောက်ရဲ့ အာရုံကို မဖမ်းစားနိုင်ဘူးလို့ မယုံဘူး…
ကောင်းကင်တာအိုက သူမအား ဟုန်ကာကွယ်ရေးနည်းစနစ်ကို ဖန်တီးဖို့ ကြိုးကိုင်လှုံ့ဆော်ခဲ့သည့်အချိန်ကလွဲ၍ တစ်စုံတစ်ယောက်က သူမကို နောက်ကွယ်မှ ကြိုးကိုင်နေသည့်ဟန် မပေါ်ပေ။
တစ်ယောက်ယောက် စိတ်မဝင်စားဘူးဆိုတာတော့ မယုံဘူး။ ဒါမှမဟုတ် သူမက ဒီကံကြမ္မာကနေ လွတ်မြောက်သွားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် အဲဒီလူက ပုန်းအောင်းနေပြီးတော့ ထွက်မလာသေးတာလား…
ငါ့ဇနီးလောင်းလေးက ထုတ်ဖော်မပြရသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတဲ့ပုံပဲ…
ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ထိုစကားဝိုင်းကို သူမနှင့် နောင်အနာဂတ်တွင် ပြောကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ယခု သူက ထိုကောက်ချက်ချမှုများကို ဖြေရှင်းပြီးပြီဖြစ်သည့်အတွက် သူက သူ့အတွက် မျက်စိရှေ့တွင်ရှိနေသည့် ပြဿနာကို ဖြေရှင်းရမည့်အချိန်ကျရောက်လာလေပြီ။
သူက လက်ကို ဝှေ့ကာ အနီရောင်မျက်နှာဖုံးကို ဆင့်ခေါ်လိုက်၏။
“အရှင်” သူမက ဆက်သွယ်ရေးအစီအရင်မှတဆင့် အလေးအနက် ဦးညွှတ်လိုက်သည်။
“ငါက နှစ်တစ်ရာအတွင်းမှာ ကမ္ဘာရဲ့ ဝိဇ္ဇာအားလုံးကို စုဝေးပြီးတော့ ကပ်ဘေးကျိန်စာအတွက် ဖြေရှင်းနည်းကို ဖန်တီးဖို့ ဝိဇ္ဇာအဖွဲ့အစည်းကို ဖန်တီးမယ်လို့ ကောလဟာလဖြန့်လိုက်”
“အရှင် ဝိဇ္ဇာသန့်စင်မီးတောက်ကို မျှားခေါ်ချင်တာလား”
“ဟုတ်တယ်။ ဒါပေမဲ့ ငါက အဖွဲ့အစည်းကိုလည်း တည်ထောင်ချင်တယ်။ ဒီထိပ်တန်းမျိုးနွယ်တွေမှာ ဖုံးကွယ်ထားတဲ့ ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်ဝိဇ္ဇာအထိ ရှိနေတယ်ဆိုတာကို သိတယ်။ တကယ်လို့ သူတို့တွေက ငါ့ဖိတ်ကြားချက်ကို လက်ခံမယ်ဆိုရင်တော့ ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်”
“ကျွန်မ နားလည်ပါပြီ။ တခြားကိစ္စရှိသေးလား” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်ကာ မေးလိုက်သည်။
“အခုတော့ ဒီလောက်ပဲ”
ဝမ်ဝေ့က ထိုစကားဝိုင်းကို အဆုံးသတ်လိုက်ပြီးသည့်နောက်တွင် တစ်ယောက်ထဲ အတွေးနက်နေမိသည်။
တကယ်လို့ ငါသာ အန္တိမသဟဇာတရဲ့ နေရာမှာဆိုရင် နောက်တစ်ခေါက် ဘာလုပ်မှာလဲ…
သူ့စိတ်က ပြင်းထန်စွာ တွက်ချက်နေလေသည်။
သူက သန့်စင်မီးတောက်ကို ကြိုးကိုင်ပြီးတော့ ငါ့ကပ်ဘေးအတွေးအခေါ်ကို ပြုပြင်ခဲ့တဲ့သူဆိုရင် ငါလုပ်မဲ့အရာက သေမျိုးတွေရဲ့ သွေးကို ကျိန်စာအတွက် ကုဆေးလုပ်ဖို့ပဲ။ မဟုတ်ဘူး။ ကုဆေးတင် မကဘူး။ အဲဒါက ယာယီပဲ။ ဒီလှုပ်ရှားမှုနဲ့ဆိုရင် မသေမျိုးတွေက အခု သေမျိုးတွေကို ပစ်မှတ်ထားရမဲ့ အကြောင်းအရင်း ရှိလာလိမ့်မယ်…
ပိုပြီးအရေးကြီးတာက သူတို့တွေက မျှော်လင့်ချက် ကုန်ခမ်းနေကြပြီ။ တကယ်လိုသေမျိုးတွေရဲ့ သွေးက သူတို့ရဲ့ အသက်ကို ကယ်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းဆိုရင် အဲဒီထာဝရအုပ်စိုးသူတွေနဲ့ တာအိုအုပ်ချုပ်သူတွေကလည်း သူတို့ရဲ့ အသက်ကို ကယ်ဖို့ ရက်စက်လာကြလိမ့်မယ်။ တကယ်လို့ ကပ်ဘေးက ပြောင်းလဲပြီး သေမျိုးတွေအပေါ် သက်ရောက်မှုရှိလာတယ်ဆိုရင် သေမျိုးတွေကတော့ မျှော်လင့်ချက်ရှိမှာ မဟုတ်တော့ဘူး…
ငါက သူ့ကို နောက်ကွယ်ကနေ ကြံစည်ခိုင်းလို့ မဖြစ်တော့ဘူး။ သူ့အပြည့်အဝ မပြင်ဆင်ပြီးခင် အစီအစဉ်တွေကို ထုတ်ဖော်ဖို့ ဖိအားပေးရမယ်…
ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို ဝင်ရောက်လိုက်သည်။ သူက ပင်မလုပ်ဆောင်ချက်ကို ဆင့်ကဲပြောင်းလဲထားသည့်အတွက် သူ့အစီအစဉ်ကို ချက်ချင်း အသက်သွင်းလိုက်၏။
ထို့နောက် ဝမ်ဝေ့က တတ်နိုင်သမျှ သတင်းစကားကို ပို့ဆောင်လိုက်သည်။
“မသေမျိုးအိပ်မက် စကားဝှက်နဲ့ ကျင့်ကြံသူတွေက လေဟာနယ်ပုံရိပ်ယောင်နယ်မြေဆီကနေ အသက်ရှည်သင်္ကေတခန္ဓာလို့ ခေါ်တဲ့ နည်းစနစ်တစ်ခုကို လက်ခံရယူနိုင်ပါတယ်။ အဲဒါက အားလုံးရဲ့ သက်တမ်းကို ၁၂၆၀၀ နှစ်ကနေပြီးတော့ ၁.၂၆သန်းထိ တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အဲဒီနည်းစနစ်က ကျွမ်းကျင်အတတ်ပညာရှင်တွေအတွက် အရင်းအမြစ်သင်္ကေတ ရုပ်ခန္ဓာလိုမျိုး တခြားအကျိုးကျေးဇူးတွေရှိထားတော့ တခြားကျင့်ကြံသူတွေအတွက်လည်း ပါရမီကို တိုးမြှင့်ပေးနိုင်တယ်”
ဝမ်ဝေ့က ကျင့်ကြံသူများ၏ အကြီးမားဆုံး လှုံ့ဆော်မှုသည် အကျိုးအမြတ်ဖြစ်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော် ဤကဲ့သို့ သော့ခလောက် ခေတ်ကာလထဲတွင် အကျိုးအမြတ်က စွမ်းအားတိုးမြှင့်ရာမှ သက်တမ်းတိုးမြှင့်ဖို့ဘက် ပြောင်းလဲသွားခဲ့သည်။
“နောက်တစ်ယောက်က ရှုရန်ပဲ”
ဝမ်ဝေ့က မျက်လုံးအသာမှိတ်ပြီး ရှုရှုကို အာရုံစိုက်လိုက်သည်။ ထိုအမျိုးသမီးက သူ့ပြီးပြည့်စုံမှုနှင့် တည်ရှိမှုအပေါ် နားလည်စွမ်း၏ အထွတ်အထိပ် ဖြစ်ပေသည်။ သူက သူမကို ဖန်တီးစဉ်အခါက သေချာဂရုစိုက်ခဲ့ပြီး အစီအစဉ်အောင်မြင်ဖို့ သေချာအလေးအနက်ထားခဲ့ရာ ဖန်တီးပြီးသည့်နောက် သူမကို တစ်ခါမှ စစ်ဆေးမကြည့်ခဲ့ပေ။ သို့သော်လည်း ယခု တစ်စုံတစ်ယောက်က သူတို့၏ တည်ရှိမှုကို သူမနှင့် ဆက်နွယ်နေပြီဖြစ်သည့်အတွက် စစ်ဆေးကြည့်ဖို့ အချိန်ကျရောက်လာလေပြီ။
သူ ပထမဦးဆုံး လုပ်ဆောင်သည့်အရာက သူမ၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ခြင်း ဖြစ်၏။ ဝမ်ဝေ့က ထိုသူထဲမှ တချို့ကြောင့် အနည်းငယ် စိတ်ဒဏ်ရာရသွားလေသည်။ သို့သော် အရာအားလုံးက ထိုက်တန်လေ၏။
အဲဒီရှုရန်က သူမကို တကယ်ကြီး သဘောကျနေတာပဲ။ ဒါပေမဲ့ သူ့လျှို့ဝှက်ချက်တွေကိုတော့ မထုတ်ဖော်မပြသသေးဘူးပဲ…
ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
ဒါပေမဲ့ သေခြင်းရှင်ခြင်း အတွေ့အကြုံပြီးတဲ့နောက်မှာတော့ သူတို့က ပိုပြီးရင်းနှီးလာလောက်တယ်။ ကြည့်ရတာ သူ့အပေါ် အသုံးချလို့ရနိုင်မဲ့ တစ်စုံတစ်ခုကို ရှာတွေ့နိုင်လောက်တယ်…
မြေကမ္ဘာဧကရာဇ်က လမင်း၇စင်းခေတ်ကာလ၏ နောက်ဆုံးသော ကြိုးမျှင် ဖြစ်ပေသည်။ ချီတင်း၏ တည်ရှိမှုက အန္တိမသဟဇာတ၏ အသုံးပြုမှုကြောင့် အခွံအနေနှင့် ပါသွားလေပြီ ဖြစ်၏။ ရှုရန်သာ သေဆုံးသွားသရွေ့ ကမ္ဘာ၏ ကံကောင်းမှုနှင့် ကြမ္မာကောင်းချီးများက ယခင်ပိုင်ရှင်များဆီ ပြန်လည်ရောက်ရှိလာလိမ့်မည်။ ချီတင်းအတွက်မူ သူမက အန္တိမသဟဇာတကို ဖြေရှင်းမနိုင်လျှင်ပင် ကြာမြင့်စွာ ချန်ထားမည် မဟုတ်ပေ။
ရှုရန်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့သူတွေက ဘာလို့ အဲ့လောက်တောင် ကြာမြင့်ရတာလဲ…
ဝမ်ဝေ့က ညည်းတွားပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်လိုက်သည်။ သူက စစ်တုရင်ခုံအတွက် ရလဒ်ကို စောင့်ဆိုင်းနေ၏။
ဆယ်နှစ်တာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝိဇ္ဇာလင်းချီနှင့် ဧကရာဇ်ခုံတို့နှင့် အဖွဲ့အစည်းအကြောင်း ဆက်သွယ်မှုကလွဲ၍ ဝမ်ဝေ့က ထိုနေရာတွင် ရှိနေပြီး ရလဒ်ကို စောင့်ဆိုင်းနေလေ၏။ ထို့နောက် အနီရောင်မျက်နှာဖုံးက သူ့ကို ဆက်သွယ်လာလေ၏။