အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း
Vol. 88 Ch. 1223
ဝေ့ဝူယင် တုန့်ဆိုင်းခြင်း မပြုပါချေ။ အတွေးတစ်ချက်ဖြင့်ပင် သူ ကြယ်တာရာ အမြုတေများကို စတင်ကာ လောင်ကြွမ်းလိုက်၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် စွမ်းအင် ပမာဏများက စီးထွက်လာကာ သူ့ လက်ဖဝါးထံသို့ ရောက်ရှိလာသည်။
“လာစမ်း...”
ပြင်းထန်သည့် ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ ဝေ့ဝူယင် နောက်ဆုံးသော လက်ဟန် ချိပ်စည်းကို ဖန်တီးလိုက်ကာ လက်ဖဝါးကို မှော်သန့်စင် ဆေးအိုးပေါ် ရိုက်ချလိုက်၏။
ဘုန်း...
မိုးကြိုးပေါင်း ထောင်သောင်း ပေါက်ကွဲသလို ဟိန်းသံကြီး ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်... အမှန်တကယ်တွင်တော့ မည်သည့် ပေါက်ကွဲမှုမှ ဖြစ်ပေါ် မလာခဲ့ချေ။ ထို့အစား အခန်း အတွင်းရှိ တာအို အလင်းများမှာ မှေးမှိန်သွားကာ အဂ္ဂိရတ် ဧဒင် အင်အားများမှာလည်း မှော်သန့်စင် ဆေးအိုး အတွင်း စီးဆင်း ဝင်ရောက် သွားခဲ့သည်။
ဝေ့ဝူယင်နှင့် မှော်သန့်စင် ဆေးအိုး နှစ်ခုစလုံးမှာ ကောင်းကင်တွင် လွင့်မြောနေရာမှ ကြမ်းပြင်ပေါ် ဖြည်းညင်းစွာ ပြန်လည် ကျဆင်းလာခဲ့၏။
“ဟူး...”
ဝေ့ဝူယင် ပင့်သက် တစ်ချက်ကို မှုတ်ထုတ်ရင်း နဖူးထက်ရှိ ချွေးစများကို သုတ်လိုက်သည်။ သူ၏ မျက်လုံးများ အတွင်းတွင်တော့ မြေကြီး ရှန့်ထိုများကိုပင် ထိတ်လန့် တုန်လှုပ်စေနိုင်သည့် စွမ်းအင်များက ပြင်းထန်စွာ လောင်ကြွမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့မှာ ကြယ်တာရာ အမြုတေ လေးခုကို လောင်ကြွမ်းပစ်ရာမှ ရရှိလာသည့် စွမ်းအင်များ ဖြစ်သည်။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် အတွက် မိနစ် အနည်းငယ်မျှ အချိန်ယူ လိုက်ရ၏။ ကြောက်မက်ဖွယ် စွမ်းအင်များ၏ လှုံ့ဆော်မှု အောက်တွင် သူ အရေပြားများ၊ အရိုးများ ကြွက်သားများမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဧဒင် အမှတ်အသားထဲမှ အသက်အင်အားများက အဆက်မပြတ်ပင် စီးထွက် လာနေခဲ့ကာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံ နေခဲ့၏။ ငရဲ၏ တတိယမြောက် ကပ်ဘေး အတွက် လုံလောက်သည်ထက်ပင် ပိုသွားခဲ့ပြီ ဖြစ်လေရာ ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ ဝါဂွမ်း တစ်စနှယ် ပေါ့ပါး နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူ မှော်သန့်စင် ဆေးအိုးကို ကြည့်လိုက်၏။ ထို့နောက်တွင်တော့... သူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အထဲရှိ လုံးဝန်းသော ပုံသဏ္ဌာန် တစ်ခုကို ဆွဲထုတ် လိုက်သည်။ ၎င်းက ဆေးလုံး တစ်လုံး ဖြစ်သည်။
ထိုဆေးလုံးမှာ ဖန်သားတစ်ခုနှယ် ကြည်လင်နေကာ မသန့်စင်ခြင်း အလျင်း ကင်းမဲ့နေသည်။ ၎င်းထံ၌ အဆင့်ကိုး ဆေးလုံးများ၏ သင်္ကေတ ဖြစ်သည့် နေအလင်း မရှိသလို၊ လျှို့ဝှက် မြေကြီး အဆင့်များ၏ လက္ခဏာ ဖြစ်သည့် လျှို့ဝှက် သင်္ကေတများလည်း မရှိချေ။
၎င်းကို ကြည့်ရင်း ဝေ့ဝူယင် တင်းတိမ် ရောင့်ရဲစွာ ပြုံးလိုက်၏။ အဆင့်နိမ့် အရည်အသွေးသာ ဖြစ်သည့်တိုင် ၎င်းမှာ ပြီးပြည့်စုံသည်။ လုံးဝ ပြီးပြည့်စုံပေသည်။
ဝေ့ဝူယင် မှော်သန့်စင် ဆေးအိုးကို လက်ဗလာဖြင့် ထိလိုက်၏။ ပထမဆုံးသော အဆင့်ခုနစ် ဆေးလုံးမှ စတင်၍ ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက် ဖော်စပ်မှု အောင်မြင်ခဲ့သော ရလဒ် ဖြစ်သည့် အသန့်စင်ဆုံး မြူနှင်းများမှာ အတွင်းတွင် စီးဆင်းနေပေသည်။
“လာခဲ့...
ဝေ့ဝူယင် ၎င်းတို့ကို ဆင့်ခေါ်လိုက်ရင် အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင်ကို ထုတ်ဖော် လိုက်သည်။ ထိုအစီအရင်မှာ ဖော်စပ်ပြီး နောက်တွင်ပင် ဆေးလုံး တစ်လုံးကို ၎င်း၏ အကန့်အသတ်ထက် ကျော်လွန်၍ အသွင်ပြောင်း ပေးနိုင်စွမ်း ရှိပေသည်။
ဟူး... ဟူး...
အသန့်စင်ဆုံး မြူနှင်းများမှာ ဆေးလုံး အတွင်းသို့ အရှိန်အဟုန်နှင့် စီးဝင် သွားကြ၏။ ဆယ်စုနှစ်ပေါင်းများစွာ စုစည်းထားခဲ့သည့် အားထုတ်မှုများနှင့် အကြိမ် သန်းပေါင်းများစွာ ဆက်တိုက် အောင်မြင်ခဲ့မှုများမှာ တစ်ချက် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် မည်သည့် မကျေမနပ် ဖြစ်မှု၊ ဆုံးရှုံးမှုကိုမှ မခံစားရချေ။
သူ၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ လက်ဖဝါးထက်၌ လွင့်မြောနေသည့် ဆေးလုံး ကလေးကိုသာ စိုက်ကြည့် နေခဲ့သည်။ ထိုကြည်လင်သည့် ဆေးလုံး ကလေးမှာ အဂ္ဂိရတ် တာအို လေ့လာမှု၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။ တီထွင်သူ တစ်ဦး၏ ပီတိကို ကိုယ်စားပြုသည်။ ကောင်းကင် တာအို၏ လျှို့ဝှက်ချက်များကို ဖြတ်သန်း မြင်နိုင်စွမ်း ရှိသည့် ကျင့်ကြံသူ တစ်ယောက်၏ ဆုံးဖြတ်ချက်ကို ကိုယ်စား ပြုသည်။
အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင်မှာ အသန့်စင်ဆုံးသော မြူနှင်းများကို အသုံးပြုကာ အဂ္ဂိရတ် ထုတ်ကုန်၏ တစ်ခု၏ အရည်အသွေးကို လမ်းစဉ် ခုနစ်ရပ်လုံး ပြီးဆုံးသွားချိန်တွင်ပင် မြှင့်တင် ပေးနိုင်စွမ်း ရှိသည်။
ကြည်လင် သန့်စင်သည့် ဆေးလုံးလေးမှာ ဧဒင် အမှတ်အသား အတွင်းမှ မသန့်စင်ရသေးသည့် အသက် အင်အားများ အပါအဝင် ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းများကိုပါ စုပ်ယူ နေခဲ့သည်။ ထိုဖြစ်စဉ် တစ်ခုလုံးမှာ အထစ်အငေါ့ တစ်ခုတစ်လေပင် မရှိပဲ သဟဇာတ ဖြစ်စွာပင် ဖြစ်ပွား နေခဲ့၏။
သို့သော်လည်း... ဆေးလုံးမှာ လုံးဝ သာမန် မဟုတ်ခဲ့ချေ။ အရည်အသွေးမြင့် အဆင့်ကို ရောက်ရှိဖို့ အတွက်ပင် အသန့်စင်ဆုံး မြူနှင်း သုံးဆယ် ရာခိုင်နှုန်းနှင့် ဧဒင် အမှတ်အသား အတွင်းမှ အသက်အင်အား နှစ်ပေါင်း ငါးသောင်းကျော်ကို စုပ်ယူခဲ့သည်။ အရည်အသွေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့ချိန်တွင်တော့ လက်ကျန် အဂ္ဂိရတ် မြူနှင်း အားလုံး နီးပါးနှင့် နောက်ထပ် အသက် အင်အား နှစ်ပေါင်း တစ်သိန်းခွဲခန့်ပါ ကုန်ဆုံးသွားခဲ့ရသည်။
အသွင်ပြောင်းခြင်း ဖြစ်စဉ် အဆုံးသတ်ပြီးနောက်တွင် ဝေ့ဝူယင် မျက်ခုံးများကို ပင့်တင် လိုက်မိသည်။
“ခုနတုန်းက ထာဝရ တည်ရှိနေသလိုမျိုး ငါ ခံစားလိုက်ရတဲ့ အော်ရာက ဆေးလုံးထဲမှာ ရှိတယ်”
ထိုအော်ရာက မည်သည့် အရာ ဖြစ်ကြောင်း ဝေ့ဝူယင် အလွန်အမင်း သိချင် နေခဲ့သည်။ ၎င်းက သေမျိုး တာအိုနှင့် လျှို့ဝှက် တာအိုတို့ သဟဇာတ ဖြစ်ပြီးနောက် ဖွဲ့စည်းလာသည့် ပြိုင်စံရှား အော်ရာ တစ်မျိုးလော။
“သေမျိုးတာအိုနဲ့ လျှို့ဝှက်တာအိုတွေက ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာပြီး နင့်ကို ကူညီလိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”
ကောင်းကင် စစ်ဝိညာဉ်က ခံစားချက် ကင်းမဲ့စွာဖြင့် မှတ်ချက် ချလိုက်၏။ ၎င်းက မကြုံစဖူး ထူးကဲသော အဖြစ်အပျက် တစ်ခု ဖြစ်သည်။
ထိုအချင်းအရာမှာ ပိုင်လင်၏ တောင်းပန်မှုကြောင့်လော။ သို့တည်းမဟုတ်... သေမျိုးနှင့် လျှို့ဝှက် စွမ်းအင် နှစ်ခုကို သဟဇာတ ဖြစ်စွာ ပေါင်းစည်းထားမှုကြောင့်လော။ မည်သည့် အကြောင်းရင်းမျိုးကြောင့်ပဲ ဖြစ်ဖြစ်... ချိပ်ပိတ် အစီအရင် အလွန်မှ အဂ္ဂိရတ် ပညာရှင်များသာ ထိုအချင်းအရာကို ကြားသိပါက အားလုံး အရူးအမူး ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။
"သူက ငါ့တို့ရဲ့ သခင်ပဲလေ... သူတို့ မကူညီလို့ ဘယ်ရမလဲ... ဟမ့်...”
ပိုင်ရှုက မောက်မာစွာဖြင့် ပြောလိုက်၏။ ထိုအခိုက်၌ သူမ ခံစားနေရသည့် ဂုဏ်ယူမှုနှင့် မာနတရားမှာ အမှောင် ဟင်းလင်းပြင် အတွင်းမှ နေရောင်တစ်စနှယ် ထင်ရှားလှပေသည်။ အဂ္ဂိရတ် တာအို ဝိညာဉ်လေး၏ အမူအရာကို ကြည့်ကာ ကောင်းကင် စစ်ဝိညာဉ်မှာ ဆွံ့အ သွားခဲ့၏။ သူမက စောစောကလေးတင် ဝေ့ဝူယင်ကို ဆက်မလုပ်ဖို့ အော်ဟစ် တားဆီးခဲ့သေးသည် မဟုတ်ပါလား။
ကောင်းကင် စစ်ဝိညာဉ်၏ အကြည့်ကို ခံစားမိရာ ပိုင်ရှုမှာ အနည်းငယ် ရှက်သွေးဖြာ သွားခဲ့၏။ သူမက လည်ချောင်းကို ရှင်းလိုက်ရင်း ဝေ့ဝူယင်၏ လက်ဖဝါးထံသို့ ပျံသန်း သွားခဲ့သည်။
“ဒီသောက်ကလေးက ငါ စားရမယ့် အစားအစာတွေ အကုန်လုံးကို ယူသွားတာ... တကယ့်ကို လောဘကြီးတဲ့ ကလေးပဲ”
သူမက လက်ကို ဆန့်ထုတ်ရင်း ကြည်လင် တောက်ပနေသည့် ဆေးလုံးကလေးကို ဖြည်းညင်းစွာ တို့ထိ လိုက်သည်။ ဆေးလုံးမှာ အနည်းငယ် လှုပ်ခါသွားသော်လည်း အခြား မည်သည့် အရာမှ ဖြစ်မလာခဲ့ချေ။
“ဘာလဲ... သူ့မှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ အလင်းရောင်ပြန် ခါးပတ်လည်း မရှိဘူး... လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ ကျိုးပဲ့ သင်္ကေတတွေလည်း မရှိဘူး”
တာအို ဝိညာဉ် တစ်ယောက် အနေဖြင့် ပိုင်ရှုမှာ အဂ္ဂိရတ် တာအို အပေါ် အလွန် နှံ့စပ်သူ ဖြစ်သည်။ သို့သော်လည်း... စွန့်လွှတ်မှု၊ စတေးမှုနှင့် ရင်းမြစ်များစွာ အသုံးပြုပြီးနောက်မှ ဖြစ်ပေါ်လာသည့် ထိုဆေးလုံး၏ ဆန်းကြယ်ပုံကိုတော့ သူမ လုံးဝ နားမလည်နိုင်ပါချေ။ အဖြေတစ်ခုခု ရှာဖွေသည့် အလား မောပန်း နွမ်းနယ်နေသည့် ဝေ့ဝူယင်၏ မျက်နှာကို သူမ မော့ကြည့် လိုက်၏။
အကယ်၍ လောကတွင် တည်ရှိနေသော ဖြစ်တည်မှု တစ်ခုခု၏ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်သူ တစ်ယောက် ရှိခဲ့မည် ဆိုလျှင် ထိုတစ်ယောက်မှာ ဖန်တီးရှင် ကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။ သူတော်စင်များ၏ အဆင့် အောက်၌ ဝေ့ဝူယင်မှာ ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုများကို သိနိုင်သည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။
“ဒါကို ရုပ်ခန္ဓာ တည်ဆောက်ခြင်း ဆေးတစ်မျိုးလို့ ပြောလို့ ရတယ်”
ဝေ့ဝူယင်က ဆိုလိုက်၏။ သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကြည်လင်သည့် ဆေးလုံးလေးက မသိမသာ တုန်ခါ သွားခဲ့သည်။
“ရုပ်ခန္ဓာ တည်ဆောက်ခြင်းဆေး... ဟုတ်လား...”
ပိုင်ရှု တစ်ယောက် ချက်ချင်းပင် စိတ်ဝင်စား သွားခဲ့၏။ လောက၌ ရုပ်ခန္ဓာ တည်ဆောက်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ၊ နည်းလမ်းများစွာ ရှိပေသည်။
ရုပ်ခန္ဓာမှာ ကျင့်ကြံခြင်း လမ်းစဉ်တွင် အလွန် အရေးပါသည့် အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ် ခံထားရလေရာ ကျင့်ကြံသူများမှာ မိမိပိုင် ချီစွမ်းအင်၊ ကြယ်တာရာ စွမ်းအင်၊ လျှို့ဝှက် စွမ်းအင်များကို အသုံးပြု၍ ရုပ်ခန္ဓာကို အဆက်မပြတ် သန့်စင်လေ့ ရှိကြသည်။
အာရုဏ်ဖျက် ဓားအလင်း နည်းလမ်းနှင့် လောက ဖျက်ဆီးခြင်း နည်းလမ်းများမှာ မြေကြီး အဆင့် ရုပ်ခန္ဓာ သန့်စင်သည့် လျှို့ဝှက် မြေကြီး အဆင့် နည်းလမ်းများ ဖြစ်သည်။ ပထမ တစ်ခုမှာ မြေကြီး အဆင့်မြင့် ကျင့်စဉ် တစ်ခု ဖြစ်ကာ ဒုတိယမြောက် တစ်ခုကတော့ အထွတ်အထိပ် အဆင့် ကျင့်စဉ် တစ်ခု ဖြစ်ပေသည်။
ဆက်စပ်မှု စစ်မြေပြင်မှာတုန်းက ကြယ်တာရာ အမြုတေ အဆင့်တွင် မိမိ၏ ရုပ်ခန္ဓာကို အကန့်အသတ် ရောက်အောင် သန့်စင်နိုင်ပါက ကြယ်တာရာ ဆင်းတု တစ်ခု ဖြစ်ပေါ်လာတတ်သည်ဟု လေ့လာ သင်ယူ ခဲ့ရသည်။ ၎င်းမှာ ကြယ်တာရာ ဝိညာဉ်နှင့် အသန့်စင်ဆုံး ရုပ်ခန္ဓာတို့၏ ပေါင်းစပ်မှု ရလဒ် တစ်ခု ဖြစ်ကာ ကြယ်တာရာ သခင် တစ်ဦး ရရှိနိုင်သည့် အမြင့်မားဆုံးသော စွမ်းအားလည်း ဖြစ်ပေသည်။
သို့သော်လည်း ရုပ်ခန္ဓာကို သန့်စင်ရန်မှာ အလွန်အမင်း ခက်ခဲလွန်းလှသည်။ ချိပ်ပိတ် နယ်မြေ၏ သမိုင်း တစ်လျှောက်လုံးတွင် ထိုအဆင့်ကို ရောက်ရှိခဲ့သူ မရှိဟု ဝေ့ဝူယင် ယူဆ ခဲ့သော်လည်း ထိုအရာက မှားယွင်းကြောင်း နောက်ပိုင်း လေ့လာမှုများ အရ သူ သိရှိလာခဲ့ရသည်။ လွန်ခဲ့သည့် နှစ်သောင်းပေါင်း များစွာ အတွင်း အလွှာကြားက လောကတွင် ကျင့်ကြံသူ တစ်ဦးမှာ ထိုအဆင့်ကို ရောက်ရှိအောင် တက်လှမ်းနိုင်ခဲ့ပေသည်။ သူကတော့ ကျန်းကျဲဝူရှုပင် ဖြစ်သည်။
ချိပ်ပိတ် နယ်မြေ၏ သမိုင်း တွင်လည်း ထိုကဲ့သို့ အောင်မြင်မှု ရရှိခဲ့သူ တစ်ဦး ရှိပေသည်။ သူကတော့ အတုမရှိသည့် အဆုံးမဲ့ နတ်ဘုရား အင်ပါယာ ထျန်းတိုင်ကျုံးပင်။
***