← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားချင်ခဲ့သည်။ သို့ပေမဲ့ အကြီးအကဲကျင်းသည် သဘောမတူခဲ့ဘဲ တိုက်ခိုက်ရန် အတွက် အဆိုပြုခဲ့သည်။

အဓိက တိုက်ပွဲကြီးသည် ယခုမှ စတင်တော့မည် ဖြစ်သည်။

ချင်ဟောင်ရန်သည် ကြိတ်ကာ ဝမ်းမြောက်မိနေ၏။

ဤအကောင်သည် နတ်စမ်းချောင်းဂိုဏ်းအကြီးအကဲ၏ စိန်ခေါ်မှုကိုပင် လက်ခံရဲနေသည်။ မည်သို့သော လျှို့ဝှက်ချက်မျိုး ရှိနေသနည်း။

အကြီးအကဲကျင်း၏ ရည်ရွယ်ချက်ကလည်း ရိုးရှင်းလှသည်။ ကျွင်းချောင်ရှောင်းအား မသတ်ဖြတ်နိုင်လျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင် ပြုလုပ်နိုင်ပါက သူ၏ အရှက်တရား ပြေပျောက်ပေလိမ့်မည်။

ထို့အပြင် သူသည် သိုင်းစစ်သူကြီး အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ကောင်လေး .. ဆရာကြီးပုံစံ နဲ့ ဟိတ်ဟန်ထုတ်ချင်တာလာ။။

မင်းမှာ သတ္တိရှိရငိ လက်ခံလိုက်စမ်း။

“အကြီးအကဲကျင်း စိန်ခေါ်ပြီ”

“သူ့တပည့်တွေ ခုနှစ်ဆယ့်နှစ်ပွဲ တိတိ ရှုံးပြီးပြီလေ။ ဒါကြောင့် သူ ငြိမ်မခံနိုင်တော့ဘူး ထင်တယ်”

“အကြီးအကဲကျင်းက အဆင့်ရှစ် သိုင်းစစ်သူကြီးတစ်ယောက်လေ။ ဂိုဏ်းချုပ်ကျွင်းရဲ့ အော်ရာတွေကို ကြည့်ရတာ သိုင်းစစ်သူကြီး ဒုတိယအဆင့် တစ်ယောက် ဖြစ်နိုင်တယ်။ ဘယ်လိုလုပ် ပြန်ပြီး တိုက်ခိုက်မှာလဲ”

များပြားလှသော ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းအား ကြည့်လိုက်ကြသည်။

မာယွင်တန်သည် ကျွင်းချောင်ရှောင်းအား ကူညီချင်၏။ သို့ပေမဲ့ မည်သို့ ကယ်တင်ရမည်နည်းကို သူမသိရှိပေ။

“ဘာလဲ”

အကြီးအကဲကျင်း ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း သတ္တိမရှိဘူးလား”

“မဟုတ်ပါဘူး။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်သာ အကြီးအကဲကျွင်းကို နိုင်ခဲ့ရင် ခင်ဗျားတို့ နတ်စမ်းချောင်းဂိုဏ်းက ရစရာမရှိအောင် သိက္ခာတွေ ကျကုန်လိမ့်မယ်။”

အားလုံး “………”

ဒုတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက်သည် ဤမျှ မောက်မာလျက် ရှိနေသည်။

အကြီးအကဲကျင်း ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းကသာ နိုင်မယ်ဆိုရင် အားအင်က သာမာန်ထက် အလွန်ထူးခြားနေလို့ပဲ ဖြစ်ရမယ်။ ကျုပ်က ခင်ဗျားထက် အားနည်းလို့ ရှုံးမှတော့ ဘာသိက္ခာ၊ အရှက်ဆိုတာတွေကို ကြည့်နေရတော့မှာလဲ”

သူ၏ နှလုံးသားထဲတွင်တော့ အကျယ်ကြီး အော်ဟစ်မိနေသည်။ ငါ မင်းကို ရိုက်နှက်ပြီး အားလုံးရှေ့မှ ဂုဏ်သိက္ခာတရားကို ပြန်ယူပြမယ်။

“ခင်ဗျား တကယ် တိုက်ခိုက်ချင်တာလား”

ကျွင်းချောင်ရှောင်း ပခုံးတွန့်ကာ ပြောလိုက်၏ “ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့”

သူ၏ လေသံသည် မခိုးမခန့်နှင့် ဖြစ်သည်။

သူ၏ အနောက်ဘက်တွင် ရှိနေသော မြို့တော်ဝန် ရှဲ့ နှင့် အိုက်မိသားစု ခေါင်းဆောင် တို့၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။

ဂိုဏ်းချုပ်ကျွင်းသည် သိုင်းစစ်သူကြီး ဒုတိယအဆင့် ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်သည်။ အဘယ့်ကြောင့် အကြီးအကဲကျင်းလို သိုင်းစစ်သူကြီး အဆင့်ရှစ်၏ စိန်ခေါ်မှုကို လက်ခံရသနည်း။

“ဟမ့် ..”

လီအာသည် ထူးမခြားနားသလို ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းချုပ်ရဲ့ ဦးနှောက်က ပုံမှန်အလုပ်လုပ်ပုံမပေါ်ဘူး။”

ရှစ်ကျန်းရွှမ် ပြုံးကာ ပြောလိုက်၏ “သံမဏိအရိုးဂိုဏ်းသားတွေက သူ့ရဲ့ လမ်းညွှန်ြ့ပသမှုအောက်မှာ အရမ်းအားကောင်းလာတယ်။ ဒီတော့ ဂိုဏ်းချုပ်ကျွင်းကလည်း ဘယ်လိုမှ အားနည်းမနေနိုင်ဘူး”

“ခန်းမသခင် .. အကြီးအကဲကျွင်းက သိုင်းစစ်သူကြီး အဆင့်ရှစ် မလို့ သူ့ရဲ့ အားအင်အဆင့်က ဂျင် ၃၂၀၀၀၀ အနည်းဆုံးရှိတယ်။”

လီအာ ပြောလိုက်သည် “ကျွင်းချောင်ရှောင်းက အထူးအဆင့် စွမ်းရည်နဲ့ သိုင်းစစ်သူကြီး ဖြစ်တယ်ဆိုရင်တောင်မှ သူ့အားအင် က အများဆုံး ၂၇၀၀၀၀ ဂျင်ရှိရင် ကံကောင်းပဲ”

“ဒါအမှန်ပဲ” ရှစ်ကျန်းရွှမ် ပြောလိုက်သည်။

လီအာ ဆက်ပြောလိုက်၏ “ပြီးတော့ အကြီးအကဲကျင်းက သိုင်းစစ်သူကြီးအဆင့်မှာ အရိုးဆွေးနေပြီ။ သိုင်းနည်းစနစ် တော်တော်များများနဲ့လည်း ရင်းနှီးပြီးသား။ သိုင်းစစ်သူကြီး အဆင့်နှစ် တစ်ယောက်က ဘယ်လိုလုပ် နိုင်မှာလဲ”

“မင်းရဲ့ သုံးသပ်ချက်က ပြောင်မြောက်တယ်”

ရှစ်ကျန်းရ့ွှမ် ပြောလိုက်သည် “ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်းပဲ နိုင်မယ်လို့ ငါထင်နေတယ်။”

လီအာ “……”

ခန်းမသခင် … ဘာဖြစ်နေတာလဲ။

ရှစ်ကျန်းရွှမ် နှင့် မတူညီစွာဘဲ အားလုံးသောသူများသည် ကျွင်ချောင်ရှောင်း ရှုံးနိမ့်မည်ဟု ယုံကြည်နေကြသည်။

သူတို့သည် လီအာ တွက်ချက်သလို ကျွမ်းကျင်အဆင့် သုံးသပ်ချက်မျိုး မပြုလုပ်နိုင်ဘူး ဆိုလျှင်တောင်မှ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကို ကြည့်လျှင် ခန့်မှန်း၍ ရနေပြီဖြစ်၏။

လိုင်လီနတ်ဂိုဏ်းမှ တပည့်တစ်ယောက်က ပြောလိုက်သည် “ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာပဲ”

မုယုံရှင်းသည်မည်သည့်စကားမှမဆိုချေ။ သူမသည် တခြားသူများ၏ တိုက်ပွဲကို အာရုံမရှိဘဲ ရှောင်ကျီ့ ကိုသာ အာရုံစိုက်ထားသည်။

ခဏလောက်ကြာတော့ ….

အားလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးတည်နေရာဆီသို့ လျှောက်ဝင်လိုက်၏။

သူ၏ အနောက်ဘက်ဆီမှ လျှိုဝမ်ရှစ်၏ အော်သံ ထွက်ပေါ်လာသည် “ဂိုဏ်းချုပ် နိုင်ရမယ်။”

“ဂိုဏ်းချုုပ် နိုင်ရမယ်”

သံမဏိအရိုးဂိုဏ်းသားများသည် သံပြိုင်အော်လိုက်ကြသည်။

“ဟိတ်လူ …”

ရီရှင်းချန် တွေးလိုက်သည် “သိုင်းစစ်သူကြီး အဆင့်ရှစ် တစ်ယောက်ကို နိုင်ရင် ဒီအင်ပါယာက ဂိုဏ်းချုပ် အဖြစ် အသိအမှတ်ပြုလိုက်မယ်။”

သိုင်းစစ်သူကြီးအဆင့်တွင် တစ်ဆင့်နှင့် တစ်ဆင့် ကြား ကွာခြားချက်မှာ အလွန်ကြီးမားကြောင်း သူအသိဆုံးဖြစ်သည်။ သိုင်းတပည့်၊ သိုင်းဆရာ အဆင့်များနှင့် မတူညီပေ။ ထို့ကြောင့် အဆင့်ခြောက်ဆင့် ကွာသော သိုင်းစစ်သူကြီးတစ်ယောက်ကို အနိုင်ယူရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။

ထိုသို့ဆိုလျှင်တောင်မှ ရီရှင်းချန်သည် ကျွင်းချောင်ရှောင်း နိုင်မည်ဟု ခံစားမိနေသေး၏။

ထို့အပြင် ဂိုဏ်းချုပ်၏ လက်ထဲတွင် ကောင်းမွန်သည့် ရှားပါးပစ္စည်းများ အလွန်ပေါများစွာ ရှိနေသောကြောင့် ဝှက်ဖဲလို ရတနာပစ္စည်းမျိုးလည်း ရှိနေနိုင်သည်။

လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသူများ၏ စိတ်ထဲတွင်တော့ ထူးခြားရှုပ်ထွေးသော အတွေးများ မရှိချေ။ သူတို့သည် တစ်ချက်ကလေးမှ မတွေးတောဘဲ ဂိုဏ်းချုပ်ကိုသာ အားပေးရပေမည်။ မည်မျှ အားအင်အဆင့် ကွာခြား၊ ကွာခြား သူတို့ ဂရုမစိုက်ချေ။

ကျွင်းချောင်ရှောင်းသည် အသာရပ်တန့်လိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

အလွန်ပင် ခမ်းနားပြီး ဟိတ်ဟန်ကောင်းလှသည်။

အကြီးအကဲကျင်းသည် လျှောက်ဝင်လာပြီး ထူးမခြားနားသလို ပြောလိုက်၏ “နတ်စမ်းချောင်းဂိုဏ်း စီမံအုပ်ချုပ်သူ ကျင်းရှိချန်း”

ဂိုဏ်းချုပ် နှင့် အကြီးအကဲတို့၏ ယှဉ်ပြိုင်တိုက်ခိုက်ပွဲ။

ဂိုဏ်းအဆင့် ကွာခြားသည်မို့ ညီမျှသည့် ပွဲဟု သတ်မှတ်ကြသည်။

“စမယ်” ဒိုင်လူကြီးမှ အော်ဟစ်လိုက်၏။

ဝှစ် …။

အကြီးအကဲကျင်းသည် သူ၏ ညာလက်ကို လှုပ်ရှားလိုက်တော့ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် အားလုံး၏ အကြည့်အောက်မှာပဲ စုဝေးဖြစ်တည်လာတော့သည်။

ထိုအရာသည် သိုင်းစစ်သူကြီး အဆင့်ရှစ် တစ်ယောက်၏ အားအင်ပင်ဖြစ်တော့၏။

ဝှစ် ….။

အကြီးအကဲကျင်းသည် လက်ကို ယမ်းခါလိုက်တော့ စုဝေးလာသော စိတ်ဝိညာဉ်စွမ်းအင်များသည် အမြှောက်ဆံ ကဲ့သို့ ထွက်ခွာသွားတော့သည်။

အားလုံး ထိတ်လန့်မိသွားကြ၏။

ကြည့်ရသည်မှာ သာမာန်တိုက်ခိုက်ချက် တစ်ခု ဆိုသော်လည်း အားအင်အဆင့်သည် ဂျင်သုံးသိန်းနီးပါး ပြင်းထန်နေသည်။

သိုင်းစစ်သူကြီး အထက်ဆင့် တစ်ယောက်၏ အားအင်သည် ချောက်ခြားဖွယ်ရာပင်။

ထိတ်လန့်သွားကြသော ပွဲကြည့်သူတို့သည် ကျွင်းချောင်ရှောင်း မည်သို့ ရှောင်မလဲ သိချင်သောကြောင့် အမြန်ပဲ လှည့်ကြည့်လိုက်ကြ၏။

အမ် ….။

ဒီကောင် မလှုပ်ဘူးလား။

မှန်ပေသည်။ ကျွင်းချောင်ရှောင်း သည် နေရာမှာတင် ရပ်၍ တစ်ချက်ကလေး မှ မလှုပ်သေးချေ။

ကြမ်းတမ်းလှသော လေလှိုင်းအဟုန်သည် သူ့အား ဖုံးလွှမ်းသွားခဲ့သည်။သူသည် ရှေ့သို့ တိုး၍ ညာလက်သီး အား ထိုးလွှတ်လိုက်သည်။

အဆင့်နှစ် သိုင်းစစ်သူကြီး တစ်ယောက်သည် အဆင့်ရှစ် သိုင်းစစ်သူကြီးတစ်ယောက်၏ အားအင်ကို ထိပ်တိုက် ရင်ဆိုင်ရဲလို့နေသည်။ အလွန်တရာ မောက်မာလွန်းချေသည်တကား။

ဘုန်း …။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အကြီးအကဲကျင်း၏ ဂျင်သုံးသိန်းအားအင်ရှိသော စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်ချက်သည် ကျွင်းချောင်ရှောင်း၏ ပေါက်ကွဲလက်သီး နည်းစနစ် အောက်တွင် ပျောက်ကွယ်သွားတော့သည်။

ဒါက …။

အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်သွားကြ၏။

အကြီးအကဲကျင်းသည် အလွန်ပဲ တုန်လှုပ်မိသည်။ သူ တွေးလိုက်မိ၏ “ဒီကောင့်ရဲ့ အားအင်က ဂျင်သုံးသိန်း ရှိနေတာလား”

ဝှစ် ..။

တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည်တိမ်ခြေလှမ်းကို အသုံးပြု၍ အနားသို့ ချဉ်းကပ်လာသည်။ သူသည် ဘယ်လက်ကို မြှောက်၍ စိတ်ဝိညာဉ်စွမ်းအင်များအား ထည့်သွင်းကာ တောင်ဖြိုလက်ဝါးအား အသုံးပြုလိုက်ပြန်သည်။

တိုက်ခိုက်ရေးနည်းစနစ်၏ ထောက်ပံ့ပေးမှုအောက်မှာတော့ သူ၏ အားအင်သည် ဂျင် သုံးသိန်းငါးသောင်းထိ ရောက်ရှိသွားခဲ့၏။

ဘုန်း ….။

အကြီးအကဲကျင်းသည် ညာလက်ကို မြှောက်၍ တာဆီးလိုက်သည်။ သို့ပေမဲ့ သူသည် နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်ခွာသွားရသည်။ သူ၏ မျက်နှာသွင်ပြင်သည် ပျက်ရွင်းသွားသည်။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် လက်သီးတစ်ချက်တည်းနှင့် အကြီးအကဲကျင်းအား နောက်သို့ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းကို အားလုံးမြင်လိုက်ရ၏။

ထိုအချိန်မှာပဲ နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ပေါ်လာသည်။

အကြီးအကဲကျင်း၏ နောက်ဘက်ဆီသို့ ရောက်ရှိသွားသော ကျွင်းချောင်ရှောင်းသည် သူ၏ ပေါက်ကွဲလက်သီးနည်းစနစ်နှင့် အကြီးအကဲကျင်း၏ ခါးနေရာသို့ တိုက်ခိုက်လိုက်ပြန်၏။

အကြီးအကဲကျင်းသည် နောက်သို့ ဆုတ်သွားပြန်သည်။ သူ၏ မျက်နှာပေါ်တွင် ဒေါသတရားတို့ ဖြစ်တည်လာသည်။ လက်သီးချက် နှစ်ချက်ကို ခံယူပြီးနောက်တွင် သူသည် အတော်အတန် ထိခိုက်မိခဲ့ပြီ ဖြစ်သည်။

ချီးတဲ့မှ ..။

သူသည် ဟန်ချက်ကို ထိန်းချုပ်ပြီး အော်ဟစ်လိုက်သည် “တော်ဝင်စိတ်ဝိညာဉ်လက်ဝါးစည်း …”

ဝှစ် ….။

လေထဲမှာတော့ အလွန်မြန်ဆန်စွာဖြင့် ကြီးမားလှသော လက်ဝါးကြီးတစ်ခု ပေါ်လာသည်။ အကြီးအကဲ ကျင်း ထုတ်ဖော်ါလိုက်သော လက်ဝါးသည် ချင်းလင်းဖန် ထုတ်ဖော်ခဲ့သော လက်ဝါးနှင့် အလွန်ကွာခြားနေပြီး အားအင် အဆင့်သည် ကြောက်မခန်းလိလိပင်။

ကျွင်ချောင်ရှောင်းသည် အသာပြုံးလိုက်သည်။ သူသည် ကျဆင်းလာသော လက်ဝါးကြီး ရှိရာဆီသို့ ပေါက်ကွဲ လက်သီးနည်းစနစ် ဖြင့် တိုက်ခိုက်လိုက်သည်။

လက်သီး၏ အမြန်နှုန်းမှာ သြချရလောက်သည်အထိ မြန်ဆန်လွန်းပြီး အားအင်အဆင့်မှာလည်း ကြောက်မက်ဖွယ်ရာပင်။

ဘန်း ..။

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးများကြားတွင် တော်ဝင်စိတ်ဝိညာဉ်လက်ဝါးစည်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ပြီးနောက် ဘုန်း ဟူသော အသံနှင့် အတူ အားလုံး၏ အမြင်မှ တိမ်ဆိုင်တိမ်ခဲများလို ပျောက်ကွယ်သွားတော့သည်။

ဝေါ့ ..။

အကြီးအကဲကျင်းသည် သွေးတွေ အန်ထွက်လာသည်။ သူ၏ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှုတွေ အပြည့်နှင့် ဖြစ်နေ၏။

ဟူး …။

အားလုံးက သက်မချလိုက်မိကြသည်။

အကြီးအကဲကျင်း၏ တိုက်ခိုက်မှုအား လက်သီးတစ်ချက်တည်းနှင့် ချိုးဖျက်ခဲ့၏။ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် အမှန်တကယ် မည်မျှ ရှိနေသနည်း။

“……..” ရီရှင်းချန်သည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေ၏။

ဂိုဏ်းချုပ်တစ်ယောက် ဝှက်ဖဲများ အသုံးပြုမည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အားအင်အဆင့်ဖြင့် ထိပ်တိုက် တိုက်ခိုက်နေသည့်အပြင် တစ်ဖက်မှ အကြီးအကဲကျင်းသည် သွေးပင် အန်လျက် ရှိနေသည်။

ဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီးအဆင့်မှာ အထူးစွမ်းရည် အဆင့် ဖြစ်နေသည်လား။

All Chapters