အပြောင်းအလဲများ
Vol. 88 Ch. 1225
“ဝေါ့... ဝေါ့...”
ဝေ့ဝူယင်၏ အိပ်ခန်း အတွင်း၌ ပြင်းထန်သည့် ပြင်းထန်သည့် အော့အန်သံများမှာ ပဲ့တင်ထပ်လျှက် ရှိသည်။ အိပ်ရာခင်းများ၊ စောင်များမှာ ညစ်ပတ် ပေရေသွားကာ လေထုမှာ အက်စစ်ရနံ့များနှင့် ပြည့်နှက် လာခဲ့၏။ မိန်းကလေး ခုနစ်ယောက်၏ ခန္ဓာကိုယ်များက တုန်ယင်နေကြကာ မျက်လုံးများမှာ မျက်ရည်များနှင့် ပြည့်နှက် နေကြသည်။
သူတို့ အားလုံးမှာ အရောင် မတူ ခြားနားသည့် အရည်များကို အန်ထုတ် နေကြခြင်း ဖြစ်သည်။ အိယင်မှာ အခြေအနေ အဆိုးဆုံး ဖြစ်ကာ ဒူးထောက်လျှက်ပင် ပြုတ်ကျနေခဲ့၏။ လင်းရှန်းရှန်း ဖေးမထားသည့် ကြားမှပင် သူမမှာ အနံ့အသက် ဆိုးရွားသည့် အရည်များကို အန်ထုတ် နေခဲ့သည်။ အခန်းသာ ကျယ်ဝန်းခြင်း မရှိပါက အန်ဖတ်များနှင့် ပြည့်နှက် နေလောက်ပြီ ဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ...”
တရှန်းက အော့အန်နေသည့် ကြားမှပင် မေးလိုက်၏။ သူမ၏ လက်များက ဝမ်းဗိုက်ကို တင်းကြပ်စွာပင် ဖျစ်ညှစ် ထားခဲ့သည်။ နောက်ထပ် စကားထပ်မံ မဆိုနိုင်ခင်မှာပင် သူမမှာ နောက်ထပ် အရည်များစွာကို အန်ထုတ် လိုက်ရပြန်၏။
“ဝေါ့... ငါလည်း... ဝေါ့... ငါလည်း မသိဘူး...”
လင်းရှန်းရှန်းက အဖြေပေးလိုက်၏။ အလွန်တရာ နာကျင်မှုကို ခံစားနေရဟန်ဖြင့် သူမ၏ နဖူးကြောများမှာ ထောင်ထနေသည်။ ထူးဆန်းသည့် အပြောင်းအလဲ တစ်ခု ဖြစ်ပျက်သွားခဲ့ပြီး ပြန်လည် သတိရလာလာချင်းမှာပင် သူတို့ အားလုံးမှာ မထိန်းချုပ်နိုင်စွာ အော့အန် နေခဲ့ကြခြင်း ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့်ပင် မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သူမ နားမလည်နိုင်သေးချေ။
ထိုဖြစ်စဉ်က တစ်နာရီခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်နာရီ လုံးလုံး သူတို့ အော့အန် နေကြခြင်းပင် ဖြစ်သည်။
မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့...
ဝေါ့...
အိယင်မှာ အစာအိမ် အတွင်း ကျန်ရစ်သည့် နောက်ဆုံးသော အရည်များကို အန်ထုတ်လိုက်သည်။ ကပ်ဘေး အဆုံးသတ်တော့မည့် လက္ခဏာ တစ်ရပ်လို အခြားလူများမှာလည်း အလျှိုလျှို ရပ်တန့် သွားကြသည်။ မကြာမီ အခြေအနေအားလုံး ပုံမှန် ပြန်ဖြစ်သွားခဲ့၏။
တရှန်းမှာ နံရံကို မှီ၍ ရပ်နေခဲ့ကာ ရှန်းလင်နှင့် မေ့ယန်တို့ကတော့ တစ်ယောက်ကို တစ်ယောက် ဖေးမ ထားခဲ့သည်။ လင်းရှန်းရှန်းမှာ အိယင်ကို လဲကျ မသွားအောင် ပခုံးဖြင့် ထိန်းပေးထားခဲ့၏။ နယ်လာရှားကတော့ တိုင်လုံး တစ်ခု အနားတွင် ရှိနေခဲ့သည်။ သူမ၏ ချွန်ထက်သော လက်သည်းများမှာ တိုင်၏ မျက်နှာပြင်ထက်တွင် နက်ရှိုင်းစွာ စိုက်ဝင် နေခဲ့သည်။
“ပြီးသွားပြီလား...”
တရှန်းက ချောင်းတဟွတ်ဟွတ် ဆိုးရင်း မေးလိုက်၏။
"...”
မိန်းကလေးများမှာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့ တစ်မိနစ်ခန့်မျှ ကြာအောင် ငြမ်သက်စွာ စောင့်နေလိုက်ကြသည်။ သို့သ်ေလည်း... မည်သည့် အရာမှ ဖြစ်မလာခဲ့ချေ။
‘ဘာတွေ ဖြစ်နေတာလဲ...’
ထိုမေးခွန်းက သူတို့ အားလုံး၏ စိတ်များကို မရပ်မနား ထိုးနှက်နေသည်။ နယ်လာရှာမှာ တိုင်လုံးကြီးထံမှ လျှောဆင်းလိုက်ရင်း ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“ငါတို့ ဝေ့ဝူယင်ကို ရှာမှ ဖြစ်မယ်... ငါတို့ အဆိပ်မိနေတာလား ဆိုတာ သေချာအောင် လုပ်ရမယ်”
“ဘာလဲ...”
ရုတ်တရက် မိန်းကလေး အားလုံးမှာ နယ်လာရှားကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေသည်။ တရှန်းက ထိပ်တန့်တကြား အော်ဟစ်လိုက်၏။
“နယ်လာ... နင့်ရဲ့ နားတွေ... နောက်ပြီး ဆံပင်တွေ... ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ”
အခြား မိန်းကလေးများမှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း စဉ်းစားမရလေရာ နောက်သို့ အလျှိုလျှို ဆုတ်လိုက်မိကြလေသည်။
"ဘာလဲ...”
နယ်လာရှား တစ်ယောက် ထိတ်လန့် တုန်လှုပ်စွာဖြင့် ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးလိုက်၏။ မကြာခင်မှာပင် သာမန်လူသားတစ်ယောက်နှင့် ဆင်တူသည့် နားရွက်များကို သူမ စမ်းလိုက်မိသည်။ ကြောင်မျိုးနွယ် ရှို့ရန် တစ်ယောက် အနေဖြင့် ပုံမှန်ဆိုလျှင် သူမမှာ ချွန်ထက်သည့် နားရွက်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
နယ်လာရှား ခပ်မြန်မြန်ပင် အခန်းအတွင်းရှိ ကိုယ်လုံးပေါ် မှန်ကြီး အနားသို့ သွားကာ ကြည့်လိုက်သည်။ မှန်ထဲ၌ ပိန်ပိန်သွယ်သွယ် မိန်းမငယ် တစ်ယောက်၏ ပုံရိပ်က ထင်ဟပ် နေပေသည်။ သူမက ပျမ်းမျှ အရပ်ထက် အနည်းငယ် ပိုပုကာ အညိုရောင် ဆံပင်ရှည်များနှင့် ကျောက်စိမ်းအလား သန့်စင် ဖြူစင်သည့် အသားအရည်ကို ပိုင်ဆိုင်ထားပေသည်။ ရုတ်တရက် ပါးစပ် အတွင်း တစ်ခုခု လိုနေသလို သူမ ခံစားလိုက်ရလေရာ သူမ သွားများကို စေ့ကြည့်လိုက်မိသည်။ ထိုအခါ သူမ၏ ချွန်ထက်သည့် အစွယ်များက မရှိတော့ကြောင်း တွေ့ရှိ လိုက်ရ၏။
“ငါ... ငါ ဘာဖြစ်သွားတာလဲ...”
နယ်လာရှား တစ်ယောက် ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးခွန်းထုတ် လိုက်မိ၏။ သူမ ကိုယ့်မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
“နင် လူသား ဖြစ်သွားတာလား...”
ရှန်းလင်က အံ့သြတကြီး ရေရွတ်လိုက်သည်။ နည်းလမ်းတကျ ပြောရမည် ဆိုလျှင် နယ်လာရှားမှာ သားရဲ သွေးမျိုးဆက်နှင့် ချိတ်ဆက်ထားသည့် လူသား တစ်ယောက်သာ ဖြစ်သည်။ သူတို့ကို သားရဲ မျိုးစပ် ရှို့ရန် အဖြစ် ရည်ညွှန်းကြသည်။ သို့သော်လည်း ယခုတွင်တော့ သူမထံတွင် ဟားဗနား အစွယ်ပါ သားရဲမျိုးနွယ်၏ သွေးတစ်စက်မျှ မရှိတော့ချေ။ သန့်စင်သည့် လူသား မျိုးနွယ် တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင်ပင် မေ့ယန်က တရှန်ကို လက်ညိုးထိုးကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“နင်.. နင်ရောပဲ..”
ချက်ချင်းပင် အားလုံး၏ မျက်လုံးများက နံရံကို မှီ၍ ရပ်နေသည့် တရှန်း အပေါ်သို့ ကျရောက်သွား၏။ ဟုတ်သည်။ တရှန်းမှာ အခြား အစိတ်အပိုင်းများ ပြောင်းလဲခြင်း မရှိသည့်တိုင် အရပ် နှစ်ပေခန့် ပိုမို၍ အရပ်ရှည်လာခဲ့သည်။
တရှန်း သူမ၏ လက်များကို ငုံ့ကြည့်လိုက်မိ၏။ ခရမ်းရောင် အတိုင်း ရှိနေဆဲ ဖြစ်သည့် အရေပြားကို မြင်ရသော အခါတွင်မှ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။ ဝေ့ဝူယင်မှာ သူမ၏ အသားအရောင်ကို အလွန် နှစ်သက်ကြောင်း သူမ သိပေသည်။
တရှန်းမှာ တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် ခန္ဓာကိုယ် အတွင်းပိုင်းကို ထပ်မံ၍ စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။
“ဘာလဲ...”
အခြားလူများမှာ တရှန်း၏ ခန္ဓာကိုယ် ပြောင်းလဲမှုကိုသာ မြင်နိုင်စွမ်း ရှိလေရာ ထိုရှေးဟောင်း တိုက်တန် မျိုးနွယ် တစ်ယောက် မည်သည့် အရာကို ထိတ်လန့် သွားကြောင်း မခန့်မှန်းနိုင်ပါချေ။ သူတို့ အားလုံး၏ အမူအရာများက ပြောင်းလဲ သွားကြ၏။
“ငါ့ရဲ့ ကျင့်ကြံခြင်း ဝိညာဉ် မရှိတော့ဘူး...”
တရှန်းက နာကျင်စွာပင် ဆိုလိုက်၏။
“ဘာလဲ...”
အခြား မိန်းကလေး အားလုံး ထိတ်လန့် တုန်လှုပ် သွားကြ၏။ လင်းရှန်းရှန်းက အိယင်ကို ဘေးသို့ ချထားလိုက်ရင်း ဝိညာဉ် အာရုံကို အသုံးပြု၍ တရှန်းကို စစ်ဆေးကြည့်လိုက်သည်။ မှန်၏။ တရှန်း၏ ကျင့်ကြံခြင်း ဝိညာဉ်က လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထူးဆန်းသည့် အရာ တစ်ခုကို သူမ သတိထားမိလိုက်၏။
“နင့်ရဲ့ အတွင်းအား စွမ်းအင်တွေကတော့ ပုံမှန်အတိုင်း ဆက်ပြီး စီးဆင်းနေတုန်းပဲ... ဘယ်လိုကြီးလဲ”
လင်းရှန်းရှန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ကျင့်ကြံခြင်း ဝိညာဉ် မရှိတော့သည်မှ တစ်ပါး တရှန်း၏ အတွင်းအား စွမ်းအင်များမှာ ပြီးပြည့်စုံစွာ ဆက်လက် စီးဆင်းနေဆဲ ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းစဉ်တွင် ဝိညာဉ်များမှာ နှလုံးတစ်ခု သဖွယ် ဖြစ်သည်။ ၎င်းမှာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် စီးဆင်းမှု မှန်သမျှကို ချုပ်ကိုင်ထားသည်။ ကျင့်ကြံခြင်း ဝိညာဉ် ပျက်စီးပါက စွမ်းအင် စီးဆင်းမှု အားလုံး ကပြောင်းကပြန် ဖြစ်ကာ သွေဖီမှု ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ထိုကန့်သတ်ချက်ကို ကျော်လွန်နိုင်စွမ်း မရှိပါချေ။၊
တရှန်းမှာ သူမ ပေါက်ကွဲ ထွက်သွားတော့မည်ကို အလွန်အမင်း ထိတ်လန့် တုန်လှုပ် နေခဲ့၏။ သို့သော်လည်း လင်းရှန်းရှန်း၏ စကားက သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ် သွားစေခဲ့သည်။ သူမ ချက်ချင်းပင် ဝိညာဉ်အာရုံကို ဆင့်ခေါ်ကာ စစ်ဆေးကြည့်လိုက်၏။
“နေဦး...”
ရုတ်တရက် တရှန်း တစ်ယောက် မျက်လုံးပြူး သွားခဲ့၏။ သူမထံတွင် ဝိညာဉ် အာရုံ ရှိနေသေးသည်လား။ မည်ကဲ့သို့နည်း။
လင်းရှန်းရှန်းသည်လည်း အလားတူပင် တရှန်း၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အင်အား စီးဆင်း နေသေးကြောင်း ခံစားမိပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့်ပင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူမ လုံးဝ စဉ်းစားမရတော့ချေ။
“ကျင့်ကြံခြင်း ဝိညာဉ် မရှိပဲ နင့်မှာ ဘယ်လိုလုပ်ပြီး ဝိညာဉ်အာရုံ ရှိနေရတာလဲ...”
ထိုမေးခွန်းအား ပြန်မဖြေနိုင်သေးခင်မှာပင် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခုကို သူတို့ ကြားလိုက်ရ၏။ အားလုံး၏ အာရုံများက ချက်ချင်းပင် အသံထွက်ပေါ်လာရာ နေရာသို့ ရွေ့လျား သွားကြသည်။
အိယင်...
ထိုအခိုက်၌ မိန်းကလေးမှာ ထိတ်လန့် တုန်လှုပ်နေသည့် မျက်လုံးများနှင့် သူမကို သူမ ငုံ့ကြည့် နေခဲ့သည်။ အခန်းထဲ၌ တရှန်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည့် တစ်ဦးတည်းသော မိန်းကလေး မဟုတ်ပါချေ။ အိယင်သည်လည်း အလားတူ ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရကာ အရပ်က အနည်းငယ် ပိုရှည် လာခဲ့သည်။ နားရွက်များမှာလည်း ပိုမို ချွန်ထက်ကာ ရှည်လာခဲ့သည်။
ထို့အပြင် သူမ၏ သူငယ်အိမ်များမှာ ယခင်ကလို စက်ဝိုင် ပုံသဏ္ဌာန် မဟုတ်တော့...။ ကြယ်ပုံသဏ္ဌာန် ဖြစ်သွားခဲ့ချေပြီ ဖြစ်သည်။ အကယ်၍ မိန်းကလေး၏ နောက်ကို ကြည့်ပါက အမွေးပွများနှင့် ချစ်စဖွယ် ကြေးဝါရောင် အမြီးတစ်ခုမှာ တင်ပါး နှစ်ခု ဆုံရာ အထက်၌ ဖြစ်ပေါ်လာနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
အားလုံးထဲ၌ အိယင်မှာ အကြီးမားဆုံး ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။ သူမက လုံးဝ ခြားနားသည့် မျိုးနွယ် တစ်ခုထဲသို့ ဝင်ရောက်သွားသလိုမျိုးပင်။
“ငါ့ရဲ့ ကျင့်ကြံခြင်း ဝိညာဉ်ကလည်း ပုံစံ ပြောင်းလဲ သွားတယ်... အဲဒါက ငါးထောင့်ကြယ်လို ပုံစံမျိုးပဲ”
အိယင်က ပြောလိုက်၏။
“...”
အခြားလူများမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ မည်သည့် အရာများဖြစ်ပျက် နေခဲ့သနည်း။
***