← Chapters

အခန်း (၂၅၇)

Vol. 18 Ch. 257

အခန်း (၂၅၇)

Vol. 18 Ch. 257

ဟူရန်မြို့တွင် ရတနာတစ်ခု၏ သတင်းအချက်အလက် ပေါ်လာသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ချီရှန်းဂိုဏ်းနှင့် တခြားဂိုဏ်းများသည် အချိန်တိုအတွင်း သံမဏိအရိုးဂိုဏ်းကိစ္စ စုံစမ်းရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကြာမြင့်ပြီးလျှင် ကျွင်းချောင်ရှောင်းသည် ပို၍ အားကောင်းလာပေလိမ့်မည်။

ထို့ကြောင့် အချိန်တွေကြာလာမှ သံမဏိအရိုးဂိုဏ်းနောက် လိုက်လာမည် ဆိုလျှင် အခြေအနေ ကောင်းလိမ့်မည် မဟုတ်ချေ။

ဤရက်စက်လှသော လောကကြီးတွင် အသက်ရှင်သန်နိုင်ရန် လုံလောက်သည့် အားအင် ရှိရမည့် အပြင် ဦးနှောက်ကို အသုံးပြု၍ လှည့်စားတတ်ရန်လည်း လိုအပ်နေသေးသည်။ မဟုတ်လျှင် အသက်ရှင် ရပ်တည်နိုင်မည် မဟုတ်ချေ။

ကောလဟာလများ ဖြန့်ကျက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဖုံးကွယ်ထားသော တာဝန် တစ်ခုဖြစ်သည့် အတင်းအဖျင်း ထုတ်လွှတ်ခြင်း တာဝန် ကို ပြည့်စုံစေခဲ့ပြီး ဂိုဏ်းစုဆောင်းမှတ် တစ်ရာ ရရှိခဲ့သည်။

မည်မျှဝမ်းသာဖို့ကောင်းလိုက်သနည်း။ သောက်တင်းပြောစေရန် မဟုတ်မမှန်တွေ ဖြန့်ဝေရင်းမှ ဂိုဏ်းစုဆောင်းမှတ်များ ရရှိနေပြန်သည်။ သောက်ကျိုးနည်းလှချေသည်တကား။

လင်းရန်နိုင်ငံ သည်လည်း စည်ကားသိုက်မြိုက်နေ၏။

အိုက်မိသားစု ၏ လေလံပွဲသည် လင်းရန်မြို့တွင် ကျင်းပမည် ဆိုသော သတင်းပြန့်သွားပြီးနောက် လင်းရန်မြို့ တစ်ခုလုံး စည်ကားနေသည်။

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး သည် အရင်လေလံပွဲတွေကတည်းက ကျော်ကြားပြီး ဖြစ်သည်။ ထို့ကြောင့် လေလံပွဲစပြီ ဆိုသည်နှင့် စတင်၍ ဝယ်ယူနိုင်ရန် အားလုံးက ပြင်ဆင်လျက်ရှိ၏။

အထူးသဖြင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးပင် ဖြစ်သည်။

ဟူရန်နိုင်ငံ နှင့် လင်းရန်နိုင်ငံများ အကြောင်းသည် ကျွင်းချောင်ရှောင်းနှင့် ဘာမှမသက်ဆိုင်သလိုပင်။ ထို့ကြောင့် သူသည် လေ့ကျင့်ရင်း တပည့်များအား ညွှန်ကြားပြသနေ၏။

နဂါးလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး မည်သည့်အချိန်မှ ပြန်နိုးလာနိုင်မည်ကို မသိရှိပေ။

ဤအကောင်လေး အချိန်အတော်ကြာ အိပ်မောကျနေစေဖို့ သံမဏိအရိုးဂိုဏ်းသားများ မျှော်လင့်နေကြသည်။ မဟုတ်လျှင် သူတို့ စားဖို့ အသား ရှိမည်မထင်ချေ။

ဟူး …။

စမ်းသပ်မှုမျှော်စင်ထဲတွင် လေးနာရီကြာ လေ့ကျင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ အိပ်ခန်းဆီသို့ ပြန်လာသည်။ ပြီးနောက် စနစ်၏ စတိုးအား ဖွင့်လိုက်သည်။

“ငါ့ဆီ်မှာ ဂိုဏ်းစုဆောင်းမှတ် ၈၃၅ တောင်ရှိနေတာပဲ။ ဘာလို့ refresh မလုပ်ရမှာလဲ”

ထိုအတွေးကို တွေးမိတော့ သူမနေနိုင်ဘဲ စတိုအား ဖွင့်၍ refresh လုပ်လိုက်တော့သည်။

ပစ္စည်းဟောင်းများနေရာတွင် ပစ္စည်းသစ်များ ပေါ်လာ၏။

ပထမတန်းကို ကြည့်ရှုပြီးနောက်တွင် ဂိုဏ်းချုပ်ကျွင်းသည် စိတ်ထဲ၌ စိုးရွွံမှုများ ဖြစ်ပေါ်ခဲ့သည်။ အောက်ဆုံးတန်းကိုကြည့်ရှုပြီးချိန်မှာတော့ စိတ်လှုပ်ရှားလွန်းသောကြောင့် ထခုန်လုမတတ် ဖြစ်မိခဲ့သည်။

အဆင့်မြင့် လှုပ်ရှားမှု နည်းစနစ် - တိမ်ခြေလှမ်း။

အလယ်အလတ် အဆင့် နည်းစနစ် - အသံပို့လွှတ်ခြင်း။

ဆေးဖော်မြူလာ - အလယ်အလတ် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး။

တိမ်ခြေလှမ်းသည် ဘယ်သူမှန်းမသိသော ကျွမ်းကျင်သူတစ်ယောက် ဖန်တီးထားသော လှုပ်ရှားမှု နည်းစနစ် တစ်ခုဖြစ်ပြီး အဆုံးစွန်ထိ နားလည်သွားမည် ဆိုလျှင် မီတာဒါဇင်နှင့် ချီ၍ ခုန်ပျံကျော်လွှားနိုင်သည်။

စိတ်ဝိညာဉ်အသံပို့လွှတ်ခြင်း နည်းစနစ် မှာတော့ အလွန်ပင် အားကောင်းလှသည်။ သေချာ လေ့ကျင့်နိုင်မည် ဆိုလျှင် မိုင်တစ်ထောင် အကွာအဝေး အတွင်း အသံပို့လွှတ်နိုင်စွမ်း ရှိ၏။

အကောင်းဆုံးအရာကတော့ အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးပင် ဖြစ်လေသည်။ သိုင်းဆရာ နှင့် သိုင်းစစ်သူကြီးအဆင့်များကိုပင် ချက်ချင်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်စေသည်။

ကျွင်းချောင်ရှောင်းသည် တစ်ခုချင်းစီ၏ ဖော်ပြချက်များအား ဖတ်ရှုပြီးနောက် သူ၏ မျက်နှာအား ပွတ်သပ်ကာ ပြောလိုက်သည် “အိမ်မက် မက်နေတာလား”

တစ်ချိန်တည်းမှာပဲ အသုံးဝင်လွန်းသော ပစ္စည်းသုံးခုကို မြင်လိုက်ရသည်မို့ ကိုယ့်ကိုယ်ကိုယ်ပင် မယုံနိုင်အောင် ဖြစ်မိနေသည်။ ထိုအရာသည် အိမ်မက်မက်နေသလိုပင်။

“ကိုယ့်ဘာသာ အားရှိသလောက် ပါးပိတ်ရိုက်ကြည့်လိုက်။ နာရင် အိမ်မက်မဟုတ်ဘူး” စနစ်မှ ပြောလိုက်သည်။

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်းသည် မရိုက်နှက်ပေ။ အဲအစား သူ၏ တင်ပါးကို ပုတ်ပြီး အားရပါးရ ရယ်လိုက်သည် “ဟားဟား .. နောက်ဆုံးတော့ ငါ ကံကောင်းပြီ။”

နည်းစနစ် နှစ်ခု နှင့် ဆေးလုံး ဖော်မြူလာ ..။ သုံးခု ထဲမှ တစ်ခုသည် အကျိုးအမြတ်များစွာကို ရှာဖွေပေးနိုင်မည့် အရာလည်း ဖြစ်သည်။ သူ၏ ကံသည် မိုးပေါ်သို့ထိုးတက်သည်အထိ ကောင်းမွန်ခဲသည်လား။

စနစ် “ဒါက ကံတရားတန်ဖိုး တစ်မှတ် တိုးခဲ့တာနဲ့ သက်ဆိုင်တယ်”

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါသွားသည်။

သုံည ကနေ တစ်မှတ်ထိ တိုးလိုက်သည်နှင့် တပြိုင်နက် ပစ္စည်းကောင်း သုံးခုကို တစ်ခါတည်း မြင်လိုက်ရသည်။ မည်သို့ပင် စဉ်းစား၊ စဉ်းစား မယုံကြည်နိုင်စရာပင်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး ပစ္စည်းများ၏ ဈေးနှုန်းများကို ကြည့်ရှုမိတော့ မျက်မှောင်ကုတ်သွားမိသည်။ ဈေးမပေါလှချေ။

တိမ်ခြေလှမ်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀။

အသံပို့လွှတ်ခြင်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀။

အလယ်အလတ် အဆင့် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး ဖော်မြူလာ - ဂိုဏ်းစုဆောင်းမှတ် ၅၀၀။

သူ့တွင် ၈၂၅ မှတ် ကျန်ရှိနေသေးသည်။ ထို့ပေမဲ့ အားလုံးကို ဝယ်ယူလိုက်မည် ဆိုလျှင် လူမွဲစာရင်း ပြန်ဝင်သွားမှာ သေချာသည်။

ကျောက်တုံးမွန်းစတားကြီး၏ စည်းအတွင်း ပိတ်မိခဲ့စဉ်က သူ့တွင် တိမ်ခြေလှမ်းနည်းစနစ်သာ ရှိပါက တစ်ခါတည်း ခုန်ကျော်၍ထွက်သွားနိုင်လိ့မ်မည်။

အသံပို့လွှတ်ခြင်း နည်းစနစ် ရှိလျှင် တပည့်များ တစ်ယောက် နှင့် တစ်ယောက် ဆက်သွယ်ရ ပိုမိုလွယ်ကူလိမ့်မည်။ ထို့ကြောင့် ကျိန်းသေပေါက် ဝယ်ယူရပေမည်။

အလယ်အလတ် အဆင့် ဆေးလုံးမှာတော့ သိုင်းဆရာ နှင့် သိုင်းစစ်သူကြီး အဆင့်တွေ သုံးလို့ရသည်မို့ ဈေးနှုန်း ၁၀၀၀ မှတ် ဆိုလျှင်တောင်မှ ဝယ်ရမည်။

ထို့ကြောင့် …

သူ အားလုံးကို ဝယ်ယူလိုက်သည်။

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ ကို အသုံးပြု၍ တိမ်ခြေလှမ်း နည်းစနစ်ကို ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။”

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို အသုံးပြု၍ အသံပို့လွှတ်ခြင်း နည်းစနစ်ကို ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။”

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ကို အသုံးပြု၍ အလယ်အလတ် အဆင့် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး ကို ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၂၅ / ၁၀၀၀”

ပစ္စည်းများအား ဝယ်ယူပြီးသည့် တိမ်ခြေလှမ်း နှင့် အသံပို့လွှတ်ခြင်း နည်းစနစ်သည် ဂိုဏ်း၏ နည်းစနစ် နှင့် လိုက်ဖက်ညီသွားသည်။

ပြီးနောက် သူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀ အား အသုံးပြု၍ နည်းစနစ် နှစ်ခုအား မိတ္တု ၁၀၀၀ စီ ဆွဲလိုက်သည်။ နောက်ဆုံးမှာတော့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၅ မှတ်သာ ကျန်တော့၏။

“မဖြစ်တော့ဘူး”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ ပြီးနောက် ဆေးသန့်စင်ဆောင် ကို ဖွင့်၍ အလယ်အလတ် အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၏ ဆေးညွှန်းအား ကြည့်လိုက်သည်။

အလယ်အလတ် အဆင့် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံးသည် ဆေးပင်အမျိုးအစား ရှစ်မျိုး လိုအပ်သည်။ သို့ပေမဲ့ သူ့တွင် ထိုဆေးအတွက် ဆေးပင် တစ်မျိုးမှ မရှိချေ။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ကြည့်ရတာ အိုက်မိသားစု ဆေးဆိုင်ဆီ သွားရမယ့်ပုံပဲ”

ပြောပြီးသည့်နောက် သူသည် တိမ်ခြေလှမ်းအား ဖွင့်ကာ သေချာ ဖတ်ကြည့်လိုက်သည်။

အဆင့်မြင့် နည်းစနစ် ပီသစွာဘဲ ဝိညာဉ်ခြေလှမ်းထက် ပို၍ အားကောင်းနေ၏။ ထို့အပြင် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် အဖြစ် သတ်မှတ်ခဲ့သည်မို့ သင်ယူရ လွယ်ကူ၏။

ကျွင်းချောင်ရှောင်းသည် တစ်နာရီလောက် လေ့လာပြီးနောက်မှာတော့ မန္တာန် နှင့် အသုံးပြုပုံကို ရှင်းလင်းသွားခဲ့သည်။

သူဤသို့ မြန်မြန်ဆန်ဆန် လေ့လာနိုင်ခဲ့ခြင်းသည် သူ၏ စိတ်ဝိညာဉ်အမြစ် အထူးအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်၏။

“ဝိညာဉ်ခြေလှမ်း နည်းစနစ် နဲ့ ခက်ခဲနေတဲ့ တပည့်တွေကို တိမ်ခြေလှမ်း ပြောင်းပြီး ကျင့်ခိုင်းရမယ်။” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။

သူသည် အသံပို့လွှတ်ခြင်း နည်းစနစ်ကို ထုတ်ယူ၍ ကြည့်လိုက်၏။

အောင်မြင်အောင် လေ့ကျင့်နိုင်မည် ဆိုလျှင် အလွန်ဝေးကွာသော တည်နေရာရှိ တပည့်များထံ အသံပို့လွတ်နိုင်စွမ်း ရှိလာလိမ့်မည်။ ပြောရလျှင် ဖုန်းတစ်လုံးလိုပင်။ လိုင်းမိသည့်နေရာတွင် ရှိပါက ပြောဆို ဆက်သွယ်၍ ရနိုင်သလိုပင်။

ဆိုးသည်မှာ သေလမ်းရှာစွန်း၏ ကျင့်ကြံသူတို့စကားဝိုင်းလို စာမက်ဆေ့၊ ရုပ်ပုံများ ပို့၍ မရခြင်းပင်။ မဟုတ်ပါက ပို၍ အဆင်ပြေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ မိုင်တစ်ထောင်လောက် အသံပို့နိုင်ဖို့ ဆိုလျှင် နည်းစနစ်ကို အဆုံးစွန်ထိ လေ့ကျင့်ထားရန် လိုအပ်ပေလိမ့်မည်။

“မိုးဆွေဟောခန်းရဲ့ အဖွဲ့ဝင်တွေသာ ဒီနည်းစနစ်ကို ကျွမ်းကျင်ရင် ပိုပြီးအကျိုးထူးမယ်” ကျွင်းချောင်ရှောင်း သွားဖြီးကာ ပြောလိုက်သည်။

သူတစ်ခါလေး refresh လုပ်ရုံဖြင့် ဤသို့ ကောင်းမွန်သော အရာသုံးခုရလာသည် ဆိုခြင်းမှာ အလွန်တရာ ကံကောင်းသောကြောင့်သာ ဖြစ်ပေမည်။

“တိမ်ခြေလှမ်းကို အရင်ဆုံး လေ့ကျင့်ရမယ်။”

ကျွင်းချောင်ရှောင်း ခြေချိတ်ထိုင်ပြီး သူ၏ လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ပြီးနောက် နည်းစနစ်အား နားလည်အောင် သုံးသပ်တော့သည်။

……….

နောက်တစ်ရက် မနက်ခင်းမှာတော့ ….

တပည့်များသည် အိပ်ရာမှ ထ၍ အပြင်ခြံဝန်း ရှိ သိုင်းလေ့ကျင့်ရာ ကွင်းပြင်ဆီ သွားလိုက်ကြသည်။

သို့ပေမဲ့ မကြာခင်မှာပဲ တစ်စုံတယောက်က ထအော်လိုက်၏ “ကြည့် …. ဂိုဏ်းချုပ် အပေါ်မှာ ဘာလုပ်နေတာလဲ”

အားလုံး မော့ကြည့်လိုက်တော့ အဓိက ဟောခန်း၏ အမိုးပေါ်တွင် မတ်မတ်ရပ်လျက်ရှိသော ဂိုဏ်းချုပ်အား သူတို့ မြင်လိုက်ရသည်။ လေပြေညှင်းတွေရဲ့ တိုက်ခိုက်မှုအောက်မှာတော့ ဂိုဏ်းချုပ်၏ ဝတ်စုံသည် ယမ်းခါလျက်ရှိပြီး သေမျိုးလောကထဲသို့ ရောက်လာသော အင်မော်တယ် တစ်ယောက်လိုပင် ကြည့်ကောင်းလွန်းလှ၏။

ဂိုဏ်းချုပ် အဘယ့်ကြောင့် အဓိကဟောခန်းအမိုးပေါ်သို့ တက်ရပ်နေရသနည်း။ ကျင့်ကြံနေရင်း စိတ်ပြေလက်ပျောက် လှပသော ရှုခင်းများအား ကြည့်ရှုချင်သောကြောင့် ဖြစ်မည်။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေဖျားထောက်၍ အသာခုန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ပျံလွှားတစ်ကောင်လိုပင် ရွေ့လျားသွားပြီး အခြားတစ်ဖက်ရှိ အဆောက်အဦ ၏ အမိုးပေါ်သို့ ရောက်ရှိသွားသည်။

“ဒါက …..” အားလုံး ဆွံ့အသွားကြ၏။

အဓိကဟောခန်းနှင့် ထိုအဆောက်အဦ သည် အနည်းဆုံး ပေနှစ်ဆယ်လောက် ဝေးကွာသည်။ ဂိုဏ်းချုပ် ခုန်ကူးလိုက်သည်မှာ ပျံသန်းသွားသလိုပင် ကြည့်ကောင်းလှသည်။

ရှပ် … ရှပ် …။

ကျွင်းချောင်ရှောင်းသည် ဒူးအား ကွေးညွှတ်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် အရှိန်ယူကာ ဘေးတစ်ဖက်ရှိ အဆောက်အဦ အမိုးပေါ်သို့ ခုန်လိုက်ပြန်သည်။

တပည့်များသည် ကြည့်ရှုနေရင်းမှ စိတ်ဝင်စားလာကြ၏။

ဂိုဏ်းချုပ်သည် အရမ်းမမြန်လွန်းသော်လည်း လှုပ်ရှားမှုများမှာ သဘာဝနှင့် တသားတည်း ဖြစ်နေကာ သေချာကြည့်ရှုပါက တိမ်တွေပေါ် လမ်းလျှောက်နေသလိုပင် ထင်မှတ်ထားရသည်။

ကျွင်းချောင်ရှောင်းသည် အမိုးပေါ်သို့ ရောက်တော့ လေ့ကျင့်ရေး ခန်းမ အမိုးဆီသို့ ထပ်မံခုန်ကူးလိုက်သည်။ ပြီးနောက် အဓိက ဟောခန်းဆီသို့ ဦးတည်ကာ ခုန်လိုက်ပြန်၏။

ဟူး ..။

အားလုံးသည် သက်ပြင်းရှည်ကြီး ချလိုက်မိကြသည်။

လေ့ကျင့်ရေးခန်းမ နှင့် အဓိကဟောခန်းကြား အကွာအဝေးသည် ပေငါးဆယ်လောက် အနည်းဆုံး ကွာဝေးသည်။ ကြားထဲတွင် အတွင်းခြံဝန်းသို့ ဝင်ရောက်သည် အုတ်တံတိုင်းလည်း ရှိနေသေး၏။ ဂိုဏ်းချုပ်သာ ထိုနေရာသို့ ခုန်ကူးနိုင်လျှင် ပျံနေသည်ဟုပင် သတ်မှတ်ရတော့မည်။

ဝှီး ..။

လေထဲတွင် ပျံသန်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ဟန်ပါပါဖြင့် လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်သည်။ ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိပြီး အလွန်အမင်း ကြည့်ကောင်းလွန်းသော ဟန်ပန်ကို ပြသနေ၏။

“ဂိုဏ်းချုပ် ….”

“ဘုန်း….”

“အိုက်ရား …”

ဂိုဏ်းချုပ်သည် အဓိက ဟောခန်း၏ အမိုးသို့ မရောက်ခဲ့ပေ။ အဓိကဟောခန်း၏ အဓိက ဒေါက်တိုင်ကြီးနှင့်သာ မိတ်ဆက်သွားရတော့သည်။

All Chapters