← Chapters

အခန်း (၂၇၄)

Vol. 19 Ch. 274

အခန်း (၂၇၄)

Vol. 19 Ch. 274

ကျွင်းချောင်ရှောင်းသည် ထိပ်ဆုံးသုံးခု စာရင်းဆိုသော သတ်မှတ်ချက်အား အလေးအနက် မထားပေ။ ထို့ကြောင့် ပုံမှန်အတိုင်း လေ့ကျင့်မှုကိုသာ ဆက်လက် ပြုလုပ်လျက်ရှိသည်။ ထို့အပြင် ထုံးစံအတိုင်း တပည့်များအား လမ်းညွှန်ပေးပြီး ဆက်လက်ကျင့်ကြံစေသည်။

သူ့အမြင်အရ ဆိုလျှင် သံမဏိအရိုးဂိုဏ်း အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်စံရှား ဂိုဏ်းတစ်ခု ဖြစ်လာစေရန် တဖြည်းဖြည်းချင်း တိုးတက်လာစေဖို့ ပိုမို လိုအပ်သည့်အပြင် သူ့၏ ခန္ဓာကိုယ်ပေါ်ရှိ ချိန်ကိုက်ဗုံးအား ဖြုတ်နိုင်ရန်မှာ ပိုမို၍ အရေးကြီးနေသည်။

“ဟင်း …”

လီလိုရှု ပြောလိုက်သည် “ဂိုဏ်းချုပ် က သိုသိုသိပ်သိပ် နေချင်တာကို ရွေးချယ်တော့ ဂိုဏ်းကျော်ကြားလာမယ့် အခွင့်အရေးကို လွဲရပြီပေါ့။ နှမျောစရာပဲ”

ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ခွက်ကို တစ်ငုံ့မော့သောက်လိုက်ပြီး “ကျုပ်တို့သာ အားကောင်းလာမယ် ဆိုရင် ကိုယ့်ရဲ့ ကျော်ကြားမှုကို ကိုယ်တိုင် ဖန်တီးနိုင်တယ်လေ။”

လီလိုရှု ပြောလိုက်၏ “ကျွန်မ ဆိုလိုတာက ဂိုဏ်းက အလားအလာမှာ ထိပ်ဆုံးသုံးယောက် စာရင်းထဲ ဝင်တယ် ဆိုတာသာ တခြားသူတွေ သိရင် များပြားလှတဲ့ ပါရမီရှင်တွေဂိုဏ်းထဲ ဝင်လာစေဖို့ ဆွဲဆောင်နိုင်မှာပဲ”

“တူတူပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “များပြားလှတဲ့ ဂိုဏ်းတွေဆီက လက်ရည်စမ်း စိန်ခေါ်မှုတွေကို လည်း အဆုံးမဲ့ ခံနေရမှာ”

လီလိုရှု ခဏလောက် စဉ်းစားလိုက်သည် “ဒါကတော့ အမှန်ပဲ”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် များပြားလှသော လူများသည် အဆင့်မြင့် ပုဂ္ဂိုဟ်များအား ရှာဖွေ၍ စိန်ခေါ် တိုက်ခိုက်ချင်ကြသည်။ သူတို့တွင်လည်း ထိုကဲ့သို့ အားအင်မျိုုး ရှိကြောင်း သက်သေပြချင်တာလည်း ဖြစ်မည်။

အလကားနေ လိုက်လံစိန်ခေါ်တိုက်ခိုက်နေတတ်သည့် ဂိုဏ်းတစ်ချို့တောင် ရှိနှင့်နေကြသည်။

သံမဏိအရိုးဂိုဏ်းသည်သာ အလားအလာတွင် ထိပ်ဆုံးသုံးသင်းစာရင်းထဲ ဝင်သည် ဆိုတာကို သိလျှင် အကုန်လုံး သွေးဆူကုန်ကြမှာ သေချာ၏။

အဆင့်ကိုး နိုင်ငံ၏ ဂိုဏ်းတစ်ခုကလား။

များပြားလှသော ဂိုဏ်းများသည် လာရောက်၍ စိန်ခေါ်မှုုကို ပြုလုပ်ကြမှာ သေချာသည်။

သံမဏိအရိုးဂိုဏ်းသည် ဖြည်းဖြည်းချင်း ပိုမိုတိုးတက်လာစေရန် လိုအပ်နေသေးသည်။ထို့ကြောင့် နေ့စဉ် နေ့တိုင်း တခြားသူများ၏ စိန်ခေါ်မှုုကို လက်ခံ၍ တိုက်ခိုက်နေလျှင် အလုပ်ဖြစ်မည် မဟုတ်ချေ။

……….

သူတို့ဂိုဏ်းသည် အလားအလာတွင် ထိပ်ဆုံး သုံးသင်းထဲ ဝင်ရောက်သည်ကို သိရှိရတော့ သံမဏိအရိုးဂိုဏ်းသားများသည် အလွန်တရာ ဂုဏ်ယူမိကြသည်။ သို့ပေမဲ့ ထိုသို့သောအချက်ကြောင့် သူတို့သည် ပိုမို၍ ပြင်းပြင်းထန်ထန် လေ့ကျင့်လာကြ၏။

ထို့ကြောင့်ပဲ ဂိုဏ်းသည် ပိုမို၍ အားကောင်းလာနေသည်။

လုံလောက်သည့် ဆေးလုံးထောက်ပံ့မှု များရှိသည်မို့ ကျွင်းချောင်ရှောင်းသည် အရင်းအမြစ် နှင့် ပတ်သက်၍ လောလောဆယ် စိတ်ပူပန်မှု မရှိချေ။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအား အလုံးစုံ အာရုံစိုက်ထားနိုင်နေ၏။

အဆင့်ခုနှစ် ဂိုဏ်းတစ်ခု ဖြစ်လာသည်လား။

ထိုအရာသည် ဒုတိယ ခြေလှမ်းတစ်ခုသာ ဖြစ်သည်။

သူတို့ကျော်ဖြတ်သွားရန် လိုအပ်နေသော အဆင့်ခြောက် နှင့် ပိုမို မြင့်မားသည့် ဂိုဏ်းများစွာ ရှိနေသေး၏။

ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် ကျွင်းရှောင်ချောင်းသည် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းမှ သူ့အား အသိအမှတ် ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ သူ၏ အဆင့်အား ပိုမို တိုးတက်အောင် ပြုလုပ်ရန် လိုအပ်သည်။

……….

လတစ်လ၏ အစမှာတော့ အိုက်မိသားစု သည် သူတို့၏ သတ်မှတ်ချက်အတိုင်း လေလံပွဲကို ကျင်းပခဲ့သည်။

လေလံပွဲပြီးဆုံးသွားပြီးသည့်နောက် အိုက်မိသားစု ခေါင်းဆောင်သည် ပိုက်ဆံ၊ ဆေးပင်မျိုးစေ့ နှင့် ဆေးပင် များ ယူဆောင်၍ လာပေး၏။

ဆေးလုံးများ ပိုမို သန့်စင်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည် “ငါ တစ်ယောက်ချင်းစီကို လိုက်ပေးနေုလို့ မဖြစ်ဘူး။ ဆေးခန်းမဆောင် မှာထားပြီး တပည့်တွေ ကိုယ်တိုင် ယူစေတာ ပိုကောင်းမယ်”

တပည့်တစ်ယောက်သည် ဆေးလုံးကို လက်ခံရယူရန် အတွက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် နှင့် ဂိုဏ်းအပေါ် စွမ်းဆောင်မှုတွေ တို့အား အခြေခံ လိုအပ်သည်။

သံမဏိအရိုးဂိုဏ်းတွင် အကြီးအကဲများ မရှိသောကြောင့် ကျွင်းချောင်ရှောင်းသည် ဆေးလုံးခန်းမဆောင်ကို ဖွင့်လှစ်၍ ထိုခန်းမဆောင်မှ အဖွဲ့သားများသည် ဆေးလုံးများ ဖြန့်ဝေမှု တာဝန်ကို ယူဆောင်ရ၏။

ဟုတ်ပေသည်။ သူ့အနေနှင့် အားလုံးကိုတော့ မပေးနိုင်ပေ။ ထိုသို့ ပေးနေလျှင် ရေရှည်တွင် အရင်းအမြစ်များ ပြတ်လပ်သွားမှာသေချာသည်။

ကျွင်းချောင်ရှောင်းသည် ချီစုစည်းခြင်းဆေးလုံး များအား တပည့်များ၏ ကျင့်ကြံခြင်းအဆင့်အလိုက် ရယူနိုင်ရန် စည်းမျဉ်းများ ချမှတ်ထားလိုက်၏။

ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး၊ မရီဒန်ဖွင့်ြ့ခင်း ဆေးလုံး နှင့် ချီလေပွေ ဆေးလုံးများကိုတော့ လိုအပ်သလို ယူဆောင်နိုင်သည်။

ထို့ကြောင့် တပည့်များသည် ဆေးလုံးရယူရန် ဂိုဏ်းချုပ်အား စောင့်ဆိုင်းနေရန် မလိုအပ်တော့ချေ။ ၎င်းတို့သည် ဆေးလုံးခန်းမဆောင်သို့သွားရောက်၍ ယူဆောင်နိုင်ကြတော့၏။

ကျွင်းချောင်ရှောင်းသည် ဆေးလုံးခန်းမဆောင်ကို ပြင်ဆင်ပေးပြီးနောက် ပန်းပဲခန်းမဆောင်ကိုပါ ဖွင့်လှစ်ရန် စဉ်းစားမိသည်။ ထိုမှသာ တပည့်များအနေဖြင့် လက်နက်များရရှိရန် ဂိုဏ်းအကျိုးအား ပိုမို၍ ထမ်းဆောင်ပေလိမ့်မည်။

လုချင်းချင်းသည် အဓိကဟောခန်း၏ တံခါးအား မှီ၍ ခပ်တည်တည် ပြောလိုက်သည် “ဂိုဏ်းချုပ်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ဂိုဏ်းက ပိုပြီး တိုးတက်လာတာပဲ”

“ဒီလိုပဲ ဖြစ်ရမယ်လေ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လအနည်းငယ်ကြာမြင့်ပြီးနောက် တိုးတက်မလာလျှင် သူကြိုးစား အားစိုက်ထားမှုများသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

“ဒါပေမဲ့…”

လုချင်းချင်း အေးစက်စက် ပြောလိုက်သည် “တကယ့်ဂိုဏ်းကြီးတွေနဲ့ ယှဉ်ရင် ကွာခြားချက် ရှိနေသေးတယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “အရှင်မွေး နေ့ချင်းကြီး ဆိုတာ မရှိဘူးလေ။ တဖြည်းဖြည်းချင်း ကြီးထွားလာအောင် ကြိုးစားရမှာပေါ့”

လုချင်းချင်းသည် ဘာတစ်ခုမှ ဆက်မပြောဘဲ လှည့်ထွက်သွားတော့သည်။

ဤမိန်းကလေးသည် ထုံးစံအတိုင်း အေးစက်နေတုန်းပင်။

………

တပည့်များသည် သက်ဆိုင်ရာဆေးလုံးများကို လက်ခံရရှိနေသည်။ သူတို့သည် ကြွက်သားတည်ဆောက်ခြင်း အခန်းနှင့် စမ်းသပ်မှုမျှော်စင် ထဲတွင် လေ့ကျင့်နိုင်ကြသလို စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲ ဝင်ရောက်၍လည်း ကျင့်ကြံနိုင်ကြ၏။

အရာအားလုံကို စီစဉ်ပေးထားပြီးနောက် ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ လေ့ကျင့်နေရာ အဆင့်ရှစ် သိုင်းဆရာ အဆင့်ထို ရောက်ရှိလာခဲ့သည်။

ဂိုဏ်း၏ တိုးတက်မှုကလည်း ဖြည်းဖြည်းချင်း ဆထက်ထမ်းပိုးမြင့်မားနေ၏။ ကျင့်ကြံခြင်း ဆိုသည်မှာ တဆင့်ချင်း၊ တလှမ်းချင်း သွားရသည့်အရာ ဖြစ်သည် မဟုတ်လော။

ဤသို့နှင့်ပဲ တစ်လဆိုသည်မှာ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ ထိုအတောအတွင်း နေ့စဉ် စမ်းသပ်မှု လုပ်ငန်းစဉ်များ ပြုလုပ်ပြီး တပည့်များသည် ပိုမို၍ မြန်မြန်ဆန်ဆန် တိုးတက်လာနေသလို သက်ဆိုင်ရာ ဆုလာဘ် များလည်း ရရှိနေကြသည်။

ဆေးဥယျာဉ်ထဲရှိ လေးသုတ်မြောက် ဆေးပင်များ ရင့်မည့်လာချိန်မှာတော့ အကြီးအကဲဝေ ဦးဆောင်သော အဖွဲ့သားများသည် ခူး၍ ဂိုဏ်းချုပ်ထံ ပေးကြသည်။ သူတို့သည် ဂိုဏ်းချုပ် ချီစုစည်းခြင်းဆေးလုံးများ သန့်စင်နိုင်ရန် အကောင်းဆုံး ကြိုးစား ထောက်ပံ့နေကြ၏။

လဝက်လောက် ကြာမြင့်ပြီးနောက် …

တောင်တစ်ခုလုံးတွင် စိုက်ပျိုးထားသော ဒုတိယအသုတ် ဆေးပင်များသည်လည်း ခူးဆွတ်နိုင်ရန် အဆင့်သင့် ဖြစ်နေကြသည်။

ဒုတိယ အသုတ်၏ ဆေးပင်များ ဖြစ်သောကြောင့် ပထမ အသုတ်ထက် ပိုမို၍ ကောင်းမွန်သော အရည်အသွေး ဖြစ်နေ၏။ ထိုဆေးပင်များ ရင့်မှည့်လာသည့်အတွက် သံမဏိအရိုးတောင် တစ်ခုလုံးသည်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ပိုမို လွှမ်းခြုံလာတော့၏။

အကြီးအကဲဝေသည် သူ၏ တပည့်များနှင့် အတူ တတိယအသုတ် အတွက် ဆေးပင်များအား ထပ်မံ စိုက်ပျိုးလေတော့သည်။

ပိုက်ဆံသာ ရှိနေမည် ဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် ၎င်းတို့၏ တောင်အား ရတနာကုန်းမြေတစ်ခု ကဲ့သို့ပင် အသွင်ပြောင်းနိုင်စွမ်း ရှိကြ၏။

………

ဟူး ..ဟူး…။

တစ်ညတာ ကျင့်ကြံပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲရှိ ချီလေပွေသည် ပိုမိုအားကောင်းပြီး ထိပ်ဆုံး အခြေအနေသို့ ရောက်ရှိလာတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လောကရှိ ဓာတ်သဘာဝ များအား စုပ်ယူလျက်ရှိသည်။

တစ်နာရီလောက် လေ့ကျင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သက်မချပြီး မျက်လုံးအား အသာဖွင့်လိုက်သည်။ အလင်းတန်းနှစ်ခုသည် မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။

သူ၏ အဆင့်သည် အဆင့်ခုနှစ် ဆီမှ အဆင့်ရှစ် သို့ ရောက်ရှိသွားခဲ့သည်။ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် နှင့် ဆေးလုံးများကြောင့် နှစ်လ မပြည့်ခင်မှာပဲ သူသည် အဆင့်ချိုးဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်ဆန်သည် ဟု ဆိုရမည်။

ဘန်း …။

အားအင်စမ်းသပ်မှု စက်အား လက်သီးနှင့် ထိုးလိုက်တော့ ဂျင် တစ်သိန်းတစ်သောင်းအား ကို ပြသနေသည်။

စနစ်သည် သက်ပြင်းချလိုက်သည် “လက်ခံသူရဲ့ လက်ရှိအားအင်က အထူးချွန်ဆုံး ပါရမီရှင်တွေထက်တောင် ပိုပြီး အားကောင်းနေပြီ။ အခုအားအင် က သိုင်းစစ်သူကြီး ဒုတိယအဆင့် တစ်ယောက်ရဲ့ အားအင်နဲ့ တူတူပဲ”

ကျွင်းချောင်ရှောင်း စိတ်အလိုမကျသလို ပြောလိုက်သည် “လက်ရှိ တိုးတက်မှုအရ ဆိုရင် ငါက သိုင်းဆရာ ထိပ်ဆုံးအဆင့်ထိ ရောက်မယ် ဆိုရင်တောင်မှ နဂါးစိမ်း လခြမ်းဓားမော့ ကို ကိုယ်ပိုင်အားအင်နဲ့ အသုံးပြုလို့ မရသေးဘူးပေါ့”

စနစ်မှ ပြောလိုက်သည် “သိုင်းစစ်သူကြီး အဆင့်ကို ချိုးဖြတ်ပြီးရင် လက်ခံသူရဲ့ အားအင်က ပိုပြီး အားကောင်းလာလိမ့်မယ်။ ဒါဆိုရင် အဆောင်ကို ချိုးစရာမလိုဘဲ နဂါးစိမ်းလခြမ်းဓားမော့ကို အသုံးပြုနိုင်ပါပြီ”

“ကောင်းပါပြီ”

အဆင့်ချိုးဖျက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ ကျင့်ကြံနေသည်။

အဆုံးမှာတော့ သူသည် အဆင့်ကိုး သိုင်းဆရာ တစ်ယောက် အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး လေး၊ငါးလ အချိန်ယူရမှာဖြစ်ကြောင်း သူ ဝမ်းနည်းစွာဖြင့် နားလည်လိုက်မိ၏။

နတ်စမ်းချောင်းဂိုဏ်းနှင့် ရင်ဆိုင်ရန် လေးလသာ ကျန်ရှိတော့သည်။ သူ့တွင် သိုင်းဆရာ ထိပ်ဆုံးအဆင့်သို့ ဤအတောအတွင်း ရောက်ရှိရန် မျှော်လင့်ချက် မရှိတော့ချေ။

တစ်ခုမှလွဲလျှင် ..

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး ပြောလိုက်သည် “စိတ်ဝိညာဉ်ကျောက်တုံးတွေ သုံးမယ်။”

အဆင့်မြင့် အရည်အသွေး ချီစုစည်းခြင်းဆေးလုံးများသည် စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူနိုင်စွမ်းကို တိုးတက်စေသည် ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးထဲမှ စွမ်းအင်များမှာ သန့်စင်သောကြောင့် တွဲဖက်လိုက်လျှင် ပိုမို၍ အကျိုးဖြစ်ထွန်ပေလိမ့်မည်။

ပုံမှန်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုအရာများအား အသုံးပြုရန် နှမျောနေသည်။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးလျှင် ငွေတေလ်း တစ်သောင်းလောက် ကုန်ကျသည် မဟုတ်လား။ ထိုအရာမှာ ပိုက်ဆံအား မီးရှို့ခြင်းနှင့်ပင် ဆင်တူနေသည်။

သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်မှု မပြုလုပ်ခင် သိုင်းဆရာ ထိပ်ဆုံး အဆင့်သို့ တက်ရောက်နိုင်ရန် သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အားကိုးမှဖြစ်ပေတော့မည်။

All Chapters