← Chapters

အခန်း (၂၇၉)

Vol. 19 Ch. 279

အခန်း (၂၇၉)

Vol. 19 Ch. 279

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စိတ်ဝိညာဉ်စွမ်းအင်များ အလွန်ပေါကြွယ်သည့် နေရာများ တည်ရှိသည်။ များပြားလှသော ဂိုဏ်းများသည် ထိုကဲ့သို့သော နေရာမျိုး နှင့် အနီးတွင် ဂိုဏ်းအား တည်ဆောက်ကြသည်။

ချင်းယန်နိုင်ငံနှင့် မိုင်တစ်ထောင်လောက် ဝေးကွာသည့် နေရာမှာတော့ စိတ်ဝိညာဉ်ချီများ ပေါကြွယ်လွန်းသည့် တောင်တစ်ခု ရှိသည်။ ထိုတောင်သည် နတ်စမ်းချောင်းတောင်ပင် ဖြစ်တော့၏။

လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာလောက်တုန်းက ကျွမ်းကျင်သူ တစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာပြီး ဂိုဏ်းတစ်ခု တည်ထောင်ခဲ့သည်။ ထိုသူ တည်ထောင်ခဲ့သော ဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်း ဖြစ်ပြီး အလွန်ကြိုးစားခဲ့သောကြောင့် လက်ရှိတွင် ပတ်ဝန်းကျင် မိုင်တစ်ထောင် ပတ်လည်အတွင်း တန်ခိုးကြီးထွားသော အဆင့်ငါး ဂိုဏ်းတစ်ခု ဖြစ်လို့နေပြီ ဖြစ်သည်။

နတ်စမ်းချောင်းဂိုဏ်းသည် ဤနေရာပတ်ဝန်းကျင်တွင် တန်ခိုးကြီးထွားပြီး နတ်စမ်းချောင်းဂိုဏ်းအား ဖြတ်သန်း စီးဆင်းနေသော မြစ်ရေကို သောက်သုံးလျှင်ပင် သိုင်းတာအိုကို ရရှိနိုင်သည်ဟု သတင်းစကား ပြန့်ပွား၏။

သို့ပေမဲ့ ကံဆိုးသည်မှာ ထိုသတင်းစကား ပေါ်လာပြီးသည့်နောက် နတ်စမ်းချောင်းဂိုဏ်း၏ ခွင့်ပြုချက် မရဘဲ မည်သူမှ မြစ်ရေကို သောက်သုံးခွင့်မရှိခြင်းပင်။

ယနေ့မှာတော့ …

စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါကြွယ်လွန်းနေသော နတ်စမ်းချောင်းတောင် ရှေ့တွင် များပြားလှသော ကျင့်ကြံသူများသည် ပျားပန်းခတ်မျှ စုဝေးရောက်ရှိနေကြသည်။ ၎င်းတို့သည် နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ပြီ ဖြစ်သော်လည်း ခိုင်ခန့်၍ ထည်ဝါလှသော ကျောက်လှေကားများ အတိုင်း တက်လာကြသည်။

“အဆင့်ငါး ဂိုဏ်းတစ်ခုက တကယ့်ကို ခမ်းနားလွန်းတာပဲ”

စိတ်ဝိညာဉ်ချီများ ပေါများလွန်းသည့်တောင်ပေါ်သို့ တက်လာရင်း ကျင့်ကြံသူတစ်ယောက်သည် မနာလိုသလိုပင် ပြောဆိုမိ၏။

“သံမဏိအရိုးဂိုဏ်းသာ နတ်စမ်းချောင်းဂိုဏ်းကို လာပြီး စိန်ခေါ်တာ မဟုတ်ရင် ကျုပ်တို့တွေ ဒီလိုဂိုဏ်းကြီးရဲ့ တောင်ပေါ်ကို တက်ခွင့်ရမှာ မဟုတ်ဘူး။”

“သံမဏိအရိုးဂိုဏ်းက နောက်ပိုင်းမှာ ထွန်းတောက်လာတယ်။”

“အဆင့်ခြောက် ဂိုဏ်းတစ်ခုကို စိန်ခေါ်ခဲ့တာက တော်သေးတယ်။ အဆင့်ငါး ဂိုဏ်းတစ်ခုကိုတော့ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။ ရှုံးပြီးရင်လည်း ကျင့်ကြံခြင်းလောကကနေ ပျောက်ကွယ်သွားမှာ မြင်ယောင်မိသေးတယ်”

နတ်စမ်းချောင်းဂိုဏ်း၏ တောင်ပေါ်သို့ တက်လာသော ကျင့်ကြံသူများသည် ပြောဆို ဆွေးနွေးနေကြသည်။

သူတို့သည် တခြားသော နိုင်ငံများမှ ဖြစ်ပြီး သံမဏိအရိုးဂိုဏ်း၏ စိန်ခေါ်မှုကို လာရောက် ကြည့်ရှုကြသည် ဆိုသော်လည်း တကယ်တမ်း ရည်ရွယ်ချက် မှာ ဂိုဏ်းကြီးတစ်ခုဆီ လာလည်ခြင်းပင် ဖြစ်တော့၏။

ထို့အပြင် သူတို့သည် သံမဏိအရိုးဂိုဏ်း နှင့် ပတ်သက်ပြီး ဘာခံစားချက်မှ မရှိကြချေ။ စိန်ခေါ်ပွဲ စသည် ဆိုသည်နှင့် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမည်ကို ကြိုတင်သိရှိနေကြသည်။

အဆင့်ခြောက် ဂိုဏ်းတစ်ခုဆိုလျှင် တော်သေးသည်။ ယခုလို အဆင့်ရှစ် ဂိုဏ်းတစ်ခုက စိန်ခေါ်မှုကို သူတို့ မည်သို့မှ စိတ်ထဲ မထည့်သည်မှာ သဘာဝကျသည်ဟု ဆိုရမည်။

…..

နတ်စမ်းချောင်းဂိုဏ်းသည် အလွန်ကြီးမားသည်။

အပြင်ဘက် သိုင်းလေ့ကျင့်ရာ ကွင်းပြင်သည် လီရန်မြို့၏ သိုင်းယှဉ်ပြိုင်ပွဲ တည်နေရာ နှိုင်းယှဉ်၍ ရသည်အထိ ကြီးမား၏။

အဓိက ဟောခန်းသည် အလွန်ခမ်းနားလှပြီး ရှေးကျသည့် အရှိန်အဝါမျိုးတွေ ထွက်ပေါ်လျက်ရှိသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သက်တမ်းမြင့်မားသော ဂိုဏ်းတစ်ခုဖြစ်မှန်း သိသာနေသည်။

ထိုအရာသည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ကတည်းက တည်ဆောက်ခဲ့သော ဂိုဏ်း၏ အခြေခံပင် ဖြစ်တော့သည်။ တစ်ချို့သော အဆင့်ငါး ဂိုဏ်းသစ်များပင် နတ်စမ်းချောင်းဂိုဏ်းအား လိုက်မီနိုင်မည် မဟုတ်ချေ။

များပြားလှသော ပွဲကြည့်ကျင့်ကြံသူများသည် ရှေးဟောင်းအနုပညာလက်ရာများ နှင့် ဟောခန်းကြီးအား ကြည့်ရင်း အံ့အားတသင့်ဖြင့် ချီးကျူးမိကြသည်။

ဂိုဏ်းကြီးတစ်ခု ပီသစွာပဲ အပြင်ဘက်မှ ရပ်ကြည့်လိုက်သည်နှင့် နှလုံးသားထဲတွင် အားကိုးစိတ်များ ဖြစ်ပေါ်လာမိ၏။

သို့ပေမဲ့ ဓားကဲ့သို့ ဖြောင့်စင်းသည့် မျက်ခုံး ၊ ကြယ်တာရာများလို လင်းလက်နေသည့် မျက်လုံးများ နှင့် တပည့်များအား မြင်လိုက်ရချိန်မှာ သူတို့သည် ပိုမို၍ ထိတ်လန့်မိသွားကြသည်။ ဤမျှ များပြားသော တပည့်များသည် သိုင်းတပည့်အဆင့်များ ဖြစ်နေကြသည်။

သိုင်းတပည့်အဆင့် ကျင့်ကြံသူများအား မမြင်ဖူးသူ မည်သူ ရှိလို့နည်း။

သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းမှ သိုင်းတပည့်များသည် အော်ရာတွေကို ကြည့်လိုက်သည်နှင့် အလယ်အလတ် အဆင့်မှ အဆင့်မြင့် အဆင့် သိုင်းတပည့်များ ဖြစ်ကြောင်း သိသာနေ၏။

ကြယ်ကြွေကုန်မြေတိုက်ကြီး၏ သိုင်းတာအို အဆင့်များတွင် တူညီသည့် သိုင်းတပည့် ကျင့်ကြံသူအဆင့် ဖြစ်လျှင်ပင် သာမာန်၊ အလယ်အလတ် ၊ အဆင့်မြင့် နှင့် အထူး အဆင့်ဟူ၍ ထပ်မံ ခွဲြ့ခားထားသည်။

သာမာန်အဆင့် ကျင့်ကြံသူသည် ဂျင်တစ်ထောင် အားအင်ကို ပိုင်ဆိုင်သည် ဆိုလျှင် အထူးအဆင့် ကျင့်ကြံသူမှာ အားအင် ဂျင် ၂၅၀၀ ကို ပိုင်ဆိုင်၏။ ထို့ကြောင့် အထူးအဆင့် ကျင့်ကြံသူများအား ထပ်တန်း ပါရမီရှင်များအဖြစ် သတ်မှတ်ကြသည်။

နတ်စမ်းချောင်းဂိုဏ်းမှ သိုင်းတပည့် အဆင့် ဂိုဏ်းသားများ၏ အော်ရာကို ကြည့်မည် ဆိုလျှင် အလယ်အလတ်မှ အဆင့်မြင့် သိုင်းတပည့်များ ဖြစ်မှန်း သိသာနေ၏။

သာမာန်ဂိုဏ်းများတွင် ထိုကဲ့သို့ တပည့်များ တွေ့ရန် ရှားပါးလွန်းသည် ဆိုသော်လည်း အဆင့်ငါး ဂိုဏ်းတစ်ခု မှာတော့ ဖောဖောသီသီ တွေ့ရှိနေရသည်။ ထိုအရာမှာ ဂိုဏ်းတွေကြား ကြီးမားသော ကွာခြားချက်ပင် ဖြစ်တော့သည်။

“အားလုံးပဲ”

ထိုအခိုက်မှာပဲ အလွန်ကြည့်ကောင်းလွန်သော တပည့်တစ်ယောက်သည် လျှောက်လှမ်းလာပြီး ယဉ်ကျေးလွန်းသည့် အမူအရာဖြင့် ပြောဆိုလိုက်၏ “အခန်းတွေ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ”

အားလုံးသည် ထပ်မံ၍ တုန်လှုပ်မိသွားသည်။

ဤတပည့်သည် အသက်နှစ်ဆယ်လာက်သာ ရှိသေးသော်လည်း သိုင်းဆရာ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည့်အပြင် အထူးအဆင့် ကျင့်ကြံသူလည်း ဖြစ်လို့နေ၏။

“ဒါက နတ်စမ်းချောင်းဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေထဲက တစ်ယောက်ဖြစ်တဲ့ ချင်းလင်းဖန် ဆိုတဲ့ တစ်ယောက် မဟုတ်လား။”

“ရေနဂါးရွာကိုသွားပြီး ဓားတစ်ချောင်းတည်း နဲ့ ဓားပြ သုံးရာကျော်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သခင်လေး လင်းဖန် လား။”

“တကယ့်ကို ငယ်ရွယ်လွန်းတဲ့ သူရဲကောင်းပဲ”

အားလုံးသည် နောက်မှ လိုက်လာရင်း ချီးကျူးမိနေကြသည်။

နတ်စမ်းချောင်းဂိုဏ်းသည် အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တိုက်ရိုက်တပည့်အား ဧည့်ကြိုအဖြစ် ခန့်အပ်ထားသည်။ သူတို့အတွက် မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်သနည်း။

နေအုံး ..။

အားလုံး၏ မျက်လုံးများသည် အမျိုးသမီး တပည့်များ ခြံရံ၍ အတွင်းခြံဝန်း အပေါက်ဝတွင် ရပ်လျက်ရှိသော လှပလွန်းသည့် မိန်းကလေး တစ်ယောက်ဆီ အကြည့်ရောက်သွားကြ၏။

“ဒါ .. ဒါ မြောင်ဟွာ ခန်းမဆောင်ရဲ့ သခင်မ မဟုတ်လား”

“ကောင်းကင်ဘုံ … ဘယ်လိုဖြစ်ပြီး အဆင့်လေး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က ဒီကို ရောက်နေတာလဲ”

“သူမလည်း နတ်စမ်းချောင်းဂိုဏ်းဆီ လာလည်တာလား”

အားလုံး အံ့အားသင့်မိနေကြသည်။

ချင်းလင်းဖန် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်မယ့် သတင်း ဟောခန်းသခင်ရှစ် ကြားခဲ့တယ်လေ။ ဒါကြောင့် ပွဲလာကြည့်တာ”

အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် အဆင့်ငါး ဂိုဏ်းတစ်ခုကို စိန်ခေါ်သည် ဆိုခြင်းမှာ မယုံကြည်နိုင်စရာပင်။ သို့ပေမဲ့ အဆင့်လေး ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်က အဘယ့်ကြောင့် အရေးလုပ်၍ လာကြည့်ရသနည်း။

ထိုအချိန်မှာပဲ အတွင်းခြံဝန်းအတွင်းမှ မိန်းကလေး နှစ်ယောက် လျှောက်ထွက်လာသည်။ ၎င်းတို့၏ ဝတ်စုံ ပခုံးထက်တွင်ရှိသော လိုင်လီပန်း ပန်းချီကို မြင်တော့ အားလုံးသည် မျက်လုံးပြူးသွားကြသည်။

လိုင်လီပန်း ပန်းချီ …. ထိုအရာသည် ….။

ချင်းလင်းဖန် ပြောလိုက်သည် “လိုင်လီနတ်ဂိုဏ်းရဲ့ တပည့်တွေပါ။ သူတို့လည်း ပွဲလာကြည့်ကြတာ”

ဟူး..။

အားလုံး သက်မချလိုက်မိကြ၏။

သံမဏိအရိုးဂိုဏ်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်သည့် ကိစ္စသည် အဆင့်နှစ် ဂိုဏ်းတစ်ခုကိုပင် စိတ်ဝင်စား စေသည်လား။

“အဲမိန်းကလေးက မုယုံမိသားစု ရဲ့ မုယုံရှင်း မဟုတ်လား။”

“အဲမိန်းကလေးဆီမှ အထူးစိတ်ဝိညာဉ်အမြစ် ရှိတယ်လို့ ကြားဖူးတယ်။ လိုင်လီနတ်ဂိုဏ်းရဲ့ ဆယ့်တစ်ယောက်မြောက် အကြီးအကဲက သူမကို တိုက်ရိုက်တပည့်အဖြစ် ခေါ်ယူ သင်ကြားပေးနေတယ်တဲ့။”

“ဟားဟား .. ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက လိုင်လီနတ်ဂိုဏ်း တပည့် မုယုံရှင်းက ဂိုဏ်းရဲ့ အကြီးအကဲတွေကို ခေါ်လာပြီး ချင်းယန်နိုင်ငံ က ရှောင်မိသားစု နဲ့ စေ့စပ်ထားတာကို လာဖျက်ခဲ့တယ် ဆိုတာပဲ။”

“ကျုပ်လည်းကြားဖူးတယ်။ အဆင့်ကိုးနိုင်ငံတစ်ခုမှ အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တဲ့ ပါရမီရှင် လူငယ်တစ်ယောက် ပေါ်လာခဲ့ဖူးတယ်။ အခု အဲလူငယ်က ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားရုံတင်မဟုတ်ဘူး။ တစ်ခု မှ သုံးမရတော့ဘူးလေ။ အဲတာ မုယုံရှင်း စေ့စပ်ပွဲဖျက်သိမ်းလိုက်တဲ့ လူငယ်ပဲ”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ယောကျာ်းတွေကသာ မိန်းမတွေကို ကွာရှင်းကြတာ။ အခု မိန်းကလေးဘက်က စေ့စပ်ပွဲ ဖျက်သိမ်းတာကို ခံရတယ်တဲ့။ တကယ့်ကောင်ပဲ”

ထိုသို့ ပြောဆိုနေသံကို ကြားတော့ မုယုံရှင်း၏ မျက်လုံးထဲတွင် ဒေါသရိပ်၊ဒေါသရောင်တွေ ပေါ်လာတော့သည်။

“ဂျုုနီယာ ညီမလေး”

စီနီယာအစ်မ က တီးတိုးပြောလိုက်သည် “ဒီလို သုံးမရတဲ့သူအတွက် စိတ်တိုမနေနဲ့”

မုယုံရှင်း၏ မျက်လုံးထဲမှ ဒေါသကိုမြင်တော့ အားလုံးသည် လျှင်လျှင်မြန်မြန်ပဲ ပါးစပ် ပိတ်လိုက်ကြသည်။ သူတို့သည် ချင်းလင်းဖန်၏ နောက်မှ တဆင့် အတွင်းခြံဝန်းထဲ လိုက်ပါသွားကြ၏။

စီနီယာအစ်မ က ပြောလိုက်သည် “ဂျုနီယာညီမ … အရင်တုန်းက စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တယ် ဆိုတာ တကယ့်ကို ကောင်းတဲ့အလုပ်ပဲ။ စိတ်ထဲ ထားမနေနဲ့”

မုယုံရှင်းသည် မည်သည့်စကားမှ မဆိုချေ။ သို့ပေမဲ့ သူမ၏ စိတ်ထဲမှာတော့ အားနာသလို ခံစားနေမိ၏။

သူမ အကြောင်းကို လူတွေ ပြောဆိုနေသောကြောင့် ဒေါသထွက်မိခြင်း မဟုတ်ပေ။ အမှန်တကယ်တမ်းမှာတော့ ရှောင်ကျီ အား လှောင်ပြောင်နေသည့်အတွက် ဒေါသထွက်မိခြင်း ဖြစ်တော့သည်။

သူတို့နှစ်ယောက်ကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိဘူး ဆိုသော်လည်း သူမ ငယ်ရွယ်စဉ်က ဘာတစ်ခုမှ မစဉ်းစားဘဲ ပြုလုပ်ခဲ့သည့် လုပ်ရပ်ကြောင့် တစ်ဖက်လူ ထိခိုက်နစ်နာရသည် ၊ လှောင်ပြောင်ကဲ့ရဲ့ ခံရသည်ကို မြင်တော့ စိတ်ထဲတွင် မကောင်းဖြစ်မိနေ၏။

“ရှောင်ကျီ .. တောင်းပန်ပါတယ်။ ကျွန်မက လွတ်လပ်မှုကို လိုချင်ရုံလေးပါ။ ရှင့်ကို ထိခိုက်မိစေဖို့ မရည်ရွယ်ခဲ့ပါဘူး” မုယုံရှင်း နှလုံသားထဲတွင် ရေရွတ်နေမိသည်။

ထိုကဲ့သို့ အားနာစိတ်ဖြစ်တော့ရော အသုံးဝင်ပါမည်လော။

မတူညီသည့် လူအပေါ်တွင် မူတည်၍ စိတ်ခံစားချက်များလည်း ကွာခြားပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် ရည်ရွယ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ထိုလုပ်ရပ်အတွက် ရှောင်ကျီသည် ဆိုးရွားသည့် အရှက်တရားနှင့် အတူ ဂုဏ်သိက္ခာတစ်ခုလုံး ကျဆင်းခဲ့ရသည်။ ထို့ကြောင့် နှစ်နှစ်ကြာပြီးနောက်တွင် လိုင်လီနတ်ဂိုဏ်းဆီသွားရောက်၍ တရားမျှတမှူကိုတောင်းဆိုမှ ဖြစ်သည်။

လူတစ်ယောက် အနေဖြင့် မိမိပြုလုပ်လိုက်သော အပြုအမူ လုပ်ရပ်အတွက် တာဝန်ခံရမည်။ တစ်စုံတစ်ခု မှားယွင်းစွာ ပြုလုပ်မိသည် ဆိုလျှင် ထိုက်တန်သည့် ပေးဆပ်မှုကို ပြုလုပ်ရမည်မှာ သဘာဝ ပင်ဖြစ်၏။ သို့ပေမဲ့ ထိုသို့တောင်းဆိုရန်မှာ အားကောင်းနေရန် လိုအပ်သည်။ လောကကြီးတွင် အားကြီးသူသာလျှင် အစစ်အမှန် တရား ဖြစ်နေသည် မဟုတ်လော။

အားနာစိတ်လား။

ထိုကဲ့သို့ ခံစားရလျှင် လိုင်လီနတ်ဂိုဏ်းမှ အကြီးအကဲများအား သံမဏိအရိုးဂိုဏ်းဆီ ခေါ်ဆောင်လာ၍ ရှောင်ကျီအား တရားဝင် တောင်းပန်ရမည်။ ထိုမှသာ အားနာစိတ်မှ လေးနက်မည် ဖြစ်လေသည်။

All Chapters