← Chapters

ပါဝင် ပစ္စည်းများ

Vol. 88 Ch. 1219

ပါဝင် ပစ္စည်းများ

Vol. 88 Ch. 1219

ဝေ့ဝူယင် သိမ်မွေ့စွာပင် ပြုံးလိုက်၏။ ထိုမြူနှင်းကို အစတုန်းက အဆုံးမဲ့ အမတေ မြူနှင်း အဖြစ် ရည်ညွှန်းခဲ့ကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ရှိစဉ်အခါတုန်းက ဝေ့ဝူယင် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ တော်ဝင် သားတော် ရွေးချယ်ပွဲတွင် ချီးမြှင့်သည့် ဆုများထဲမှ တစ်ခု ဖြစ်ကာ နတ်ဘုရား ကောင်းချီး အဖြစ်လည်း ရည်ညွှန်းခဲ့ကြသည်။ အစကတည်းကပင် ထိုမြူနှင်းမှာ ရေနှင့် လေစွမ်းအင်၏ ထုတ်ကုန် တစ်ခုသာ မကပဲ ထူးခြားကြောင်း ဝေ့ဝူယင် ယုံကြည်ခဲ့သည်။

သူ့ အတွေးက မှန်ကန်ပေသည်။ အဆုံးမဲ့ မြူနှင်းကို ကောင်းကင် သန့်စင် အဆုံးမဲ့ မြူနှင်းဟု ခေါ်ပေသည်။ ၎င်း၏ ရည်ရွယ်ချက်ကတော့ နတ်ဆိုးများကို မွေးဖွားစေသည့် ကောင်းကင် ဖယ်ခွာခြင်း မလုပ်ခင် ရုပ်ဝတ္ထုများကို သန့်စင် ပေးနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း... ချိပ်ပိတ် နယ်မြေ အတွင်း၌ ကောင်းကင် ဖယ်ခွာခြင်း ဖြစ်စဉ်များမှာ မကြာခဏ ဆိုသလို ကျရှုံးလေ့ ရှိလေရာ ၎င်းကို ကောင်းကင် ရတနာ တစ်ခု အဖြစ် ယူဆ နိုင်ပေသည်။

ကောင်းကင် သန့်စင် မြူနှင်းမှာ ချိပ်ပိတ် နယ်မြေ အတွင်း အလွန် ရှာဖွေရ ခက်ခဲသည့် ရတနာ တစ်ခု ဖြစ်သည်။ သင့်တော်သည့် ကျင့်ကြံခြင်း အခြေခံ မရှိပါကလည်း ထိုပစ္စည်းကို အကောင်းဆုံး အသုံးချဖို့ မဖြစ်နိုင်ပါချေ။ ထို့ကြောင့်ပင် ကောင်းကင် သန့်စင် မြူနှင်းမှာ ဝေ့ဝူယင်၏ လက်စွပ် အတွင်း နှစ်ပေါင်းများစွာတိုင် မတို့မထိ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ... ဆယ်စုနှစ် သုံးခု ကြာမြင့်ပြီး နောက်တွင်တော့ သူ ထိုမြူနှင်းကို သုံးရန် အရည်အချင်း ပြည့်မှီခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့ နှလုံးသား အတွင်း ပလိပ် ရောဂါ တစ်ခုလို စွဲကပ်နေသည့် ပဟေဠိကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ချိပ်ပိတ် နယ်မြေ အတွင်း ကောင်းကင် ဖန်တီးခြင်း ဖြစ်စဉ်များမှာ အဘယ်ကြောင့် ယခုလောက် အကျအရှုံး များပြားရသနည်း။

အဖြေကတော့ ချိပ်ပိတ် အစီအရင်ပင် ဖြစ်လေသည်။ ၎င်းမှာ ဝိညာဉ်များကို ကန့်သတ်ထားသည့် အပြင် မကြာခဏ ဆိုသလို ကောင်းကင် ဖြစ်စဉ်များကို သွယ်ဝိုက်သော နည်းလမ်းများဖြင့် နှောက်ယှက်နိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် နတ်ဆိုးများကို တွေ့မြင်ဖို့ အလွန် ခက်ခဲခြင်း ဖြစ်သည်။

အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက နတ်ဆိုးများမှာ ချိပ်ပိတ် အစီအရင် ချိပ်ဆက်များ အနီးတွင် ပိုမို၍ မွေးဖွားလေ့ ရှိခြင်း ဖြစ်သည်။ အစီအရင် ချိပ်ဆက်များမှာ မုန်တိုင်း၏ မျက်လုံးလိုမျိုးပင် အတည်ငြိမ်ဆုံးနှင့် အားအနည်းဆုံး နေရာများ ဖြစ်သည်။ ထာဝရ ကြယ်တာရာ နယ်မြေမှာ ချိပ်ဆက် တစ်ခု တည်ရှိရာ ဌာနေ ဖြစ်လေရာ နတ်ဆိုးများ အများဆုံး မွေးဖွားလေ့ ရှိပေသည်။ အခြား ချိတ်ဆက် နှစ်ခုကတော့ အသက်ဓာတ် ကင်းမဲ့သည့် နတ္ထိ ဟင်းလင်းပြင် အတွင်း တည်ရှိနေလေရာ မုန်တိုင်း မျက်လုံးဟု ဆိုနိုင်သော နေရာမှာ သက်ရှိများ မွေးဖွားနိုင်သည့် မည်သည့် အရပ်ဒေသကိုမှ အလှမ်းမှီခြင်း မရှိပါချေ။

သို့သော်လည်း... ထိုနေရာများတွင် ထူးဆန်းသည့် ဟင်းလင်းပြင် သက်ရှိများကို တွေ့မြင်ရလေ့ ရှိကြောင်း သတင်းများ မကြာခဏ ဆိုသလို ထွက်ပေါ်လာလေ့ ရှိသည်။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အလောင်းများကိုပင် တစ်ခါတစ်ရံ တွေ့မြင်ရလေ့ ရှိသည်။

“ဒီလိုပါပဲ... ကံကောင်းပြီး ရထားတယ် ဆိုပါတော့...”

ဝေ့ဝူယင် ပိုင်ရှု၏ မေးခွန်းကို ပြန်ဖြေလိုက်၏။ ပိုင်ရှုမှာ သူ့အဖြေကို ကြားဟန် မရချေ။ ဖန်လုံးလေးကိုသာ စိတ်ဝင်တစား လှည့်ပတ်ကြည့် နေခဲ့သည်။

“သူ့ကို မစားစေနဲ့...”

ကောင်းကင်စစ်ဝိညာဉ်က စိတ်မချသည့် ပုံစံဖြင့် သတိပေးလိုက်၏။ ကောင်းကင် သန့်စင် အဆုံးမဲ့ မြူနှင်းမှာ ဝမ်ယုထျန်း၊ ပိုင်ရှုတို့လို ဝိညာဉ် အသွင်များ အတွက် အလွန် အဖိုးတန်ကြောင်း ဝေ့ဝူယင် သူမထံမှ အစောကြီး ကတည်းက သိရှိပြီး ဖြစ်သည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုမှ တစ်ဆင့် ၎င်းက စားသုံးရန် အတွက် မဟုတ်ကြောင်း ပိုင်ရှု တစ်ယောက် နားလည်ပြီး ဖြစ်ပေသည်။

ဝေ့ဝူယင် ထုတ်ယူလိုက်သည့် နောက်ထပ် ပစ္စည်း တစ်ခုကတော့ သူ ဖန်တီး ပြုပြင်ထားသည့် အကန့်အသတ်မဲ့ တာအို ဝိညာဉ်ပြာပင် ဖြစ်သည်။ ထိုရင်းမြစ်၏ အကောင်းဆုံးသော စွမ်းရည်မှာ အကန့်အသတ်မဲ့ အသွင် ပြောင်းလဲခြင်း၊ ပေါင်းစပ်ခြင်းများကို ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းကို ကောင်းကင် ဖယ်ခွာခြင်း၏ နောက်ထပ် ကျရှုံးရလဒ် တစ်ခု ဖြစ်သည့် ကောင်းကင် ကျောက်စိမ်း အရိုးပြာမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

“ဒါကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

ပိုင်ရှုက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ လွန်ခဲ့သည့် ရှစ်နှစ် ကာလ အတွင်း၌ သူမမှာ မှော်သန့်စင် ဆေးအိုး နှစ်ခုကို ပေါင်းစပ်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်လေရာ ဝေ့ဝူယင် ဆေးဖော်စပ်ရာတွင် တစ်ကြိမ်တစ်ခါမျှ ကူညီခဲ့ဖူးခြင်း မရှိချေ။ အမြဲတမ်း ပြောင်းလဲနေသည့် ကျောက်စိမ်းကို ဆုပ်ကိုင်ကြည့်ရင်း သူမ၏ ခန္ဓာကိုယ်လေးက မထိန်းချုပ်နိုင်စွာ တုန်ရီလာ၏။

ပိုင်ရှု ပါးစပ်ကလေးကို ဟကာ မြိုချဖို့ စဉ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် သွားရည်များပင် ကျလာခဲ့၏။ သို့သော်လည်း... နောက်ဆုံးတွင်တော့ သိက္ခာက ဆန္ဒကို အနိုင်ယူသွားကာ ဝမ်းနည်းစွာဖြင့် ပြန်လည် ချထားလိုက်သည်။

ဝေ့ဝူယင် အဂ္ဂိရတ် တာအို ဝိညာဉ်လေး၏ အဖြစ်ကို ကြည့်ကာ ပြုံးလိုက်မိ၏။

“ကျန်ရင် နင့်ကို ကျွေးမှာပါ...”

အကန့်အသတ်မဲ့ တာအို ဝိညာဉ်ပြာမှာ ပိုင်ရှုတို့လို ဝိညာဉ် အသွင်များ အတွက် မည်မျှ ထိရောက်မှု ရှိကြောင်း စမ်းသပ်ကြည့်ဖို့ အတွက် သူ့တွင် အစီအစဉ် ရှိပေသည်။ ကောင်းကင် စစ်ဝိညာဉ်နှင့် ကတည်းက စမ်းသပ်ဖို့ သူ တွေးတောမိသည့်တိုင် သူမမှာ အသိစိတ် ပင်လယ် အတွင်း အမြစ်တွယ်နေသည့် ရွှေရောင် ဥကလေးထဲမှ တစ်ကြိမ် တစ်ခါမှ ထွက်လာခဲ့ခြင်း မရှိချေ။

“ဆရာ ကတိပေးတာနော်...”

ဝေ့ဝူယင်၏ စကားက ပိုင်ရှု၏ စိမ်းပြာရောင် မျက်ဝန်းလေးများကို ပျော်ရွှင်မှုများနှင့် တလက်လက် တောက်ပ သွားစေခဲ့သည်။ သူမက တက်တက်ကြွကြွပင် မှော်သန့်စင် ဆေးအိုး နံဘေးသို့ ပျံသန်း သွားခဲ့၏။ ယခင် သူမ ခံစားနေခဲ့ရသည့် ပင်ပန်း နွမ်းနယ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားပုံ ရကာ လူသစ်၊ စိတ်သစ် အဖြစ် ပြန်လည် မွေးဖွားလာသလိုပင်။

မကြာခင်မှာပင် ဝေ့ဝူယင်၏ နှုတ်ခမ်းထက်ရှိ အပြုံးများက မှေးမှိန်သွားကာ ရှန့်ထို လက်စွပ်ထဲမှ နောက်ထပ် ပစ္စည်း တစ်ခုကို ထုတ်ယူ လိုက်သည်။ ၎င်းက အေးမြမြ အလင်းတန်းများ တောက်ပနေသည့် ရွှေရောင် လေးထောင့် သတ္တာကလေး တစ်လုံပင် ဖြစ်သည်။ သေတ္တာလေးကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများထဲ၌ ခံစားချက်လှိုင်း တစ်ချို့ ဖြတ်ပြေး သွားခဲ့၏။

သူ ဂရုတစိုက်ပင် သေတ္တာလေးကို ဖွင့်လိုက်သည်။ ၎င်းကို ဩ အစစ်အမှန် မွေးဖွားခြင်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ကျင့်ကြံသူ တစ်ယောက်ထံမှ ရရှိထားခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူမှာ အရိပ်ဥကြီး အတွင်းရှိ အေးစက် ခြောက်ကပ်နေသော အကျဉ်းခန်း တစ်ခုထဲတွင် ခြေလက်များ ကင်းမဲ့စွာဖြင့် အသားတုံး တစ်ခုလို ချိတ်ဆွဲခံထားရသည်။ ထိုနည်းဖြင့် သူ၏ ယန်စွမ်းအင်များကို နှစ်ပေါင်း ငါးရာတိုင်အောင် ထုတ်ယူခံခဲ့ရသည်။

နှစ်ပေါင်း ငါးရာ...

၎င်းမှာ သာမန် သေမျိုး တစ်ယောက် အတွက် ဘဝ ငါးခုစာ အချိန်ကာလ ဖြစ်သည်။ သို့သော်လည်း... သူကတော့ သေဆုံးခြင်း မရှိပဲ အဆုံးအစမဲ့ အမှောင်ထုထဲတွင် ညှဉ်းပန်း နှိပ်စက်မှုများကို ထာဝရ ခံခဲ့ရသည်။ ခြေလက်များ ဖြတ်တောက်ခံခဲ့ရရုံသာ မက သူ့ကို ယောက်ျား တစ်ယောက် အဖြစ် ဖြစ်တည်စေခဲ့သည်ံ့ အဖိုး အတန်ဆုံး ရတနာကိုပါ အကြင်နာမဲ့စွာ ဖြတ်‌တောက် ပစ်ခဲ့သည်။

...

“ခင်ဗျားက ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိသလို ကျွန်တော် ပြောတာကို ခင်ဗျား ကြားနိုင်ပါ့မလား ဆိုတာလည်း မသိဘူး... ဒါပေမဲ့ တကယ်လို့များ ခင်ဗျား ကြားနိုင်ခဲ့မယ် ဆိုရင်လေ အရမ်းကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်... ဒါပေမဲ့... ကျွန်တော့်မှာ တောင်းဆိုချင်တာ တစ်ခု ရှိပါသေးတယ်... ကျုပ်လို သေးငယ်ပြီး မထင်မရှား အကျဥ်းသားလေး တစ်ယောက်ထံမှ တောင်းဆိုမှုပါ”

“တကယ်လို့ ကျုပ်ရဲ့ တောင်းဆိုမှုလေးကို ဖြည့်ဆည်းပေးမယ် ဆိုရင် ကျုပ် ပိုင်ဆိုင်ထားတဲ့ ယန်ရင်းမြစ် အနှစ်သာရကို ခင်ဗျားကို ပေးပါ့မယ်...”

“ကျေးဇူးပြုပြီး ကျုပ် ပြောတာကို ကြားပေးပါ... ကြားပေးပါ...”

“ကျေးဇူးပြုပြီးတော့...”

“သတ်ပေးပါဗျာ... ကျွန်တော့်ကို... ကျေးဇူးပြုပြီး”

“ကျေး... ကျေးဇူးတင်...”

...

အတိတ်၏ မှတ်ဉာဏ်များက ဝေ့ဝူယင်၏ စိတ်အတွင်း ဖြည်းညင်းစွာ ပြန်လည် ပေါ်လာခဲ့၏။ သူ ဖြည်းညင်းစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ဆုံးတွင်တော့ ထိုအကျဉ်းသားမှာ ပိုင်လင်၏ နိဗာန မီးတောက်များ ‌အောက်တွင် ပြာမှုန်စများ အဖြစ် လောင်ကြွမ်း ပြာကျကာ သေဆုံးသွားခဲ့ရသည်။ ထိုနည်းဖြင့် သူ၏ နှစ်ပေါင်း ငါးရာ ကံကြမ္မာမှာလည်း လှပစွာ အဆုံးသတ်ခဲ့ရသည်။

“ယန်ပြန်လည် ဖွံ့ဖြိုးခြင်း ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ရဲ့ ယန်ရင်းမြစ် အနှစ်သာရ...”

ကလေး လက်သီး တစ်ဆုပ်စာလောက် ရှိမည့် ရွှေရောင် အလုံးလေးကို ကြည့်ကာ ပိုင်ရှုမှာ သူမ၏ ပျံသန်းမှုကို ရပ်တန့် လိုက်၏။

“နာကြည်းမှုတွေ၊ မုန်းတီးမှုတွေ၊ နောက်ပြီး သေဆုံးချင်တဲ့ ဆန္ဒ... အရမ်းကို ပြင်းထန်လွန်းတယ်... ကျွန်မ ခံစားကြည့်လို့ရတယ်”

သူမ၏ လေသံက ခံစားချက် အငွေ့အသက် တစ်ချို့ဖြင့် ပြည့်နှက်နေ၏။ တစ်ခဏ ကြာပြီးနောက် သူမ၏ အမူအရာက ပြောင်းလဲ သွားသည်။

“ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာ ရသွားတဲ့ ခံစားချက်... နောက်ဆုံးမှာ သူက ငြိမ်းချမ်းသွားတဲ့ပုံပဲ”

ပိုင်ရှုက လက်ကလေးများကို မြှောက်ရင်း ရွှေရောင် ကျောက်တုံးလေးကို ထိကိုင် ကြည့်လိုက်သည်။

“ဒီယန်ရင်းမြစ် အနှစ်သာရက အတော်လေး ကြီးတာပဲ... ပုံမှန် အမျိုးသား ကျင့်ကြံသူတွေမှာ ဆိုရင် ဖုန်မှုန့် အရွယ်လောက်ပဲ ရှိတာ... ဒီလောက် အရွယ်အစား အထိ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းက နှစ်ခုပဲ ရှိတယ်...”

“သူ့ရဲ့ လိင်စိတ်ဆန္ဒကို အကန့်အသတ် ရောက်တဲ့ အထိ သုံးခဲ့တာ ဒါမှမဟုတ် သူ့ရဲ့ ယန်စွမ်းအင်တွေက နှစ်ပေါင်း သောင်းချီ ထုတ်ယူခံခဲ့ရတာကြောင့်ပဲ”

“နှစ်ပေါင်း သောင်းချီ...”

ဝေ့ဝူယင် အံ့သြသွားခဲ့၏။ သို့သော်လည်း... မည်သည့် အရာက လွဲချော်နေကြောင်း သူ ချက်ချင်းပင် သဘောပေါက် သွားခဲ့သည်။ လောက၌ ယန်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းနိုင်သည့် နည်းလမ်းပေါင်း များစွာ ရှိပေသည်။ ပိုင်ရှုမှာ သဘာဝ နည်းလမ်း အတိုင်း ယန်စွမ်းအင် ပြန်လည် ဖွံ့ဖြိုးမှုကို အခြေခံကာ နှစ်ပေါင်း သောင်းချီဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်ကတော့ သဘာဝ အတိုင်း ပြန်လည် ဖွံ့ဖြိုးခြင်းထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သည့် နည်းလမ်းများကို သုံးခဲ့ဟန် ရသည်။ သူတို့က နှစ်ပေါင်း ငါးရာ အတွင်းမှာပင် ယန်ပြန်လည် ဖွံ့ဖြိုးခြင်း ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက် နှစ်ပေါင်း သောင်းနှင့်ချီ ကျင့်ကြံရရှိနိုင်သည့် ယန်စွမ်းအင်များကို ထုတ်ယူ ခဲ့ခြင်း ဖြစ်သည်။

သူတို့က ထိုကျင့်ကြံသူကို မည်မျှ အထိ မောင်းနှင်ခဲ့သနည်း။ သူတို့၏ လုပ်ရပ်များက မည်မျှ ရက်စက် ကြမ်းကြုတ် လိုက်သနည်း။

ဝေ့ဝူယင် အံကို တင်းတင်းကြိတ် လိုက်မိ၏။ သူက သူတော်စင် တစ်ယောက် မဟုတ်လေရာ ပုံမှန်ဆိုလျှင် သူနှင့် မသက်ဆိုင်သည့် အခြား ကျင့်ကြံသူများ၏ နာကျင်မှုများကို သိပ်ဂရုစိုကလေ့ မရှိချေ။ သို့သော်လည်း ယောကျ်ား တစ်ယောက် အနေဖြင့် ထိုကျင့်ကြံသူ ခံစားခဲ့ရသည့် နာကျင်မှုများကိုတော့ သူ ကိုယ်ချင်းစာ နိုင်ခဲ့သည်။ ထိုခံစားချက်က အကျဉ်းသား ပိုင်ဆိုင်ခဲ့သည့် အဖိုးအတန်ဆုံး ရတနာကို သူ ရရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

“ဒါက ကမ္မ ချည်နှောင်မှုလား...”

တစ်စုံတစ်ခုကို တွေးမိသည်နှင့် ရုတ်တရက် ဝေ့ဝူယင်မှာ တုန်လှုပ် သွားခဲ့၏။ ကောင်းကင်က သူ့ကို လွှမ်းမိုးကာ အပြစ်သားများအား သုတ်သင် ရှင်းလင်းစေဖို့ ပြင်ဆင်နေသည်လား။

အဆုံးသတ်တွင်တော့ ဝေ့ဝူယင် ခံစားချက်များကို ပြန်လည် ဖိနှိပ်လိုက်ကာ နောက်ထပ် ပါဝင် ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းကား ပထမ သုံးခုလိုမျိုး သမိုင်းကြောင်း ရှုပ်ထွေးခြင်း မရှိပါချေ။ ဝေ့ဝူယင် ၎င်းကို ဒြပ်စင်နယ်မြေ ကပ်ပါး ကလန် တစ်ခုဆီမှ လက်ဆောင် အဖြစ် ရရှိထားခြင်း ဖြစ်သည်။

အစစ်အမှန် ဒြပ်စင် သလင်းကျောက်...

၎င်းမှာ ဒြပ်စင် ရည်ရွယ်ချက်ကို စုပ်ယူနိုင်သည့် ပြိုင်စံရှား အမတေ သန့်စင် သန့်စင်ခြင်း သလင်းကျောက် တစ်မျိုးပင် ဖြစ်သည်။ ၎င်းအား ရည်ရွယ်ချက်များကို သိုလှောင်ကာ ပြန်လည် ကျင့်ကြံရာ၌ အသုံးချနိုင်သည်။ ဥပမာ အားဖြင့် အကြွင်းမဲ့ သုည ရေခဲ အမတေမှာ အလွန်ရှားပါးလှသည့် ရတနာ တစ်မျိုး ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်သာ ဆန္ဒ ရှိပါက သူ ပိုင်ဆိုင်ထားသည့် အကြွင်းမဲ့ သုည ‌ရေခဲ ရည်ရွယ်ချက် အငွေ့အသက် တစ်ချို့ကို အစစ်အမှန် ဒြပ်စင် သလင်းကျောက် အတွင်း ထည့်သွင်းကာ အကြွင်းမဲ့ သုည ရေခဲ အမတေကို လွယ်ကူ ရိုးရှင်းစွာ ဖန်တီးနိုင်သည်။

လက်ရှိ၌ ဝေ့ဝူယင်မှာ အထွတ်အထိပ် အဆင့် ဒြပ်စင် မူလ ရည်ရွယ်ချက်များစွာကို ပိုင်ဆိုင်ထားလေရာ အစစ်အမှန် ဒြပ်စင် သလင်းကျောက် တစ်လုံး ရှိရုံမျှဖြင့် သူ ဆန္ဒရှိရာ မည်သည့် အထွတ်အထိပ် အဆင့် ဒြပ်စင် မူလ အမတေကိုမဆို ဖန်တီးနိုင်ပေသည်။

ကျင့်ကြံခြင်း လောက၌ အကြွင်းမဲ့ သုည ရေခဲ အမတေလို သာမန် ရည်ရွယ်ချက် တစ်ခု ပါဝင်နေသည့် သလင်းကျောက်များ ပင်လျှင် အလွန် အဖိုး ထိုက်တန်နေပြီ ဖြစ်သည်။ ၎င်းတို့ကို ကောင်းကင် ရတနာ အဖြစ်ပင် တင်စားကာ တန်ဖိုးထားကြသည်။ အထွတ်အထိပ် အဆင့် ဒြပ်စင် မူလ အမတေဆိုလျှင် အဖိုးမဖြတ်နိုင်အောင်ပင် တန်ဖိုး ရှိလိမ့်မည် ဖြစ်သည်။

“ဆရာ့မှာ ပစ္စည်းကောင်းတွေ အများကြီးပဲ...”

ပိုင်ရှု၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ အခြားတစ်ဖက်၌ သူမ၏ အမူအရာထက်တွင် သုန်မှုန်ခြင်းများလည်း ရှိနေခဲ့သည်။ ချိပ်ပိတ်နယ်မြေ အတွင်း မွေးဖွား ကြီးပြင်းလာခဲ့သူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ အဘယ်ကြောင့် ထိုမျှ အဖိုးထိုက်တန်သော ပစ္စည်းများကို ပိုင်ဆိုင်ထားသနည်း။

***

All Chapters