← Chapters

အခန်း (၂၈၂)

Vol. 19 Ch. 282

အခန်း (၂၈၂)

Vol. 19 Ch. 282

အကြီးအကဲချင်း၏နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။

"ဂိုဏ်းချုပ်ကျွင်း အချိန်ဖြုန်းပြီးတော့ ဒီလိုမျိုး ပွဲတွေအများကြီး တိုက်ခိုက်ချင်တာ သေချာရဲ့လား။"

သူ၏နတ်စမ်းချောင်းဂိုဏ်းတွင် အပြင်စည်းတပည့်များ ငါးထောင်မှ ခြောက်ထောင်နီးပါးခန့် ရှိ၏။

ထို့ကြောင့်တိုက်ပွဲပေါင်း သုံးဆယ်မှ ငါးဆယ်အတွင်းမပြောနှင့် သုံးရာမှလေးရာကြား တိုက်ခိုက်မည်ဆိုလျှင်ပင် သူ့အနေနှင့် တပည့်များအား ဆက်လက်စေလွှတ်နိုင်သေးသည်။

သို့ပေမဲ့ တစ်ပွဲတည်းတိုက်ခိုက်လျှင် အဖြေရှာနိုင်သည်ကို အဘယ့်ကြောင့် အချိန်ဖြုန်း၍ အများကြီး တိုက်ခိုက်နေရသနည်း။

ကျွင်းချောင်ရှောင်းပြောလိုက်၏။ "အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာက မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။အချိန်သိပ်ကြာမှာမဟုတ်ဘူး။"

"ဟမ့်"

အားလုံးသည် နှာခေါင်းရှုံ့လိုက်ကြ၏။

သံမဏိအရိုးဂိုဏ်းသည် တိုက်ပွဲတွင် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားမည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်လိုက်၏။

အားလုံး၏အကြည့်အောက်မှာပဲ အားဟိုင်သည် လေ့ကျင့်ရေးကွင်းဆီသို့ လျှောက်လှမ်းဝင်ရောက်လာသည်။

သူသည် သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြုသည့် ပထမဦးဆုံး အပြင်စည်းတပည့်ပင် ဖြစ်တော့သည်။ အရိုးသားဆုံးပြောရလျှင် သူသည် အနည်းငယ် ကြောက်ရွံ့မိ၏။

ထိုအချိန်၌ လျိုဝမ်ရှစ်သည် အော်လိုက်၏။ "အစ်ကိုအားဟိုင် အကောင်းဆုံးကြိုးစားပါ။"

အနည်းငယ် ကြောက်ရွံ့လျက်ရှိသော အားဟိုင်သည် သူ၏လက်သီးကိုဆုပ်ပြီး ကျောကိုမတ်လိုက်မိ၏။

ဂိုဏ်းချုပ်သည် သူ့အား အရင်ဆုံးသွားခွင့်ရရန် ခွင့်ပေးခဲ့သည်။ သူ့အား အနောက်ဖက်မှ တုတုကလည်း အားပေးလျက်ရှိနေသေးသည်။

"ပထမဦးဆုံးတိုက်ပွဲ ငါ့အသက်ကို စွန့်စားရမယ်ဆိုရင်တောင် နိုင်မှဖြစ်မယ်။"

အားဟိုင်သည် တိုက်ခိုက်ရေးကွင်းပြင်၏အလယ်တွင် မတ်တပ်ရပ်ပြီး အော်လိုက်၏။ "သံမဏိအရိုးဂိုဏ်းတပည့် ကျန်းကျီလင် ကျေးဇူးပြုပြီး သိုင်းကွက်ဖလှယ်ခွင့်ပြုပါ။"

သူသည် သူတောင်မေ့လုနီးပါးဖြစ်နေသော နာမည်အား ထုတ်ဖော်ကာ အော်ဟစ်လိုက်၏။ သူ၏အသံသည် လေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။ ထိုအော်သံတွင် အလွန်တရာ ဂုဏ်ယူနေသော အရှိန်အဝါမျိုးလည်း ပါဝင်နေ၏။

တိုက်ပွဲမစခင်မှာပဲ ကျွင်းချောင်ရှောင်းပြောခဲ့၏။ "ခင်ဗျားရဲ့ပြိုင်ဖက်က အရမ်းကို အားကောင်းလိမ့်မယ်။ ဒါပေမယ့် သံမဏိအရိုးဂိုဏ်းတပည့် တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာက အားနည်းနေလို့ မဖြစ်ဘူး။"

အားဟိုင်သည် ထိုစကားအား စိတ်ထဲတွင် သေသေချာချာ မှတ်သားထား၏။

ထို့ကြောင့် ဂိုဏ်း၏နာမည်နှင့် သူ၏နာမည်အား အော်ဟစ်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးတွေ ဆူပွက်လာသလို ခံစားလိုက်မိသည်။

ငါကအရင်ဆုံး သွားရတဲ့သူပဲ။ငါ့ရဲ့ရောင်းရင်း ဂိုဏ်းသူဂိုဏ်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးရမယ်။ငါက ပထမဦးဆုံးတိုက်ပွဲမှာ နိုင်မှဖြစ်မယ်။

သံမဏိအရိုးဂိုဏ်း၏ တစ်ခြားသောတပည့်များအားလုံး၏ နှလုံးသားထဲရှိ သွေးများအားလုံးသည်လည်း ဆူပွက်လာတော့သည်။ သူတို့သည် အဝေးကြီးမှလာပြီး ဂိုဏ်းအတွက် လာရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

သံမဏိအရိုးဂိုဏ်း၏ ဟိတ်ဟန်ကို မြင်ရချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံးသည် သူတို့၏ခေါင်းများကိုသာ ခါရမ်းလိုက်မိ၏။

ဤကလေးများသည် မဆိုးလှချေ။

သို့ပေမဲ့ အဆင့်ငါးဂိုဏ်းတစ်ခု၏ရှေ့တွင်တော့ ထိုကဲ့သို့ အစွမ်းအစကို ထုတ်ပြရန် လုံလောက်သည်ဟု သူတို့မထင်မှတ်ကြပေ။

အကြီးအကဲကျင်းသည် လက်ကိုရမ်းခါလိုက်၏။

နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်တစ်ယောက်သည် အတွင်းသို့ လျှောက်ဝင်လာတော့သည်။

"နတ်စမ်းချောင်းဂိုဏ်း လုရန်ချင်း "

ပထမဦးဆုံး တိုက်ခိုက်ရန် အလှည့်ကျသော တပည့်သည် သူ၏နာမည်အား အော်ဟစ်လိုက်၏။ သူ၏နာမည်အတိုင်းပင် သူ၏အော်ရာ များသည်လည်း အားကောင်းလှသည်။

"စတင်မယ်။"

ဒိုင်လူကြီးမှ အော်ဟစ်လိုက်၏။

"ရွှီး"

လုရန်ချင်းသည် အလွန်နက်နဲလှသော လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုပြီး ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ချီးကျူးမှုကို ဆွဲယူလိုက်တော့၏။ "ဒါက နတ်စမ်းချောင်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း လှုပ်ရှားမှု နည်းစနစ်တစ်ခုဖြစ်တဲ့ ခြေလှမ်းကိုးကွက်ပဲ။"

"အပြင်စည်းတပည့်တစ်ယောက်အနေနဲ့ ဒါကိုနားလည်နိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ။"

"ဒါဆိုရင် သံမဏိအရိုးဂိုဏ်းက "

"ဘုန်း"

အားလုံးပြောဆိုနေတုန်းမှာပဲ အားဟိုင်သည် သူ၏လက်သီးထဲတွင် အားအင်များကို စုစည်း၍ သူ့ဆီသို့ ပြေးဝင်လာသော လုရန်ချင်း၏မျက်နှာအား ထိုးနှက်ကာ နောက်သို့ လွင့်စင်သွားစေ၏။

"ဘုတ်"

လုရန်ချင်းသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် ချက်ချင်းပင် မေ့မြောသွားတော့သည်။

လက်သီးတစ်ချက်တည်းနှင့် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။

"ဝူး …"

အားလုံးသည် ငြိမ်သက်သွားကြ၏။

ကျင့်ကြံသူများအားလုံး၏ အမူအရာများသည် အေးခဲသွားသည်။ ထိုသူတို့၏မျက်လုံးများသည် အပြူးသားနှင့် ဖြစ်နေ၏။

နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းတပည့်သည် လက်သီးတစ်ချက်တည်းနှင့် သတိမေ့အောင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ဟာသလုပ် လှောင်ပြောင်ရန် ပြင်ဆင်ထားကြသော ချင်ဟောင်ရန်နှင့် တစ်ခြားသူများ အားလုံးသည် သူတို့မျက်နှာပေါ်ရှိ အပြုံးများကို အမြန်အဆန်ပဲ ရုတ်သိမ်းလိုက်ကြ၏။

သူတို့၏ အမူအရာများသည် ပျက်ယွင်းသွားကြသည်။

အားဟိုင်သည်လည်း ကြောင်သွား၏။ ဤနတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်သည် အလွန်တရာ အားနည်းလွန်းလှ၏။ သူ့အနေဖြင့် ထပ်မံတိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ချေ။

အမှန်တကယ်တမ်းတွင်တော့ ထိုသူသည် အားနည်းလွန်းသည် မဟုတ်ပေ။ သူက အလွန်အားကောင်းနေခြင်းသာ ဖြစ်၏။

အားဟိုင်သည် သိုင်းတပည့်အဆင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးတဲ့နောက် ကြွက်သားတည်ဆောက်ခြင်း အခန်းနှင့် စမ်းသပ်မှုမျှော်စင်တွင် သူ၏ခန္ဓာကိုယ်အား အားကောင်းအောင် ကျင့်ကြံခဲ့၏။

ထို့ကြောင့် သူ၏လက်သီးချက်သည် အဆင့်မြင့် သိုင်းတပည့်အဆင့် တစ်ယောက်၏ လက်သီးချက်မျိုးနှင့် နှိုင်းယှဉ်၍ ရနိုင်ပြီး ဂျင်နှစ်သောင်း အားအင်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ထိုအရာမှာ မည်သည့်အရာကို ဆိုလိုသနည်း။

သိုင်းဆရာ အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ရသည့် အားအင်မျိုး ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

ထိုသို့ဆိုလျှင် လုရန်ချင်းကကော။

လုရန်ချင်းသည် သိုင်းတပည့်အဆင့်ရှစ် သာမန်ကျင့်ကြံသူ တစ်ယောက်သာဖြစ်၏။ ထို့ကြောင့် အားဟိုင်၏ အလွန်အားကောင်းလှသော လက်သီးချက်ကို မည်ကဲ့သို့ ခံနိုင်ရည် ရှိမည်နည်း။

ထိုအရာတောင်မှ လုချင်းရန်သည် အဆင့်ငါးဂိုဏ်းတစ်ခု၏ အပြင်စည်းတပည့် ဖြစ်နေသောကြောင့်သာလျှင် သက်သာရာရခြင်းဖြစ်၏။

အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်ဂိုဏ်းမှ အပြင်စည်းတပည့်များသာ ဆိုပါက ထိုလက်သီးချက် တစ်ခုတည်းနှင့်ပင် အသက်သေဆုံးသွားမှာ သေချာသည်။

"ဒင် …နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းတပည့်အား အနိုင်ယူခြင်း - ၁/၃၀"

သတိပေးချက်ကို ကြားလိုက်ရတော့ ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

သူ၏တပည့်သည် ပြိုင်ဘက်အား တစ်ခါတည်း တိုက်ခိုက်အနိုင်ယူ၍ တာဝန်တစ်ခုအား ပြည့်စုံအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ အလွန်တရာ စိတ်ကျေနပ်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကျင့်ကြံသူများ အားလုံးသည် အချိန်အတော်ကြာ ဆွံ့အလျက်ရှိကြသည်။

ထို့အပြင် သံမဏိအရိုးဂိုဏ်းတပည့်သည် နတ်စမ်းချောင်းဂိုဏ်းတပည့်အား လက်သီးတစ်ချက်တည်းဖြင့် တိုက်ခိုက်အနိုင်ယူခဲ့ခြင်းဖြစ်၏။ ထိုအရာကို သူတို့မည်ကဲ့သို့မှ မျှော်လင့်မထားခဲ့ချေ။

သူတို့နားလည်လိုက်ပြီဖြစ်၏။

သံမဏိအရိုးဂိုဏ်း၏ နည်းဗျူဟာမှာ အားအကောင်းဆုံး တပည့်အား အရင်ဆုံးတိုက်ခိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

အားအကောင်းဆုံးတပည့်သည် ပထမဦးဆုံး တိုက်ပွဲတွင် အနိုင်ယူပြီးပြီဆိုမှ တစ်ခြားအားနည်းသော တပည့်များအား တစ်ယောက်ချင်းစီ စေလွှတ်လိမ့်မည့်ပုံပေါ်သည်။ ထိုမှသာလျှင် တစ်ဖက်လူအား စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရရှိမည်မဟုတ်လော။

မဟာမိတ်ခေါင်းဆောင်ချင်နှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ အကြီးအကဲများ အားလုံးသည်လည်း ထိုကဲ့သို့ တွေးမိသောကြောင့် နှာခေါင်းရှုံ့လိုက်မိကြ၏။

အကြီးအကဲကျင်း သည် မျက်မှောင်ကုတ်သွား၏။

သူသည် ပထမဦးဆုံးတိုက်ပွဲတွင် အနည်းငယ် ဂရုမစိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအား အနိုင်ရစေခဲ့သည်။

ဤအရာသည် ချစ်ခင်ရင်းနှီးမှုရဲ့အရာ ပထမဦးဆုံးအစပျိုးတိုက်ပွဲကဲ့သို့သာ သူ့စိတ်ထဲမှာ ထင်မှတ်ခဲ့ခြင်းဖြစ်၏။ နောင်တိုက်ပွဲများတွင် သံမဏိအရိုးဂိုဏ်းအား မည်သည့်မျက်နှာမှ မပေးရန် သူ ဆုံးဖြတ်လိုက်မိ၏။

အဆင့်ငါးဂိုဏ်းတစ်ခုအနေနှင့် အဆင့်ခုနစ်ဂိုဏ်းတစ်ခုအား မျက်နှာသာမပေးဘူးဆိုလျှင် တစ်ခြားသူများ အနေဖြင့် ကွယ်ရာတွင် အတင်းပြောဆိုမှုများကို ပြုလုပ်ပေလိမ့်မည်။

"ဒုတိယတိုက်ပွဲကို စကြရအောင်။"

ကျွင်းချောင်ရှောင်းသည် လက်ကိုရမ်းခါလိုက်ပြီးနောက် အပြင်စည်းတပည့်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်သွားတော့သည်။

ထိုလူ၏နာမည်မှာ စွန်းရှောင်ဖြစ်၏။

သူသည် များပြားပြီး အားကောင်းလှသော စီနီယာအစ်ကိုများ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် သံမဏိအရိုးဂိုဏ်းထဲတွင် နာမည်မထင်ရှားခဲ့ချေ။

သို့ပေမဲ့ သူသည်လည်း ပါရမီရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ပီသစွာ ဇွဲကောင်း၍ သံမဏိလို ခိုင်မာသောစိတ်ဓာတ်မျိုးကို ပိုင်ဆိုင်၏။

ထို့ကြောင့် စွန်းရှောင်သည် သူ၏ပြိုင်ဘက်ကား တိုက်ခိုက်ပွဲစသည် ဆိုသည်နှင့် တစ်ချက်တည်း တိုက်ခိုက်ကာ လွင့်စင်သွားအောင် ပြုလုပ်နိုင်ခဲ့လေသည်။

နတ်စမ်းချောင်းဂိုဏ်း၏ ဒုတိယအပြင်စည်းတပည့်သည် တိုက်ခိုက်ရေးကွင်းပြင်၏အပြင်ဘက်ဆီသို့ လွင့်စင် သွားသည်ကို မြင်ရချိန်မှာတော့ ကျင့်ကြံသူများအားလုံး၏ အမူအရာများသည် ပိုမို၍ လေးနက်သွားကြ၏။

"ချီးတဲ့မှ … နောက်တစ်ယောက်လည်း စက္ကန့်ပိုင်းအတွင်း ရှုံးနိမ့်သွားတာလား။"

"နတ်စမ်းချောင်းဂိုဏ်းက လေးလေးနက်နက် မတိုက်ခိုက်တော့ဘူးလား။ဒါမှမဟုတ် သံမဏိအရိုးဂိုဏ်းက အားကောင်းတဲ့ အပြင်စည်းတပည့်တွေကို ဆက်တိုက်လွှတ်နေတာလား။"

သို့ပေမဲ့ စွန်းရှောင်ဟုခေါ်သော တပည့်သည် သိုင်းတပည့် အဆင့်ခုနစ်သာရှိသော တပည့်တစ်ယောက်ဖြစ်နေသည်။

နတ်စမ်းချောင်းဂိုဏ်း၏တပည့်မှာတော့ သိုင်းတပည့်အဆင့်ကိုးရှိသော တပည့်တစ်ယောက်ဖြစ်နေ၏။

အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။

အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းတပည့်သည် အလွန်တရာ အားကောင်းသောကြောင့်ဖြစ်သည်။

"အနိုင်ပေးလိုက်ပြန်ပြီ။" ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။

အကြီးအကဲကျင်း ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပဲ လက်ကိုရမ်းခါပြီး သိုင်းတပည့် ထိပ်ဆုံးအဆင့် အပြင်စည်းတပည့်တစ်ယောက်အား တိုက်ခိုက်ရန် စေလွှတ်လိုက်တော့၏။

"ရီဟိုင်"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "သွားတိုက်တော့။"

"ကောင်းပါပြီ။"

ရီဟိုင်သည် ရှေ့သို့လျှောက်ထွက်သွား၏။

သူ၏မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်း အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိသည်။

သူ၏နောက်တွင်ရှိသော လျိုဝမ်ရှစ်သည် ထုံးစံအတိုင်း အားရပါးရ အားပေးလျက်ရှိ၏။

နာမည်များ ပြောဆိုပြီးသည့်နောက်မှာတော့ တိုက်ပွဲသည် တရားဝင်စတင်ခဲ့ပြီး တရားဝင်ပင် ပြီးဆုံးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရီဟိုင်၏အားအင်အဆင့်အား တစ်ဖက်လူသည် မယှဉ်ပြိုင်နိုင်ခဲ့ပေ။

ရိဟိုင်သည် တစ်ဖက်မှ သိုင်းတပည့်ထိပ်ဆုံးအဆင့် ကျင့်ကြံသူအား ပေါက်ကွဲလက်သီးကို အသုံးပြု၍ လွင့်စင်အောင် ထိုးနှက်ခဲ့လိုက်၏။

နတ်စမ်းချောင်းဂိုဏ်းသည် သုံးပွဲတိုက်ခိုက်ပြီးသည့်နောက်မှာတော့ သုံးပွဲလုံး ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။

ကျင့်ကြံသူများအားလုံးသည် သံမဏိအရိုးဂိုဏ်းတပည့်များ၏ အားအင်အဆင့်ကို မြင်ရချိန်မှာတော့ အကြီးအကျယ် တုန်လှုပ်မိနေကြ၏။

စိတ်မပူနှင့်။ ထိုသို့သော တုန်လှုပ်မှုသည် ယခုမှ စတင်ခြင်းဖြစ်၏။

ပြီးနောက် နှစ်ဖက်သား ဆက်လက်၍ တိုက်ခိုက်ကြတော့သည်။

သံမဏိအရိုးဂိုဏ်း၏တပည့်များသည် နတ်စမ်းချောင်းဂိုဏ်း၏ တပည့်များလောက် ပါရမီ မပါရှိဘူးဆိုသော်လည်း သူတို့၏အားအင်အဆင့်သည် အလွန်တရာ မြင့်မားလွန်းကြ၏။ ထို့ကြောင့် တိုက်ခိုက်လိုက်သည် ဆိုသည်နှင့် အနိုင်ယူပြီးသား ဖြစ်နေကြ၏။

အချိန်တိုအတွင်းမှာပဲ နှစ်ဖက်လုံးသည် တိုက်ပွဲနှစ်ဆယ်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်များမှာတော့ ကံကြမ္မာ၏ အရေးလုပ်ခြင်းကို မခံခဲ့ရချေ။ ပွဲနှစ်ဆယ်လုံး ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။

"ဒင် …နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းတပည့်များအား အနိုင်ယူခြင်း - ၂၀/၃၀"

စနစ်ဆီမှ သတိပေးသံသည် ကြားလိုက်ရတော့ ကျွင်းချောင်ရှောင်းသည် ပုခုံးကိုတွန့်ကာ ပြောလိုက်၏။

"လွယ်ကူလိုက်တာ။"

ဤစကားသည် အလွန်တရာ ဟိတ်ဟန်ကောင်းလှသော စကားမျိုးဖြစ်၏။

သို့ပေမဲ့ ကျင့်ကြံသူများအားလုံးသည် ထိုစကားကိုကြားတော့ ငြိမ်သက်သွားမိ၏။

တပည့်နှစ်ဆယ်အားစေလွှတ်၍ တိုက်ခိုက်ပြီး တိုက်ပွဲနှစ်ဆယ်လုံးကို အနိုင်ယူခဲ့သည်။

ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းအနေဖြင့် ဟိတ်ဟန်ကောင်းအောင် ဟန်လုပ်ခြင်းကလည်း ထိုက်တန်သည်ဟု ဆိုရမည်။

All Chapters