← Chapters

အခန်း (၂၇၅)

Vol. 19 Ch. 275

အခန်း (၂၇၅)

Vol. 19 Ch. 275

ကျွင်းချောင်ရှောင်း လေးလေးနက်နက် လေ့ကျင့်နေသည့် တစ်လတာ အတွင်း ရီရှင်းချန်သည်လည်း သိုင်းတပည့် ထိပ်ဆုံးအဆင့်မှ သိုင်းဆရာ အဆင့်ထိ တိုးတက်ရောက်ရှိခဲ့သည်။

သူ၏ စိတ်ဝိညာဉ်အမြစ် နှင့် အရင်းအမြစ်များသည် လီချင်းယန် တို့နှင့် တန်းတူရရှိ ပိုင်ဆိုင်နေသည်မို့ သူသည် အရင်ဘဝ မှ သိုင်းတာအို အတွေ့အကြုံများပေါ် အခြေပြုပြီး စီနီယာများအား အမှီ လိုက်လာနိုင်သည်။ ထို့အပြင် သူသည် ထိုက်ရွှမ်ကျမ်းအားလည်း လေ့ကျင့်နေသည် မဟုတ်လော။

ပြောရမည် ဆိုလျှင် …

လီချင်းယန်တို့သည် သိုင်းတာအို အတွေ့အကြုံများမရှိသလို၊ နတ်ဘုရားအဆင့်နှင့် အထက် ကျင့်ကြံခြင်း ကျမ်းအား မပိုင်ကြသော်လည်း ညအင်ပါယာနှင့် ကျင့်ကြံခြင်းအဆင့် အလွန်အမင်း ကွာခြားမသွားအောင် တိုးတက်လာနေကြသည်။ ထိုအရာသည် ကျွင်းချောင်ရှောင်း တပည့်များအပေါ် မည်သို့ ပံ့ပိုးပေးနေကြောင်း သိသာ မြင်သာနေ၏။

ထိုသို့ပြုလုပ်နိုင်သည်မှာ သံမဏိအရိုးဂိုဏ်း တစ်ခုသာလျှင် ရှိပေလိမ့်မည်။

စနစ်ဆီမှ အရင်းအမြစ်များကြောင့် တပည့်များသည် ကောင်းမွန်သော စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး မရှိလျှင်တောင်မှ အလုပ်ကောင်းကောင်း ကြိုးစားမည် ဆိုပါက ပိုမို၍ အားကောင်းလာပေလိမ့်မည်။

သိုင်းအင်ပါယာ တစ်ယောက် ပြန်လည် ဝင်စားပြီးနောက် အစစ်အမှန် ဇာတ်လမ်းအတိုင်းဆိုလျှင် ညအင်ပါယာသည် ထိုသို့သော အရင်းအမြစ်များ ရရှိရန် အလွန်အမင်း ကြိုးစားရမှာ ဖြစ်သည်။

ယခုအချိန်မှာတော့ သံမဏိအရိုးဂိုဏ်း၏ ပံ့ပိုးပေးမှုအောက်တွင် အရင်းအမြစ်များအား သက်တောင့်သက်သာ ရရှိနေကြ၏။

လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည်လည်း သူတို့၏ ဂျုနီယာညီလေးနောက်သို့ အမီလိုက်ရန် ဇွဲကောင်းကောင်း နှင့် ဆက်လက်၍ ကျင့်ကြံကြတော့သည်။

ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် …

သူတို့သည် သိုင်းတပည့်အဆင့်မှသည် သိုင်းဆရာအဆင့်ထိ တက်လှမ်းပြီး သိုင်းတာအို၏ စာမျက်နှာအသစ်ကို ဖွင့်လှစ်နိုင်ကြပြီ ဖြစ်သည်။

“ဂိုဏ်းချုပ် …”

တစ်နေ့မှာတော့ လီချင်းယန် ပြောလာသည် “ဂျုနီယာညီလေးတွေ သိုင်းဆရာအဆင့်ထိ ရောက်ရှိသွားကြပြီ။ အတွင်းတပည့်တွေထဲမှာ ဂျူုနီယာညီလေးထျန်းတစ်ယောက်ပဲ သိုင်းတပည့်အဆင့် ကျန်တော့တယ်”

ထျန်းချီ၏ အဆင့် သိုင်းတပည့်အဆင့်တွင် ပြတ်ကျန်ခဲ့သည်မှာ ၎င်း၏ စိတ်ဝိညာဉ်အမြစ်ကြောင့်သာ ဖြစ်၏။

စနစ်ဆီမှ ဝယ်ယူခွင့် ပိတ်ပင်ခံထားရသောကြောင့် ကျွင်းချောင်ရှောင်းသည် အထူးပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်အား ရရှိရန် ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံအောင် ပြုလုပ်မှ ဖြစ်မည်။ သို့ပေမဲ့ သောက်တလွဲ ဖုံးကွယ်ထားသည့် တာဝန် ဆိုသည်မှာ ဘာလဲ သူမသိချေ။

မည်သို့ပင် ဆိုစေကာမူ ထျန်းချီသည် မနှေးမမြန် ဆိုသလို အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ရပေလိမ့်မည်။

အေးစက်လွန်းသည် သူတို့၏ စီနီယာအစ်မကြီးသည် သိုင်းဆရာအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်လောက်ပြီ ဖြစ်ကြောင်း အားလုံးက သိရှိနားလည်ကြသည်။

ထို့ကြောင့် သံမဏိအရိုးဂိုဏ်းတွင် သိုင်းဆရာ ခုနှစ်ယောက် ရှိနေပြီ ဖြစ်ကာ အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ အရည်အသွေးများကိုပင် ပိုင်ဆိုင်နေပြီ ဖြစ်၏။

ထိုမျှနှင့် မလုံလောက်သေးချေ။ ပိုမိုအားကောင်းမှ ဖြစ်မည်။

နတ်စမ်းချောင်းဂိုဏ်းအား စိတ်ခေါ်ရန် လေးလသာ လိုအပ်နေသောကြောင့် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်အား အတွင်းတပည့်များဆီ ပေးအပ်လိုက်သည်။ တပည့်များ ပိုမို၍ အဆင့်မြင့်တက်လာရန် သူ မျှော်လင့်နေမိ၏။

လုံလောက်သည့် စိတ်ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူခွင့်ရနေမှတော့ သံမဏိအရိုးဂိုဏ်းအား တခြားဂိုဏ်းများ အဘယ်သို့ ယှဉ်နိုင်မည်နည်း။

…….

သံမဏိအရိုးဂိုဏ်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်မည့်နေ့သည် နီးကပ်လာခဲ့သည်။ ချင်းယန်တစ်နိုင်ငံလုံးသည်လည်း ထိုအကြောင်းကို အပြင်းအထန် ဆွေးနွေးနေကြသည်။

သံမဏိအရိုးဂိုဏ်းသည် ယခုတလောအတွင်း ကိစ္စကြီးတော်တော်များများကို ပြုလုပ်ခဲ့သည် ဆိုသော်လည်း လူတော်တော်များများသည် အကောင်းမြင်၊ အထင်ကြီးမှုတော့ မရှိကြသေးချေ။ ထို့အပြင် သံမဏိအရိုးဂိုဏ်းသည် အဆင့်ငါး ဂိုဏ်းတစ်ခုအား စိန်ခေါ်ရမည် မဟုတ်လော။

အရင်းအမြစ်နှင့် အမွေအနှစ်များ ပေါကြွယ်သော ဂိုဏ်းကြီးမျိုးသည် ဂိုဏ်းသေးလေးများ မော်ကြည့်နိုင်သည့် အရာမဟုတ်ချေ။

လူတော်တော်များများ အကောင်းမမြင် ၊ အထင်မကြီးကြပေမဲ့ မြို့တော်ဝန်ရှဲ့က တော့ ပြောင်းပြန်ပင်

ထို့အပြင် ဂိုဏ်းအသိအမှတ်ပြု စစ်ဆေးသည့် ဖြစ်စဉ်ကို သူ မျက်မြင် တွေ့ခဲ့သည် မဟုတ်လော။ သံမဏိအရိုးဂိုဏ်း တပည့် တော်တော်များများသည် သူတို့၏ အဆင့်ထက် ပိုမို၍ တိုက်ခိုက်နိုင်စွမ်း ရှိနေကြသည်။

“ဂိုဏ်းချုပ်ကျွင်း ….”

မြို့တော်ဝန်ရှဲ့ ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းကို သွားစိန်ခေါ်ရင် ဒီရှဲ့ က ချင်းယန်မြို့သား ၃.၆ သန်း ကို ကိုယ်စားပြုပြီး ခင်ဗျားကို လိုက်အားပေးမယ်”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားသည် “အဲတာပြောဖို့ ဒီထိ ရောက်လာတာလား”

သူတို့နှစ်ယောက်သည် လက်ရှိတွင် စားသောက်ခန်း၌ ထိုင်ကာ စကားပြောနေကြခြင်း ဖြစ်ပြီး စားပွဲပေါ်တွင် ဟင်းပွဲ ရှစ်ပွဲ နှင့် ဝိုင်းတစ်ပုလင်းမှာ ပြောင်သလင်းခါနေလေပြီ။

မြို့တော်ဝန်ရှဲ့သည် ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုုပ်ကျွင်းက ဟင်းပွဲတွေ စိုက်တယ်။ ကျုုပ်က ဝိုင် စိုက်တယ်လေ။ ဒီတော့ အလကား ကုန်းလာဆင်းတယ်လို့ သတ်မှတ်လို့ ဘယ်ရမလဲ”

ပြောနေရင်းမှာပဲ တူကို မြှောက်၍ အလွန်အရသာ ရှိသော အရာကို စားရသလို အမူအရာမျိုးနှင့် လက်ကျန် ဟင်းကို မြုံ့ကာ ဝါးနေလေ၏။

လျှိုဝမ်ရှစ်၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် အလွန်ကောင်းမွန်လှသည်။ တစ်ခါစားဖူးပြီးသည့်နောက် ချင်းယန်မြိ့သို့ ပြန်ရောက်ပြီး စားသမျှအရာအားလုံးသည် အဝတ်စကြီး ဝါးနေရသလို ခံစားမိစေသည်။

ကျွင်းချောင်ရှောင်းနှင့် မြို့တော်ဝန်ရှဲ့တို့သည် စားသောက်ရင်း ကျင့်ကြံခြင်း လောကရှိ စိတ်ဝင်စားစရာ အကြောင်းအရာများအား ဆွေးနွေးပြောဆိုလျက် ရှိသည်။

ဝိုင်သုံးပုလင်းလောက် သောက်ပြီးနောက် မြို့တော်ဝန် ရှဲ့သည် အလွန်စိတ်ပူသော အမူအရာဖြင့် စိတ်မသက်မသာ သက်ပြင်းချလိုက်သည်။

“မြို့တော်ဝန်ရှဲ့ .. ဘယ်လိုဖြစ်ပြီး သက်ပြင်းတွေ ချနေရတာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

မြို့တော်ဝန်ရှဲ့သည် ဝိုင်တစ်ခွက်ကို သောက်ရင်း ပြောလိုက်သည် “အရှေ့တောင် ရန်ကျူး ထဲက အားကောင်းတဲ့ နိုင်ငံ တော်တော်များများက လက်ရှိမှာ စစ်သားတွေ စုဆောင်းပြီး စစ်မြင်းတွေ ဝယ်နေတယ်လို့ ကျုပ် သတင်းရထားတယ်။ မကြာခင် စစ်ပွဲဖြစ်လာမှာ စိုးရိမ်ရတယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စစ်ပွဲမရှိတဲ့ နိုင်ငံရှိလို့လား”

“အရှေ့တောင် ရန်ကျူးက နိုင်ငံတိုင်း စစ်ပွဲကို ကြုံနိုင်တယ်။ အခုလည်း စစ်စားရိတ် ထောက်ပံ့နေရတာပဲလေ။”

“ဒါက အားကောင်းတဲ့ နိုင်ငံတွေရဲ့ ကစားနည်းတစ်မျိုးပဲ။ မြို့တော်ဝန်ရှဲ့ ဘာကို စိတ်ပူနေတာလဲ”

“အဲဒီ အားကောင်းတဲ့ နိုင်ငံတွေ နယ်မြေ ချဲ့ထွင်ပြီး ချင်းယန်နိုင်ငံလို နိုင်ငံငယ်လေးကို ဝါးမြိုသွားမှာ စိုးရတယ်”

ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။

အဆင့်ကိုး ချင်းယန်နိုင်ငံငယ်လေးသည် အရှေ့တောင် ရန်ကျုး တိုက်ကြီးတွင် အလွန်အားနည်းသော နိုင်ငံငယ်လေး ဖြစ်၏။ အားကောင်းသော နိုင်ငံများ နယ်မြေ ချဲ့ထွင်လာချင်လျှင် ကျိန်းသေပေါက် ပထမဆုံး ပစ်မှတ်ဖြစ်လာမှာ သေချာ၏။

မြို့တော်ဝန်ရှဲ့ ပြောလိုက်သည် “လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အရှေ့တောင် ရန်ကျုးမှာ နိုင်ငံပေါင်း ငါးရာကျော် ရှိခဲ့တယ်။ အခု နှစ်ရာကျော်ပဲ ကျန်တော့တယ်။”

“နိုင်ငံ သုံးရာကျော် က ဖျက်ဆီးခံလိုက်ရလို့လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

“အမှန်ပဲ …”

မြို့တော်ဝန်ရှဲ့သည် ဝိုင်တစ်ခွက်ကို တစ်ခါတည်း မော့သောက်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ပူပန်မှုများသည် ပိုမို၍ ထင်ပေါ်လာသည်။ “ကျုပ်တို့ ချင်းယန်နိုင်ငံက စစ်ပွဲထဲမှ ရှင်သန်နိုင်ခဲ့တယ်ဆိုတာ သီးသန့် နေရာတစ်ခုမှာ တည်ရှိနေလို့လေ။ ဒါပေမဲ့ ကျုပ်တို့လည်း မနှေးနဲ့ မမြန် ဆိုသလို ဖျက်ဆီးခံရမှာပဲ။”

“ပြီးတော့ …”

သူ ခဏရပ်ကာ ဆက်ပြောလိုက်သည် “ကျုပ်တို့နိုင်ငံနဲ့ မနီးမဝေး မှာ ရှိနေတဲ့ အဆင့်ခြောက် နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူ က ရည်မှန်းချက် ပြင်းထန်သည်။ သူသာ စစ်ပွဲစမယ် ဆိုရင် ကျုပ်တို့ နိုင်ငံ မပြောနဲ့ အဆင့်ရှစ် နိုင်ငံ ဆိုရင်တောင်မှ ဖျက်ဆီး ဝါးမြိုခြင်းကို ခံရမှာပဲ”

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်မော့ပြီး ပြောလိုက်သည် “လောကကြီးက ငြိမ်းချမ်းတယ်လို့ ထင်မိနေတာ။ ဒီလိုမျိုး အန္တရာယ်ကြားထဲ ရောက်နေမယ်လို့ ထင်ကိုမထင်မိဘူး”

“ကျေးဇူးပါ မြို့တော်ဝန်”

သူ ခွက်ကို အသာချရင်း လေးလေးနက်နက် ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ချင်းယန်နိုင်ငံသားတွေလေ။ ဒီတော့ ကျုပ်တို့မြေ အတွက် တိုက်ခိုက်ရမယ်”

မြို့တော်ဝန်ရှဲ့သည် မတ်တပ်ရပ်ကာ သူ၏ ခွက်ကို အသာမြှောက်လိုက်သည် “ချင်းယန်နိုင်ငံရဲ့ ၃.၆ သန်းသော လူတွေ အစား ကျုပ် က ဂိုဏ်းချုပ်ကျွင်းကို အလေးပြုပါတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ ခွက်ကို မြှောက်ကာ ပြောလိုက်သည် “ဒါက အရမ်းကြီးကျယ်သွားသလိုပဲ”

ဝိုင်သောက်ပြီးနောက် သူတို့ အသီးသီး ပြန်ထိုင်လိုက်ကြ၏။

“အိုး .. ဟုတ်သားပဲ”

သူ စိတ်ဝင်တစားနှင့် မေးလိုက်သည် “မြို့တော်ဝန်ရှဲ့ .. ချင်းယန် နိုင်ငံရဲ့ အုပ်ချုပ်သူက ဘယ်သူလဲ”

မြို့တော်ဝန်ရှဲ့သည် မြို့၏ ကိစ္စရပ်များကိုသာ တာဝန်ယူထားသူ ဖြစ်သည်။ နိုင်ငံ၏ အုပ်ချုပ်သူ မှာ သီးသန့် ရှိရပေမည်။

ကျွင်းချောင်ရှောင်းလို ဝိညာဉ်ကူးပြောင်းလာသူ မပြောနှင့် ချင်းယန်နိုင်ငံသားများပင်လျှင် ထိုအုပ်ချုပ်သူ အကြောင်း မသိကြချေ။ ထိုသို့သော လူမျိုး ရှိသည် ဆိုသည်ကိုပင် တော်တော်များများက မေ့လျော့နေကြပြီ ဖြစ်သည်။

“ဟင်း …”

မြို့တော်ဝန်ရှဲ့သည် အကူအညီ မဲ့စွာ ပြောလိုက်သည် “ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူ က အရမ်းလျှို့ဝှက်တယ်။ လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်း အတွင်းမှာ ကျုပ် နှစ်ကြိမ်ပဲ မြင်ဖူးတယ်။”

“အဲလောက် လျှို့ဝှက်တယ်လား” ကျွင်းချောင်ရှောင်း သံယောင်လိုက်မိသည်။

မြို့တော်ဝန်ရှဲ့ ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒီဆယ်စုနှစ် အတွင်း နိုင်ငံရေးရာ တွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မမေးတဲ့ အထိ လျှို့ဝှက်လွန်းတယ်”

“ဒါပေမဲ့ ….”

သူ ခဏရပ်ကာ လေးလေးနက်နက် ပြောလာ၏ “အုပ်ချုပ်သူ က အရမ်းအားကောင်းတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက နိုင်ငံ ယှဉ်ပြိုင်ပွဲ တစ်ခုမှာ အဆင့်ရှစ် နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်သူကိုတောင် အနိုင်ယူဖူးတယ်”

“ဒီလိုလား …”

ကျွင်းချောင်ရှောင်း လေးလေးနက်နက် မေးလိုက်သည် “ကျုပ်တို့ရဲ့ အုပ်ချုပ်သူ နာမည်က ဘာလဲ။ အသက် ဘယ်လောက် ရှိပြီလဲ။ ကျင့်ကြံခြင်း အဆင့်ကရော ….”

မြို့တော်ဝန်ရှဲ့ ပြောလိုက်သည် “အုပ်ချုပ်သူကို ယွင်ဟော် လို့ခေါ်တယ်။ အသက်က သုံးဆယ်ကနေ လေးဆယ်ကြားထဲပဲ။ အဆင့်ရှစ် နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူကို အနိုင်ယူခဲ့တယ်ဆိုတော့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တွက်ချက်ရရင် သိုင်းစစ်သူကြီး အဆင့်ရှစ်လောက် ဖြစ်မယ်”

ယွင်ဟော် ..။

ဤနာမည်သည် အလွန်အားကောင်းသော နာမည်ပိုင်ရှင်မျိုး ဖြစ်သည်။

အဆင့်ရှစ် သိုင်းစစ်သူကြီး ဆိုသည်မှာ ကျွင်းချောင်ရှောင်းအား အံ့အားသင့်စေသည်။ ထိုအဆင့်သည် အဆင့်ငါး ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ယောက် အဆင့်မျိုး ဖြစ်၏။

“ထူူးခြားတဲ့ ပုံပန်းသွင်ပြင်ရှိလား”

အုပ်ချုပ်သူသည် ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေသည်။ သူ ပို၍ သိချင်လာသည်။

“အုပ်ချုပ်သူ ယွင်ဟော် က အပြာရောင် ဝတ်စုံကို ဝတ်တယ်။ ဝိုင်ခွက်ကို လက်က မချဘူး။ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ ဆံပင်တွေက ဖြူနေပြီ” မြို့တော်ဝန် ရှဲ့ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း သေချာ မှတ်ထားလိုက်သည် “အခွင့်အရေးရရင် သူနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်”

“နည်းနည်းတော့ ခက်တယ်”

မြို့တော်ဝန်ရှဲ့ ပြောလိုက်သည် “အုပ်ချုပ်သူယွင် က အရိပ်လိုပဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ပဲ။ သူ ဒီနိုင်ငံထဲမှာပဲလား၊ တခြားနိုင်ငံတွေဆီ လျှောက်သွားနေလား ဆိုတာ ဘယ်သူမှ မမှန်းဆ နိုင်ဘူး”

“နိုင်ငံအုပ်ချုပ်သူ တစ်ယောက် အနေနဲ့ သူက ဘာတစ်ခုမှလည်း မမေးဘူး။ မနာလိုစရာ ကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းသည်လည်း ဂိုဏ်း၏ တာဝန်များအား လီချင်းယန်ဆီ လွှဲအပ်ကာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ လှည့်လည်သွားလာချင်မိသည်။ သို့ပေမဲ့ သူ၏ အဓိက တာဝန်ကို ပြည့်စုံစေရန် အကောင်းဆုံး ပြုလုပ်ရပေအုံးမည်။

လောကကြီးဆီ ခရီးနှင်ဖို့ ….။

သူ၏ ဂိုဏ်းသာ ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်ပြီးလျှင် ထိုသို့သော ပျော်ရွှင်စရာ အတွေ့အကြုံမျိုးကို သူ ရယူရန် ဆုံးဖြတ်ချက် ချလိုက်မိသည်။

“လာ.. ဘာပဲဖြစ်ဖြစ် လောလောဆယ် သောက်လိုက်ကြစို့”

All Chapters