အခန်း (၂၉၆)
Vol. 20 Ch. 296
အကြီးအကဲကျင်းသည် သူ၏ ဘယ်ညာလက်များကို အထပ်ထပ် ယမ်းခါပြီး တိုက်ခိုက်မှုကို ရမ်းသန်းခုခံနေကြောင်း မြင်လိုက်ကြတော့ ကြည့်ရှုနေသည့် ကျင့်ကြံသူများအားလုံး၏ နဖူးပေါ်တွင် အမဲရောင် အရေးအကြောင်းများပင် ပေါ်လာ၏။
သိုင်းစစ်သူကြီးအဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့သော အခြေအနေ ရောက်ရှိသွားအောင် ပြုလုပ်နိုင်ဖို့ ဂိုဏ်းချုပ်ကျွင်းသည် မည်မျှ အားကောင်းသနည်း။
"အကြီးအကဲကျင်း … ကာမနေနဲ့တော့"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ကျုပ်မတိုက်ခိုက်ဘဲ ရပ်ထားတာ ကြာလှနေပြီ။"
အကြီးအကဲကျင်းသည် ကြောင်သွား၏။
ပြီးနောက် တစ်ဖက်လူသည် သူ့အား မတိုက်ခိုက်ဘဲ သိုင်းလေ့ကျင့်ရေးကွင်းပြင် ထဲ၌ မတ်မတ်ရပ်လျက်ရှိနေသည်ကို မြင်လိုက်ရချိန်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် အရှက်တရားကြောင့် နီရဲသွားတော့သည်။
မည်မျှ ှရှက်ဖို့ကောင်းလိုက်သနည်း။
နေအုံး … ငါက သိုင်းလေ့ကျင့်ရေးကွင်းပြင်အစပ်ကို ဘယ်လိုလုပ် ရောက်သွားတာတုန်း။
အကြီးအကဲကျင်းသည် မြန်မြန်ဆန်ဆန်ပဲ ငုံကြည့်လိုက်ချိန်မှာတော့ သူသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ ပြင်ပအစပ်နားတွင် မတ်မတ်ရပ်လျက်ရှိကြောင်း မြင်လိုက်ရ၏။
သူသည် ဂိုဏ်းချုပ်ကျွင်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသောကြောင့် ဤနေရာသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
အကြီးအကဲကျင်းသည် အလွန်တရာ စိတ်ဆိုးလှသောကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးတွေသည် လည်ချောင်းဝဆီသို့ လျံတက်လာပြီး အပြင်ဘက်သို့ ထွက်လာတော့၏။
သူ၏ ခန္ဓာကိုယ်သည် ယိုင်ခနဲဖြစ်သွားပြီး မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားတော့သည်။
သူသည် သိုင်းစစ်သူကြီးအဆင့်ရှစ်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သိုင်းစစ်သူကြီး ဒုတိယအဆင့်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။
ဤအရာသည် အကြီးအကျယ် အရှက်ခွဲခံရခြင်းပင် ဖြစ်တော့သည်။
"အကြီးအကဲကျင်း …."
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ "အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
“ဒင် …..သီးခြားတာဝန် ပြည့်စုံပါပြီ။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးရာအား ရရှိသည်။"
“ဒင် ….ဂိုဏ်းစုဆောင်းမှတ် ၃၂၀၅/၂၀၀၀။”
“ဒင် …ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်......”
အကြီးအကဲကျင်းသည် သူ့အား တိုက်ခိုက်ရန် စိန်ခေါ်လိုက်ကတည်းက သူသည် သီးခြားတာဝန်အား လက်ခံခဲ့ရ၏။
ထိုကဲ့သို့ ဖြစ်မည်ကို ကြိုတင်သိရှိသောကြောင့် စနစ်သည် သူ့အား အထူးတာဝန်တွက် အကြီးအကဲကျင်းအား တိုက်ခိုက်ရန် တာဝန်မပေးထားခြင်းပင် ဖြစ်ပေလိမ့်မည်။
အင်း …ကျုပ် ပြောသားပဲ စောစောစီးစီး ပြန်ပါမယ်လို့။ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို မပြန်ခိုင်းတာလေ။အဆုံးသတ်မှာတော့ လူတွေအများကြီးရဲ့ ရှေ့မှ ကျုပ်က ခင်ဗျားကို အရှက်ရအောက် လုပ်ခဲ့မိပြီ။ပြီးတော့ ကျုပ်အနေနဲ့ ဂိုဏ်းစုဆောင်းမှတ် ၅၀၀တောင် ထပ်ပြီး ရခဲ့သေးတယ်။ဒီလို ကိစ္စမျိုးတွေ အနာဂတ်မှာ ခဏခဏဖြစ်ရင် ….။
ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေ၌ အလွန်အမင်း စိတ်ကျေနပ်လျက်ရှိ၏။
ထို့အပြင် သူ၏ တတိယမြောက် အထူးတာဝန်ကိုလည်း ပြည့်စုံပြီးသည့်နောက်မှာတော့ နတ်စမ်းချောင်းဂိုဏ်း ဆီမှ ဂိုဏ်းစုဆောင်းမှတ် ၃၅၀၀ကို ရရှိခဲ့သည်။
တစ်ညအတွင်း ချမ်းသာသွားသလို ခံစားမိလိုက်ခြင်းပင် ဖြစ်တော့၏။
ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်မှာ သူ၏ ဂိုဏ်းစုဆောင်းမှတ်သည် ၁၂၀၀ တိတိ ပိုနေသည်။ ဤအရာများကို သူ စိတ်လိုလက်ရ အသုံးပြု၍ ရနိုင်သေးသည်။
"အကြီးအကဲကျင်း"
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ဖြင့် ပြောလိုက်သည်။ "အခု ကျုပ်တပည့်တွေနဲ့ အတူ ထွက်သွားလို့ ရပြီလား။"
လက်ရှိအခြေအနေတွင်တော့ သူသည် အလွန်လှပပြီး မြင်ကွင်းကောင်းသည့် တည်နေရာတစ်ခုကို ရှာပြီး စနစ်အား refresh လုပ်ရန် စဉ်းစားနေမိ၏။
အကြီးအကဲကျင်းသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်တွင် မတ်မတ်ရပ်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်လုံးများသည် မီးကဲ့သို့ နီနီရဲနေ၏။ ကြည့်ရသည်မှာ သူသည် အလွန်အမင်း ဒေါသထွက်နေပုံပေါ်သည်။
ဤတစ်ကြိမ် ဂိုဏ်း၏ တောင်ဂိတ်တံခါးအား ဖွင့်၍ များပြားလှသော ကျင့်ကြံသူများအား ဝင်ခွင့်ပေးခဲ့ခြင်းသည် အဘယ်သို့သော ရည်ရွယ်ချက်ကြောင့်နည်း။
သူတို့၏ ဂိုဏ်းသည် အလွန်အမင်း အားကောင်းလှပြီး မည်သူမှ သေလမ်းလာ၍ မရှာရဲကြောင်း တစ်လောကလုံး အား သိစေချင်သောကြောင့် ဖြစ်သည်။
အဆုံးသတ်မှာတော့ သံမဏိအရိုးဂိုဏ်းအား ပက်ပက်စက်စက် နှိပ်စက်ခြင်းကို လာရောက်ကြည့်ရှုသူများ မမြင်လိုက်ရချေ။
အဲအစား သူတို့သည်သာလျှင် သံမဏိအရိုးဂိုဏ်း၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။
သူ့အနေနှင့် ဂိုဏ်း၏ တံခါးကို ဖွင့်၍ သူတို့်မည်မျှ ခံရသည်ဆိုသည်ကို လာရောက်ကြည်ရှုကြရန် ခွင့်ပြုပေးလိုက်ခြင်းနှင့်ပင် ဆင်တူနေတော့၏။ ဤသတင်းသည်သာ အပြင်ဘက်ဆီသို့ ပျံ့နှံသွားပြီဆိုပါက သူတို့သည် လူအားလုံး၏ ရယ်ဖွယ်ရာ လူများအဖြစ် ပြောင်းလဲသွားပေတော့မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ဝေညီအစ်ကိုတွေသာ သူ၏ ရှေ့တွင် မတ်မတ်ရပ်နေမည်ဆိုလျှင် အကြီးအကဲကျင်း သည် ထ၍ သတ်ဖြတ်မိမှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ဖြစ်ပေါ်လာသော အရာအားလုံးသည် ထိုလေးကောင်ကြောင့်ပင် မဟုတ်လော။
"တပည့်တွေကလည်း ယှဉ်ပြိုင်ပြီးသွားပြီ အကြီးအကဲတွေကလည်း ယှဉ်ပြိုင်ပြီးသွားပြီ။"
မာယွင်တန်သည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ကျုပ်အထင်အရဆိုရင် ဒီစိန်ခေါ်ပွဲက အဆုံးသတ်သွားခဲ့ပြီ။”
နတ်စမ်းချောင်းဂိုဏ်းသည် အလွန်အမင်း အရှက်သိက္ခာရခဲ့၏။ သူတို့သာ ထ၍ တစ်ခုခု မပြောလျှင် ဖြစ်ချင်တာတွေ ဖြစ်ကုန်ပေလိမ့်မည်။
"အကြီးအကဲကျင်း။"
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ဖြင့် ပြောလိုက်သည်။ "လာခဲ့ရတဲ့ ခရီးကအရှည်ကြီးပဲလေ။ ဒီတော့ ကျုပ် ဒီမှာ ညစာမစားတော့ပါဘူး။ကျုပ်တပည့်တွေကို ခေါ်ပြီး ထွက်သွားပါ့မယ်။"
"……."
အားလုံးသော လူတို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားကြသည်။
အစ်ကိုကြီး … ခင်ဗျား နတ်စမ်းချောင်းဂိုဏ်းကိုလည်း ပက်ပက်စက်စက် ရိုက်နိုက်ခဲ့သေးတယ်။ဒီမှာလည်း ညစာစားဖို့တောင် စဉ်းစားသေးတယ်ဟုတ်လား။
"သွားကြစို့။"
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
သို့ပေမဲ့ ထိုအချိန်မှာပဲ အဓိကဟောခန်းအတွင်းမှ အလွန်တရာ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး နေပါအုံး။"
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းရောက်ရှိလာတော့သည်။
ထိုသူသည် အဖြူရောင် ဆံပင်များရှိသော လူတစ်ယောက်ဖြစ်ပြီး အသက်ခုနစ်ဆယ်ခန့်ရှိကာ ရှည်လျားလှသောဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ အားကောင်းလှသောစွမ်းအင်တွေနှင့် ပြည့်နှက်လျက်ရှိသည့် အရှိန်အဟွာ မျိူး ထွက်ပေါ် လျက်ရှိသည်။
"နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်" နတ်စမ်းချောင်းဂိုဏ်း၏ အကြီးအကဲနှင့် တပည့်များအားလုံးသည် လေးလေးစားစားနှင့် ဦးညွှတ်လိုက်ကြသည်။
မာယွင်တန် မျက်မှောင်ကုတ်သွားမိသည်။
ထိုကဲ့သို့ အကျိုးအကြောင်း အခြေအနေမျိုးတွင် နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပေါ်ပေါက်လာခဲ့သည်။ ကြည့်ရသည်မှာ တစ်ဖက်လူများသည် ဂိုဏ်းချုပ်ကျွင်းအား လွယ်လွယ်ကူကူ ထွက်ခွာခွင့်ပေးမည့်ပုံမပေါ်ပေ။
ကျွင်းချောင်ရှောင်း လှည့်ကာ ပြောလိုက်သည်။ "ကိစ္စတစ်ခုခု ရှိသေးလို့လား။"
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ဖြစ်သည်။ သူ၏ မျက်လုံးများသည် အလွန်တရာ အားကောင်း၍ စူးရှလှသည်။
သူသည် ကျွင်းချောင်ရှောင်းကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။
"အံ့အားသင့်စရာပဲ။"
မာယွင်တန်သည် ကြိတ်ကာ ချီးကျူးလိုက်မိ၏။
အလွန်အားကောင်းလှသော ပြိုင်ဘက်ကို ရင်ဆိုင်ရသည်ဆိုသော်လည်း ဂိုဏ်းချုပ်ကျွင်းသည် အန္တရာယ်ကြားထဲမှာပဲ အလွန်တည်ငြိမ်သည့် အသွင်အပြင် ကို ထိန်းသိမ်းထားနိုင်သည်။ အလွန်တရာကြီးမြင့်လှသော စစ်ဗိုလ်ချုပ်ကြီးတစ်ဦး စစ်ပွဲထဲတွင် ရောက်ရှိနေသည့်ဟန်ပန်ပင် ဖြစ်နေလေသည်။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း အံ့အားသင့်မိသွားသည်။ သို့ပေမဲ့ သူသည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက အလွန်ငယ်ရွယ်လွန်းတာပဲ။ဒါပေမဲ့ နတ်စမ်းချောင်းဂိုဏ်းရဲ့ အကြအကဲတစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိတယ်။တကယ့်ကို ချီးကျုးစရာပဲ။"
"ဒါက ကံကောင်းတာကြောင့်ပါ …. ကံကောင်းတာကြောင့်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
တခြားသူများသည် အံ့အားသင့်မိသွားကြ၏။ ဤအရာသည်သာ အမှနိတကယ်တမ်း ကံကောင်းခြင်းဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။
"ဂိုဏ်းချုပ်ကျွင်း။"
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပြောလိုက်သည်။ "ကျုပ်က ဂိုဏ်းချုပ်ကျွင်းနဲ့အတူ ယှဉ်ပြိုင်ချင်တယ်။လက်ခံနိုင်မလား။"
"ဒါက" ကျွင်းချောင်ရှောင်း နှောင့်နှေးသွားမိ၏။
ဝမ်တုန်လင်သည် ပေါ့ပေါ့ပါးပါး ဝင်ရောက်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ဟုန် …. ဂိုဏ်းချုပ်ကျွင်းက အခုလေးတင် ခင်ဗျားတို့ ဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလေ။အခု ခင်ဗျားက ချက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်တယ်ဆိုတော့ ဒါက အနိုင်ကျင့်တာနဲ့ ဆင်တူမနေဘူးလား။"
တောင်ပြာဂိုဏ်း၏ အကြီးအကဲ လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အပြင် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ဖြစ်သောကြောင့် သူသည် နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
မာယွင်တန် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက စောနကလေးတင် တိုက်ခိုက်ခဲ့ပြီးပြီ။ ဂိုဏ်းချုပ်ဟုန်က ထပ်ပြီး အလှည့်ကျ တိုက်ခိုက်မည်ဆိုလျှင် နတ်စမ်းချောင်းဂိုဏ်းက တစ်ခြားသူတွေကို အနိုင်ကျင့်တယ်လို လူတွေက ထင်ကုန်လိမ့်မယ်။"
တောင်ပြာဂိုဏ်း၏ အကြအကဲနှစ်ယောက်သည် သံမဏိအရိုးဂိုဏ်းဘက်မှ ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြသည်။
များပြားလှသော ကျင့်ကြံသူများသည် ထိုအရာကို နားလည်မိကြ၏။
ထို့အပြင် တစ်နိုင်ငံတည်းသားချင်းဖြစ်သောကြောင့် တစ်ခြားသူများကို ကူညီမည့်အစား သူတို့သည် ကိုယ့်လူကို ကူညီပေးနေကြခြင်းပင် ဖြစ်တော့သည်။
တွေးကြည့်ရမည်ဆိုလျှင် များပြားလှသော ကျင့်ကြံသူများသည် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မဟာမိတ်ခေါင်းဆောင်ချင် နှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များအား ရွံ့ရှာသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြ၏။
အစကနေ အဆုံးထိ ထိုလူများသည် သံမဏိအရိုးဂိုဏ်းအား လှောင်ပြောင်ရန် စဉ်းစားလျက်ရှိနေကြသည်။ သူတို့သည် သူတို့၏ နိုင်ငံမျက်နှာကိုပင် ထောက်ထားချင်စိတ်များ ရှိသည့်ပုံ မပေါ်ပေ။
အားလုံးသည် သူတို့အား အထင်အမြင်သေးစွာကြည့်ရှုလိုက်သည်ကို သိချိန်မှာတော့ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် ရုတ်တရက်ဆိုသလိုပဲ ရှက်ရွံ့သလို ခံစားမိလိုက်ကြသည်။
သို့ပေမဲ့ မဟာမိတ်ခေါင်းဆောင်ချင် နှင့် ရှန်းတုံ မှာတော့ ခပ်တည်တည်နှင့် မတ်မတ်ရပ်လျက်ရှိနေကြသည်။ သူတို့သည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်ြ"နတ်စမ်းချောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မင်းကို စိန်ခေါ်နေပြီ။မြန်မြန်လက်ခံလိုက်။"
ဟင်း … လုံးဝကို မျှော်လင့်ချက်မဲ့သည့် လူများပင် ဖြစ်ပေသည်။
"အကြီးအကဲမာနဲ့ အကြီးအကဲဝမ်"
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ကျုပ်ရဲ့ ဂိုဏ်းမှာ အတော်ကြာအနားယူလို့ရတယ်လေ။ နောက်ရက်ကျမှ တိုက်ခိုက်ကြတာပေါ့။"
"...."
မာယွင်တန်နှင့် ဝမ်တုန်လင်တို့၏ မျက်နှာများသည် ချက်ချင်းဆိုသလိုပဲ ပျက်ရွင်းသွားကြသည်။
တစ်ခြားသော ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်ကျွင်းအား ထွက်ခွာခွင့်ပေးရန် မရှိကြောင်းကို နားလည်လိုက်မိကြ၏။
တွေးကြည့်လိုက်မည်ဆိုလျှင် ဤအရာသည်လည်း အဓိပ္ပာယ်ရှိလှ၏။
သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းသို့ ရောက်ရှိလာပြီး စိန်ခေါ်ခဲ့သည်။
ထို့အပြင် ခုနစ်ဆယ့်သုံးပွဲတိတိတိုက်ခိုက်ခဲ့သည့်အပြင် နတ်စမ်းချောင်းဂိုဏ်းသည် ခုနစ်ဆယ့်သုံးပွဲလုံး ရှုံးနိမ့်ခဲ့၏။
ဤအတိုင်းသာ ထွက်ခွာသွားမည်ဆိုပါက နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်အနေနဲ့ သူ၏မျက်နှာသည် မည်သည့်နေရာတွင် ထားရတော့မည်နည်း။
ဂိုဏ်းချုပ်ကျွင်းသည် ဒဏ်ရာတစ်ခုမှ မရရှိဘဲ ပြန်ထွက်သွားမည်ဆိုပါက ဤကိစ္စသည် သူတို့ဂိုဏ်းကို အများကြီး သက်ရောက်လာပေလိမ့်မည်။
ရှစ်ကျွန်းရွှမ် သည် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းကို ကြည့်ရတာ ဒုက္ခရောက်နေပြီနဲ့တူတယ်။ငါသူ့ကို ကူညီရမယ်။"
လီအာ ဆွံ့အသွားမိ၏။ "ခန်းမသခင် ဒီကိစ္စက သံမဏိအရိုးဂိုဏ်းနဲ့ နတ်စမ်းချောင်းဂိုဏ်းရဲ့ကိစ္စလေ။ ဝင်မပါဘဲနေရအောင်။"
"ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့ လူလိုပဲ။သူ ဂိုဏ်းချုပ်ဟုန်ရဲ့ အနိုင်ကျင့်ခြင်းကို ခံရမှာ ငါ မလိုချင်ဘူး။" ရှစ်ကျွန်းရွှမ် ပြောလိုက်သည်။
လီအာ လေးလေးနက်နက် ပြောလိုက်၏။ "ခန်းမသခင် သေချာစဉ်းစားပါအုံး ။ဒီလူကို ကူညီမယ်ဆိုရင် နတ်စမ်းချောင်းဂိုဏ်းက သဘောတွေ့မှာ မဟုတ်ဘူး။”
“သူက ခုနစ်ဆယ့်သုံးပွဲတိတိ တစ်ပွဲမှ မနိုင်တဲ့သူလေ။ဒီလို ဂိုဏ်းမျိုးနဲ့ ရန်ငြိုးရှိမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။" ရှစ်ကျွန်းရွှမ် ပြောလိုက်၏။
ဤစကားများကိုသာ နတ်စမ်းချောင်းဂိုဏ်းသားများ သိလျှင် နှလံးသားထဲတွင် ဓား ထိုးစိုက်ခံရသလို ခံစားမိနေမှာ သေချာလှသည်။
ရှစ်ကျွန်းရွှမ် သည် သေးငယ်လှသော ခန်းမဆောင်လေးထဲမှ မတ်တပ်ထရပ်နေတုန်းမှာပဲ အသံတစ်ခု ကြားလိုက်ရ၏။
"ဂိုဏ်းချုပ်ဟုန် … အခုလောက် ကောင်းတဲ့ အချိန်ဆိုတာ မရှိတော့ဘူး။ဒီတော့ ခင်ဗျား တိုက်ခိုက်ချင်တယ်ဆိုမှတော့ အခုပဲ တိုက်ခိုက်ကြရအောင်။"