← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

လျှိုဝမ်ရှစ် သုတေသန ပြုလုပ်ထားသော အစားအစာသည် တိုက်ခိုက်ရေး စွမ်းအားကို တိုးတက်စေသည်။ ပါဝင်ပစ္စည်းများ ဓာတ်မတည့်မှုကြောင့်သာ ဂိုဏ်းချုပ်ကျွင်း အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပေသည်။

ပြန်လည်ကောင်းမွန်လာစေဖို့ နှစ်လ မှ သုံးလထိ ကြာမြင့်နိုင်သည်ဟု အကြီးအကဲဝေ ပြောခဲ့သည်မှာ သာမာန်လူ များအတွက်သာ ဖြစ်၏။

ခန္ဓာကိုယ်ကြံခိုင်ရေး နည်းလမ်းမျိုးစုံ အသုံးပြုထားသော ကျွင်းချောင်ရှောင်း အတွက်တော့ နှစ်ရက်မှ သုံးရက်ထိသာ ကြာမြင့်ခဲ့သည်။

ဘာကိုဆိုလိုသနည်း။

ဂိုဏ်းချုပ်ကျွင်းသည် အသက်ပြင်းသည် ဟု ဆိုလိုခြင်းပင် ဖြစ်၏။

“ဂိုဏ်းချုပ်”

စာကြည့်ခန်းထဲမှာတော့ ..

လျှိုဝမ်ရှစ်သည် အပြစ်လုပ်ထားမိသော ကလေးလေး တစ်ယောက်ကဲ့သို့ ဦးခေါင်းကို ငုံ့ကာ မိမိကိုယ်ကိုယ် အပြစ်တင်လျက်ရှိသည် “တောင်းပန်ပါတယ်။ ကျွန်မရဲ့ အမှားပါ။ အပြစ်ပေးမှုကို ခံယူပါမယ်”

ကျွင်းချောင်ရှောင်းသည် ဤချစ်စရာကောင်းလှသော ကလေးမလေးအား အဘယ်သို့ အပြစ်ပေးရမည်နည်း။

ထို့အပြင် အားအင်ကို တိုးတက်လာစေသည့် အစားအစာ ကို စမ်းသပ်ရင်း လုပ်ဆောင်ချက် အနည်းငယ် မှားယွင်းသွားခြင်း သာဖြစ်သည်။

“အကြီးအကဲဝေ ဆီကနေ သေချာသင်ယူ။ ဒါက အပြစ်ပေးမှုပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

တခြားတပည့်များသာ ထိုအစားအစာကို စားမိလျှင် တစ်ခါတည်း သေဆုံးသွားနိုင်သည်။ ထို့ကြောင့် ဤမိန်းကလေးအား ပါဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိများအား နားလည်စေရန် လေ့ကျင့်ခိုင်းမှ ဖြစ်ပေမည်။

“ဟုတ်ကဲ့ပါ”

ဤအရာသည် အပြစ်ပေးမှု မဟုတ်မှန်း လျှိုဝမ်ရှစ် နားလည်သည်။ သူမ အား ဆေးပင်နှင့် ပတ်သက်သော ဗဟုသုတ များ ပြည့်စုံစေရန် ဂိုဏ်းချုပ် ဖန်တီးပေးတာ ဖြစ်ကြောင်း သူမ သိရှိလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အားအင် တိုးတက်ခြင်း အစားအစာ သုတေသန ကို မဖြုန်းတီးနဲ့။ ဆက်ပြီးတော့ ကြိုးစား စမ်းသပ်”

အားအင်တိုးတက်ခြင်း အစားအစာသည် အားအင်တိုးတက်ခြင်း အဆောင် လောက် မကောင်းမွန်သော်လည်း ဂိုဏ်းစုဆောင်းမှတ်များ မကုန်ခြင်းက တပန်းသာနေသည်။

“ဂိုဏ်းချုပ် …”

လျှိုဝမ်ရှစ် ပြောလိုက်သည် “ထပ်ပြီး ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် လက်ထောက်ပြီး သေချာ အားပေးလိုက်သည် “တစ်ကြိမ်လောက် ကျရှုံးရုံတင် ဘယ်အရှုံးပေးလို့ ဖြစ်မှာလဲ။ အောင်မြင်အောင် ဆက်တိုက် သုတေသန ထပ်လုပ်နေမှ ဖြစ်မှာပေါ့”

“ကျွန်မ နားလည်ပါပြီ”

ဂိုဏ်းချုပ်၏ ထောက်ခံအားပေးမှုကို ရတော့ လျှိုဝမ်ရှစ်သည် ယုံကြည်မှုတွေ ပြန်လည် ရရှိလာသည်။ ထို့အပြင် ပိုမို လေ့လာသင်ကြားနိုင်မှသာလျှင် ပိုမို၍ အန္တရာယ်ကင်းသော အစားအစာများ ဖန်တီးနိုင်မှာ ဖြစ်ကြောင်း သူမ နားလည်သွားသည်။

အကြီးအကဲဝေသည် ဆေးပင်များနှင့် ပတ်သက်၍ ကျွမ်းကျင်လွန်းသည်။ သူမ အနေနှင့် တစ်ရက်၊ နှစ်ရက်လောက် လေ့လာရုံဖြင့် ရနိုင်မည့် အရာတော့ မဟုတ်ချေ။

“ဒါဆို ဘာကို စောင့်နေတာလဲ။ သွားပြီး လေ့လာတော့လေ”

“ဟုတ် .. ဟုတ် …”

လျှိုဝမ်ရှစ်သည် မြန်မြန်ပဲ ဆေးဥယျာဉ် ရှိရာသို့ ပြေးလေတော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်သည် “သာမာန်ဆေးပင် နဲ့ အစားအစာ တွေကို ပေါင်းစပ်ပြီး အားအင်တိုးတက်အောင် စမ်းသပ်နိုင်တယ် ဆိုတော့ ဒီကလေးမ က ပေါ့သေးသေးတော့ မဟုတ်ဘူး”

သူမ …

သူမ ဘယ်နေရာကနေ လာသနည်း။

လျှိုဝမ်ရှစ်သည် ချင်းယန်နိုင်ငံတွင် လူဆိုးလူမိုက်များ လိုက်ပါလာသောကြောင့် သူ ကယ်တင်ခဲ့ရသော ကလေးမလေးဖြစ်ကြောင်း သတိပြုမိ၏။ ထို့အပြင် သူမ၏ ချက်ပြုတ်ခြင်းစွမ်းရည် နှင့် ပတ်သက်၍ နားလည်မှုသည် ကောင်းကင်အင်ပါယာမြို့မှ အိုးယန် မိသားစု မှ ဖြစ်နိုင်ကြောင်း လုချင်းချင်း တစ်ခါ ပြောခဲ့ဖူးသည်။

“တုတု က အိုးယန်မိသားစု ရဲ့ တိုက်ရိုက်မျိုးဆက်များ ဖြစ်နေမလား။” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။

ထိုသို့ဆိုလျှင် လျှိုဝမ်ရှစ် ဟု မခေါ်ဘဲ အိုးယန် xxx ဟု ခေါ်ဆိုရနိုင်သည်။ သူသိသော အိုးယန် မှာ အိုးယန်ဖုန်း တစ်ယောက်သာ ရှိသည်။

ဟင်း ..

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “ငါ့ တပည့်တွေက တစ်ယောက်မှ မရိုးရှင်းဘူးပဲ။ ထူးဆန်းတာ က ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပေမဲ့ ငါ ဘာမှမသိတာပဲ”

ဥပမာညွှန်းရမည် ဆိုလျှင် လုချင်းချင်း နှင့် ရီရှင်းချန် တို့ ဖြစ်သည်။

သူသည် ကောင်းကင်အင်ပါယာမြို့သို့ လူများ စေလွှတ်ပြီး စုံစမ်ခိုင်း၍တော့ ရနိုင်သည်။ သို့ပေမဲ့ ထိုသို့ ပြုလုပ်ရန် သူ့အနေနှင့် စိတ်ကူးမရှိချေ။

ဂိုဏ်းချုပ်ကျွင်းအမြင်အရ ဆိုလျှင် တပည့်များတွင် နောက်ကြောင်းများ ၊ လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။ မည်သို့ပင် ဆိုဆို ၊ မည်သို့သော လူမျိုးဖြစ်ဖြစ် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးလျှင် သံမဏိအရိုးဂိုဏ်း တပည့် သာ ဖြစ်ကြသည်။ တခြားသော ဂုဏ်ပုဒ်များအား သူ စိတ်မဝင်စားတာ သေချာသည်။

၎င်းတို့အားလုံးသာ ဂိုဏ်းအပေါ်တွင် သစ္စာရှိမည်ဆိုလျှင် မည်သူမှ မထိခိုက်နိုင်အောင် သူ ကာကွယ်ပေးနိုင်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ထိုသို့သော လူမျိုးမှာ ဂိုဏ်းချုပ်ကျွင်းတစ်ယောက်သာ ရှိပေလိမ့်မည်။

သို့ပေမဲ့ ..

သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် အန္တရာယ်တောထဲ ရောက်လို့နေ၏။

အဘယ့်ကြောင့် ဆိုသော် ဟူရန်နိုင်ငံတွင် သတင်းတစ်ခု ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။ အဆင့်ခြောက် ချီရှန်ဂိုဏ်းချုပ် သည် ဂိုဏ်းသို့ ပြန်မလာသည်မှာ လဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သိုင်းပြိုင်ပွဲပြီးဆုံးသွားပြီးနောက် ဂိုဏ်းချုပ် လောင် နှင့် အတူ တခြားသော ဂိုဏ်းများမှ အကြီးအကဲများပါ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာသည် သာမာန်မဟုတ်ချေ။

တစ်စုံတစ်ခု မှားယွင်းနေတာ သေချာသည်။

“သိုင်းပြိုင်ပွဲပြီးသွားတဲ့နောက်မှာ တခြားနိုင်ငံက အဆင့်ရှစ် ဂိုဏ်းတစ်ခု ဗိုလ်ဆွဲသွားတာကို တော်တော်များများက မကျေနပ်ကြဘူးလို့ ကြားတယ်။ ဒါကြောင့် အားလုံး အနောက်ကနေ လိုက်သွားကြတယ်တဲ့”

“ဂိုဏ်းချုပ်လောင် အပါအဝင် တခြားဂိုဏ်းတွေရဲ့ အကြီးအကဲတွေလည်း ပြန်ပေါ်မလာကြဘူး။ ချင်းယန် နိုင်ငံထဲ လိုက်ဝင်သွားကြတာလား”

“မဖြစ်နိုင်ဘူး။ ရထားတဲ့ သတင်းတွေအရဆိုရင် သံမဏိအရိုးဂိုဏ်း တပည့် ကို ဟူရန်မြို့ အပြင်ဘက်မှ တားဆီးမိတယ်တဲ့”

“ရှောင်ကျီ ရဲ့ စွမ်းဆောင်ရည်က မဆိုးဘူးဆိုပေမဲ့ သိုင်းတပည့် အဆင့်ပဲ ရှိသေးတာ။ ဂိုဏ်းချုပ်လောင် လို သိုင်းစစ်သူကြီး အဆင့်ကို ဘယ်လိုလုပ် ပြန်တိုက်ခိုက်နိုင်မှာလဲ”

“ဒါဆိုရင် လဝက်ကြာတဲ့အထိ ဘာလို့ ပြန်မလာတာလဲ။ မတော်တဆ တစ်ခုခု ဖြစ်ခဲ့တာလား”

“သံမဏိအရိုးဂိုဏ်းတပည့် က ဂိုဏ်းချုပ်လောင် တို့ကို သတ်ပစ်လိုက်တယ်လို့တော့ မပြောနဲ့နော်”

“ချီရှန်းဂိုဏ်းရဲ့ အကြီးအကဲ က လက်ရှိ ဂိုဏ်းချုပ်နေရာကို ခဏယူပြီး ဂိုဏ်းကိစ္စတွေ လုပ်နေတယ်။ သူတို့က အဖွဲ့တစ်ခုဖွဲ့ပြီး တစ်တောလုံး အနှံ့ရှာနေကြတယ်။ တခြားကလန်တွေကလည်း အချိတ်အဆက်တွေ သုံးပြီး ရှာနေကြတာပဲ။ မကြာခင် သတင်းတစ်ခုခု ရလာမယ် ထင်တယ်။”

အဆင့်ခြောက် ဂိုဏ်းချုပ် နှင့် တခြားဂိုဏ်းများမှ အကြီးအကဲများ ပျောက်ချင်းမလှ ပျောက်နေသည့် ဖြစ်ရပ်သည် ဟူရန် တစ်မြို့လုံးတွင် ပြောစရာအများဆုံး ကိစ္စဖြစ်လို့နေသည်။

သို့ပေမဲ့ မည်သူကမှ ၎င်းတို့ သံမဏိအရိုးဂိုဏ်းလက်ထဲတွင် သေဆုံးခြင်း ဖြစ်ကြောင်း မတွေးတောကြချေ။

ကျွင်းချောင်ရှောင်းသည် အလောင်းများအား ဖျက်ဆီး မီးရှို့ခဲ့ပြီး ဖြစ်သော်လည်း ဤလောကကြီးတွင် အမှန်တရားကို ဖုံးကွယ်ထား၍မရနိုင်ချေ။ နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေမည်ဆိုလျှင် အချိန်ကာလတစ်ခုတွင် အဖြစ်မှန်ကို သိရှိသွားပေလိမ့်မည်။

ထို့ကြောင့် သူတို့ဘက်မှ ကြိုတင် ကာကွယ်၍ လုပ်စရာရှိသည်များ လုပ်ထားသင့်သည် ဟု ကျွင်းချောင်ရှောင်း သုံးသပ်မိ၏။

ထို့ကြောင့် သူသည် မိုးဆွေဟောခန်း အဖွဲ့ဝင်များအား သတင်းအမှားတစ်ခုကို စတင်၍ ဖြန့်ဝေခိုင်းခဲ့သည်။

မည်သည့် သတင်းဖြစ်သနည်း။

လွန်ခဲ့သော လဝက်က ဟူရန်မြို့၏ အဝင်တောထဲတွင် ထူးဆန်းသော သဘာဝ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး ရတနာ တစ်ခုခု ပေါ်လာခြင်း ဖြစ်ကြောင်း သတင်းပင်။

ထိုသတင်း ပြန့်နှံ့သွားပြီးနောက် ဟူရန်မြို့တွင် ဂိုဏ်းချုပ်လောင်၏ သတင်းအား ဖုံးလွှမ်းသွားခဲ့တော့သည်။

သိုင်းပညာရှင်များ၏ လောကတွင် ထူးဆန်းသည့် သဘာဝဖြစ်ရပ်နှင့် အတူ ရတနာများ ပေါ်ပေါက်လာတတ်သည်။ ထို့အပြင် ဆန်းကြယ်လှသော သိုင်းပညာကြီးများ၏ အုတ်ဂူ နှင့် အမွေအနှစ်များကိုလည်း ရှာတွေ့တတ်ကြ၏။

ထိုသို့သော ကိစ္စမျိုး ပေါ်ပေါက်လာရင် ကျင့်ကြံသူများသည် မီးပုံထဲ တိုးဝင်တတ်ကြသော ပိုးဖလံများကဲ့သို့ အလုအယက် နှင့် ကြိုးစားကြတော့သည်။

တစ်စုံတစ်ယောက်သည် အလွန်အားကောင်းသော ကျင့်ကြံသူ ဖြစ်ချင်လျှင် ကိုယ်တိုင် ကြိုးစားမှု အပြင် ကံကောင်းမှုကိုလည်း ရှာတွေ့နိုင်မှ ဖြစ်မည်။

များပြားလှသော ကျင့်ကြံသူများသည် ကံကောင်းခြင်း အမွေအနှစ်များကို ရရှိချင်ဇောဖြင့် အသက်ကို ပင် ပေးဆပ်တတ်ကြ၏။

ကျွင်းချော်ရှောင်း အဘယ့်ကြောင့် ဤသို့သော သတင်းမျိုးကို ဖြန့်ဝေလိုက်သနည်း ဆိုသော် ဟူရန်မြို့မှ ကျင်ကြံသူများအား အာရုံလွဲစေရန် အတွက်ပင် ဖြစ်သည်။

ထင်မှတ်ထားသည့် အတိုင်း ဤသတင်း ပြန့်နှံ့ပြီးနောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်လောင် နှင့် တခြားသူများ ပြန်မလာသည်မှာ ထိုရတနာနောက်သို့ လိုက်နေခြင်း ဖြစ်ကြောင်း တစ်ချို့က တွေးတောလာကြ၏။

“တောင်ကြားထဲမှာ ရတနာရှိတာ သေချာသည်။ မြေပြင်က အက်ကွဲပြီး လှိုဏ်ဂူတစ်ခု ပေါ်လာတယ်တဲ့။ ပြီးတော့ နာရီ အနည်းငယ်အတွင်း ပြန်ပျောက်သွားတယ်”

“ဒီလိုဆိုရင် ပျောက်နေတဲ့ ဂိုဏ်းချုပ်လောင် တို့ လှိုဏ်ဂူထဲ ဝင်သွားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ပြန်မလာသေးတာပဲ”

“အဲလိုပဲဖြစ်ရမယ်”

ဟူရန်မြို့မှ ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်း၏ ငါးမြှားချိတ် သွားရာ အတိုင်း လိုက်ပါနေကြသည်။ သို့ပေမဲ့ တစ်ချို့သော ကိုယ်ပိုင်စုံစမ်းရေး အဖွဲ့များ ပိုင်ဆိုင်သော ဂိုဏ်းများသည် ထိုကိစ္စကို မယုံကြချေ။

မယုံလည်း ကျွင်းချောင်ရှောင်းက ဂရုမစိုက်ချေ။ သူလိုချင်သည်မှာ အားလုံး ယုံကြည်စေရန်မဟုတ်ပေ။ ယုံကြည်စေရန်လည်း သတင်းအမှားအား ဖြန့်ဝေခဲ့ခြင်း မဟုတ်တာ သေချာသည်။ သူ လိုချင်သည်မှာ သူ့အတွက် အန္တရာယ်ကျရောက်လာနိုင်သည့် အချိန်ကာလကို ကြန့်ကြာစေခြင်း ဖြစ်သည်။

ထို့အပြင် အဆင့်ခြောက် ချီရှန်ဂိုဏ်း၏ ဂိုဏ်းချုပ်လောင် နှင့် တခြားသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ ကို သတ်ဖြတ်ပြီးနောက် သေသေချာချာ မီးရှို့၍ သဲလွန်စမျာအား ရှင်းလင်းခဲ့သေးသည်။ ထို့ကြောင့် အချိန်ကာလ တစ်ခုထိတော့ စိတ်ပူစရာ မလိုဟု ကျွင်းချောင်ရှောင်း တွက်ချက်မိထား၏။

All Chapters