← Chapters

အခန်း (၂၇၁)

Vol. 19 Ch. 271

အခန်း (၂၇၁)

Vol. 19 Ch. 271

သံမဏိအရိုးတောင်အား အောက်ခြေမှ မော့၍ ကြည့်လိုက်မည်ဆိုလျှင် တောင်၏ ထိပ်တစ်ခုလုံးမှာ တိမ်များ ၊ မြူများကြားတွင် ရောက်ရှိနေသည်ကို မြင်ရမည်ဖြစ်၏။

အမှန်တကယ်တမ်းမှာတော့ ထိုအရာသည် ဆေးပင်ပေါင်း နှစ်သိန်းကျော်ပွင့်လန်းလာသောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာခြင်းပင် ဖြစ်သည်။

ဂိုဏ်းကြီးများနှင့် မယှဉ်နိုင်ဘူးဆိုသော်လည်း ကောင်းမွန်လှသည့် အခြေခံ အချက်များ ဖြစ်လာသည်ဆိုသည်မှာတော့ သံသယရှိစရာမလိုပေ။

"ဂိုဏ်းချုပ်"

ကျောက်တုံးကြီးတစ်တုံးပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော အကြီးအကဲဝေသည် ရှည်လျားလှသော တောင်တန်းကြီးအား လက်ညိုးထိုးပြကာ ပြောလိုက်သည်။

"ဒီနေရာမှာ ဆေးပင်တွေကို ဆက်ပြီးတော့ စိုက်မယ်ဆိုရင် သံမဏိအရိုးဂိုဏ်းက ကျိန်းသေပေါက် စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါများတဲ့ ရတနာတောင်ကြီးတစ်ခု ဖြစ်သွားမှာပဲ။"

"ကျွန်တော်တို့အနေနဲ့ ပိုက်ဆံတွေ သုံးဖို့ လိုအပ်တယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အကြီးအကဲဝေ ပြောလိုက်၏။ "ရင်းနှီးမြုပ်နှံမှု မရှိဘဲ တိုးတက်လာတဲ့ တည်နေရာဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ။ပြီးတော့ သံမဏိအရိုးတောင်က လက်ရှိမှာ စိတ်ဝိညာဉ်စွမ်းအင်တွေကို ဖြစ်တည်နေပြီ။စိုက်ပျိုးထားတဲ့ ဆေးပင်တွေရဲ့ စွမ်းအင်တွေကလည်း အလွန်အားကောင်းတယ်။ထိုအရာတွေကို အသုံးပြုပြီးတော့ ဆေးလုံးတွေ ဖော်စပ်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အကျိုးရလာဒ်ကို ရမှာပဲ။"

"ဒါ အဓိပ္ပာယ်ရှိတယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "မျိုးစေ့တွေကို ကျုပ် ဆက်ပြီးတော့ ဝယ်လိုက်မယ်။ဒါတွေကို စိုက်ပျိုးဖို့အတွက်တော့ အကြီးအကဲဝေနဲ့ ဆေးခန်းမဆောင်က လူတွေကိုပဲ ဒုက္ခပေးရတော့မှာပဲ။"

"ဒါက ကျုပ်ရဲ့ တာဝန်အစိတ်အပိုင်း တစ်ခုပါပဲ။" အကြီးအကဲဝေ ပြောလိုက်သည်။

သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ သူသည် ဆေးဟောခန်းသခင် ဖြစ်လာခဲ့၏။ ထို့ကြောင့် သူ လုပ်သမျှ အရာအားလုံးသည် ဂိုဏ်းအတွက်ပင် ဖြစ်ပေတော့၏။

"ဘယ်အချိန်မှာ ဆေးပင်တွေကို ရိတ်သိမ်းလို့ ရပြီလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

အကြီးအကဲဝေ ပြောလိုက်သည်။ "နောက်ထပ် နှစ်ရက်လောက်စောင့်ပါအုံး။ ဒါဆိုရင် ကောင်းကင်နဲ့ မြေကြီးမှာ ရှိတဲ့ ဓာတ်သဘာဝတွေကို ပိုပြီးတော့ စုပ်ယူနိုင်မှာပဲ။"

"ကောင်းပါပြီ။"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ကိစ္စများအားလုံးကို လီချင်းယန်နှင့် လွှဲအပ်၍ ဟူရန်မြို့ဆီသို့ သွားကာ အိုက်မိသားစုဆီမှ ဆေးပင်ပေါင်း လေးသိန်းကျော်ကို တစ်ထိုင်တည်း ဝယ်ယူလိုက်၏။

"မိသားစုခေါင်းဆောင်"

အိုက်ရှန်းကီ ဇဝေဇဝါဖြစ်သွား၏။ "ဂိုဏ်းချုပ်ကျွင်းက ဒီလောက်များပြားတဲ့ မျိုးစေ့တွေကို ဝယ်တာ ဒါတွေ အကုန်လုံးကို စိုက်မလို့လား။"

"ငါ့အထင်မမှားဘူးဆိုရင်။"

အိုက်ရှန်းရီ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ဒီမျိုးစေ့တွေ အားလုံးကို ဝယ်ယူပြီးတော့ ဒီသံမဏိအရိုးတောင်တစ်ခုလုံးမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ တိုးတက်လာအောင် စိုက်ပျိုးမယ်နဲ့တူတယ်။"

စိတ်ဝိညာဉ်အမျိုးအစား ဆေးပင်တွေကို စိုက်ပျိုးခြင်းဆိုသည်မှာ တောင်၏ တည်နေရာပတ်ဝန်းကျင်တစ်ခုလုံး၏ ဓာတ်သဘာဝတွေ ပိုမိုတိုးတက်စေရန် ဖြစ်ကြောင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ လူများအားလုံး သိရှိပြီးဖြစ်၏။

အီုက်ရှန်းကီ ဆွံ့အသွား၏။

"ဒီ အမည်မဲ့တဲ့ တောင်ကြီးက စိတ်ဝိညာဉ်စွမ်းအင်တွေ မရှိသလောက်ပဲလေ။ဒီလောက်အများကြီး သုံးပြီးတော့ ပြန်လည်ပြုပြင်မဲ့အစား တစ်ခြားတောင်တစ်ခုခုကို ရွေးလိုက်တာ မကောင်းဘူးလား။"

"ထိအရာသည် အမှန်ပင်ဖြစ်၏။

ပိုက်ဆံများ အသုံးပြု၍ အသွင်ပြောင်းရန် ကြိုးစားနေမည့်အစား အခြားသော တောင်တစ်ခုကို ရွေးချယ်လိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

စိတ်ဝိညာဉ်စွမ်းအင်များ အားနည်းနေသည်ဆိုလျှင်တောင်မှ သံမဏိအရိုးတောင်ထက်တော့ ပို၍ အားကောင်းပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည်လည်း ထိုအချက်ကို ကောင်းကောင်းသိ၏။

သို့ပေမဲ့ သူသည် အဆင့်ကိုးနိုင်ငံအတွင်းရှိ အဆင့်ကိုး ဂိုဏ်းတစ်ခုအား စတင်၍ ဦးဆောင်ရခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဟု သတ်မှတ်ထားခဲ့သည်။ ပြိုင်စံရှားဂိုဏ်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း တိုးတက်သွားအောင် သူ ပြုလုပ်ချင်သည်။

စနစ်သည် ထိုအတွေးကို သိရှိပြီးနောက် ပြောလိုက်၏။ "လက်ခံသူက ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ။"

ရက်အနည်းငယ်လောက် ကြာပြီးသည့်နောက်မှာတော့ အကြီးအကဲဝေသည် ရင့်မှည့် ပြီးသား ဆေးပင်ပေါင်း နှစ်သိန်းကို စုစည်းပြီးဖြစ်၏။

ထိုအရာများကို ရရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချီစုစည်းခြင်း ဆေးလုံးပေါင်း သုံးသိန်းကျော်ကို သန့်စင်၍ ရနိုင်သော ဆေးပင်များ ရရှိခဲ့ခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။

ဤခံစားမှုသည် အလွန်အမင်း ကောင်းမွန်လှ၏။

ဆေးခန်းမဆောင်ကို ဖွင့်လှစ်ပြီးနောက်မှာတော့ ဆေးပင်များသည် အလိုအလျောက် ပြင်ဆင်ပြီး ဖြစ်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းသည် စတင်၍ သန့်စင်ဝော့ာသည်။

ချီစုစည်းခြင်းဆေးလုံး သုံးသောင်းကျော်ကို သန့်စင်ရန် အချိန်အနည်းငယ်ယူရမှာ သေချာသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ဒင်ဒင်နှင့် ကြားနေရသော အသံများကို သဘာဝ၏ တေးဂီတ အသံများဟု မှတ်ယူနေသည်။ နှစ်ရက်ကြာမြင့်ပြီးနောက်မှာတော့ ဆေးပင်များ အားလုံးကို သန့်စင်ပြီးဖြစ်၏။

သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ချီစုစည်းခြင်းဆေးလုံးများ အပုံလိုက်ဖြစ်တည်နေသည်ကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်မိနေသည်။

တစ်ခုဆိုးရွားသည်မှာ လက်ရှိဆေးပင်များမှာ ပထမဦးဆုံး စိုက်ပျိုးထားသော ဆေးပင်များ ဖြစ်သောကြောင့် ဆေးပင်များ၏ အစွမ်းသက်ရောက်မှုသည် ဆယ်ဆသာရှိ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်မိနေပြီးသားဖြစ်၏။ ထို့အပြင် ချီစုစည်းခြင်းဆေး သုံးသောင်းကျော်ဆိုသည်မှာ တပည့်များအတွက် လုံလောက်သည့် ပမာဏ ဖြစ်သည်။

ထို့အပြင် အကြီးအကဲဝေသည် သူ၏ လူများအား ဦးဆောင်၍ ဒုတိယဆေးပင်များကို စိုက်ပျိုးနေပြီဖြစ်၏။

တည်နေရာပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုတိုးတက်လာသည်နှင့်အမျှ ဆေးပင်များ၏ အရည်အသွေးသည်လည်း ပိုမို၍ တိုးတက်လာပေလိမ့်မည်။

ပြောရမည်ဆိုလျှင် သူတို့သည် လုံလောက်သော ဆေးပင်အ‌ရင်းအမြစ်နှင့် စွမ်းအင်အရင်းအမြစ် တစ်ခုလုံးအား ဖြည်းဖြည်းချင်း ပြောင်းလဲသွားနိုင်ပေလိမ့်မည်။ ထို့အပြင် ချီစုစည်းခြင်း ဆေးလုံးများသည် ပြတ်လပ်သွားမှာ မဟုတ်ပေ။

သံမဏိအရိုးတောင်၌ စွမ်းအင်များ တိုးတက်လာသည့်အပြင် အဆုံးမဲ့သော ချီစုစည်းခြင်းဆေးလုံး၏ ထောက်ပံ့မှုများ ရရှိမှုကို စဉ်းစားမိတော့ ကျွင်းချောင်ရှောင်းသည် နေသာထိုင်သာ ရှိသလို ခံစားမိ၏။

"ဂိုဏ်းချုပ်။"

လီလိုရှုသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏။

"အရှေ့တောင် ရန်ကျုး ဂိုဏ်းအသိအမှတ်ပြု ဌာနချုပ်က အကြီးအကဲနှစ်ယောက်ကို စေလွှတ်ပြီးတော့ ချင်းယန်နိုင်ငံကို လာမယ်လို့ ကြားထားတယ်။သူတို့က မြို့တော်ဝန် ရှဲ့ နဲ့ စာရေးကျိုးကို ခေါ်ပြီးတော့ ကျွန်မတို့ ဂိုဏ်းကို လာကြမှာ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဂိုဏ်းအသိအမှတ်ပြု ဌာနချုပ်ဆိုပြီး ဘာလို့ အကြီးအကဲတွေကို လွှတ်လိုက်တာတုန်း။"

"ကျွန်မအထင်အရတော့။"

လီလိုရှုက သုံးသပ်လိုက်၏။ "ကျွန်မတို့ သံမဏိအရိုးဂိုဏ်းက အလားအလာနဲ့ ပတ်သတ်ရင် ကောင်းမွန်တဲ့ သုံးသပ်ခြင်းကို ခံရတယ်လေ။ အဲဒီသုံးသပ်ချက်က အသိအမှတ်ပြု ဟောခန်းရဲ့ ဌာနချုပ်ဆီကို ရောက်ရှိသွားတာဖြစ်မယ်။ဒါ့ကြောင့် အကြီးအကဲနှစ်ယောက်က ရောက်လာပြီး သေချာစမ်းသပ်တာ ဖြစ်ဖို့များတယ်။"

"ဂိုဏ်းချုပ်။"

လီချင်းယန် ပြောလိုက်သည်။ "စားရေးကျိုး လာပါတယ်။"

သတင်းရရှိပြီးသားဖြစ်သော ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မသွားပေ။ ပြီးနောက် ပြောလိုက်၏။ "အထဲကို ဖိတ်ခေါ်လိုက်လေ။"

လီချင်းယန် ပြောလိုက်သည်။ "စာရေးကျိုးက အရမ်းကို အားကောင်းတဲ့ အော်ရာတွေ ထွက်နေတဲ့ အကြီးအကဲနှစ်ယောက်ကို ခေါ်လာတယ်။အဲ့နှစ်ယောက်က အနည်းဆုံး သိုင်းစစ်သူကြီးအဆင့် ဖြစ်ဖို့များတယ်။"

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူက ကိုယ့်ဒုက္ခကိုယ်ရှာရုံတင်မဟုတ်ဘူး တစ်ခြားသူကိုလည်း ဒုက္ခပေးတတ်သေးတာပဲ။"

"တော်စမ်း။"

လီချင်းယန် ပြောလိုက်သည်။ "မြို့တော်ဝန် ရှဲ့ လည်း သူတို့နဲ့ အတူ လိုက်လာတယ်။သူက အဲအကြီးအကဲနှစ်ယောက်ကို တလေးတစား ဆက်ဆံနေတယ်။တပည့်ရဲ့ အထင်အရဆိုရင် သူတို့က အရေးကြီးတဲ့ လူတွေ ဖြစ်ရမယ်။"

"ဒါဆိုလို့ရှိရင် ငါကိုယ်တိုင် ထွက်ပြီး မကြိုရင် မကောင်းဘူးပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လီလိုရှု ပြောလိုက်သည်။ "ကျွန်မအထင်အရတော့ မြို့တော်ဝန် ရှဲ့ ရဲ့ မျက်နှာကြောင့် ဂိုဏ်းချုပ်ကိုယ်တိုင် ထွက်ပြီး ကြိုတာ မမှားဘူးလို့တော့ ထင်တယ်။"

"တပည့်လည်း ဒီလို ထင်ပါတယ်။" လီချင်းယန် ပြောလိုက်သည်။

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "မြို့တော်ဝန် ရှဲ့ရဲ့ မျက်နှာကြောင့် ငါကိုယ်တိုင် ထွက်ပြီး ကြိုလိုက်မယ်။"

.....

ဟမ့် …။

သံမဏိအရိုးဂိုဏ်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော အကြီးအကဲချန်သည် စိတ်မရှည်သလို ပြောလိုက်၏။

"သတင်းပို့တာ နောက်ကျလိုက်တာ။သံမဏိအရိုးဂိုဏ်းခေါင်းဆောင်က အရမ်းကို မောက်မာလွန်းတာ ဖြစ်မယ်။ဒါကြောင့် သူကိုယ်တိုင် ထွက်ပြီး လာမကြိုတာ နေမယ်။"

အရှေ့တောင်ရန်ကျူး ၏ ဂိုဏ်းအသိအမှတ်ပြု ဋ္ဌာနချုပ်မှ အကြီးအကဲတစ်ယောက်အနေနှင့် သူလာပြီဆိုလျင် ဂိုဏ်းများမှ ထွက်၍ ကြိုဆိုရသည်မှာ သဘာဝပင်ဖြစ်၏။

မြို့တော်ဝန် ရှဲ့ သည် ပြုံးကာ ပြောလိုက်၏။

"အကြီးအကဲချန် ရုတ်တရက်ရောက်လာတာ သူတို့ကို ကြိုပြီး သတင်းမပို့ရသေးဘူးလေ။ဒါ့ကြောင့် ဂိုဏ်းချုပ်ကျွင်းက ဘာ ပြင်ဆင်မှုမှ မလုပ်ရသေးတာ။ ကျွန်တော်တို့က သူ့ကို ကြိုပြီးသတင်းမပေးတဲ့အတွက် အပြစ် ရှိပါတယ်။ဒါကြောင့် ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။"

ချစ်လှစွာသော မြို့တော်ဝန် ရှဲ့သည် အမြန်အဆန်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ဘက်တွင် နေလိုက်၏။

ဟုတ်ပေသည်။သူ၏ ဤကဲ့သို့ ကြိုးစားမှုသည်လည်း အလဟသတော့ မဖြစ်ပေ။

စောနတုန်းက ထွက်၍ ကြိုဆိုရန် အစီအစဉ် မရှိသော ကျွင်းချောင်ရှောင်းသည် သူ့အတွက်ကြောင့် ထွက်၍ ကြိုဆိုလာခဲ့သည်။

ကျွီ။

အနီရောင်တံခါးကြီးသည် ပွင့်သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် အနီရောင်တံခါး၏ အရှေ့ဘက်သို့ လှမ်းထွက်လာသည်။

ဂိုဏ်းအသိအမှတ်ပြုဌာန၏ အကြီးအကဲနှစ်ယောက်ကို တစ်ချက်လေးတောင် မကြည့်ဘဲနှင့် မြို့တော်ဝန် ရှဲ့အား ပြုံး၍ ပြောလိုက်သည်။ "မြို့တော်ဝန် ရှဲ့ ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းကို ဘယ်လိုဖြစ်ပြီး လာလည်ဖို့ အချိန်ရတာတုန်း။"

“ဟမ်”

မြို့တော်ဝန် ရှဲ့သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်က အရှေ့တောင်ရန်ကျုး ဋ္ဌာနချုပ် ရဲ့ အကြီးအကဲနှစ်ယောက်နဲ့ လိုက်လာတာပဲ။"

အရှေ့တောင် ရန်ကျူး ဌာန ၏ အကြီးအကဲဆိုသည့် စကားကို သူသည် တစ်မင်တကာ ထည့်၍ ကျယ်လောင်စွာ ပြောဆိုလိုက်၏။ ရောက်လာသော ဤနှစ်ယောက်သည် အလွန်တရာ အရေးကြီးသူများဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်၏။

"ဪ ဒါဆိုရင် အသိအမှတ်ပြု ဌာနရဲ့ အကြီးအကဲတွေကို။"

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်၏။ "ဂရုမစိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။"

အကြီးအကဲချန်သည် ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ကျုပ်တို့ကို အပြင်မှာ အကြာကြီးစောင့်ခိုင်းရတဲ့အထိ တကယ့်ကို မောက်မာလွန်းတာပဲ။"

အကြီးအကဲကျိုးက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းကိစ္စတွေနဲ့ အလုပ်များနေမှာလေ။ ဒါ့ကြောင့် နေ့စဉ်နေတိုင်း အပြင်ထွက်ပြီး အားလုံးကို ကြိုဆိုနေဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ဒီလောက်ထိ တွက်ကပ်မနေ‌သင့်ဘူး မဟုတ်လား။"

ထိုနှစ်ယောက်သည် ထုံးစံအတိုင်းပင် ငြင်းခုန်ကြပြန်သည်။

အကြီးအကဲချန်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ "အကြီးအကဲကျိုး ဒီတစ်‌ကြိမ်တော့ သံမဏိအရိုးဂိုဏ်းရဲ့ အလားအလာက သတ်မှတ်ထားတဲ့ အဆင့်ထိ မရောက်ဘူးဆိုရင် ပြဿနာတက်မယ်နော်။"

"စာရေးကျိုးရဲ့ သုံးသပ်ချက်ကို ကျုပ်ယုံကြည်တယ်လေ။ ဘယ်လိုလုပ် ပြဿနာရှိမှာလဲ။" အကြီးအကဲကျိုး ပြောလိုက်၏။

သူတို့နှစ်ယောက် ငြင်းခုန်နေချိန်မှာပဲ တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးသည် အေးစက်လာ၏။

ဘေးတစ်ဖက်တွင်ရှိနေသော မြို့တော်ဝန် ရှဲ့သည်လည်း အနည်းငယ် ကြောင်အအ ဖြစ်မိနေ၏။

စာရေးကျိုး၏ ကျောဘက်တွင်လည်း ချွေးစေးများပျံ့လျက်ရှိသည်။

အကြီးအကဲချန်သည် ဤတစ်ကြိမ်လာလည်သည်ဆိုသည်မှာ သံမဏိအရိုးဂိုဏ်း၏ အလားအလာကို လာရောက်စစ်ဆေးခြင်းပင် ဖြစ်သည်။ သူ သုံးသပ်ခဲ့သည့်အတိုင်း မဟုတ်ခဲ့ပါက ပြဿနာအကြီးကြီးတတ်တော့မှာ သေချာသည်။

သူသည် ကြောက်မက်ဖွယ်ရာ အတွေးတစ်ခုကို ရုတ်တရက် တွေးလိုက်မိ၏။

"သိုင်းတပည့်အဆင့် အော်ရာတွေကို ထုတ်ဖော်နေတဲ့ တပည့်တွေက အစစ်အမှန်တွေ မဟုတ်ဘဲ သံမဏိအရိုးဂိုဏ်း ငှားထားတဲ့ တခြားဂိုဏ်းရဲ့ တပည့်တွေဖြစ်ရင်တော့ တကယ့်ကို ပြဿနာတက်ပြီပဲ။"

All Chapters