အခန်း (၂၇၀)
Vol. 19 Ch. 270
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်နှစ်ရာအား အသုံးပြု၍ အစီအရင် တိုးတက်စေခြင်း ပစ္စည်းအား ဝယ်ယူလိုက်၏။
ထိုအရာဖြင့် သူသည် တပည့်များအတွက် စီစဉ်ပေးထားသော စိတ်ဝိညာဉ်ချီ အစီအရင်အား အားကောင်းအောင် ပြုလုပ်နိုင်ပြီး တစ်ရာရာခိုင်နှုန်း ပိုမိုအားကောင်းသည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်။
ဂိုဏ်းထဲ၌ တပည့်များသည် များပြားစွာရှိနေသည် ဖြစ်သောကြောင့် စိတ်ဝိညာဉ် စုဆောင်းခြင်းဆေးလုံးများ၊ ချီစုစည်းခြင်း ဆေးလုံးများဖြင့် ထောက်ပံ့ပေးလျှင်တောင်မှ လုံလောက်မှုမရှိပေ။ ထို့ကြောင့် စိတ်ဝိညာဉ်အစီအရင်ထဲတွင် ဝင်ရောက်လေ့ကျင့်ခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်လိမ့်မည်။
ထို့အပြင် အစီအရင်အသက်သွင်းရန်အတွက် တစ်နေ့လျှင် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်သာ ကုန်ဆုံးသည် မဟုတ်လား။
"ဒွီ …"
ပစ္စည်းအား စိတ်ဝိညာဉ်အစီအရင်တွင် ထားရှိပြီးသည့်နောက်မှာတော့ အပြင်ကမ္ဘာထက် စိတ်ဝိညာဉ်အစီအရင်များ စုစည်းနိုင်မှုသည် သုံးဆလောက် ပိုမိုအားကောင်းသွားသည်။ တစ်ဆတိုးလာသည် မဟုတ်ပဲ နှစ်ဆအထိ တိုးတက်လာခြင်းဟု ဆိုရမည်။
ထို့ကြောင့် တပည့်များအနေနှင့် စိတ်ဝိညာဉ်ချီများကို မြန်မြန်ဆန်ဆန် ပိုမို၍ စုပ်ယူနိုင်ပေတော့မည်။
ကျွင်းချောင်ရှောင်းသည် စီစဉ်စရာ ရှိသည်များကို စီစဉ်ပေးခဲ့၏။
တပည်များသည် သူတို့၏ ခန္ဓာကိုယ်ကို ပိုမိုအားကောင်းစေရန် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် လေ့ကျင့်နေတုန်းမှာပဲ တစ်ချို့မှာတော့ စိတ်ဝိညာဉ်အစီအရင်ထဲသို့ ဝင်ရောက်၍ လေ့ကျင့်နေသည်။
အရာအားလုံး ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ သူတို့သည် စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်၍ သူတို့၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် နေ့စဉ်တိုင်းလိုလို စတင်၍ လေ့ကျင့်တော့၏။
စမ်းသပ်မှုမျှော်စင်၏ တတိယထပ်သို့ တက်ရောက်ရန်အတွက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဒုတိယထပ်တွင် နှစ်နာရီတိတိ လွယ်လွယ်ကူကူ ပြေးလွှားနိုင်နေမှလျှင် တက်ရန် စဉ်းစားထား၏။
လီချင်းယန်၊ရှောင်ကျီနှင့် ရီရှင်းချန်တို့အားလုံးသည် ပထမအဆင့်မှာတင် ကျင့်ကြံနေသေးသည်။
သူတို့သည် သူတို့၏ခန္ဓာကိုယ်အား အမြင့်ဆုံးအဆင့်အထိ တိုးတက်အောင် မပြုလုပ်နိုင်သေးလျှင် ဒုတိယထပ်ထိ မတက်ရောက်ရန်ပင် ဆုံးဖြတ်ထားကြ၏။
စုရှောင်မိုနှင့် လီဖေးတို့သည်မှာတော့ ဒုတိယထပ်တွင် ပိုမိုအားစိုက်ကာ လေ့ကျင့်နေသည်။ ထို့အပြင် ဒုတိယထပ်သည် သူတို့၏ လှုပ်ရှားမှု နည်းစနစ်များအား ပိုမို၍ အားကောင်းစေရန် အကူအညီဖြစ်စေသည် မဟုတ်လား။
စုန့်ရွှမ်ကျူး သည် ဂိုဏ်းတွင် တစ်လကြာ နေထိုင်ခဲ့ပြီးဖြစ်၏။
သူသည် စမ်းသပ်မှုမျှော်စင်အတွင်းသို့ ဝင်ရောက်ချင်သော်လည်း ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှာပဲ ဆက်လက်၍ ကျင့်ကြံနေသည်။ သူသည် အိပ်ရာထဲ လဲလျောင်းနေရာမှ ယခု မတ်တပ်ရပ်၍ ပြန်လည်လေ့ကျင့်နိုင်ပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်းတွင် ပြင်းပြင်းထန်ထန်နှင့် ကြိုးစားလျက်ရှိနေသည်။
သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ချိန်မှာတော့ ပါရမီရှင်ဆိုလျှင်ပင် တခြားသော ဂိုဏ်းသားများနှင့် ယှဉ်ပါက အားနည်းလျက်ရှိ၏။ တစ်စုံတစ်ယောက်သည် ပိုမိုအားကောင်းလာချင်သည်ဆိုလျှင် အဆက်မပြတ် ကြိုးစားမှ ဖြစ်ပေလိမ့်မည်။
နည်းနည်းလောက် အလေလိုက်လိုက်သည်နှင့် တစ်ဂိုဏ်းထဲအတူရှိနေကြသော တစ်ခြားသော ဂျူနီယာညီလေးများ၊ စီနီယာအစ်ကိုများ၏ ကျော်တက်ခြင်းကို ခံရမှာ သေချာ၏။
ရက်အနည်းလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ တပည့်များသည် ကျန်ရှိနေသေးသော ဂိုဏ်းတာဝန်များအား အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ကြပြီဖြစ်သည်။
ဂိုဏ်း၏အောင်မြင်မှုအမှတ်သည်လည်း ငါးရာမှတ်ဆီသို့ တိုးတက်သွားခဲ့သည်။
ဂိုဏ်း၏စုဆောင်းမှတ်သည် ထောင်နှစ်ရာရှစ်ဆယ့်ခုနစ်မှတ်ထိ ရောက်ရှိသွား၏။
"ငါဘာဝယ်ရမလဲ။"
"ချီစုစည်းခြင်းဆေးရည်က အကောင်းဆုံးလို့ ထင်တယ်။"
"အမှန်ပဲ။ငါတို့က အခုချိန်မှာ လက်နက်မလိုဘူး။ချီစုစည်းခြင်းဆေးလုံးတွေပဲ ဝယ်ကြတာပေါ့။"
များပြားလှသော တပည့်များသည် ဂိုဏ်းတာဝန်များကို ပြုလုပ်ပြီး ဂိုဏ်းစုဆောင်းမှတ်များကို ရရှိပြီးသည့်နောက်မှာတော့ ချီစုစည်းခြင်း ဆေးလုံးများကို ဝယ်ယူကြတော့၏။
သူတို့သည် ဂိုဏ်းမှပေးအပ်သော ချီစုစည်းခြင်းဆေးလုံးများ များများစားစား မရှိသောကြောင့် စိတ်ဝိညာဉ်ချီအစီအရင်နှင့် ဒုတိယအဆင့် ဤချီစုစည်းခြင်းဆေးလုံးအား အသုံးပြုမှသာ ဖြစ်ပေလိမ့်မည်။ ထိုမှသာသူတို့၏ ကျင့်ကြံခြင်းများသည် ပိုမို၍ တိုးတက်လာပေလိမ့်မည်။
ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ရောင်မုန့့်ယဉ် မှလွဲ၍ တပည့်သစ်လေးရာတို့သည် အဆင့်ဆယ်နှစ် စွမ်းအင်ဖွင့်ခြင်းအဆင့်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
တစ်ချို့သော တပည့်များသည် ချီလေပွေဆေးလုံးကို အသုံးပြု၍ သိုင်းတပည့်အဆင့်သို့ပင် ရောက်ရှိသွားကြသည်။
သူတို့သည် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ ရက်ငါးဆယ်လောက်ပင် ရှိသေး၏။
ဂိုဏ်းထဲသို့ ဝင်ရောက်ခါစက စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်သာရှိသော တပည့်များအားလုံးသည် လက်ရှိအချိန်တွင် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ်နှစ်သို့ ချိုးဖျက်ရောက်ရှိခဲ့ကြပြီဖြစ်သည်။
……
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အလွန်တရာကြီးမားသည်ဟု ဆိုရမည်ဖြစ်ပြီး တိုက်ကြီးဆယ့်နှစ်ခုအဖြစ် ခွဲခြားထား၏။
တိုက်ကြီးကိုးခုသည် တစ်ခုနှင့်တစ်ခုနှင့် ဆက်စပ်လျက်ရှိပြီး တစ်ခြားသုံးခုမှာတော့ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးနှင့် ခွဲခြားထားခြင်းခံရသည်။ တစ်ခုနှင့်တစ်ခု ထိတွေ့ခြင်းမရှိပေ။ လောကကြီးနှင့် သီးခြားတည်ရှိနေသလိုပင် ဖြစ်တည်နေသည်။
တိုက်ကြီးတစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိသလို တည်နေရာ အကျယ်အဝန်း မှာလည်း အမိကမ္ဘာမြေထက် ပိုမို၍ ကြီးမားလှ၏။
လွတ်လပ်သော ကမ္ဘာကြီးတစ်ခုလိုပင် ဖြစ်သည်။
တိုက်ကြီးအသီးသီးတွင် နိုင်ငံ၊မြို့နှင့် ရွာဟူ၍ ခွဲခြားထားကြ၏။
ဥပမာပြုရမည်ဆိုလျှင် နိုင်ငံများအသီးသီးရှိပြီး နိုင်ငံများထဲမှာတော့ လူဦးရေသည် ဆယ်သန်းထက် မိုများပြားလှသည်။
ချင်းယန်နိုင်ငံသည် အရှေ့တောင်ရန်ကျိုး၏ နိုင်ငံများထဲမှ အဆင့်ကိုး နိုင်ငံလေးတစ်ခုသာ ဖြစ်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုမဆိုနှင့် အရှေ့တောင်ရန်ကျိုးတစ်ခုထဲမှာတင် သူတို့သည် အောက်ခြေမှာရှိသော သေးမွှားလှသည့် နိုင်ငံလေးတစ်ခုသာ ဖြစ်သည်။
ပထဝီမြေအနေအထားကြောင့် အရှေ့တောင်ရန်ကျိုးသည် ကုန်းမြေတိုက်ကြီးကိုးခုတွင် အလွန်တရာ အားကောင်းသည်ဟု မသတ်မှတ်ကြပေ။ အလယ်အလတ်အဆင့်လောက်သာရှိ၏။
ရန်ကျိုးတွင်ရှိသော နိုင်ငံငယ်လေးများသည် ကိုယ်ပိုင်အုပ်ချုပ်မှုတည်ရှိကြ၏။ ထိုအထဲတွင် အားအကောင်းဆုံးမှာ တတိယအဆင့် ကောင်းကင်ဘုံအင်ပါယာနိုင်ငံပင်ဖြစ်သည်။ အဓိကမြို့မှာ ကောင်းကင်ဘုံအင်ပါယာမြို့ဖြစ်ပြီး အရှေ့တောင်ရန်ကျိုး၏ မြို့တော်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
နိုင်ငံများသည် မတူညီသည့်အဆင့်များဖြင့် ခွဲခြားထားသလိုပဲ မြို့များသည်လည်း ခွဲခြားထား၏။
အင်ပါယာမြို့အဆင့်ကို ရောက်ရှိဖို့ဆိုလျှင် အလုံးစုံ အားကောင်းရန်တင်မကဘဲ သိုင်းဘုရင်အဆင့် ကျင့်ကြံသူများ၏ အရေအတွက်နှင့်လည်း သက်ဆိုင်နေသည်။
အရှေ့တောင်ရန်ကျိုးထဲမှာရှိသော အခြားနိုင်ငံနှင့် မြို့များအားလုံးတွင်လည်း သိုင်းဘုရင်များ ရှိကြ၏။ သို့ပေမဲ့ သိုင်းဘုရင်အရေအတွက်သည် လိုအပ်ချက်နှင့်တော့ မကိုက်ညီပေ။ ထို့ကြောင့် အင်ပါယာမြို့ဟု မသတ်မှတ်ကြခြင်းဖြစ်၏။
အင်ပါယာမြို့၏ အထက်မှာတော့ နတ်မြို့ဟူ၍ ရှိသေး၏။
နာမည်များအတိုင်းပင် အင်ပါယာမြို့နှင့် နတ်မြို့များသည် လုံလောက်သည့် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူများ ရှိနေကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အင်ပါယာမြို့နှင့် နတ်မြို့များမှာ အလွန်တရာရှားပါးသည်ဟု ဆိုရဦးမည်ဖြစ်သည်။
အင်ပါယာမြို့များသည် ရှေးယခင်တုန်းက တစ်ကြိမ်သာပေါ်ခဲ့ပြီး နှစ်ပေါင်းတစ်သောင်းတွင်တစ်ခါ သတ်မှတ်ရမည့်မြို့များဟု ဆိုရမည်။
ရှေးဘိုးဘေးများ၏ သတ်မှတ်ခဲ့သော နည်းဥပဒေသများအရ အင်ပါယာမြို့ဟု ခေါ်ဆိုသောမြို့သည် အနည်းဆုံး သိုင်းအင်ပါယာ သုံးယောက်အထက် ရှိမှဖြစ်မည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လက်ရှိတွင် သိုင်းအင်ပါယာကိုးယောက်သာ ရှိ၏။
ထို့ကြောင့် မြို့တစ်မြို့ထဲတွင် သိုင်းအင်ပါယာသုံးယောက် စုစည်းနေဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
လိုရင်းကိုပြောရမည်ဆိုလျှင် အင်ပါယာမြို့၏ ဂိုဏ်းအသိအမှတ်ပြုဟောခန်းထဲမှာတော့ လက်ရှိအချိန်တွင် ဆံပင်အဖြူရောင် နှင့် အဘိုးအိုတစ်ယောက်သည် ဟောခန်း၏ ထိပ်ပိုင်းနေရာတွင် ထိုင်လျက်ရှိသည်။
သူသည် ပိန်လှီနေသော လက်ချောင်းများသည် ရှေ့ရှိစားပွဲအား တတောက်တောက်နှင့် ခေါက်လျက်ရှိ၏။
သူ့နာမည်သည် ရီထျန်းချန်ဖြစ်သည်။ သူသည် အရှေ့တောင်ရန်ကျိုး၏ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းခေါင်းဆောင်လည်းဖြစ်၏။
စားပွဲဝိုင်း၏ တစ်ဖက်တစ်ချက်စီမှာတော့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုလေးယောက် ထိုင်လျက်ရှိနေသည်။ ထိုသူများသည် ဂိုဏ်းအသိအမှတ်ပြုဟောခန်း၏ အကြီးအကဲများဖြစ်၏။
သူတို့၏မျက်လုံးများသည် မှေးမှိန်နေကြသည်ဖြစ်သော်လည်း အလွန်တရာ အားကောင်းသည့် အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူများသည် အလွန်တရာ ကျွမ်းကျင်သောလူများဖြစ်ကြောင်း သိနိုင်၏။
"အားလုံးပဲ။"
ထိုအချိန်မှာတော့ ရီထျန်းချန်က ပြောလိုက်၏။ "ချင်းယန်နိုင်ငံရဲ့စာရေးကျိုး ပို့လွှတ်လိုက်တဲ့သတင်းကို ဘယ်လိုထင်ကြလဲ။"
အကြီးအကဲတစ်ယောက်ကပြောလိုက်သည်။
"မယုံကြည်နိုင်စရာပဲ။အဆင့်ကိုးနိုင်ငံမှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက ဒီလိုမျိုး ကောင်းမွန်တဲ့ သုံးသပ်ချက်မျိုး ရရှိတယ်ဆိုတာက မယုံနိုင်စရာ တကယ်ကောင်းတယ်။"
တစ်ခြားသော လူတစ်ယောက်က ပြောလိုက်၏။ "ဒီလိုမျိုး အလားအလာရှိတယ်လို့ သတ်မှတ်ခံရတဲ့ အဆင့်ကိုးနိုင်ငံရဲ့ဂိုဏ်းကို တစ်ခါမှ မမြင်ဖူးဘူး။ဒီနေရာမှာ အကြီးအကဲအဖြစ်ရောက်တာ ကျုပ်ကတော်တော်ကြာပြီလေ။"
သူက ခဏရပ်တန့်ကာပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက အဆင့်ရှစ်ကနေ အဆင့်ခုနစ်ကို အခုမှ ဝင်ရောက်ခါစပဲရှိသေးတယ်။"
တစ်ခြားသော အကြီးအကဲက မေးလိုက်သည်။ "ဒါဆိုရင် မှားပြီးသုံးသပ်မိတာလား။"
"ကျိုးရှစ်မင်က ချင်းယန်မြို့ရဲ့ စာရေးအဖြစ်လုပ်နေတာ နှစ်ပေါင်းသုံးဆယ်ကနေ ငါးဆယ်အထိရှိပြီ။"
သူ့ဘေးတွင်ရှိသော အကြီးအကဲက ပြောလိုက်သည်။ "သူက အရမ်းကြီးတော်ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုမျိုးတွေ ရရှိတာမရှိပေမယ့် သူ့အလုပ်နဲ့ ပတ်သက်ပြီး ဇွဲကောင်းကောင်းနဲ့ လုပ်တတ်တယ်။ဒီတော့ အမှားအယွင်းမရှိနိုင်ဘူး။"
"အကြီးအကဲကျိုး …. ဒီအဘိုးကြီးက သေချာမှတ်မိမယ်ဆိုရင် ခင်ဗျားက ကျိုးရှစ်မင်ကို ရာထူးပေးခဲ့တဲ့လူမလား။" အကြီးအကဲတစ်ယောက်က ရယ်လိုက်၏။
အကြီးအကဲကျိုးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "အကြီးအကဲချန် .. ခင်ဗျားဘာကိုဆိုလိုတာလဲ။"
အကြီးအကဲချန် ပြောလိုက်၏။ "ကြည့်ရတာ ကျိုးရှစ်မင်က ခွင့်ပြုချက်မရှိဘဲ ချင်းယန်နိုင်ငံရဲ့ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့နဲ့ သဘောတူညီချက် ပြုလုပ်ခဲ့ပုံပေါ်တယ်။သူက မဟာမိတ်အဖွဲ့ရဲ့ အသိအမှတ်ပြုမှုတွေကို ထောက်ပံ့ပေးတယ်။ဒါက တကယ့်ကို တရားလွန်လွန်းတယ်။"
ချင်းယန်နိုင်ငံတွင် စာရေးကျိုးပြုလုပ်ခဲ့သည့် အရာများအားလုံးသည် အကြီးအကဲများ၏ နားထဲသို့ ရောက်ရှိခဲ့၏။
အကြီးအကဲကျိုး၏မျက်နှာသည် ပျက်ယွင်းသွားသည်။
သူသည် ကျိုးရှစ်မင် အား ရာထူးပေးခဲ့သူလည်းဖြစ်၏။ ဤကိစ္စဖြစ်ပွားလာသည်ဆိုလျှင် သူသည်လည်း ကျိန်းသေပေါက် ဒုက္ခရောက်တော့မှာဖြစ်၏။ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာရမည်မဟုတ်လား။
စာရေးကျိုး၏ဦးနှောက်သည် မြင်းကန်ခံလိုက်ရသည်လား။
အဘယ့်ကြောင့် ခွင့်ပြုချက်မရှိဘဲ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နှင့် သဘောတူညီချက် ပြုလုပ်ရသနည်း။
အကြီးအကဲချန်၏ စကားများသည် ဟောခန်းတစ်ခုလုံးကို လေးနက်သွားစေ၏။
တစ်ခြားသော အကြီးအကဲနှစ်ယောက်သည် မည်သည့်စကားကိုမှ မဆိုချေ။
အကြီးအကဲကျိုးနှင့် အကြီးအကဲချန် တိြ့သည် တစ်ယောက်နှင့်တစ်ယောက် တည့်လှသည့်သူများ မဟုတ်ပေ။ ထို့ကြောင့် ဆွေးနွေးနေရင်း ငြင်းခုန်ကြသည်မှာ သာမန်လိုပင်ဖြစ်နေ၏။
ရီထျန်းချန်ပြောလိုက်၏။ "အခုက အလုပ်ကိစ္စဆွေးနွေးနေတာ ကျိုးရှစ်မင်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်မှပဲ ပြောကြတာပေါ့။"
အကြီးအကဲကျန်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။
"လေ့ကျင့်ရေးဟောခန်းရဲ့ခေါင်းဆောင် အကြီးအကဲချန်က ဒီလိုအမှိုက်သရိုက် လို လာဘ်စားသူကို ရာထူးပေးခဲ့သူနော်။ ဒီတော့ သံမဏိအရိုးဂိုဏ်းအတွက် စာရေးကျိုးလို လူရဲ့သုံးသပ်ချက်ဆိုတာ အလကားဖြစ်လိမ့်မယ်။"
"အကြီးအကဲချန်"
အကြီးအကဲကျိုးသည် ထူးမခြားနားသလိုပြောလိုက်၏။
"သက်သေမရှိဘဲနဲ့ ပေါက်တက်ကရတွေလျှောက်မပြောပါနဲ့။စာရေးကျိုးက သူ့ရဲ့တာဝန်အပေါ်မှာ ဘယ်လောက်ထိဇွဲရှိရှိနဲ့ လုပ်ကိုင်တယ်ဆိုတာ အားလုံးအသိပဲ"
"ဟမ့်"
အကြီးအကဲကျန်းပြောလိုက်၏။
"ကျိုးရှစ်မင်က ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်မဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ခဲ့သေးတယ်။သူက သူ့တာဝန်နဲ့ပတ်သက်ပြီး သေသေချာချာ ဇွဲကောင်းကောင်း နဲ့ လုပ်ကိုင်တတ်တယ် ဆိုတာကို ယုံကြည်တယ်ဆိုပေမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာ ကတော့ မဟုတ်သေးဘူး။"
သို့ပေမဲ့ သူဘာမှမပြောရသေးခင်မှာပဲ ရီထျန်းချန်ပြောလိုက်၏။ "ချင်းယန်နိုင်ငံကို လူတစ်ယောက်ကိုလွှတ်ပြီး စုံစမ်းလိုက်မယ်။ဒီလောက်ဆိုလုံလောက်ပြီ မဟုတ်လား။"
"ကောင်းပါပြီ။"
တစ်လျှောက်လုံး ငြိမ်ကြည့်နေသော အကြီးအကဲတစ်ယောက်က ပြောလိုက်၏။ "ဌာနချုပ်က တစ်စုံတစ်ယောက်ကို လွှတ်ပြီးတော့ ကြည့်ခိုင်းလိုက်တာ ပိုပြီးတရားမျှတမယ်လို့ထင်တယ်။"
အကြီးအကဲကျိုး ပြောလိုက်သည်။ "ခေါင်းဆောင် ကျုပ်သွားပါရစေ။"
"ကျုပ်လည်းသွားမယ်။" အကြီးအကဲချန် ပြောလိုက်၏။
တစ်ခြားသော အကြီးအကဲနှစ်ယောက်သည် ခေါင်းခါရမ်းလိုက်သည်။
ဌာနချုပ်ဆီမှ အကြီးအကဲနှစ်ယောက်အား စေလွှတ်၍ အဆင့်ကိုးနိုင်ငံတစ်ခု၏ ဂိုဏ်းတစ်ခုအား စစ်ဆေးခြင်းဆိုသည်မှာ တကယ့်ကိုပင် ကြီးကျယ်ခမ်းနားလှသည့် ကိစ္စတစ်ခုပင် ဖြစ်နေပြီဖြစ်၏။