← Chapters

အခန်း (၂၇၇)

Vol. 19 Ch. 277

အခန်း (၂၇၇)

Vol. 19 Ch. 277

နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ရန် ဆယ်ရက်သာ ကျန်ရှိတော့သည်။ ထိုအချိန်ကာလသည် တိုလွန်းသည် မဟုတ်သလို ကြာရှည်လွန်းသည်လည်း မဟုတ်။

ရက်အနည်းငယ်အတွင်းမှာပဲ လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည် သူတို့၏ ကျင့်ကြံခြင်းအား ရပ်တန့်၍ အဆင့်သစ်များနှင့် အသားကျရန် ကြိုတင်ပြင်ဆင်ကြတော့သည်။

ထိုသို့ဆိုလျှင် …

လက်ရှိ သူတို့၏ အဆင့်မှာ မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း။

လီချင်းယန် ၊ ရှောင်ကျီ ၊ စုရှောင်မို နှင့် လီဖေးတို့သည် အဆင့်ငါး သို့ ချိုးဖျက်ရောက်ရှိသွားကြပြီဖြစ်ပြီး ထျန်းချီ မှာတော့ သိုင်းဆရာ အဆင့်လေးသို့ ရောက်ရှိသွားခဲ့သည်။ အဆင့်ငါးသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။

ထိုက်ရွှမ်ကျမ်းအား လေ့ကျင့်သော ရီရှင်းချန် သည် အားလုံး၏ ရှေ့၌ ဦးဆောင်နေပြီး အဆင့်ခြောက် သိုင်းဆရာ အဆင့်သို့ရောက်ရှိသွားခဲ့၏။

အတွင်းတပည့်များတင် မဟုတ် …. တစ်ချို့သော အပြင်စည်း တပည့်များ ဆိုလျှင် လအနည်းငယ်အတွင်း သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ချိုးဖျက် ရောက်ရှိသွားခဲ့ကြသည်။

လုံကျိရန် နှင့် လီယုဟွာတို့ ဆိုလျှင် သိုင်းဆရာ အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့သည် အတွင်းစည်း တပည့်များ မဟုတ်သော်လည်း ချီစုစည်းခြင်းဆေးလုံးများကို ရရှိနေသောကြောင့် သိုင်းဆရာ ပထမအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းလည်း ဖြစ်၏။

ကျင့်ကြံခြင်းကို မပြုလုပ်ရသေးသော ရောင်မုန့်ယဉ်မှ အပ ကျန်တပည့်သစ်များသည်လည်း သိုင်းတပည့် အဆင့်နှစ်သို့ ရောက်ရှိသွားကြသည်။

ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ၊ ကြွက်သားတည်ဆောက်ခြင်း အခန်းတို့ကြောင့် ၎င်းတို့သည် အဆင့်တူ ကျင့်ကြံသူများထက် ပိုမို အားကောင်းကြသည် ဆိုသည်မှာယုံမှား သံသယ ရှိစရာ မလိုပေ။

ဂိုဏ်းအသိအမှတ်ပြုဟောခန်း ပင်မဗဟို၏ အကြီးအကဲ နှစ်ယောက်သာ ဤမြင်ကွင်းအား မြင်မည် ဆိုလျှင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားမှာ သေချာသည်။

ဟုတ်ပေသည်။ သံမဏိအရိုးဂိုဏ်း တပည့်များသည် အရူးများကဲ့သို့ ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ကျင့်ကြံခြင်းနည်းစနစ်များအား စိတ်ထဲတွင် အလုံးစုံ နားလည်နီုင်စေရန် ကြိုးစားခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးတိုင်ပင်၍ အတူတူ တိုးတက်ခြင်းဖြစ်စဉ်ကို လျှောက်လှမ်းခဲ့ကြခြင်းလည်း ဖြစ်၏။

လီလိုရှုမှာတော့ အဆင့်ခြောက်မှ သည် အဆင့်ခုနှစ်သိုင်းဆရာ အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရုံသာ ရှိခဲ့သည်။

သူမသည် လက်နက်ပုန်းနှင့် လှုပ်ရှားမှ နည်းစနစ် များအား အသားပေး ကျင့်ကြံနေသောကြောင့် အဆင့်တက်နှုန်းမှာ နှေးကွေးလွန်းနေ၏။

မြွေဟောက် နှင့် တောကြောင်တို့သည်လည်း အဆင့်လေး သိုင်းဆရာ အဆင့်သို့ ရောက်ရှိခဲ့ကြသည်။

သူတို့သည် မိုးဆွေအဆောက်အဦ ၏ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည်။ ယခု သံမဏိအရိုးဂိုဏ်း၏ အရင်းအမြစ်များကို ရရှိပြီးသည့်နောက် သိုင်းတပည့်အဆင့်မှသည် သိုင်းဆရာ အဆင့်ထိ တိုးတက်ရောက်ရှိခဲ့ခြင်း ဖြစ်၏။

ကျွင်းချောင်ရှောင်း ၏ ကြည့်ရှုမှုအောက်တွင် သိုင်းဆရာအဆင့်သို့ ရောက်ရှိနှင့်နေကြသော တပည့် နှစ်ဆယ်ကျော် ရှိနေပြီး အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ လိုအပ်ချက်နှင့်ပင် ကိုက်ညီနေပြီ ဖြစ်သည်။

သို့ပေမဲ့ သိုင်းစစ်သူကြီးဖြစ်ရမည့် ဂိုဏ်းချုပ် သာ လိုအပ်နေသည်။ စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် တပည့် ငါးရာ့တစ်ဆယ်ကို ရရှိအောင် လူသစ်ခေါ်ယူမှုကိုလည်း ပြုလုပ်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည့် သိုင်းစစ်သူကြီး တစ်ယောက်၏ အားအင်နှင့် တူညီနေသည် ဆိုသော်လည်း တကယ်တမ်း အသိအမှတ်ပြု ဟောခန်းမှ စစ်ဆေးသည်မှာ ကျင့်ကြံခြင်း အဆင့်ကိုသာ ဖြစ်သည်။ အားအင်အဆင့်ကို အဓိက မထားပေ။ ထို့ကြောင့် သိုင်းစစ်သူကြီးအဆင့် အားအင်ကို ပိုင်ဆိုင်လျှင်တောင်မှ သိုင်းစစ်သူကြီး မဟုတ်သောကြောင့် အကျုံးမဝင်ချေ။

ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်း အနေဖြင့် အဆင့်တက်နိုင်ရန် အထူးတာဝန်ကို ရရှိရန် လိုအပ်သေးပုံ ပေါ်သည်။

တာဝန်ကို မပြည့်စုံဘူးဆိုလျှင်တော့ သူ၏ အဆင့်သည် ပိတ်မိနေပေလိမ့်မည်။

……..

ဘုန်း ..။

လေ့ကျင့်ရေးခန်းမထဲမှာတော့ စုရှောင်မိုသည် အားအင်စမ်းသပ်ခြင်းစက် အား ကန်ကျောက်လိုက်သည်။ စက်ပေါ်တွင် ပေါ်နေသော ဂျင် ၈၀၀၀၀ ဆိုသော ဂဏန်းကို မြင်တော့ စုရှောင်မို စပ်ဖြီးဖြီး ဖြစ်သွားသည်။

သိုင်းဆရာ အဆင့်ငါး အဆင့်ဖြင့် ထိုကဲ့သို့သော အားအင်မျိုးကို ထုတ်ဖော်နိုင်စွမ်း ရှိသည် ဆိုခြင်းမှာ ထိပ်တန်းပါရမီရှင်တွေသာ တတ်နိုင်သော အရာဖြစ်၏။

သာမာန်အခြေအနေ အရ ဆိုလျှင် …

ထိပ်တန်းပါရမီရှင်တွေတောင်မှ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဖြစ်မှ ရမည်။

စုရှောင်မိုသည် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သည် ဆိုသော်လည်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး ၊ စမ်းသပ်မှုမျှော်စင် တို့ကြောင့် ယခုကဲ့သို့ အားကောင်းနေခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းဆီသို့ ရောက်လာလျှင် သာမာန်ပင်ကိုယ်စွမ်းရည်သာ ရှိသော သာမာန်လူတောင်မှ ထိပ်တန်း ပါရမီရှင်နှင့် နှိုင်းယှဉ်ရနိုင်သည့် အားအင်မျိုးကို ပိုင်ဆိုင်ရမည်။

ထိုမျှနှင့် မလုံလောက်သေးချေ။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ကောင်းကင်၏ သားတော်များ ဖြစ်လာစေရန်အထိ ရည်မှန်းထားသည်။

သက်ရှိအရာအားလုံး၏ ချီးမြှောက်မှုကို ခံယူရခြင်း … ထိုသို့သော အခြေအနေသို့ ရောက်ရှိရန် သိုင်းအင်ပါယာ အဆင့်သို့ ရောက်ရှိရန် လိုအပ်နေသေး၏။

ဘုန်း …။

ရှောင်ကျီသည် စက်အား လာရောက်ထိုးနှက်လိုက်တော့ ဂျင် ၈၃၀၀၀ ဟူသော ဂဏန်း ပေါ်လာတော့သည်။

မူလ က မာန်အနည်းငယ်တက်မိသော စုရှောင်မိုသည် ချက်ချင်းပင် စိတ်ဓာတ်တကျဖြင့် သူ၏ ဆံပင်များအား ဆွဲခါလိုက်မိသည် “အဆင့်တူချင်းကို ညီလေးရှောင်က ငါ့ထက် ဂျင် ၃၀၀၀ လောက် ပိုအားကောင်းနေတာပဲ”

ရှောင်ကျီ က ပြုံးလိုက်သည် “စီနီယာအစ်ကိုစုကို ကျွန်တော် အမြန်နှုန်းမှာ မယှဉ်နိုင်ဘူးလေ။”

စုရှောင်မို ထိုစကားကို ကြားတော့ စိတ်သက်သာရာ ရမိသွားသည်။

လီချင်းယန်သည် အသာလျှောက်လာရင်း ပြောလိုက်သည် “ဂျုနီယာညီလေးရှောင် ရဲ့ ခန္ဓာကိုယ် အားအင်ကို ငါတို့ ယှဉ်လို့မရဘူး”

စုရှောင်မို “……….”

ဘုန်း ..။

လီချင်းယန်သည် အားအင်စမ်းသပ်ခြင်းစက်အား ထိုးနှက်လိုက်သည်။ ဂျင် ၈၅၀၀၀။

သူ၏ ကျင့်ကြံခြင်းအားအင်သည် ရှောင်ကျီထက် ၂၀၀၀ ဂျင် ပိုမိုများပြားနေသည်။ ရှောင်ကျီသည် စတင်ကျင့်ကြံစဉ်ကတည်းက ခန္ဓာကိုယ် ခုခံခြင်းအားအင်ကို အားစိုက်ကျင့်ကြံခဲ့သောကြောင့်ပင် ဖြစ်လိ့မ်မည်။ ထို့ကြောင့် လီချင်းယန်ထက် တိုက်ခိုက်ရေးအားအင် တွင် အားနည်းနေခြင်း ဖြစ်၏။

ဘုန်း ..

ဘုန်း..။

ထျန်းချီ နှင့် လီဖေးတို့သည်လည်း လာရောက် စမ်းသပ်သည်။ ဂျင် ၆၀၀၀၀ နှင့် ဂျင် ၇၈၀၀၀ ကို ညွှန်ပြနေသည်။

လီဖေးသည် လျှင်မြန်မှုကို ဦးစားပေး ကျင့်ကြံသောကြောင့် ဂျင် ၇၈၀၀၀ ဟူသော အားအင်ကိုသာ ပိုင်ဆိုင်နေခြင်း ဖြစ်သည်။ ထျန်းချီကတော့ အထူးပြောပြနေစရာမလိုပေ။ စိတ်ဝိညာဉ်အမြစ်ကြောင့် လိုက်မမီခြင်း ဖြစ်တော့၏။

“ဂျူနီယာ ညီလေးရီ .. လာစမ်းကြည့်” လီချင်းယန် ပြောလိုက်သည်။

“ဟမ့်”

ရီရှင်းချန်သည် အသာလျှောက်လာပြီး သူ၏ လက်သီးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ကာ ထိုးနှက်လိုက်သည်။ ဂျင် ၉၀၀၀၀။

“ကောင်းကင်ဘုံ … ညီလေးရီ က အားကောင်းလိုက်တာ”

“သူက ငါတို့ထက် နောက်ကျပြီးမှ ဂိုဏ်းထဲ ဝင်တာလေ။ ဒါပေမဲ့ အားအင်အဆင့်က ဒုတိယ စီနီယာအစ်ကိုထက်တောင် ၅၀၀၀ များနေသေးတယ်”

“ဂျူနီယာညီလေး .. ဘယ်လိုလုပ်လိုက်တာလဲ”

စုရှောင်မို နှင့် လီဖေးတို့ ထအော်လိုက်မိသည်။

ရီရှင်းချန်သည် ခွန်းတုံ့မပြန်ပေ။ သူ၏ စိတ်ထဲတွင်တော့ အကူအညီမဲ့စွာ ရေရွတ်နေမိ၏ “ထိုက်ရွှမ်ကျမ်း ရှိတာတောင်မှ လီချင်းယန်ထက် ငါးထောင်ပဲ သာတယ်။ ကျုပ် တော်တော် ညံ့တာပဲ”

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းထောက်ပံ့ပေးထားသော အရင်းအမြစ်များသည် သိုင်းအင်ပါယာ တစ်ယောက် ပြန်လည် ဝင်စားခြင်း ထက်မနိမ့်ကျခဲ့ပေ။

တကယ်တော့ ရီရှင်းချန်၏ တွေးတောနည်းသည်လည်း မှားယွင်းနေသည်။ တကယ်တမ်း သူ ယှဉ်ပြိုင် ရမည်မှာ လီချင်းယန် တို့နှင့်မဟုတ်ဘဲ အရင်ဘဝ က သူနှင့် ဖြစ်သည်။

အရင်ဘဝတုန်းက သူသည် အဆင့်ခြောက် သိုင်းဆရာ အဆင့်သို့ ရောက်ရှိရန် သုံးနှစ်ကြာ ကြိုးစားခဲ့ရပြီး အားအင်အဆင့်မှာလည်း ဂျင် ၇၀၀၀၀ သာ ရှိခဲ့၏။ ယခု အားအင် အဆင့်နှင့် ဆိုလျှင် ဂျင် နှစ်သောင်းတောင် ပိုမို များပြားနေသေး၏။

အဘယ့်ကြောင့် ဆိုသော် ထိုက်ရွှမ်ကျမ်းကြောင့် ၂၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကာ ဂိုဏ်းချုပ်ကျွင်း၏ ထောက်ပံ့မှုမှာတော့ ၈၀ ရာခိုင်နှုန်း ပါဝင်နေသည်။

…….

ဟူး ..ဟူး…။

စာကြည့်ခန်းထဲတွင်တော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လျက် ရှိသည်။

ပြီးနောက် အသက်ကို ပြင်းပြင်းရှုပြီး မျက်စိနှစ်လုံးအား ဖွင့်လိုက်၏။

နှစ်လအတွင်း သူသည် သိုင်းဆရာ အဆင့်ကိုး မှသည် သိုင်းဆရာ ထိပ်ဆုံးအဆင့်ထိ တိုးတက်ရောက်ရှိသွား ခဲ့ပြီ ဖြစ်သည်။ လုံလောက်သည့် အရင်းအမြစ် ရှိလျှင် အဆင့်ချိုးဖျက်ရန် မခက်ခဲဟူသော အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

“ဒင် .. လက်ခံသူသည် သိုင်းဆရာ ထိပ်ဆုံးအဆင့်သို့ ချိုးဖျက် ရောက်ရှိခဲ့သည်။ အထူးတာဝန် အသက်ဝင်သည်”

လာပြီ .. လာပြီ။

ကျွင်းချောင်ရှောင်းသည် စနစ် အား ဖွင့်ကြည့်လိုက်တော့ နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ရန် ဟူသော တာဝန်အားမြင်လိုက်ရ၏။

ဤတာဝန်သည် အမှန်ပင် နတ်စမ်းချောင်းဂိုဏ်းနှင့် ပတ်သက်နေ၏။

သူ အသေးစိတ်အား ထောက်ကြည့်လိုက်သည်။

တတိယမြောက် အထူးတာဝန် …။

တာဝန် အသေးစိတ်။ တစ်လအတွင်း တပည့်များ ခေါ်ဆောင်၍ အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ရန်။

တာဝန် လိုအပ်ချက် - နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်များ အနိုင်ယူခြင်း ၀ /၃။ နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်အား အနိုင်ယူခြင်း ၀ / ၁၀။ နတ်စမ်းချောင်း ဂိုဏ်း၏ အပြင် တပည့်များအား အနိုင်ယူခြင်း ဝ/ ၃၀။

တာဝန်ဆုလာဘ် “????”

“ကြည့်ရတာ ရိုးရှင်းပုံပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဒုတိယမြောက် အထူးတာဝန်သည် မီးနဂါးကြီးအား သတ်ဖြတ်ရန် ဖြစ်ခဲ့သည်။ ယခု နတ်စမ်းချောင်းဂိုဏ်း၏ တပည့်များသည် မီးနဂါးကြီးလောက် အားကောင်းပါမည်လော။

စနစ်မှ ပြောလိုက်သည် “လက်ခံသူ မီးနဂါးကို အနိုင်ရခဲ့တာ ဓားမော့အစွမ်းကြောင့်ပါ။ ကိုယ်ကိုယ်ကိုယ် အထင်ကြီးတာ လျော့ပါ”

“……..” ကျွင်းချောင်ရှောင်း။

All Chapters