← Chapters

အခန်း (၂၈၉)

Vol. 20 Ch. 289

အခန်း (၂၈၉)

Vol. 20 Ch. 289

“သခင်လေး လင်းဖန် မောပန်းနေပြီ”

“စိတ်ဝိညာဉ်လက်ဝါးစည်း က အရမ်းကောင်းတဲ့ တိုက်ခိုက်ရေး နည်းစနစ်ပဲ။ ဒါပေမဲ့ သိုင်းစစ်သူကြီး တစ်ယောက် အသုံးပြုမယ် ဆိုရင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်တွေ တော်တော် ကုန်ခမ်းမှာ။ သိုင်းဆရာ အဆင့်ဆိုရင် ပြောနေစရာတောင် မလိုဘူးလေ”

“သံမဏိအရိုးဂိုဏ်းတပည့်လည်း မောပန်းနေပါစေလို့ ငါ မျှော်လင့်မိတယ်”

အားလုံးပြောဆိုနေတုန်းမှာပဲ ရှောင်ကျီသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ပေါက်ကွဲ နည်းစနစ် နှင့် တိမ်ဖြိုလက်ဝါး နည်းစနစ်ကို ပြိုင်တူ တိုက်ခိုက်လိုက်သည်။

မင်း ပင်ပန်းနေတာလား။

အားနာတယ်။ ငါက အခုမှ သွေးပူတုန်း။

ဘုန်း ….. ဘုန်း…။

စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အကျွံအသုံးပြုခဲ့ပြီး ဖြစ်သောကြောင့် ချင်းလင်းဖန် သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် သာ အားစိုက်နိုင်တော့သည်။ ထို့ကြောင့် သူသည် တိုက်ခိုက်မှု၏ အောက်စည်း သို့ ရောက်ရှိလျက် ရှိသည်။

အားလုံးသော သူတို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြ၏။

သံမဏိအရိုးဂိုဏ်းတပည့်သည် လူပင် ဟုတ်ရဲ့လာ ထင်မှတ်မှားနေရသည်။ စိတ်ဝိညာဉ်လက်ဝါးစည်း တိုက်ခိုက်ချက် နှစ်ခုအား ခံယူခဲ့ရသည် ဆိုသော်လည်း ပိုမို၍ပင် ဖြတ်လပ်လာနေသေးသည်။

အကြီးအကဲကျင်းသည် စိတ်ထဲမှ အော်ဟစ်နေမိသည် “တောင့်ခံထား။ မင်း လုပ်နိုင်မှဖြစ်မယ်။”

ဟောင်ချီဂိုဏ်းမှာတုန်းက မဟာမိတ်ခေါင်းဆောင်ချင်သည် သူ၏ တပည့်များ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ခဲ့သောကြောင့် စိတ်ထဲတွင် ထိုကဲ့သို့ပဲအော်ဟစ်နေခဲ့ဖူး၏။

ဘန်း .. ဘန်း ..။

ရှောင်ကျီ၏ လက်သီးချက်များသည် ပိုမို၍ မြန်ဆန်လာသည်။ သူ၏ အားအင်များမှာတော့ ယုတ်လျော့မသွားဘဲ ပုံမှန်အတိုင်း အားကောင်းနေဆဲပင်။

တိုက်ခိုက်လေ သူ၏ ကြွက်သာများနှင့် စိတ်ဝိညာဉ်စွမ်းအင်များသည် လန်းဆန်းလာလေ ဖြစ်နေသည်။ တိုက်ခိုက်တာ ကြာလာသည်နှင့် တပြိုင်နက် သူ၏ သွေးတွေသည် ဆူဝေလာတော့သည်။

ချင်းလင်းဖန်သည် မည်သို့မှ မတတ်နိုင်တော့ချေ။ နောက်ဆုံးမှာတော့ မုန်တိုင်းတစ်ခုကဲ့သို့ ကျဆင်းလာနေသည့် လက်သီးချက်များအား ခံယူပြီး အဝေးသို့ လွင့်စင်ထွက်သွားရတော့၏။

ဘန်း …။

အဆုံးသတ်မှာတော့ သူူသည် အမြှောက်ဆံ တစ်ခုကဲ့သို့ လွင့်ကာ တိုက်ခိုက်ရေး ကွင်းပြင် ပြင်ပ ဆီသို့ ရောက်ရှိသွားတော့သည်။

လေထဲတွင် ရှိသော စိတ်ဝိညာဉ်လက်ဝါးစည်း၏ လက်ဝါးကြီးနှစ်ခုသည် သခင်နှင့် အဆက်အသွယ်ပြတ်တောက် သွားပြီးနောက် တစ်ခါတည်း ပျောက်ကွယ်သွားလေ၏။

ဘုန်း ….။

ချင်းလင်းဖန်သည် အပြင်ဘက်ရှိ ကျောက်နံရံတစ်ခုနှင့် တိုက်မိပြီး နံရံထဲသို့ ကျွံဝင်သွားရသည်။

ဝေါ့ ..။

သွေးတွေ အန်ထွက်လာသည်။

ချင်းလင်းဖန်သည် မနည်းကြိုးစား၍ ခေါင်းမော့ကာ အားပြတ်စွာ ပြောလိုက်၏ “မင်း … မင်း က အရမ်း အားကောင်းတယ်”

ပြောပြီးသည့်နောက် မေ့မျောသွားခဲ့တော့၏။

ဖူး …။

ရှောင်ကျီသည် သူ၏ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်ပြီးနောက် တိုက်ခိုက်ရာမှ ရပ်တန့်လိုက်သည်။ သူသည် သတိလစ် မေ့မျောနေသော ချင်းလင်းဖန် ဘက်သို့လှည့်ကာ လက်သီးဆုပ်၍ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

ပြီးနောက် လှည့်ကာ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီမှ ထွက်လာသည်။

ဤအတောအတွင်း သူသည် မုယုံရှင်းအား ရှိသည်ဟုပင် မထင်မှတ်သကဲ့သို့ တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။

သံမဏိအရိုးဂိုဏ်း၏ ဤစိန်ခေါ်ပွဲတွင် သူသည် အနိုင်ယူရန် မလွယ်ကူသူ တစ်ယောက်ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။ နတ်စမ်းချောင်းဂိုဏ်းပြီးလျှင် သူသည် လိုင်လီနတ်ဂိုဏ်းသို့ သွားရောက်ရမည်။ နှစ်နှစ် ဆိုသော အချိန်ကာလ မှာ ကြာမြင့်လှသည် မဟုတ်ချေ။

တိုက်ပွဲပြီးသွားသည့်နောက် ကျွင်းချောင်ရှောင်း၏ နားထဲတွင် သတိပေးသံများ ထွက်ပေါ်လာသည် “ဒင် … နတ်စမ်းချောင်းဂိုဏ်း တပည့် အား အနိုင်ယူခြင်း ၁/၃”

အကြီးအကဲကျင်းသည် မျက်ရည်တောင် ဝိုင်းလာမိသည်။

သူသည် သူ၏ ဝှက်ဖဲဖြစ်သော အားကိုးရသူ တိုက်ရိုက်တပည့်အား စေလွှတ် တိုက်ခိုက်စေခြင်း ဖြစ်သည်။ သို့ပေမဲ့ အနိုင်မယူနိုင်ရုံတင် မကဘဲ သူ၏ တိုက်ရိုက်တပည့်သည် မေ့မျောသွားခဲ့၏။

သိုင်းဆရာတစ်ယောက် အနေဖြင့် ချင်းလင်းဖန်သည် အလွန်အားကောင်းလှသူဖြစ်သည်။

ကံဆိုးစွာနှင့် သူသည် ရှောင်ကျီနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နေ၏။

ရှောင်ကျီသည် တစ်နှစ်သာ လေ့ကျင့်ရသေးသည် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ပတ်သက်လျှင် မွန်းစတား တစ်ကောင်ကဲ့သို့ပင် ထင်မှတ်မှားလောက်သည် အထိ အားကောင်းလှသူ ဖြစ်သည်။

သို့ပေမဲ့ ချင်းလင်းဖန်သည် ရှောင်ကျီ နှင့် မဟုတ်ဘဲ ရီရှင်းချန် နှင့်သာ ရင်ဆိုင်ခဲ့ပါက ယခုထက် ဆိုးရွားသည့် အခြေအနေကို ကြုံတွေ့သွားမှာ သေချာသည်။ ရီရှင်းချန်သည် ရှောင်ကျီထက် ပိုမို အလုံးစုံအားအင်တွင် သာလွန်သည်မဟုတ်လား။

ရှောင်ကျီ ထွက်ခွာလာသည်ကို မြင်တော့ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် အသက်ကို ပြင်းပြင်းရှုလိုက်မိကြသည်။

စိတ်ဝိညာဉ်လက်ဝါးစည်း နှစ်ချက်အား ထိပ်တိုက် ရင်ဆိုင်ခဲ့ရုံတင်မကဘဲ လေထဲရှိ အလွန်အမင်း အားကောင်းလှသော လက်ဝါးကြီးအား အနောက်သို့ပင် ပြန်လည် တွန်းလွှတ်ခဲ့သေးသည်။ ထိုသို့ ပြုလုပ်နိုင်ရန် ရှောင်ကျီ၏ ခန္ဓာကိုယ်အားအင်သည် မည်မျှ အားကောင်းနေသနည်း။

“ကြောက်စရာပဲ” မာယွင်တန် တုန်လှုပ်စွာ ပြောလိုက်မိ၏။

သူသာ ချင်းလင်းဖန်လို ပါရမီရှင်နှင့် အဆင့်တူ တိုက်ခိုက်မည် ဆိုပါက အနိုင်ယူနိုင်မည် ဆိုလျှင်တောင်မှ ပေးဆပ်မှုကြီးကြီးတော့ ပြန်လည် ပေးဆပ်ရပေလိမ့်မည်။

ရှောင်ကျီ၏ တိုက်ခိုက်မှုသည် သံမဏိအရိုးဂိုဏ်းအတွက် အောုင်ပွဲ ရယုူနိုင်ရုံတင် မကဘဲ သူသည် လွန်ခဲ့သော ငါးနှစ်တုန်းကလို အမှိုက်တစ မဟုတ်တော့ကြောင်း သက်သေပြခဲ့ခြင်းလည်း ဖြစ်သည်။

ဤသတင်းသည် ရှောင်မိသားစု ဆီသို့ ရောက်ရှိသွားမည်ဟု သူ မျှော်လင့်မိ၏။

ရှောင်မိသားစုမှာတော့ လူများ၏ တံတွေးခွက်ထဲတွင် မျောတော့မှာ သေချာသည်။

သို့ပေမဲ့ ရှောင်မိသားစု ကို ခဏထားဦး။ လက်ရှိ မဟာမိတ်ခေါင်းဆောင်ချင် နှင့် သူ၏ အပေါင်းအဖော်များကို ကြည့်လိုက်မည် ဆိုလျှင် ချေးစားထားသကဲ့သို့ ဆိုးရွားသည့် အမူအရာများဖြစ်ပေါ်နေသည်ကို မြင်ရမှာ ဖြစ်၏။

နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းနှင့် အတွင်းစည်း တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ကြသည်။ ထိုအရာသည် သူတို့အား ပါးပိတ်ရိုက်ခဲ့သလို ခံစားနေရသည်။ လက်ရှိမှာတော့ ရှောင်ကျီသည် တိုက်ရိုက်တပည့်ကိုပင် အနိုင်ယူခဲ့သည်။ သူတို့သည် ကြည့်နေရင်း ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်တစ်ခုလုံး ထွက်ခွာသွားသလိုပင် ခံစားနေရသည်။

ဟာသကြည့်ချင်သည်လား။

အဘယ့်ကြောင့် မရယ်ရသနည်း။

သို့ပေမဲ့ လက်ရှိတွင် မုယုံရှင်းလောက် အံ့အားသင့်မည့်သူ ရှိမည် မထင်ပေ။

ရှောင်ကျီသည် သူ၏ အားကောင်းလှသော ခန္ဓာကိုယ်ကို အသုံးပြု၍ ချင်းလင်းဖန်၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ရင်ဆိုင်အနိုင်ယူသွားခဲ့သည်။

ဤနှစ်ပိုင်းအတွင်း ရှောင်ကျီသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည့် လေ့ကျင့်နည်းမျိုးကို လေ့ကျင့်ခဲ့သနည်း။

“ရှင်းအာ .. ရှောင်မိသားစု ရဲ့ ရှောင်ကျီ က ပါရမီကောင်းတယ်။ ကြိုးလည်းကြိုးစားတယ်။ မင်းကို သူနဲ့ လက်ထပ် ဖို့ စီစဉ်ခဲ့တဲ့အတွက် အဘိုးကို အပြစ်မတင်နဲ့”

သူမ ငယ်ရွယ်စဉ်က အဘိုးမုယုံ ပြောခဲ့သော စကားလုံးများသည် သူမ၏ နားထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

ထိုအချိန်တုန်းက သူမ ပြန်ပြောခဲ့သည် “အဘိုး … သူက ဘယ်လိုပုံစံလဲ။ ရှင်းအာ တစ်ခါမှ မမြင်ဖူးဘူးလေ။ ဘာလို့ ကြုံသလို စေ့စပ်ဖို့ အလျှင်စလို ဆုံးဖြတ်ခဲ့တာလဲ”

“ဟားဟား .. ”

အဘိုးမုယုံသည် ရယ်မောလိုက်သည် “အဘိုး အဲကလေးကို စောင့်ကြည့်နောကြာပြီ။ သူ့ဆီမှာ ကြီးမားတဲ့ အလားအလာ ရှိတယ်။ အနာဂတ်မှာ လူတွေထဲက နဂါးတစ်ကောင် ဖြစ်လာမှာ သေချာသည်။ သူက မင်းနဲ့ ထိုက်တန်တယ် မြေးလေး”

“ဟမ် … လူတွေထဲက ပိုးကောင်ဖြစ်နေအုံးမယ်”

ထိုအချိန်တုန်းက သူမသည် သူမ၏ ချစ်လှစွာသော အဘိုးပြောသည်ကို နာခံခဲ့သည်။ သို့ပေမဲ့ သူမ အရွယ်ရောက်လာပြီးနောက်မှာတော့ လွတ်လပ်မှုကို ပိုမိုခုံမင်လာသည်။ ထို့ကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်၏။

ယနေ့မှာတော့ …

ရှောင်ကျီသည် ချင်းလင်းဖန်အား အနိုင်ယူပြီး သူမ၏ အဘိုးပြောခဲ့သလို ကြီးမားသည့် အလားအလာ နှင့် အနာဂတ်ကို ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ဘေးတစ်ဖက်ရှိ စီနီယာအစ်မ က ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်က တော်တော် အားနည်းတာပဲ။ သူတို့က အဆင့်ခုနှစ် ဂိုဏ်းရဲ့ တပည့်ကိုတောင် မနိုင်ပါလား”

“စီနီယာအစ်မ သူ့ကို နိုင် နိုင်လား”

မုယုံရှင်း၏ စကားသည် သူမကို ငြိမ်သက်သွားစေသည်။ သူမသည် အဆင့်ခြောက် သိုင်းဆရာ တစ်ယောက် ဖြစ်သည် ဆိုသော်လည်း အဆင့်မြင့် သိုင်းဆရာ တစ်ယောက်၏ အရည်အသွေးမျိုး ရှိသူမဟုတ်ချေ။

ချင်းလင်းဖန်အား အနိုင်ယူနိုင်လျှင်ပင် ရှောင်ကျီကို တိုက်ခိုက်ရန်တော့ သူမ အတွက် အလွန်ခက်ခဲပေလိမ်မည်။

စီနီယာအစ်မ က ပြောလိုက်သည် “ငါ မနိုင်ဘူး။ ဒါပေမဲ့ ဂျုနီယာညီမလေး နိုင်တယ်လေ”

သူမသည် လိုင်လီနတ်ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ယောက်သာ ဖြစ်သည်။ မုယုံရှင်းကတော့ ဆယ့်တစ် ယောက်မြောက် အကြီးအကဲ၏ တိုက်ရိုက်တပည့် ဖြစ်နေသည်။ ထို့ကြောင့် သူမထက် အစစ အရာရာ သာလွန်သည်။

…….

“အကြီးအကဲကျင်း …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တိုက်ရိုက်တပည့် ရှိသေးလား”

“ဟမ့် …”

အကြီးအကဲကျင်း နှာခေါင်းရှုံ့လိုက်သည် “ကျုပ်တို့ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် အရေအတွက်က ခင်ဗျားတို့ ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ထက် ပိုများတယ်”

သူသည် တိုက်ပွဲအား ရှုံးနိမ့်နေပြီ ဖြစ်သည်။ သို့ပေမဲ့ ဟိတ်ဟန်ကိုတော့ လျော့၍ မဖြစ်ချေ။

“ဒါဆိုလည်းထပ်ပြီး တိုက်ခိုက်စို့”

ကျွင်းချောင်ရှောင်းသည်လက်ကို ယမ်းခါလိုက်တော့ ထျန်းချီ ထွက်လျှောက်လာ၏။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် အတွင်းစည်း တပည့်များကြားတွင် အနိမ့်ဆုံးဖြစ်သော်လည်း သူ၏ မျက်လုံးထဲတွင်တော့ ဂုဏ်ယူနေသော အရိပ်အယောင်မျိုး အပြည့်နှင့် ဖြစ်သည်။

သံမဏိအရိုးဂိုဏ်းသာ မရှိလျှင် သူသည် အလကားလူ သက်သက်သာ ဖြစ်သည်။ ယခု သူသည် နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် တိုက်ခိုက်ရေးကွင်းပြင်ထဲတွင် ရပ်နေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်တရာ ပျော်ရွှင်နေသလို ပျော်လည်း ပျော်ရွှင်နေမိ၏။

အကြီးအကဲကျင်းသည် ဒုတိယမြောက် တိုက်ရိုက်တပည့်အား စေလွှတ်လိုက်သည်။

ထိုသူသည် ရန်ဟွေ့ဟု ခေါ်သူဖြစ်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သည် ဆိုသော်လည်း အဆင့်ခုနှစ် သိုင်းဆရာ တစ်ယောက် ဖြစ်၏။

အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင်များသည် ရှားပါးလှသည်။ ထို့ကြောင့် ဂိုဏ်း၏ တိုက်ရိုက်တပည့်များသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်များ ဖြစ်လို့နေသည်။

“ထျန်းချီ”

ကျွင်းချောင်ရှောင်း အသံပို့လွှတ်လိုက်သည် “မင်းရဲ့ ပြိုင်ဘက်က အရမ်းအားကောင်းတယ်။ အကောင်းဆုံး ကြိုးစား ..ငါနဲ့ အားလုံးသော သူတွေကိုစိတ်မပျက်စေနဲ့”

“ကောင်းပါပြီ”

ထျန်းချီသည် ပြန်လည်၍ အသံပို့လွှတ်လိုက်သည်။

နှစ်ယောက်သား နာမည်များ မိတ်ဆက်ပြီးသည့်နောက် ဒိုင်လူကြီးသည် ချက်ချင်း ကြေညာလိုက်၏ “စမယ်”

ဘုန်း …

ကြမ်းတမ်းလှသော ရန်ဟွေ့သည် ချက်ချင်းပဲ အားပါ ပြင်းထန်လှသော လက်သီးချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်တော့သည်။

ထျန်းချီသည် ရင်ဘတ်ရှေ့တွင် လက်ကို ကြက်ခြေခတ် ခတ်ကာ ကာကွယ်လိုက်၏။ ထျန်းချီသည် နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။ တစ်ဖက်လူ၏ အားအင်အဆင့်သည် ဂျင် ရှစ်သောင်းလောက် ရှိလို့နေ၏။

သူသည် ဂျင် ခြောက်သောင်းသော အားကိုပိုင်ဆိုင်သူဖြစ်သည်။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

အား …။

ထျန်းချီသည် တိမ်ခြေလှမ်းကို ထုတ်သုံးကာ ပေါက်ကွဲလက်သီး နည်းစနစ်အား ထုတ်ဖော်လိုက်သည်။

ဂိုဏ်းချုပ် … ဒီတပည့်က ဂိုဏ်းအတွက် အသက်သေရင်တောင်မှ တိုက်ခိုက်သွားမယ်။

All Chapters