← Chapters

အခန်း (၂၆၅)

Vol. 18 Ch. 265

အခန်း (၂၆၅)

Vol. 18 Ch. 265

တပည့်အရေအတွက် တစ်ထောင်သို့ ရောက်ရှိပြီးနောက်မှာတော့ ဂိုဏ်း၏တာဝန်သည် ပေါ်လာခဲ့သည်။ ပြီးနောက် ချိတ်ဆက်ထားသော တာဝန်ခွဲဝေမှုဆိုင်ရာ ဘုတ်ပြားဆီမှ တာဝန်အသီးသီးပေါ်လာ၏။

တာဝန်များပေါ်လာသည့်အတွက် အကျိုးကျေးဇူးမှာ သုံးခုရှိ၏။

ပထအနေနှင့် တပည့်အ‌ရေအတွက်သည် သတ်မှတ်ထားသည့် အရေအတွက်ကို ရောက်ရှိသွားပြီဖြစ်သောကြောင့် ဂိုဏ်းသည် အဆင့်မြှင့်တင်၍ ရပြီဖြစ်သည်။

ဒုတိယအနေနှင့် တပည့်များသည် တာဝန်များကို ပြီးမြောက်အောင် လုပ်ပြီးသည့်နောက် အမှတ်များကို ရယူနိုင်သည်။ ထိုသို့ဆိုလျှင် ဂိုဏ်းအား စနစ်ဆီမှ အဆင့်မြှင့်တင်နိုင်စွမ်းရှိသည်။

တတိယ‌အနေဖြင့် ဂိုဏ်းတာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ တပည့်များသည် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိမှာဖြစ်သည်။ ထိုအရာများကို အသုံးပြု၍ လိုချင်သည့် ပစ္စည်း လက်နက်များကို ဝယ်ယူနိုင်သည့်အပြင် ဂိုဏ်း၏ အောင်မြင်မှု အမှတ်သည်လည်း တိုးလာပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ပြန်လည်၍ ချမ်းသာသွားသူတစ်ယောက်လို ခံစားမိနေ၏။

တတိယအကြိမ်မြောက် ဂိုဏ်းတာဝန် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ကြယ်တစ်ပွင့်အဆင့် တာဝန်များသည် ရှားပါးလှ၏။ တော်တော်များများသည် ကြယ်နှစ်ပွင့်အဆင့် တာဝန်များဖြစ်ပြီး ကြယ်လေးပွင့်အဆင့် တာဝန်များတောင် ပါဝင်နေသေး၏။

ဂိုဏ်းထဲသို့ အစောကတည်းက ဝင်ရောက်လာကြ‌သော တပည့်များသည် အလွန်တရာ အားကောင်းနေပြီဖြစ်သောကြောင့် ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့်တာဝန်များကို ရွေးချယ်ကြ၏။ ကြယ်တစ်ပွင့်တာဝန်များကိုတော့ ယခုမှ ဝင်ရောက်လာသော ဂျူနီယာ ညီလေးများအတွက် ချန်ထားခဲ့ကြသည်။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျလျက်ရှိသည်။

သူသည် အလွန်တရာအားကောင်းသော ဂိုဏ်းတစ်ခုအား တည်ဆောက်ချင်နေ၏။

သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူ တည်ဆောက်ချင်သော ဂိုဏ်းသည် ချစ်ခြင်းမေတ္တာများဖြင့် တည်ဆောက်ထားသော ဂိုဏ်းတစ်ခု ဖြစ်စေချင်မိသည်။ တပည့်များအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် ကူညီ၍ ထောက်ပံ့ပေးရမည် ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်စိတ်ဆန္ဒ တိုးတက်မှုကို အလိုလိုက်ပြီး ဂိုဏ်းသားတစ်ယောက် နှင့် တစ်ယောက်နှင့် ဖက်ပြိုင်တိုက်ခိုက်ရသည့် အရာမျိုးကို သူ မနှစ်သက်ချေ။

ကြယ်လေးပွင့်အဆင့်တာဝန်များမှာတော့ ခက်ခဲလှ၏။ တော်တော်များများသည် အဆင့်မြင့် သားရဲများကို သတ်ဖြတ်ရန် ဖြစ်နေသည်။ လူအင်အားကောင်းကောင်း သို့မဟုတ် အတွင်းတပည့်များ ပြုလုပ်မှ ပို၍ အဆင်ပြေနိုင်လိမ့်မည်။

"ဂိုဏ်းချုပ်။"

လီချင်းယန်ပြောလိုက်သည်။ "ကျွန်တော်တို့ဆီမှာ ကြွက်သားတည်ဆောက်ခြင်း အခန်းတွေ မလုံလောက်တော့ဘူး။"

တပည့်လေးရာကျော်လောက် ပိုမိုတိုးပွားလာခဲ့သည်ဖြစ်သောကြောင့် သူတို့အနေနှင့်ပိုမို၍ ပိုမိုအားကောင်းချင်သည်ဆိုလျှင် ဆေးလုံးနှင့် ကျင့်ကြံခြင်းနည်းစနစ်ကို အားကိုးရန်အပြင် ကြွက်သားတည်ဆောက်ခြင်းအခန်းကိုလည်း အမှီပြုရန်လိုအပ်နေသည်။

“ဒင် …. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀အား အသုံးပြု၍ ကြွက်သားတည်ဆောက်ခြင်း အခန်းနှစ်ဆယ်အား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။”

“ဒင် …….. ဂိုဏ်းစုဆောင်းမှတ် ၁၀၂/၁၀၀၀”

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပဲ ကြွက်သားတည်ဆောက်ခြင်း အခန်း နှစ်ဆယ်အား ဝယ်ယူပြီး လေ့ကျင့်ရေး ခန်းမထဲ၌ ထားလိုက်၏။

ထို့ကြောင့် ကြွက်သားတည်ဆောက်ခြင်းအခန်း၏ အရေအတွက်သည် လေးဆယ်ထိ တိုးတက်သွားခဲ့ပြီဖြစ်သည်။

ဤ‌အရေအတွက်သည် တပည့်ရာကျော်အား ကောင်းကောင်းမထောက်ပံ့ပေးနိုင်ဘူးဆိုသော်လည်း တစ်ခြားနည်းလမ်း မရှိပေ။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ်ဆိုသည်မှာ အကန့်အသတ်ရှိနေသေး၏။

……………..

အသစ်ရောက်လာသော တပည့်များသည် ကျိန်းသေပေါက် အကျိုးကျေးဇူးအများအပြားကို ရရှိခဲ့၏။

စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ၊ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးများအား ရရှိခဲ့ပြီး မရီဒန်ဖွင့်ခြင်းဆေးလုံး ချီလေပွေဆေးလုံးများကိုလည်း သူတို့၏ အဆင့်အလိုက်ရရှိကြသည်။

သိုင်းနည်းစနစ်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုလူများအား တစ်ခုချင်းစီမပေးခဲ့ပေ။

ထိုအစား အပြင်ဘက်ခြံဝန်းတွင် ရှိသော အခန်းတစ်ခုကို ရွေး၍ နည်းစနစ် ခန်းမဆောင်ဟု အမည်ပေးလိုက်သည်။ထိုခန်းမဆောင်မှာတော့ သိုင်းနည်းစနစ်များအားလုံးကို ထားသိုခဲ့၏။

တပည့်များသည် မိမိကြိုက်နှစ်သက်ရာကို ကြိုက်သလို သင်ကြားခွင့် ရှိနေ၏။

သာမန်အခြေအနေအရဆိုလျှင် ဤကဲ့သို့သော အခန်းမျိုးကို မည်သည့် ဂိုဏ်းမျိုးမှာမှ တွေ့ရလိမ့်မည် မဟုတ်ပေ။

သံမဏိအရိုးဂိုဏ်းထဲမှာတော့ မည်သူမဆို လွတ်လွတ်လပ်လပ် လေ့လာနိုင်သည်။ သိုင်းနည်းစနစ်များ လေ့လာရန်အတွက် တစ်ခြားသူများနှင့် တိုက်ခိုက်ရန် မလိုအပ်ပေ။

အံ့အားသင့်စရာပင်။

ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကို သောက်သုံးပြီးသည့်နောက်မှာတော့ စုန့်ရွှမ်ကျူး သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အားကောင်းလာသည်ကို ခံစားမိ၏။

သူသည် လက်များ ဆတ်ဆတ် တုန်သည်အထိ စိတ်လှုပ်ရှားလျက်ရှိသည်။

ပါရမီရှင်တစ်ယောက်အနေနှင့် ခန္ဓာကိုယ်၏ အသွင် ပြောင်းလဲခြင်းကို သဘာဝအားဖြင့် နားလည်ပြီးဖြစ်သည်။ သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်နှင့် ပေါက်ကွဲ လက်သီးနည်းစနစ်များကို ကျင့်ကြံချိန်မှာတော့ နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုများသည် ပိုမို၍ အားကောင်းလာ၏။

ထိုအချိန်မှာပဲ သံမဏိအရိုးဂိုဏ်း ပိုမို၍ အားကောင်းလာသည်မှာ ကံကောင်းခြင်းကြောင့် မဟုတ်ကြောင်း စုန့်ရှန်ကျုံး နားလည်လိုက်သည်။

သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် မည်သည့် ဖုံးကွယ်ထားသည့် လျို့ဝှက်ချက်မှ မရှိတော့ပေ။ ထို့ကြောင့် လီချင်းယန်သည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် ပတ်သက်၍ သူ့အား ပြောပြခဲ့၏။

သူသောက်သုံးခဲ့သော အိုက်မိသားစုမှ လေလံတင်သည့် ဆေးလုံးသည် ဂိုဏ်းချုပ် ဖော်စပ်ထားသည့် ဆေးလုံးဖြစ်မှန်း သိရှိပြီးနောက်မှာတော့ စုန့်ရွှမ်ကျုး သည် အဓိကဟောခန်းဆီသို့ အပြေးတစ်ပိုင်း ရောက်ရှိလာခဲ့ပြီး ကျွင်းချောင်ရှောင်း ရှေ့တွင် ဒူးထောက်ကာ ကန်တော့တော့သည်။

အိပ်ယာထဲတွင် လူသေကောင်တစ်ယောက်ထဲသို့ လှဲလှောင်းနေရသည့်အတွက် သူသည် အလွန်တရာ စိတ်နှလုံး ခြုံးခြုံး ကျခဲ့ရ၏။

ယခုသူသည် မတ်တပ်ရပ်နိုင်ရုံသာမက သိုင်းလေ့ကျင့်ခြင်းများကိုပါ ပြုလုပ်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ဒုတိယမိဘတစ်ပါးကဲ့သို့ပင် ဖြစ်သည်။

ဒူးထောက်၍ ကန်တော့သည်ဆိုသည်မှာ ကိစ္စသေးသေးလေးဟုပင် ဆိုရမည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ယမ်းခါပြီး တပည့်အား တားဆီးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "မင်း ငါ့ကို ပြန်လည်ပေးဆပ်ချင်တယ်ဆိုရင် အားကောင်းအောင် ကိုယ့်ဘာကိုယ် ကြိုးစားပေါ့။ ပြီးတော့ ဂိုဏ်းအတွက် အောင်မြင်မှုတွေ ယူဆောင်ခဲ့ပေး။"

စုန့်ရွှမ်ကျူး သည် စိတ်ဆုံးဖြတ်ထားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "တပည့် စုန့်ရွှမ်ကျူး မီးနဲ့ရေထဲကို ဖြတ်လျှောက်ရမယ်ဆိုရင်တောင်မှ သံမဏိအရိုးဂိုဏ်းအတွက် ပြုလုပ်ပါမယ်။"

ယန်ယန်မြို့မှ နံပါတ်တစ် ပါရမီရှင် သည်သာ အံ့အားသင့်သည် မဟုတ်ပေ။ ယခုမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာကြသူများသည်လည်း သိုင်းအရင်းအမြစ်များကို များများစားစား ရရှိနေသောကြောင့် ထိတ်လန့်နေမိသည်။

သူတို့သည် အစောကတည်းက သံမဏိအရိုးဂိုဏ်းထဲသို့ မဝင်ခဲ့ရသနည်း ဟူသော နောင်တတရားများ ပင် ရရှိနေကြသည်။

ဟုတ်ပေသည် ။ သူတို့သည် ဂိုဏ်းထဲသို့ ဝင်ရောက်သည့် အချိန်မှစ၍ သူတို့၏ စီနီယာအစ်ကိုများ၏ ဂရုစိုက်မှုကို ခံယူကြရ၏။ အထူးသဖြင့် စီနီယာအစ်ကို လီဖေး၏ ဘောလုံးပင် ဖြစ်သည်။

နာကျင်မှုနှင့် သာယာမှု။

သူတို့သည် ဂိုဏ်းထဲမှာ နေထိုင်ရင်း ပိုမိုမြန်ဆန်စွာဖြင့် အားကောင်းလာကြသည်။ နေ့စဉ်နေ့တိုင်း အကန်ခံရသည်မှာလွဲ၍ အားလုံးသည် အဆင်ပြေနေ၏။

...........

မိုးစွေဟောခန်းနှင့် ဆေးခန်းမဆောင်တို့သည်လည်း လူအင်အား နည်းပါးနေသည်။

ထို့ကြောင့် သူသည် တပည့်သစ်များကို ရွေးချယ်၍ ဟောခန်းနှစ်ခုဆီသို့ လူများ ခွဲဝေ ပိုဆောင် ပေးလိုက်တော့သည်။

တပည့်များသည် တာဝန်ခန်းမဆောင်မှ တာဝန်များကို ရယူပြီးသည့်နောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

သူတို့သည် တစ်ယောက်တည်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ ဝာာဝန်များကို ထမ်းဆောင်ရန် စီစဉ်ထားကြ၏။

ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတာဝန်ပြည့်စုံသည့် အသံများကို တစ်ဒင်ဒင်ဖြင့် ကြားနေရ၏။ သူ၏ အောင်မြင်မှုနှင့် ဂိုဏ်းစုဆောင်းမှတ်များသည်လည်း တိုးတက်လျက်ရှိနေသည်။

အဆင့်လေးဆီသို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် သူသည် အောင်မြင်မှု အမှတ်တစ်ထောင် လိုအပ်နေ၏။

ဂိုဏ်း၏ အဆင့်ကို မြှင့်တင်ရန်အတွက် တပည့်တစ်ချို့သည် အဆင့်ဆယ့်နှစ် မရီဒန် ဖွင့်ခြင်းကို ချိုးဖြတ်ရောက်ရှိရန် လိုအပ်နေသေးသည်။

နှစ်ခုလုံးသည် အချိန်ကာလတစ်ခု လိုအပ်နေသည်ဟု ဆိုရမည်။

အလျင်လိုရန် မလိုအပ်ပေ။ သူ့အနေနှင့် တစ်လနှစ်လအတွင်း ဤကိစ္စများကို လုပ်နိုင်မည်ဟု ယုံကြည်မိနေ၏။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ကိစ္စဝိစ္စများအားလုံးကို လီလိုရှုနှင့် ခေတ္တထားခဲ့ပြီး အပြင်ကိစ္စများကို ဂရုမစိုက်တော့ဘဲ စတင်ကျင့်ကြံတော့သည်။

နတ်စမ်းချောင်းဂိုဏ်းသို့ စိန်ခေါ်သည့် သဘောတူညီချက်သည် ခုနစ်လ ၊ ရှစ်လလောက်သာ ကျန်ရှိတော့၏။ ထို့ကြောင့် သူ့အနေနှင့် မြန်မြန်ဆန်ဆန် တိုးတက်လာမှ ဖြစ်တော့မည်။

ဖြစ်နိုင်မည်ဆိုလျှင် သိုင်းဆရာထိပ်ဆုံးအဆင့် သို့မဟုတ် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိရန် လိုအပ်နေသည်။

သို့ပေမဲ့ တစ်လတာကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် အဆင့်‌ခြောက် သိုင်းဆရာအဆင့်မှ အဆင့်ခုနစ်သိုင်းဆရာအဆင့်ထိသို့သာ ချိူးဖြတ်ရောက်ရှိခဲ့သည်။

သူသည်ဆယ်ဆပိုမိုကောင်းမွန်သော ချီစုစည်းခြင်း ဆေးလုံးတွေကို အသုံးပြုခဲ့သော်လည်း အဆင့်သည် တစ်ဆင့်သာ တိုးမြှင့်ခဲ့၏။

"မဖြစ်နိုင်ဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တစ်လတာလေ့ကျင့်တယ်ဆိုတာက အခြားသူတွေ ဆယ်လ လေ့ကျင့်တာနဲ့ တူညီတယ်လေ။ ငါ ဘာလို့ အဆင့်တစ်ခုပဲ တက်ရတာလဲ။”

စနစ်မှ ပြောလိုက်သည်။ "ဒါက ပုံမှန်ပါပဲ။"

"ပုံမှန်ပဲ ဟုတ်လား။"

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။

သိုင်းဆရာအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အဆင့်တက်ရသည်မှာ အလွန်တရာ လွယ်ကူသည်ဟု သူ ခံစားမိခဲ့၏။

ဤတစ်ကြိမ်မှာအေဖြစ်သို့ ပြန်လည် ရောက်ရှိနေသည်။ ထို့ကြောင့် ကြောင်အအနှင့် ပြန်ပြောလိုက်သည်။

"လက်ခံသူ အဆင့်တက်ရလွယ်တယ်ဆိုတာ အထူးတာဝန်တွေကို ပြည့်စုံတာကြောင့် အဆင့်တွေကျော်ပြီး လျှောက်တတ်နေတာလေ။တကယ်တော့ သိုင်းဆရာအဆင့်ကို ရောက်ရှိမယ်ဆိုရင် အလွန်တရာ ထူးချွန်လှတဲ့ သိုင်းပညာရှင်တွေဆိုရင်တောင်မှ အဆင့်တက်ဖို့ တစ်နှစ်ကနေ နှစ်နှစ်လောက် အချိန်ယူရတယ်။”

“ငါ့ဆီမှာ ဆယ်ဆပိုပြီး အားကောင်းတဲ့ ချီစုစည်းခြင်း ဆေးလုံးတွေ ရှိတယ်လေ။" ကျွင်းချောင်ရှောင်း ပြောလိုက်၏။

စနစ်မှ ပြောလိုက်သည်။ "အဆင့်မြင့်လာလေ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဓာတ်သဘာဝတွေကို ပိုပြီး နားလည်ဖို့ လိုအပ်လာလေပဲ။ချီစုစည်းခြင်း ဆေးလုံးတွေက အကျိုးသက်ရောက်မှု ကောင်းပါရဲ့။ဒါပေမဲ့ လောကကြီးမှာ ရှိတဲ့ ဓာတ်သဘာဝတွေကို နားလည်ဖို့ အချိန်ယူဖို့က ပိုပြီးတော့ အရမ်းအရေးကြီးတယ်။"

"နားလည်ပြီ။"

ကျွင်းချောင်ရှောင်း ပြုံးကာ ပြန်ပြောလိုက်၏။ “မင်း ဆိုလိုတာက ကျင့်ကြံခြင်းအဆင့် ပိုပြီး တိုးလာတာနဲ့အမျှ ချီစုစည်းခြင်း ဆေးလုံးတွေရဲ့ အရည်အသွေး ကောင်းမွန်ဖို့ ပိုပြီး လိုအပ်လာတာပဲ။”

စနစ် “……….”

ငါဆိုလိုတာက ကျင့်ကြံခြင်း လမ်းကြောင်းကို လျှောက်မယ်ဆိုရင် လောကကြီးရဲ့ ဓာတ်သဘာဝတွေကို အသေးစိတ်နားလည်ဖို့ ပြောတာလေ။ ဘာလို့ သောက်ကျိုးနည်း ချီစုစည်းခြင်း ဆေးလုံးအကြောင်းတွေကိုပဲ ပြောနေတာလဲ။

"သွားကြစို့ အကြီးအကဲဝေရဲ့ ဆေးပင်တွေ ဘယ်လိုအခြေအနေရှိလဲ ကြည့်ရမယ်။"

ဒီအတောအတွင်း ဆေးဥယျာဉ်သည် ဆယ်ဧကမှ ဧကငါးဆယ်အထိ တိုးချဲ့ခဲ့ပြီးဖြစ်၏။

တည်နေရာတစ်ခုလုံးတွင် များပြားလှသော ဆေးပင်များနှင့် ဝေဆာလျက်ရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်၌ စုဝေးလျက်ရှိနေသည်။

သေးငယ်လှသော ခန်းမဆောင်လေး တစ်ခုထဲမှာတော့ အကြီးအကဲဝေသည် သိုလှောင်လက်စွပ်တစ်ကွင်းအား ကမ်းပေးကာ ပြောလိုက်၏။ "ဒါက တတိယအသုတ်ရဲ့ ဆေးပင်အမြစ်တွေပါ။"

ဆေးပင်များသည် လွန်ခဲ့သည့် လဝက်ကတည်း ခူးဆွတ်၍ ရခဲ့ပြီးဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ကျင့်ကြံခြင်းကို အာရုံစိုက်နေသောကြောင့် သူသည် ဆေးပင်များအား ချက်ချင်းမပေးဘဲ ခေတ္တသိမ်းဆည်းထားခြင်းဖြစ်သည်။

"အကြီးအကဲဝေ။"

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်အား လှမ်းယူပြီး ရေနွေးတစ်ခွက်သောက်ကာ ပြောလိုက်၏။ "ပထမစိုက်ပျိုးခဲ့တဲ့ မျိုးစေ့နှစ်သိန်းက ဘယ်လို အခြေအနေရှိလဲ။"

အကြအကဲဝေ ပြောလိုက်သည်။

"ဒါ ပထမဦးဆုံး စိုက်ပျိုးတာ‌ဆိုတော့ အကန့်အသတ်တစ်ခုဝော့ာရှိတယ်။ ပြီးတော့ တည်နေရာရဲ့ အကန့်အသတ်ကလည်း ရှိနေသေးတယ်လေ။ ဒီအပင်တွေ ပွင့်လန်းလာဖို့ တစ်လလောက် လိုအုံးမယ်နဲ့တူတယ်။"

"အလျင်လိုစရာမလိုဘူး။ အေးအေးဆေးဆေးပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ဟမ်။”

လျိုဝမ်ရှစ်သည် ရောင်မုန့်ယဉ် နှင့် အတူ လျှောက်လှမ်းလာပြီး ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။"

ကျွင်းချောင်ရှောင်း ပြန်၍ စနောက်လိုက်၏ "ဘာလို့ ငါ ဒီကို မလာရမှာတုန်း။"

ပြောပြီးသည့်နောက် သူသည် ကလေးမလေးအား ကြည့်လိုက်၏။

တစ်လကျော်ကြာမြင့်သွားပြီဖြစ်သည်မို့ ရောင်မုန့်ယဉ် သည် စိတ်ပျက်ဝမ်းနည်းသည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီးဖြစ်ပြီး သံမဏိအရိုးဂိုဏ်းသား ဘဝနှင့် အသားကျပြီဖြစ်သည်။

သူမသည် ငယ်ရွယ်သေးသောကြောင့် သိုင်းပညာကို စတင် ကျင့်ကြံ၍ မရသေးချေ။ ထို့ကြောင့် လျိုဝမ်ရှစ်၏ နောက်သို့လိုက်၍ ကူညီသင့်သည့်ကိစ္စများကို ကူညီပေးနေ၏။

ရောင်မုန့်ယဉ် ၏ နောက်ခံအကြောင်းအရာသည် အလွန်တရာ သနားဖို့ ကောင်းကြောင်း သံမဏိအရိုးဂိုဏ်းတပည့်များ သိသောကြောင့် သူတို့သည် သူမအား အလွန်တရာ ဂရုစိုက်ကြ၏။

နောက်ဆုံးမှာတော့ သူမသည် ဂိုဏ်းမှာ ရှိသော ဂိုဏ်းသားများအားလုံး၏ အချစ်တော်ပင် ဖြစ်နေတော့သည်။

အထူးသဖြင့် စုရှောင်မို ဈ လီဖေးတို့နှင့် ဆိုလျှင် သူမသည် တခစ်ခစ်နှင့် ရယ်မော ပျော်ရွင်လျက် ရှိနေတတ်၏။

ထူးဆန်းလှသည်မှာ ထိုသို့ ရယ်မောပျော်ရွင်သည်မှာ စီနီယာ အစ်ကို ၊ အစ်မများ၏ ရှေ့တွင်သာဖြစ်ပြီး ဂိုဏ်းချုပ်၏ ရှေ့တွင်မှာတော့ သူမသည် ပြောင်းပြန်ပင်

လက်ရှိအချိန်တွင်လည်း သူမသည် လျိုဝမ်ရှစ်၏ နောက်တွင် ရှိပြီး သူမ၏ မျက်နှာလေးသည် ကြောက်ရွံ့သည့် အရိပ်အယောင်များနှင့် ပြည့်နက်နေသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ငါက အဲ့လောက်ကြီး ကြောက်ဖို့ ကောင်းနေတာလား။"

All Chapters