← Chapters

အခန်း (၂၆၆)

Vol. 18 Ch. 266

အခန်း (၂၆၆)

Vol. 18 Ch. 266

လွန်ခဲ့သောလအတွင်း တပည့်များသည် များပြားလှသော ဂိုဏ်းတာဝန် များအား ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုကြောင့် ဂိုဏ်းအောင်မြင်မှု အမှတ်သည် ၀ မှ ၆၀၀ ထိ တိုးမြင့်သွားခဲ့၏ ။ ဂိုဏ်းစုဆောင်းမှတ် သည်လည်း ၁၀၂ မှသည် ၆၀၂ သို့ တိုးသွားခဲ့သည်။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ချမ်းသာနေသလို ခံစားမိနေ၏။

စတိုးအား ဖွင့်၍ refresh လုပ်ချင်စိတ်ကို သူ မနည်းထိန်းသိမ်းထားရသည်။

“တောင့်ထား .. တောင့်တား”

ယခု သူ့တွင် တပည့်များ ပိုမိုများပြားလာပြီ ဖြစ်သောကြောင့် ဂိုဏ်းစုဆောင်းမှတ်များအား ဂိုဏ်းအဆောက်အအုံ ၌ အသုံးပြုခြင်းမှာ လက်တွေ့ကျသည်။

ဂိုဏ်းချုပ်ကျွင်းသည် အဆင့် တိုးတက်လာနေသကဲ့သို့ တပည့်များသည်လည်း ထိုနည်းလည်းကောင်းပင်။

အထူးသဖြင့် တပည့်သစ်များသည် ဆေးလုံးပေါင်းများစွာ၏ အကူအညီကြောင့် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် သို့ ရောက်ရှိသွားခဲ့သည်။

အစပိုင်းတုန်းက စဦးချီစုစည်းခြင်းဆေးလုံးသာ ဖြစ်သော်လည်း လက်ရှိအချိန်တွင် ငါးဆပိုမို အားကောင်းသည့် ချီ စုစည်းခြင်းဆေးလုံးအား အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် တပည့်များသည် အဆင့်ချိုးဖျက်ရာတွင် ပိုမို၍ မြန်ဆန်လာကြ၏။

သံမဏိအရိုးဂိုဏ်းသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေပြီး မြန်မြန်ဆန်ဆန်ပဲ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်။

လီချင်းယန် နှင့် တခြားသော အတွင်းစည်း တပည့်များအားလုံးသည် တစ်လအတွင်း အဆင့်တွေ တိုးတက်လာခဲ့ကြသည်။ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သောကြောင့် သိုင်းတပည့် အဆင့်ကိုးသို့ ရောက်ရှိနေသည့် ထျန်းချီ မှ လွဲလျှင် အားလုံးသည် သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကြ၏။

ထိပ်ဆုံးအဆင့်ဆိုသည်မှာ သိုင်တပည့် နှင့်သိုင်းဆရာ အဆင့်ကြား အတားအဆီးတစ်ခုပင် ဖြစ်သည်။

အဆင့်ချိုးဖျက်ချင်သည် ဆိုလျှင် လောကကြီး၏ ဓာတ်သဘာဝများအား နားလည်ရန် အချိန်လိုအပ်ပြီး ဒန်ထျန် ထဲတွင်လည်း ချီလေပွေကို အလွန်များပြားစွာ ဖွဲ့တည်နိုင်ရမည် ဖြစ်သည်။

ကံကောင်းစွာနှင့် ၎င်းတို့သည် အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသောကြောင့် ပြဿနာကြီးတစ်ခုတော့ မဟုတ်ခဲ့ချေ။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာကို နှေးကွေးသည်ဟု ခံစားမိနေသေး၏။

မည်သို့ပင် ဆိုစေကာမူ သူ၏ စိတ်အလောကြီးနေမှုဟုလည်း သတ်မှတ်၍ မရနိုင်ချေ။ နတ်စမ်းချောင်းဂိုဏ်းသို့ သွားရောက် စိန်ခေါ်မည့် အချိန်ကာလ သည် နှစ်ဝက်လောက်သာ ကျန်တော့သည်မဟုတ်လား။

“သိုင်းဆရာ အဆင့်ကို ချိုးဖျက်နိုင်တဲ့ ဆေးလုံးမျိုး စတိုးထဲမှာ ရှိလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြောလိုက်သည် “ဒါက .. လက်ခံသူရဲ့ ကံတရားနဲ့ သက်ဆိုင်တယ်။”

ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။

ကံတရားဆိုသည်မှာ ခန့်မှန်း၍ မရနိုင်ပေ။ ဆေးလုံးများအတွက် အစသွားလိုက်မိမည် ဆိုလျှင် ရှိရှိသမျှသော ဂိုဏ်းစုဆောင်းမှတ်များ အားလုံး ကုန်ဆုံးသွားနိုင်၏။

ရံဖန်ရံခါ refresh ပြုလုပ်ခြင်းဖြင့် မထင်မှတ်ထားသော အရာဝတ္တုများအား ရရှိနိုင်သည် မဟုတ်လား။

“ထားလိုက်ပါတော့ ...”

“ဂိုဏ်းစုဆောင်းမှတ်တွေ ပိုလျှံနေမှပဲ အဲကိစ္စကို ဆွေးနွေးတာပေါ့”

ကျွင်းချောင်ရှောင်းသည် refresh လုပ်ချင်စိတ်ကို အတင်းမြိုသိပ်ပြီး ဆက်လက် ကျင့်ကြံနေလိုက်သည်။

တစ်ညလုံး ကျင့်ကြံပြီးသည့်နောက် တိုးတက်လာသည့် စိတ်ဝိညာဉ်စွမ်းအင် ပမာဏကို တွက်ချက်ကြည့်လိုက်တော့ သူ့အနေနှင့် အဆင့်တက်နိုင်ရန် နှစ်လ မှ သုံးလထိ လိုအပ်နေသေးသည်ကို သိရှိလိုက်ရ၏။

အဆင့်ခြောက် မှ အဆင့်ခုနှစ်ထိ တစ်လကြာခဲ့ပြီး အဆင့်ခုနှစ် မှ ရှစ် ထိကို နှစ်လကြာမည်။

ဟင်း ...။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “သိုင်းဆရာ ထိပ်ဆုံးအဆင့်ထိ မရောက်ဘဲ နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ရင် အရမ်းခက်ခဲလိမ့်မယ်”

ပြောပြီးသည့်နောက် သူသည် မျှော်စင်ရှိရာသို့ သွားလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စမ်းသပ်မှုမျှော်စင်၏ ပထမ အထပ်တွင် လေးနာရီကြာ မတ်မတ်ရပ်ရင်း မြေဆွဲအားကို ခုခံထားသည်။ သူ၏ အမူအရာသည် နည်းနည်းလေးမှ ပြောင်းလဲမသွားချေ။ ချွေးတစ်စက်ပင် မထွက်။

သူသည် ဂိုဏ်းထဲ၌ ရှိနေစဉ်အတွင်း စမ်းသပ်မှု မျှော်စင်ဆီသို့ သွားပြီး မိမိကိုယ်ကိုယ် အားကောင်းအောင် ပြုလုပ်နေသည်။

လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသော သူများသည် မှတ်တမ်းကို မချိုးဖျက်ကြတော့ချေ။ သူတို့သည် ပထမထပ် မြေဆွဲအားနှင့် အလွန်အမင်း အသားကျလာစေရန် ကြိုးစားနေကြ၏။

“ဒုတိယထပ်ကို သွားမယ်”

ကျွင်းချောင်ရှောင်းသည် မြေဆွဲအားကို လျစ်လျူရှုပြီး လှေကားရှေ့သို့ လျှောက်သွားလိုက်သည်။ ပြီးနောက် တစ်လှမ်းချင်း လှမ်းတက်လိုက်သည်။

စမ်းသပ်မှုမျှော်စင်၏ ဒုတိယထပ်သည် လင်းထိန်နှင့်ပြီး ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် စိတ်မရှည်ကြတော့သော စုရှောင်မို နှင့် လီဖေး တို့သည် ဤနေရာတွင် လာရောက်၍ လေ့ကျင့်နေသောကြောင့် ဖြစ်၏။

လက်ရှိအချိန်မှာတော့ စုရှောင်မိုတို့ နှစ်ယောက်သည် ပုံရိပ်ယောင်တည်နေရာထဲတွင် အားရပါးရ ပြေးလျက်ရှိပြီး လျှာတွေပင် ထွက်နေလေသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့နောက်သို့ ခွေးရူးများ အုပ်လိုက် လိုက်လံ ကိုက်နေသောကြောင့် ဖြစ်သည်။

ခွေးရူးအုပ်ပင် မဟုတ်ချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသော သားရဲကြီးများ အုပ်လိုက် လိုက်လံ ကိုက်ခဲနေခြင်းဖြစ်၏။

ထိုအကောင်များသည် အလွန်တရာ မြန်ဆန်လွန်းလှပြီး သူတို့၏ လက်သည်းများအား ထုတ်ဖော်၍ မာန်ဖီကာ လိုက်နေကြသည်။ ချွန်ထက်လှသော သွားများသည် စုရှောင်မို တို့၏ ဖင်နှင့် လက်တစ်ဖဝါးစာလောက်သာ ကွာတော့သည်။

အကိုက်ခံရမည် ဆိုလျှင် ကျိန်သေပေါက် ကျရှုံးမည် ဖြစ်ပြီး နှစ်ရက်လောက် အားကုန်သွားမှာ သေချာ၏။

သားရဲများ လိုက်လံ ကိုက်ခဲနေသောကြောင့် အမောတကောနှင့် သဲကြီးမဲကြီး ပြေးလွှားလျက်ရှိသော သူ၏ တပည့် နှစ်ယောက်အား ကြည့်ရင်း ကျွင်းချောင်ရှောင်း ခေါင်းတခါခါ နှင့် ပြောလိုက်သည် “ဒီနှစ်ကောင် ကို ကြည့်ရတာ အရူးလိုပဲ”

ဝူး … ဝူး …

ဟူး ..ဟူး .. ဟောဟဲ ..။

မကြာမီအချိန်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လျှာကြီး ထွက်လျှက် နောက်မှ လိုက်လံ ကိုက်ခဲနေသော သားရဲများလက်မှ လွတ်အောင် ပြေးနေရလေသည်။

သူသည် တပည့်များထက်ပို၍ အားကောင်းသည်မို့ သူ့ နောက်သို့လိုက်ပါလာသော သားရဲများသည် ပို၍ အားကောင်းသည်။ ထို့အပြင် အလွန်လည်း မြန်ဆန်လွန်းသည်မို့ ခြေထောက်တွင် မော်တာ တပ်ထားသလို အသေအလဲ ပြေးနေရ၏။

သူတို့ ဘယ်လောက်ပြေးနေရမည်နည်း။

အနည်းဆုံး တစ်နာရီ ဖြစ်သည်။

နှစ်ရက်လောက် အားပြတ်ခြင်းကို ခံစားရသည့် ဘေးထွက်ဆိုးကျိုးရှိသည် ဆိုသော်လည်း ကျွင်းချောင်ရှောင်း နှင့် တပည့်နှစ်ယောက်တို့သည် အရင်ကထက် ပိုမို၍ မြန်ဆန်လာသည်။

ဟုတ်ပေသည်။ စမ်းသပ်မှု မျှော်စင်၏ ဒုတိယအထပ်တွင် အရူးသုံးကောင် ပြေးနေလေ့ ရှိ၏။

…….

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသော သားရဲကြီးများ၏ လိုက်လံကိုက်ဖြတ်ခြင်း ကို ခံနေရပေမဲ့ သူတို့၏ လှုပ်ရှားမှု နည်းစနစ် များသည် ပိုမို၍ အားကောင်းလာသည်။

ရက်အနည်းငယ်အတွင်း ကျွင်းချောင်ရှောင်းသည် အရင်ကထက် အဆမတန် ပိုမိုမြန်ဆန်လာသည်။ တိမ်ခြေလှမ်း ပေါ် နားလည်မှုကလည်း ပိုမို၍ နက်နဲလာ၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ပထမအထပ်တွင် နှစ်နာရီ ၊ ဒုတိယထပ် တွင် တစ်နာရီ ၊ ကျန်သော အချိန်များတွင် ကျင့်ကြံခြင်း နှင့် ဂိုဏ်းအတွင်း စီမံခန့်ခွဲမှုများကို ပြုလုပ်သည်။

ဂိုဏ်းချုပ်ကျွင်း သည် အဆင့်တက်ရန် နှစ်လလောက် လိုအုံးမည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ် အမြန်နှုန်းသည် အဆပေါင်းများစွာ ပိုမို တိုးတက်လာခဲ့သည်။ သူ၏ အလုံးစုံ အားအင်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် အဆမတန် ပိုမိုမြင့်မားနေ၏။

လီချင်းယန်တို့သည် တူညီစွာပင်။

သူတို့သည် သိုင်းတပည့် ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေကြသည် ဆိုသော်လည်း သူတို့၏ ခန္ဓာကိုယ်နှင့် အလုံးစုံ အားအင်များသည် ရောက်ရှိနေသည့် အဆင့်ထက် အလွန်သာလွန်နေသည်။

မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များသည်လည်း အသံပို့လွှတ်ခြင်းနည်းစနစ် အားပိုမို နားလည်လာကြပြီး ချင်းယန်မြို့မှနေ၍ အသံပို့လွှတ်ခြင်းကိုပင် ပြုလုပ်နိုင်ကြပြီ ဖြစ်၏။

တခြားသော မြို့ခုနှစ်မြို့မှ ပိုလွှတ်ဖို့ကိုတော့ အချိန်ယူရပေအုံးမည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ …

အိုက်ရှန်းရီ သည် လာရောက် လည်ပတ်ပြန်သည်။

လင်းယန်နိုင်ငံ၏ လေလံပွဲသည် ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး ဆေးလုံးများ အားလုံးကို ရောင်းချနိုင်ခဲ့သည်။

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ၇၀ ကို သန်းရှစ်ဆယ် နှင့် ရောင်းချနိုင်ခဲ့ပြီး ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး ၂၀ အတွင် သန်းတစ်ရာနှစ်ဆယ် ရခဲ့သည်။ ထို့ကြောင့် စုစုပေါင်း သန်းနှစ်ရာ ရှိခဲ့၏။

ကျွင်းချောင်ရှောင်းသည် အိုက်မိသားစု ခေါင်းဆောင်ဆီမှ သန်းတစ်ရာ ကို ရယူလိုက်သည် “အဆင့်ရှစ် နိုင်ငံ ပီသစွာဘဲ ချမ်းသာတဲ့သူတွေ များတာကိုး”

“ဂိုဏ်းချုပ်ကျွင်း”

အိုက်ရှန်းရီ ပြုံးလိုက်သည် “ခင်ဗျားဖော်စပ်တဲ့ ဆေးလုံးတွေကို စစ်သည်တွေကို အရေးတကြီး လိုအပ်နေကြတယ်။ သူတို့ကိုသာ ရောင်းမယ် ဆိုရင် အရောင်းပြတ်လပ်မှာကို မဟုတ်ဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပစ္စည်းတစ်ခုခု ဆိုတာ ရှားပါးလေး ပိုပြီး တန်ဖိုးကြီးလေပဲ။ ဆေးလုံးတွေ အများကြီးကို ရောင်းချတယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး”

အိုက်ရှန်းရီ သဘောတူလိုက်သည် “ဒါကြောင့်လည်း ကျုပ် သေချာ စဉ်းစားထားတာ်။ လစဉ်လတိုင်း ရဲ ပထမရက်မှာ ဟူရန်မြို့ လေလံပွဲ ကို ပြုလုပ်မယ်။ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ဆယ်လုံး နဲ့ ခန္ဒာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး ငါးလုံးကို လေလံတင်မယ်။”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း သူ၏ လက်ထဲရှိ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး နှစ်ဆယ် နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး ဆယ်လုံးတို့အား ပေးကာ ပြောလိုက်၏ “ဒါက နှစ်လစာ လုံလောက်မှာပဲ။ အရင်ဆုံး ရောင်းလိုက်မယ်”

အိုက်ရှန်းရီ မြန်မြန်ပဲ လက်ခံလိုက်သည်။

သူ မထွက်ခွာခင်မှာပဲ သိုလှောင်လက်စွပ်တစ်ကွင်းအား လှမ်းပေးကာ ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ဒီဆေးပင်တွေက လင်းယန်မြို့ကနေ ယူလာတာ”

ကျွင်းချောင်ရှောင်းသည် ဆေးပင်များအတွက် ပိုက်ဆံပေးလိုက်ချင်သည် ဆိုသော်လည်း အိုက်ရှန်းရီ သည် အတင်းငြင်းဆန်နေသောကြောင့် ဂိုဏ်းတံခါးပေါက် ရှိရာသို့သာ လူကိုယ်တိုင် လိုက်လံ ပို့ဆောင်လိုက်ရသည်။

အိုက်ရှန်းရီ ထွက်ခွာသွားပြီးသည့်နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “ဂိုဏ်းကနေ ခြေတစ်ဖဝါး မှ မခွာဘဲ သန်းတစ်ရာ ရှာနိုင်ခဲ့တယ် ဆိုတာ အံ့အားသင့်စရာပဲ”

ဒင် … ဒင် ..။

တညလုံနီးပါး ဆေးသန့်စင်ဆောင်သည် အလုပ်များနေပြီး ဆေးလုံးလေးမျိုးအား ထုတ်လုပ် သန့်စင်လျက်ရှိ၏။

ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းတာဝန်များကြောင့် ဂိုဏ်းစုဆောင်းမှတ်များ တိုးတက်နေသည်။ ထို့အပြင် ပိုက်ဆံ နှင့် ဆေးလုံးများသည်လည်း တိုးပွားလျက်ရှိသည်။

……..

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ …

တပည့်သစ်များအားလုံးသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ကို ချိုးဖျက်ကာ အားလုံးထဲမှ တစ်ရာကျော်သည် အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

စုန့်ရွှမ်ကျူးသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်၏ ထောက်ပံ့မှုကြောင့် သိုင်းတပည့် အဆင့်သို့ ရောက်ရှိသွာခဲ့၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တောင်အောက်ကို ဆင်းပြီး ဂိုဏ်းအသိအမှတ်ပြု ဟောခန်းဗဟို က လူတွေကို ဒီလပြီး စစ်ဆေးပေးနိုင်မလား မေးလိုက်”

အသစ်ရောက်လာသော တပည့်များမှ တစ်ချို့သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် သို့ ရောက်ရှိသွားခဲ့ပြ ဖြစ်သောကြောင့် အဆင့်ခုနှစ် ဂိုဏ်းတစ်ခု၏ လိုအပ်ချက်များနှင့် ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ လူတွေများပြားလွန်းသောကြောင့် ဟောခန်းသို့ သွားရောက်၍ စစ်ဆေးခံယူလျှင် အကုန်ရှု့ပ်ကုန်လိမ့်မည်။

“ကောင်းပါပြီ”

လီချင်းယန်သည် ချင်းယန်မြို့၏ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းသို့ သွားရောက်လိုက်သည်။

သံမဏိအရိုးဂိုဏ်း စစ်ဆေးမှုကို ပြုလုပ်ချင်သည် ဆိုတော့ စာရေးကျိုး၏ အမူအရာသည် ပြောင်းလဲသွား၏။ အဆင့်ကိုးမှ အဆင့်ရှစ်သို့ တက်ရောက်ထားသည်မှာ လအနည်းငယ်ပဲ ကြာသေးသည်မဟုတ်လား။

“စာရေးကျိုး ..”

လီချင်းယန် ထွက်ခွာသွားသည်ကို မြင်တော့ ဟောခန်းရှိ ကျင့်ကြံသူတစ်ယောက်သည် သဘောမတွေ့သလို ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က သူတို့ကိုယ် သူတို့ အထင်ကြီးနေကြတာပဲ။ ဂိုဏ်းကို စစ်ဆေးဖို့တောင် လာခေါ်နေသေးတယ်”

“ဟုတ်တယ်”

အခြားတစ်ယောက်ကလည်း အလိုမကျသလို ပြောလိုက်သည် “အဆင့်ခြောက်ဂိုဏ်းတွေမှ ကျုပ်တို့ သွားစစ်ဆေး ပေးသင့်တာ မဟုတ်လား။ အဆင့်ရှစ် ဂိုဏ်းတစ်ခုက ဒါမျိုး လာပြောစရာလား”

စာရေးကျိုး ဟိန်းဟောက်လိုက်၏ “ပေါက်ကရပြောတာတွေ ရပ်စမ်း။ မြန်မြန် ပြင်ဆင်ကြ။ မနက်ဖြန် သံမဏိအရိုးဂိုဏ်းကို သွားမယ်”

တောင်ပြာဂိုဏ်း အကြီးအကဲမာ၏ ဆူငေါက်ခြင်းကို ခံပြီးကတည်းက သူသည် ကျွင်းချောင်ရှောင်း အား ထိတ်လန့်နေမိသည်။ ထို့ကြောင့်ပင် စည်းမျဉ်းအတိုင်း မလုပ်ဘဲ အဆင့်ရှစ် ဂိုဏ်းတစ်ခု ဆီ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အမှန်တကယ်တမ်းမှာတော့ …

စနစ်သည် ဂိုဏ်းအဆင့်သတ်မှတ်ချက် မပြောင်းလဲလျှင် ဂိုဏ်းအဆောက်အအုံ အဆင့်ကို မပြောင်းလဲပေးသောကြောင့်သာ ကျွင်းချောင်ရှောင်း အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်သတ်မှတ်ချက်ကို အသိအမှတ်ပြု ရရှိရန် ကြိုးစားနေမိခြင်း ဖြစ်သည်။ မဟုတ်ပါက သောက်လုပ်ရှုပ်သော အလုပ်မျိုးကို သူ ဘယ်သောအခါမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ကျုပ် အားကောင်းတယ်ဆိုတာ သိရဖို့ တခြားသူတွေရဲ့ အသိအမှတ်ပြုမှု ရယူဖို့ လိုသေးလို့လား။

All Chapters