တန်ခိုးရှင် ထွန်းတောက်ခြင်း
Vol. 88 Ch. 1229
ထာဝရ နတ်ဘုရား လောက နယ်မြေ...
ထာဝရ နတ်ဘုရား လောက နယ်မြေမှာ ထာဝရ အစည်းအရုံး၏ ဗဟို လောကနယ်မြေ ဖြစ်ကာ ထာဝရ နတ်ဘုရား၏ အိမ်လည်း ဖြစ်သည်။ ၎င်း၏ ကောင်းကင်တွင်တော့ ခုနစ်ရောင်ခြယ် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်နှင့် နေကြယ်ပု တစ်စင်း ရှိသည်။
လက်ရှိ၌ ထာဝရ အစည်းအရုံး၏ ထိပ်တန်း အဂ္ဂိရတ် ပညာရှင်များမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ကွဲပျက် နတ်ဘုရား ဆေးလုံးတို့ကို ဖော်စပ်ရန် အတွက် အပြည့်အဝ အာရုံစိုက်ထားနေကြလေသည်။
ထာဝရ အစည်းအရုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အဂ္ဂိရတ် အဖွဲ့အစည်း နေရာကို လွယ်လွယ်ကူကူနှင့် ရယူထားခြင်း မဟုတ်ချေ။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ပထမဆုံး အကြိမ် ဖော်စပ် အောင်မြင်ပြီးနောက် အချိန်တို အတွင်းမှာပင် သူတို့မှာ ပမာဏ များစွာ ဖော်စပ်လာနိုင်ကြသည်။ မကြာခင်မှာပင် သူတို့မှာ ရွှေရောင် အသက်နန်းတော် ထုတ်လုပ်နိုင်သည့် ပမာဏကိုပင် ကျော်လွန် သွားခဲ့ကြသည်။
လွန်ခဲ့သည့် ငါးနှစ် အတွင်း သူတို့မှာ စျေးကွက်ကို သိသိသာသာပင် လွှမ်းမိုးခဲ့ကာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး စုစုပေါင်း၏ ခြောက်ဆယ် ရာခိုင်နှုန်းကိုပင် ထုတ်လုပ်နိုင်ခဲ့သည်။
သုံးနှစ်တိတိ တာထွက်ဦးခဲ့သည့်တိုင်အောင် ရွှေရောင် အသက်နန်းတော်မှာ ထာဝရ အစည်းအရုံး၏ ထုတ်လုပ်နိုင်စွမ်းကို မယှဉ်နိုင်ခဲ့ချေ။ သို့သော်လည်း... ထိုအောင်မြင်မှုမှာ ထုတ်လုပ်သည့် အရေအတွက် တစ်ခုတည်းကိုသာ နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။ အရည်အသွေး အရ ပြောရလျှင်... အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၏ တစ်ရာ ရာခိုင်နှုန်းမှာ ရွှေရောင် အသက်နန်းတော်မှ ထွက်ပေါ်လာသည့် အဂ္ဂိရတ် ထုတ်ကုန်များသာ ဖြစ်သည်။
ထို့ကြောင့်ပင် ထာဝရ အစည်းအရုံးမှာ သူတို့ ထုတ်ကုန်များ၏ အရည်အသွေးကို မြှင့်တင်ရန် အတွက် အချိန်နှင့် လူအင်အားများစွာ ပိုမို စိုက်ထုတ် လာခဲ့ကြသည်။ အများပြည်သူ သတိမပြုမိစဉ်မှာပင် ခေတ်သစ်စျေးကွက်ကို လွှမ်းမိုးလိုသည့် ထာဝရ အစည်းအရုံး၏ ရည်ရွယ်ချက်မှာ သူတို့၏ လုပ်ဆောင်မှုများထဲတွင် ထင်ရှားစွာ ပေါ်လွင်လာခဲ့လေသည်။
ထာဝရ နတ်ဘုရားမှာ တိုက်ရိုက် အမိန့်ပေးမှုများ မပြုလုပ်သည့်တိုင် တစ်ဖက်လှည့်ဖြင့် သူ၏ လက်အောက်ငယ်သား အဂ္ဂိရတ် ပညာရှင်များကို ဝေ့ဝူယင် ကိုယ်တိုင် ဖန်တီးထားသည့် အဂ္ဂိရတ် ထုတ်ကုန်များအား စုဆောင်းစေဖို့ ခွင့်ပြုခဲ့သည်။ ထိုအရာက အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သုံးနှစ် အတွင်း သူတို့ အောင်မြင်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
အထပ်ထပ် အခါခါ သုတေသတများ ပြုလုပ်ပြီး နောက်တွင် ဝေ့ဝူယင် ဖန်တီးထားသည့် အဂ္ဂိရတ် ထုတ်ကုန်များတွင် ဝိညာဉ် အော်ရာများ အလွန်အမင်း ချို့တဲ့နေကြောင်း သူတို့ သတိထားမိခဲ့ကြသည်။ ထိုမှ တစ်ဆင့် ဝိညာဉ်အာရုံမှ လာသော ဝိညာဉ်အော်ရာြဖင့် မှော်သန်စင် ဆေးအိုးကို အလွန်အကျွံ ပြည့်လျှံစေ၍ မရကြောင်း သူတို့ သတိထားမိခဲ့ကြသည်။ ၎င်းက ဆေးသန့်စင်ခြင်းကို မတည်မငြိမ် ဖြစ်စေကာ ဖြစ်စဉ် တစ်ခုလုံးကိုပင် ပျက်စီးစေနိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။
ထို့ကြောင့်ပင် ထာဝရ နတ်ဘုရားမှာ ဝိညာဉ်အာရုံ အစား အဂ္ဂိရတ် အင်အားကို ပြောင်းလဲ အသုံးပြုသည့် နည်းလမ်းတစ်ခု ပြောင်းလဲ တီထွင်ခဲ့သည်။
ထိုပြောင်းလဲမှု တစ်ခုတည်းကပင် သူတို့ အတွက် အဆက်မပြတ် အောင်မြင်မှုများထံသို့ ဦးတည် သွားစေခဲ့ခြင်း ဖြစ်ပေသည်။
...
ထာဝရ နတ်ဘုရား နယ်မြေ၏ နယ်နိမိတ် အစွန်အဖျား တစ်နေရာတွင်...
ဝှစ်...
မီးခိုးရောင် အရိပ် တစ်ခုမှာ အထစ်အငေါ့ တစ်ခုတစ်လေပင် မရှိပဲ ဟင်းလင်းပြင် နံရံများကို ထိုးဖောက်ကာ အတွင်းသို့ ဝင်ရောက်လာခဲ့၏။ ထိုးဖောက်မှု၏ ရလဒ်အဖြစ် အလွန် သေးငယ်လှသော အပေါက်ကလေး တစ်ခု ကျန်ရစ်ခဲ့သော်လည်း ဆန်းကြယ်သော စွမ်းအင်များက ထိုအပေါက်ကလေးထံသို့ စီးဆင်းသွားကာ တဒင်္ဂ အတွင်း ပြန်လည် ဖာထေး လိုက်လေသည်။
စောင့်ကြည့်ခြင်း အစီအရင်များ၊ အချက်ပေး အစီအရင်များမှာ ဘာကိုမှ သတိထားမိခြင်း မရှိပဲ ယခင်က အတိုင်း ဆက်လက် လည်ပတ်နေဆဲ ဖြစ်ပေသည်။
မီးခိုးရောင် အရိပ်မှာ နေကြယ်၏ အလင်းများနှင့် အတူ အသွင် သဏ္ဌာန်မဲ့စွာ ရွေ့လျား သွားကာ ဂြိုဟ်၏ လေထု အလွှာထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ထို့နောက် ၎င်းမှာ အသံတိတ်စွာပင် ဂြိုဟ်၏ မျက်နှာပြင်ထက်သို့ ဆင်းသက်သွား၏။
တစ်ခဏကြာပြီး နောက်တွင်တော့ ၎င်းမှာ အလွန် သေးငယ်လှသည့် မြေပတ် အက်ကွဲကြောင်းများထဲသို့ တိုးဝင်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
လောကနယ်မြေ အတွင်းရှိ အလွန်တရာ အစွမ်းထက်လှသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ၊ ထာဝရ သူရဲကောင်းများ မည်သူမျှ သတိမထားမိကြစဉ်မှာပင် ဂြိုဟ်၏ အမြုတေ အဖြစ် ဆောင်ရွက်နေသည့် ထာဝရ ရတနာသိုက်မှာ ပထမဆုံးသော ဧည့်သည်ကို လက်ခံရရှိတော့မည် ဖြစ်လေတော့သည်။
...
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း မမြင်နိုင်သည့် မြေအောက် ရေစီးကြောင်းများ တိတ်တဆိတ် လှုပ်ခတ်နေစဉ်တွင် လူများစွာ၏ ရည်မှန်းချက်၊ မျှော်လင့်ခြင်းနှင့် အခွင့်အလမ်း ဖြစ်သည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများမှာလည်း ဆက်လက် ဖြစ်ပွား နေခဲ့လေသည်။
နှစ်ပေါင်းများစွာတိုင်အောင် ရွေးချယ်ခံ ဧကရာဇ် တစ်ဦးမှ မွေးထုတ် မပေးနိုင်ခဲ့ပြီးသည့် နောက်တွင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်အတွင်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အခန်း ကဏ္ဍမှာ တဖြည်းဖြည်း မှေးမှိန် လာခဲ့သည်။ ၎င်းကို ထာဝရ ဧကရာဇ် ချန်ရစ်ခဲ့သည့် အဂ္ဂိရတ် အမွေအနှစ်များနှင့် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ရယူရန် နည်းလမ်း တစ်ခု အဖြစ်သာ ပေါ့ပေါ့ဆဆ ယူဆ ခဲ့ကြသည်။ သို့သော်လည်း... ယခုတွင်တော့ အာရုဏ်ဦး နေမီးတောက် ဆေးလုံး ပေါ်ထွန်းလာခြင်းနှင့် အတူ ရွေးချယ်ခံ ဧကရာဇ် တစ်ဦး ပေါ်ထွန်းနိုင်ရန် မျှော်လင့်ချက်များမှာလည်း ပြန်လည် နိုးထ လာခဲ့သည်။
ထို့အပြင် ရွေးချယ်ခံ ဧကရာဇ်သာ ထွက်ပေါ်လာပါက ရရှိလာမည့် အကျိုးအမြတ်မှာ ယခင်ကထက် အဆပေါင်း များစွာ သာလွန်မည်မှာ ကျိန်းသေလှသည်။ ထိုကဲ့သို့ အလားအလာများကြောင့်ပင် ရွေးချယ်ခံ လူငယ်လေးများမှာ သူတို့ကို သူတို့ သက်သေပြရန် ယခင်ကထက် ပိုမို၍ ကြိုးစား နေကြကာ နောက်ခံ အဖွဲ့အစည်းများမှာလည်း သူတို့ကို ပံ့ပိုးပေးရန် အစွမ်းကုန် ကြိုးစား နေခဲ့ကြလေသည်။
ရွေးချယ် ဧကရာဇ် ပြိုင်ပွဲ စတင်မည့် ရက်စွဲနှင့် မဟာ စက်ဝန်း ရှန့်ထို ညီလာခံ ပြီးဆုံးခဲ့သည့် ရက်စွဲ အကြားရှိ အချိန်ကာလကို လူအများက တန်ခိုးရှင် ထွန်းတောက်ခြင်းခေတ် ကာလဟု အမည် ပေးခဲ့ကြသည်။ ဤခေတ်ကာလကြောင့်ပင် လူငယ် မျိုးဆက် ကလေးများမှာ နောင်တစ်ချိန်တွင် သူတို့၏ ဘိုးဘေးများကို ကျော်တက်သွားကြလိမ့်မည်ဟု အများက ခန့်မှန်း နေကြသည်။
၎င်းက ခန့်မှန်းချက် တစ်ခုမျှသာ ဖြစ်သည့်တိုင် ပြောင်းလဲမှုကို လိုလားသည့် လူများ အတွက်တော့ ရွှေရောင် တဖျပ်ဖျပ် တောက်ပနေသည့် အနာဂတ် ဖြစ်သလို စိတ်ကို အဆုံးစွန်သော နည်းလမ်းဖြင့် လှုံ့ဆော်ပေးနိုင်သည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်ခဲ့ပေသည်။
ရွှေရောင် ဂိတ်တံခါး နန်းတော်သည်လည်း ထိုအပြောင်းအလဲတွင် လိုက်လျော ညီထွေ ရှိခဲ့ကာ သူတို့၏ တန်ခိုးရှင် သူရဲကောင်းနှင့် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက် နှစ်ခုစလုံးကို ဖယ်ရှားကာ တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ချက်ကို အစားထိုးကြောင်း ကြေညာခဲ့သည်။ ကျား၊ မ ခွဲခြားမှု မရှိပဲ ထိုသတ်မှတ်ချက်တွင် ပါဝင်သူများကို နောင်တစ်ချိန် ကြယ်ကွင်းပြင်၏ ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်လာနိုင်ကြသူများ အဖြစ် သတ်မှတ်ခဲ့သည်။ အခြေခံအားဖြင့် သူတို့မှာ မြေကြီး ရှန့်ထိုများ ဖြစ်လာရန် အခွင့်အလမ်း အများဆုံး ရှိကြသူများ ဖြစ်သည်။
ထို့ကြောင့်ပင် ရွေးချယ်ခံ များစွာမှာ သူတို့၏ ကိုယ်ပိုင် ပါရမီနှင့် အရည်အချင်းများကို အတည်ပြုရန်နှင့် သူတို့၏ ထူးချွန်မှုများကို ကြေညာရန် အတွက် တန်ခိုးရှင် ဧကရာဇ် သတ်မှတ်ခချက်ထဲသို့ အပြိုင်အဆိုင် ဝင်ရောက်ဖို့ ကြိုးပမ်း ခဲ့ကြသည်။ ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်သူများကို ရွေးချယ်ခံ မင်းသမီး သို့မဟုတ် ရွေးချယ်ခံ မင်းသားများ အဖြစ် နာမည် ပေးခဲ့ကြကာ အဆင့်တစ် ရရှိသူကိတော့ ရွေးချယ်ခံ ဧကရာဇ် သို့မဟုတ် ရွေးချယ်ခံ ဧကရီ အဖြစ် သတ်မှတ်ခဲ့ကြသည်။
အိုးကို မွှေနှောက်ပြီး မွှေနှောက်လိုက်ကြသည်။ ကြီးမြတ်မှုအတွက် ရည်မှန်းသော ရွေးချယ်ခံများသည် ၎င်းတို့၏ ပါရမီနှင့် အရည်အချင်းများကို အတည်ပြုရန်နှင့် ၎င်းတို့၏ ထူးချွန်သော အနာဂတ်ကို ကမ္ဘာကြီးအား သိစေရန်အတွက် သတ်မှတ်ချက်များထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိပ်တန်း အဆင့် ၁၀၀ တွင် ပါဝင်သော ရွေးချယ်ခံများကို ရွေးချယ်ခံ မင်းသမီး သို့မဟုတ် ရွေးချယ်ခံ မင်းသား ဟု အမည်ပေးခြင်းသည် မကြာမီတွင် အလေ့အထ ဖြစ်လာခဲ့ပြီး အဆင့် ၁ ကိုတော့ လူငယ် ရွေးချယ်ခံ ဧကရာဇ် သို့မဟုတ် လူငယ် ရွေးချယ်ခံ မိဖုရား ဟု အမည်ပေးခဲ့ကြသည်။
ရွှေရောင် ဂိတ်တံခါး နန်းတော် ထိုစာရင်းကို ပထမဆုံး စတင် ကြေညာသော နေ့၌ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ အပြင်းအထန်ပင် အုံကြွသွားခဲ့သည်။ အဘယ်ကြောင့်နည်း။ နံပတ်တစ် နေရာတွင် တည်ရှိနေသူက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင် ဖြစ်နေသောကြောင့်ပင်။
ထိုကြေညာချက်က အတော်လေး ဆူညံ ပွက်လောရိုက်စေခဲ့သည်။ အကြောင်းရင်းကား... ရွေးချယ်ခံ ဆိုသော သဘောတရားမှာ အဂ္ဂိရတ် ကျွမ်းကျင်မှုကို အခြေခံ၍ ရွေးချယ်ခြင်း မဟုတ်ပဲ ကျင့်ကြံခြင်းနှင့် တရားဝင် တိုက်ခိုက်ရေး စွမ်းအင်များပေါ် အခြေခံကာ ရွေးချယ်ခရခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် များစွာသော လူများမှာ ဘက်လိုက်၍ မမျှတစွာ ရွေးချယ်ခဲ့ရသည်ဟု ခံစားခဲ့ရကာ ရွှေရောင် ဂိတ်တံခါး နန်းတော် ချမှတ်ထားသည့် စံနှုန်းများကို မေးခွန်းထုတ် ခဲ့ကြသည်။
ကံကောင်းထောက်မစွာပင် တစ်ရက် ကြာမြင့်ပြီး နောက်တွင်တော့ ဝေ့ဝူယင်မှာ နံပတ်တစ်မှ လျှောဆင်း ခဲ့ရသည်။ အကြောင်းရင်းကား ရွှေရောင် ဂိတ်တံခါး နန်းတော် ထိန်းချုပ်ထားသည့် တန်ခိုးရှင် ထွန်းတောက်ခြင်း ကွင်းပြင်ကို ဝင်ရောက် တိုက်ခိုက်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တန်ခိုးရှင် ထွန်းတောက်ခြင်း ကွင်းပြင်မှာ ရွေးချယ်ခံ နှစ်ဦး၏ ဝိညာဉ်ပုံရိပ်ယောင်များကို ဖန်တီးပေးနိုင်ကာ ထိုနေရာတွင် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက် လက်ရည်စမ်းနိုင်ပေသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် မျိုးဆက် မညီမျှခြင်း ပြဿနာများကြောင့်ပင် အသက်ကြီးသော ရွေးချယ်ခံများမှာ တိုက်ခိုက်ရေး ကွင်းပြင်ကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိပဲ အများစုမှာ ထိပ်တန်း ငါးရာ စာရင်းကိုပင် ဝင်ရောက်နိုင်ခဲ့ခြင်း မရှိချေ။
အမှန်အတိုင်း ဆိုရလျှင်... ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ဝေ့ဝူယင်ကို ဆက်သွယ်နိုင်ခဲ့ခြင်းပင် မရှိချေ။ သို့သော်လည်း သူတို့မှာ ထိုအချက်ကို လူသိရှင်ကြား ဝန်ခံဖို့ ငြင်းဆိုခဲ့ကြကာ ပြိုင်ပွဲ ကွင်းပြင် အတွင်း ဝေ့ဝူယင်က ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့သည်ဟုသာ ကြေညာခဲ့ကြသည်။
မည်သို့ပင် ဆိုစေကာမူ... အခြားသော ရွေးချယ်ခံ လူငယ်လူရွယ်ပေါင်း များစွာကတော့ ရွေးချယ်ခံ မင်းသား၊ ရွေးချယ်ခံ မင်းသမီးများ ဖြစ်လာစေရန်၊ ရွေးချယ်ခံ ဧကရာဇ်နှင့် ဧကရီ အဖြစ် အသိအမှတ်ပြုခံရရန်တို့ အတွက် တန်ခိုးရှင် ထွန်းတောက်ခြင်း ကွင်းပြင် အတွင်း ဝင်ရောက်ကာ အဆုံးမဲ့ တိုက်ပွဲများကို ဆင်နွှဲခဲ့ပေသည်။
***