← Chapters

အခန်း (၂၈၄)

Vol. 20 Ch. 284

အခန်း (၂၈၄)

Vol. 20 Ch. 284

အစိမ်းရောင် မာဖလာနှင့် လူငယ်သည် အမှန်ပင် မောက်မာလွန်းအားကြီးလှသည်။ သူသည် သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်း တပည့်အား တိုက်ရိုက်ပင် စိန်ခေါ်ခဲ့လေ၏။

ရီရှင်းချန်သည်လည်း မပျော်မရွှင် ဖြစ်သွားရသည်။ ထို့ကြောင့် စေသနာပါပါဖြင့် ထိုအစိမ်းရောင် မာဖလာလူငယ် အား ရိုက်နှက်ရန် ကမ်းလှမ်းလိုက်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း မေးလိုက်သည် “အကြီးအကဲကျင်း .. သူက အတွင်းစည်း တပည့်လား”

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည် “ဒီအဘိုးကြီးရဲ့ တပည့်က အပြင်စည်း တပည့် တစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ အတွင်းစည်းတပည့်တစ်ယောက်ရဲ့ အားအင်မျိုးကို ပိုင်ဆိုင်နေပြီ”

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်မိသည်။

အတွင်းစည်း တပည့်ကို လွှတ်မည် ဆိုပြီး အပြင်စည်း တပည့် တစ်ယေုာက်ကို လွှတ်လာသည်။ သူ၏ တာဝန် အဘယ့်သို့ ပြည့်စုံစေတော့မည်နည်း။

“ကျွင်းချောင်ရှောင်း”

တိုက်လု တည်ငြိမ်စွာ ပြောလိုက်သည် “ကျုပ်နဲ့ တိုက်ခိုက်ခိုင်းဖို့ အတွင်းစည်း တပည့်တစ်ယောက်ကို မလွှတ်ရဲဘူးလား။

ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည် “ရှင်းချန် သွားလိုက်”

အပြင်စည်း တပည့်တစ်ယောက်အား တိုက်ခိုက်ရန် အတွင်းစည်း တပည့်တစ်ယောက်ကို လွှတ်လိုက်ရခြင်းမှာ အနည်းငယ် နစ်နာသည် ဆိုသော်လည်း အစိမ်းရောင် မာဖလာနှင့် ကောင်၏ သောက်ကြောတင်းလွန်းသော မျက်နှာပေးကို ကြည့်ပြီးသည့်နောက် သူ ရှင်းချန်အား တိုက်ခိုက်ရန် လွှတ်လိုက်မိသည်။

ဤကဲ့သို့ သူမျိုးကို နှိပ်ကွပ်ရန်မှာ သူ့ထက် အဆပေါင်းများစွာ မောက်မာသောသူ လိုအပ်၏။

သံမဏိအရိုးဂိုဏ်းတွင် မည်သူက အမောက်မာဆုံးဖြစ်သနည်း။

သံသယ ရှိစရာမလိုအောင် ညအင်ပါယာသာ ဖြစ်တော့သည်။

ရီရှင်းချန်သည် ရှေ့သို့ လှမ်းတက်လာပြီး လက်သီးကို ဆုပ်ကာ ခေါင်းခါယမ်း၍ မထီမဲ့မြင် ပြောလိုက်၏ “အရွယ်ရောက်ပြီးသား လူတစ်ယောက်ဖြစ်ပြီး ဘယ်လိုကြောင့် အစိမ်းရောင် မာဖလာကို ဝတ်ထားတာလဲ။ အရောင်ဟပ်ပြီး ခေါင်းပါ စိမ်းကုန်ရင် ဘယ်လိုလုပ်မလဲ”

တိုင်လုသည် နှာခေါင်းရှုံ့လိုက်သည် “အစိမ်းရောင် ဆိုတာ သဘာဝ တရားကို ဖော်ညွှန်းတာပဲ။ မင်းသိလား”

ရီရှင်းချန်သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင် အလယ်တည့်တည့်၌ ရပ်လျက် အေးစက်လှသည့် မျက်လုံးအကြည့်တွေနှင့် အတူ ပြောလိုက်သည် “ကောင်လေး .. တိုက်ခိုက်ပြီဆိုရင် မင်းကို ကောင်းကောင်းကြီး နာအောင်လုပ်မယ်”

“ဒီလို ပြောနိုင်ဖို့ စောလွန်းသေးတယ်” တိုင်လု သည် မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။

ဒိုင်က ပြောလိုက်၏ “နှစ်ဖက်လုံး .. နာမည်တွေ ပြောပါ”

ရီရှင်းချန်သည် အေးစက်စက် နှင့် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း တပည့် ရီရှင်းချန်”

သူသည် သူ၏ နာမည်တွေတင်သာမဟုတ် ဂိုဏ်း၏ နာမည်ကိုပါ ပြောဆိုခဲ့သည်။ ထိုကိစ္စမှာ ရှားရှားပါးပါး ကိစ္စဟု ဆိုရမည်။

တကယ်တမ်းမှာတော့ အဘယ့်ကြောင့် ဂိုဏ်းနာမည်ကို ထုတ်ဖော်ပြောဆိုမိသနည်း ဆိုသည်ကိုပင် သူကိုယ်သူ မသိချေ။ အကြောင်းပြချက် ပေးရမည် ဆိုလျှင် အဆင့်ငါး ဂိုဏ်းတစ်ခုကို စိန်ခေါ်နေခြင်း ဖြစ်သည်မို့ သူ၏ ဂိုဏ်းချုပ်ကို မျက်နှာသာ ပေးမိခြင်း လည်း ဖြစ်နိုင်သည်။

“နတ်စမ်းချောင်းဂိုဏ်း တပည့် တိုင်လု” တိုင်လု ခပ်မာမာ ပြောလိုက်၏။

လက်ရှိအချိန်တွင် သိုင်းအင်ပါယာ တစ်ယောက် ပြန်လည်ဝင်စားသူသည် ဝါးမြိုသူ နှင့် မီတာ အနည်းငယ် အဝေးတွင် ရှိနေသည်။ အဓိက ဇာတ်ကောင် မည်သူဖြစ်သနည်း ဆိုသည်ကို တိုက်ပွဲ ရလာဒ်က ဆုံးဖြတ်ပေးပေလိမ့်မည်။

ဟူး..။

တိုင်လုသည် သူ၏ သိုင်းဆရာ အဆင့် အော်ရာများအား ထုတ်ဖော်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ ဂုဏ်ယူသော အသွင်သဏ္ဍန်မျိုး ရှိနေလေသည်။

လင်းယုန်နက်ဂိုဏ်းမှ ပြန်လာစဉ်ကတည်းက သူသည် ကျင့်ကြံခြင်းအဆင့်အား ဖိနှိပ်ထားခဲ့ရသည်။ ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင်ပင် အစွမ်းကုန် မထုတ်ဖော်နိုင်ခဲ့ချေ။

ယနေ့မှာတော့ များပြားလှသော ကျင့်ကြံသူများ၏ မျက်လုံးအကြည့်အောက်တွင် သူ၏ အစွမ်းအစကို ထုတ်ဖော်ပြသရမည့် အချိန်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် ဖုံးကွယ်ထားစရာမလိုတော့ချေ။ ဂိုဏ်းအကြီးအကဲများ၏ ဦးစားပေးမှုကို ရရှိရန် သူ အနိုင်ရမှဖြစ်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် …..

တိုင်လုတစ်ယောက် သိုင်းဆရာ အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသလိုက်သည် ဆိုသည်နှင့် နတ်စမ်းချောင်းဂိုဏ်း အကြီးအကဲများ၏ မျက်လုံးများသည် တောက်ပသွားကြသည်။

အထူးသဖြင့် အကြီးအကဲကျင်း ဖြစ်သည်။

ဤကောင်လေးအား တိုက်ပွဲဆီ သွားရန် ခွင့်ပြုပေးခဲ့ခြင်းသည် သူ့အတွက် အံ့အားသင့်စရာ ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ဂိုဏ်းထဲ ဝင်ရောက်သည်မှာ တစ်နှစ်လောက်သာ ရှိသေးသော်လည်း သိုင်းဆရာ အဆင့်သို့ ရောက်ရှိနေသည်ကို မြင်ရခြင်းမှာ ယုံကြည်နိုင်ရန်တော့ ခက်ခဲလှသည်

“နတ်စမ်းချောင်းဂိုဏ်းရဲ့ အပြင်စည်းတပည့် က သိုင်းဆရာ အဆင့်ကို ချိုးဖျက်ဝင်ရောက် သွားပြီပဲ”

“အဓိက ဂိုဏ်းကြီးရဲ့ တပည့် ပီသပါပေတယ်။”

များပြားလှသော ကျင့်ကြံသူများသည် တုန်လှုပ်မိနေကြသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်ကို ထုတ်ဖော်ပြသခဲ့သော တိုင်လုသည် လူအများ၏ ချီးကျူးသံကို ကြားရချိန်မှာတော့ အလွန်အမင်းဝမ်းမြောက်နေမိ၏။

လူသိများထင်ရှားရသည်မှာ အလွန်ပင် ကောင်းမွန်သည့် ကိစ္စဖြစ်လို့နေသည်။

ထို့ကြောင့် တိုင်လုသည် ပိုမို၍ မာန်တက်လာမိသည်။ သူ၏ ပင်ကိုယ်စွမ်းရည်ကြောင့် သူသည် တစ်ခါမှ တခြားသူများ၏ အာရုံစိုက်မှုကို မခံစားခဲ့ရချေ။ ယခု ဝါးမြိုခြင်းစွမ်းရည် နိုးထလာပြီးချိန်မှာတော့ သူ၏ အစွမ်းနှင့် အားအင်သည် မိုးထိ ထိုးတက်သွားခဲ့သည်။ ထို့ကြောင့် မောက်မာ၊ မာန်တက်မိခြင်းမှာသဘာဝ ပင် ဖြစ်တော့၏။

သို့ပေမဲ့ တိုင်လု တစ်ယောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသလိုက်ချိန်မှာတော့ ရီရှင်းချန်၏ မျက်လုံးထဲရှိ အထင်သေးမှုများမှာ ပို၍ပင် အားကောင်းလာသေးသည်။

ဤမျှမောက်မာနေသော ကောင်သည် မည်မျှအားကောင်းသနည်း ဆိုသည်ကို သူ သိချင်မိခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ သိုင်းဆရာအဆင့်တစ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လို့နေ၏။ တကယ့်ကို အမှိုက်စစ်စစ် ပင်။

“စမယ်” ဒိုင်လူကြီးကအော်လိုက်သည်။

တိုင်လုသည် အားရပါးရ ပြုံးကာ ပြောလိုက်၏ “ငါ ….”

ဝှစ် ..။

ရီရှင်းချန်သည် တိမ်ခြေလှမ်း နည်းစနစ်ကို အသုံးပြု၍ အလွန်တရာ မြန်ဆန်သော နှုန်းဖြင့် တိုင်လု၏ အရှေ့တွင် ပေါ်လာသည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည် “သေရတာထက်ဆိုးတဲ့ အသက်ရှင်သန်ရမှု ခံစားချက်ကို ကြုံဖူးလား”

တိုင်လု၏ အပြုံးများသည် ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

ဘုန်း…။

လက်သီးထိုးနှက်သံသည် လေထုကိုပင် ဆွဲငင်လာ၏။

အားလုံးသောသူများ၏ မျက်လုံးများသည် ပြူးထွက်သွားသည်။

ရီရှင်ချန်ဟု ခေါ်သော ကောင်လေးသည် သိုင်းဆရာတစ်ယောက်ဖြစ်ရုံမက နတ်စမ်းချောင် ဂိုဏ်းမှ တပည့်ထက် အဆင့် နှစ်ဆင့် ၊ သုံးဆင့်လောက်ပင် မြင့်မားနေသေး၏။

“ဒင်.. နတ်စမ်းချောင်းဂိုဏ်း၏ တပည့်အား အနိုင်ယူခြင်း ၁ / ၁၀”

အသိပေးသံသည် ကျွင်းချောင်ရှောင်း၏နားထဲသို့ ဝင်ရောက်လာသည်။

ကျွင်းချောင်ရှောင်း ကြောင်သွားသည် “အပြင်စည်းတပည့်ကို အတွင်းစည်းအဖြစ် သတ်မှတ်ပေးတယ်ပေါ့”

စနစ်မှ ပြောလိုက်၏ “နတ်စမ်းချောင်းဂိုဏ်းက အတွင်းစည်းတပည့် အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခိုင်းတာလေ။ ဒါကြောင့် အတွင်းစည်း တပည့်လို့ တွက်ရမယ်”

“ငါသိပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါလည်း ကောင်းတယ်”

သို့ပေမဲ့ ရီရှင်းချန်သည် မောက်မာလွန်းလှသော တိုင်လုအား လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ တစ်ဖက်လူမှာ အလွန်အမင်း အားနည်းမနေဘူးလား။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ….

လေလှိုင်းများ ပျောက်ကွယ်သွားချိန်မှာတော့ အစိမ်းရောင် မာဖလာနှင့် အစ်ကိုကြီးတိုင်လုသည် မြေပေါ်တွင် လှဲလျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ရင်နေ၏။

ရီရှင်းချန်သည် အနားသို့ ရောက်လာပြီး မျက်နှာပေါ်သို့ ခြေတင်ကာ အေးစက်စက် ပြောလိုက်သည် “သောက်ရူး.. ထပြီး မောက်မာလိုက်ပါအုံး”

ထိုမြင်ကွင်းအား ရင်းနှီးနေသည်။

အစပိုင်းတုန်းက ကျွင်းချောင်ရှောင်းသည် တိုင်လုအား ချင်းယန်မြိ့သို့ သွားရောက်သည့် တောလမ်းတွင် မျက်နှာအား ခြေထောက်ဖြင့် နင်းခဲ့ဖူးသည်။

တိုင်လုသည် ဝိညာဉ်ကူးပြောင်းရောက်ရှိကာစ ကျွင်းချောင်ရှောင်း၏ မျက်နှာနင်းခြင်းကို ခံခဲ့ရသလို ယခုလည်း ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာ၏ မျက်နှာနင်းခြင်းကို ခံနေရလေ၏။

တိုက်လုသည် သတိမလစ်သွားပေ။ သူ တွေးနေတုန်းပင် ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်မှု အရိပ်အယောင်တွေ ရှိလို့နေသည်။

သူသည် ဝါးမြိုခြင်းစွမ်းရည် အသက်ဝင်ထားသူဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိအောင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့၏။

မဖြစ်နိုင်ဘူး။

ငါ့ဆီမှာ ဝါးမြိုခြင်းစွမ်းရည် ရှိတယ်။ သံမဏိအရိုးဂိုဏ်းတပည့် ဘယ်လောက်အားကောင်းကောင်း င့ါကို အနိုင်မယူနိုင်ဘူ။

တိုင်လု နားမလည်သည်မှာ သူနှင့် တစ်ဖက်လူအား အားအင်အဆမတန် ကွာခြားနေသည့်အကြောင်းကိုပင်။

ရီရှင်းချန် မပြောနှင့် ကျန်းဝေ တို့သည်ပင် သူ့အား လွယ်လွယ်ကူကူ အနိုင်ယူနိုင်သည်။

သူ့အနေနှင့် ဝါးမြိုခြင်းစွမ်းရည်ကို ထုတ်သုံးမှသာ အနိုင်ရနိုင်စွမ်းရှိမည်။

သို့ပေမဲ့ ဆိုးရွားသည် ယခုတလော သူ ဝါးမြိုခဲ့သည်များမှာ အသက်မဲ့ အပင်နှင့် သားရဲများ ဖြစ်လို့နေသည်။ သိုင်းပညာရှင်များအား စိတ်ရှိတိုင်း မဝါးမြိုနိုင်ပေ။

နောက်တော့ အကြီးအကဲ ဝိညာဉ်၏ ကျင့်ကြံခြင်းအား ဝါးမြိုခဲ့သည့် ဖြစ်စဉ်ကို သူ သေချာ ပြန်စဉ်းစားလိုက်သည်။ ထိုစွမ်းရည်သည် သေခြင်းရှင်ခြင်း အခြေအနေသို့ ရောက်ရှိမှ အသက်ဝင်လာခြင်း ဖြစ်နိုင်သည်။

တော်ရုံ အန္တရာယ်ရှိရုံဖြင့် မရလောက်ပေ။

ထို့ကြောင့် တိုင်လုသည် မျက်နှာကို နင်းခြင်း ခံထားရပေမဲ့ ခက်ခက်ခဲခဲ ကြိုးစား၍ လှောင်ပြောင်လိုက်သည် “မင်း .. မင်းမှာ ဒီလောက်ပဲ အားရှိတာလား”

“ဟမ်”

ရီရှင်းချန် မျက်မှောင်ကုတ်သွားသည်။

အမှိုက်လို ဦးနှောက်တစ်ခန်းလွတ်နေသည့် ကောင်သည် သူ့အား အောက်မှနေ၍ ပြန်လည် လှောင်ပြောင်ခြင်းကိုပင် ပြုလုပ်နေသည်။

ရီရှင်းရှန်သည် ခြေထောက်ကို မြှောက်ကာ ပြောလိုက်သည် “ဘယ်လောက် အားကောင်းတယ် ဆိုတာ ပြမယ်။”

ဘုန်း. ..။

သူသည် တိုင်လု၏ မျက်နှာကို နင်းလိုက်ချိန်မှာတော့ သွေးများပွက်ပွက် အန်ထွက်လာသည်။

ကောင်းတယ်။ ကောင်းတယ်။ င့ါကို နှိပ်စက်စမ်း။

လံုံးဝ မျှော်လင့်ချက် မရှိတော့တဲ့အထိ င့ါကို ရိုက်စမ်း။

ဝါးမြိုခြင်းစွမ်းရည် အသက်ဝင်လာတာနဲ့ မင်းကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးကို ငါ စုပ်ယူမယ်။

ဘန်း ..ဘန်း .. ဘန်း..။

ရီရှင်းချန်သည် တိုင်လု မျက်နှာအား အားရပါးရ ဆောင့်နင်းလိုက်သည်။

တိုင်လုသည် ခေါင်းတစ်ခုလုံး မူးဝေပြီး ပါးစပ်ထဲမှ သွေးတွေ ပွက်ခနဲ ထွက်လာပြန်၏။ သို့ပေမဲ့ ဝါးမြိုခြင်းစွမ်းရည် မှာ အသက်မဝင်သေးချေ။

မျက်နှာပေါ်တွင် ခြေထောက်ရာကြီး ထင်နေသော်လည်း တိုင်လုသည် အောက်မှ နေ၍ ထပ်မံ ရန်စလိုက်ပြန်သည်။

ဒီလောက် အနှိပ်စက်ခံနေရတာတောင် ရယ်နိုင်သေးတယ်ပေါ့။

ရီရှင်းချန် ထပ်မံ နင်းချလိုက်ချိန်မှာတော့ ကြည့်ရှုနေသည့် ကျင့်ကြံသူများပင် မျက်နှာတွေ ကျိန်းခနဲ ဖြစ်သွားရ၏။

နတ်စမ်းချောင်းဂိုဏ်း တပည့်သည် ရူးသွပ်နေလေပြီလော။ ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့တာတောင်မှ ပါးစပ်နှင့် ရန်စလျက် ရှိနေသေးသည်။

သူတို့နားမလည်သည်မှာ ဤအရာသည် တိုင်လု၏ နည်းဗျူဟာ ဖြစ်နေခြင်းပင်။

ရီရှင်းချန် ထပ်ခါထပ်ခါ ဆောင့်နင်းနေချိန်မှာတော့ သူ၏ ဒဏ်ရာများသည် ပိုမို၍ ဆိုးရွားလာသည်။ ရုတ်တရက် ဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်ဆီမှ အစိမ်းရောင် အော်ရာများ ထွက်ပေါ်လာပြီး မျက်လုံးများသည် စိမ်းတက်လာ၏။

သူ၏ ပုံပျက်ပန်းပျက် ရိုက်နှက်ခံထားရသော မျက်နှာနှင့်အတူ အစိမ်းရောင် မျက်လုံးတို့သည် အလွန်တရာ ကြည့်ရဆိုးရွားလှသည်။

လာစမ်း .. ငါ့ရဲ့ ဝါးမြိုခြင်းအစွမ်း လာခဲ့စမ်း။

ဘန်း..။

သူ၏ ခန္ဓာကိုယ်ဆီမှ ဝါးမြိုခြင်းစွမ်းရည် ထွက်ပေါ်လာခါနီးမှာပဲ ရီရှင်းချန်သည် အားထည့်၍ နင်းချလိုက်တော့သည်။ အစိမ်းရောင် မာဖလာနှင့်တိုင်လုသည် မည်သို့မှ မခံစားနိုင်တော့သောကြောင့် ဝါးမြိုခြင်းစွမ်းရည် ထွက်မလာရသေးခင်မှာပဲ မေ့မျောသွားတော့သည်။

သူ၏ ခန္ဓာကိုယ်ရှိ အစိမ်းရောင်အော်ရာများသည် ပြန်လည်ပျောက်ကွယ်သွားပြီး မျက်လုံးများသည်လည်း သာမာန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ အရာအားလုံးသည် ဘာမှ မဖြစ်ခဲ့သလိုပင်။

ဘုန်း..။

ရီရှင်းချန်သည် သတိလစ်နေသောတိုင်လုအား သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်ဆီ ကန်ထုတ်လိုက်သည် “ဒီလို အမှိုက်ကို ပွဲထုတ်မှတော့ အရှက်ကွဲတာပဲ ရှိမှာပေါ့”

All Chapters