← Chapters

လျှို့ဝှက်နှင့် သေမျိုး ပေါင်းစပ်ခြင်း (၂)

Vol. 88 Ch. 1222

လျှို့ဝှက်နှင့် သေမျိုး ပေါင်းစပ်ခြင်း (၂)

Vol. 88 Ch. 1222

မူလ အာရုဏ်ဦး နန်းတော်၊ အဂ္ဂိရတ် ခန်းမ အတွင်း၌...

ဝေ့ဝူယင်မှာ လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးနေခဲ့ပြီး သူ့ အရှေ့တွင်တော့ အာရုဏ်ဦး ခြေချခြင်း မှော်ဆေးအိုးမှာ လျှင်မြန်သော အရှိန်အဟုန်နှင့် ချာလပတ် လည်နေခဲ့သည်။ အလွန်တရာ ပြင်းထန်လှသည့် လေပွေလှိုင်းများမှာ အဂ္ဂိရတ် ခန်းမ အတွင်း လှည့်ပတ် တိုက်ခိုက်နေလေရာ ဝေ့ဝူယင်၏ အင်္ကျီစများမှာ တဖျပ်ဖျပ် လွင့်ပါနေ၏။

လေးနက်စွာ အာရုံစိုက်ထားရဟန်ဖြင့် ဝေ့ဝူယင်၏ မျက်နှာ အမူအရာက အလွန်တရာ လေးနက်နေသည်။

“ရပ်လိုက်သင့်ပြီ ထင်တယ်နော်...”

ကောင်းကင်စစ်ဝိညာဉ်က မိုးကြိုးတစ်စင်း အလား ပေါက်ကွဲမှု ပြင်းထန်သည့် လေသံမျိုးဖြင့် အော်ဟစ် လိုက်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အနိုင်မခံ အရှုံးမပေးသည့် ဆန္ဒများနှင့် ပိုမို၍သာ ထက်ရှလာနေခဲ့၏။

“ဆရာ... ဆရာ...”

ပိုင်ရှုက အော်ခေါ်လိုက်သည်။ သူမ၏ လေသံက စိုးရိမ် ပူပန်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် နေ၏။ ထိုအခိုက်၌ သူမမှာ အခန်းအတွင်း ရှိမနေခဲ့ချေ။ သို့သော်လည်း... သေချာ အနီးကပ်ကြည့်မည် ဆိုပါက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲတွင် သူမ၏ ပုံရိပ်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအခိုက်၌ သူမမှာ တောက်ပစွာ လင်းလက်နေသည့် အဂ္ဂိရတ် ကြယ်တာရာ ရှစ်ခု၏ ဝန်းရံမှု အလယ်၍ ရှိနေခဲ့ပေသည်။

ဒြပ်စင် ဆေဘာများနှင့် ပေါင်းစပ်လိုက် သကဲ့သို့ပင် ပိုင်ရှုသည်လည်း ထိုအခိုက်၌ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကြယ်တာရာများနှင့် ပေါင်းစပ် နေခဲ့ပေသည်။ ၎င်းတို့က သူမကို စက်ဝိုင်း ပုံသဏ္ဌာန် ဝန်းရံနေခဲ့ကာ အဆုံးအစမဲ့ အလင်းတန်းများကို ထုတ်လွှတ် နေကြသည်။

“ဆရာ ရပ်မှ ဖြစ်တော့မယ် ထင်တယ်..”

သူမက တောင်းပန်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ လက်များကတော့ ဘယ်တော့မှ ရပ်တန့်သွားခြင်း မရှိပါချေ။ အဆက်မပြတ် လှုပ်ရှားနေကာ ဧဒင် အမှတ်အသားမှ မသန့်စင်ရ‌သေးသော အသက် အင်အားများကို မှော်သန့်စင် ဆေးအိုးအတွင်း အဆက်မပြတ် သွန်းလောင်း နေခဲ့၏။

“မရပ်ဘူး.. ဆက်မယ်...”

စကားလုံး နှစ်လုံးတည်းသာ ဖြစ်သည့်တိုင် ၎င်းတို့က သူ၏ အရှုံးမပေးလိုသည့် ဆန္ဒကို အဆုံးစွန်စွာ ထင်ဟပ် နေသည်။

ပိုင်ရှု၏ အမူအရာက ဖြူရော်သွားခဲ့၏။ သူမ ထိုကဲ့သို့ ဆန္ဒ ထက်သန်မှုများကို ယခင်က ခံစားဖူးပေသည်။ ၎င်းက နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကို ဖော်စပ်ခဲ့သည့် မှတ်ဉာဏ်များထဲတွင် ဖြစ်၏။

“ဒါပေမဲ့ ဆရာ... ခု ဖြစ်နေတာတွေက... ကျွန်မတို့... ကျွန်မတို့ လုပ်လို့ မရဘူး... ဆရာ ပြောခဲ့တယ်လေ”

“ငါ ဘာပြောခဲ့လဲ ငါသိတယ်... မရပ်နဲ့...”

ဝေ့ဝူယင် အဂ္ဂိရတ် ဧဒင် အင်အားများကို အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးထဲ အဆုံးမဲ့စွာ သွန်းလောင်းရင်း အမိန့်ပေးလိုက်၏။ လိုအပ်ချက်က အလွန်တရာပင် များပြားလှလေရာ အခြား ကြယ်တာရာ ဝိညာဉ် သုံးခုထံမှ ကြယ်တာရာ အင်အားများကိုပင် ဆွဲယူ နေခဲ့ပြီ ဖြစ်သည်။

ပိုင်ရှုမှာ သာမန် အဂ္ဂိရတ် ဝိညာဉ် တစ်ခု မဟုတ်ပါချေ။ သူမမှာ သခင် ဖြစ်သူနှင့် ပူးပေါင်းကာ အဂ္ဂိရတ် စွမ်းအင်များကို အဆင့်တစ်ခု အထိ ဖော်ထုတ်နိုင်သည့် စွမ်းရည် ရှိပေသည်။ ၎င်းမှာ အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားခြင်း၏ တစ်ဝက်လောက် အကျိုး သက်ရောက်မှု ရှိပေသည်။

ထိုအခိုက်၌ ပိုင်ရှုမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ဧဒင် အင်အားကို မြေကြီးရှန့်ထို တစ်ယောက် ပိုင်ဆိုင်နိုင်သည့် အဆင့် တစ်ခု အထိ မြှင့်တင် ပေးထားပေသည်။ ထို့အပြင် သာလွန်ခြင်း အဆင့် အဂ္ဂိတ် ကြယ်တာရများနှင့် အတူ သူမမှာ လျှို့ဝှက် အဂ္ဂိရတ် ကြယ်တာရာကို ဖော်ထုတ်ကာ အလွန် ထူးခြားသည့် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ရည်ရွယ်ချက် တစ်ခုကို ဆက်သွယ် ထားပေသည်။

ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက်လည်း ဝေ့ဝူယင်၏ ကြယ်တာရာ အင်အားများမှာ မြေကြီး ရှန့်ထို အဆင့် တစ်ယောက်၏ အဂ္ဂိရတ် လျှို့ဝှက် စွမ်းအင်များထက် အားနည်းခြင်း မရှိပါချေ။

လက်ရှိ၌ ဝေ့ဝူယင်မှာ ပိုင်ရှု၏ အကူအညီနှင့် အတူ လျှို့ဝှက် မြေကြီး အဆင့် ဆေးလုံး တစ်လုံး ဖော်စပ် နေခဲ့ခြင်း ဖြစ်ပေသည်။ သူ့ထံတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန် အတွက် အနိမ့်ဆုံး အရည်အချင်း တစ်ချို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပေသည်။ ထိုအထဲ၌ ပိုင်ရှုမှာ အဓိက သော့ချက်ပင် ဖြစ်သည်။ သူမမှာ သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ကြယ်တာရာများ၏ အလားအလာကို အမြင့်ဆုံးထိ အသုံးချနိုင်စွမ်း ရှိပေသည်။

“နင် ရူးနေတာလား... နင့် အနာဂတ်ကို အပျက်စီးခံတော့ မလို့လား...”

ကောင်းကင် စစ်ဝိညာဉ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ဝေ့ဝူယင် သေမျိုးတာအို၏ ငြင်းပယ်မှုနှင့် လျှို့ဝှက် တာအို၏ ပစ်ပယ်မှုတို့ ခံရမည့် အရေးကို သူမ ခွင့်မပြုနိုင်ပါချေ။ ၎င်းက သူ၏ ထူးချွန်သည့် အလားအလာများကို များစွာ ကန့်သတ်ပစ်လိမ့်မည် ဖြစ်သည်။

“...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း... သူက ရပ်တန့်ခြင်း မရှိချေ။ ထိုအရာက အပြစ်သား သွေးမျိုးဆက်ကြောင့် မဟုတ်သလို ကောင်းကင်တာအို၏ လွှမ်းမိုးမှုကြောင့်လည်း မဟုတ်ချေ။ ထို့နည်းတူ ဖူရှီကြောင့် မဟုတ်သလို ကြယ်တာရာ ဝိညာဉ်များ၏ အဆင်အခြင် မဲ့မှုကြောင့်လည်း မဟုတ်ချေ။ ၎င်းက သူ့ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ထံမှ ခံစားချက်ကြောင့်လည်း မဟုတ်ပါချေ။ ၎င်းကို ရှင်းပြ၍ မရချေ။

“ဒါအတွက် သူတို့တွေ နင့်ကို မုန်းသွားနိုင်တယ်နော်...”

ကောင်းကင် စစ်ဝိညာဉ်က ‌အော်ဟစ်လိုက်၏။ သူမ စကားထဲမှ “သူတို့” ဆိုသည်မှာ သေမျိုး တာအိုနှင့် လျှို့ဝှက် တာအိုတို့ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။ အထူးသဖြင့်... ထိုတာအို နှစ်ခုထံမှ ခွင့်လွှတ်မှုကို ရရှိပြီးတာ မကြာသေးသည့် အခြေအနေတွင် တဖန် ပြန်လည် ရန်စခြင်းက သူတို့၏ နောက်ကျောကို ဓားနှင့် ဓားလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

"မကောင်းတော့ဘူး... မကောင်းတော့ဘူး...”

ပိုင်ရှုက ကောင်းကင်ကို မော့ကြည့်ရင်း ‌အော်ဟစ်လိုက်၏။ မူလ အာရုဏ်ဦး နန်းတော်၏ အပြင်ဘက်တွင် အမှောင် ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ရီနေကြောင်း သူမ မြင်နိုင်ပေသည်။ ရှုပ်ထွေး ပွေလီသည့် မှတ်ဉာဏ်များထဲမှ တစ်ထပ်တည်း တူညီနေသည့် အဖြစ်အပျက်ကို သူမ ပြန်လည် သတိရလိုက်မိ၏။

တာအို အပြစ်ပေးခြင်း...

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ဝိညာဉ် အလင်းတန်းများနှင့် ပေါက်ကွဲ နေ၏။ အဆုံးအစမဲ့ အပျက်အစီးများနှင့် ပြည့်နှက်နေသည့် ကောင်းကင်ကို သူ တစ်ချက် ကလေးမှ မော့ကြည့်ခြင်း မရှိချေ။ ထိုအပြုအမူမှာ ကြောက်ရွံ့စိတ်ကြောင့် မဟုတ်ပဲ လက်ရှိ လုပ်ဆောင်နေသည့် အလုပ် တစ်ခုတည်း အပေါ် အာရုံစိုက်ထားခြင်းကြောင့်ပင် ဖြစ်သည်။ ပြင်းပြသည့် စိတ်ဆန္ဒနှင့် မတွန့်ဆုတ်သည့် မာန်မာနတို့က သူ့ကို မောင်းနှင်နေသည်။

၎င်းက သူ့ဘဝ တစ်လျှောက် အကြီးကျယ်ဆုံးသော တီထွင်မှု ဖြစ်သည်။ သူ့ ဘဝ တစ်လျှောက် စုစည်းထားခဲ့ရသည့် ကံကြမ္မာ အလုံးစုံကို ပုံအောထားခြင်း ဖြစ်သည်။ သူ နောက်သို့ ခြေတစ်လှမ်းမှ ဆုတ်၍ မရချေ။ အကယ်၍ ကျရှုံးခဲ့လျှင် ၎င်းက ကျရှုံးခြင်း သက်သက်ကြောင့် ဖြစ်ရမည်။ သူ လက်လျှော့ခြင်းကြောင့် ဖြစ်ရမည်။ သူ လက်လျှော့လိုက်သောကြောင့် မဖြစ်ရချေ။

ဝေ့ဝူယင် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း အဂ္ဂိရတ် ဧဒင် အင်အားများကို မှော်သန့်စင် ဆေအိုး အတွင်း အဆက်မပြတ် သွန်းလောင်း ထည့်နေခဲ့သည်။ အချိန်နှင့် အမျှ ဆေးအိုး၏ မျက်နှာပြင်ထက်တွင် ကြယ်တာရာ အ‌သေးစားလေးများ ထောင်နှင့်ချီ ပေါ်လာနေခဲ့ကာ အလွန် မြန်ဆန်စွာဖြင့် ပြန်လည် ပေါက်ကွဲ သွားနေခဲ့သည်။

“သူတို့ ရောက်လာပြီ...”

ကောင်းကင် စစ်ဝိညာဉ်က အော်ဟစ်လိုက်၏။ သူမ၏ လေသံက ပိုမို၍ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် လာသည်။ တာအို အော်ရာ နှစ်ခု အလွန် လျှင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူမ ကောင်းစွာ ခံစား နိုင်ပေသည်။ မြေကြီး ရှန့်ထို ဒါဇင် ဂဏန်းဖြင့် ဖန်တီးထားသည့် မူလ အာရုဏ်ဦး နန်းတော်၏ အစီအရင်များကို ချိုးဖျက်ရန် သူတို့ အတွက် အားထုတ်မှု အနည်းငယ်သာ လိုအပ်ပေလိမ့်မည်။

“ဘန်း...”

ဝေ့ဝူယင်က လက်ဝါကို မှော်သန့်စင် ဆေးအိုးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ထိုအခါ ထူးခြားစွာ သဟဇာတ ဖြစ်နေသည့် အသံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တာအို အော်ရာနှစ်ခုကတော့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ချဉ်းကပ်လာနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ကြောက်ရွံ့ တုန်လှုပ်မှု ကင်းစွာဖြင့် အပေါ်ကို မော့ကြည့်လိုက်၏။

ထို့နောက်တွင်တော့ အပြုံး တစ်ခုက သူ့ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

“မင်းတို့ နှစ်ယောက်စလုံး လာပြီပေါ့...”

သူ၏ မျက်လုံးများက စိတ်လှုပ်ရှားသည့် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။ ထိုအခိုက်မှာပင် လှိုင်းထနေသည့် အော်ရာ နှစ်ခုမှာ သူ့ အဂ္ဂိရတ် ခန်းမ အတွင်း စီးဝင်လာခဲ့သည်။ တစ်ခုမှာ သေမျိုးတာအိုကို ကိုယ်စားပြုကာ နောက်တစ်ခုကတော့ လျှို့ဝှက် တာအိုကို ကိုယ်စားပြုပေသည်။

“ဘာလဲ...”

ကောင်းကင် စစ်ဝိညာဉ်နှင့် ပိုင်ရှုတို့ နှစ်ယောက်စလုံး ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။

ဟူး... ဟူး...

အလင်းလှိုင်းနှစ်ခုမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဝန်းပတ်သွားကာ အကြောင်း တစ်စုံတစ်ရာကို ဆက်သွယ် ပြောဆိုနေသည့် အလား အနည်းငယ် တုန်ယင်နေကြ၏။ ထို့နောက်တွင်တော့ ၎င်းတို့မှာ ချောမွေ့စွာပင် မှော်သန့်စင် ဆေးအိုး အတွင်း စီးဝင် သွားကြသည်။

“တာအို နှစ်ခုက ကူညီနေတာလား... ဘာလဲ....”

ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန်မှာ သေမျိုး တာအိုကို ပစ်ပယ်ကာ လျှို့ဝှက် တာအိုအတွင်း အတင်းအကြပ် ချဉ်းနင်း ဝင်ရောက်ဖို့ ကြိုးပမ်းသည့် နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးနှင့် ခြားနားပေသည်။ ၎င်းမှာ သေမျိုးနှင့် လျှို့ဝှက် တာအိုတို့ကို သဟဇာတ ဖြစ်စေကာ ထူးခြားသော ဂုဏ်သတ္တိများကို အပြန်အလှန် ဖလှယ်စေသည့် ပေါင်းစပ်မှုမျိုး ဖြစ်သည်။

“...”

ရုတ်တရက် အလွန် ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်ရလေရာ ဝေ့ဝူယင် ခေါင်းကို အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်၏။ စကားလုံးများကို နားမလည်သည့်တိုင် ထာဝရ တည်ရှိမှု အငွေ့အသက် တစ်ချို့ကို သူ ခံစားလိုက်ရသည်။

ဝေ့ဝူယင် နားမလည်နိုင်စဉ်မှာပင် လေပြင်း တစ်ခုမှာ သူ့ကို ဖြတ်သန်း၍ တိုက်ခတ်သွား၏။ သေမျိုးနှင့် လျှို့ဝှက် အလင်းလှိုင်းများကတော့ မှော်သန့်စင် ဆေးအိုး အတွင်း ဆက်လက် စီးဝင်နေဆဲ ဖြစ်သည်။

စိတ်ကူး ပုံရိပ်သက်သက်လော၊ အမှန်တကယ် ဖြစ်ပျက်သွားခြင်းလော နားမလည်နိုင်သည့်တိုင် တတိယမြောက် စွမ်းအင် အမျိုးအစား တစ်ခုမှာ မှော်သန့်စင် ဆေးအိုး အတွင်း စီးဝင် သွားသည်ကို ဝေ့ဝူယင် တွေ့လိုက်ရ၏။ ၎င်း၏ ပမာဏက အခြား နှစ်ခုနှင့် နှိုင်ယှဉ်လျှင် မဖြစ်စလောက် ကလေးသာ ဖြစ်သည့်တိုင် ဝေ့ဝူယင်ကတော့ နိမ့်ကျသည်ဟု နည်းနည်းလေးမျှ မခံစားရချေ။

“ဆရာ...”

ပိုင်ရှုက အော်ဟစ် သတိပေးလိုက်၏။ ထိုအခါ... သတိတစ်ချက် လွတ်သွားသည်နှင့် အခြေအနေကို ထိန်းချုပ်ရန် လက်လွှတ်လုနီးပါး ဖြစ်နေကြောင်း ဝေ့ဝူယင် တွေ့လိုက်ရသည်။ သူ့ထံတွင် ၎င်းကို ထိန်းချုပ်ရန် အင်အား မရှိတော့သလောက် နည်းနေခဲ့ပြီ ဖြစ်သည်။ မှော်သန့်စင် ဆေးအိုး အတွင်းရှိ အဂ္ဂိရတ် ထုတ်ကုန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ပြီးဆုံးခါနီးလာသည်နှင့် အမျှ နှိုင်းယှဉ်၍ မရနိုင်အောင် ခက်ခဲလာလေလေ ဖြစ်သည်။

“ကျုပ်တို့ကို လောင်ကြွမ်းပစ်လိုက်တော့...”

ရုတ်တရက်... ကြယ်တာရာ ဝိညာဉ် လေးခုက ပြိုင်တူ အော်ဟစ် လိုက်ကြလေ၏။

***

All Chapters