← Chapters

အခန်း (၂၉၅)

Vol. 20 Ch. 295

အခန်း (၂၉၅)

Vol. 20 Ch. 295

များပြားလှသော ကျင့်ကြံသူများ၏ အခြေခံ အကြမ်းဖျဉ်း ဗဟုသုတ အနေဖြင့် သာမာန်၊ အလယ်အလတ်၊ အဆင့်မြင့်၊ အထူး ဆိုပြီး အဆင့်များအား ခွဲခြားထားသည်။

အချက်အလက်အားဖြင့် ထိုစာရင်းထဲတွင် မပါဝင်သော ၊ ခြားနားသော အထူး .. အထူးသော ပါရမီရှင် အကြောင်း စနစ်မှ ဖော်ညွှန်းပြောဆိုခဲ့၏။

သို့ပေမဲ့ ထိုသို့သော ပါရမီရှင်ဖြစ်ရန် အတွက်ဆိုလျှင် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်လောက် ရှိရန်လိုအပ်သည်။

ဥပမာအားဖြင့် ဂျူချောင်ကျူး သည် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သောကြောင့် သူ၏ ပါရမီသည် အထူး … အထူးသော ကျင့်ကြံသူ တစ်ယောက်ဖြစ်လာရန် အခွင့်အရေးရှိသည်။ အခြေအနေ နှင့် အချိန်အခါတော့ လိုအပ်ပေလိမ့်မည်။

အဆုံးသတ်မှာတော့ ထိုကဲ့သို့ အခြေခံ အချက်အလက်များအား ခွဲခြားထားနိုင်မှုသည် စိတ်ဝိညာဉ် အမြစ်ပေါ် တွင် မူတည်နေသည်။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသားများမှာတော့ ချွင်းချက်ဖြစ်၏။

တော်တော်များများ သည် သာမာန် နှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်များအား ပိုင်ဆိုင်ကြသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်သည် အဆင့်တူ ပြိုင်ဘက်များထက် အဆမတန် ပိုမိုအားကောင်းသည်။

သူတို့သည် စိတ်ဝိညာဉ်အမြစ် ဆိုသည်ကို လျစ်လျူရှုပြီး သူတို့၏ အားအင်ကို ထုတ်ဖော် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။

ထိုအရာသည် ကျွင်းချောင်ရှောင်း၏ များပြားလှသော အရင်းအမြစ်များ ပေးစွမ်းနိုင်သည့် အရည်အသွေးကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် သံမဏိအရိုးဂိုဏ်းသည် တိုက်ခိုက်ပွဲ ၇၂ ပွဲကို အနိုင်ယူနိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ဟုတ်ပေသည်။

မည်သို့ပင် အစွမ်းအစတွေ ထုတ်ဖော်သည် ဖြစ်စေ ၎င်းတို့တွင် အကန့်အသတ် ဆိုသည်တော့ ရှိနေ၏။

သံမဏိအရိုးဂိုဏ်းတပည့်များသည် ရေရှည်တွင် အဆင့်မြင့်တက်ပြီး ခရီးဝေး သွားချင်သည် ဆိုပါက သူတို့၏ စိတ်ဝိညာဉ်အမြစ်များ တိုးတက်အောင် ပြုလုပ်သင့်သည်။

အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်း သည် အဆင့် ချိုးဖျက်ပြီးသည့်နောက် အထူး .. အထူးသော ပါရမီရှင်အဖြစ် သတ်မှတ်ခြင်းခံရသည်။

မည်သူက သတ်မှတ်ခဲ့သည် ဆိုသော် သူ၏ စနစ်ပင် ဖြစ်၏။ အစစ်အမှန်အားဖြင့် မိမိကိုယ်ကိုယ် ချီးကျူးနေခြင်း နှင့် မခြားပေ။

သောက်ကျိုးနည်လှချေသည်တကား။

အကြီးအကဲကျင်း၏ အားအင်သည် သိုင်းနည်းစနစ်မျာ၏ ထောက်ပံမုှကြောင့် ဂျင် သုံးသိန်းနှစ်သောင်းထိ ရောက်ရှိသွားသည်။ ကျွင်းချောင်ရှောင်းမှာတော့ ဂျင် သုံးသိန်းသုံးသောင်းသာ အားကောင်းတယ်။ ထို့ကြောင့် ကွာခြားချက်မှာ တစ်သောင်းသာ ရှိ၏။ မည်သို့ပင် ဆိုစေကာမှု ပြိုင်ဘက်ထက်တော့ ပိုမိုအားကောင်းသည်မှာ သေချာသည်။

ဝှစ် …။

ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန် တိုက်ခိုက်ပြီး အကြီးအကဲကျင်းအား အသက်ရှုခွင့်ပင် မပေးချေ။ ကျွင်းချောင်ရှောင်း သည် ကြမ်းတမ်းလှသော အနီးကပ် တိုက်ခိုက်မှုကို ထုတ်ဖော် အသုံးပြုနေသည်။

သိုင်းနည်းစနစ် များကြောင့် သူ၏ အားအင်သည် ဂျင် သုံးသိန်းငါးသောင်း ထိရောက်ရှိသွား၏။

ဘုန်း …ဘုန်း..။

လက်သီး နှင့် လက်ဝါးတို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲတွင် မုန်တိုင်းတိုက်သလို ကြမ်းတမ်းစွာဖြင့် ထိပ်တိုက် ရင်ဆိုင်တွေ့နေသည်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းအဟုန် များသည် တည်နေရာ တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး အနီးကပ် ကြည့်ရှုနေကြသော ပွဲကြည့်သူများအား ထိတ်လန့်တကြားဖြင့် အနောက်သို့ ဆုတ်ခွာသွားစေ၏။

ရီရှင်းချန်သည် ခဏလောက် ကြည့်ပြီး အတည်ပြုလိုက်သည် “သူက အထူးအဆင့်ပဲ”

များပြားလှသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏။

သံမဏိအရိုးဂိုဏ်းချုပ်သည် သူ၏ တပည့်များထက် ပို၍ လက်စောင်းထက်လှပြီး သိုင်းစစ်သူကြီး အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကိုပင် ဖိနှိပ် တိုက်ခိုက်လျှက် ရှိသည်။

အကြီးအကဲကျုင်း ၏ ခုခံနေရသည့် အခြေအနေကို မြင်တော့ ချင်ဟောင်ရန် တို့အပေါင်းအပါ တသိုက်သည် ကြောတွေပင် ချမ်းနေကြ၏။

ကျွင်းချောင်ရှောင်းဆိုသည် အကောင်သည် မည်သို့သော ဆေးဝါမျိုးကို သောက်သုံးသောကြောင့် ဤမျှ အားကောင်းရသနည်း။ ထို့အပြင် တစ်နှစ်အတွင်း ယခုကဲ့သို့ ဖြစ်တည်လာခြင်း ဖြစ်သည်။

အစကတည်းက ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခဲ့ခြင်း ဖြစ်နိုင်၏။

မာယွင်တန် နားလည်သွားသည် “ဂိုဏ်းချုပ်ကျွင်း သိုင်းတာအို နဲ့ ပတ်သက်ပြီး ဘာလို့ နက်နက်နဲနဲ နားလည်နေတာလဲ ဆိုတာ နားလည်သွားပြီ။ သူက သိုင်းစစ်သူကြီးကို”

ဤမျှအားကောင်းသော ကျင့်ကြံခြင်းအဆင့် မရှိလျှင် သူကဲ့သို့ လူ၏ ကျင့်ကြံခြင်း အခက်အခဲကို ဖြေရှင်းပေးစွမ်း ရှိမည် မဟုတ်ချေ။

မြို့တော်ဝန် ရှဲ့၏ အတွေးမှာတော့ ခြားနားသည်။

ဂိုဏ်းချုပ်ကျွင်း၏ အားအင်အဆင့် တိုးတက်ကောင်းမွန်နေခြင်းသည် ရှေးတုန်းကတည်း ဆင်းသက်လာသော သံမဏိအရိုးဂိုဏ်း၏ နောက်ခံကြောင့် ဖြစ်မည်ဟု သူ ယုံကြည်နေမိ၏။

မည်သို့ပင် ဖြစ်ဖြစ် ကျွင်းချောင်ရှောင်းသည် သိုင်းဆရာ ထိပ်ဆုံးအဆင့်မှာ သိုင်းစစ်သူကြီး အဆင့်နှစ် သို့ အဆင့်ချိုးဖျက်သွားသည် ဟူ၍ မည်သူမှ မတွေးကြချေ။

…….

ဘုန်း …. ဘုန်း ..။

ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲ လက်သီးကို နှစ်ကြိမ်တိုင် ထုတ်ဖော်ပြီး အကြီးအကဲကျင်းအား ထပ်မံတိုက်ခိုက်၍ တိုက်ခိုက်ရေးကွင်းပြင် အစပ်ဆီ တွန်းပို့လိုက်သည်။

အကြီးအကဲကျင်း၏ မျက်နှာတစ်ခုလုံး ရ့ှုံ့မဲ့သွားသည်။ သူ၏ လက်မောင်းများဆီမှ အလွန်တရာ နာကျင်သော ခံစားမှုကို ရရှိနေ၏။

လက်ရှိအချိန်တွင် သူသည် သူ၏ ပြိုင်ဘက်ထက် အားနည်းကြောင်း သိရှိသွားပြီဖြစ်သည်။ ဆက်လက် တိုက်ခိုက်ပါက ပို၍ ပင် အခြေအနေ ဆိုးလာပေလိမ့်မည်။

ဟူး .. ဟူး….။

အကြီးအကဲကျင်းသည် သူ၏ လက်များကို ဖြန့်ကား၍ လေထဲသို့ ဝေ့ယမ်းကာ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းလိုက်သည်။ ပြီးနောက် အားမာန်အပြည့်နှင့် အော်လိုက်၏ “မိစ္ဆာနဂါးလက်ဝါး”

ဟူး..။

စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးမားလှသော နဂါးကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ ပြီးနောက် ကောင်းကင်ယံထက်၌ နဂါးတစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။

အသက်ဝင်နေသော နဂါး၏ အားအင်သည် ဆက်တိုက်တိုးတက်လျက်ရှိပြီး နောက်ဆုံးမှာတော့ ဂျင်လေးသိန်းထိ အားအင်အဆင့်ထိ ရောက်ရှိသွားခဲ့၏။

“နတ်စမ်းချောင်းဂိုဏ်း ရဲ့ လျှို့ဝှက်နည်းစနစ် တွေထဲက တစ်ခုပဲ” အားလုံးက တပြိုင်နက် ထအော်မိလိုက်ကြသည်။

ဂိုဏ်းတိုင်းဂိုဏ်းတိုင်းတွင် အလွန်တရာ အားကောင်းလှသော လျှို့ဝှက်တိုက်ကွက် ဆိုတာ ရှိသည်။ ယခု အကြီးအကဲကျင်း ထုတ်ဖော်လိုက်သည့် မိစ္ဆာနဂါးလက်ဝါး နည်းစနစ် သည် နတ်စမ်းချောင်းဂိုဏ်း၏ အလွန်အစွမ်းထက်သော လျှို့ဝှက် တိုက်ကွက်ပင်ဖြစ်တော့၏။

ထိုနည်းစနစ်သည် စိတ်ဝိညာဉ်စွမ်းအင်များအား နဂါးတစ်ကောင်ကဲ့သို့ အသွင်ဖြစ်တည်စေသည့်အပြင် အလွန်တရာ အားကောင်းလှသည်။

ချီးတဲ့မှ ..။

တိုက်ခိုက်မှုကို ထုတ်ဖော်နေသော ကျွင်းချောင်ရှောင်းသည် အားကောင်းလှသည့် နဂါးကြီး၏ တိုက်ခိုက်မှုကို မြင်တော့ တိမ်ခြေလှမ်းအား အသုံးပြု၍ ရှောင်ရှားလိုက်၏။

သို့ပေမဲ့ မိစ္ဆာနဂါးလက်ဝါးသည် ပစ်မှတ်နောက်သို့ လိုက်ပါတိုက်ခိုက်တတ်သော နည်းစနစ်မျိုး ဖြစ်သောကြောင့် သူ၏ အနောက်သို့ တရစပ် လိုက်ပါလာတော့သည်။

“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်း အော်လိုက်မိ၏။

ဘုန်း ..။

ဂျင်လေးသိန်း အားအင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ၏ တိုက်ခိုက်မှုသည် တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးအား ဖုန်တထောင်းထောင်း ထသွားစေသည်။

တည်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

အားလုံးသည် သိုင်းလေ့ကျင့်ရေးကွင်းပြင် ရှိ ချီလှိုင်းများကိုပါ မျက်လုံးအပြူးသားဖြင့် ကြည့်မိနေကြသည်။ အကြီးအကဲကျင်း၏ တိုက်ခိုက်မှုသည် သူတို့အား လန့်ဖြန့်သွားစေသည်။

အဆင့်ရှစ် သိုင်းစစ်သူကြီး ပီသစွာပင် အလွန်အားကောင်းလှ၏။

အလွန်ဆိုးရွားသည့် အခြေအနေဖြင့် ခုခံနေရစဉ်မှာပဲ သူ၏ ဝှက်ဖဲအား ထုတ်ဖော်ပြီး အားကောင်းလှသော တန်ပြန် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့သည်။

“အကြီးအကဲကျင်း ရဲ့ ဒီလက်ဝါးချက်က ဂျင်လေးသိန်း အားအင်ပါတယ်။ ဂိုဏ်းချုပ်ကျွင်းတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရပြီ”

“သူက အတွေ့အကြုံရှိ သိုင်းစစ်သူကြီးရှေ့မှာတော့ ဘာမှ မတတ်နိုင်ခဲ့ဘူး”

“အဆင့်နှစ် သိုင်းစစ်သူကြီးတစ်ယောက် အနေနဲ့ အဆင့်ရှစ် သိုင်းစစ်သူကြီး တစ်ယောက်ကို ဝှက်ဖဲ ထုတ်ဖော်စေတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာ ချီးကျူးစရာပဲ။”

ကျင့်ကြံသူများသည် ဂိုဏ်းချုပ်ကျွင်းအား ချီးကျူးနေမိကြသည်။

မဟာမိတ်ခေါင်းဆောင်ချင် နှင့် အပေါင်းအဖော်များကတော့ ယခုမှ ပြုံးမိလာကြသည်။ အနည်းငယ် နောက်ကျသည် ဆိုပေမဲ့ သူတို့တွေ အချိန်တန်လျှင် ရယ်မောရမှာ သေချာနေပြီ ဖြစ်၏။

သိုင်းလေ့ကျင့်ရေးကွင်းပြင် ရှိ ချီလှိုင်းများသည် ပျောက်ကွယ်သွားသည်။

အားရပါးရ ပြုံးနေသော မဟာမိတ်ခေါင်းဆောင်ချင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွား၏။

ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူ၏ ခန္ဓာကိုယ်အား စည်းအတားအဆီး တစ်ခု က ကာကွယ်ပေးထားသည်။

စည်းအတားအဆီး။

မိစ္ဆာနဂါး လက်ဝါးချက် ကျရောက်လာသည်နှင့် ကျွင်းချောင်ရှောင်းသည် သူ၏ အကာအကွယ် နည်းစနစ်ကို အသက်သွင်းလိုက်၏။

အထက်ဆင့် စဦး နည်းစနစ် တစ်ခုဖြစ်သည် ဆိုသော်လည်း စနစ်၏ စတိုးဆီမှ ရရှိသော နည်းစနစ် ဖြစ်သည်မို့ အလွန်အားကောင်းလှသည်။

“အကြီးအကဲကျင်း”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “အားနည်းလိုက်တာ”

“……..” အကြီးအကဲကျင်းသည် အမျက်ချောင်းချောင်း ထွက်သွားသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များအား စုဖွဲ့ပြီး မိစ္ဆာနဂါး လက်ဝါးချက်အား ထပ်မံ ထုတ်ဖော်လိုက်၏။

ဘုန်း ..။

နဂါးအော်သံသည် ထပ်မံ ထွက်ပေါ်လာသည်။

ချီလှိုင်းများ လွင့်ပြယ်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မူလ နေရာမှာတင် မလှုပ်ဘဲ ရပ်နေလျှက် ရှိပြီး သူ၏ နှုတ်ခမ်းမှာတော့ မထိတရိ အပြုံးမျိုး ရှိလို့နေ၏။

“ကောင်းကင်ဘုံ …”

တစ်ယောက် က ထအော်လိုက်မိသည်။ “ဘယ်လို နည်းစနစ်မျိူး လဲ။ ဒီလောက် အားကောင်းတဲ့ တိုက်ကွက်ကိုတောင် ခုခံနိုင်တယ်”

အားလုံးသော သူများ၏ မျက်နှာပေါ်ရှိ ထိတ်လန့့် တုန်လှုပ်မှုကို မြင်တော့ သံမဏိအရိုးဂိုဏ်း တပည့်များသည် ဂိုဏ်ယူစွာဖြင့် ခေါင်းကိုမော့ ရင်ကို ကော့ထားလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ် အသုံးပြုသော နည်းစနစ်အား သူတို့လည်း တတ်ကျွမ်းသည် မဟုတ်လား။

ချီးတဲ့မှ ..။

အကြီးအကဲကျွင်းသည် ဒေါသထွက်သွားသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား စုဖွဲ့၍ မိစ္ဆာနဂါးလက်ဝါးအား အသုံးပြုလိုက်သည်။ သို့ပေမဲ့ သုံးကြိမ်တိုက်တိုက် ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မလှုပ်ခဲ့ချေ။

အလွန်အားကောင်းလှချေသည်။

ဂျင်လေးသိန်းသော အားအင်တို့၏ တိုက်ခိုက်မှုကို အကာအကွယ် နည်းစနစ်သည် ရှိသည်ဟုပင် မထင်မှတ်သကဲ့သို့ပင်။

အကြီအကဲကျင်း သည် စိတ်ကျေနပ်ပုံမပေါ်ချေ။ စိတ်ဝိညာဉ်စွမ်းအင်များအား ထပ်မံစုစည်းပြီး တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စည်းအတားအဆီးကို ဖယ်ရှားပြီး တိမ်ခြေလှမ်းကို အသုံးပြုကာ စတင် တိုက်ခိုက်တော့သည်။

ဤတစ်ကြိမ်မှာတော့ သူသည် တစ်ဖက်လူအား နည်းနည်းလေးမှ အခွင့်အရေး မပေးတော့ချေ။

အကြီးအကဲကျင်းသည် တောက်လျောက်ပင် နောက်သာ ဆုတ်နေရတော့သည်။ မိစ္ဆာနဂါးလက်ဝါးကို ထုတ်သုံးခဲ့သောကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဆိုးရွားသည့် အခြေအနေသို့ ကျရောက်သွားရ၏။

ပေါက်ကွဲ လက်သီး။

တောင်ဖြိုလက်ဝါး။

ဂိုဏ်းချုပ်ကျွင်းသည် အညှာအတာ မရှိချေ။ ကြမ်းတမ်းလှသော တိုက်ခိုက်ရေးနည်းစနစ် နှစ်ခုကို လက်နှစ်ဖက် နှင့် တပြိုင်နက် ထုတ်ဖော်ပြီး အကြီးအကဲကျင်းအား တိုက်ခိုက်နေတော့သည်။

အကြီးအကဲကျင်းသည် ဘယ်ညာလက်များအား အသုံးပြု၍ အထပ်ထပ် ခါယမ်းကာ ကျွင်းချောင်ရှောင်း ၏ တိုက်ခိုက်ချက်များအား တားဆီးနေရ၏။ သူနည်းနည်းလေးမှ မရပ်ရဲချေ။

All Chapters