← Chapters

အခန်း (၂၆၈)

Vol. 19 Ch. 268

အခန်း (၂၆၈)

Vol. 19 Ch. 268

စွေ့ပုကျန့် ၏ လက်သီးထိုးသည့် အမူအရာကို မြင်ပြီးသည့်နောက်မှာတော့ စာရေးကျိုး၏ နှုတ်ခမ်းများသည် ပိုမို၍ တုန်ရင်သွားမိ၏။

ဤကောင်လေးသည် သူ၏ အားအင်ကို အပြည့်အဝ မထုတ်ဖော်ခဲ့ပေ။

အခုပြုလုပ်နေသည့် အရာသည် ဂိုဏ်း၏ သတ်မှတ်ချက်အတွက် မဖြစ်မနေ ပြုလုပ်ရသည့် အရာဖြစ်သည်မို့ လိုအပ်ချက်အတိုင်း ကိုက်ညီအောင် ပြုလုပ်နေသလိုပင်။

မင်းတို့ သံမဏိအရိုးဂိုဏ်းအနေနဲ့ ဒီထက်ပို၍ ပိုပြီး လေးနက်တဲ့ အရာတွေကို လုပ်လို့ မရနိုင်ဘူးလား။

နောက်ထပ်စမ်းသပ်မည့်သူမှာ စီးမာကျုံးတ ဖြစ်၏။

သူသည်လည်း သူ၏ အားအင်အဆင့်ကို ထိန်းချုပ်၍ အသာထိုးနှက်လိုက်ရာ ဂျင်နှစ်ထောင့်နှစ်ရာ အားအင်ကို ရလျက်ရှိ၏။

တစ်ခြားသူများသည် စမ်းသပ်မှု ပြုလုပ်ရာတွင် အားအင်အဆင့် မြင့်မားလေ ပိုမို၍ ကောင်းမွန်လေဖြစ်သည်ဟု ခံယူထားသောကြောင့် အားကုန်ထုတ်ကာ အစွမ်းပြတတ်ကြသည်။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ သူတို့၏ အားအင်ကို အကောင်းဆုံး ဖိနှိပ်နိုင်ရန် ကြိုးစားနေကြ၏။

အမှန်ပင် ထူးဆန်းလှချေသည်။

စည်းမျဉ်းစည်းကမ်းအရဆိုလျှင် ထောင့်ငါးရာဂျင်သာ ဖြစ်၏။ ထို့ကြောင့် ဒီထက် မနည်းဖို့သာ အရေးကြီး၏။

အားလုံးသည် သူတို့၏ အားအင်များကို နေ့စဉ်နေ့တိုင်းစမ်းသပ်မှု ပြုလုပ်တတ်ကြ၏။ သူတို့တွင်လည်း အားအင်စမ်းသပ်မှု ကျောက်တုံး ရှိသည် မဟုတ်လား။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ ဆောင်ပုဒ်သည် မည်သည့်အရာ ဖြစ်သနည်း။

သိုသိုသိပ်သိပ်နေရန် ဖြစ်သည်။

ဖြစ်နိုင်လျှင် ပို၍ သိုသိုသိပ်သိပ်နေရန်ပင်ဖြစ်သည်။

သို့ပေမဲ့ ဤကဲ့သို့ သိုသိုသိပ်သိပ်နေသည်ဆိုလျှင်တောင်မှ စာရေးကျိုးသည် သံမဏိအရိုးဂိုဏ်းသားများမှာ အမှန်အကန် ကြောက်ဖို့ကောင်းသည့် သူများဖြစ်ကြောင်း စဉ်းစားမိနေ၏။

သာမန်အားမထည့်ပုံပေါ်သည့် လက်သီးထိုးချက်တစ်ခုသည် ဂျင်နှစ်ထောင်မှ သုံးထောင်ကြားကို ဖော်ပြလျက်ရှိသည်။

အစစ်အမှန်သာ အားထည့်ပြီးထိုးပါက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာ ဖြစ်လာမည်နည်း။ သူသည် ဆက်လက်၍ စဉ်းစားကြည့်ရန်ပင် မရဲတော့ချေ။

ဘန်း … ဘန်း။

သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် လာရောက် စမ်းသပ်ခံနေသလို စာရေးကျိုးသည်လည်း အားလုံးအား သေချာမှတ်တမ်းတင်နေ၏။

ဆယ်မိနစ်လောက်ကြာပြီးသည့်နောက်မှာတော့ တပည့် လေးရာ့ငါးဆယ်တို့သည် သူတို့၏ စမ်းသပ်မှုကို ပြုလုပ်ပြီးဖြစ်၏။

အားအနည်းဆုံးသောလူမှာ ဂျင်ထောင့်ငါးရာ ဖြစ်သောကြောင့် အနည်းဆုံးလိုအပ်ချက်ဖြစ်သည့် ထောင့်ငါးရာဂျင်နှင့် ကိုက်ညီသည်ဟု ဆိုရမည်။

ပြီးနောက် သိုင်းတပည့်အဆင့်ငါးဆယ်အား စမ်းသပ်ရန် အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုအချိန်မှာတော့ စာရေးကျိုးသည် ပိုမို၍ တုန်လှုပ် သွားမိ၏။

အဆင့်ရှစ် ဂိုဏ်းတစ်ခုမှသည် အဆင့်ခုနစ်ဂိုဏ်းတစ်ခုဆီသို့ တက်ရောက်ရန် လိုအပ်ချက်သည် သိုင်းတပည့်အဆင့် ငါးဆယ်ဖြစ်ပြီး အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်းအဆင့် တပည့်ငါးရာ ဖြစ်သည်။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းမှာတော့ သိုင်းတပည့်အဆင့် ငါးရာဖြစ်ပြီး အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်မှာ ငါးဆယ်သာ ရှိ၏။

အရေအတွက်မှာ ပြောင်းပြန်ပင် ဖြစ်လို့နေသည်။

ဤအရာမှာ တရားလွန်လွန်းလှ၏။

စာရေးကျိုးသည် နှစ်ပေါင်းတစ်ရာအတွင်း ဤကဲ့သို့ အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်မျိုးကို ပြုလုပ်လာခဲ့သူ ဖြစ်သည်။ သို့ပေမဲ့ ဤမျှအားကောင်းလှသော အဆင့်ရှစ် ဂိုဏ်းတစ်ခုကိုတော့ လုံးဝ မမြင်ဖူးခဲ့ချေ။

"ဂိုဏ်းချုပ် ကျွင်း။"

သူသည် သူ၏ အံ့အားသင့်မှုကို ဖိနှိပ်ပြီး ပြောလိုက်သည်။ "ခင်ဗျားရဲ့ အားအင်အဆင့်က ဂျင်တစ်သောင်းအထိ ရှိမယ်ဆိုရင် စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ပါပြီ။"

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှ လျှောက်ဆင်းလာပြီး သူ၏ လက်ကို မြှောက်လိုက်၏။

ဘန်း။

အားအင်စမ်းသပ်မှု ကျောက်တုံးအား ထိုးနှက်ပြီးသည့်နောက်မှာတော့ ကျောက်တုံးသည် ချက်ချင်းဆိုသလိုပဲ တစစီ ကြေမွသွားတော့သည်။

စာရေးကျိုးနှင့် အပေါင်းအပါများအားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြ၏။

"....."

ကျွင်းချောင်ရှောင်းသည် ကြောင်အအနှင့် ပြန်ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ကျုပ်အားအင်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တာကြောင့် အားအင်စမ်းသပ်မှု ကျောက်တုံးကျိုးသွားတာပဲ။"

အရိုးသားဆုံး ပြောရလျှင် သူသည် အလွန်တရာ စိတ်လှုပ်ရှားနေသောကြောင့် လက်သီးအား အလွယ် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

ကြွားဝါချင်သည့် စိတ်ဓာတ်ကြောင့် ဤကဲ့သို့ ပြုလုပ်လိုက်ခြင်း မဟုတ်ပေ။

သို့ပေမဲ့ ဤကဲ့သို့ ကျောက်တုံးတစ်ခုလုံး တစ်စစီ ဖြစ်သွားလိမ့်မည်ဟု သူ မထင်မှတ်မိခဲ့ချေ။

ဤအရာသည် စမ်းသပ်မှု ကျောက်တုံးဖြစ်သည်။ အဘယ့်ကြောင့် ဤကဲ့သို့ တစ်စစီ ဖြစ်သွားရသနည်း။

စာရေးကျိုးသည် သာမန် စမ်းသပ်မှု ကျောက်တုံးကို ပင် ယူဆောင်လာခဲ့ခြင်းဖြစ်၏။

ဤကျောက်တုံး၏ အဆုံးစွန်သော ခံနိုင်ရည်အားသည် ဂျင်တစ်သိန်းအထိသာ ရှိသည်။

ဂိုဏ်းချုပ်ကျွင်းသည် သိုင်းဆရာအဆင့်ခုနစ်ကို ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ အားအကုန်ကို မထုတ်ဖော်ဘူးဆိုလျှင်တောင်မှ သူ၏ သာမာန် လက်သီးချက်တစ်ခုသည် ဂျင်ငါးသောင်းကျော်အထိ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် အားအနည်းငယ် ထည့်ထားသော လက်သီးချက် အောက်တွင် တစစီ ဖြစ်မသွားလျှင်သာ ထူးဆန်းသည်ဟု ဆိုရမည်။

စာရေးကျိုးသည် ပါးစပ်အဟောင်းသားနှင့် ထိပ်လန့်တုန်လှုပ်မိနေ၏။

ဂိုဏ်းချုပ်ကျွင်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ဂျင်တစ်သိန်းထက် အများအပြား သာလွန်ခြင်းသာ ဖြစ်မည်။

ထို့ကြောင့် သာမန်လက်သီးချက်လေးတစ်ခုနှင့် အားအင်စမ်းသပ်ခြင်းကျောက်တုံးအား တစ်စစီဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ဤအရာသည် သိုင်းဆရာတစ်ယောက်၏ အားအင်မျိုး မဟုတ်ပေ။ သိုင်းစစ်သူကြီးတစ်ယောက်၏ အားအင်မျိုး ဖြစ်လို့နေ၏။

မဟုတ်သေးပေ။

သိုင်းစစ်သူကြီးတစ်ယောက်ဆိုလျှင် အဘယ့်ကြောင့် အလွန်တရာ အားကောင်းလှသည့် အော်ရာများ ပေါ်မနေရသနည်း။

ဂိုဏ်းချုပ်ကျွင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် တမင် ဖိနှိပ်ထားခဲ့ခြင်းများလား။

မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်းသည် သိုင်းစစ်သူကြီးတစ်ယောက် မဟုတ်တာသေချာသည်။ သိုင်းဆရာ အဆင့်ခုနစ်ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။

"စာရေးကျိုး …. ခင်ဗျားဆီမှာ စမ်းသပ်မှု ကျောက်တုံး ထပ်ပြီး ရှိသေးလား။"

"စမ်းသပ်မှု ကျောက်တုံး မလိုတော့ပါဘူး။"

စာရေးကျိုး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ အားအင်က လိုအပ်ချက်နဲ့ ကိုက်ညီသွားပြီ။"

ပြောပြီးသည့်နောက် သူသည် အလွန်တရာ သပ်ရပ်လှသော ကျောက်စိမ်းပြားတစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ပြီးနောက် အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ထိုကျောက်စိမ်းပြားပေါ်တွင် ခုနစ်ဟူသော ဂဏာန်းအား ရေးဆွဲလိုက်သည်။

ပြီးနောက် ကျွင်းချောင်ရှောင်းဆီသို့ ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းအဆင့် ခုနစ်ထိ ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။"

"ကျေးဇူးတင်ပါတယ်။"

ကျွင်းချောင်ရှောင်းသည် ကျောက်စိမ်းပြားအား လှမ်းယူလိုက်၏။

စာရေးကျိုးသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ဒီလူကြီးရဲ့ တွက်ချက်မှုက မမှားဘူးဆိုရင် ခင်ဗျားတို့ဂိုဏ်းက တကယ့်ကို ခမ်းနားလွန်းတယ်။"

သူနှင့် အတူ ပါလာကြသော အဖွဲ့သားများအားလုံးသည် ထိပ်လန့်စွာဖြင့် စာရေးကျိုးအား ကြည့်မိလိုက်ကြသည်။ ဤကဲ့သို့မှတ်ချက်ပေးသည်မှာ အလွန်တရာ အံ့အားသင့်စရာကောင်းနေ၏။

“ဒင်။

"ဂိုဏ်းအဆင့် အဆင့်ခုနစ်သို့ တိုးမြှင့်ခဲ့တဲ့အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ ဂိုဏ်းစုဆောင်းမှတ် ၅၀၀ နှင့် ဂိုဏ်းအောင်မြင်မှုအမှတ် ၅၀၀ ရရှိသည်။”

“ဒင်

ဂိုဏ်းစုဆောင်းမှတ် ၁၂၀၂/၁၀၀၀

ဂိုဏ်းအောင်မြင်မှု အမှတ် ၁၂၀၀/၁၀၀၀”

“ဒင်။

ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေပြီဖြစ်သောကြောင့် ......”

သူ၏ နားထဲတွင်တော့ စနစ်၏ သတိပေးချက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ဤအသံများသည် ကျွင်းချောင်ရှောင်းအား စိတ်သက်သာရာ ရရှိစေ၏။ လောကတွင် အလှပဆုံးသော တေးသံတစ်ခုလိုပင် သူခံစားမိနေသည်။

"ဂိုဏ်းချုပ်ကျွင်း။"

စာရေးကျိုးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည် "ဂိုဏ်းအသိအမှတ်ပြုမှုက ပြီးသွားပြီဆိုတော့ ကျုပ် အရင်ဆုံးသွားပါတော့မယ်။"

သူ့အနေနှင့် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းဆီသို့ ချက်ချင်းပြန်၍ သူ၏ သုံးသပ်ချက်များအား ဌာနချုပ်ဆီသို့ ပို့ဆောင်ရန် လိုအပ်နေသေးသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျိုး အဆင့်ခုနစ်ကနေ အဆင့်ခြောက်ဆီသို့ တိုးတက်ဖို့ဆို ဘာတွေ လိုသေးလဲ။"

"အသိအမှတ်ပြုမှု နည်းပဒေအရဆိုရင် အဆင့်ခြောက် ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က သိုင်းစစ်သူကြီးအဆင့်ဖြစ်ရမယ်။ ပြီးတော့ ဂိုဏ်းထဲမှာ သိုင်းဆရာ ဆယ်ယောက်ရှိရမယ်။သိုင်းတပည့်ငါးရာ ပြီးတော့ အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း တစ်ထောင် ရှိရမယ်။"

စာရေးကျိုး ရှင်းပြလိုက်၏။

ကျွင်းချောင်ရှောင်း “.....”

အဆင့်ခြောက်သို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များသည် အလွန်တရာ များပြားနေ၏။ ကြည့်ရသည်မှာ ထိုအဆင့်သိုရောက်ရန် ခရီးဝေးသွားရဦးမည် ဖြစ်သည်။

"မဟုတ်သေးပါဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ် သိသလောက်ဆိုရင် ဟောင်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မကြာသေးခင်ကမှ သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တာလေ။ ဟောင်ချီဂိုဏ်းက အစောကြီးကတည်းက အဆင့်ခြောက် ဖြစ်နေခဲ့တာ မဟုတ်ဘူးလား။"

စာရေးကျိုး ရှင်းပြလိုက်၏။ "ဟောင်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သိုင်းစစ်သူကြီးအဆင့်လေ။ အခု ချင်ဟောင်ရန်က သူ့ဆရာဆီကနေ အမွေဆက်ခံထားတာလေ"

"ကျုပ် နားလည်ပြီ။"

ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။

အဆင့်မြင့်တက်လာပြီးသည့်နောက်မှာတော့ နောက်ထပ်ခေါင်းဆောင်သည် လက်လွှဲယူလိုက်၏။

သို့ပေမဲ့ ထိုခေါင်းဆောင်သည် လိုအပ်သည့် ကျင့်ကြံခြင်းအဆင့်‌တွင်တော့ ရှိရန် မလိုအပ်သေးပေ။

စာရေးကျိုး ပြောလိုက်သည်။ "တစ်ခြား ဘာရှိသေးလဲ ဂိုဏ်းချုပ်ကျွင်း။"

"တစ်ခြား ဘာမှ မရှိဘူး။"

"ဒါဆိုရင် ကျုပ် သွားပါတော့မယ်။"

ကျွင်းချောင်ရှောင်းသည် စာရေးကျိုးအား ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ လိုက်ပို့၏။ ပြီးနောက်မှာတော့ လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ။"

စာရေးကျိုးအား လိုက်ပါပိုဆောင်ပြီးသည့်နောက် သူသည် ဂိုဏ်း၏ အဆောက်အဦ ဘေးရှိ အဆင့်မြှင့်တင်မည်ဆိုသော ခလုတ်အား နှိပ်လိုက်၏။

“ဒင်။

ဂိုဏ်းအဆောက်အဦးအဆင့်မြှင့်တင်ခြင်း - အဆင့်လေး။

ဒင်။

ဂိုဏ်းသား ဂိုဏ်းစုဆောင်းမှတ် ဂိုဏ်းအောင်မြင်မှုတို့၏ အကန့်အသတ်တို့သည် တိုးသွားခဲ့သည်။

ဒင်။

ဂိုဏ်း၏ အဆောင်ခန်းမဆောင်သည် ပွင့်သွားခဲ့ပြီဖြစ်သည်။”

သတိပေးသံများ ထွက်ပေါ်လာပြီးသည့်နောက် စနစ်၏ မြင်ကွင်းသည်လည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း။

ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။

ဂိုဏ်းအ‌ဆင့် - အဆင့်ခုနစ်။

ဂိုဏ်းအဆောက်အအုံ - အဆင့်လေး။

ဂိုဏ်း၏ လုပ်ဆောင်နိုင်စွမ်း - ဆေးသန့်စင်ဆောင် ၊ပန်းပဲဆောင် ၊ အဆောင် ခန်းမ။”

ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် - ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် ၊ တိမ်ခြေလှမ်း ၊ အသံပို့လွှတ်ခြင်း။

ဂိုဏ်းသား - ၁၀၀၀/၂၀၀၀

ဂိုဏ်းစုဆောင်းမှတ် - ၁၂၀၀/၁၀၀၀

ဂိုဏ်းအောင်မြင်မှုအမှတ် - ၂၀၀/၁၀၀၀

....

အမြင့်ဆုံးသော အကန့်အသတ်သည် တစ်ထောင်မှ နှစ်ထောင်အထိသို့ တိုးမြင့်သွားခဲ့ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နည်းနည်း စိတ်ပျက်သွားခဲ့သည်။

ထို့အပြင် အဆင့်လေးသို့ ရောက်ရှိချိန်တွင် သူ့အနေနှင့် အလယ်အလတ်အဆင့် စတိုးဆီမှ ပစ္စည်းများကို ဝယ်ယူနိုင်သည်ဟု စနစ်မှ ပြောခဲ့သည် မဟုတ်လား။ သို့ပေမဲ့ အလယ်အလတ်အဆင့် စတိုးဆီမှ ရှိသော ပစ္စည်းများ၏ တန်ဖိုးသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ မှစတင်သည်။ ထို့ကြောင့် သူ့အနေနှင့် တကယ်တမ်း ဝယ်ယူမည်ဆိုလျှင် နှစ်ခုလောက်ကိုသာ ဝယ်ယူနိုင်စွမ်းရှိ၏။

“ဘာ…”

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူက အလယ်အလတ်အဆင့် စတိုးထဲက ပစ္စည်းတွေကို ကြွက်သားတည်ဆောက်ခြင်းအခန်းလိုမျိုး တစ်ခါတည်း အခု နှစ်ဆယ်လောက် ဝယ်ချင်တာလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ စဉ်းစားလို့တောင် မရဘူးလား။။"

\

All Chapters