အခန်း (၂၉၁)
Vol. 20 Ch. 291
ထျန်းချီသည် ရန်ဟွေ့ အား ခက်ခက်ခဲခဲဖြင့် အနိုင်ယူခဲ့၏။
သူသည် ဂိုဏ်း၏တောက်လျှောက်နိုင်နေသော အစဉ်အလာကို ဆက်လက်ထိန်းထားရုံသာမက အတွင်းစည်း တပည့်များထဲ အဆင့်အနိမ့်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်အား တိုက်ခိုက်အနိုင်ယူနိုင်စွမ်း ရှိသည်ဟူသော အားအင်အဆင့်ကို သက်သေပြခဲ့သည်။
သို့ပေမဲ့ သူပေးဆပ်လိုက်ရသည့် တန်ဖိုးမှာ မေ့မျောသွားခဲ့ခြင်းဖြစ်၏။
အဘယ့်ကြောင့် မေ့မျောသွားရသနည်းဆိုသော် သူသည် အစောပိုင်းအဆင့်တုန်းက ခက်ခက်ခဲခဲ ခုခံ၍ ရိုက်နှက်ခံခဲ့ရသောကြောင့်ပင် ဖြစ်၏။ သူသည် နောက်ပိုင်းမှသာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထျန်းချီသည်သာလျှင် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သည်ဆိုပါက ရန်ဟွေ့အား ဤမျှ ခက်ခက်ခဲခဲ တိုက်ခိုက်စရာ မလိုပေ။
စီနီယာအစ်ကို၏အောင်ပွဲသည် သံမဏိအရိုးဂိုဏ်းတပည့်များအား ပို၍ ဂုဏ်ယူဝင့်ကြွားသွားစေ၏။
ထျန်းချီ၏တိုက်ပွဲ အလှည့်အပြောင်း ဖြစ်သွားခြင်းသည် တစ်ခြားသောဂိုဏ်းများအား တိတ်ဆိတ် ငြိမ်သက်သွားစေခဲ့သည်။
အဆင့်လေးသိုင်းဆရာ ကျင့်ကြံသူတစ်ယောက်သည် အဆင့်ခုနစ် သိုင်းဆရာ ကျင့်ကြံသူအား အနိုင်ရရှိခဲ့၏။
ဤကိစ္စသည် ကံတရားကြောင့် မဖြစ်နိုင်ပေ။ အားအင်ကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းသည် အမှန်ပင် အားကောင်းလှ၏။
လက်ရှိအချိန်တွင်တော့ အဆင့်ခုနစ်ဂိုဏ်းတစ်ခုအား မည်သူမှ သံသယမရှိတော့ချေ။
အဘယ့်ကြောင့်ဆိုသော် နတ်စမ်းချောင်းဂိုဏ်းမှ တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ကြပြီးဖြစ်ပြီး သံမဏိအရိုးဂိုဏ်းသည် သူတို့၏အားအင်အဆင့်အား အလုပ်နှင့် သက်သေပြလျက်ရှိနေသောကြောင့်ပင်။
သူတို့သည် အစောပိုင်းတုန်းက သံမဏိအရိုးဂိုဏ်းအနေနှင့် ပွဲစဉ်တစ်ပွဲလောက်ပင် နိုင်ပါ့မည်လားဟု စဉ်းစားခဲ့မိကြသေး၏။ သို့ပေမဲ့ အလှည့်အပြောင်းမှာ ပြောင်းပြန်ပင် ဖြစ်နေ၏။ နတ်စမ်းချောင်းဂိုဏ်းသည် ပွဲစဉ်တစ်ပွဲကိုမှ အနိုင်မရရှိခဲ့သေးပေ။
ချင်ဟောင်ရန်နှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့က ခေါင်းဆောင်များအတွက်ကတော့ ထည့်ပြောစရာပင် မလိုအပ်တော့ချေ။ သူတို့၏ လှောင်ပြောင်မည့်ပါးစပ်များသည် တစ်ချက်လေးမှ မဟနိုင်တော့ချေ။
ဂိုဏ်းချုပ်ကျွင်းသည် ထိုသူတို့အားကြည့်၍ ထူးမခြားနားသလို ပြောလိုက်သည်။
"ကျုပ်တပည့်က ထပ်ပြီးနိုင်သွားပြန်ပြီ။ဒီတော့ အပြင်ဘက် အိမ်သာဆီကိုသာ သွားကြတော့။"
အဘယ့်ကြောင့် သူသည် အိမ်သာဆီသို့ သွားခိုင်းရသနည်း။
ချေးသွားစားစေရန်ဖြစ်သည်။
ပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား ဂရုမစိုက်တော့ချေ။ အဲအစား အကြီးအကဲကျင်းအားကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ နတ်စမ်းချောင်းဂိုဏ်းက ထပ်ပြီးရှုံးပြန်ပြီ။ဆက်ပြီး တိုက်ခိုက်ချင်သေးလား။"
"တိုက်ခိုက်မယ်။"
အကြီးအကဲကျင်းသည် အလွန်အမင်း ဒေါသထွက်နေ၏။
သူသည် အဆင့်ငါးဂိုဏ်းတစ်ခု၏ အကြီးအကဲဆိုသည့် ဟိတ်ဟန်အား ဆက်လက်၍ မထိန်းထားနိုင်တော့ချေ။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိသည်။
"လီဖေး"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "သွားတိုက်တော့။"
"ကောင်းပါပြီ။"
လီဖေးသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ အသာလျှောက်ထွက်သွား၏။
ပြီးနောက် သူသည် သတိလစ်မေ့မြောနေသော ထျန်းချီဆီသို့ လှည့်ကြည့်ကာ တွေးလိုက်သည်။ "စီနီယာအစ်ကိုထျန်း …. ကျုပ်လီဖေးက ဂိုဏ်းရဲ့နိုင်ပွဲဆက်နေမှုကို ဆက်ပြီးကာကွယ်မယ်။"
နတ်စမ်းချောင်းဂိုဏ်းသည် အဆင့်ခုနစ် သိုင်းဆရာတစ်ယောက်အား ထပ်မံ၍ ပို့လွှတ်လိုက်သည်။ ထိုသူသည်လည်း တိုက်ရိုက်တပည့်ပင်ဖြစ်၏။
နာမည်မှာတော့ အထူးပြောစရာပင် မလိုအပ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲစသည်ဆိုသည်နှင့် လီဖေးသည် အမြန်ဆုံးသော နှုန်းထားဖြင့် ထိုသူအား ပတ်၍ ပြေးနေသည်။
"မြန်လိုက်တာ။နတ်စမ်းချောင်းဂိုဏ်းရဲ့တပည့်က လိုက်လို့တောင်မမှီဘူး။"
"အခြေအနေကိုကြည့်ရတာ မကောင်းတော့ဘူးနဲ့တူတယ်။"
အားလုံးသည် နတ်စမ်းချောင်းဂိုဏ်းတပည့်အတွက် ပူပန်နေမိကြ၏။
ဤအရာသည် စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲခြင်းသာဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသည် အမှန်တကယ် အားကောင်းလှကြောင်း အားလုံး၏စိတ်ထဲတွင် ကမ္ဗည်းရေးထိုးထားသလို ဖြစ်နေကြပြီ ဖြစ်သည်။
"ဘုန်း … ဘုန်း"
ခဏလောက် ဝိုင်းပတ်ပြေးပြီးသည့်နောက်မှာတော့ လီဖေးသည် ပြိုင်ဘက်၏ အနောက်ဘက်တွင် ပေါ်လာ၏။ သူ၏ညာရွှေခြေထောက်အား အသာမြှောက်၍ ရန်သူ၏လည်ပင်းဆီသို နှစ်ချက်တိတိ ဖြတ်ကန်လိုက်၏။
"ဖောင်း …. ဖောင်း"
ထိုတပည့်သည် ဘေးတစ်ဖက်သို့ လွင့်စင်သွားသည်။
ထိုအတောအတွင်း လီဖေးသည် ထိုသူ၏ ရှေ့၌ ထပ်မံပေါ်လာပြီး ခြေဖျားကိုထောက်ကာ လေထဲသို့ ခုန်တက်လိုက်၏။ "သံမဏိအရိုးဂိုဏ်း …. အရိပ်မဲ့ကန်ချက်"
"ဘန်း ဘန်း ဘန်း"
"ဖူးး"
ဆက်တိုက်တိုက်ခိုက်မှု၏ အောက်မှာတော့ ထိုတပည့်သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏အပြင်ဘက်သို့ လွင့်စင်ပြီး ပြုတ်ကျသွားတော့သည်။
ထိုသူသည် မျက်လုံးတွေချာချာလည်လျက် သွေးတွေအန်ထွက်လာ၏။
"...."
ကြည့်ရှုနေကြသော အားလုံးတို့၏ နှုတ်ခမ်းထောင့်များ သည် တဆတ်ဆတ်နှင့် တုန်ရင်နေကြသည်။
နတ်စမ်းချောင်းဂိုဏ်း၏တပည့်သည် လှုပ်ရှားမှုလေးတစ်ခုကိုတောင် မပြုလုပ်လိုက်ရချေ။ ထိုသူသည် သံမဏိအရိုးဂိုဏ်းတပည့်၏ အဝတ်စတစ်ခုကိုပင် ထိအောင် မပြုလုပ်နိုင်ခဲ့ချေ။
"ဒင် …. နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်အား အနိုင်ယူခြင်း အထူးတာဝန် ပြည့်စုံမှုနှုန်း ကိုးဆယ်ရာခိုင်နှုန်း … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်ခြောက်ရာအား ရရှိသည်။"
"ဒင် …. ဂိုဏ်းစုဆောင်းမှတ် - ၂၅၀၅/၂၀၀၀"
ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသည်ဟူသော သတိပေးချက်ကို ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စတိုးဆိုင်အားဖွင့်၍ ဂိုဏ်းစုဆောင်းမှတ်တစ်ထောင်အား အသုံးပြုကာ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်းနှစ်ဆယ်ကို ဝယ်ယူလိုက်၏။
သူသည် သူ့တွင် စုစုပေါင်း ပုလင်းသုံးဆယ် ရှိနေပြီဖြစ်၏။
စိန်ခေါ်ပွဲပြီးလျှင် သူသည် တိုက်ခိုက်ခဲ့ကြသော တပည့်များအတွက် ကျိန်းသေပေါက် ပြန်လည်ဖြန့်ဝေပေးမှာဖြစ်သည်။
"ငါ့အတွက် ဆယ်ရာခိုင်နှုန်းပဲ လိုတော့တယ်။တိုက်ရိုက်တပည့်တွေကို ဆက်ပြီးတော့ စိန်ခေါ်မှဖြစ်မယ်။"
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ "အကြီးအကဲကျင်း ဆက်ပြီးတိုက်ခိုက်အုံးမှာလား။"
"တိုက်ခိုက်မယ်။" အကြီးအကဲကျင်းသည် အံကိုကြိတ်ကာပြောလိုက်၏။
လက်ရှိအချိန်မှာတော့ သူသည် ရှိရှိသမျှ အရာအားလုံးကိုအော၍ လောင်းကြေးထပ်ထားရသော လောင်းကစားသမား တစ်ယောက်နှင့်ပင် ဆင်တူလျက်ရှိသည်။ ထို့ကြောင့် သူ၏စိတ်များအားလုံးသည် ဆောက်တည်ရာမရ ဖြစ်မိနေသည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မတိုက်ခိုက်ရသေးတဲ့တပည့် ကျုပ်ဆီမှာ လေးယောက်ရှိသေးတယ်။ နောက်ထပ် လေးပွဲပဲ တိုက်ခိုက်မယ်။ဘယ်လိုလဲ။"
"ကောင်းတာပေါ့။" အကြီးအကဲကျင်းပြောလိုက်သည်။
ပြောပြီးသည့်နောက်မှာတော့ သူသည် လက်ကိုရမ်းခါလိုက်၏။
အရပ်ရှည်ရှည်နှင့် အလွန်အမင်း အားကောင်းပုံပေါ်သော တပည့်တစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လာသည်။
ထိုသူသည် အဆင့်ခုနစ် သိုင်းဆရာအဆင့် ဖြစ်သည်ဆိုသော်လည်း အရင်နှစ်ယောက်ထပ် ပိုမို၍ အားကောင်းလှသည်မှာ ထင်ရှားနေ၏။
"ရှောင်မို …. သွားပြီးတော့ တိုက်ခိုက်။"
"ကောင်းပါပြီ။"
စုရှောင်မိုသည် သတိမေ့နေသော ထျန်းချီအား ရှောင်ကျီဆီသို့ လွှဲပြောင်းပေးပြီး သူ၏လက်များကို ရမ်းခါကာ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ အသာလှမ်းလျှောက်လာ၏။
ပြီးနောက် သူ၏နာမည်ကို ကြေညာပြီးသည့်နောက် တိုက်ပွဲအား စတင်တော့သည်။
"ဘုန်း"
စုရှောင်မိုသည် တိမ်ခြေလှမ်းအား အသုံးပြု၍ အရပ်ရှည်ရှည်နှင့် နတ်စမ်းချောင်းဂိုဏ်းမှ တပည့်အား ဝိုင်းပတ်ကာ ပြေးနေ၏။
ပြီးနောက် သူသည် ထိုတပည့်၏ အသက်သွေးကြောနေရာများအား ဆက်တိုက်တိုက်ခိုက်နေသည်။
အံ့အားသင့်စရာ ကောင်းလှအောင်ပဲ တစ်ဖက်လူ၏ အရေပြားသည် အလွန်တရာ မာကြော၏။
သို့ပေမဲ့ အလွန်အမင်း ပြင်းထန်လှသော ကန်ချက်များကို ခံယူပြီးသည့်နောက်မှာတော့ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
စုရှောင်မိုသည် အသာလက်ခုပ်တီး၍ ပြောလိုက်သည်။ "ခက်တောင်မခက်ခဲဘူး။"
"..." ကြည့်ရှုနေသူများအားလုံးသည် မေ့လဲတော့မလိုပင် ဖြစ်မိနေကြ၏။
သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ နတ်စမ်းချောင်းဂိုဏ်းမှ တိုက်ရိုက်တပည့်များအား ကလေးကစားသလိုပင် နှိပ်စက်ကျီစယ်ကလူလျက်ရှိသည်။
နောက်တစ်ပွဲ လီချင်းယန်တိုက်ခိုက်တော့သည်။
သူသည် ဘက်စုံပြည့်စုံပြီး အကြင်နာတရားရှိသည့် လူတစ်ယောက်ဖြစ်သည်မို ချင်းလင်းဖန်နှင့် တိုက်ခိုက်လျှင်တောင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်ဆိုသော်လည်း သူ၏ပြိုင်ဘက်အား မိနစ်အနည်းငယ်ကြာအောင် အချိန်ယူ တိုက်ခိုက်ပြိးမှ အနိုင်ယူခဲ့၏။
"ဒင် …..နတ်စမ်းချောင်းဂိုဏ်းမှ တိုက်ရိုက်တပည့်အား အနိုင်ယူခြင်း - ၅/၅"
"ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေသည့်အတွက် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် တစ်ရာရာခိုင်နှုန်းသို ရောက်ရှိသွားသည်။"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်နှစ်ရာအား ရရှိခဲ့သည်။"
"ဒင် ….. ဂိုဏ်းစုဆောင်းမှတ် - ၁၇၀၅/၂၀၀၀"
"ထူးဆန်းလိုက်တာ"
ကျွင်းချောင်ရှောင်း နဝေတိမ်တောင် ဖြစ်မိနေပြီး တာဝန်သုံးခုကို ပြည့်စုံပြီးသည့်နောက်မှာတော့ ဂိုဏ်းတာဝန် ပြည့်စုံမှုနှုန်းသည် တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ သို့ပေမဲ့ အဘယ့်ကြောင့် အထူးတာဝန်သည် မပြည့်စုံရသေးသနည်း။
"ဂိုဏ်းချုပ်ကျွင်း"
စဉ်းစားနေတုန်းမှာပဲ အကြီးအကဲကျင်းသည် မျက်နှာပျက်ယွင်းစွာနှင့် ပြောလိုက်၏။
"ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါအုန်း။ကျုပ်တို့နတ်စမ်းချောင်းဂိုဏ်း တိုက်ရိုက်တပည့်နှစ်ယောက်က တံခါးပိတ်ကျင့်ကြံနေတယ်။သူတို့ကို သွားခေါ်ဖို့ တစ်ယောက်ကို လွှတ်ထားတယ်။"
“ကောင်းပြီ” ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
"တံခါးပိတ်ကျင့်ကြံနေတဲ့ တပည့်နှစ်ယောက်က ဂူချောင်ကျူးနဲ့ ကျန်းဖေးဖိုင်တို့ မဟုတ်လား။"
"နတ်စမ်းချောင်းဂိုဏ်းက စုစုပေါင်း တိုက်ရိုက်တပည့် ခုနစ်ယောက်ရှိတယ်။ငါးယောက်က တိုက်ခိုက်ပြီးပြီဆိုတော့ အဲနှစ်ယောက်ပဲ ဖြစ်ရမယ်။"
"အဲနှစ်ယောက်က နတ်စမ်းချောင်းဂိုဏ်းရဲ့ အဓိကတပည့်တွေပဲ။တစ်ယောက်က သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီးတော့ အခြားတစ်ယောက်ကတော့ ရှားပါးလှတဲ့ ဓားကျင့်ကြံသူတစ်ယောက် သူတို့ရဲ့ အားအင်အဆင့်က သာမန်ထက် ပိုလွန်းတယ်။"
အားလုံးသည် တီးတိုးဆွေးနွေးမိနေကြ၏။
"သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင် နဲ့ ဓားကျင့်ကြံသူဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဒါကနည်းနည်းတော့ကြမ်းတယ်။"
"ဂိုဏ်းချုပ်"
လုချင်းချင်းပြောလိုက်၏။ "သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်နဲ့လူကို ကျွန်မအတွက် ထားထားပါ။"
ကျိုးဟုန်ပြောလိုက်၏။ "ဂိုဏ်းချုပ် အဲဓားကျင့်ကြံသူဆိုတဲ့လူကို ဒီတပည့်က တိုက်ခိုက်အနိုင်ယူနိုင်မယ်လို့ ထင်တယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
သူသည် ဤတပည့်နှစ်ယောက်နှင့် ပတ်သက်၍ အလုံးစုံ ယုံကြည်ချက်ရှိနေ၏။
ထို့အပြင် တစ်ယောက်သည် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူဖြစ်နေပြီး အခြားတစ်ယောက်မှလည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေသည်မဟုတ်လော။
မကြာခင်အတွင်းမှာပဲ နတ်စမ်းချောင်းဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်နှစ်ယောက်တို့သည် အတွင်းခြံဝန်းအတွင်းမှ လျှောက်လှမ်း၍ ထွက်လာသည်။
နှစ်ယောက်ထဲမှ တစ်ယောက်သည် အလွန်အမင်း ပျင်းရိနေသည့်ပုံစံပေါ်ပြီး အသွင်အပြင်မျိုးနှင့် ပတ်သက်၍ တစ်ချက်လေးမှ ဂရုမစိုက်သည့် ဟန်ပန်မျိုးလည်း ရှိနေ၏။
အခြားတစ်ယောက်မှာတော့ ထက်ရှလှသည့် မျက်ခုံးများကို ပိုင်ဆိုင်ပြီး တောက်ပသည့် မျက်လုံးများ နှင့် အတူ အေးစက်သည့် အမူအရာများ ရှိနေသည်။
သူတို့၏ ကိုယ်နေဟန်ထားကို ကြည့်လိုက်သည်နှင့် ဘယ်ဘက်ခြမ်းမှ တစ်ယောက်သည် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ဂူချောင်ကျူးဖြစ်ပြီး ညာဘက်ခြမ်းမှ တစ်ယောက်မှာတော့ ဓားကျင့်ကြံသူ ကျန်းဖေးဖိုင် ဖြစ်သည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိရှိလိုက်သည်။
"နတ်စမ်းချောင်းဂိုဏ်းမှာ တကယ့်ကို ပျိုးထောင်လိုကောင်းတဲ့ မျိုးစေ့တွေရှိနေတာပဲ။"
ချင်းလင်းဖန် အပါအဝင် ဤနှစ်ယောက်သည်သာ သူ၏သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်မည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်ပေါ်သို့ ပျံတက်သည့် နဂါးများအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
"အင်း…."
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။ "နတ်စမ်းချောင်းဂိုဏ်းမှာ ဒီလိုပါရမီရှင်တွေရှိနေတာ ဖြုန်းတီးတာနဲ့အတူတူပဲ။"
"အကြီးအကဲ"
ဂူချောင်ကျူး သည် အသာလမ်းလျှောက်လာပြီး အိပ်ချင်နေသည့် အမူအရာဖြင့် ပြောလိုက်၏။ "ဒီသံမဏိအရိုးဂိုဏ်းက ကျုပ်တို့ကို လာပြီး စိန်ခေါ်တာလား။ကျုပ်တို့ကို ခေါ်ထုတ်ဖို့ သူတို့က တောင်းဆိုတယ် ဟုတ်လား။"
အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားကြ၏။ သူတို့၏ဂိုဏ်းသည် ပွဲခုနစ်ဆယ်တိတိ ရှုံးနိမ့်ပြီးသည်ဆိုသည်ကို ထိုလူငယ်သည် သိရှိသေးပုံမပေါ်ပေ။
ကျန်းဖေဖိုင် သည် မည်သည့်စကားကိုမှ မဆိုပေ။
သူ၏အကြည့်များသည် မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျိုးဟုန်ဆီသို့ ရောက်ရှိနေ၏။
သူ၏မျက်ဝန်းနက်များထဲတွင် တိုက်ခိုက်လိုစိတ်များသည် တဟုန်းဟုန်းနှင့် တောက်လျက်ရှိသည်။
"အကြီးအကဲ"
သူ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်သွားပြီးပြောလိုက်သည်။ "ကျွန်တော်အရင်ဆုံး တိုက်ခိုက်မယ်။"
"ဂိုဏ်းချုပ် …. ကျုပ်လည်းတိုက်ခိုက်ချင်တယ်။"
ကျွင်းချောင်ရှောင်းပြန်၍ မဖြေရသေးခင်မှာ ကျိုးဟုန်သည် အပြင်ဘက်ဆီသို့ လျှောက်ထွက်သွားတော့သည်။
သူတို့နှစ်ယောက်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အလယ်ဗဟိုတွင် မတ်မတ်ရပ်လျက်ရှိနေကြ၏။
ပြီးနောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ချက်ချင်းဆိုသလိုပဲ သူတို့၏ ပတ်ပတ်လည်တွင် အလွန်ထက်ရှလှသော ဓားအော်ရာများဖြစ်ပေါ်လာ၏။
"ဒါ …. ဒါက ဓားဆန္ဒပဲ။"
"သံမဏိအရိုးဂိုဏ်းမှာလည်း ဓားကျင့်ကြံသူတစ်ယောက် ရှိတယ် ဟုတ်လား။"
အားလုံးသည် မျက်လုံးပြူးသွားကြ၏။
အရင်တုန်းက ဓားမေ့ာကို ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်ခဲ့သေး၏။ ယခု ဓားကျင့်ကြံသူတစ်ယောက်လည်း ရှိနေပေသေးသည်။
သံမဏိအရိုးဂိုဏ်းတွင် အမျိုးအစားစုံသော ကျင့်ကြံသူများ ရှိလို့နေပုံပေါ်သည်။
"သံမဏိအရိုးဂိုဏ်းတပည့် - ကျိုးဟုန်"
"နတ်စမ်းချောင်းဂိုဏ်းတပည့် - ကျန်းဖေးဖိုင်"
ဓားကျင့်ကြံသူနှစ်ယောက်တို့သည် သူတို့၏နာမည်များကို ထုတ်ဖော်ပြောဆိုပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးတွင် ဓားဆန္ဒများ ဖုံးလွှမ်းသွားသည်။
သူတို့နှင့် အနီးအနားတွင်ရှိသော ကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားကြ၏။