← Chapters

သေမျိုးနှင့် လျှို့ဝှက် သဟဇာတ ဖြစ်ခြင်း

Vol. 88 Ch. 1221

သေမျိုးနှင့် လျှို့ဝှက် သဟဇာတ ဖြစ်ခြင်း

Vol. 88 Ch. 1221

အချိန်ဆိုသော ရထားကြီးကား ဖြည်းဖြည်းမှန်မှန်နှင့် ခုတ်မောင်းလျှက် ရှိ၏။ မူလ အာရုဏ်ဦး နန်းတော် အတွင်း၌ လှပသည့် မိန်းမပျို ခုနစ်ယောက်မှာ နိုးထနေကြပြီ ဖြစ်ကာ အုပ်စုဖွဲ့ စုရုံး နေကြသည်။ သူတို့မှာ စကားလုံးချင်း၊ အကြည့်ချင်း ဖလှယ်ကြရင်း ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ဉာဏ်အလင်းများကို ဆွေးနွေး နေကြခြင်းပင် ဖြစ်လေသည်။

အရည်အသွေး အမြင့်ဆုံး၊ အသန့်စင်ဆုံး၊ အသိပ်သည်းဆုံး အမတေများနှင့် ပြည့်နှက်နေသည့် မူလ အာရုဏ်ဦး နန်းတော်ကြီးတွင် စတင် နေထိုင်စဉ် အချိန်ကတည်းက စလို့ သူတို့ ခုနစ်ယောက်မှာ တစ်ဦး၏ တည်ရှိမှုကို တစ်ဦးက အသိအမှတ်ပြုကာ ကိုယ်ပိုင် တာဝန်များ၊ အခန်း ကဏ္ဍများကို သဘောတူညီခဲ့ကြသည်။ တံခါးပိတ် ကျင့်ကြံခြင်းများကိုပင် တစ်စုတစ်စည်းတည်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အထူးသဖြင့် သေမျိုးတာအိုကို အပြည့်အဝ ဆုပ်ကိုင်ပြီး ဖြစ်သည့် လင်းရှန်းရှန်းလို လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် ရှိနေခြင်းက သူတို့ အတွက် နားလည်မှုများကို ပိုမို ကူညီနိုင်စွမ်း ရှိသည်။

ထို့အပြင်... ဝေ့ဝူယင် ထုတ်လွှတ်ခဲ့သည့် အလွန် အားကောင်းလှသော ယန်စွမ်းအင် အမတေများကို သန့်စင်ရန် သူမတို့ အတွက် အချိန်လိုအပ်ပေသည်။

မေ့ယန်မှာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးထားကာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ သူမ၏ ဆံပင်နှင့် အရေပြားတို့က ကျန်းမာ သန်းစွမ်းလှသည့် နိမိတ် ပုံရိပ်များကို ဖော်ဆောင်နေကာ ကျစ်လစ်သော ကြွက်သားတို့က သူမ၏ သဘာဝ အလှအပကို လှစ်ဟာ ပြသနေသည်။ ဝင်သက် ထွက်သက်တိုင်း၌ ခန္ဓာကိုယ် အတွင်း စုပြုံနေသည့် မသန့်စင်မှု မှန်သမျှက လုံးဝ ဆေးကြော သန့်စင်ခံလိုက်ရသလို သူမ ခံစားနေရသည်။ ထိုအခိုက်၌ သူမ၏ ခန္ဓာကိုယ်က ညစ်ညမ်းမှု ကင်းစင်နေကာ စွမ်းအင်များကိုသာ သိုလှောင်ထားသည့် ရတနာ တစ်ပါး သဖွယ်ဖြစ်နေခဲ့သည်။

မေ့ယန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အခြားလူများအား လမ်းညွှန်ပြသနေသည့် လင်းရှန်းရှန်းကို တွေ့လိုက်ရ၏။

“အချိန်ရဲ့ အမတေကို စီးဆင်းမှု အမျိုးမျိုး အနေနဲ့ ခွဲခြားထားတယ်... အချိန်ရဲ့ နက်နဲတဲ့ သဘာဝကို ထိတွေ့ဖို့နဲ့ ကိုယ်ပိုင် စွမ်းအားထဲ ပေါင်းထည့်ဖို့ ဆိုရင် နင်တို့ အနေနဲ့ အရာအားလုံးရဲ့ စီးဆင်းမှုကို ဆုပ်ကိုင်ဖို့ လိုအပ်တယ်... စိတ်မျက်လုံး အခြေတည်တဲ့ အသိစိတ် ပင်လယ်ထဲမှာ အဲဒါကို အာရုံခံဖို့ လိုတယ်.. စိတ်စွမ်းအင်တွေကို လမ်းညွှန် အဖြစ် သုံးနိုင်တယ်... အဲဒီလို နည်းနဲ့ ဆိုရင်...”

လက်ရှိ၌ ထိုအစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ်မှာ အချိန်စွမ်းအင်၏ နက်နဲသော နိယာမများကို ရှင်းပြနေခြင်းပင် ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်၏ အတွေ့အကြုံများမှာ အိယင်၊ စီတနှင့် တရှန်းတို့လို အချိန်သခင် အဆင့်ကို ရောက်ရှိပြီးသားလူများ အတွက်ပင် အလွန် အကျိုးရှိလှသည်။ လင်းရှန်းရှန်း၏ လမ်းညွှန်မှုများ အောက်တွင် အမျိုးမျိုးသော ကျင့်စဉ်နှင့် အစီအရင်များ အတွင်းရှိ အချိန် ဆက်သွယ်ခြင်နှင့် သက်ဆိုင်သော အယူအဆများကိုပင် သူတို့ ဆုပ်ကိုင်လာနိုင်ကြသည်။

ထိုအခိုက်၌ မိန်းကလေး ခြောက်ယောက်လုံးမှာ လင်းရှန်းရှန်း၏ နက်နဲသော ပို့ချမှုများကို အာရုံ စူးစိုက်ကာ နာယူ နေကြ၏။ နန်းတော် အတွင်း၌ လင်းရှန်းရှန်းမှာ အစေခံ တစ်ယောက်သာ ဖြစ်သည့်တိုင် သူမကို မည်သူမှ မထီမဲ့မြင် မလုပ်ရဲကြချေ။ ထိုအရာက ကျင့်ကြံခြင်း အခြေခံ ကွာခြားမှုကြောင့် မဟုတ်ပဲ သူမ အပေါ် လေးစားမှု သက်သက်ကြောင့်သာ ဖြစ်သည်။ ထို့အပြင်... လင်းရှန်းရှန်းမှာ အလွန် စိတ်ရှည်သည်။ သူမတို့ မေးသည့် မေးခွန်း အားလုံးကို လက်ခံကာ သင့်လျော်သည့် အဖြေများ ပြန်လည် ဖြေကြားပေးလေ့ ရှိသည်။

မေ့ယန် ပြုံးလိုက်၏။ မောင်းမဆောင်များမှာ ပြိုင်ဆိုင်မှုနှင့် မနာလို ဝန်တိုမှုများ ပြည့်နှက် နေတတ်သည့် နေရာများ အဖြစ် မကြာခဏ ဆိုသလို ဖော်ပြလေ့ ရှိကြသည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက အတွေ့အကြုံများ အရ ဆိုလျှင် ထိုစကားက မှန်ပေသည်။ အကယ်၍ ယောက်ျားမှာ ထူးချွန်ကာ ဧကရာဇ်လို ရာထူးမျိုးကို ပိုင်ဆိုင်ထားလျှင် ထိုဖြစ်နိုင်ချေက ပိုမို၍ပင် များပြားသည်။ အဘယ်ကြောင့် ဆိုသော်... လင်ယောက်ျား၏ ချစ်ခြင်း မေတ္တာနှင့် အလေးပေးမှုတို့က သူတို့၏ အဆင့်အတန်းကို တိုက်ရိုက် အဆုံးအဖြတ် ပေးနိုင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း... အတူတကွ နေထိုင်ခဲ့သည်မှာ နှစ်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် သူတို့ အကြားတွင်တော့ ထူးထူးခြားခြား သဟဇာတ ဖြစ်မှု တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

မေ့ယန် ဝေ့ဝူယင် အကြောင်းကို တွေးလိုက်မိ၏။ နွေးထွေးမှု၊ ချစ်ခင်မှုတို့နှင့် အတူ နှိုင်းယှဉ်၍ မရနိုင်သည့် အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လွင်လာခဲ့သည်။ အယ်ဗန် သစ်တောများထဲ ပြေးလွှားရင်း ရင်းမြစ် တစ်ခုချင်းစီတိုင်း အတွက် အသက်နှင့်ရင်း တိုက်ပွဲဝင်ခဲ့ရသည့် နေကျီးကန်း စုန်းမမှာ ယခုလို ပျော်ရွှင်မှုများကို ခံစားလာရလိမ့်မည်ဟု မည်သူ ထင်ခဲ့မိမိနည်း။

“နင် သန့်စင်လို့ ပြီးသွားပြီလား...”

ရှန်းလင်က သူမ အနားသို့ ချဉ်းကပ်လာရင်း မေးလိုက်သည်။ မေ့ယန် တောက်ပသည့် အပြုံးကို ဆက်လက် ထိန်းသိမ်းထားခဲ့၏။

“အင်း...”

သူမ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ရှင်းလင်၏ ခန္ဓာကိုယ်ကတော့ ခပ်ဖျော့ဖျော့ အလင်းတန်း တစ်ချို့နှင့် တောက်ပနေခဲ့ကာ ဝေ့ဝူယင်၏ ယန် အမတေများကို သန့်စင်နေရဆဲ ဖြစ်ကြောင်း ဖော်ပြနေသည်။

ရှန်းလင် နှုတ်ခမ်းလေးကို စူလိုက်၏။ အခြားလူများနှင့် ယှဉ်ပါက နှေးကွေးသည့် သန့်စင်မှုနှုန်းကြောင့် သူမ အနည်းငယ် မချင့်မရဲ ဖြစ်သွားသည့်ပုံ ရသည်။

မေ့ယန် ရယ်မောလိုက်ရင်း သူမ၏ လက်ချောင်း နှစ်ချောင်းကို သုံးကာ ရှန်းလင်၏ မို့မို့ဖောင်းဖောင်း ပါးလေးများကို ညှစ်လိုက်သည်။ ရှန်းလင် တစ်ယောက် အံ့အားသင့်သွားကာ ကြောင်စီစီ အမူအရာဖြင့် မေ့ယန်ကို ကြည့်လိုက်မိ၏။

“ဘာတုံး...”

“ငါနင့်ကို ကူညီမလို့...”

မေ့ယန်က ပြောလိုက်ရင်း ရှန်းလင် ကိုယ်ပေါ်သို့ ခုန်ဝင်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ ခုတင်ပေါ် လုံးထွေး ပြုတ်ကျ သွားခဲ့သည်။

“အ... နင်...”

မကြာခင် ထူထဲသည့် ခြုံစောင်အောက်တွင် ရုန်းကြွသည့် လှုပ်ရှားပုံများ ဖြစ်ပေါ်လာခဲ့၏။ အခြား မိန်းကလေးများမှာ လင်းရှန်းရှန်း၏ ပို့ချမှုကိုသာ အာရုံစိုက် နေကြလေရာ ရှန်းလင်၏ ညည်းညူသည့် အသံများ အပေါ် အာရုံ မလာကြချေ။

မေ့ယန်ကို သူမ၏ ကျင့်ကြံခြင်း အတူ ကူညီပြီး နောက်တွင် မေ့ယန်မှာ ချိုမြိန်မှုများ စွန်းထင်နေသည့် လေထုကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် ရှည်လျားစွာဖြင့် ပြန်လည် ရှူထုတ်လိုက်သည်။ ထိုအခိုက်၌ သူမ ဘဝကို ကျေနပ်စွာပင် ခံစားနေခဲ့၏။

၎င်းက ဘဝ တစ်လျှောက်လုံး ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့သည့် ရှင်သန် နေထိုင်မှုမျိုး ဖြစ်သည်။ ဝေ့ဝူယင် ထံတွင် အခြား မိန်းမ ရာချီ၊ ထောင်ချီ ရှိလျှင်ပင် ဤဘဝကိုသာ သူမ ရွေးချယ်လိမ့်ဦးမည် ဖြစ်သည်။

ရှန်းလင်၏ ခန္ဓာကိုယ်ထက်ရှိ တောက်ပမှုများက မှေးမှိန် ပျောက်ကွယ် သွားခဲ့၏။ သူမမှာ စိုစွတ်နေသည့် ခေါက်ဆွဲတစ်ဖတ်လိုမျိုး ခုတင်ထက်၌ လှဲလျောင်းနေသည်။ သူမ၏ နှုတ်ခမ်းလေးများက ပန်းနုရောင် အသွေးဖြင့် တောက်ပနေကာ ခြေလက်များမှာ အနည်းငယ် တုန်ယင်နေ၏။ မိန်းကလေး၏ မျက်လုံးများက မျက်နှာကျက်ကိုသာ စူးစိုက်ကာ ကြည့်နေခဲ့သည်။ သူမ၏ အာရုံတွင်တော့ ငွေရောင် မျက်လုံးများနှင့် ချောမောသည့် လူငယ်၏ ပုံရိပ်က စွဲထင်နေကာ သူမကို စွဲမက်ဖွယ် ပြုံးပြနေခဲ့၏။

“သူ ထွက်သွားတာ ခုနစ်လတောင် ရှိပြီ... မကြာခင် ပြန်လာလိမ့်မယ်လို့ နင် ထင်လား...”

ရုတ်တရက် ရှန်းလင်က မေးလိုက်၏။ ဤသည်က မူလ အာရုဏ်ဦး နန်တော်ကို သူမတို့ ရောက်ရှိပြီးနောက်ပိုင်း ဝေ့ဝူယင် အချိန် အကြာဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ဝေ့ဝူယင် တစ်ယောက် အလွန် အရေးကြီးသည့် အရာ တစ်ခုကို လုပ်နေဟန် ရသည်။

“နင် သူ့ကို သတိရနေပြီလား...”

မေ့ယန်က ပြုံးစစဖြင့် မေးလိုက်၏။ သူမ၏ ‘သတိရနေပြီလား’ ဆိုသည့် မေးခွန်းက အခြား အဓိပ္ပာယ် တစ်ခုကိုပါ ဆောင်ကြောင်း သိသာလှသည်။

“ဟုတ်တယ်...”

ရှန်းလင်က ခေါင်းညိတ်လိုက်၏။ မေ့ယန် သူမ၏ တိုက်ရိုက် တုန့်ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားကာ ပြူးကြည့်လိုက်မိသည်။ ထိုအမျိုးသမီးမှာ နှလုံးသား အတွင်းရှိ ဆန္ဒအား မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို သိပုံ မပေါ်ချေ။

မေ့ယန် ဖြည်းညင်းစွာပင် ရှန်းလင်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူမက သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်သည်။

“ငါတို့မှာ သူနဲ့ အတူဖြုန်းဖို့ အချိန်တွေ နှစ်ပေါင်း သိန်းနဲ့ချီ ရှိပါသေးတယ်... စိတ်မပူနဲ့”

“အင်း...”

ရှန်းလင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

"ဟူး... ဟူး..."

ထိုအခိုက်တွင်ပင် လေပြင်းတစ်ခုမှာ ရုတ်ချည်း ထွက်ပေါ်လာကာ အခန်း၏ နံရံများကို ဖြတ်သန်း တိုက်ခတ် သွား၏။ မိန်းကလေးများ၏ ဆံနွယ်များက လေနှင့် အတူ လွင့်စဉ်သွားကြကာ အဝတ်အစား ပင်လျှင် တဖျပ်ဖျပ် လှုပ်ခါသွားကြသည်။ ချက်ချင်းပင် မိန်းကလေး ခုနစ်ယောက်၏ ဆွေးနွေးဝိုင်း အသီးသီးမှာ ရပ်တန့် သွားကြ၏။ သူတို့က စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိကြသည်။

“ဘာဖြစ်သွားတာလဲ...”

တရှန်းက မေးလိုက်၏။ သတိထားသည့် မျက်ဝန်းများနှင့် အတူ သူမမှာ ကြာပန်း သဏ္ဌာန် ထိုင်နေရာမှ ခုန်ထလာခဲ့သည်။ သူမ၏ အော်ရာက အပေါ်ယံ မျက်နှာပြင် အောက်တွက် ပွက်ပွက်ဆူ လာနေခဲ့၏။

အခြားလူများမှာလည်း ထိုင်ရာမှ ထလာကြသည်။ သူတို့၏ မျက်ဝန်းများက လျှင်မြန်စွာ လှုပ်ရှားနေကာ ပတ်ဝန်းကျင်ကို စူးစမ်း ရှာဖွေဖို့ အားထုတ် နေကြ၏။

“...”

ရုတ်တရက် ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်ရလေရာ လင်းရှန်းရှန်း၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့၏။ ထိုအသံကို သူမ နားမလည်ချေ။ ၎င်းက သေမျိုး တစ်ယောက် လျှို့ဝှက် ဘာသာစကားကို နားထောင် နေရသလိုမျိုးပင်။

“နင်တို့ ကြားလိုက်ကြလား...”

သူမ မေးလိုက်၏။

“ဘာကို ကြားရမှာလဲ...”

အိယင်က မေးခွန်းပြန်ထုတ် လိုက်သည်။ သူမ ဘာကိုမှ မကြားပါချေ။ ကြားနေရသည့် တစ်ခုတည်းသော အသံက လေတိုးသံများပင် ဖြစ်သည်။

လင်းရှန်းရှန်း၏ ဝိညာဉ်အာရုံက ဖြန့်ကျက်သွားကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ အားလုံး၏ ရင်ခုန်သံများက စည်းချက်မြင့်လာသည်ကို သူမ သတိထားမိပေသည်။ သို့သော်လည်း... ထူးဆန်းတာ တစ်ခုက သူတို့ အားလုံး၏ ရင်ခုန်သံ စည်းချက်များက တစ်ထပ်တည်းကျ နေကြခြင်းပင် ဖြစ်လေသည်။

“ဒါက ဘာလဲ...”

နယ်လာရှားက အလန့်တကြား မေးလိုက်၏။ အခြားလူများမှာ လျှင်မြန်စွာ လှည့်ကြည့်လိုက်ကြလေရာ မိန်းကလေး၏ ဆံပင်များက ထောင်ထနေကာ လက်မောင်းများမှာလည်း ကြက်သီးများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

“ဟမ်...”

ရုတ်တရက် တရှန်း၏ မျက်လုံးများမှာ ဝေဝါးလာကာ ခရမ်းရောင် ပင်လယ် တစ်ခု အသွင် ပြောင်းလဲ သွားခဲ့၏။ ထိုအရာက နတ်ဆိုးများ၏ လက္ခဏာပင် ဖြစ်သည်။

“အား...”

တစ်ချိန်တည်း၌ အိယင်မှာ ဗိုက်ကို ကိုင်ကာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားခဲ့သည်။ သူမက အဆက်မပြတ် အော်ဟစ်နေကာ ထျန်းတျန် တည်ရှိရာ နေရာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့၏။ အကယ်၍ အနီးကပ်ကြည့်ပါက သူမ၏ မျက်ဝန်းများမှာ မျက်ရည်များနှင့် စိုစွတ်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ...”

မေ့ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း မေ့ယန်ကို ဆွဲယူကာ သူမ နောက်ဖက်တွင် ကာထားလိုက်၏။ ရှန်းလင်မှာ ပိုမို၍ အစွမ်းထက်သည့်တိုင် သူမမှာ ထိုကျောက်စိမ်း နတ်မိမယ်လေးကို ကာကွယ်ပေးဖို့ မသိစိတ်မှ ကြိုးစားနေမိတုန်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ၎င်းက လူသားများ အပေါ်သို့ အကျိုးသက်‌ရောက်မှု မရှိပါချေ။

“ငါလည်း မသိဘူး...”

လင်းရှန်းရှန်းမှာ ဝိညာဉ်အာရုံကို ဆန့်ထုတ်ကာ အဆက်မပြတ် ရှာဖွေဖို့ ကြိုးပမ်းနေသည့်တိုင် တူညီသည့် နှလုံးခုန်သံများမှ အပ အခြား ဘယ်အရာကိုမှ မတွေ့ရပါချေ။ သူမ ဝေ့ဝူယင်ထံကိုပင် ဆက်သွယ်ဖို့ ကြိုးပမ်း ကြည့်ခဲ့ပြီး ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို လူငယ် တစ်ယောက်သာလျှင် သိနိုင်လိမ့်မည်ဟု သူမ ယူဆမိသည်။

ထို့နောက်တွင်တော့ သူတို့ သတိထားလိုက်မိသည့် အရာ တစ်ခုကား သူတို့၏ အရိပ်များမှာ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ကွဲပြားမှာ အနည်းငယ်သာ လှုပ်ရှား နေကြသည် ဆိုခြင်းပင်။

***

All Chapters