← Chapters

အခန်း (၂၆၉)

Vol. 19 Ch. 269

အခန်း (၂၆၉)

Vol. 19 Ch. 269

လက်ခံသူ၏စကားကိုကြားချိန်မှာတော့ စနစ်သည် အမှန်တကယ်ပင် ဆွံ့အသွားမိ၏။ သို့ပေမဲ့ တွေးတောသည့်ကိစ္စသည် တရားဝင် ကိစ္စတစ်ခုပင်ဖြစ်၏။ မည်သူ့ကိုမှ တားဆီး၍ မရချေ။

သူ့အား ရင်နာအောင် တိုက်ခိုက်လျက်ရှိသော စနစ်အား ကျွင်းချောင်ရှောင်းသည် လုံးဝဂရုမစိုက်ပေ။ ထိုအစား အဆောင်ခန်းမဆောင်အား အသာဖိနှိပ်လိုက်၏။ အသစ်ဖြစ်တည်လာသော ဂိုဏ်းအဆောက်အအုံသည် အရေးကြီးမားလှ၏။

"ရွှီ"

သေးငယ်လှသည့် မြင်ကွင်းလေးတစ်ခု ပေါ်ပေါက်လာ၏။

ဤအရာသည် သုံးဖက်မြင် ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး အပေါ်တွင် ထိုက်ကျိ ပုံရိပ်ယောင်များ ရေးထိုးထား၏။ ဆေးခန်းမဆောင်သည် ဆေးအိုးပုံသဏ္ဌာန်ဖြစ်ပြီး ပန်းပဲခန်းမဆောင်သည် ပန်းပဲဖိုတစ်ခု ဖြစ်၏။ အဆောင်ခန်းမဆောင်မှာတော့ ထိုက်ကျိပုံသဏ္ဌာန် ဖြစ်လို့နေသည်။ ။

"ဒါက အဆောင်တွေကို သန့်စင်လို့ရတဲ့ပစ္စည်းလား။"

ကျွင်းချောင်ရှောင်းသည် သေချာ ဆက်လက်ကြည့်ရှုလိုက်၏။

အောက်ဘက်တွင်ရှိသော အဆောင်သုံးခုကို မြင်လိုက်ချိန်မှာတော့ သူ၏မျက်လုံးများသည် လင်းလက်သွား၏။ စိတ်လှုပ်ရှားမှုများကြောင့် ထ၍ခုန်မိတော့မလိုပင် ဖြစ်မိသွားသည်။

အဆောင်သုံးခုမှာ အောက်ပါအတိုင်းဖြစ်၏။

"စဦးအဆင့် အားအင်တိုးတက်ခြင်းအဆောင်၊ စဦးအဆင့် အသိအမြင်အဆောင်၊ စဦးအဆင့် အမြန်နှုန်းအဆောင်၊"

ဂိုဏ်းချုပ်ကျွင်းသည် စတိုးတွင်ရောင်းချလေ့ရှိသော အဆောင်နှစ်ခုအား ရံဖန်ရံခါဆိုသလို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူသည် ဤအရာများအား သာမန်ဟုပင် သတ်မှတ်ထား၏။ သို့ပေမဲ့ အမြန်နှုန်းအဆောင်မှာတော့ သူ့အား မထိန်းချုပ်နိုင်လောက်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်စေ၏။

ထို့အပြင် စဦးလက်ဆောင်ထုတ်တွင် ရရှိခဲ့သော အဆောင်လည်းဖြစ်သည်။

ဤအရာသို့ ချိုးဖျက်၍ သူသည် အိုက်ရှန်းကီ နှင့် တိုက်ခိုက်ခဲ့၏။ မည်မျှမြန်ဆန်လိုက်သနည်းဆိုသော် အချိန်အတော်ကြာသည်အထိ ပုံရိပ်ယောင်များသည် မပျောက်ကွယ်ခဲ့သည်အထိ မြန်ဆန်လွန်းခဲ့သည်။

ထို့အပြင် သူသည် မြို့တော်ဝန်၏ အိမ်တော်၌ ဝေညီအစ်ကိုနှစ်ယောက်ကို သတ်ဖြတ်ချိန်မှာလည်း သက်တမ်းမကုန်သေးသော ထိုအဆောင်ကို အသုံးပြုခဲ့ရ၏။

ဤကဲ့သို့သော အဆောင်မျိုးကို အဆောင်ခန်းမဆောင်တွင် သန့်စင်၍ ရနိုင်သည်ဆိုသည်မှာ ရန်သူများကို တိုက်ခိုက်ဖိုမပြောနှင့်ဦး ။ ခရီးသွားလာမည်ဆိုလျှင်ပင် ခရမ်းရောင် လျှပ်စီးကျားသားပေါက် ထက် ပို၍ မြန်ဆန်ပေလိမ့်မည်။

"ငေါကတော့ တကယ့်ကိုလန်းပြီ"

"စိတ်လှုပ်ရှားမနေနဲ့ ။ စိတ်ကိုအေးအေးထား။"

စနစ်သည် ပြောလိုက်သည်။ "လက်ခံသူက ဂိုဏ်းတစ်ခုရဲ့ဂိုဏ်းချုပ်လေ ။ ပြီးတော့အဓိကဇာတ်ကောင်မဟုတ်လား။ ကြောင်တောင်တောင် လုပ်မနေနဲ့။"

"ဟား .. ဟား … ဟား ….”

ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ မေ့လျောပြီးတံခါးအားမှီကာ အားရပါးရ ရယ်လျက်ရှိသည်။

ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ရယ်လိုက်ပြန်သည်။ သူ၏ရယ်သံသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။

"ဒုတိယ စီနီယာအစ်ကို"

လေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်လျက်ရှိသော စုရှောင်မိုသည် တီးတိုးရေရွတ်လိုက်၏။

"ဂိုဏ်းချုပ် ဘာဖြစ်တာလဲ။"

လီချင်းယန်က ပြောလိုက်သည်။ "ဂိုဏ်းက အဆင့်ခုနစ်ကို မြင့်တက်သွားပြီဆိုတော့ စိတ်လှုပ်ရှားသွားတာဖြစ်မယ်။"

"ဂိုဏ်းချုပ်က ဂိုဏ်းအတွက်နဲ့ ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေတာပဲ။ဒါကြောင့် အဆင့်ရှစ်ကနေ အဆင့်ခုနစ်ကို တက်ရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်တာ ငါတို့နားလည်ပေးရမယ်။" စုရှောင်မိုပြောလိုက်သည်။

"ဒီတော့"

လီချင်းယန်သည် အသာလှည့်ကာဖြင့် လေးလေးနက်နက်ပြောလိုက်သည်။ "ငါတို့အကုန်လုံး ကောင်းကောင်းလေ့ကျင့်ရမယ်။ဒါမှ ဂိုဏ်းကပိုပြီး အားကောင်းလာမှာ။ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေ ဖျက်ဆီးပစ်လို့မဖြစ်ဘူး။

"ကောင်းပါပြီ။"

တပည့်များအားလုံးသည် သံပြိုင်ပြောလိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် အဝင်ဝတွင် ဆောင့်ကြောင့်ထိုင်ပြီး အားရပါးရ ရယ်လျက်ရှိသည်။

တပည့်တစ်ရာကျော်တို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် စီစီရီရီရပ်၍ သူတို့၏ဂိုဏ်းချုပ်အား ကြည့်ရှုလျက်ရှိသည်။ မြင်ကွင်းမှာ တော်တော်ကြောင်တောင်တောင်နိုင်လှ၏။

အားရပါးရရယ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် နောက်ဆုံးမှာတော့ တည်ငြိမ်သွားခဲ့သည်။

သူသည် အားအင်တိုးတက်ခြင်း အဆောင်ဆိုသည့်နေရာအား တစ်ချက်ကြည့်၍ အသုံးပြုပုံများအား ကြည့်ရှုလိုက်၏။

သူ၏အမူအရာတစ်ခုလုံးသည် အေးခဲသွားသည်။

ပစ္စည်းမိတ်ဆက်အား ရေးသားထားသည်မှာ ဤပစ္စည်းအား ချိုးချေလိုက်မည်ဆိုလျှင် တစ်စုံတစ်ယောက်၏အားအင်အဆင့်သည် နှစ်ဆပို၍ တိုးသွားပေလိမ့်မည်။

"မဟုတ်ဘူး စတိုးဆိုင်မှာဝယ်ခဲ့တဲ့အရာက အားအင်အဆင့်ကို ငါးဆတောင် ပိုပြီးတိုးစေတယ်။ဒါပေမဲ့ ဒီဟာက ဘာလို့နှစ်ဆပဲ တိုးတာလဲ။"

စနစ်မှပြောလိုက်သည်။

"ဒါက အားအင်တိုးစေတဲ့အဆကို လျော့ကျသွားတယ်ဆိုပေမယ့် အသုံးပြုနိုင်ချိန်ကတော့ တိုးမြင့်သွားတယ်။ဘာ ဘေးထွက်ဆိုးကျိုးမှ မရှိပဲနဲ့ တစ်ရာ့နှစ်ဆယ်မိနစ်တောင် ခံနိုင်တယ်။"

ကျွင်းချောင်ရှောင်းသည် လဲပြိုတော့မလိုပင် ဖြစ်သွား၏။

သူ့အနေနှင့် ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် အားအင်တိုးတက်ခြင်း၏ အဆကိုသာ ပို၍တိုးပွားအောင် လိုချင်မိ၏။

အသုံးပြုချိန်နည်းလျှင်လည်း ကိစ္စမရှိဘူး။ ထို့အပြင် သူသည်သာ အလွန်တရာ အားကောင်းသွားမည်ဆိုလျှင် ရန်သူအား မိနစ်အနည်းငယ် သို့မဟုတ် စက္ကန့်အနည်းငယ်အတွင်း သတ်ဖြတ်၍ ရသည်မဟုတ်လား။

စနစ်မှပြောလိုက်သည်။ "လက်ခံသူအနေနဲ့ ဘာဂိုဏ်းစုဆောင်းအမှတ်ကိုမှ အသုံးပြုစရာ မလိုဘူး။ဒါကိုတောင် စိတ်မကျေနပ်သေးဘူးလား။"

"စိတ်ကျေနပ်ပါတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျေနပ်ပါတယ် … ကျေနပ်ပါတယ်။"

မည်သည့် ဂိုဏ်းစုဆောင်းမှတ်ကိုမှ အသုံးမပြုရဘူးဆိုသော်လည်း တကယ်တမ်းတွင် အားအင်တိုးတက်မှုအဆောင်သည် အားအင်၏ သုံးဆယ်ရာခိုင်နှုန်းကနေ ငါးဆယ်ရာခိုင်နှုန်းအထိ တိုးတက်မည်ဆိုလျှင် ပို၍ ကောင်းပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ သူ့အနေနှင့် များများစားစား ထုတ်လုပ်ပြီး တပည့်များအား သူပေးနိုင်သည်။

ထိုသို့ဆိုလျှင် တပည့်များအနေနှင့် အားကောင်းလှသော ရန်သူ သို့မဟုတ် အန္တရာယ်များနှင့် တွေ့ဆုံရမည်ဆိုလျှင် ဤအရာကို ချိုးဖျက်၍ အသုံးပြုနိုင်စွမ်းရှိ၏။

ကျွင်းချောင်ရှောင်း သေချာကြည့်လိုက်သည်။

"လိုအပ်သည့် ပစ္စည်းများမှာ - အဆင့်ကိုးအလယ်အလတ်အဆင့် သလင်းအမြုတေ - ဝ/၂၊အဆင့်ကိုး အဆင့်နိမ့် သလင်းအမြုတေ -ဝ/၂၀၊"

အဆင့်ကိုး အလယ်အလတ်အဆင့် သလင်းအမြုတေများသည် အလွန်တရာ ဈေးကြီးလှ၏။ ထို့အပြင် အောက်မှာတော့ “ဖြည့်စွက်ထည့်သွင်းရမည့်ပစ္စည်း - အဆင့်နိမ့် ပြန်လည်ကောင်းမွန်ခြင်းဆေး" ဆိုသည့်စာတမ်းအား မြင်လိုက်ရ၏။

ကျွင်းချောင်ရှောင်း ကြောင်သွား၏။

"အဆောင်ကို ပြုလုပ်ဖို့အတွက် သလင်းအမြုတေတွေ အသုံးပြုရတယ်ဆိုတာ ငါနားလည်ပါတယ်။ဒါပေမဲ့ ဘယ်လိုကိစ္စကြောင့် သောက်ကျိုးနည်း ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဆိုတဲ့အရာက ပါလာရတာတုန်း။"

စနစ်က ရှင်းပြလိုက်သည်။

" အဆောင်ခန်းမဆောင်မှာ သန့်စင်တဲ့ပစ္စည်းတွေဆိုတာက သိပ္ပံနည်းကျ ဆက်စပ်နေတာလေ။ ပြန်လည်ကောင်းမွန်ခြင်း ဆေးနဲ့ အားအင်တိုးတက်ခြင်းအဆောင်တွေ တစ်ခုနဲ့တစ်ခုက သိပ္ပံနည်းကျ ဆက်စပ်နေတာလည်း ဖြစ်နိုင်တယ်။"

"ပေါက်ကရ …… ငါ့ကိုဘာမှမသိဘူးဆိုပြီးတော့ လျှောက်ပြောနေတာလား။"

ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆောင်ဆိုသည့်အရာအား နှိပ်ကြည့်လိုက်၏။

ဤအရာမှာတော့ စတိုးတွင်ဝယ်ယူ၍ ရရှိနိုင်သည့် အသိအမြင်အဆောင်နှင့် မခြားနားပေ။

လိုအပ်သည့်ပစ္စည်းများမှာ - အဆင့်ကိုး အလယ်အလတ်အဆင့် သလင်းအမြုတေ ငါးခု၊အဆင့်တစ် အလယ်အလတ်အဆင့် သလင်းအမြုတေဆယ်ခုနှင့် နောက်ဆုံးမှာတော့ ဖြည့်စွက်ပစ္စည်းဖြစ်သည့် အဆင့်နိမ့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး တစ်လုံးဟူ၍ ရေးသားထားသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းပေါ်ရှိ ဆံပင်အား ဖမ်းဆုပ်ပြီး ဒေါသတကြီးပြောလိုက်၏။

"ဒါကလည်း သိပ္ပံနည်းကျ ဆက်စပ်တယ်လို့ ဆိုလိုတာလား။"

"ဟုတ်ပါတယ်။"

"..."

ကျွင်းချောင်ရှောင်း သွေးအန်လုမတတ်ဖြစ်သွား၏။

ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို အသုံးပြု၍ ခန္ဓာကိုယ်အား ပိုကောင်းမွန်စေလိမ့်မည်။

သို့ပေမဲ့ အဘယ့်ကြောင့် အသိအမြင်အဆောင်နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ဆက်စပ်နေသည် ဆိုသည်ကို သူစဉ်းစား၍ မရချေ။

မည်ကဲ့သို့ သိပ္ပံနည်းကျ ဆက်စပ်နေသည် သိရှိသူများရှိလျှင် သူ့အား ပြောပြပေးပါ။

"ဟူး …."

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်ပြီး စိတ်ကိုထိန်းသိမ်းလိုက်၏။

ပြီးနောက် အမြန်နှုန်းအဆောင်အား ဖွင့်ကြည့်လိုက်၏။ ထင်မှတ်ထားသည့်အတိုင်းပင် ပစ္စည်းလေးမျိုး ပါဝင်နေသည်။

"လေဓာတ်သဘာဝ အဆင့်ငါး သလင်းအမြုတေတစ်ခု၊ အဆင့်တစ် လေဓာတ်သဘာဝ သလင်းအမြုတေနှစ်ခု၊ အဆင့်ကိုး လေဓာတ်သဘာဝ သလင်းအမြုတေ ငါးခု၊ ဖြည့်စွက်ပစ္စည်း ချီလေပွေဆေး"

ဟုတ်ပေသည်။ ဤအရာမှာတော့ အနည်းငယ် ဆက်စပ်နေ၏။

သူ့အနေနှင့် ထိုသို့ အနည်းငယ် ဆက်စပ်နေသည်ဆိုလျှင် နားလည်ပေနိုင်သည်။

အဆောင်သုံးခုကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အဆောင်ကို ပြုလုပ်ရန် အဓိကပါဝင်ပစ္စည်းများသည် သလင်းအမြုတေများဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်သွား၏။

အထူးသဖြင့် အမြန်နှုန်းအဆောင်ပင် ဖြစ်သည်။

သလင်းအမြုတေသုံးခုလုံးသည် လေဓာတ်သဘာဝ သလင်းအမြုတေများ ဖြစ်လေသည်။ အလွန်တရာ ရှာဖွေရန်လည်း ခက်ခဲလှ၏။

သို့ပေမဲ့ ကောင်းကင်က ငြင်းပယ်ရလောက်သည့် အမြန်နှုန်းကို ပိုင်ဆိုင်ဖို့အတွက် လွယ်လွယ်ကူကူ သန့်စင်နိုင်သည်ဆိုလျှင် မည်ကဲ့သို့ အဓိပ္ပာယ်ရှိမည်နည်း။

"ငါ အားအင်တိုးတက်ခြင်းအဆောင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်နိုင်ပြီ။ပြီးတော့ များများစားစား ထုတ်ထားရမယ်။"

အသိအမြင်အဆောင်အတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူရန် လိုအပ်နေသေး၏။

သို့ပေမဲ့ ဤအရာသည် စတိုးထဲရှိ တိုက်ခိုက်ရေး နည်းစနစ်များကို နားလည်ရန် အသုံးမပြုနိုင်ချေ။ ထို့ကြောင့် သူ့အနေနှင့် သိပ်ပြီး အသုံးဝင်သည်မဟုတ်ပေ။ အနည်းငယ်လောက် သန့်စင်ထားနိုင်ရင် အဆင်ပြေသည်။

အမြန်နှုန်းအဆောင်အတွက်တော့ ကျွင်းချောင်ရှောင်းသည် ဖြစ်နိုင်ရင် များများစားစား လိုချင်မိ၏။ သို့ပေမဲ့ သူ့အထင်အရဆိုလျှင် ချင်းယန်နိုင်ငံ၏ မြို့ရှစ်မြို့လုံးတွင် လေဓာတ်သဘာဝရှိသော သလင်းအမြုတေများ များများစားစား ရှိလိမ့်မည်မဟုတ်ပေ။

"ဟုတ်ပြီ။"

တစ်စုံတစ်ခုကို တွေးပြီးသည့်နောက် သူမေးလိုက်၏။ "လေပွေဝံပုလွေတွေရဲ့ သလင်းအမြုတေက လေဓာတ်သဘာဝရှိတယ်မဟုတ်လား။"

"ဟုတ်တယ်လေ။"

စနစ်မှပြောလိုက်၏။

"အား …. အား " ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးနှင့် သူ၏ခေါင်းနှင့် ခန်းမထဲရှိတိုင်အား တဒိုင်းဒိုင်းနှင့် တိုက်လျက်ရှိ၏။

သူသည် သေမင်းတောင်ကြားထဲတွင် များပြားလှသော လေပွေဝံပုလွေများကို သတ်ဖြတ်ခဲ့၏။

ဤအရာများကို အိုက်ရှန်းရီ ထံသို့ ရောင်းချလိုက်သည် ဆိုသော်လည်း မီးနဂါးလေး သန္ဓေပြောင်းစေရန်အတွက် ပြန်လည်ဝယ်ယူခဲ့သည်။

"ငါ့အပြစ်ပဲ … ငါ့အပြစ်ပဲ။ ငါက သန္ဓေပြောင်းဖို ရည်ရွယ်ချက်နဲ့ အကုန်လုံးကို သုံးဖြုန်းခဲ့တာပဲ။"

ရှိရှိသမျှသော သလင်းအမြုတေများအားလုံးသည် မီးနဂါးလေးသန္ဓေပြောင်းစေရန်အတွက် အသုံးပြုခဲ့ရ၏။

ထို့ကြောင့် ကျွင်းချောင်ရှောငသည် ချင်းယန်နိုင်ငံသို့ လူကိုယ်တိုင်သွားရန် စဉ်းစား ဆုံးဖြတ်လိုက်မိ၏။

ထင်မှတ်ထားသည့်အတိုင်းပင် သလင်းအမြုတေရောင်းချသောဆိုင်များတွင် လေဓာတ်သဘာဝရှိသော သလင်းအမြုတေဟူ၍ တစ်ခုမှပင်မရှိပေ။

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ခါရမ်းလိုက်မိ၏။

ပြီးနောက် သူသည် တစ်ခြားသောအဆောင်အတွက် လိုအပ်သည့်ပစ္စည်းများ ရွေးချယ်၍ ဝယ်ယူလိုက်သည်။ ထို့အပြင် စွမ်းအင်တိုးတက်ခြင်းအဆောင်ဆယ်ခုစာနှင့် အသိအမြင်အဆောင် နှစ်ခုစာအတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခဲ့၏။

"ဘယ်လောက်ကျလဲ။"

"ငါးသန်းပါ။"

သန်းတစ်ရာလောက် လက်ထဲတွင်ရှိနေသော ဂိုဏ်းချုပ်ကျွင်းသည် ဤမျှပိုက်ဆံကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။ ထို့ကြောင့် သူ ချက်ချင်းဝယ်ယူ၍ ဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။

လမ်းမှာတော့ သူသည် ခလုတ်တစ်ချက်နှိပ်၍ အဆောင်ခန်းမဆောင်အား အသက်သွင်းလိုက်တော့၏။ သို့ပေမဲ့ ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ အဆောင်တစ်ခုမှ မသန့်စင်နိုင်ခဲ့သေးချေ။

အဆောင်ခန်းမဆောင်၏ကြာချိန်သည် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးထပ်ပင် ပို၍ ကြာမြင့်နေသေး၏။

ကျွင်းချောင်ရှောင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။

"အဆောင်ရဲ့တန်ဖိုးက အရမ်းကြီးမားတယ်လေ။ဒါ့ကြောင့် နှေးကွေးတယ်ဆိုတာကို နားလည်ပေးရမယ်။"

စာကြည့်ခန်းထဲတွင် ထိုင်ပြီးသည့်နောက် သူသည် စတိုးအားဖွင့်လိုက်၏။ သူသည် ပိုလျှံနေသော နှစ်ရာ့နှစ်မှတ်ကား အသုံးပြု၍ စတိုးဆိုင်တွင် refreshလုပ်ရင် ကောင်းမလား သို့မဟုတ် အလယ်အလတ်စတိုးဆိုင်တွင် ဝယ်ယူရင်ကောင်းမလားဟု ဆုံးဖြတ်လိုက်သည်။

"ထားလိုက်တော့ အလယ်အလတ်စတိုးမှာရှိတဲ့ ပစ္စည်းတွေက အရမ်းဈေးကြီးတယ်။ငါ အရင်ဆုံး refreshလုပ်လိုက်ပဲ ကောင်းမယ်။ကံကောင်းမယ်ဆိုရင် ….. "

တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် စဦးစတိုးအား refreshလုပ်လိုက်ပြီဖြစ်၏။ ပထမဆုံး သူ၏မြင်ကွင်းထဲတွင် ဝင်လာသည့်အရာမှာ အစီအရင် တိုးတက်ခြင်းအရာဝတ္ထုဖြစ်၏။ သူသည် အသေးစိတ်အား နှိပ်၍ ကြည့်လိုက်၏။

"ပစ္စည်းအမျိုးအစား - အစီအရင်တိုးတက်ခြင်း"

"ဖော်ပြချက် - မည်သည့်အစီအရင်ကိုမဆိုပိုမို အားကောင်းစေသော ရတနာတစ်ခုဖြစ်သည်။"

"အကျိုးသက်ရောက်မှု - အကာအကွယ်အဆောင်ဆိုလျှင် ငါးဆယ်ရာခိုင်နှုန်းပိုမိုအားကောင်းစေပြီး တိုက်ခိုက်ရေးအဆောင်ဆိုလျှင် နှစ်ဆယ်ရာခိုင်နှုန်း ပိုမိုအားတိုးစေသည်။စိတ်ဝိညာဉ်စွမ်းအင်နှင့် ပတ်သက်သည့်အဆောင်ဆိုလျှင် တစ်ရာ ရာခိုင်နှုန်း ပိုမိုတိုးတက်စေလိမ့်မည်။"

"အားနည်းချက် - စတိုးဆိုင်ထဲတွင် ဝယ်ယူရရှိခဲ့သော စဦးအဆင့် အစီအရင်များအတွက်သာ အသုံးပြု၍ ရနိုင်သည်။"

"ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ်နှစ်ရာ"

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ လင်းလက်သွား၏။

"ငါ့ဆီမှာ စဦးအဆင့် အစီအရင်တွေနဲ့ ဂိုဏ်းအကာအကွယ် အစီအရင်တွေ ရှိတယ်။ဒီအရာက အားအင်ကို တိုးတက်စေတယ်ဆိုတော့ ဝယ်ယူဖို့အတွက် ကြယ်ငါးပွင့်အဆင့် သတ်မှတ်လိုက်မယ်။"

စနစ် "......"

လက်ခံသူသည် မည်ကဲ့သို့ မေးမြန်းရမည်ကို သိရှိရုံတွင်မက သူ၏စကားအား မည်ကဲ့သို့ ခိုးယူပြောဆိုရမည် ဆိုသည်ကိုပါ သင်ယူတတ်မြောက်ခဲ့ပြီဖြစ်သည်။

All Chapters