အခန်း (၂၈၁)
Vol. 19 Ch. 281
ကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်းအား မြင်လိုက်ချိန်မှာတော့ သူတို့ ထင်မှတ်ထားသလို ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသော လူများမဟုတ်ဘဲ သာမန်လူများကဲ့သို့ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ရှိသော လူတစ်ယောက်အဖြစ်သာ မြင်လိုက်ရ၏။
ထိုသူသည် ရောက်ရောက်လာချင်း မဟာမိတ်ခေါင်းဆောင်ချင် အား စကားလုံးဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူတို့ မထင်မှတ်မိခဲ့ချေ။
ထိုနှစ်ယောက်ကြားတွင် ရန်ငြိုးရှိသည်ဟု သူတော်တော်များများက သိရှိ၏။
သို့ပေမဲ့ ထိုသူတို့သည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်များသည် အသီးသီးဖြစ်ကြ၏။ ထို့ကြောင့် ပဋိပက္ခများ ရှိခဲ့သည်ဆိုလျှင်တောင်မှ တွေ့တွေ့ချင်း စကားလုံးစစ်ပွဲ ပြုလုပ်ရန် မလိုအပ်ဘူးဟု ထင်မှတ်မိကြသည်။
အထူးသဖြင့် ဂိုဏ်းကြီးတစ်ခုသည် သူတို့၏ ဧည့်သည့်အား ထိုသိုဆက်ဆံသည်ဆိုသော ပြစ်တင်ပြောဆိုသံကို ကြားလိုက်ချိန်မှာတော့ သူတို့အားလုံးသည် အဆင့်ခုနစ်ဂိုဏ်းချုပ်တစ်ဦး၏ မောက်မာမှုကို သိရှိလိုက်ရ၏။
ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ မောက်မာလှသူတစ်ယောက်ဖြစ်နေသည်။
ထိုကဲ့သို့ မောက်မာခြင်းမရှိလျှင် အဘယ့်ကြောင့် တပည့်များကို ခေါ်ယူ၍ နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်နေမည်နည်း။
ငယ်ရွယ်ရသည်မှာ ကောင်းလွန်းလှသည်။ မည်သည့်အရာကိုမှ ကြည့်ရှုနေစရာ မလိုအပ်သလို မည်သည့်အရာကိုမှလည်း ဂရုစိုက်ရန် မလိုပေ။ သွေးပူပူဖြင့် ဆုံးဖြတ်၍ သေခြင်းတရားအား ထိပ်တိုက်ရင်ဆိုင်ရန် အသင့် ရှိနေတတ်ကြသည်။
ကျွင်းချောင်ရှောင်းကို မြင်လိုက်ချိန်မှာတော့ ချင်ဟောင်ရန် အပါအဝင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင် အားလုံး၏ မျက်လုံးထဲတွင် ရှိသော အထင်သေးမှုများသည် ပိုမို၍ ကြီးထွားလာတော့သည်။
"အမှိုက်ကလေး … မိုးကြိုးပစ်ခံရတာတောင်မှ ကြည့်ကောင်းအောင် ဟန်ဆောင်နေတုန်းပါ့လား။"
ထိုအချိန်မှာပဲ အသက်ခုနစ်ဆယ် အရွယ်ရှိသော အဘိုးအိုတယောက်သည် ပျံသန်းကာ ရောက်ရှိလာသည်။
သူသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဆင်းသက်လာပြီးသည့်နောက် ကျယ်လောင်စွာဖြင့် အော်ရယ်လိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျားရောက်လာတဲ့အတွက် ကျုပ်တို့က ဂုဏ်ယူပါတယ်။ထွက်ပြီး မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။"
ထိုသူ၏ အော်ရာများသည် အလွန်အားကောင်းလှသည်။ တစ်ချက်ကြည့်လိုက်သည် ဆိုသည်နှင့် အဆင့်မြင့် သိုင်းစစ်သူကြီးတစ်ယောက်ဖြစ်ကြောင်း အလွယ်ပြောနိုင်၏။
"အကြီးအကဲကျင်း"
"ဒါက နတ်စမ်းချောင်းဂိုဏ်းရဲ့ကိစ္စအားလုံးကို တာဝန်ယူထားရတဲ့ အကြီးအကဲကျင်း မဟုတ်လား။"
"နတ်စမ်းချောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတာလေ။ဒါကြောင့် အကြီးအကဲကျင်းက ဂိုဏ်းရဲ့ ဝေယျာဝစ္စတွေ အားလုံးကို တာဝန်ယူထားရတယ်။အခု သူကိုယ်တိုင်ပေါ်လာတယ်ဆိုတာ သံမဏိအရိုးဂိုဏ်းကို မျက်နှာသာ ပေးတာနဲ့ အတူတူပဲ။ငါ့အထင်အရဆိုရင် မုန်တိုင်းမတိုက်ခင် လေပြေလာတယ်လို့ စဉ်းစားရမယ်။"
အားလုံးသည် တီးတိုး ဆွေးနွေးနေကြ၏။
သူတို့အားလုံး၏ အကြီးအကဲကျင်း၏ မျက်လုံးထဲတွင် ရှိသောစိတ်အလိုမကျမှုများကို ခပ်ရေးရေး မြင်နေရသည်။
အဆင့်ခုနှစ် ဂိုဏ်းတစ်ခုသည် သူတို့၏ ဂိုဏ်းရှေ့သို့ ပေါ်လာပြီး မောက်မာစွာနှင့် ပြောဆို ဆက်ဆံလျက်ရှိသည်။ သူတို့သာ ဆိုလျှင် သည်းခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ "ကျုပ်တို့သံမဏိအရိုးဂိုဏ်းက အဝေးကနေ လာတာလေ။အနားယူဖို့အတွက် နတ်စမ်းချောင်းဂိုဏ်းက စီစဉ်ပေးထားတာတွေ မရှိဘူးလား။"
အမှန်တကယ်ပင် အလွန်တရာကြီးကျယ်လွန်းလှ၏။
နတ်စမ်းချောင်းဂိုဏ်းတွင် ရှိသော တပည့်များအားလုံးအားလုံးသည် ဒေါသထွက်ကုန်ကြ၏။ သို့ပေမဲ့ သူတို့သည် ဂိုဏ်းကြီးကြီးတစ်ခုဆီမှ တပည့်များ ဖြစ်သောကြောင့် ဒေါသများကို ထိန်းချုပ်ထားရသည်။
မနက်ဖြန် စိန်ခေါ်ပွဲကျမှ မောက်မာ၍မရအောင် ရိုက်နှက်ဆုံးမမည်ဟု အားလုံးက တေးထားလိုက်ကြ၏။
အကြီးအကဲကျင်းက ပြောလိုက်သည်။ "အခန်းက အစောကြီးကတည်းက ပြင်ဆင်ပြီးသားပါ။ လင်းဖန် ….. ဂိုဏ်းချုပ်ကျွင်းနဲ့ သံမဏိအရိုးဂိုဏ်းတပည့်တွေကို ခေါ်သွားတော့။"
"ကောင်းပါပြီ။"
ချင်းလင်းဖန်သည် အပြင်ဘက်သို့ လျှောက်ထွက်လာပြီးသည့် ဖိတ်ခေါ်သည့် အမူအရာများ ဖြင့် ပြုလုပ်လိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။"
ကျွင်းချောင်ရှောင်းသည် လူအားလုံး၏ အကြည့်အောက်မှာပဲ အတွင်းခြံဝန်းထဲသို့ လှမ်းဝင်သွားတော့သည်။
သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ဂိုဏ်းချုပ်နောက်သို့ လိုက်ပါသွားကြ၏။
ထိုသူတို့အားလုံးသည် အလွန်တရာ ခမ်းနား ကြီးကျယ်လှသော ထိပ်သီးကျင့်ကြံသူများ၏ မျက်စိရှေ့တွင် ရောက်ရှိနေကြသည်ဆိုသော်လည်း စိုးစိမှ ကြောက်ရွံ့ဟန် မပြကြချေ။
သူတို့ထွက်ခွာသွားပြီးသည့်နောက် များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် အသံတီးတိုးဖြင့် ဆွေးနွေးလိုက်ကြ၏။ "သံမဏိအရိုးဂိုဏ်းတပည့်တွေင မရိုးရှင်းဘူး။သူတို့ရဲ့ အော်ရာတွေကို ကြည့်ရတာ အဆင့်မြင့် သိုင်းတပည့်အဆင့် ကျင့်ကြံသူတွေ ဖြစ်ရမယ်။အဆင့်ခုနစ်ဂိုဏ်းတစ်ခုက ဒီလိုလုပ်နိုင်တယ်ဆိုတာ တကယ့်ကို မယုံကြည်နိုင်စရာပဲ။ကျုပ်အထင်အရဆိုရင် ဒီလိုမျိုး အားကောင်းခဲ့တာ သူတို့တွေ ဆေးလုံးတွေ သုံးစွဲခဲ့လို့ပဲ ဖြစ်ရမယ်။ဟုတ်တယ်မလား။"
အားလုံး၏ သံသယစကားများကို ကြားလိုက်ချိန်မှာတော့ မြို့တော်ဝန်ရှဲ့ သည် နှလုံးသားထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်မိ၏။
အရှေ့တောင်ရန်ကျူး ၏ အသိအမှတ်ပြု ဟောခန်းဌာနချုပ်မှ အကြီးအကဲနှစ်ယောက်သာ သံမဏိအရိုးဂိုဏ်း အား အလားအလာရှိသော ထိပ်ဆုံးသုံးခုစာရင်းထဲ ထည့်သွင်းခဲ့သည်ကို သိရှိမည်ဆိုပါက ထိုသူများအားလုံးသည် သွေးအန်နေလောက်မည်။
မြို့တော်ဝန်ရှဲ့သည် ကျွင်းချောင်ရှောင်းပေါ်တွင် အထင်သေးနေသော လူအားလုံးတို့အား ထိုကိစ္စကို ပြောပြလိုက်ချင်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သိုသိုသိပ်သိပ် နေချင်သည်ဆိုသောကြောင့် သူသည် နာကျင်စွာဖြင့် သည်းခံနေရ၏။
နတ်စမ်းချောင်းဂိုဏ်းသည် အလွန်အမင်း ဂရုစိုက်တတ်သော ဂိုဏ်းတစ်ခုဖြစ်သည်ဟု ဆိုရမည်။
သူတို့သည် သံမဏိအရိုးဂိုဏ်းနှင့် တစ်ခြားသူများ နေနိုင်ရန်အတွက် လှပသည့် ပတ်ဝန်းကျင်နှင့်အတူ တည်ဆောက်ထားသော ခြံဝန်းထဲတွင် စီစဉ်ပေးထားကြ၏။
"ကောင်းကောင်း အနားယူထားကြ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မနက်ဖြန် တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်။"
"ကောင်းပါပြီ။"
မိုင်တစ်ထောင်လောက် ခရီးထွက်ခွာလာပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် အနည်းငယ်ပင်ပန်းနေကြပြီးဖြစ်၏။
ထို့ကြောင့် သူတို့သည် အခန်းထဲတွင် အနားယူရန် ပြင်ဆင်နေကြပြီး ဖြစ်၏။
ရှောင်ကျီသည် အနားမယူပေ။
ခြံဝန်းထဲရှိ ကျောက်ခန်းမဆောင်တစ်ခုတွင် ခြေချိတ်ထိုင်၍ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား လေ့ကျင့်ထား၏။
သူသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ချိန်မှစ၍ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ရရှိခဲ့သည်။ ထို့ကြောင့် မည်သည့်နေရာ မည်သည့်အချိန်မဆို လေ့ကျင့်တတ်သည့် အလေ့အကျင့်ကောင်းများကို သူ ပြုစုပျိုးထောင်ထားသည်။
ဟမ်။
ရုတ်တရက်ဆိုသလိုပဲ ရှောင်ကျီ မျက်လုံးပွင့်သွား၏။
အမှတ်မထင်ပဲ ရှောင်ကျီ၏ မျက်လုံးများသည် အတွင်းခြံဝန်း၏ အဝင်ဝဆီသို့ ရောက်ရှိသွားချိန်မှာတော့ သူ့အား ကြည့်ရှု၍ မတ်တပ်ရပ်လျက်ရှိသော မိန်းကလေးတစ်ယောက်အား မြင်လိုက်ရသည်။
မုယုံရှင်း။
နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းခြံဝန်းသည် မကျဉ်းလှချေ။ လှပသည့် မြက်ခင်းစိမ်း တည်နေရာများတွင် တပည့်များအားလုံးသည် လွတ်လွတ်လပ်လပ် အနားယူနိုင်သလို လေ့ကျင့်နိုင်စွမ်းလည်း ရှိကြသည်။
ဝါးတော၏ အစပ်မှာတော့မုယုံရှင်းသည် ဝါးရွက်တစ်ရွက်ကို ဆွဲယူ၍ ပြောလိုက်သည်။ "ရှင့်ကို ကြည့်ရတာ နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာထက် ပိုပြီး အားကောင်းလာတာပဲ။"
"ဒါကြောင့် ကျုပ် ကို လာရှာတာလား။"
ရှောင်ကျီသည် ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် ထိုင်၍ ထူးမခြားနားသလို ပြောလိုက်၏။
ဤအမျိုးသမီးသည် နတ်စမ်းချောင်းဂိုဏ်းသို့ ရောက်ရှိလာသည်ကို သူအလွန် အံ့အားသင့်မိ၏။ သို့ပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ အံ့အားသင့်စရာလည်း မလိုပေ။
မုယုံရှင်းသည် ခဏလောက်ငြိမ်သက်သွား၏။
ပြီးနောက် ပြောလိုက်သည်။ "ရှင်တို့ ဂိုဏ်းချုပ်က အရမ်းကို လက်လွတ်စပယ် လုပ်နိုင်လွန်းတာပဲ။ ဘာကြောင့် သူ့နောက်ကို လိုက်နေတာလဲ။"
ရှောင်ကျီနားလည်သွားသည်။
သံမဏိအရိုးဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခြင်းဆိုသည်မှာ သေလမ်းရှာခြင်းဖြစ်သည်ဟု သူမ ထင်မှတ်နေတာပဲ ဖြစ်ရမည်။
ရှောင်ကျီသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ကျုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ခင်ဗျား စိတ်ပူပေးစရာ မလိုပါဘူး မိန်းကလေးမုယုံ။"
ပြီးနောက် မတ်တပ်ရပ်ကာဖြင့် ခြံဝန်းထဲသို့ ပြန်ဝင်လာခဲ့၏။
လွန်ခဲ့တဲ့နှစ်အတွင်း စေ့စပ်ပွဲဖျက်သိမ်းပြီးသည့်နောက်မှာတော့ သူသည် ငါးနှစ်လုံးလုံး ဒုက္ခပင်လယ် ဝင်ခဲ့ရ၏။ ထိုကိစ္စများကို အစပြုခဲ့သူမှာ ဤအမျိုးသမီးပင် ဖြစ်သည်။
ရှောင်ကျီ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် မုယုံရှင်း၏ မျက်လုံးထဲတွင်တော့ ရှုပ်ထွေးလှသော ခံစားချက်များနှင့် ပြည့်နက်လျက်ရှိသည်။
သူမသည် စေ့စပ်ပွဲ ဖျက်သိမ်းလိုက်သည့် ထိုသူနှင့် တွေ့ဆုံလိုက်သည့်အချိန်တိုင်း သူမကိုယ်ကိုယ်သူမ အပြစ်တင်မိ၏။
သူမငယ်ရွယ်စဉ်က ပြုလုပ်ခဲ့မိသော အမှားအယွင်းအတွက် သူမကိုယ်သူမ အပြစ်တင်နေမိ၏။
မုယုံရှင်း၏ စိတ်အမူအကျင့်အရဆိုလျှင် သူမသည် မောက်မာတတ်သည့် အမျိုးသမီးတစ်ယောက် မဟုတ်ပေ။ အချိန်မှားယွင်းကာ မှားယွင်းသည့် ကိစ္စရပ်အား ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
သူတို့သာ စေ့စပ်ထားခဲ့သည့်အတိုင်းသာ ရှိခဲ့ပါက ယခုအချိန်တွင် လက်ထပ်ပြီးသား ဖြစ်နေလောက်၏။
ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုတွင် လိုက်ဖက်လှသည့် စုံတွဲတစ်တွဲပေါ်ပေါက်လာမှာ သေချာလှသည်။
ကံဆိုးစွာဖြင့် သူတို့သည် အတူတူ တည်ရှိရန် ရေစက်မပါခဲ့ပေ။ လက်ထပ်ပွဲမှာ လွှဲချော်ခဲ့လေ၏။
နောက်တစ်ရက်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး ကြည်လင်နေ၏။
ကောင်းကင်ပေါ်တွင် မည်သည့်တိမ်မှ မရှိပေ။
သို့ပေမဲ့ လက်ရှိအချိန်တွင် နေဝင်နေထွက်ကြား ကိစ္စရပ်အားလုံးအား ကြည့်ရှုရန် ဘယ်သူမှ အလေးမထားကြပေ။
အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် ယှဉ်ပြိုင်ပွဲရှိနေသောကြောင့်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အနောက်ဘက်တွင် လက်နှစ်ဖက် နောက်ပစ်ကာ ရပ်လျက်ရှိ၏။
သူသည် နတ်စမ်းချောင်းဂိုဏ်း၏ အဓိကဟောခန်းဆီသို့ မျက်နှာမူထား၏။
သူ၏နောက်မှာတော့ တပည့်နှစ်ရာကျော်တိုသည် စီစီရီရီနှင့် ရပ်လျက်ရှိပြီး အားလုံးသည် ဟိတ်ဟန်ကောင်းသော အမူအရာများကို ပြသလျက်ရှိသည်။
များပြားလှသော ကျင့်ကြံသူများသည် အလုအယက်နှင့် ရောက်ရှိလာကြပြီး တိတ်တခိုးကြည့်ကာ အံ့အားသင့်မိနေကြ၏။
မည်ကဲ့သို့သော ယုံကြည်မှုရှိသောကြောင့် အဆင့်ခုနစ်ဂိုဏ်းတစ်ခုသည် ဤအဆင့်ငါးဂိုဏ်း၏ရှေ့တွင် ရပ်လျက်ရှိနေကြသနည်း။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းသည် သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
မြို့တော်ဝန်ရှဲ့ ၊ အိုက်ရှန်းရီနှင့် တစ်ခြားသောသူများအားလုံးသည် သူတို့၏နောက်သို အသာအယာ လျှောက်လာကြ၏။
တောင်ပြာဂိုဏ်း၏ အကြီးအကဲမာနှင့် အကြီးအကဲဝမ်တို့သည်လည်း အနောက်တွင် အသာအယာ ရပ်လိုက်ကြပြီး သူတို့သည် သံမဏိအရိုးဂိုဏ်းအား ထောက်ပံ့သူများဖြစ်ကြောင်း ပြသလိုက်ကြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မည်သူမှ အံ့အားမသင့်ကြချေ။ အဘယ့်ကြောင့်ဆိုသော် တောင်ပြာဂိုဏ်းဆိုသည်မှာ ချင်းယန်နိုင်ငံမှ ဂိုဏ်းတစ်ခုဖြစ်၏။ ထို့ကြောင့် သူတို့နိုင်ငံ၏ ဂိုဏ်းဘက်မှ ထောက်ပံ့သည်ဆိုသည်မှာ ယုတ္တိတန်လှ၏။
များပြားလှသော ကျင့်ကြံသူများမှာတော့ အဓိကဟောခန်း၏ အပြင်ဘက်တွင် ရပ်၍ နေရာယူထားကြ၏။ ထိုသူတို့၏ အဓိပ္ပါယ်မှာ နတ်စမ်းချောင်းဂိုဏ်းဘက်မှ အားပေးသည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။
ထိုသူများအားလုံးထဲတွင် မဟာမိတ်ခေါင်းဆောင်ချင် နှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲမှ ခေါင်းဆောင်များလည်း ပါဝင်နေ၏။
အထူးသဖြင့် ထိုသူတို့အားလုံးသည် ကျွင်းချောင်ရှောင်းကို အထင်သေးစွာ စိုက်ကြည့်လျက်ရှိကြ၏။
ယခုပြိုင်ပွဲဆိုသည်မှာ ကျိုးပဲ့ စုတ်ပြတ်နေသည့် ကားတစ်စီးနှင့် ပြိုင်ကား တစ်စီးတို့ ပြိုင်ပွဲနှင့် ဆင်တူလှသည်။ သာမန်ဦးနှောက်ရှိသော လူတစ်ပင်လျှင် ပြိုင်ကားသည် တစ်ဖက်ကားအား အလွယ်တကူဖြင့် အနိုင်ယူသွားမည်ဖြစ်ကြောင်း သိရှိနိုင်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် တစ်ခြားသူများ၏ ပြောဆိုဝေဖန်မှုများကို ဂရုစိုက်တတ်သူ မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုသူများ သည် သူတို့အား မည်သို့ပင် အထင်အမြင်သေးသည် ဆိုဆို သူသည် အားကောင်းလျက်ပင် ရှိနေသေးသည်။
"ဂိုဏ်းချုပ်ကျွင်း။"
မျက်နှာချင်းဆိုင်တွင် လာရောက်ရပ်တန့်ပြီးသည့်နောက် အကြီးအကဲကျင်း ပြောလိုက်၏။ "ဘယ်လိုမျိုး စိန်ခေါ်ချင်လဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အပြင်စည်းတပည့်တွေနဲ့ စလိုက်ကြရအောင်။ပထမဆုံး ကျုပ်တို့ ပွဲသုံးဆယ်ကနေ ပွဲငါးဆယ်လောက် တိုက်ခိုက်ကြရအောင်။ ပြီးတော့ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။"
ထိုစကားကို ကြားတော့ အားလုံးသည် လဲပြိုကျမတတ်ကို ဖြစ်သွားမိ၏။
"သုံးဆယ်ကနေ ငါးဆယ် ဟုတ်လား။"
ဤအကောင်သည် ဂိုဏ်းစိန်ခေါ်မှုကို ပြုလုပ်ချင်သည်လား။ သိုင်းပြိုင်ပွဲကို ကျင်းပချင်သည်လား မသဲကွဲချေ။
ကျွင်းချောင်ရှောင်းသည်လည်း ထိုမျှ များပြားလှသော တိုက်ပွဲများကို မတိုက်ခိုက်ချင်ချေ။
သို့ပေမဲ့ အထူးတာဝန်သည် နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်အား အနိုင်ယူရန် ဆိုပြီး ဖော်ပြထားသည်။ ထို့ကြောင့် သူ မဖြစ်မနေ ပြုလုပ်မှ ရပေလိမ့်မည်။