← Chapters

အခန်း (၂၉၃)

Vol. 20 Ch. 293

အခန်း (၂၉၃)

Vol. 20 Ch. 293

နောက်ဆုံးပွဲသည် အလွန်အမင်း ကြမ်းတမ်းခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့၏။

သို့ပေမဲ့ တိုက်ပွဲစသည်ဆိုသည်နှင့် ဂူချောင်ကျူးသည် တိုက်ခိုက်ရေး တည်နေရာထဲမှ ထွက်ပြေးသွားသည့် အမူအရာမျိုး ဖြင့် ရေခဲထဲတွင် စည်းခတ်ခံလိုက်ရသည်။

ထိုအရာသည် အားလုံးကို ထိပ်လန့်တုန်လှုပ်မိစေ၏။

"ဒီလိုပဲ ပြီးဆုံးသွားတာလား။"

အမှန်ပင် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

သူတော်စင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ဂူချောင်ကျူး သည် စပြီဟူ၍ အော်လိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲအား ရှုံးနိမ့်သွားခဲ့သည်။

သူ၏ အခြေအနေသည် တိုင်လုထက်ပင် ပို၍ ဆိုးရွားနေ၏။

ထို့အပြင် သူသည် နတ်စမ်းချောင်းဂိုဏ်းမှ အားအကောင်းဆုံးတပည့်လည်းဖြစ်၏။

သူသည် ဂရုမပြုမိခဲ့ချေ။ လုချင်းချင်းသည် ရေခဲဓာတ်စင် ကျင့်ကြံသူတစ်ယောက်ဖြစ်နေမည်ဟု ဂူချောင်ကျူး မထင်မှတ်ခဲ့ချေ။ ထို့ကြောင့်ပင် ရေခဲများကြား၌ စည်းခတ်ခံလိုက်ရခြင်းဖြစ်သည်။

ရီရှင်းချန်သည် မျက်မှောင်အသာကုတ်ကာဖြင့် တွေးလိုက်သည်။ "ဒီမိန်းကလေးရဲ့ ရေခဲဓာတ်စင် ထိန်းချုပ်မှု နည်းစနစ်က ပြည့်စုံတဲ့အဆင့်ကိုတောင် ရောက်ခါနီးနေပြီ။"

သူသည်လည်း ဂူချောင်ကျုးအား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်ဆိုသော်လည်း ဤမျှလောက်တော့ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဤစီနီယာအစ်မသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ အဘယ်သို့သော ရေခဲဓာတ်စင်နည်းစနစ်မျိုးကို သူမကျင့်ကြံခဲ့သနည်း။ အဘယ့်ကြောင့် သူမသည် ဤမျှ အားကောင်းရသနည်း။

"အကြီအကဲကျင်း"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်တပည့် ထပ်ပြီးနိုင်သွားတဲ့အတွက် အားနာပါတယ်။"

ဟူး။

အကြီးအကဲကျင်းသည် မည်သို့မှ မခံစားနိုင်တော့သည့်ဟန်ဖြင့် သွေးတစ်လုပ် အန်ထုတ်လိုက်တော့သည်။

အားလုံး၏ မျက်နှာပေါ်မှ ကြွက်သားများသည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိသည်။

နတ်စမ်းချောင်းဂိုဏ်းသည် ခုနစ်ဆယ့်နှစ်ပွဲ တိုက်ခိုက်ခဲ့ပြီး အကုန်ရှုံးနိမ့်ခဲ့၏။ အကြီးအကဲကျင်း၏ နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော နာကျင်မှုအား သူတို့ နားလည်နိုင်ပေသည်။ သူတို့၏ ဂိုဏ်းများသာ သံမဏိအရိုးဂိုဏ်းနှင့် တိုက်ခိုက်မည်ဆိုပါက သူတို့သည် သွေးအန်ရုံသာမက လက်ရှိအချိန်တွင် သတိတောင်လစ်နေလောက်ပြီဖြစ်၏။

ဟင်း။

ယနေ့မှာတော့ နတ်စမ်းချောင်းဂိုဏ်းသည် အလုံးစုံ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ပျော်ရွှင်မိနေ၏။

လုချင်းချင်းသည် ဂူချောင်ကျူး အား အနိုင်ယူပြီးသည့်နောက်မှာတော့ တတိယမြောက်အထူးတာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်ပြီး တာဝန်ပြည့်စုံမှုနှုန်းသည်လည်း ၁၂၀ထိရောက်ရှိကာ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀အထိ လက်ခံရရှိခဲ့၏။

တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် သူသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်းနှင့် အတွေအကြုံအမှတ်များကိုလည်း ရရှိခဲ့၏။

"ထူးဆန်းလိုက်တာ ဘာလို့ ငါက အဆင့်မတက်သေးတာလဲ။"

ကျွင်းချောင်ရှောင်းသည် ထိုအရာကို စဉ်းစားနေတုန်းမှာပဲ သူ့ခန္ဓာကိုယ်တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပြင်းပြင်းထန်ထန်နှင့် စတင်လည်ပတ်လာသည်ကို ခံစားမိလိုက်၏။

ပြီးနောက် ချီလေပွေသည် ‌ပြင်းပြင်းထန်ထန်လှုပ်ရှားလာပြီး သလင်းအမြုတေတစ်ခုကဲ့သို့ စတင်၍ ဖြစ်တည်လာတော့သည်။

"ဒါ ဘာကြီးလဲ။"

သူ အလွန်အမင်း အံ့အားသင့်မိသွား၏။

စနစ်မှ ပြောလိုက်သည်။ "ဒါက သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားရင် ရရှိနိုင်တဲ့ စိတ်ဝိညာဉ်အမြုတေ။ဒါက ချီလေပွေကို အဆင့်မြှင့်တင်ထားတဲ့အရာလို့လည်း ဆိုနိုင်တယ်။စိတ်ဝိညာဉ် စွမ်းအင်တွေကို ပိုပြီးတော့ သိုလှောင်နိုင်တယ်။ပြီးတော့ ပိုမိုအားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်။"

"ငါသိပြီ။" ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။

ဟူး ဟူး

ထိုအချိန်မှာပဲ အလွန်သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် စိတ်ဝိညာဉ်အမြုတေထဲမှ ထွက်ပေါ်လာပြီး တည်နေရာ၏ ဘေးနားတွင် ဖြေးဖြေးချင်းလှည့်ပတ်နေကာ နောက်ထပ်ချီလေပွေတစ်ခု ဖြစ်တည်လာသည်။

"ဒါ ဘာဖြစ်တာလဲ။"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးတာတောင်မှ ချီလေပွေတစ်ခု ဖြစ်တည်လာတယ် ဟုတ်လား။"

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သဘာဝအတိုင်း ဖြစ်ပျက်နေသည့် လောက နိယာမများအရ ဆိုလျှင် သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ခန္ဓာကိုယ်ထဲတွင် ချီလေပွေ နှစ်ခု သို့မဟုတ် သုံးခု ထိုထက်များပြားသောအရာများကို ဖွင့်လှစ်နိုင်၏။

သို့ပေမဲ့ သိုင်းစစ်သူကြီးအဆင့်အောက်သို့ ချိုးဖြတ်ရောက်ရှိပြီးနောက်တွင် ချီလေပွေ ဘယ်နှစ်ခု ဖြစ်ပါစေ တစ်ခုတည်းသို့ ပေါင်းစပ်၍ စိတ်ဝိညာဉ်အမြုတေအဖြစ် ပြောင်းလဲသွားတတ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ စိတ်ဝိညာဉ်အမြူတေ ကို ဖွဲ့စည်းနိုင်ခဲ့ရုံမက ချီလေပွေတစ်ခုကိုပါ ဖန်တီးနိုင်ခဲ့သေး၏။ ထိုသို့ ဖြစ်ရပ်မျိုးသည် ကုန်းမြေတိုက်ကြီးတွင် မရှိခဲ့သေးချေ။

စနစ်သည်လည်း အနည်းငယ် ဆွံ့အလျက်ရှိ၏။

ဟူး … ဟူး။

ထိုအချိန်မှာပဲ စိတ်ဝိညာဉ်အမြူတေ ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအားများသည် စတင်၍ အသက်ဝင်လာသည်။ ပြီးနောက် သန့်စင်လာသည်။

သူ၏အားအင်များသည် တစ်ဖြည်းဖြည်းနှင့် တိုးတက်လာကြောင်း ကျွင်းချောင်ရှောင်း နားလည်မိ၏။

သူ၏အားအင်အဆင့်သည် တစ်သိန်းခွဲဂျင် …. နှစ်သိန်း ….. နှစ်သိန်းခွဲဂျင် စသဖြင့် တိုးတက်လျက်ရှိသည်။

အချိန်ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ထိုတိုးတက်မှုသည် ရပ်တန့်သွား၏။

စနစ်မှ ပြောလိုက်သည်။ "သိုင်းဆရာအဆင့်ကနေ သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားတဲ့နောက်မှာ လက်ခံသူရဲ့မူရင်းအားအင်က နှစ်ဆပိုပြီး တိုးသွားတယ်။ပြီးတော့ နောက်ထပ်ချီလေပွေတစ်ခု ထပ်မံရရှိတာကြောင့် လက်ရှိအားအင်အဆင့်က ဂျင်သုံးသိန်းအထိ ရောက်ရှိသွားပြီ။"

"ဂျင်သုံးသိန်းဟုတ်လား။"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။

သူသည် အရင်တုန်းက ဂျင်သုံးသိန်းဟူသော အားကို ထုတ်ဖော်ခဲ့၏။ သို့ပေမဲ့ ထိုအရာသည် အားအင်တိုးတက်ခြင်းအဆောင်ကြောင့် ဖြစ်၏။

အခုချိန်မှာတော့ သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီဆိုသည်နှင့် သူ၏ အားအင်အဆင့်သည် အလွန်အမင်း အားကောင်းလှသည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စနစ်မှ ပြောလိုက်သည်။

“သာမန်သိုင်းစစ်သူကြီးတစ်ယောက်ရဲ့ အားအင်က ဂျင်တစ်သိန်းလောက်ပဲ ရှိတယ်။ဒါပေမဲ့ လက်ခံသူက သာမန်ပထမအဆင့် သိုင်းစစ်သူကြီးသုံးယောက်ကို ရိုက်နှက်နိုင်တဲ့အထိ အားအင်မျိုး ရှိနေတယ်။”

"အထူးအဆင့်လို့ သတ်မှတ်ခံရတဲ့ သိုင်းစစ်သူကြီးတစ်‌ယောက်ရဲ့အားအင်က ဘယ်လောက်ရှိလဲ။"

စနစ်သည် တွက်ချက်ကာ ပြောလိုက်သည်။ "အဲလို သိုင်းစစ်သူကြီးတစ်ယောက်ရဲ့ အားအင်က ဂျင်နှစ်သိန်းခွဲရှိတယ်။လက်ခံသူရဲ့ လက်ရှိအားအင်က အဲ့ဒီကျင့်ကြံသူထက် ငါးသောင်းတောင်ပိုတယ်။"

"ငါးသောင်းတည်း ဟုတ်လား။ဒါက ဟာသတစ်ခုပဲ။"

စနစ်ပြောနေသော သိုင်းစစ်သူကြီးပထမအဆင့်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းပါရမီရှင်များကို ရည်ညွှန်းခြင်းပင်ဖြစ်၏။

"သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးတဲ့နောက်မှာ လက်ခံသူရဲ့ အားအင်က တကယ့်ထိပ်တန်းပါရမီရှင်တွေထက် ငါးသောင်းပိုပြီး အားကောင်းတယ်။ဒါက အထူးပါရမီရှင်လို့တောင် သတ်မှတ်နိုင်တယ် မဟုတ်ဘူးလား။"

"အထူး …. အထူးသော ပါရမီရှင် ဟုတ်လား။ဒါက နားထောင်လို့တော့ ကောင်းသားပဲ။"

“ဒင် ….လက်ခံသူသည် သိုင်းစစ်သူကြီး ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်။”

သတိပေးသံကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ သွေးများသည် ပွက်ပွက်ဆူသွား၏။ ပြီးတော့ သူသည် အထူးတာဝန်ကို ပြည့်သုံသည့်အချိန်တိုင်း သူ၏ ကျင့်ကြံခြင်းသည် တိုးတက်သွားသည်ကို သိရှိပြီးဖြစ်၏။

သို့ပေမဲ့ ခဏကြာစောင့်စားပြီးသည့်နောက်မှာတော့ ထပ်၍ တိုးတက်လာသည့် အရိပ်အယောင်ကို မမြင်ရတော့ချေ။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။

"ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာ ငါက သိုင်းဆရာ ထိပ်ဆုံးအဆင့်ကနေ သိုင်းစစ်သူကြီး ဒုတိယအဆင့်ကိုပဲ ချိုးဖြတ်ရောက်ရှိခဲ့တယ်။"

"အဆင့်တိုးတက်လာတာနဲ့အမျှ အဆင့်တက်ဖို့ဆိုတာ ပိုပြီးခက်ခဲလာတယ်။ လက်ခံသူက သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီလေ။ ပြီးတော့ အဆင့်နှစ်ထိကို ရောက်သွားပြီ ။ဒါကိုတောင် မကျေနပ်သေးဘူးလား။"

စနစ်သည် ဆွံ့အလျက်ရှိ၏။

အမှန်အတိုင်းဆိုရသေးလျှင် သူမကျေနပ်သေးချေ။ မည်သို့ပင် ဆိုစေကာမူ သိုင်းစစ်သူကြီး တတိယအဆင့် သို့မဟုတ် စတုတ္ခအဆင့်လောက်တော့ ရောက်ရှိသွားချင်သည် မဟုတ်လား။

"နေအုံး … အပြင်ဘက်က ဘာလို့ ဒီလောက်ငြိမ်သက်နေတာလဲ။"

ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ သူ၏ သိစိတ်ကို အပြင်လောကဆီသို့ ပြန်လည်ပို့လွတ်လိုက်၏။

ထိုအချိန်မှာတော့ ရှိရှိသမျှသောလူများအားလုံးသည် သူ့အား မျက်လုံးအပြူးသားနှင့် စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။

အနားမှာရှိသော သူ၏ တပည့်များအားလုံးသည်လည်း ဆွံ့အနေကြ၏။

လီချင်းယန် တုန်လှုပ်နေမိ၏။ ပြီးနောက် သူသည် အသံပို့လွှတ်ခြင်း နည်းစနစ်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် အကြီးအကျယ် ထိပ်လန့်တုန်လှုပ်အောင် လုပ်လိုက်တာပဲ။သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ် ရောက်ရှိသွားတာလား။"

ဂိုဏ်းချုပ်ကျွင်း အဆင့်ချိုးဖြတ်ရောက်ရှိချိန်တွင် စိတ်ဝိညာဉ်လှိုင်းများ အလွန်အားကောင်းစွာဖြစ်တည်လာပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင် တစ်ဝက်လောက်အား ဖုံးလွှမ်းသွားခဲ့၏။ ထို့ကြောင့် ရှိရှိသမျှသော လူအားလုံးသည် ထိပ်လန့်တုန်လှုပ်သွားကြခြင်းဖြစ်သည်။

ကောင်းကင်ဘုံ။

သူသည် တပည့်များကို ခေါ်၍ နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ခဲ့သည်။

ဤအတောအတွင်းမှာပဲ သိုင်းစစ်သူကြီးအဆင့်သို့ ချိုးဖြတ် ရောက်ရှိခဲ့သည်။

မည်သည့်အရာတွေ ဖြစ်ပေါ်နေသနည်း။

အွင်း။

ကျွင်းချောင်ရှောင်းသည် ကြောင်အအဖြင့် ရှင်းပြလိုက်သည်။ "ငါက ခုနစ်ဆယ့်နှစ်ပွဲတိတိ အနိုင်ရပြီးတဲ့နောက်မှာတော့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ ငါရဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ပြလိုက်တာလေ။ဒါ့ကြောင့် မင်းတို့အားလုံး စိတ်ထဲမှာမထားနဲ့။"

ထိုစကားကိုကြားတော့ အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားကြ၏။

ဤလူငယ်သည် အမှန်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးလွမ်း၍ သိုင်းဆရာတစ်ယောက်အဖြစ် အထင်မှားစေရန် ဟန်ဆောင်နေခြင်းပင် ဖြစ်ပုံပေါ်သည်။

အားလုံးသည်လည်း ကျွင်းချောင်ရှောင်း၏ လိမ်ခြင်းကို ယုံကြည်လျက်ရှိနေကြသည်။

အဘယ့်ကြောင့်ဆိုသော် ချက်ချင်းဆိုသလိုပဲ သိုင်းဆရာအဆင့်တစ်မှ သိုင်းစစ်သူကြီးအဆင့်နှစ်သို့ ချိုးဖြတ်ရောက်ရှိသွားသည် ဆို‌သည်မှာ မည်သူမှ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

ထို့ကြောင့် သိုင်းစစ်သူကြီး အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်အနေနှင့် သိုင်းဆရာအဆင့်ဟု အထင်မှားစေရန် ဟန်ဆောင်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

အဆင့်ခုနစ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီးအဆင့်တွင် ရှိလို့နေသည်။

ဤအရာသည် အမှန်အကန်ပင် အံ့အားသင့်စရာ ဖြစ်လို့နေ၏။

လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည်လည်း ကြောင်အနေကြသည်။ တို့၏ ဂိုဏ်းချုပ်သည် တစ်ချိန်လုံး သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းပင် ဖြစ်ပေလိမ့်မည်။ အမှန်တကယ်တမ်းတွင်တော့ သူတို့၏ ဂိုဏ်းချုပ်သည် ပါရမီကောင်းလှသော သိုင်းစစ်သူကြီးတစ်ယောက် ဖြစ်လို့နေသည်။

သူတို့သည် တစ်ချိန်လုံး အနားမှာ ရှိနေသည်ဆိုသော်လည်း ထိုအရာကို သတိမပြုမိခဲ့ချေ။

အလွန်တရာညံ့ဖျင်းလှသော တပည့်များပါတကား။

"ငါ့ဆီမှာ အခု ဘယ်လောက်အားအင်ရှိလဲ။"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ‌ပြန်ပြောလိုက်သည်။ "လက်ခံသူရဲ့ လက်ရှိ တိုးတက်မှုအရ ဆိုရင် ဂျင်သုံးသိန်းသုံးသောင်းရှိတယ်။"

"နောက်တစ်ဆင့်ကို တိုးတက်တာတောင်မှ အားအင်အဆင့်က ဂျင်သုံးသောင်းပဲ တိုးတက်လာတာလား။"

"သိုင်းစစ်သူကြီးတွေက အဆင့်တစ်ခုကို တိုးတက်ပြီးတဲ့နောက်မှာ အားအင်အဆင့် ဂျင်တစ်သောင်းကနေ နှစ်သောင်းလောက်ပဲ တိုးတက်တာလေ။လက်ခံသူက ဂျင်သုံးသောင်းတောင် တိုးတက်ပြီးပြီ။ဒါက တော်ရုံကိစ္စမဟုတ်ဘူး။ဒီလောက်နဲ့ ကျေနပ်သင့်နေပြီ။"

ဪ။

ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။

ပြီးနောက် ဒေါသဖြင့် တကိုယ်လုံး တုန်လျက်ရှိသော အကြီးအကဲကျင်းကို ကြည့်ကာ ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ တပည့်တွေအားလုံး တိုက်ခိုက်ပြီးသွားပြီ။ဒါကြောင့် ကျုပ်ကို ထွက်ခွာခွင့်ပြုပါ။"

တာဝန်ပြီးမြောက်သွားပြီဖြစ်သလို သူသည်လည်း အဆင့်တက်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ဆက်နေရန်မလိုအပ်တော့ချေ။

ထို့ကြောင့် ထွက်ခွာဖို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အကြီးအကဲကျင်းသည် သူ၏ ဒေါသများကို ဖိနှိပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း လာတုန်းက ကျုပ်တို့ကို ဒီကိုလာပြီး စိန်ခေါ်တာမို့လား။ အခုတပည့်တွေကိုပဲ တိုက်ခိုက်ခိုင်းပြီး ပြန်သွားမယ်ဆိုတော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။"

"ဘာကို ဆိုလိုတာလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

အကြီးအကဲကျင်းမှ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျွင်းရဲ့ အဆင့်ကလည်း သိုင်းစစ်သူကြီးအဆင့်ပဲလေ။ဒါကြောင့် ဒီအကြီးအကဲက ဂိုဏ်းချုပ်ကျွင်း ဘယ်လောက် အားကောင်းတယ်ဆိုတာကို မျက်မြင်တွေ့ချင်သေးတယ်။"

All Chapters