အခန်း (၂၉၀)
Vol. 20 Ch. 290
ဘုန်း ….။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီမှ ကျယ်လောင်လွန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရန်ဟွေ့ထက် အားနည်းသော ထျန်းချီသည် အနောက်ဘက်သို့ လွင့်စင်သွားသည်။ သူသည် တိုက်ခိုက်ရေးူ တည်နေရာ၏ အစပ်နားတွင် မနည်းကြိုးစား၍ ကိုယ်ဟန်ကို ထိန်းလိုက်သည်။ ပြီးနောက် ပြုံးလိုက်၏။
“ဒါက …”
အားလုံး ပါးစပ်အဟောင်းသားနှင့် ကြည့်မိနေကြသည်။
သူတို့သည် တိုက်ပွဲစသည်နှင့် တိုက်ကွက် မနည်း တိုက်ခိုက်ခဲ့ကြပြီး ဖြစ်၏။
သံမဏိအရိုးဂိုဏ်း၏ အဆင့်လေးသိုင်းဆရာ သည် အောက်စည်းသို့ ရောက်ရှိနေ၏။ သို့ပေမဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရသော်လည်း မြေပေါ်တော့ လဲမကျသေးချေ။
သူ၏ခန္ဓာကိုယ်အား ထိုမျှသန်မာအောင် အဘယ်သို့သော နည်းလမ်းဖြင့် လေ့ကျင့်ထားသနည်း။
ထျန်းချီသည် အဆင့်မြင့်အရည်အသွေးနှင့် သိုင်းဆရာတစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ ရန်ဟွေ့ထက် ကျင့်ကြံခြင်းအဆင့် သုံးဆင့် နိမ့်ကျနေသည်။ ထို့ကြောင့် သူ၏အားကောင်းလှသော သိုင်းနည်းစနစ်မျာ၏ အကူအညီ နှင့်တောင်မှ ရင်ဆိုင်ရန် ခက်ခဲ့နေလေသည်။
သို့ပေမဲ့ မမေ့ရန် လိုအပ်သည်မှာ ထျန်းချီသည် စမ်းသပ်မှုမျှော်စင်ထဲတွင် ဇွဲကောင်းကောင်း ဖြင့် လေ့ကျင့်ခဲ့သူ ဖြစ်သည်။
ရှောင်ကျီလောက် အားမကောင်းဘူး ဆိုလျှင်တောင်မှ သူ၏ ခန္ဓာကိုယ်သည် အားမနည်းချေ။
ရန်ဟွေ့သည် တိုက်ခိုက်နိုင်သည် ဆိုသော်လည်း အချိန်တိုတစ်ခုအတွင်း သူ့အား နာကျင်အောင် ပြုလုပ်နိုင်ဖို့တော့ မလွယ်သေးချေ။
စမ်းသပ်မှုမျှော်စင်၏ ပထမထပ်တွင် လေ့ကျင့်ခဲ့သော တပည့်တစ်ယောက် ဖြစ်သည်မို့ ဤမျှလောက်သော ရိုက်နှက်မှုသည် သူ့အတွက် ပန်းနှင့် ပေါက်နေသလိုပင်။
“မင်း ဘယ်လောက် တောင့်ခံထားနိုင်မလဲ ကြည့်တာပေါ့”
ရန်ဟွေ့သည် ရှေ့သို့ ပြေးတက်လာသည်။ သူ၏ လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များ ဖွဲ့တည်လာပြီး ကြီးမားသည့် အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်တော့သည်။
ထျန်းချီ သည် မရှောင်နိုင်ချေ။ ထို့ကြောင့် သူ၏ ကိုယ်ဟန်ကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုအား လက်ဖြင့် ခံယူလိုက်သည်။ သို့ပေမဲ့ တိုက်ခိုက်ရေး တည်နေရာထဲမှ လွင့်ထွက်မသွားရအောင် သူ ကြိုးစားထားနိုင်၏။
ဝှစ် .. ဝှစ် ..။
ဘုန်း … ဘုန်း….။
ရန်ဟွေ့သည် မုန်တိုင်း တိုက်သကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေသည်။
တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ များပြားလှသည့် လက်သီးရိပ်များနှင့် ပြည့်နှက်နေပြီး လေလှိုင်းအဟုန်များသည် အထပ်ထပ်ဖြစ်တည်နေ၏။
နတ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲများသည် စိတ်သက်သာရာ ရမိသွားကြသည်။
တိုက်ပွဲစကတည်းက သံမဏိအရိုးဂိုဏ်းတပည့်တစ်ယောက်အား ဖိနှပ်ထားနိုင်ခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်တော့၏။ တစ်ဖက်လူမှာ ရုန်းကန်၍ ခုခံနေနိုင်သေးသည် ဆိုသော်လည်း အချိန်တိုအတွင်း အနိုင်ယူနိုင်မှာ သေချာ၏။
ဟုတ်ပေသည်။ အချိန်တစ်ခုသာ လိုအပ်သည်။
သို့ပေမဲ့ မည်မျှကြာမည့် အချိန်မှန်း မည်သူမှ မသိနိုင်ချေ။
ဘုန်း ..
ဘုန်း…။
ရန်ဟွေ့သည် ရူးရူးမူးမူး တိုက်ခိုက်နေတုန်းပင် ဖြစ်သည်။ ထျန်းချီသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း နောက်သို့ တဆုတ်တည်း ဆုတ်နေရ၏။
“ဒါက နည်းနည်း ပြဿနာရှိလာပြီ” မာယွင်တန် ပြောလိုက်သည်။
ဝမ်တုံလင် “နတ်စမ်းချောင်းဂိုဏ်းက အခြေခံ ခိုင်တဲ့ ဂိုဏ်းတစ်ခုလေ။ တိုက်ရိုက်တပည့်တွေက အားကောင်းတယ်။ သံမဏိအရိုးဂိုဏ်းက ကြာရှည်ခံနိုင်မယ် မထင်ဘူး”
သံမဏိအရိုးဂိုဏ်းသည် ပွဲခြောက်ဆယ် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တစ်ပွဲလောက် ရှုံးလျှင်လည်း အရေးမကြီးချေ ။
သို့သော်ငြား ခုခံကာကွယ်နေသည့် ထျန်းချီသည် အရှုံးဆိုသည်ကို လက်မခံနိုင်ချေ။
ဂိုဏ်းချုပ် နှင့် ဂိုဏ်းသူဂိုဏ်းသားများ၏ မျက်စိရှေ့တွင် သူသည် နိုင်ပွဲကို ရယူချင်သေးသည်။
ဘုန်း …။
ရန်ဟွေ့သည် ကောင်းကင်လက်သီး သုံးဆယ့်ခြောက်ကွက်ကို ထုတ်ဖော်ပြီး ထျန်းချီအား တိုက်ခိုက်ရေး တည်နေရာ၏ သတ်မှတ်စည်း အစပ်ဆီ တွန်းပို့လိုက်သည်။ ပြီးနောက် လိုက်လံတိုက်ခိုက်ပြန်၏။
ဝှစ် ..။
ထျန်းချီသည် တိမ်ခြေလှမ်းအား အသုံးပြု၍ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ အန္တရာယ်ရှိသော နေရာဆီမှ မြန်မြန်ခွာလိုက်သည်။
“ချီးတဲ့မှ ….” ရန်ဟွေ့သည် အသာနောက်မှ လိုက်လံ၍ တိုက်ခိုက်ပြန်သည်။ သူ၏ မျက်လုံးထဲရှိ ဒေါသတရားများသည် ပိုမို၍ များပြားလာတော့၏။
သူ၏ အားအင်သည် တစ်ဖက်လူထက် ပိုသည်။ ထို့အပြင် အကွက်ပေါင်းတစ်ရာလောက် တစ်ဖက်သတ် ဖိနှိပ် တိုက်ခိုက်နိုင်ခဲ့သော်လည်း တစ်ဖက်လူအား အနိုင်ယူဖို့ မပြောနှင့် လဲကျအောင်တောင် မပြူလုပ်နိုင်သေးချေ။ ထိုအရာသည် စိတ်တိုစရာပင် ဖြစ်တော့သည်။
ဘုန်း …။
ထျန်ချီသည် နောက်ထပ် ရောက်ရှိလာသော တိုက်ခိုက်ချက်များအား ခံယူလိုက်သည်။ တိုက်ခိုက်ရေး တည်နေရာထဲတွင် သူ ရှိနေသေးသည် ဆိုသော်လည်း သွေးမအန်မိအောင် မနည်းကြိုးစားနေရ၏။
“ငါ .. ငါရှုံးလို့မဖြစ်ဘူး။”
“ဒီသံမဏိအရိုးဂိုဏ်းသား မရှုံးရင် ငါ ချေးသွားစားလိုက်မယ်။”
“စကတည်းက ခံစစ်ပဲ ဆော့နေရတာ။ တစ်ချက်ကလေးတောင် ပြန်မတိုက်နိုင်သေးဘူး။ ဒါမှ မရှုံးရင်လည်း …”
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် ဝေဖန်လေကန်နေကြသည်။
လက်ရှိမြင်ကွင်းသည် သူတို့ မြင်ချင်နေသော မြင်ကွင်းပင် ဖြစ်တော့သည်။ သံမဏိအရိုးဂိုဏ်းတပည့်သည် အောက်စည်းမှ ခံနေရသည် မဟုတ်လား။
“မဟာမိတ်ခေါင်းဆောင်ချင် … သံမဏိအရိုးဂိုဏ်း ဒီတစ်ခါတော့ ရှုံးပြီ မဟုတ်လား။” တော်ဝင်အနီဂိုဏ်းမှ ခေါင်းဆောင်သည် စိတ်ဝင်တစားနှင့် အစပျိုး မေးမြန်းလိုက်၏။
နတ်စမ်းချောင်းဂိုဏ်းတပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားကြသည်။ ထို့ကြောင့် သူသည် ဧကန်အမှန် သေချာသလို မပြောရဲချေ။ ထို့ကြောင့်ပင် မဟာမိတ်ခေါင်းဆောင်ချင် အား အဖော်စပ် မေးမြန်လိုက်ခြင်း ဖြစ်သည်။
ချင်ဟောင်ရန်သည် ထူးမခြားနားသလို ပြောလိုက်သည် “ဒီလောက် ရိုက်ခံနေရတာ နိုင်သွားရင်တော့ အနောက်ဘက်က နေထွက်တာပဲ ဖြစ်မယ်”
ရှန်းတုံ နှင့် တခြားသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် မနေနိုင်ဘဲ ထရယ်လိုက်ကြသည်။
နတ်စမ်းချောင်းဂိုဏ်းသည် ပွဲပေါင်းများစွာ ရှုံးနိမ့်ခဲ့သည်။ တစ်ပွဲလောက် နိုင်လျှင်ပင် အကျိုးထူးမည် မဟုတ်ချေ။ သို့ပေမဲ့ ရယ်မောလိုက်ရခြင်းသည် သူတို့၏ စိတ်ကို အာသာပြေစေသည် မဟုတ်လား။
………
ဘုန်း …….။
ဘုန်း…….။
ရန်ဟွေ့နှင့် ထျန်းချီ တို့သည် ဆယ်မိနစ်ကြာအောင် ဆက်လက် တိုက်ခိုက်နေကြသည်။ ထိုမြင်ကွင်းသည် တစ်ယောက်မှာ အဆက်မပြတ် တိုက်ခိုက်နေခြင်းဖြစ်ပြီးတစ်ယောက်မှာတော့ အသည်းအသန် ကာကွယ်နေရသည့် မြင်ကွင်းပင် ဖြစ်တော့သည်။ စကတည်းက နည်းနည်းလေးမှ မပြောင်းလဲချေ။
သို့ပေမဲ့ …
ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် အလွန်အမင်း အံ့အားသင့်မိနေကြသည်။
သံမဏိအရိုးဂိုဏ်းတပည့်သည် ယခုထိ မလဲပြိုသေးချေ။ ကောင်းကောင်းရိုက်နှက်ခံရခြင်းမှ မတ်မတ်ရပ်နေဆဲပင်။
သို့ပေမဲ့ ဝိညာဉ်စွမ်းအင်တွေကို ထုတ်ဖော်ကာ ကာကွယ်နေရသည်မို့ ဆက်လက်၍ အချိန်ကြာနေမည် ဆိုပါက အားကုန်ကာ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားမှာသေချာ၏။
သို့ပေမဲ့ ကြည့်ရှုနေကြသူများသည် တစ်ခုသော ကိစ္စကို သတိမပြုမိကြချေ။
ခုခံကာကွယ်နေရသူ၏ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းမှုကိုသာ သူတို့တွက်ချက်မိနေကြခြင်း ဖြစ်ပြီး အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်ကို ထုတ်ဖော်နေသည့် တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကုန်ခမ်းနိုင်မှုကို မတွေးတောမိကြပေ။
ရန်ဟွေ့သည် ထပ်ခါထပ်ခါ တိုက်ခိုက်နေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ဒန်ထျန်ထဲတွင် ကုန်ဆုံးလာလေသည်။
“ထျန်းချီ ပြန်ပြီးတိုက်ခိုက်ဖို့ အချိန်ရောက်ပြီ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
သေချာသည်။
ထျန်းချီသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုအားအင် လျော့ကျလာကြောင်း ခံစာမိသည်။ ထို့ကြောင့် တိမ်ခြေလှမ်းကို အသုံးပြု၍ ရံဖန်ရံခါ ပြန်လည် တန်ပြန် တိုက်ခိုက်မှုကို ပြုလုပ်လာသည်။
တစ်ဖက်လူ အားကုန်တာ သေချာပြီဆိုသည်နှင့် သူသည် အားကုန်ထုတ်၍ ပြန်လည် တိုက်ခိုက်တော့၏။
ဝှစ် ….. ဝှစ် ..။
ဘယ်လက်မှ ပေါက်ကွဲလက်သီး ၊ ညာလက်မှ တောင်ဖြိုလက်ဝါး ကို အသုံးပြုပြီး တိမ်ခြေလှမ်းနှင့် တွဲဖက်ကာ ရူးရူးမူးမူး ပြန်လည် တိုက်ခိုက်တော့သည်။
စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သော ရန်ဟွေ့သည် မည်သို့မှမတတ်နိုင်တော့ဘဲ ခုခံရသည့် အလှည့်သို့ရောက်ရှိသွားတော့၏။
သို့ပေမဲ့ …
သူ၏ ခန္ဓာကိုယ်အားအင်သည် ထျန်းချီကဲ့သို့ မာကျောနိုင်ပါမည်လော။
အဖြေမှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် အားကောင်းလှသည့် လက်သီးချက် အနည်းငယ်ကို ခံယူပြီးနောက်တွင် အနောက်သို့ လန်ထွက်သွား၏။
သူသည် မူလက တစ်ဖက်လူအား ဖိနှိပ်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ယခု သူက ဖိနှိပ်တိုက်ခိုက်ခံရသူ ဖြစ်လို့နေ၏။ တိုက်ပွဲအခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ငါ ရှုံးလို့မဖြစ်ဘူး။ ငါ နိုင်ရမယ်”
ထျန်းချီ၏ ဦးခေါင်းထဲတွင်တော့ ထိုအတွေးသာလျှင် ရှိနေသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များအား အစွမ်းကုန် ထုတ်ဖော်ကာ ဆက်လက် တိုက်ခိုက်နေတော့သည်။
လက်ရှိအချိန်တွင် သူ့အားကြည့်ရသည်မှာ ရူးသွပ်သွားသူ တစ်ယောက်လိုပင် ဖြစ်နေလေ၏။
စိတ်ဝိညာဉ်စွမ်းအင်များ အလုံးစုံ ကုန်ဆုံးပြီး ခန္ဓာကိုယ်တွင်း ပြင်းထန်သည့် နာကျင်မှုကို ခံစားလာချိန်သို့ ရောက်ချိန်မှာတော့ ထျန်းချီသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး အသက်ကို အငမ်းမရ ရှုနေမိသည်။
ရန်ဟွေ့မှာတော့ မြေပေါ်တွင် လဲကာ မေ့မျောနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ညိုမဲလျက် ရှိပြီး မျက်နှာပေါ်တွင်လည်း လက်သီးရာများ က အထင်အရှား ရှိနေလေ၏။
“စီနီယာအစ်ကိုထျန်း .. နိုင်ပြီ” လျှိုဝမ်ရှစ် အော်လိုက်သည်။
သံမဏိအရိုးဂိုဏ်းသားများသည် အားရပါးရ အောင်ပွဲ ခံလိုက်ကြ၏။
သူတို့သည် ပုံမှန်အားဖြင့် အောင်ပွဲခံနေကျဖြစ်သည်။ သို့ပေမဲ့ အရင်တိုက်ပွဲများတွင် စီနီယာအစ်ကိုများသည် ၎င်းတို့၏ ပြိုင်ဘက်များအား လွယ်လွယ်ကူကူ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခု စီနီယာထျန်းချီ တစ်ယောက် ခက်ခက်ခဲခဲ အောင်ပွဲ ရခဲ့သည်ကို မြင်တော့ အရင်ကထက် နှစ်ဆ၊ သုံးဆ ပိုမို အော်ဟစ် အားပေးကြတော့သည်။
သူ၏ ရောင်းရင်း စီနီယာ၊ ဂျုနီယာများ၏ အားပေးသံကို ကြားတော့ ထျန်းချီ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်လာ၏။
သူသည် နာကျင်မှုကို သည်းခံ၊ အားပြတ်နေသော ခန္ဓာကိုယ်ကြီးအား ထိန်းချုပ်ပြီး တိုက်ခိုက်ရေး တည်နေရာဆီမှ လှမ်းထွက်လိုက်သည်။
တိုက်ခိုက်ရေး တည်နေရာနှင့် ဂိုဏ်းသားများ ရပ်နေရာ နေရာသည် မီတာ အနည်းငယ်သာ ကွာဝေးသည် ဆိုပေမဲ့ ထျန်းချီသည် အလွန်တရာ ဝေးကွာသော သဲကန္တာရ ထဲ ဖြတ်လျှောက်နေရသလို ပင်ပန်းမှုကို ခံစားနေရ၏။ သူသည် ကျွင်းချောင်ရှောင်း ရှေ့သို့ လျှောက်သွားလိုက်ပြီး “ဂိုဏ်းချုပ် .. တပည့် အားလုံးကို စိတ်ပျက်ရအောင် မလုပ်ခဲ့ပါဘူး”
သူ ပြောပြီးပြီးချင်းမှာပဲ စိတ်ကို လျော့လိုက်ရာ မြေပေါ်သို့ လဲကျသွားတော့သည်။
“ဂျုနီယာညီလေး”
စုရှောင်မိုသည် အစောဆုံး ဆွဲဖမ်းလိုက်သူ ဖြစ်သည်။
ထျန်းချီသည် မေ့လဲမသွားခင် အားယူ၍ ပြောလိုက်သေး၏ “ကျွန်တော် .. ကျွန်တော်နိုင်ပြီ”
“မင်းနိုင်တယ်”
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “ဒါကို လူတိုင်းမြင်တာပဲ”
ထျန်းချီသည် တိုက်ခိုက်ရေး တည်နေရာထဲမှ ထွက်လာပြီး သူ၏ ဂိုဏ်းသားများ ရှိရာသို့ ရောက်ချိန်တွင် မေ့လဲသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းချီသည် သရေ ရလဒ်မဟုတ်ဘဲ အနိုင်ရလဒ်ကို ယူဆောင်နိုင်သူ ဖြစ်ခဲ့သည်။
ထို့အပြင် တိုက်ခိုက်ရေးတည်နေရာထဲမှ အပြင်ဘက်သို့ လျှောက်ထွက်ပြီး သံမဏိလို မာကျောလှသည့် စိတ်အခံကို ပြသခဲ့သေးသည်။ အနိုင်မခံ၊ အရှုံးမပေးသည့် သင်္ကေတသည် သံမဏိအရိုးဂိုဏ်းသားများ ပိုင်ဆိုင်သော အရာပင် ဖြစ်တော့၏။