← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

“ဒီတော့ အိမ်တော်ကို ရောက်လာတာက တပည့်ခေါ်ယူမှုအတွက်ပေါ့။”

မြို့တော်ဝင်အောင်း သည် ပြောလိုက်၏။ “လုပ်ချင်ရင် လုပ်လို့ရတာပေါ့။ ဒါပေမဲ့ ရှင်းအောင် ပြောထားချင်သေးတယ်။ လီယန်မြို့နဲ့ မဟာမိတ်ခေါင်းဆောင်ချင် တို့ကြားမှာ နှုတ်အားဖြင့် သဘောတူညီမှု တစ်ခု ရှိတာ သိစေချင်တယ်။ မြို့ထဲမှာရှိတဲ့ လူငယ်တွေက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ အောက်မှာရှိတဲ့ ဂိုဏ်းတွေကိုပဲ ဝင်ရောက်နိုင်တယ်။"

"ဒီလိုကိုး။"

ကျွင်းချောင်ရှောင်း မျက်ခုံးကို ပင့်လိုက်မိ၏။

ချင်ဟောင်ရန်သည် အမှန်တကယ်ပဲ လီယန်မြို့ကို ထိန်းချုပ်ထားရန် ကြိုးစားခဲ့၏။ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲကို မဝင်ရောက်သော ဂိုဏ်းများသည် မည်ကဲ့သို့ ဖြစ်မည်နည်း။ တစ်ခြားသော မြို့များတွင်လည်း ထိုကဲ့သို့သော သဘောတူညီမှုများရှိလိမ့်မည်။

သိုင်းပညာကို လေ့ကျင့်၍ ရသော လူငယ်များအားလုံးသည် မဖြစ်မနေ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရပေလိမ့်မည်။

ထို့ကြောင့်ပင် ဂိုဏ်းသစ်များအားလုံးသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ထိုမှသာ ဂိုဏ်းများသည် ဂိုဏ်းသားသစ်များကို လက်ခံခေါ်ယူ၍ ရပေလိမ့်မည်။

အရင်တုန်းကဆိုလျှင် သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ဝမ်သည် လာဘ်ပေး၍ပင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် ပြုလုပ်ခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း မပြုဘူးဆိုပါက ဂိုဏ်းသားသစ် ခေါ်ယူနိုင်မည်မဟုတ်ချေ။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "တကယ်လို့ သံမဏိအရိုးဂိုဏ်းက လီယန်မြို့ထဲမှာ ဂိုဏ်းသားသစ် ခေါ်ယူမယ်ဆိုရင် ဘယ်လို ဖြစ်မလဲ။ကူညီပေးနိုင်မလား။"

"ဒါတော့ မဖြစ်နိုင်ဘူး။"

မြို့တော်ဝန် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ထုတ်ပယ်ခြင်းကို ခံထားရတယ်လေ။ ဒါကြောင့် ဒီမှာ လူသစ်ခေါ်ဆောင်မယ်ဆိုရင် သူတို့က ရောက်လာပြီးတော့ ပြဿနာရှာမှာပဲ။"

အတိတ်တုန်းကသာဆိုလျှင် သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းအား ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် စိတ်ပိုင်းဆိုင်ရာအရ အားလုံးကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တပည့်သုံးယောက်ကို ခေါ်၍ မတူညီသော သုံးနိုင်ငံတွင် ဗိုလ်ဆွဲခဲ့ခြင်းသည် သာမန်ဦးနှောက်ရှိသော လူတစ်ယောက်သည်ပင် သံမဏိအရိုးဂိုဏ်းမှာ သာမန်အဆင့်ရှစ် ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း အားအင်နှင့် အလားအလာမှာ အလွန်တရာကြီးမားကြောင်း သိရှိနိုင်၏။

ထိုကဲ့သို့ တရိပ်ရိပ်တက်နေသော ဂိုဏ်းတစ်ခုအား ချင်ဟောင်ရန် အတွက် အပြစ်ပြုခြင်းသည် ညဏ်ကောင်းလှသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ချေ။

ထို့အပြင် သူနှင့် ချင်ဟောင်ရန်ကြားတွင် ရှိနေခြင်းမှာ နှုတ်အားဖြင့် သဘောတူညီမှုသာ ရှိသည်။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်အနေနှင့် မြို့ထဲတွင် တပည့်သစ်များ ခေါ်ယူချင်သည်ဆိုလျှင် သူ့အနေနှင့် မသိချင်ယောင်ဆောင်လိုက်ရုံသာ ရှိ၏။

မကျေနပ်ဘူးလား။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အနေနှင့် ကိုယ်တိုင် မောင်းထုတ်နိုင်သည်။

မြို့တော်ဝန်၏ ဆိုလိုခြင်းမှာ ကိုယ်နှစ်သက်သလို ပြုမူနိုင်သည်။ မြို့တော်ဝန်ကတော့ မသိချင်ယောင်ဆောင်၍ မျက်စိမှိတ်၍ နေမည်ဆိုသည့် သဘောပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သဘာဝအားဖြင့် မြို့တော်ဝန်၏ဆိုလိုရင်းကို နားလည်သည်။ ထို့ကြောင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဒီနေ့မှာ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက မြို့ထဲမှာ တပည့်သစ်ခေါ်ဆောင်မှုကို ပြုလုပ်ပါမယ်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က ပြဿနာလာပြီး ရှာချင်တယ်ဆိုရင် သူ့နဲ့ ကျုပ်တို့ကြားက ပြဿနာပဲ ဖြစ်စေရပါမယ်။"

မြို့တော်ဝင်အောင်းသည် တုံဏှီဘာဝနှင့်သာ ခပ်မဆိတ် နေလိုက်၏။

…………...

သိုင်းပြိုင်ပွဲကျင်းပရာ ကွင်းပြင်၏ အပြင်ဘက်တည်နေရာတွင် သံမဏိအရိုးဂိုဏ်းသည် ခေတ္တနားခိုရာ တည်နေရာတစ်ခုကို တည်ဆောက်လိုက်၏။

တပည့်များသည် လမ်းပေါ်တွင် သွားလာလျက်ရှိသည့် လူများအား လက်ကမ်းစာ‌စောင်များဝေနေကြသည်။

မကြာခင်မှာပဲ သူတို့သည် ဂိုဏ်းသားသစ် ခေါ်ဆောင်ခြင်းဖြစ်ကြောင်း လီယန်မြို့တစ်ခုလုံး သိရှိသွားခဲ့သည်။

"သံမဏိအရိုးဂိုဏ်းထဲကို ဝင်၍ အိမ်မက်တွေကို အတူတကွ ဖန်တီးရန်။"

"လောက၏ ပါရမီရှင်များကို စုစည်းပြီး လောက၏ ကောင်းမွန်သည့် အရာများကို ပြုလုပ်ရန်။"

ဤမျှရိုးရှင်းသော လူသစ်ခေါ်ဆိုမှု စကားလုံးများသည် လက်ကမ်းစာဆောင်များထဲတွင် ရေးထားပြီးဖြစ်၏။

များပြားလှသော မိဘများနှင့် သိုင်းကျင့်ကြံသူများ အားလုံးသည် သူတို့ကလေးကို ခေါ်၍ စာရင်းပေးသွင်းချင်စိတ်တွေကိုပင် မနည်းတားထားရသည်။

"ပုံမှန်အားဖြင့် မဟာမိတ်ခေါင်းဆောင်ချင် တို့က ဒီမြို့မှာ ရှိတဲ့လူတွေကို သိုင်းပညာလေ့ကျင့်ဖို့ အသက်အရွယ်ရောက်ပြီဆိုတာနဲ့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်စေဖို့ သဘောတူညီထားတယ်။ သံမဏိအရိုးဂိုဏ်းက ဒီမှာလာပြီးတော့ လူသစ်ခေါ်တယ်ဆိုတော့ ကြားထဲက ဖြတ်လုတယ်လို ဆိုလိုချင်တာ လား။"

"ပြောရမယ်ဆိုရင် ထူးဆန်းနေတယ်။ဘာကြောင့် မြို့တော်ဝင်အောင်း က သဘောတူရတာလဲ။"

"ကျုပ်အထင်အရဆိုရင် တပည့်တွေကို လက်ခံတယ်ဆိုတာက ဂိုဏ်းတွေကြားကိစ္စပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဝင်အောင်းက ဝင်မပါချင်ပုံပဲ။ဒါကြောင့် ခပ်ဝေးဝေးမှာပဲနေဖို့ ရွေးချယ်လိုက်ပုံပေါ်တယ်။"

"ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကလူတွေသိရင် ဒီကိစ္စ လွယ်မှာ မဟုတ်ဘူး။"

များပြားလှသော ကျင့်ကြံသူများအားလုံးသည် မြို့ထဲ၌ ဆွေးနွေးနေကြ၏။ တစ်ချို့ဆိုလျှင် ပွဲကြီးပွဲကောင်း ကြည့်ရမည်ဟုပင် မျှော်လင့်နေကြ၏။

သေချာပေသည်။ သံမဏိအရိုးဂိုဏ်း လူသစ်ခေါ်ဆိုသည်ဆိုသော သတင်းကို ကြားလိုက်သည်နှင့် မကြာခင်လေးနာရီအတွင်းမှာပဲ လီယန်မြို့ထဲတွင် ရှိသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ဂိုဏ်းကြီးနှင့် ဂိုဏ်းသေး တစ်ဒါဇင်ခန့်တို့သည် စုဝေးရောက်ရှိလာကြတော့သည်။

"ကျွင်းချောင်ရှောင်း။"

ကျားဟိန်းသံဂိုဏ်း၏ ဂိုဏ်းချုပ်သည် အေးစက်စက်ဖြင့် အော်လိုက်၏။ "ဒီလီယန်မြို့ထဲမှာ သံမဏိအရိုးဂိုဏ်းက တပည့်သစ်ခေါ်ယူဖို့ အရည်အချင်း မပြည်မီဘူး။"

ကျွင်းချောင်ရှောင်းသည် စာရင်းပေးသွင်းသည့် စားပွဲတွင် ခြေထောက်တင်၍ ထိုင်ခုံကို မှီကာ လက်ပိုက်၍ ပြုံးကာ ပြောလိုက်သည်။ "ဘာကြောင့်လဲ။"

ဘာကြောင့်လဲဆိုသည်ကို ဒေါသတကြီးဖြင့် ရှင်းပြရန် စဉ်းစားလိုက်သော်လည်း သံမဏိအရိုးဂိုဏ်း၏ တပည့်များအားလုံးသည် အလွန်တရာ အားကောင်းလှသော အကြည့်များဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်တော့ နောက်သို့ ခြေနှစ်လမ်းဆုတ်လိုက်မိ၏။

တစ်ချိန်တုန်းက သံမဏိအရိုးဂိုဏ်းသည် ထိုကဲ့သို့ အကြည့်နှင့် ဝိုင်း၍ ကြည့်ရှုခြင်းကို ခံခဲ့သည်။ ထိုစဉ် က သံမဏိအရိုးဂိုဏ်းသည် အလွန်တရာ အားနည်းလှပြီး တပည့်ဟူ၍ လုချင်းချင်းတစ်ယောက်သာ ရှိခဲ့သည်။

ထို့ကြောင့် တစ်လောကလုံးမှ လူများသည် သူတို့အား အထင်သေးခဲ့ကြ၏။ တစ်ချို့ဆိုလျှင် ရှိသည်ဟုပင် မသတ်မှတ်ကြပေ။

လက်ရှိအခြေအနေမှာတော့ တောင်ပြာဂိုဏ်းမှ လွဲ၍ မည်သို့သောဂိုဏ်းသည် သူ့အား တစ်ယောက်တည်းလာ၍ ရင်ဆိုင်ရဲသနည်း။

မည်သူမှ တစ်ယောက်တည်းမလာရဲပေ။ ထို့ကြောင့် အုပ်စုဖွဲ့၍ လာခြင်းဖြစ်သည်။

"ကျွင်းချောင်ရှောင်း"

ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်းက မဟာမိတ်အဖွဲ့က ထွက်ပြီးသွားပြီ။ဒီတော့ ကျင့်ကြံခြင်းလောကရဲ့စည်းမျဉ်းတွေကို နားလည်ရမှာပေါ့။ ချင်းယန်နိုင်ငံမှာ ဂိုဏ်းသားသစ် ခေါ်ဆောင်ခွင့်မရှိဘူးဆိုတာ မင်း မသိဘူးလား။"

ပုံမှန်အားဖြင့်ဆိုလျှင် သံမဏိအရိုးဂိုဏ်းအား သူတို့ ရန်မစချင်ပေ။ သို့ပေမဲ့ သူတို့၏တည်နေရာထဲသို့ ရောက်ရှိလာပြီး ဂိုဏ်းသားသစ် ခေါ်ယူခြင်းမှာ သည်းခံ၍ ရသည့် အရာမျိုး မဟုတ်ပေ။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်း ဂိုဏ်းသားသစ် ခေါ်ယူမှုကို လက်ခံလိုက်မည်ဆိုလျှင် သူတို့နှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မျက်နှာသည် မည်သည့်နေရာတွင် ထားရမည်နည်း။

ကျွင်းချောင်ရှောင်းသည် သူ၏ ခြေထောက်ကို အသာချ၍ လက်ပိုက်ရင်း အသာပြုံးလိုက်သည်။ "ဒီနေရာမှာ အားကောင်းတဲ့ ဘယ်သူမဆို စကားပြောဆိုဖို့ အခွင့်အရေးရှိတယ်။ဒါက ကျင့်ကြံခြင်း လောကရဲ့ဥပဒေသပဲ။"

ဒီစကားနှင့် ပတ်သက်၍ မည်သည့်အရာတစ်ခုမှ မှားယွင်းမနေချေ။

ဟောင်ချီဂိုဏ်းနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့တို့သည် အလွန်အားကောင်းလှ၏။ ထိုကြောင့် စည်းမျဉ်းများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ချင်းယန်နိုင်ငံသို့ ရောက်ရှိလာပြီး ချင်းယန်နိုင်ငံတွင် ဂိုဏ်းသားသစ် ခေါ်ယူမှု ပြုလုပ်မည်ဟု စဉ်းစားပြီးကတည်းက ထိုလူတို့၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရန် ပြင်ဆင်ခဲ့ပြီးဖြစ်၏။

သူသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ဆီမှ ထွက်ခွာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော အမှိုက်များနှင့် အတူယှဉ်တွဲ၍ မနေချင်သောကြောင့်ဖြစ်သည်။

ထို့အပြင် သူသည် လွတ်လပ်မှုကို လိုလား၏။

သံမဏိအရိုးဂိုဏ်းအနေ နှင့် တောင်အောက်သို့ဆင်း၍ ဂိုဏ်းသားသစ်များ ခေါ်ဆောင်ခဲ့သည် ဆိုသည်မှာ ရိုးရှင်းလှသည်။ တစ်လောကလုံးနှင့် ယှဉ်ပြိုင်ချင်သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

"အားလုံးပဲ။"

ကျွင်းချောင်ရှောင်းသည်း များပြားလှသော ဂိုဏ်းများနှင့် ဂိုဏ်းအကြီးအကဲတို့အား ကြည့်၍ ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ် ဒီနေရာမှာ ဂိုဏ်းသားသစ်ခေါ်ဆောင်မယ်။ တကယ်လို့ မကျေနပ်တဲ့လူရှိရင် စိန်ခေါ်ပွဲ ပြုလုပ်လို့ရတယ်။ကျုပ် သံမဏိအရိုးဂိုဏ်းက ဘယ်သူ့ကိုမှ ငြင်းပယ်မှာ မဟုတ်ဘူး။"

ရောက်ရှိလာကြသော မည်သူ့ကိုမှ မငြင်းပယ်ဘူး ဆိုသည်မှာ အလွန်တရာ မောက်မာလှသည့် စကားပင်ဖြစ်တော့သည်။

ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည်လည်း ဂိုဏ်းချုပ်နှင့်အတူ ပူးပေါင်းလိုက်ကြ၏။

သူတို့သည် ခန္ဓာကိုယ်ထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်လွှတ်ထားကြသည်။

အတိတ်တုန်းကဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် တပည့်တစ်ယောက်သာ ရှိခဲ့၏။ လက်ရှိမှာတော့ များပြားလှသော တပည့်များ ရှိနေပြီဖြစ်၏။

သံမဏိအရိုးဂိုဏ်းသည် နာမည်မရှိသော ဂိုဏ်းတစ်ခု မဟုတ်တော့ပေ။ မည်သို့မှ ကြုံသလို အထင်သေးကာ ဆက်ဆံ၍ ရသည့် ဂိုဏ်းတစ်ခု မဟုတ်တော့သည် ကို နားလည်ရမည်။

"မ‌ကျေနပ်ဘူး။လာပြီးတိုက်ခိုက်လေ။"

သံမဏိအရိုးဂိုဏ်းသည် များပြားလှသော ဂိုဏ်းအကြီးအကဲများနှင့်ဂိုဏ်းချုပ်များကို နည်းနည်းလေးမှ ကြောက်ရွံ့သည့် ဟန်မပေါ်တော့ ပတ်ဝန်းကျင်တွင် ရှိနေသော သိုင်းပညာရှင်များအားလုံးသည် ကြိတ်၍ ချီးကျူးနေမိ၏။

ချင်းယန်နိုင်ငံတွင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သည် အလွန်တရာ အားကောင်းလှ၏။ ထိုသို့သောအဖွဲ့ အား မည်သည့်ဂိုဏ်းကမှ ဖက်ပြိုင်၍ စိန်မခေါ်ရဲကြချေ။

လောကကြီးက ပြောင်းလဲသွားခဲ့ပြီလား။

သံမဏိအရိုးဂိုဏ်း၏ မောက်မာမှုကို မြင်တော့ များပြားလှသော ဂိုဏ်းအကြီးအကဲများ အားလုံးသည် မျက်လုံးထဲတွင် များပြားလှသော ဒေါသတရားများဖြစ်ပေါ်လာသည်။

အဆင့်ရှစ် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် အလွန်အမင်း ဒေါသထွက်ခဲ့သောကြောင့် ပြောလိုက်၏။

"ကျုပ်စွေ့ က ဂိုဏ်းချုပ်ကျွင်းနှင့် တိုက်ခိုက်ရင်း အတွေ့အကြုံ လိုချင်ပါတယ်။"

"အားနာပါတယ်။"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "မင်းက အရမ်းအားနည်းလွန်းတယ် မတိုက်ခိုက်ချင်ဘူး။ ရှောင်ကျီ …. "

လက်ကိုယမ်းခါရင်း ပြောလိုက်သည်။ "မင်း ဒီဂိုဏ်းအကြီးအကဲနဲ့ တိုက်ကွက်အနည်းငယ်လောက် တိုက်လိုက်ကွာ။အရမ်းကြီး မကြမ်းနဲ့။ သေသွားအုံးမယ်။"

"ကောင်းပါပြီ။"

ရှောင်ကျီသည် ရှေ့သို့လှမ်းတက်ပြီး တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ လှမ်းတက်ကာ ပြောလိုက်သည်။

"အကြီးအကဲ …. ကျေးဇူးပြုပြီး တိုက်ခိုက်ကြရအောင်။"

All Chapters