← Chapters

အခန်း (၂၅၈)

Vol. 18 Ch. 258

အခန်း (၂၅၈)

Vol. 18 Ch. 258

ကျွင်းချောင်ရှောင်းသည် တစ်ညတည်း လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။

သူသည် လေ့ကျင့်ရေးခန်းမဆောင်ဆီမှ အဓိဟောခန်းဆီသို့ မခုန်နိုင်သေးသူဆိုသော်လည်း စနစ်မှ ဝယ်ယူခဲ့သော တိမ်ခြေလှမ်းသည် ဝိညာဉ်ခြေလှမ်းထက်ပို၍ အားကောင်းကြောင်း သက်သေပြရန်တော့ လုံလောက်နေသည်။

"ဂိုဏ်းချုပ်က လှုပ်ရှားမှု နည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာပဲ။”

“သူက အရမ်းမိုက်တယ်။"

မနက်ခင်းလေ့ကျင့်ခန်းများ ပြီးဆုံးခါနီးအချိန်မှာတော့ တပည့်များသည် ဂိုဏ်းချုပ်တစ်ယောက် အပြင်ဘက် ခြံဝန်းပေါ်မှာ ခုန်ပျံကျော်လွှားနေသည့် မြင်ကွင်းကို ပြန်လည် စဉ်းစားရင် ဆွေးနွေးနေကြသည်။

သူတို့၏ မျက်လုံးများတွင်တော့ ချီးကျူးမှုနှင့်အတူ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်နေကြ၏။

သို့ပေမဲ့ မနာလိုဖြစ်စရာ မရှိချေ။

အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် အရှက်ပြေပြီးသည့်နောက်မှာတော့ အဓိကဟောခန်းထဲမှ ထွက်လာသည်။ တိမ်ခြေလှမ်းနှင့် အသံပို့လွှတ်ခြင်း နည်းစနစ်အား ဖြန့်ဝေပေးလိုက်၏။

နည်းစနစ်နှစ်ခုကို ရရှိခဲ့သော တပည့်များ အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။

"ကျေးဇူးပါ …. ဂိုဏ်းချုပ်။"

အားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။

လက်ရှိအချိန်တွင်တော့ သံမဏိအရိုးဂိုဏ်းတွင် ထပ်တိုး ကျင့်ကြံခြင်း နည်းစနစ်များကို ထပ်မံရရှိလိုက်ကြပြီ ဖြစ်သည်။

စတိုးမှ ရရှိသော နည်းစနစ်ဖြစ်သောကြောင့် တပည့်များသည် ကိုယ်တိုင်သာ လေ့လာ၍ ရနိုင်သည်။

တခြားသူများအား မျှဝေ လေ့ကျင့်ခြင်းကို ကန့်သတ်ထားပြီးဖြစ်၏။ မဟုတ်လျှင် သစ္စာဖောက်သည့်အတွက် ဂိုဏ်းမှ ထုတ်ပယ်ခြင်းပင် ခံရလိမ့်မည်။

နည်းစနစ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များအားလုံးသည်လည်း ပျက်သုန်းပျောက်ကွယ်သွားမှာ ဖြစ်သည်။

ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် မည်သည့် အရာကိုမှ စိုးရိမ်မှု မရှိဘဲ ဂိုဏ်း၏ နည်းစနစ်များကို လွယ်လွယ်ကူကူနှင့် ပေးအပ်နေခြင်း ဖြစ်သည်။

ရီရှင်းချန်သည်ပင် နည်းစနစ်အား ရရှိခဲ့သည်။

သူသည် တိမ်ခြေလှမ်းနည်းစနစ်အား ဖွင့်ကြည့်လိုက်၏။

အဆင့်မြင့် နည်းစနစ်တစ်ခုကို မြင်လိုက်သည်ဆိုသော်လည်း သူသည် မျက်မှောင်ကုတ်လိုက်မိ၏။ တော်တော်ကြာပြီးသည့်နောက်မှာတော့အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒီလှုပ်ရှားမှု နည်းစနစ်က ငါ့ရဲ့ နဂါးရွေ့ပြောင်းခြင်း နည်းစနစ်ထက် ပိုပြီးတော့ အားကောင်းနေတာပဲ။"

ညအင်ပါယာသည် နည်းစနစ်၏ မန္တာန်နှင့် အဆင့်များအား တစ်ခုချင်းစီ သေချာလေ့လာကြည့်လိုက်သည်။

အသံပို့လွှတ်ခြင်း နည်းစနစ်နှင့် ပတ်သက်၍ ပိုလို့ပင် ထိပ်လန့်တုန်လှုပ်နေမိ၏။

သိုင်းဘုရင်အဆင့်ကို ရောက်ရှိပြီးသည့်နောက်မှာတော့ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်အတွေးများကို စုစည်း၍ အသံပိုလွှတ်နိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ ထိုအဆင့်သို့ မရောက်သေးဘဲ အသံပို့လွှတ်နိုင်သည်ဆိုသည်မှာ အလွန်တရာ အံ့အားသင့်ဖွယ်ရာ ကောင်းနေ၏။

"မယုံနိုင်စရာပဲ။ မယုံနိုင်စရာပဲ။"

ညအင်ပါယာသည် သိုင်းအင်ပါယာတစ်‌ယောက် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် အသံပို့လွှတ်မှု နည်းစနစ်၏ အကျိုးသက်ရောက်မှုကို သိရှိသောကြောင့် တစ်ခြားတပည့်များထက် ပို၍ တုန်လှုပ်မိနေခြင်း ဖြစ်သည်။

“စိတ်ကို အေးအေးထားပြီး ကျင့်ကြံမှ ဖြစ်မယ်။”

………

ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်း နည်းစနစ်နှစ်ခုကို ပေးအပ်ခဲ့သည် ဖြစ်သောကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် စမ်းသပ်မှုမျှော်စင်သို့ သွားရောက်၍ လေ့ကျင့်မှုကို ခတ္တရပ်ထားကြပြီး ကျင့်ကြံခြင်း နည်းစနစ်နှစ်ခုပေါ်တွင်သာ အာရုံစိုက်ထားကြ၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် တိမ်‌ခြေလှမ်းကွက်များကို အသုံးပြု၍ အပြင်ဘက်ခြံဝန်း၏ အမိုးဆီမှ တစ်ဆင့် ဟိုဒီခုန်လွှား သွားလာကြတော့သည်။

လှုပ်ရှားမှု နည်းစနစ်တစ်ခုတွင် အလွန်တရာ ပါရမီပါလှသော စုရှောင်မိုနှင့် လီဖေးတို့မှာ အဆိုးဆုံးဖြစ်၏။ သူတို့သည် သုံးရက်မှ ငါးရက်ထိ နည်းစနစ်အား သေချာလေ့လာပြီး နောက်မှာတော့ လေ့ကျင့်ရေး‌ခန်းမဆောင်ဆီမှ အဓိကခန်းမဆောင်ဆီသို့ ခုန်ကူးနေပြီဖြစ်၏။

အား။

လီထျန်းထျန်းသည်လည်း ခုန်ကူးခဲ့၏။ သို့ပေမဲ့ မအောင်မြင်ခဲ့ပေ။ သူသည် အဓိကဟောခန်းကြီး၏ ဒေါက်တိုင်ကြီးနှင့် တိုက်မိ၍ ပုံပျက်ပန်းပျက် အောက်သို့ ပျက်ကျလာသည်။

ရွေးချယ်မှု ပြုလုပ်ပြီးသည့်နောက်မှာတော့ မိုးဆွေဟာခန်း၏ အဖွဲ့ဝင်များသည် ဝိညာဉ်ခြေလှမ်းအား ရပ်တန့်၍ တိမ်ခြေလှမ်းနည်းစနစ်ကိုသာ စတင်လေ့ကျင့်ကြတော့သည်။

"ဂိုဏ်းချုပ်။"

လီလိုရှု ပြုံးကာ ပြောလိုက်သည်။ "ရှင့်ရဲ့ လှုပ်ရှားမှု နည်းစနစ်က ကျွန်မတို့ မိုးဆွေဟောခန်းအတွက် သီးသန့်လုပ်ထားတယ်လို့တောင် ထင်ရတယ်။"

"အသံပို့လွှတ်ခြင်း နည်းစနစ်ကရော။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

"ဒါလည်း တူတူပဲ။"

လီလိုရှူသည် တောင်၏ နောက်ဘက်တွင် ရှိသော ကျောက်တုံးကြီး တစ်တုံးပေါ်၌ မတ်တပ်ထရပ်လိုက်ပြီး ပြောဆိုနေခြင်း ဖြစ်၏။

သူမသည် အသံပို့လွှတ်ခြင်း နည်းစနစ်အား ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။

ယခုမှ စတင်လေ့ကျင့်သည်ဆိုသော်လည်း သူမသည် အဓိက ဟောခန်းတွင် ရှိသော ဂိုဏ်းချုပ်နှင့် ထိုနည်းစနစ်ကို အသုံးပြုကာ အပြန်အလှန် စကားပြောဆိုနေနိုင်နေပြီဖြစ်သည်။

အကွာအဝေးမှာ ပေတစ်ရာနည်းပါးခန့်ကွာဝေး၏။

တစ်စုံတစ်ယောက်၏ နားလည်မှုသည် ပိုမိုနက်ရှိင်းလာသည်နှင့်အမျှ အသံပို့လွှတ်နိုင်သည့် အကွာအဝေးသည် ကျိန်းသေပေါက် တိုးလာပေလိမ့်မည်။

ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်သည် ဂိုဏ်းအတွင်း၌ မတ်တပ်ရပ်နေပြီး တစ်ခြားလူမှာတော့ ချင်းယန်မြို့ထဲသို့ သွား၍ စကားပြောဆိုနိုင်မှာ သေချာသည်။

တိမ်ခြေလှမ်း နည်းစနစ် ၊ အသံပို့လွှတ်ခြင်း နည်းစနစ်။

မိုးစွေဟောခန်းမှ တပည့်များအတွက်တော့ ဤကျင့်ကြံခြင်း နည်းစနစ်နှစ်ခုသည် ကျိန်းသေပေါက်တော့ သူတို့အတွက် ဖန်တီးထားသလို ဖြစ်နေ၏။

အနာဂတ်မှာ သူတို့သည် ပိုမိုမြန်ဆန်စွာလှုပ်ရှားသွားလာနိုင်ပြီး တစ်ယောက် နှင့် တစ်ယောက် သတင်းအချက်အလက် ပို့ဆောင်ဆက်သွယ်ရာတွင် ပိုမို လွယ်ကူစွာဖြင့် ပြုလုပ်နိုင်တော့မှာ ဖြစ်၏။

ထို့အပြင် အသံပို့လွှတ်ခြင်း နည်းစနစ်သည် ဂိုဏ်း၏ နေ့စဉ် လုပ်ဆောင်ချက်များတွင်လည်း အကျိုးသက်ရောက်မှု ရှိသည်။

ဥပမာအားဖြင့်

"စီနီယာအစ်ကို စားသောက်ခန်းကို သွားပြီး စားကြစို့။

"နေအုံး…. ငါအဝတ်လဲနေတယ်။"

တပည့်နှစ်ယောက် တစ်ယောက်မှာ အပြင်ခြံဝန်းတွင် ရှိပြီး တစ်ယောက်မှာတော့ အတွင်းခြံဝန်းထဲမှာ ဖြစ်၏။ သူတို့နှစ်ယောက်သည် ပြောဆိုတိုင်ပင် နေကြ၏။

"ဂျူနီယာညီလေးရီ … စမ်းသပ်မှု မျှော်စင်ကို အတူတူ သွားကြမလား။"

ရှောင်ကျီသည် အသံပို့လွှတ်ခြင်း နည်းစနစ်ကို အသုံးပြု၍ ရီရှင်းချန်နှင့် လှမ်း၍ စကားပြောလိုက်သည်။

အချိန်အတော်ကြာပြီးသည့်နောက်မှာ‌တော့ ညအင်ပါယာက ပြန်ပြောလိုက်သည်။ "ကောင်းပြီ။"

"ဂိုဏ်းချုပ် ၊ စီနီယာအစ်ကိုတို့ ၊ ဂျူနီယာမောင်လေးတို့ အစားစားချိန်တန်ပြီ။"

လျှိုဝမ်ရှစ် သည် အသံပို့လွှတ်ခြင်း နည်းစနစ်နှင့် အားလုံးအား ဆက်သွယ်လိုက်၏။

လက်ရှိအချိန်မှာတော့ သူမသည် တံခါးဝ၌ မတ်တပ်ရပ်ရင်း နေ့စဉ်နေ့တိုင်း အော်ဟစ်၍ ပြောဆိုရသည့် အလုပ်ကို လုပ်စရာမလိုတော့ပေ။

အသံပို့လွှတ်ခြင်း နည်းစနစ်သည် သံမဏိအရိုးဂိုဏ်းတပည့်များ၏ နေ့စဉ်‌လုပ်ဆောင်ခြင်း လုပ်ငန်းများတွင် လွယ်ကူစွာ ပြောဆိုဆက်သွယ်နိုင်သောကြောင့် အလွန်အသုံးတည့်ပြီး အဆင်ပြေသည်။

"မိုးဆွေဟောခန်းက အဖွဲ့ဝင်တွေအားလုံးကို သေချာလေ့ကျင့်ခိုင်းလိုက်။ဒါဆိုရင် ချင်းယန်မြို့ ဘယ်နေရာကမဆို အသံပို့လွှတ်နိုင်စွမ်း ရှိသွားပြီ။" ကျွင်းချောင်ရှောင်း ပြောလိုက်၏။

အသံပို့လွှတ်ခြင်း နည်းစနစ်၏ အစစ်အမှန်တန်ဖိုးဆိုသည်မှာ သတင်းအချက်အလက်များကို ဖြန့်ဖြူးရာတွင် ပြည့်စုံစွာ အသုံးပြုရမှာဖြစ်၏။

လီလိုရှု ပြောလိုက်သည်။ "တစ်လအတွင်း ကျွမ်းကျင်အောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။"

"ကောင်းပြီ။" ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူသည် ဂိုဏ်း၏ ဝေယျာဝစ္စများကို သူမနှင့် လွှဲအပ်ထားလိုက်ပြီး ဟူရန်မြို့ဆီသို့ သွားလိုက်၏။

တိမ်ခြေလမ်းကို အသုံးပြု၍ ထွက်ခွာသွားသည် ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် တောထဲတွင် လျှင်မြန်စွာဖြင့် သွားလာနေသည်။

တစ်ခါတစ်ရံတွင် အလွန်မြင့်မားသော သစ်ပင်ကြီးများပေါ်တွင် တက်၍ သစ်ပင်တစ်ပင်နှင့်တစ်ပင် ခုန်ကူး၍ သွားလာနေသေး၏။

မိနစ်နှစ်ဆယ်လောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟူရန်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အရင်တုန်းကဆိုလျှင် သူသည် ဟူရန်မြို့သို့ ရောက်ရှိရန် ဝိညာဉ်ခြေလမ်းကို အသုံးပြု၍ သွားရပြီး မိနစ်သုံးဆယ်မှ မိနစ်ငါးဆယ်ကြား ကြာမြင့်လှ၏။

ထို့အပြင် စတိုးဆီမှ ရရှိသော နည်းလမ်းဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ထိပ်ဆုံးအဆင့်သို့ နားလည်သွားခဲ့ပြီဖြစ်သည်။ သူသည် လေးရက်မှ ငါးရက်အတွင်းသာ လေ့ကျင့်ခဲ့ရသည်။

အိုက်မိသားစု၏ ဆေးဆိုင်။

အိုက်ရှန်ကီ သည် အလောတကြီးနှင့် ထွက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း လာလည်တာလား။ ထွက်ပြီး မကြိုမိတဲ့အတွက် တောင်းပန်ပါတယ်။"

အိုက်မိသားစုခေါင်းဆောင်သည် လင်းယန်နိုင်ငံသို့ သွားနေသည်ဖြစ်သောကြောင့် သူသည် အိုက်မိသားစု၏ အရေးကိစ္စများကို ခတ္တ တာဝန်ယူထားရ၏။

သူသည် ကျွင်းချောင်ရှောင်းကို မြင်သည့်အချိန်တိုင်းမှာ သက်ပြင်းချ၍ စဉ်းစားနေမိ၏။

အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ အိုက်မိသားစုနှင့် သံမဏိအရိုးဂိုဏ်းအကြား စီးပွားဖက်အဖြစ် ဖြစ်တည်လာခြင်းမှာ ပဋိပက္ခမှ စတင်ခဲ့ခြင်း ဖြစ်သည်။

တကယ်လို့သာ အဲ့အချိန်တုန်းက ဂိုဏ်းချုပ်ကျွင်းအား ရှုံးနိမ့်ပြီးနောက် သူ မကျေနပ်နိုင်ဘဲ မလုပ်သင့် မလုပ်ထိုက်သော မကောင်းသည့် တစ်ခြားသောကိစ္စများကို ပြုလုပ်ခဲ့ပါက အိုက်မိသားစု သည် လက်ရှိတွင် မည်ကဲ့သို့ အခြေအနေဖြစ်သွားမည်နည်း။

သေချာစဉ်းစားကြည့်လျှင် အိုက်မိသားစုသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းနှင့် ဟောင်ချီဂိုဏ်းကဲ့သို့ ဖြစ်သွားမှာ သေချာလောက်၏။

"အကြီးအကဲအိုက်"

ကျွင်းချောင်ရှောင်းသည် ဆေးပင်အမျိုးအစား စာရင်းအား လှမ်းပေး၍ ပြောလိုက်သည်။ "ဒီပစ္စည်းတွေ ရှိရဲ့လား။"

အိုက်ရှန်းကီသည် စာရွက်ကို ယူပြီးတော့ ခေါင်းကိုငုံကာ သေချာကြည့်လိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း …. ဒီဆေးပစ္စည်း ရှစ်မျိုးက အဆင့်မြင့် ဆေးပင်တွေပဲ။ ဒါတွေက ဈေးကြီးလွန်းတယ်။"

"ပိုက်ဆံက အဓိက မဟုတ်ဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အိုက်ရှန်းကီ ပြောလိုက်၏။

"ဂိုဏ်းချုပ်ကျွင်း ခဏလောက် စောင့်ပါအုံး။ ဆိုင်တာဝန်ခံ ဆီမှာ ဒီဆေးပစ္စည်းတွေ ဘယ်လောက်များများရှိလဲ ကြည့်လိုက်အုံးမယ်။"

"ဒီဆေးပင်ရှစ်မျိုးကို တစ်စုံစာလို့ သတ်မှတ်မယ်။"

"နားလည်ပါပြီ။"

အိုက်ရှန်းကီ ပြန်ရောက်လာ၏။

|သေချာရေတွက်ကြည့်ပြီးတဲ့နောက်မှာ ကျုပ်တို့ အိုက်မိသားစုဆီမှာ ဒီဆေးပင် ရှစ်မျိုးစာအတွက် အစုံနှစ်ဆယ်စာပဲ ရှိတယ်။”

အစုံနှစ်ဆယ်စာဆိုသည်မှာ နည်းပါးလှသည်ဆိုသော်လည်း မရှိခြင်းထက်စာလျှင်တော့ တော်သေး၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘယ်လောက်လဲ။"

"ဆေးပစ္စည်းနှစ်စုံစာအတွက် ငွေ နှစ်သန်းကျပါတယ်။"

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ "အဲလောက်တောင် ဈေးကြီးတာလား။"

အဆင့်နိမ့်ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအတွက် ဆေးပစ္စည်းများသည် တစ်လုံးစာအတွက် ငွေကြေးရာဂဏန်းအနည်းငယ်လောက်သာ ကျ၏။

သို့ပေမဲ့လည်း အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးမှာတော့ ဆေးပစ္စည်း တစ်စုံစာလျှင်ပင် ငွေ တစ်သိန်း နီးပါးခန့်ရှိနေသည် ဈေးနှုန်းမှာ အလွန်တရာ ကွာခြားလှသည်

စနစ်မှ ပြောလိုက်သည်။ "မရီဒန်ဖွင့်ခြင်း၊ သိုင်းတပည့် ကျင့်ကြံသူတွေအတွက် အသုံးပြုနိုင်တဲ့ ဆေးလုံးနဲ့ သိုင်းဆရာ ၊ သိုင်းစစ်သူကြီးတွေ သုံးနိုင်တဲ့ ဆေးလုံးကြား ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။"

"ဒါလည်း ဟုတ်တာပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"အကြီးအကဲအိုက် ကျုပ်ကဒီဆေးပင်တွေကို လိုချင်တယ်။ ဒီတော့ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးလိုက်ကြရအောင်။"

"ကောင်းပါပြီ။"

သူတို့သည် စာချုပ်ကို ပြင်ဆင်၍ လက်မှတ်ထိုးလိုက်ကြသည်။

"နှုတ်ဆက်ပါတယ်။"

သူလိုချင်တာတွေ ရရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်လိုက်၏။

သဆိုးရွားသွားသည်မှာ သူသည် ဟူရန်မြို့မှ ပြန်လာစဉ် လမ်းမှာကတည်းက ဆေးသန့်စင်ဆောင်တွင် ဆေးလုံးအား သန့်စင်ခဲ့သည်။။

သို့ပေမဲ့ ဆေးလုံးနှစ်ဆယ် ရရှိရန်အတွက် နောက်တစ်နေ့ထိ စောင့်ခဲ့ရ၏။

အဆင့်နိမ့်ကနေ အလယ်အလတ်အဆင့်ကွားခြားချက်ကြောင့် သန့်စင်သည့် အချိန်ကာလ သည်လည်း အလွန်ကွာခြားနေသည်။

"သန့်စင်ရတာ ဒီ‌လောက်တောင် ကြာသွားတာပဲ။"

အားလုံး ပြီးစီးသည့်နောက်မှာတော့ သူသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများကို ထုတ်ယူပြီး တီးတိုးရေရွတ်လိုက်မိသည်။ "ဒီကောင်ကို ဈေးကွက်ထဲမှာ ရောင်းမယ်ဆိုရင်တော့ ဈေးမနည်းဘူး ရမှာပဲ။"

All Chapters