ရာထူးတက်နိုင်ခြင်း
Vol. 8 Ch. 106
"ဒါဖြင့် ဝိညာဥ်ကျောက်တုံးအစား အဆောင်နဲ့ပေးရင်ရောရမလား" ကျန်းဟောင် မေး၏။
"ဘယ်အဆောင်ပေးမှာလဲ"
"ကုသရေးအဆောင် ၁၀ ခုနဲ့ ဓားတစ်သိန်းအဆောင် ၁၀ ခု"
"ဖြစ်တယ်" လန်ထျန်က သဘောတူလိုက်လေသည်။
ကျန်းဟောင် စိတ်သက်သာရသွား၏။ သူ၏ ဝိညာဥ်ကျောက်တုံးများအားလုံးကို မသုံးစွဲချင်ပေ။
သူမကို ဝိညာဥ်ကျောက်တုံး ၁၅၀၀၊ ကုသရေးအဆောင် ၁၀ ခုနဲ့ ဓားတစ်သိန်းအဆောင် ၁၀ ခုပေးသည်။ လက်ရှိ သူ့တွင် ဝိညာဥ်ကျောက်တုံး ၆၀၀ သာကျန်တော့၏။
မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို ပြုလုပ်ရန် မည်မျှကုန်ကျမည်အား မသိပါချေ။
"ဒီမှာ" လန်ထျန်က ဘူးကိုပေးသည်။" ဒါက မောင်လေးဟာဖြစ်သွားပြီ ဒါပေမဲ့ သတိပေးရမယ် ဒီပစ္စည်းက ခက်ခက်ခဲခဲရလာခဲ့တာ ဂျူနီယာမောင်လေးအတွက် အသုံးဝင်ရင်တော့ကောင်းတယ် ဒါပေမဲ့ ပြန်ရောင်းချမယ်ဆိုရင်တော့ သတိထားပါ ပြဿနာရှိနိုင်တယ်"
ကျန်းဟောင် အံ့အားသင့်ဟန်ပြောသည်။ "စီနီယာအစ်မတို့ကရော ဘာလို့ ရောင်းချရတာလဲ"
လန်ထျန်က ရယ်သည်။" တို့အတွက် အသုံးမဝင်လို့ပေါ့ နောက်ပြီး ဝိညာဥ်ကျောက်တုံး ၂၀၀၀ က သင့်တင့်ပါတယ် အဆောင်က တခုလုံးဆို ပြဿနာမရှိပေမဲ့ အခုလို တစ်ဝက်တည်းက အန္တရာယ်များတယ် သတိထားပါ"
ကျန်းဟောင် ဦးညွတ်လိုက်၏။" သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအစ်မ"
လန်ထျန်ကပြုံးသည်။ "ဒါဖြင့် တို့သွားတော့မယ် "
ကျန်းဟောင်က သူမကို လိုက်ပို့သည်။ သားရဲက သစ်ပင်တွင် ဇောက်ထိုးဆွဲနေ၏။
"ဂျူနီယာမောင်လေးရဲ့ သားရဲက တကယ်ထူးခြားတာပဲ" လန်ထျန်က ရယ်၏။
သူလည်း ရယ်လိုက်သည်။
ထို့နောက် သူမက နှုတ်ဆက်ထွက်ခွာသွား၏။
ကျန်းဟောင်လည်း ဆေးဥယျာဥ်သို့သွားရန် ဆုံးဖြတ်လိုက်၏။
သူ့အနေနဲ့ အဆောင်ပြုလုပ်ရန် စီစဥ်ထား၏။ ကောင်းကင်နက်ဂိုဏ်းရောက်မလာခင် မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို ဖန်တီးနိုင်ပါက သူ့တွင် လွတ်မြောက်နိုင်မည့် ရွေးချယ်မှုတခုရှိလာပေမည်။
သူ့ကို လာရှာသူများက ရွှေအမြုတေအဆင့်ဖြစ်နိုင်သည်။ သူသာ ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ တက်ရောက်ထားပါက ပိုမိုအန္တရာယ်ကင်းသွားမည်ဖြစ်၏။
"သခင်က မိန်းမတွေကြားမှာ ဘာလို့ရေပန်းစားရတာလဲ" သားရဲက မေးသည်။
"အဲ့လိုမဟုတ်ဘူး "
ကျန်းဟောင်က မိန်းမအများကြီးနှင့် ရင်းနှီးသည်မဟုတ်ပေ။ လန်ထျန်နဲ့က စီးပွားရေးအရ ပတ်သတ်ခြင်းဖြစ်ပြီး အခြားသူများမှာ သစ္စာဖောက်သူလျှိုများဖြစ်ကြသည်။
"အဲဒီမိန်းမတွေကြားမှာ သဘောကျတဲ့လူရှိလား" သားရဲက မေးပြန်သည်။
"မရှိဘူး "သူ့စိတ်ထဲ အနီရောင်ပုံရိပ်တခုထင်ဟပ်လာသော်လည်း ငြင်းဆိုလိုက်၏။
သူမနဲ့ပတ်သတ်၍ ထိုသို့သောခံစားချက်မရှိသော်ငြား ဂူအဆိပ်ကြောင့် အခြားမိန်းမများအပေါ်၌လည်း ခံစားချက်မရှိနိုင်ပေ။
အဆိပ်ကိုဖယ်ရှားနိုင်မည်ဆိုလျှင်တောင် သူ့တွင် လုပ်ဆောင်ရန် ဆန္ဒရှိပါ့မလားပင် မသေချာပေ။ ဂူအဆိပ်၏ အကျိုးကျေးဇူးက အပြစ်ထက်များ၏။ သူ မတည်မငြိမ်ဖြစ်တိုင်း အဆိပ်က ထိန်းပေးသည်။ ညို့ယူခြင်းမန္တန်များကို ခုခံရာတွင်လည်း အသုံးဝင်၏။
ကျန်းဟောင် ခေါင်းယမ်း၍ သက်ပြင်းချသည်။ တခါတလေ သူ ရှင်သန်ရန် ပေးဆပ်ရသည့်တန်ကြေးက ကြီးမားလွန်းကြောင်း ခံစားမိသည်။
သူ့အနေနဲ့ ဆက်မတွေးတော့ပဲ အခန်းဆီပြန်လာသည်။ အဆောင်ကျောက်ပြားကိုသိမ်း၍ ရေချိုးပြီး တရားထိုင်ရန် လုပ်သည်။
မွန်းတည့်ချိန်၌ စားပွဲရှေ့ထိုင်ချလိုက်၏။ စုတ်တံကိုကောက်ယူ၍ ကြည်လင်သန့်စင်နှလုံးသားအား အသက်သွင်းသည်။
ထို့နောက် စတင်ရေးဆွဲတော့၏။
သူ့အနေနဲ့ အမှားအယွင်းဖြစ်မည်ကို စိုးရိမ်သဖြင့် လုံးဝ အာရုံစိုက်ထားလေသည်။
ဒီ့မတိုင်ခင် သူ့အနေနဲ့ အကြိမ်အနည်းငယ်မျှ လေ့ကျင့်ထားသေးသည်။
ကြည်လင်သန့်စင်နှလုံးသားကြောင့် သူ့အနေနဲ့ အဆင်ချောပြီး နောက်ဆုံးစုတ်ချက်အား အပြီးသတ်လိုက်နိုင်၏။
အလင်းတန်းတခုက ကျောက်ပြားမှဖြာထွက်လာ၏။ အလင်းက သူ့ကိုယ်ထဲဝင်၍ ကိုင်ထားသည့် စုတ်တံထဲ စီးဝင်သွားလေသည်။
ထို့အခိုက် ရွှေရောင်အလင်းက စိတ်ထဲပေါ်လာ၏။ ထိုအလင်းက သူ့စိတ်ထဲ သင်္ကေတများရေးဆွဲနေ၏။ တခုစီတိုင်းက အားကောင်းသည်။
ကျန်းဟောင် သေချာမှတ်သားနေ၏။ တခုကိုမှ လွဲချော်လိုခြင်းမရှိပါချေ။
အဆောင်ဖြစ်သွားသည်နှင့် ရွှေရောင်အလင်းလည်း ပျောက်သွားတော့၏။
ကျန်းဟောင်မှာ အဆောင်တခုလုံးအား မှတ်မိသွားပြီဖြစ်၏။
စားပွဲပေါ်ရှိ ကျောက်ပြားက ဂျွတ်ခနဲမြည်သံဖြင့် အက်ကွဲသွားလေသည်။
သူ အံ့အားသင့်သွားပေမဲ့ သိပ်မကြာလိုက်ပေ။ မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်က ရွှေအမြုတေအဆင့် သားရဲအရေခွံ၊ သွေးနှင့် ရွှေအမြုတေအဆင့် စုတ်တံကဲ့သို့သောပစ္စည်းများလိုအပ်ကြောင်း နားလည်သွား၏။
ထို့နောက် အားလုံးကိုသိမ်းဆည်း၍ ဆေးဥယျာဥ်ကိုသွားကာ ပူဖောင်းများကောက်ယူသည်။ ပြီးလျှင် ဈေးကိုသွားပြီး လိုအပ်သည့် ပစ္စည်းများအား ဝယ်၏။
ထို့အတွက် ဝိညာဥ်ကျောက်တုံး ၅၀၀ လောက်ကုန်ခဲ့ရာ လွန်စွာဈေးကြီးလှသည်။
ကံကောင်းစွာ သူ ဝယ်ခဲ့သည့်ပစ္စည်းများဖြင့် ဆယ်ကြိမ်လောက် လေ့ကျင့်ရနိုင်ခြင်းပင်။
သူ့တွင် ဝိညာဥ်ကျောက်တုံး ၁၀၀ သာကျန်တော့၏။ ရထားသည့် ပိုက်ဆံများက ကြာရှည်မခံပေ။
ကျန်းဟောင်လည်း အိမ်ပြနလာ၍ အဆောင်အား ဆက်လက်လေ့ကျင့်သည်။ ဝိညာဥ်စွမ်းအားမသုံးပဲ စုတ်ချက်များကိုသာ လေ့ကျင့်နေခြင်းဖြစ်၏။
အတန်ကြာသော် စားပွဲရှေ့ထိုင်လိုက်ပြန်၏။ စတင်ပြုလုပ်သောအခါ စိတ်ဝိညာဥ်စွမ်းအင်များ အတော်ကုန်ကြောင်း သတိထားမိသည်။
စွမ်းအင်ကုန်သွားသဖြင့် ဆက်မလုပ်နိုင်တော့ပေ။ သားရေခွံက မီးလောင်၍ ကျရှုံးသွားခဲ့သည်။
သူ ဆက်ကြိုးစားရန်ပင်ပန်းနေ၏။
နောက်တစ်ရက်
ဆေးဥယျာဥ်ကိုသွားသောအခါ လျှိုရှင်းချန်နဲ့တွေ့၏။ သူ၏ အမူအရာက လေးနက်နေသောကြောင့် တခုခုရှိပုံပေါ်၏။
"ဂျူနီယာညီလေးကျန်းကို ဂိုဏ်းပြင်ပမထွက်ဖို့ တားမြစ်လိုက်ပြီ ကောင်းကင်နက်ဂိုဏ်းက ၁၅ ရက်အတွင်း ရောက်လာလိမ့်မယ်"
ကျန်းဟောင်က သတင်းအတွက် သူ့ကို ကျေးဇူးတင်၏။ ကိစ္စမှာ လေးနက်သောကြောင့် လျှိုရှင်းချန်မှာ စကားနည်းနေ၏။
ကျန်းဟောင်လည်း သူ့ကို နှုတ်ဆက်၍ ဆေးဥယျာဥ်ထဲ ဝင်ခဲ့သည်။ ပူဖောင်းကောက်၍ ဆေးပင်များကို ဂရုစိုက်၏။
မုချီပင် သူ့အတွက် စိတ်ပူနေ၏။"ဂျူနီယာညီလေး မင်း ဆေးပင်တွေကို ဂရုစိုက်နေနိုင်သေးတယ်နော် ဆရာ့ကို သွားမရှာဘူးလား"
ကျန်းဟောင်လည်း သူ့ကို စိတ်ပူပေးသည့်အတွက် ကျေးဇူးတင်သော်ငြား အသုံးမဝင်မှန်းသိလေသည်။ သူက အစစ်အမှန်တပည့်မဟုတ်သောကြောင့် ဆရာကူညီပေးနိုင်သည့် ပမာဏက အကန့်အသတ်ရှိသည်။
မုချီလည်း ဒါကိုသိသည်။
နောက်ရက်များတွင် ကျန်းဟောင်က ဆေးပင်များဂရုစိုက်ခြင်းနှင့် အဆောင်ပြုလုပ်ခြင်းအပေါ်သာ အာရုံစိုက်ထား၏။
ခုနစ်ရက်ဆက်တိုက် ကျရှုံးခဲ့ပြီးနောက် သုံးရက်နားသည်။
ဆယ်ရက်အတွင်း မြောင်တင်းလျန်က ကျန်းဟောင် ဆေးဥယျာဥ်တွင် အလုပ်လုပ်နေသည်ကို စောင့်ကြည့်နေသည်။
သူမက မုချီကိုပြော၏။ "ဂျူနီယာမောင်လေးကျန်းသာ အေးဆေးနေခွင့်ရမယ်ဆို ရာထူးတက်နေမှာပဲ နောက်ငါးရက်ဆို ပြဿနာကြီးနဲ့ကြုံရတော့မှာကို သူက တည်ငြိမ်လွန်းတယ်"