လူမှုအသိုက်အဝန်းစစ်ပွဲ
Vol. 100 Ch. 1400
“မင်းရဲ့ အမူအရာအရ သတင်းကောင်းယူလာတာ မဟုတ်ဘူးပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“အားလုံးက သတင်းဆိုးတော့ မဟုတ်ပါဘူး။ သတင်းကောင်းနည်းနည်းတော့ ပါပါတယ်” အနီရောင်မျက်နှာဖုံးက မျက်နှာပူစွာ ပြန်ဖြေလိုက်၏။
“သတင်းဆိုးကနေ စပြော” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“တခြားမျိုးနွယ်တွေက တခြားပိုင်နက်တွေထဲမှာလည်း ကပ်ဘေးအရိပ်အယောင် တွေ့တယ်လို့ သတင်းစကားပို့လာပါတယ်။”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တာလား”
မျိုးနွယ်အားလုံးက အတူတကွတွဲလုပ်ကာ ကပ်ဘေးသည် ဝူယွီနှင့် ထာဝရဇာမဏီတို့၏ ပိုင်နက်အတွင်း ရှိနေအောင် ပိတ်ဆို့ထားခဲ့ကြသည်။
“အဲ့လိုအရိပ်အယောင်မျိုးတော့ မရှိပါဘူး”
“အဲဆို ကပ်ဘေးအရင်းအမြစ်ရှိထားတဲ့သူက တခြားတစ်နေရာမှာ ဖြန့်ဝေနေတဲ့ပုံပဲ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
ဝမ်ဝေ့က ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ အထူးသဖြင့် နေမင်းကို ဖြစ်၏။
“အဲဒါဆိုတော့ ဒါက ခင်ဗျားရဲ့ လက်ချက်ကိုး”
ထိုအရူးသူတော်စင်က ကမ္ဘာပေါ်တွင် ရှိသမျှ သက်ရှိအားလုံးကို သတ်ပြီး အစစ်အမှန်ကောင်းကင်တာအိုကို ထိန်းချုပ်ဖို့ရာ ဘာမဆိုလုပ်မည့်အနေအထားသို့ ရောက်ရှိနေလေသည်။
“မင်း ပြောတဲ့သတင်းကောင်းကရော ဘာလဲ”
“ဝိဇ္ဇာသန့်စင်မီးတောက်က ထွက်လာပါပြီ” အနီရောင်မျက်နှာဖုံးက ရှင်းပြလိုက်သည်။
“သူ့ကို ဖမ်းမိလား” ဝမ်ဝေ့က အလျင်အမြန်မေးလိုက်သည်။
“မမိလိုက်ပါဘူး။ သူက သတိကြီးကြီး ထားထားတဲ့ပုံပဲ။ ဒါပေမဲ့ သူက အရင်သုံးပတ်အတွင်းမှာ နှစ်ကြိမ် ပေါ်ထွက်လာတယ်။ သူ ပေါ်ထွက်လာတဲ့အကြိမ်တိုင်းက ကျိန်စာမိထားတဲ့သူအုပ်စုနဲ့ နီးနေတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“သူ့နေရာကို သေချာစောင့်ကြည့်ထားပြီးတော့ ဘယ်လိုပဲတန်ကြေးပေးရ ပေးရ သူ့ကို ဖမ်းရမယ်”
“ဟုတ်ကဲ့ပါ”
အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။
“သေမျိုးသွေးက ကုဆေးဆိုတဲ့ အရိပ်အယောင်တွေရောရှိလား”
“အခုထိတော့ မရှိသေးပါဘူး”
“ကြည့်ရတာ ငါတို့တွေ အချိန်တချို့ရှိသေးတဲ့ပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူတို့က တခြားကိစ္စများကို ဆွေးနွေးပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးအား ပြန်လွှတ်လိုက်သည်။
ဝမ်ဝေ့၏ နောက်ဦးတည်ရာက သေမျိုးလူမှုအဖွဲ့အစည်းကို စစ်ဆေးကြည့်ဖို့ရာ ဖြစ်၏။ ယခင်ဆယ်နှစ်အတွင်း သူက ကိစ္စနှစ်ခုကို လုပ်ဆောင်ခဲ့သည်။ မေတ္တယျ၏ သော့ခလောက်အပေါ် သုံးသပ်ချက်ကို နားလည်အောင်လုပ်ခြင်းနှင့် သေမျိုးလူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်မှု ကံကောင်းရေးမန္တန်ကို ချမှတ်ခြင်း ဖြစ်သည်။
ဝမ်ဝေ့က တုချုံး၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာလေသည်။ ထိုအရာက မျိုးဆက်သစ် ပိုင်နက်ချပ်ဝတ်ကို စမ်းသပ်နေကြလေ၏။ သူက ဘေးပတ်ဝန်းကျင်တွင် ကြေးခွံငါးခု ထုတ်လွှတ်လာပြီး လေးဆယ်မီတာဝန်းကျင် စက်ဝန်းသဏ္ဌာန်အသွင် ပေါ်ထွက်လာစေသည့် ချပ်ဝတ်ကို ကြည့်နေလိုက်သည်။ ထို့နောက် ထိုကြေးခွံများက တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်သွားကာ စည်းမျဉ်းစွမ်းအားကို အသက်သွင်းလာသည်။
ဒါက တကယ်ကို ပိုင်နက်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း ဤပစ္စည်းက အင်မတန် ကျိုးပဲ့လွယ်နေပြီး အားအနည်းဆုံး သူတော်စင်ကို ချပ်ဝတ်မြောက်များစွာ မသုံးဘဲ နှိမ်နင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။ ဤနည်းပညာ၏ ပထမဦးဆုံးပုံစံက သေမျိုးများအား ပိုင်နက်ကို ဖွဲ့စည်းဖို့ ဧရာမစည်းမျဉ်းတိုင်လုံး ၅ခုကို တည်ဆောက်ဖို့ရာအတွက် လိုအပ်နေသည်။ သို့သော် ယခုတွင် နှစ်အနည်းငယ်ခန့်ဖြင့် သူတို့က ဤနည်းပညာကို ချုံ့နိုင်ခဲ့ပြီ ဖြစ်၏။
သူတို့က စည်းမျဉ်းမပါဝင်တဲ့ စွမ်းအားစနစ်ရှိထားတဲ့ အဆင့်(၈) ရှိထားတဲ့ ကျင့်ကြံသူတွေကိုတော့ သုတ်သင်နိုင်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ယခု သူက သူ့အဖွဲ့၏ တိုးတက်နှုန်းနှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။ ဝမ်ဝေ့က တခြားသူများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တွေးလိုက်သည်။ သို့သော်လည်း သူက အဆောင်က တုန်ခါလာသည်ကို ခံစားမိ၍ စစ်ဆေးကြည့်လိုက်သည်။
သူက ပါဝင်အကြောင်းအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါဆိုတော့ နောက်ဆုံးတော့ စနေပြီပဲ…”
ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ သူ့မဟာမိတ်များဆီ သတင်းအချက်အလက်များကို ပို့ဆောင်လိုက်သည်။ စက္ကန့်ပိုင်းခန့် ကြာမြင့်ပြီးသည့်နောက်တွင် သူက တခြားသော အာဏာရှင်အဖွဲ့အစည်းများနှင့် တခြားသော ထိပ်တန်းမျိုးနွယ်များမှ ကိုယ်စားလှယ်များတို့ဖြင့် အစည်းအဝေးတစ်ခုကို ကျင်းပလိုက်လေ၏။ သူတို့က ဤအစည်းအဝေးကို အဆုံးမသတ်ခင် နောက်ထပ် တိုက်ခိုက်ရေးအစီအရင်ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝမ်ဝေ့က သေမျိုးလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်အားလုံးကို လေဟာနယ်ပုံရိပ်ယောင်နယ်မြေမှတဆင့် ဆင့်ခေါ်ခဲ့သည်။
“အချိန်က အဖိုးတန်တယ်။ အခု လုပ်လိုက်ကြရအောင်” ဝမ်ဝေ့က ပေါ်ထွက်လာချင်းချင်း ပြောလိုက်သည်။ သူက သူ့ဖန်ဆင်းမှုတစ်ခုက တင်ပြလာသည့် အရာတစ်ခုကို ပြသလိုက်သည်။
ခေါင်းဆောင်များက ကြည့်ပြီးသည့်နောက်တွင် ထိတ်ထိတ်လန့်လန့် ဖြစ်လာလေ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အစက်အပြောက်များ ရှိထားပြီး အနီရောင်မျက်ဝန်းများရှိသည့်သူများက သန်းငါးဆယ်ကျော်ရှိသည့် တိုင်းပြည်တစ်ခုကို သတ်ပစ်ပြီး သူတို့၏ သွေးများကို သောက်သုံးနေလေသည်။ ထို့နောက် သူတို့မျက်ဝန်းရှိ ရူးသွပ်မှုက ကွယ်ပျောက်သွားပြီး အစက်အပြောက်များကပင် မှေးမှိန်သွားလေသည်။ ထိုအရာကို မှတ်တမ်းတင်ထားသည့်သူက အသေးစိတ်ကို တတ်နိုင်သမျှ မှတ်တမ်း တင်ထားလေသည်။
“ကောင်းကင်ဘုံက ကျုပ်တို့ကို တကယ်စွန့်ပစ်လိုက်ပြီပဲ” သေမျိုးခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။ ပထမဦးစွာ လူအားလုံးက သူတို့၏ သွေးကို အသက်ရှည်မှုအတွက် လိုချင်ကြသော်လည်း ယခုအခါ ဆိုးရွားလှသည့် ကျိန်စာကို ကုစားဖို့ရာအတွက် ကုဆေး ဖြစ်နေဟန်ပေါ်သည်။
“အဲဒါက ကောင်းကင်ဘုံရဲ့ လက်ချက် မဟုတ်ဘူး။ လူသားတွေရဲ့ လောဘကြောင့်ပဲ” တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။ ထိုခေါင်းဆောင်က ထိုသူများ၏ ခံစားရသည့် ဒုက္ခအကြောင်းအရင်းကို ပိုမိုနားလည်ထားလေ၏။
“အစောင့်အရှောက် … ကျုပ်တို့တွေ ဘာလုပ်ရမလဲ” တုချုံးက မေးလိုက်သည်။ သူက လေထုသည် မျှော်လင့်ချက်ကုန်ခမ်းမှုများဖြင့် ပြည့်နှက်နေသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက မေးခွန်းတစ်ခုကို မေးဖို့ရာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“နောက်လှုပ်ရှားမှုက မင်းတို့ဆုံးဖြတ်ရမှာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကိုဝှေ့ကာ အစက်အပြောက်များစွာ ရှိနေသည့် မြေပုံတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အစက်အပြောက်များစွာက ပျောက်ကွယ်လာလေ၏။ နှစ်များစွာတိုင် သူ့ဝိညာဉ်ကွန်ယက်၏ အကူအညီနှင့် လေဟာနယ်ပုံရိပ်ယောင်နယ်မြေတို့ဖြင့် သူသည် သေမျိုးများ နေရာယူထားသည့် နေရာကြီးနှင့် အလယ်အလတ်နေရာများကို မြေပုံပေါ်တွင် မှတ်သားထားခဲ့သည်။
“မင်းတို့ဆီမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ မင်းတို့ရဲ့ လူမှုအဖွဲ့အစည်းကို စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်နိုင်အောင် တိုးတက်အောင်လုပ်။ မဟုတ်ဘူးဆိုရင်တော့ အခု မင်းတို့ ပေါ်ထွက်လာပြီးတော့ မင်းတို့တွေရဲ့ လူသားတွေကို ကယ်တင်ဖို့ပဲ”
ဝမ်ဝေ့က ရပ်တန့်လိုက်ပြီး သူ့စကားများကို စဉ်းစားဖို့ အချိန်ပေးလိုက်သည်။
“ငါက ဒီကိစ္စကို မင်းတို့အတွက် ဝင်ပြီး ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး။ အခုကစပြီးတော့ မင်းတို့လူမှုအဖွဲ့အစည်း ကံကြမ္မာပါဝင်တဲ့ ဆုံးဖြတ်ချက်တွေအားလုံးကို မင်းတို့ပဲ ဆုံးဖြတ်ရလိမ့်မယ်”
“ကျုပ်တို့တွေ လူတွေကို ကယ်ရမယ်” စွန်းလုံဝေက ချက်ချင်း အော်ပြောလိုက်သည်။ သူက ပြောခဲ့သည့် စကားများကို အမှတ်ရနေဆဲ ဖြစ်၏။ သူက သူ့လူများကို စိတ်အားမြှင့်တင်မှုပေးလိုက်သည်။ ထို့ကြောင့် သူသည် သူတို့၏ လူသားများ သတ်ဖြတ်ခံနေရစဉ် ကျန်သူအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနေနေရင်း မစောင့်ဆိုင်းလိုပေ။
“အရမ်းကြီး စိတ်မလှုပ်ရှားနဲ့။” နောက်ထပ်ခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်သည်။
“တကယ်လို့ ကျုပ်တို့တွေရဲ့ အခြေစိုက်စခန်းကနေ ထွက်မခွာစဉ် အဆင့်(၉) လူမှုအဖွဲ့အစည်းအဆင့်ထိ ရောက်နိုင်မယ်ဆိုရင် လူဘယ်လောက်ကယ်နိုင်မယ်ဆိုတာကို စဉ်းစားကြည့်ဦး”
“ဟုတ်တယ်။ ဒီကိစ္စသာ ငါတို့လူမှုအဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု ရှိနေတာ။ အဲဒါကြောင့် သတိကြီးကြီးနဲ့ ချဉ်းကပ်တာ အကောင်းဆုံးပဲ”
“မင်းတို့ရဲ့ အသက်ကို စိုးရိမ်နေတယ်ဆိုရင်လည်း ပြောလိုက်” တုချုံးက ဝင်ပြောလိုက်သည်။
“မင်းတို့တွေက ဒီစည်းမျဉ်းချပ်ဝတ်တွေက ဘယ်လောက်အားကောင်းတယ်ဆိုတာ မြင်ကြတာမလား။ ငါ တွက်ချက်ထားမှုအရ ကျင့်ကြံသူတွေက ဒီထက်ပိုပြီးတော့ အားကောင်းတယ်။ ငါတို့သာ မကူညီဘူးဆိုရင် ငါတို့လူတွေကို ဘယ်လောက်သတ်ပစ်မလဲဆိုတာ တွေးကြည့်ကြလား။ ငါတို့တွေ အဆင့်(၉) ရောက်သွားတဲ့အချိန်မှာ အသက်ဘယ်လောက်များ ကျန်ဦးမှာမလို့လဲ”
“ငါတို့တွေ တိုက်ခိုက်ရမယ်။ စစ်ပွဲက နည်းပညာလှုံ့ဆော်မှုအတွက် အကောင်းဆုံးနည်းလမ်းပဲ” ခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ရဲ့ အောင်မြင်မှုတွေနဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့ အချက်အလက်တွေကို သေချာတွက်ချက်ထားပြီးတော့ ထိန်းချုပ်ထားတာ။ ငါတို့တွေက ရုပ်သေးရုပ်၊ ချပ်ဝတ်တွေနဲ့ အဆိပ်တွေက တကယ့်စစ်ပွဲမှာ အလုပ်ဖြစ်ပါ့မလားဆိုတာကို မသိသေးဘူး။”
“ဒါပေမဲ့ ငါတို့ရဲ့ အခြေစိုက်စခန်းတွေကို တွေ့သွားရင်ရော ဘယ်လိုလုပ်မလဲ။ ငါတို့လူအားလုံး သေရလိမ့်မယ်။ ငါတို့ရဲ့ တိုးတက်နှုန်းက ဖျက်ဆီးခံရလိမ့်မယ်”
“ဟုတ်တယ်။ အခြေစိုက်စခန်းမှာရှိတဲ့လူအားလုံးက ဉာဏ်အလင်းပွင့်ပြီးသားဆိုတော့ သူတို့ရဲ့ ဘေးကင်းမှုကို ပိုပြီးတော့ အလေးထားသင့်တယ်”
“မင်းပါးစပ်ကနေ အဓိပ္ပာယ် မရှိတာတွေ ထွက်လာတာပဲ။ ဒီနှစ်ရာဂဏန်းလောက် ဘေးကင်းပြီးတဲ့နောက်မှာ မင်းတို့တွေက သာလွန်ပြီလို့ ထင်နေကြတာလား။ မင်းတို့တွေလည်း တစ်ခါက မသိတတ်ခဲ့ဘူးဆိုတဲ့ အချက်ကို မေ့သွားကြပြီလား”
“ငါ အဲ့လိုပြောတာ မဟုတ်ဘူး။ ငါ့စကားတွေကို အဓိပ္ပာယ်လွဲမကောက်နဲ့”
“အဲဒါဆိုရင် မင်းက ဘာပြောတာလဲ”
“ငါက ငါတို့ရဲ့ သင်္ကေတနည်းပညာကို ထိန်းသိမ်းထားပြီးတော့ ငါတို့လုပ်ထားတဲ့ တိုးတက်မှုတွေအားလုံးကို ဂရုစိုက်ရုံပဲ။ အခြေစိုက်စခန်းက အဲဒီထိန်းသိမ်းမှုအတွက် သော့ချက်ပဲ”
“လူတွေက သော့ချက်ပဲ” တခြားတစ်ယောက်က ဝင်ရောက်ငြင်းခုန်လိုက်သည်။
“ငါတို့တွေက လေဟာနယ်ပုံရိပ်ယောင်ထဲမှာ ဗဟုသုတတွေကို သိုလှောင်ထားလို့ရတယ်။ အဲဒီနည်းနဲ့ဆိုရင် အခြေစိုက်စခန်း ကျဆုံးသွားတယ်ဆိုရင်တောင် တခြားသူတွေက ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်။ ငါတို့တွေက မသိတတ်မှုကနေစပြီးတော့ ဒီလိုလျှို့ဝှက်ဆန်းကြယ်မှုတွေအထိ ရောက်ရှိခဲ့တာ။ ငါတို့တွေ လုပ်နိုင်မှတော့ သူတို့လည်း လုပ်နိုင်တယ်။ မဟုတ်သေးဘူး။ သူတို့က ပိုပြီးတော့တောင် လုပ်နိုင်သေးတယ်။”
ထိုငြင်းခုန်မှုက ဆက်လက်ဖြစ်ပွားနေစဉ် စက္ကန့်ပိုင်းလေးအတွင်း ပိုမိုပြင်းထန်လာလေသည်။ ဝမ်ဝေ့က သူတို့ကို ငါးနာရီကြာ ကြည့်နေပြီး ဘာမှဝင်မပြောခဲ့ပေ။
“အရှင် ဒီလူတွေက သီးခြားရပ်တည်ဖို့အတွက် အဆင်သင့်မဖြစ်ကြသေးဘူး” ကျားဖျင့်က သူ့အား သတင်းစကားပို့လာသည်။
“အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေကို ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေမှာမဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ နောက်ဆုံးတွင် သူက သူ့စွမ်းအားကို သုံးကာ အားလုံးကို တိတ်ဆိတ်စေလိုက်၏။ တုချုံးကဲ့သို့ လူများစွာက ဝမ်ဝေ့သည် ဆုံးဖြတ်ချက်တစ်ခု ဝင်ရောက်ချမှတ်ပြီး သူတို့၏ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးဖို့ မျှော်လင့်နေကြသည်။
“ငါတို့တွေ မဲနဲ့ ဆုံးဖြတ်မယ်။ အများစု သဘောအတိုင်းပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိန်းချုပ်မှုအောက်တွင် ရွေးချယ်စရာ သုံးခုက ထိုခေါင်းဆောင်များရှေ့တွင် ပေါ်ထွက်လာလေ၏။ ဝင်ရောက်စွက်ဖက်ခြင်း၊ ဝင်ရောက်မစွက်ဖက်ခြင်းနှင့် မဲမပေးခြင်းတို့ ဖြစ်ပေသည်။
“မင်းတို့ဆီမှာ ဆယ်မိနစ်အချိန်ရမယ်”
ဆယ်မိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရလဒ်ကို ကြေညာလိုက်၏။
“ဝင်ရောက်မစွက်ဖက်ဖို့ ၁.၃သန်းက မဲပေးတယ်။ ကြားနေက နှစ်သိန်း ရှိတယ်။ ၁.၅သန်းက ဝင်ရောက်စွက်ဖက်ဖို့ မဲပေးတယ်။ အဲဒါဆိုတော့ ရွေးချယ်မှုပြုလုပ်ပြီးသွားပြီ။ အားလုံးက စစ်ပွဲအတွက် အသင့်ပြင်ထားကြတော့”
ခေါင်းဆောင်များက အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ဆောင်ရွက်ဖို့ ထွက်ခွာသွားကြသည်။
“စိတ်ထဲ တခြားတစ်ခုခုများ ရှိနေတာလား” ဝမ်ဝေ့က မေးလိုက်သည်။
“အရှင် သူတို့ကို ဖိအားပေးဖို့ လိုလို့လား။ သူတို့က အဆင်သင့်မဖြစ်ကြသေးတဲ့ပုံပဲ” ကျားဖျင့်က မေးလိုက်သည်။
“ငါတို့ရဲ့ တည်ရှိမှုက သူတို့အတွက် အဟန့်အတား ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ငါတို့တွေက သူတို့လူမှုအဖွဲ့အစည်း အစစ်အမှန်ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုရင် ဒါက လိုအပ်တဲ့အဆင့်ပဲ”
“ဒါပေမဲ့ အဲ့လိုဆိုရင်တောင်…”
“ကြည့်ရတာ မင်းက သူတို့နဲ့ သံယောဇဉ် တွယ်နေတဲ့ပုံပဲ”
“ကျွန်တော် အဲဒါကို မငြင်းနိုင်ပါဘူး”
“ကောင်းပြီလေ။ အရမ်းတော့ သံယောဇဉ်မတွယ်မိစေနဲ့။ လက်ရှိအနေအထားမှာ သံယောဇဉ်က အားနည်းချက်ပဲ။ ငါတို့တွေနဲ့ မလိုချင်ဆုံးအရာက တစ်စုံတစ်ယောက်က အဲဒါကို သုံးပြီး မင်းကို ထိခိုက်လာမှာကိုပဲ” ဝမ်ဝေ့က သတိပေးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
“တကယ်လို့ တစ်ရက်မှာ မင်းတိုင်းပြည်ကို ပြန်ပြီးတည်ဆောက်ချင်တယ်ဆိုရင်တောင် ပြဿနာ မရှိဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“မင်းက မင်းရဲ့ အုပ်ချုပ်မှုထဲမှာ သေမျိုးလူမှုအဖွဲ့အစည်းကိုတောင် ထည့်သွင်းနိုင်တယ်။ ဒါပေမဲ့ ငါ ပြောတဲ့အတိုင်းပဲ။ ဒီသေမျိုးတွေနဲ့ သံယောဇဉ် အရမ်းကြီး မတွယ်မိစေနဲ့”
“အမိန့်အတိုင်းပါ” ကျားဖျင့်က သက်ဝင်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။