← Chapters

အခန်း (၂၉၂)

Vol. 20 Ch. 292

အခန်း (၂၉၂)

Vol. 20 Ch. 292

ကျိုးဟုန်နှင့် ကျန်းဖေးဖိုင်တို့သည် မီတာအနည်းငယ်သာ ကွာဝေးသည့်နေရာတွင် ရပ်လျက်ရှိကြသည်။

သူတို့ ထုတ်လွတ်လိုက်သော ဓားဆန္ဒများသည် စတင်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြ၏။

ထိုဓားအော်ရာများသည် တစ်ခြားသူများအားလုံးကို ထိပ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ပင် ဆုတ်ခွာသွားစေသည်။

ဓားကျင့်ကြံသူများသည် အမှန်တကယ်ပင် အားကောင်းလှပြီး တစ်ခြားသော ကျင့်ကြံသူများနှင့်မတူ ခြားနားလှ၏။

များပြားလှသော ကျင့်ကြံသူများသည် ထိုသူ နှစ်ယောက်ကို ကြည့်၍ မနာလိုပင် ဖြစ်မိနေကြသည်။

ဓားများမှာ အသုံးများလှသော လက်နက်များဖြစ်၏။ သို့ပေမဲ့ ဓားနှင့် လူတစ်သားတည်းဖြစ်ဖို့ဆိုသည်မှာ လွယ်ကူလှသည့် အရာတော့ မဟုတ်ပေ။

ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှပြီး လူတိုင်းသည် ဓားကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ပေ။

စနစ်၏ ပံ့ပိုးမှုကို အလုံးစုံရရှိနေသော ဂိုဏ်းချုပ်ကျွင်းပင်လျှင် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ပါရမီကို မပိုင်ဆိုင်ပေ။

သိုင်းအင်ပါယာအဆင့်မှ မွေးဖွားလာသော ရီရှင်းချန်တောင်မှ လင်းကျန် ဓားကျင့်ခြင်းကို ကျင့်ကြံနိုင်သည် ဆိုသော်လည်း သာမန်သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်၏။ သူသည် ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

"စမယ်။" ဒိုင်လူကြီးသည် အော်ဟစ်လိုက်၏။

ကျိုးဟုန်နှင့် ကျန်းဖေးဖိုင် တို့သည် တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်လျက်ရှိနေကြသည်။

အချိန်အတော်ကြာပြီးသည့်နောက် သူတို့နှစ်ယောက်သည် ခြေဆယ်လှမ်းခန့်ဆုတ်ခွာ၍ လုံလောက်သည့် တည်နေရာတစ်ခုတွင် မတ်မတ်ရပ်လိုက်ကြ၏။

သူတို့သည် သူတို့၏ အော်ရာနှင့် စိတ်ဝိညာဉ်စွမ်းအင်များကိုအသုံးမချရသေးချေ။ တည်ငြိမ်စွာဖြင့် တစ်‌ယောက်ကိုတစ်ယောက် ကြည့်မိနေကြသည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆက်ဆက် တုန်ရင်သွားသည်။

"လာပြီ"

သူသည် ကျိုးဟုန်အား ဂိုဏ်းထဲသို့ ဝင်ရောက်ရန် လက်ခံခဲ့တုန်းက ထိုသို့ ဖြစ်လာမည်ဟု ကြိုတင်တွေးထားမိပြီးဖြစ်သည်။

ဓားကျင့်ကြံသူများသည် တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်မည်ဆိုလျှင် အလွန်အမင်း ပျင်းစရာကောင်းသည့် မြင်ကွင်းမျိုး ဖြစ်လာမည်ဟု သူ မျှော်လင့်ထားခဲ့သည်။ ယခု သူ မျှော်လင့်ထားသည့် အတိုင်းပင် တထပ်တည်း ဖြစ်နေ၏။

"မင်းရဲ့ဓားကို ထုတ်လိုက်။" ကျိုးဟုန် ပြောလိုက်သည်။

ကျန်းဖေးဖိုင် ကလည်း ပြောလိုက်သည်။ "ငါ့ရဲ့ဓားက သိုင်းကွက်ထုတ်ပြီဆိုမှ ဓားအိမ်အပြင်ဘက်ကို ထွက်တာ။ မင်းအရင်တိုက်။"

"ငါက တိုက်ပြီဆိုမှ ဓားကို ထုတ်တာ။"

"ဒါဆို ငါအရင်တိုက်ရမှာလား။"

"ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါက တစ်ခြားသူတစ်ယောက်ကို အရင်တိုက်ခွင့်ပေးထားတယ်။"

"ဘာကြောင့်လဲ။"

"ဘာကြောင့်လဲဆိုတော့ တစ်ခြားသူရဲ့ အားအင်အဆင့်ကို ငါမသိဘူးလေ။ စပြီးတိုက်ပြီဆိုမှ အခြေအနေကို ကြည့်ပြီး ငါတိုက်ရမှာပေါ့...."

အားလုံးသော လူတို့၏ နှုတ်ခမ်းများသည် တုန်ရင်လျက်ရှိကြသည်။

မင်းတို့နှစ်ယောက် ဆက်ပြီးတိုက်မှာလား။ဒါမှမဟုတ် ရပ်ပြီး စကားပြောမှာလား။ငါတို့အားလုံး ကြည့်ရတာ ပျင်းတောင်လာပြီ။

ကျိုးဟုန် ပြောလိုက်၏။ "သူတို့က ငါတို့ကို ဖြစ်နိုင်ရင် မြန်မြန်ဆန်ဆန် တိုက်ခိုက်စေချင်တယ်။

ကျန်းဖေးဖိုင် ပြောလိုက်သည်။ "ငါတို့ကြားမှာ ပြောခဲ့တဲ့စကားကို ဒီလူတွေ နားမလည်ပါဘူး။"

ကျွင်းချောင်ရှောင်းသည် မည်သို့မှ သည်းမခံနိုင်တော့ပေ။ ဖြစ်နိုင်မည်ဆိုလျှင် သူ နှစ်ယောက်လုံးအား ထ၍ ပိတ်ကန်ချင်စိတ်ပင် ပေါက်နေမိ၏။

ချလွမ်

ကျိုးဟုန်သည် နောက်ဆုံးမှာတော့ သူ၏ ဓားအား ဓားအိမ်ထဲမှ ထုတ်ယူကာ ပြောလိုက်သည်။ "ဓားသမားတစ်ယောက်က လောကကြီးမှာ အထီးကျန်ဆုံးလူတစ်ယောက်ပဲ။ဒါကို တစ်လောကလုံးက နားမလည်ကြဘူး။"

"ဒါကို ငါ သဘောတူတယ်။" ကျန်းဖေးဖိုင် ပြောလိုက်သည်။

ကျိုးဟုန်သည် သူ၏ဓားအား လက်တစ်ဖက်နှင့် ကိုင်ဆောင်ကာ ပြောလိုက်သည်။ "ငါ တိုက်ခိုက်တော့မယ်။”

“ကျေးဇူးပြုပြီး …… တိုက်ပါ။" ကျန်းဖေးဖိုင် ပြောလိုက်သည်။

ဝှစ် …. ဝှစ် ဆွစ်။

ကျိုးဟုန်သည် ခြေတစ်လှမ်းတက်၍ သူ၏ ဓားရှည်ဖြင့် ပိုင်းခုတ်လိုက်တော့သည်။

"မြန်လိုက်တာ။"

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် အလန့်တကြားဖြင့် ‌ထအော်လိုက်မိကြ၏။

သူတို့သည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ဆိုသော်လည်း ကျိုးဟုန်သည် ဓားချက်မည်မျှကို ထုတ်ဖော်လိုက်သည်ဆိုသည်ကို သူတို့ သေချာမမြင်လိုက်ရချေ။

ကျန်းဖေးဖိုင် သည်လည်း ထိုအရာကို သတိပြုမိသွားသောကြောင့် ထိပ်လန့်တုန်လှုပ် မိသွားသည်။ ထိုသူသည် အမှန်တကယ်ပဲ အသက်တစ်ရှိုက်စာအတွင်းမှာ ဓားချက်ခြောက်ဆယ်စာကို ထုတ်ဖော်ခဲ့၏။

ထိုသူ၏ ဓားမြန်ချက်သည် သူ့ထက် သုံးဆယ်ပိုမို များပြားနေသည်။ ဤအရာသည် ကျိန်းသေပေါက် နက်နဲလှသော ဓားနည်းစနစ်တစ်ခုကိုအသုံးပြုခဲ့တာပင် ဖြစ်ရမည်။

ချလွမ်။

တွေးတောနေစဉ်မှာပဲ ကျန်းဖေးဖိုင် သည် လက်ကို ယမ်းခါလိုက်တော့ လက်ထဲတွင် တစ်မီတာလောက်ရှည်သော ဓားတစ်စင်းပေါ်လာသည်။

ပြီးနောက် သူသည် လေထုထဲတွင် ဓားချီများကို ထုတ်ဖော်ကာ ထောင့်ဖြတ်ခုတ်ပိုင်းလိုက်တော့သည်။

ဒင် …. ဒင် …. ဒင်။

ဓားချီနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ ကျယ်လောင်လှသော အသံများ ဖြစ်ပေါ်လာသည်။ ဓားချီ ချင်း ထိခိုက်သည့် အသံများသည် လှပသည့် တေးဂီတသံတစ်ခုလို တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

ဓားချီများ တိုက်ခိုက်နေစဉ်အတွင်းမှာပဲ သူတို့နှစ်ယောက်သည် တူညီသည့်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေကြ၏။

ကျိုးဟုန် ပြောလိုက်သည်။ "မင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ။"

ကျန်းလင်းဖန်သည် နာနာကျင်ကျင် ပြုံးကာ ပြောလိုက်သည်။

"မင်းမှာက ဓားချီတွေ အများကြီး ရှိတာပဲ။ငါ့မှာ အဲ့လောက်မရှိဘူး။"

ကျိုးဟုန်သည် သူ၏ လက်ကောက်ဝတ်ကို လှည့်ကာပြောလိုက်သည်။ “ကျက်သရေ ဓားကွက်”

ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ဓားအလင်းတန်းများသည် ဖြတ်သန်းသွားတော့သည်။ ထောင့်ဖြတ် ဖြတ်ဝင်လာသော ဓားချီများသည် ကျန်းဖေးဖိုင်အား တိုက်ခိုက်လိုက်တော့၏

ထိုဓားကွက်သည် ပထမအကြိမ် သေမင်းတောင်ကြားထဲတွင် သူ တိုက်ခိုက်ခဲ့သော ဓားချက်ထက် ပိုမို၍ အားကောင်းနေ၏။

လီချင်းယန်နှင့် တစ်ခြားသောသူများသည် ပိုမို သန်မာလာကြသလို တစ်ချိန်လုံး ဓားအား နားလည်ရန် ကြိုးပမ်းနေသော ကျိုးဟုန်သည်လည်း ကျန်ရစ်မနေခဲ့ပေ။ အလွန်တိုးတက်လာသည်ဟု ဆိုရမည်။

ဝှစ်။

ဝင်ရောက်လာသော ဓားချီများကို တိုက်ခိုက်ပြီးနောက် ကျန်းဖေးဖိုင်သည် သူ၏ ဓားအား လက်နှစ်ဖက်နှင့် ကိုင်ဆောင်၍ အပေါ်မှ အောက်ဆီသို့ ပိုင်းဖြတ်ကာ အော်လိုက်သည်။

ဟူး ဟူး။

ချက်ချင်းဆိုသလိုပဲ သူ၏ အနားပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီး အနားပတ်ဝန်းကျင်ရှိ သစ်ရွက်များအားလုံးသည် အပိုင်းပိုင်း ဖြစ်သွားတော့၏။

ကျန်းလင်းဖန်သည် အသာ မျက်မှောင်ကုတ်၍ သူ၏ ဓားအား ဓားအိမ်ထဲသို့ ထည့်သွင်းကာ ပြောလိုက်တော့သည်။ "မင်းနိုင်တယ်။"

ဟမ်။

အားလုံးပဲ ဆွံ့အသွားကြသည်။

အခြေအနေကို ကြည့်ရသည်မှာ မည်သူကမှ မည်သူ့ကို အသာမရသေးချေ။ အဘယ့်ကြောင့် နတ်စမ်းချောင်းဂိုဏ်းမှ တပည့်သည် အရှုံးပေးခဲ့ရသနည်း။

အဘယ့်ကြောင့်နည်းဆိုသည်ကို ရီရှင်းချန်သည်သာလျှင် နားလည်၏။

ကျိုးဟုန် ထုတ်ဖော်လိုက်သော ဓားသိုင်းသည် လင်းကျန်ဓားသိုင်း၏ ဒုတိယဓားကွက်ပင် ဖြစ်သည်။

သူသည်လည်း လင်းကျန် ဓားသိုင်းကို လေ့ကျင့်ခဲ့သူဖြစ်၏။

သို့ပေမဲ့ ကျိုးဟုန်သည် တစ်နှစ်မပြည့်ခင် အတောအတွင်းမှာပဲ လင်းကျန်ဓားသိုင်း၏ ဒုတိယအကွက်ကို နားလည်နေပြီဖြစ်သည်။

ခရမ်။

ကျိုးဟုန်သည် သူ၏ဓားအား ဓားအိမ်ထဲသို့ ထည့်ကာ ပြောလိုက်သည်။ "အနိုင်ပေးလိုက်တဲ့အတွက် ကျေးဇူးပါပဲ။"

သူသည် ကျန်းဖေးဖိုင် နှင့် ကောင်းကောင်း ဆက်လက်တိုက်ခိုက်ချင်နေသေး၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် သူသည် သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြု၍ တိုက်ခိုက်နေရခြင်းဖြစ်၏။ နိုင်လျှင် အဆင်ပြေလေပြီ။

ကျန်းဖေးဖိုင် သည် သူ၏ ဓားအား သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ ပြောလိုက်သည်။ "အနာဂတ်မှာ အခွင့်အရေးရမယ်ဆိုရင် သံမဏိအရိုးဂိုဏ်းဆီကိုလာပြီး ဓားကွက်တွေရဲ့အရသာကို ကောင်းကောင်းကြီး ခံစားလိုက်အုံးမယ်။"

"အမြဲတမ်းကြိုဆိုနေပါတယ်။" ကျိုးဟုန် ပြောလိုက်သည်။

"..."

အားလုံးသည် မေ့လဲတော့မလိုပင် ဖြစ်မိနေကြသည်။

ထိုနှစ်ယောက်သည် ပေါက်တတ်ကရစကားများကို ပြောဆိုနေကြပြီး တကယ်တမ်း တိုက်ခိုက်ချိန်သည် တစ်မိနစ်တောင် မကြာခဲ့ပေ။

ဤအရာသည် ဓားကျင့်ကြံသူများ၏ တိုက်ပွဲဟုပင်ဆိုရမည်။

ထိုသို့သော အချိန်ခဏလေးအတွင်းတွင် သေခြင်း ရှင်ခြင်းဟူသော အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်၏။ ထို့ကြောင့် သူတို့အနေနှင့် ဆက်လက်တိုက်ခိုက်ရန် မလိုတော့ပေ။

ကျိုးဟုန်သည် ဓားဆန္ဒအားဖြင့် ကျမ်းဖေးဖိုင် ထက် အလွန်ပိုပြီး အားကောင်း၏။

သူသည် လင်းကျန်ဓားသိုင်း၏ ဒုတိယဓားကွက်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ တစ်ဖက်လူသည်သာ ‌မရှောင်ရှားနိုင်ပါက တစ်ခါတည်း ဓားချက်အောက်မှာ သေဆုံးသွားမှာဖြစ်သည်။

ယခုသည် သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးလည်း မဟုတ်ပေ။ ထို့ကြောင့် အသက်သေဆုံးခံ၍ မည်သူမှ တိုက်ခိုက်ချင်စိတ်ရှိမည် မဟုတ်ချေ။

ဓားကျင့်ကြံသူတို့၏ တိုက်ပွဲ ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ထပ်မံအနိုင်ယူနိုင်ခဲ့၏။

နတ်စမ်းချောင်းဂိုဏ်းသည် အလွန်အမင်း ထိခိုက်နေပြီဖြစ်၏။

သူတို့သည် နောက်ထပ်တစ်ပွဲကို ထပ်မံတိုက်ခိုက်ခဲ့သည်။

"ချောင်ကျူး။"

အကြီးအကဲကျိုးသည် နာကျင်နေသည့်အသံဖြင့် ပြောလိုက်သည်။

"‌ဒါက နောက်ဆုံးတိုက်ပွဲပဲ ၊ ငါတို့ နိုင်မှ ဖြစ်မယ်။"

"ရတယ် … ရတယ်။"

ဂူချောင်ကျူး သည် သူ၏ ဦးခေါင်းအား တစ်ဗြင်းဗြင်းနှင့် ကုတ်ကာ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဖြည်းညင်းစွာဖြင့် လျှောက်သွားလိုက်သည်။

"ချင်းချင်း … သွား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လုချင်းချင်းသည် သူမဝတ်ဆင်ထားသော လက်ကောက်အား အသာထိ၍ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ထွက်သွားတော့သည်။

"ဒါက နောက်ဆုံးတိုက်ပွဲလည်း ဖြစ်တယ်။သံမဏိအရိုးဂိုဏ်းက တကယ်ပဲ အမျိုးသမီးတစ်ယောက်ကို စေလွှတ်ခဲ့တာလား။”

“သူတို့က ပွဲတွေအများကြီး နိုင်ပြီးသွားပြီလေ။ဒါ့ကြောင့် နတ်စမ်းချောင်းဂိုဏ်းကို မလေးစားသလို ပြုမူတာ ဖြစ်ဖို့များတယ်။”

ကျုပ်အထင်အရဆိုလျှင် အဆင့်ငါးဂိုဏ်းက ဒီတစ်ကြိမ်တော့ လွယ်လွယ်ကူကူနဲ့ အနိုင်ရသင့်နေပြီ။ပြီးတော့ သူတို့က ခုနစ်ဆယ့်တစ်ပွဲတောင် ရှုံးပြီးသွားပြီလေ။"

အားလုံးသည် တီးတိုး ပြောဆိုနေကြသည်။

"………"

ဂူချောင်ကျူး သည် ဆွံ့အသွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက ခုနစ်ဆယ့်တစ်ပွဲတောင် နိုင်ပြီးသွားပြီမဟုတ်လား။"

သူ၏ ဂိုဏ်းသားများ၏ အမူအရာတွေသည် ဆိုးရွားနေသည်မှာ အံ့အားသင့်စရာမလိုပေ။

အနည်းငယ်ပြောင်ချော်ချော်ဖြစ်လျက်ရှိသော ဂူချောင်ကျူး သည် ချက်ချင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်အား ခပ်မတ်မတ်ဖြစ်အောင် ပြင်ဆင်လိုက်၏။

သူ၏ အကြည့်များသည် လေးနက်သွား၏။ သူသည် မတူညီသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

"မိန်းကလေး။"

သူသည် လေးလေးနက်နက် ပြောလိုက်သည်။ "မင်းက မိန်းကလေးတစ်ယောက်ဆိုပေမဲ့ ငါက မင်းကို ဂိုဏ်းအောင်မြင်မှုအတွက် လွယ်လွယ်ကူကူ ဖြစ်စေမှာ မဟုတ်ဘူး။"

လုချင်းချင်းသည် အသာရပ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“သံမဏိအရိုးဂိုဏ်း တပည့် လုချင်းချင်း။”

“နတ်စမ်းချောင်းဂိုဏ်းတပည့် ဂူချောင်ကျူး”

နှစ်ယောက်သားမိတ်ဆက်ပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးသည် အော်ဟစ်လိုက်တော့သည်။

"စမယ်။"

ရွှီ …. ရွှီ။

ချက်ချင်းဆိုသလိုပဲ လုချင်းချင်း၏ ခန္ဓာကိုယ်မှ အလွန်အေးစက်သော လေများ ထွက်ပေါ်လာတော့သည်။ မြေပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ အေးခဲသွား၏။

ချီးထဲမှ။

ရှောင်ကျုး သည် တုန်လှုပ်သွား၏။ "အအေးဓာတ်သဘာဝ သိုင်းကျင့်ကြံသူလား။"

"ရေခဲကိုးလွှာ စည်းလက်ဝါး။"

လုချင်းချင်းသည် သူမ၏ ရေခဲလက်‌ကောက် ဝတ်ဆင်ထား‌သော ညာလက်ကို အသာမြှောက်လိုက်၏။

ပိုမိုအားကောင်းလှသော အအေးဓာတ်များသည် ဖြစ်ပေါ်လာတော့သည်။

"ဝိုး …. မဟုတ်ဘူး။"

ဂူချောင်ကျူး ၏ အမူအယာသည် ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွားသည်။

သူသည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ အေးစက်လှသည့် လေများကြားမှာ သူ၏ လှုပ်ရှားမှုများသည် နှေးကွေးသွား၏။

နောက်ဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးခဲသွားတော့သည်။

"ငါ …. "

သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လူသည် မည်သည့်စကားကိုမှ မပြောနိုင်တော့ဘဲ ရေခဲရုပ်ကြီးတစ်ခုကဲ့သို့ အေးခဲလျက်ရှိနေသည်။

ဝှစ်။

လုချင်းချင်းသည် သူမ၏ အင်္ကျီလက်အား အသာခါယမ်းလိုက်တော့ များပြားလှဂေူချောင်ကျူး အား မြေပေါ်သို့ အသာတွန်းလှဲလိုက်သလို ဖြစ်သွားသည်။

ဂူချောင်ကျူး သည် တိုက်ခိုက်ရေးတည်နေရာဆီမှ အပြင်ဘက်ဆီသို့ ရောက်သွားတော့၏။

"ဒါ"

အားလုံးသည် အံ့အားသင့်မိသွား၏။

အသက်ရှုရှိက်စာအတွင်းမှာပဲ ဂူချောင်ကျူးသည် ရေခဲ‌စည်းခတ်ခြင်းဆီမှ လွတ်မြောက်သွားတော့သည်။ သူသည် တုန်ရီစွာနှင့် အသာ လက်ပိုက်ထားလိုက်ပြီး နှာပင်ချေနေသည်။ သူ၏ နှာခေါင်းထဲတွင်တော့ နှာချေးများပင် ထွက်လျက်ရှိသည်။

"အကြီးအကဲကျင်း"

ကျွင်းချောင်းရှောင်းသည် နောက်သို့ အသာဆုတ်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ကျုပ်တပည့်က ထပ်ပြီး နိုင်သွားပြန်ပြီ။"

All Chapters